နောက်ဆုံးရ

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ

​

Saturday, September 6, 2014


လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊

ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ််ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံးတွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်းရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး

သဖြင့် မကျေနပ်သူတစ်ဥိိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်းတီတိုးပြောနေကြသည်။


သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီးမောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်စရာလိုလို့လားကွာ၊ မင်းနဲ့ငါတွဲလာတာ ၁ရ နှစ် ရှိပါပြီ ´´ဆိုသည့် စကားများကို ရေရွတ်နေသည်ကို ရောက်လာသည့်

သူများ ကြားလိုက်ရသည်။


အဆောင် ( ၁ ) တွင်ပင် အခန်းချင်း မလှမ်းမကမ်းရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသည် ကွမ်းစားရင်းတီဗိီအကြည့်မပျက်သည်ကတော့ သွေးလေးလွန်းသည်ခေါ်ရမည်လော၊ ထူးဆန်းသည်ဟု ခေါ်ရမည်လော မည်သူမှမသိနိုင်။


ဇာတ်လမ်းအစမှာ တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွင်းပြီးနောက် ယခုရန်ကုန်ဟော်တယ်တည်ရှိရာ ရှစ်မိုင်ရှိ ထောက်လှမ်းရေးရုံးမှ လူကြီးများနှင့် ပတ်သတ်သည့်

ဖိုင်တွဲများကို ရှာဖွေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပို့ရသည်၊ ဤကိစ္စသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အချို့ကို အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသောင်းကျန်းခြင်းဟုဆိုကာ ဖမ်းဆီးထောင်ချခဲ့သည်အတွက် ကျန်သည့်သူများရော မည်မျှကင်းရှင်းနေလို့လဲဟုဆိုကာ သူ၏တပည့်များကို အမှုတွဲများ ပြင်ဆင်ခိုင်းထားသောကြောင့်ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ရောက်လာသော ဖိုင်တွဲများထဲမှ သူ့မိသားစုနှင့်ပတ်သတ်သော ဖိုင်တွဲများမှာ မည်သူမှဖတ်ခွင့်မရလိုက်ပဲ အစဖျောက်လိုက်သော်လည်း

ကျန်သည့်တပ်မတော်လူကြီးများ၏ ဖိုင်တွဲများကိုမူ သူဖတ်ရှု့ပြီးသည်နှင့် သက်ဆိုင်ရာလူကြီးများထံ ပေးပို့ခိုင်းသည်၊ ဖိုင်တွဲတစ်ခုသည်လည်း ဒုတ်ိယဗိုလ်ချုပ်မှူးကြီး

မောင်အေး လက်ဝယ်ရောက်လာသည်၊ ထိုဖိုင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ပတ်သတ်သည့်အတွင်းသတင်းများကို ဖော်ပြထားပြီး ထိုသတင်းများကို ကိုယ်ရေးအရာရှိ၏ ဇနီးထံမှ ထောက်လှမ်းရေးက ရရှိကြောင်း ဖော်ပြထားသည်။


ထို့အပြင် ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးက ကုန်သွယ်ရေးမူဝါဒကောင်စီ၏ ဆုံးဖြတ်ချက်များကို အစည်းအဝေး ပြီးလျှင်ပြီးချင်း တရုတ်ကုန်သည်များထံ အကြောင်းကြားခြင်း၊ နှစ်ပတ်တစ်ခါ ပြောင်းလဲသွားသည့် မူဝါဒကို ကြိုတင်သိခွင့်ရှိသော တရုတ်ကုန်သည်များက စီးပွားရေးအရ အကျိုးအမြတ်များစွာရရှိခြင်းမှသည် ထိုစဉ်က တရားမဝင်လုပ်ငန်းဖြစ်သော ဒေါ်လာအရောင်းအဝယ်လုပ်ငန်းကြီးတစ်ခုလုံးကို သူ၏ကိုယ်ရေးအရာရှိမှ ဦးဆောင်နေခြင်း၊တရားမဝင် ဒေါ်လာရောင်းဝယ်ရေးစျေးကွက်တွင် နေ့စဉ်ပေါက်စျေးသတ်မှတ်ပေးသူမှာ သူ၏ ကို်ယ်ရေးအရာရှိဖြစ်နေကြောင်း ဖတ်လိုက်ရသည်။


ထိုအချိန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးက သူ့အား ကုန်သွယ်ရေးမူဝါဒကောင်စီဥက္ကဌရာထူးကဖယ်ရှားလိုက်သည့် အကြောင်းအရင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတစ်ယောက်သိလိုက်ရသည်။


ဖိုင်တွဲကို ဖတ်ရှု့ပြီး အလွန်စိတ်ဆိုးသွားသောကြောင့် သူ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးကိုခေါ်ကာ`` ရော့ ... ဒီဖိုင်က မင်းနဲ့ပတ်သတ်နေတယ်၊ မင်းဟာ

မင်းဖတ်ပြီး ဆုံးဖြတ် ´´ဟု ပြောလိုက်သည်။


ဗိုလ်ချုပ်မှူးကြီး၏ တွက်ကိန်းမှှာ ဒုတပ်ချုပ်က သူ့တပည့်ကို ကာကွယ်လျှင် တစ်ခါတည်းရောပြီး အနားပေးရန်ဖြစ်သည်၊ တပ်ချုပ်သည် ဗိုလ်ချုပ်ခင်ညွှန့် အကူအညီဖြင့် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အာဏာသိမ်းခဲ့သလို သူ့ကိုတပ်ချုပ်ခန့်ရန် အမိန့်ပေးခဲ့သောဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ဘဝဖြင့် ဘဝဇာတ်သိမ်းစေခဲ့သည်၊

 ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံကို ဖြိုခွဲလိုက်ချိန်တွင် သူ့အတွက်ကြောက်စရာဟူ၍ တပ်မတော်ကို လက်ထဲတွင်ကိုင်ထားသော ဒုတပ်ချုပ်တစ်ယောက်သာ ရှိတော့သည်၊ ထို့ကြောင့် ထောက်လှမ်းရေးနှင့် ရောပြီး ဒုတပ်ချုပ်ကိုပါရှင်းရန် အကွက်ချလိုက်ခြင်းဖြစ်သည်။


ဖိုင်ကို ဖတ်ပြီးသည်နှင့် ဒုဗိုလ်မှူးကြီး ခေါင်းငိုက်စိုက်ကျသွားသည်၊ ထိုစီးပွားရေးလုပ်ငန်းအားလုံးကို သူနှင့် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ ကိုယ်ရေးအရာရှိတိို့အပြင်

ထောက်လှမ်းရေးမှ အခြားဗိုလ်မှူးတစ်ဥိီးတို့ သုံးယောက်ပေါင်းလုပ်ခြင်းဖြစ်သည်။


ထို့အပြင် ဆရာသမား၏ သတင်းများသည်လည်း မိမိဇနီးထံမှ ပေါက်ကြားခဲ့သည်၊ သို့သော် ထောက်လှမ်းရေးရီပို့တွင်မိမိတစ်ဦးတည်းကိုသာ ဖော်ပြထားသည်၊ ထောက်

လှမ်းရေးများကို ကျူပင်ကျူငုတ်မကျန် ခုတ်နေသော အချိန်တွင် ဤဖိုင်ကြောင့် မိမိဆရာသမားပါ ထိခိုက်တော့မည်၊ မိမိဆရာသမားကိုလည်း တစ်လက်စတည်းရောရှင်းရန် ဗိုလ်ချုပ်မှူးကြီး ကြံစည်လိုက်ခြင်း ဖြစ်သည်ကို စစ်ရုံးတွင် အနေကြာပြီဖြစ်သော 

ဒုဗိုလ်မှူးကြီးက သဘောပေါက်လိုက်သည်၊ အဖြစ်မှန်ကလည်း သူတွေးသလိုပင်ဖြစ်သည်။


ဤကိစ္စကိုအကြောင်းပြုပြီး မိမိဆရာသမားလည်းဖယ်ရှားခံရတော့မည်ကိုသိလိုက်သောသူ့အတွက်အဖြေက တစ်ခုတည်းသာရှိတော့သည်၊ ထို့ကြောင့် ညနေတွင် ဆရာသမားကို ခွင့်တောင်းပြီး အိမ်ပြန်သည်၊ သားသမီးများကို နောက်ဆုံးတွေ့ဆုံရန်သွားခြင်းဖြစ်သည်၊ အိမ်တွင် ဇနီးဖြစ်သူကို ညစာစားမည် ပြောပြီးမှ မစားတော့ပဲ ရုံးသို့ ပြန်လာခဲ့သည်၊ သူ့ဘဝအတွက် ပြင်မရတော့မည့် ဆုံးဖြတ်ချက်ကိို ချရသည်မှှာ လွယ်ကူသောကိစ္စမဟုတ်ပါ၊ ညဖက်ရုံးတွင်ထိုင်ရင်း သူ့ဆုံးဖြတ်ချက်ကို အပြန်ပြန်အလှန်လှန်စဉ်းစားနေစဉ် ဗိုက်ကဆာလာသည်၊ ထို့ကြောင့် ရုံးခန်းထဲတွင်ရှိသော သူ့တပည့် တပ်ကြပ်ကြီးကို ခေါ်လိုက်သည်၊


`` ငါ့အတွက် ခေါက်ဆွဲပြုတ်လေး လုပ်ကွာ ´´

ဟုပြောရင်း သူ့လက်မှ တန်ဖိုးကြီးလက်ပတ်နာရီကို ချွတ်ကာ သူ့တပည့် လက်ထဲပေးလိုက်ရင်း


`` ရော့ ... ဒါမင်းဖို့ ငါ့ရဲ့ လက်ဆောင် ´´

ဟုပြောလိုက်သည်၊ တပည့်ဖြစ်သူမှာ ယနေ့အတွက် ဆရာဖြစ်သူ ထူးခြားနေသည်ကို သတိပြုမိသော်လည်း သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းရောက်နေသည်ကို မသိပဲ

ခေါက်ဆွဲပြုတ်ရန် အခန်းတွင်းဝင်သွားသည်၊ ထိုအချိန်တွင်ပင် သေနတ်သံကြောင့်ပြေးထွက်လာချိန်တွင် သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်၊

 စားပွဲပေါ်တွင်မူ တစ်ကြောင်းထဲရေးထားသည့် စာလေးတစ်စောင်ရှိပြီး


`` ဉာဏ်စိုး အားလုံသိပါတယ် ´´ ဟု ရေးထားသည်။


ညတွင်းချင်း အပြင်သို့ ထွက်ပေါ်လာသည့်သတင်းတစ်ခုကတော့ ဆရာတပည့်နှစ်ယောက် စကားများပြီး အရက်မူးနေသည့် ဒုတပ်ချုပ်က သူ့တပည့်ကို ပစ်သတ်လိုက်သည်ဟု ဖြစ်သည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို အရေးယူရန်ဖွဲ့စည်းပေးထားသော ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်သည့် ၁၂ ဥိီးကော်မတီ အစည်းအဝေးတွင်မူ အဆိုပါ ကိုယ်ရေးအရာရှိသည် အိမ်ထောင်ရေးပြဿနာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ခြင်းဟု ကြေငြာကာ လူတစ်ယောက်၏ ဘဝဇာတ်သိမ်းပိုင်းကို သွေးအေးစွာဖြင့် ပယ်ဖျက်လိုက်ကြသည်။


တပည့်ဖြစ်သူ အသက်နှင့် ရင်းသွားသဖြင့် ဒုတပ်ချုပ်ကြီးကို အနားယူရန် ကြံစည်ထားသည့် အစီအမံလည်း ပျက်သွားခဲ့သလို နှစ်ဦးစလုံး တပ်မှအနားယူသည်အထိ 

ဆက်ဆံရေးအေးခဲသွားကြောင်း၊ ဒုတပ်ချုပ်အနေဖြင့် အရက်ကိုသာ နေ့ညအဖော်ပြုရင်း သူ၏တပ်မတော်အရာရှိဘဝနောက်ဆုံပိုင်းကို ဖြတ်သန်းသွားခဲ့ကြောင်းကို တပ်မတော်အသိုင်းအဝိုင်းမှ အရာရှိကြီးများက မြင်တွေ့နေရသော်လည်း ဒုဗိုလ်မှူးကြီး၏ ဘဝဇာတ်သိမ်းသွားရခြင်း ဖြစ်ရပ်မှန်ကိုတော့ အများစုက ယနေ့အထိ မသိရှိခဲ့ကြပါ။


ဤဖြစ်ရပ်ဖြစ်ပွားပြီး ထူးဆန်းသည့် အချက်နှစ်ချက်ကို တွေ့ သည်၊ ပထမအချက်မှာဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရုံးအဖွဲ့ဝင် အခြားအဆင့်လေးဦး တပ်မှ နုတ်ထွက်စာတင်ပြီး ထွက်သွားခြင်းဖြစ်သည်၊ ဒုတိယအချက်မှာ မိမိကိုယ်ကို သေကြောင်းကြံခဲ့သောသူကိုတပ်တွင် ထုံးစံမရှိသော်လည်း စစ်အခမ်းအနားဖြင့် သဂြို င်္လ်ပေးခဲ့ခြင်းဖြစ်သည်၊

အလားတူ `` ဉာဏ်စိုး အားလုံးသိတယ် ´´ ဆိုသည့် စာကလည်း ယခုအချိန်ထိ

ပဟေဠိဖြစ်နေဆဲပင် ----///


( လက်စောင်းထက် )

Tomorrow သတင်းဂျာနယ်ရဲ.မျက်နှာဖုံးဆောင်းပါ



ဆက်ဖတ်ရန် →

​YTU ဘောကွင်း မြေသိမ်းဖို့ စစ်တပ်ကြံစည်



ဒီမနက်မှာ စစ်တပ်က အရာရှိအချို့ (အရပ်၀တ်နဲ့) YTU ဘောလုံးကွင်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ ရောက်လာတဲ့ထဲက သူတစ်ယောက်မှာ ဂေါက်ရိုက်ပစ္စည်းတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ 


ဒီကွင်းကို မြက်ရှင်းပြီး ဂေါက်ကွင်းအဖြစ် ဖန်တီးမယ်၊ ဒီကိစ္စကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံတင်ပြမယ်၊ လောလောဆယ် အင်းစိန်အတွက် တာ၀န်ခံ (စစ်ဗိုလ်) က ဘယ်သူလဲဆိုပြီး အချင်းချင်း ပြောနေတယ်လို့ သိရတယ်။


ဆိုတော့ ဒီကွင်းနေရာဟာ ဟိုး BIT စစတုန်းက ဂေါက်ရိုက်ဖို့အတွက်လည်း အသုံးပြုခဲ့တဲ့နေရာဆိုတာ စာထဲဖတ်ဖူးပါတယ်။ အဲ့တုန်းကဘောကွင်းက အခု MJTDC 2 ရှိတဲ့နေရာ G Hall ရှေ့မှာပါ။ နောက်မှ ရေကန်ကြီးတူးပစ်လိုက်တာပါ။


ပြီးခဲ့တဲ့ နအဖ သန်းရွှေခေတ်မှာ RIT ၀န်းနဲ့ကပ်လျက် အောင်သိန္ဓိထဲက မြေကွက်တခုကို နအဖ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ယူလိုက်တယ်။ အဲလိုယူလိုက်တဲ့အထဲ YTU မြေ ပေ ၁၀၀ လောက် ပတ်ပတ်လည်ပါသွားတယ်။ ဘယ်နေရာလည်းဆိုရင် F ဆောင် မျက်စောင်းထိုး (အားကစားရုံသစ်ကြီး ဘက် သွားတဲ့အခြမ်းက) ရေကန်ကြီးရဲ့ ဟိုဖက်ကမ်းပါ။ 


စစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်ထဲ လှိုင်နယ်မြေထဲက မြေတွေအများအပြားကို သန်းရွှေခေတ်မှာသိမ်းခဲ့တယ်။ လှိုင်နယ်မြေထဲမှာ ပုဂ္ဂလိက လုံးချင်းအိမ်တွေဖြစ်ကုန်တယ်။


စစ်တပ်ဟာ လှိုင်နယ်မြေအ၀င် (ပါရမီပွိုင့်အနား) က ရေကန်ကြီးထဲက ကျွန်း (အရင်က လူငယ်အပန်းဖြေစခန်း) ကိုလည်းသိမ်းလိုက်ပြီး အခုလောလောလတ်လတ်ကိုပဲ အထပ်မြင့်တိုက်ကြီးဆောက်နေတာ သတိထားမိမှာပါ။


စစ်တပ်နဲ့ ပလဲပနံသင့်တဲ့ ကုမ္ပဏီတွေဟာ သတင်းအချက်အလက် တက္ကသိုလ် UIT ပိုင်မြေကိုပါ မချန် သိမ်းပိုက်ထားခဲ့လို့ ကျောင်းမှာ အားကစားကွင်းတောင် ထည့်မရတဲ့အထိပဲ။ အဆောက်အုံနဲ့တင် ပြည့်ကျပ်နေတယ်။


UIT နဲ့ကပ်လျက် မင်းဓမ္မဥယျာဉ်မြို့တော်စီမံကိန်းဘေးက ပညာရေး၀န်ကြီဌာနရဲ့ ‌သိပ္ပံပစ္စည်းစက်ရုံနေရာကိုလည်း ရယူသိမ်းပိုက်ခဲ့တယ်။ အဲ့ဥယျာဉ်မြို့တော်စီမံကိန်းဆိုတာဟာ ပညာရေးပိုင်မြေတွေကို သိမ်းထားပြီး အမျိုးစုံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဖန်တီးထားတယ်။ ဒီအတွက် အဲ့တုန်းက ကျောင်းသားသမဂ္ဂတွေ ဝိုင်းကန့်ကွက်ခဲ့ကြတယ်။ မြေပြင်ထိလည်း သွားပြီး ကွင်းဆင်းကြည့်ခဲ့ကြတယ်။ 


စစ်တပ်ရဲ့မြေသိမ်းမှုဟာ ပြီးခဲ့တဲ့ (၅) နှစ်ကာလမှာ ဗဟို‌ကော်မရှင်ပါဖွဲ့ပြီး ကိုင်တွယ်ရတဲ့အထိ ကြီးမားကျယ်ပြန့်တယ်။ အမျိုးမျိုးသော ရည်ရွယ်ချက်တွေ ပေးနေပေမယ့် တကယ်တမ်းကျ မတရားမြေသိမ်းဖို့ပဲဖြစ်တယ်။ စစ်တပ်ဟာ ရန်ကုန်မြို့အချက်အခြာနေရာတွေထဲက မြေလွတ်တွေ၊ ရေစုကန်တွေပါမချန် သိမ်းဆည်းပြီး ကိုယ်ကျိုးစီးပွားအတွက် ‌ဆောင်ရွက်ဖို့ရည်ရွယ်ချက်က အမြဲရှိတယ်။


အခု YTU  ပိုင်မြေကို ထပ်ပြီး မျက်စ ပစ်နေပြီ။ ကျောင်းထဲက သခင်အားရတွေကလည်း ဆက်သအပ်ပါသည် လုပ်မှာပဲ။ တကယ်ကို စိတ်ပျက်စရာကောင်းတယ်။ ဒီလို တစစ ပျက်သုဉ်းနေတာတွေ အမြန်ရပ်တန့်နိုင်ဖို့ဆိုရင် တော်လှန်ရေးကို အားလုံး ပိုပြီးတက်ညီလက်ညီ ပါ၀င်မှဖြစ်ပါမယ်။



ဆက်ဖတ်ရန် →

သြစတြီးယားနိုင်ငံလုပ် ဒရုန်းယာဉ်တွေကို ထောက်လှမ်းရေးအတွက် စစ်ကောင်စီသုံးနေ

​


Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။

Schiebel ရှီဘဲယ် အမှတ်တံဆိပ်ပါ ကင်းထောက် ဒရုန်းလေယာဉ်Photo:Schiebel

စစ်အာဏာသိမ်းမှုကြိုးပမ်းချိန်ကစလို့ မောင်းသူမဲ့ Camcopter S-100 ဒရုန်းထောက်လှမ်းရေး လေယာဉ် အစိတ်အပိုင်းတွေကို ရုရှားကတဆင့် Miya Win International Limited ကုမ္ပဏီက ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်သူတွေကို ဆက်စပ်ဖော်ထုတ်သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ်လ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။

Camcopter S-100 ဟာ သြစတြီးယားနိုင်ငံ Schiebel ရှီဘဲယ်ကုမ္ပဏီ မူပိုင်ဖြစ်ပြီး သူနဲ့အကျိုးတူ ရုရှား OAO Gorizont က ထုတ်လုပ်ခွင့်လိုင်စင်ရထားပါတယ်။ Camcopter ကို ကင်မရာနဲ့ ရဟတ်ယာဉ်ကိုတွဲလို့ cam- ကင်မရာနဲ့ copter ချော့ပါကို ပေါင်းနာမည်ပေးထားတယ်လို့ ပြောနိုင်ပါတယ်။

Miya Win International ကုမ္ပဏီကပဲ မြန်မာစစ်တပ်အတွက် Camcopter S-100 ဝယ်ယူပေးထားပါတယ်။

Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။

တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ အမြင့်ပေ ၁၈၀၀၀ ကနေ ထောက်လှမ်းနိုင်ပါတယ်။ နိုင်ငံမြောက်ဖျား မြစ်ကြီးနားကစ အလယ်ပိုင်း၊ မိထ္ထီလာ၊ တောင်ပိုင်း မြိတ်အထိ လေတပ်စခန်းတွေ ရှိနေတဲ့ အတွက်လည်း နိုင်ငံအနှံ့ ဒီထောက်လှမ်းရေးမောင်းသူမဲ့ ရဟတ်ယာဉ်ကို စေလိုရာစေပြီး ထောက်လှမ်းနိုင်ပြန်ပါတယ်။

စစ်အာဏာမသိမ်းခင်ကပဲ မြန်မာလေတပ်ကိုလည်း တိုးချဲ့ဖွဲ့စည်းထားပါတယ်။ ဒါကလည်း လေကြောင်းက အသာစီးယူပြီး ထိန်းချုပ်နိုင်အောင် လေတပ်ကို တိုးချဲ့ဖွဲ့စည်းတာလို့ ဂျာမဏီ နိုင်ငံရောက်နေတဲ့ လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။ နောက်လေ့လာသိရှိချက်တွေအရ တကယ်လို့ တပ်ကနေစွန့်ခွာသူတွေရှိရင် လိုက်လံတိုက်ခိုက်လို့ ရအောင် တိုးချဲ့ဖွဲ့စည်းတာလို့ ပြောပါတယ်။

Aljazeera သတင်းမှာတော့ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း စစ်သည် ၂၅၀၀ ထက် မနည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းလာတယ်လို့ ဒီလ ၈ ရက်နေ့က ဖော်ပြပါတယ်။

PDF ပြည်သူ့ကာကွယ်ရေးတပ်တွေရှိလို့ ဒါမှမဟုတ် လက်ခံထားလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရုားလုပ် ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုပ်မယ့်နေရာချထားပြီး လေကြောင်းက တိုက်ခိုက်နိုင်တဲ့အတွက် လေတပ်ဟာ စစ်ကောင်စီအတွက် အားထားစရာ ဖြစ်နေပါတယ်။

ဒီလို ကိုယ့်ပြည်သူကိုယ်တိုက်ခိုက်နေတဲ့အတွက် လေတပ်ကနေ ပြည်သူ့ဘက် နောက်ထပ် ပြောင်းလာမယ့်သူတွေရှိပြီး လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်းနဲ့ တချို့လည်း မိသားစုကို စွန့်ခွာရမယ့်ကိစ္စအတွက် အခက်အခဲတွေရှိတဲ့အကြောင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့ လေတပ်က ဗိုလ်လေး မိုးညိုက ပြောပါတယ်။

ဒီလိုပုံစံနဲ့ စစ်နွံက ရုန်းမထွက်နိုင်သူတွေရှိသလို စစ်တပ်အင်အားကြီးဖို့ အားကန်အထောက်အကူပေးတဲ့ လက်နက်ပွဲစားတွေရှိနေတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ သုံးနိုင်တဲ့ ထောက်လှမ်းရေး ယာဉ်တွေကို စစ်ဆင်ရေးအတွက် သုံးနေပါတယ်။

Miya Win International ကို ၁၉၉၆ ကတည်းက ထူထောင်ထားပြီး Camcopter S-100 ပျံသန်း နိုင်ဖို့ သင်တန်းပါပို့ချပေးတယ်လို့ Justice for Myanmar က ပြောပါတယ်။

ရုရှား Gorizont ကနေ Miya Win International ကို Camcopter S-100 ဆိုင်ရာပစ္စည်းတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က တင်ပို့တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် သွင်းကုန်-ထုတ်ကုန် အချက်အလက်ပြုစုတဲ့ ImportGenius က ဖော်ပြပါတယ်။ ပစ္စည်းအများစုမှာ Schiebel ရှီဘဲယ် အမှတ်တံဆိပ်ပါတယ်လို့ ပြောပါတယ်။

အီးယူ-ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားတာကို ရှောင်ကွင်းတဲ့အနေနဲ့ တချို့ပစ္စည်း အစိတ်အပိုင်းတွေကို Schiebel ဟာ သြစတြီးယားကနေ ရုရှားကို ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်က တင်ပို့ တယ်လို့ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်း အကုန်အကျခံ ဝယ်ယူထားတဲ့ ထောက်လှမ်းရေး Camcopter S-100 တွေက ရေတပ်မှာရော လေတပ်မှာပါရှိပြီး သတ္တုတွင်းလုပ်ငန်းနဲ့ ယာဉ်အသွားအလာ စောင့်ကြည့်ဖို့ မြန်မာနိုင်ငံကို ရောင်းချတာလို့ Schiebel က ၂၀၁၉ မှာ ပြောထားပါတယ်။

ဒီမောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ မြန်မာနိုင်ငံကို မလွှဲပြောင်းခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သြစတြီးယားနိုင်ငံကို ၂၀၁၇ ဧပြီက သွားရောက်တဲ့အခါ Schiebel စက်ရုံတည်ရှိတဲ့ မြို့ကိုလည်းသွားခဲ့ပါတယ်။

စင်ကာပူမှာ ၂၀၁၈ က ကျင်းပတဲ့ လက်နက်ပြပွဲမှာလည်း Schiebel ပြခန်းကိုသွားရောက်ခဲ့တယ်လို့ Justice for Myanmar ကပြောပါတယ်။

ဒီမောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်တွေ မြန်မာစစ်တပ်လက်ဝယ်ရောက်ဖို့ ကြားပွဲစားလုပ်တဲ့ Miya Win International မှာ ညွှန်ကြားရေးမှူး ဦးနေထွတ်ဝင်းက အစုရှယ်ယာ ၅၀ ပါဝင်တယ်လို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေကို သုတေသနလုပ်တဲ့ open corporates က ဖော်ပြထားပြီး ခုတော့ ညွှန်ကြားရေးမှူး တာဝန်မယူဘူးလို့ ဖော်ပြထားပါတယ်။

Miya Win International ဟာ ၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာတွေကို စစ်ဆင်ချိန် မြန်မာစစ်တပ်ကို အမေရိကန် ဒေါ်လာ ၇၀၀၀၀ ကျော်လှူတယ်လို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိထားပြီး ၂၀၁၈ နဲ့ ၂၀၁၉ခုနှစ် မတ် ၂၇ ရက်နေ့၊ တပ်မတော်နေ့တွေမှာလည်း စစ်တပ်ကို အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။ ဦးနေထွတ်ဝင်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး မခင်သီရိသက်မွန်နဲ့ ရင်းနှီးသူလို့ Justice for Myanmar က ဖော်ထုတ်ထားပါတယ်။

RFA

ဆက်ဖတ်ရန် →