နောက်ဆုံးရ

ဘဏ်ငါးဘဏ်တော့စာရင်းပေါက်သွားပြီ

#ဘဏ်ငါးဘဏ်တော့_စာရင်းပေါက်သွားပြီနော်။ MAB , AGD , KBZ , SHWE , UAB .
 
#စစ်ခေါင်းဆောင်များအတွက်_နောက်ကွယ်မှ_လုပ်ကိုင်ပေးနေသည့်_လူပုဂ္ဂိုယ်_23ဦး နှင့် ၄င်းတို့ရဲ့ လုပ်ငန်းများကို ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်သည်ဟု ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ International Trade Union Confederation (ITUC) and UNI Global Union ကထုတ်ပြန်လိုက်သည်။

The International Trade Union Confederation (ITUC) and UNI Global Union, which represents working people in the finance sector, have released the names of 23 people with close connections to the Myanmar military junta who should be subject to financial sanctions to avoid coup leaders, already subject to financial sanctions, using them as proxies.

၁။ အေးနေဝင်း (ဗိုလ် နေဝင်း မြေး)
၂။ ကျော်နေဝင်း (ဗိုလ် နေဝင်း မြေး)
၃။ သက်သက်ခိုင် (စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီး၊ ရွှေနန်းတော်)
၄။ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် (USနိုင်ငံသား၊ စစ်ကောင်စီ၏ အကြံပေး)
၅။ အောင်ပြည့်စုံ (မင်းအောင်လှိုင် သား)
၆။ ခင်သီရိသက်မွန် (မင်းအောင်လှိုင် သမီး)
၇။ မျိုးရတနာထိုက် (မင်းအောင်လှိုင် ချွေးမ)
၈။ ချစ်ခိုင် (အေဒင် Eden Group) (#MAB_Bank)
၉။ ဝင်းမင်းခိုင် (ချစ်ခိုင် သား)
၁၀။ ခင်ရွှေ (ဇေကမ္ဘာ)
၁၁။ တေဇ (Htoo Group) (#AGD_Bank)
၁၂။ အောင်ကိုဝင်း (#KBZ_Bank)
၁၃။ ကျော်ဝင်း (ရွှေသံလွင်၊ SkyNet) (#SHWE_Bank)
၁၄။ ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်း) (Alpine သောက်ရေသန့်)
၁၅။ အိုက်ထွန်း (ရွှေတောင်)
၁၆။ အောင်ဇော်နိုင် (အိုက်ထွန်း သား)
၁၇။ အောင်ဇော်ရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ရဲမြင့် သား၊ Yetagun Construction)
၁၈။ နေအောင် (အောင်သောင်း သား၊ (#UAB_Bank)
၁၉။ ပြည့်အောင်(အောင်သောင်း သား၊ Aung Yee Phyo Co Ltd)
၂၀။ ထွန်းနိုင်ရွှေ (သန်းရွှေ သား၊ Myanmar Naing Group)
၂၁။ တိုးနိုင်မန်း (ရွှေမန်း သား၊ Cherry FM)
၂၂။ အောင်သက်မန်း (ရွှေမန်း သား၊ ဧရာရွှေဝါ) 
၂၃။ တိုးနိုင်မန်း



#credit
ဆက်ဖတ်ရန် →

မြန်မာသို့ နာရီ ဝက်အတွင်း ရောက်နိူင်သော လက်တကမ်းအလိုသာ ရှိ

အသစ်ခန့်အပ်လိုက်တဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin သည် အိန္ဒိယ နှင့် စစ်ဖက်ရေးရာ ဆွေးနွေးချက်များအပေါ် တရုတ်က ကန့်ကွက်လိုက် ခြင်းသည် အရူးမီးဝိုင်း ဖြစ်နေဟန်နှင့်တူညီနေသည်

ပင်တဂွန်အကြီးအကဲလွိုက် Austin ကအိန္ဒိယအနေဖြင့် စိတ်တူစီးပွားဖက်များ နှင့်ကြီး ထွားလာနေသည့်ဆက်ဆံရေးကိုချီးကျူးသည်။

အိန္ဒိယသည်အာရှ - ပစိဖိတ်ဒေသတွင်အမေရိကန်၏အဓိကမိတ်ဖက်နိုင်ငံဖြစ်သည်.....

ဝါရှင်တန်သည်ပေကျင်းကို ၀ င်ရန်ကြိုးပမ်းနေချိန်တွင် Austin ၏နှစ်ရက်ကြာခရီးသည် နယူးဒေလီ၏အစိုးရနှင့်ပထမဆုံးမျက်နှာ ချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်.........

အလက်စကာတွင်အမေရိကန် - တရုတ်ဆွေးနွေးမှုများနှင့် Austin နှင့်အမေရိကန်နိုင်ငံခြားရေး  ၀ န်ကြီးအန်တိုနီဘလင်းခ်ျတို့သည်ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့သွားရောက်သည့်ကိစ္စအား တရုတ်နိုင်ငံမှစိတ်ဆိုးဒေါသထွက်နေသည်.......

မြန်မာဆွေးနွေးပွဲများသည်လည်း ပို၍အားစိုက်လာသည်ကိုလည်း ယခုရက်ပိုင်းအတွင်း ပိုမိုမြင်တွေ့ ရသည်..

ယခုရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုသည် မြန်မာနှင့်ရေမိုင်(၅၀၀)အကွာ ရောက်ရှိနေခြင်းကိုလည်း ထုတ်ဖေါ်ပြောကြားလာ သည်ကို တွေ့မြင်ရသည်.......

လေယာဉ်တင်သင်္ဘောပေါ်တွင်ပါရှိသောကိုယ်ပျောက်တိုက်လေယာဉ်သည် တစ်နာရီကို မိုင် (၂၃၀၀)ကျော်နှင့်မောင်းနှင်သောလေယာဉ်ဖြစ် သောကြောင့် မြန်မာသို့ဝင်ရန် နာရီ ဝက်အတွင်း  ရောက်နိူင်သော လက်တကမ်းအလိုသာ ရှိတော့ သည်.......

ထို့နည်းတူ မြန်မာ့ရေပိုင်နက်အနီး ချည်းကပ်လာခြင်းနှင့်အတူ မြန်မာအာဏာသိမ်းစစ်ကောင်စီအား မိမိတို့လိုအပ်ချက်များကို တောင်းဆိုထားသည်ဟု လည်းသတင်းထွက်ပေါ်နေသည်........

Credit


ဆက်ဖတ်ရန် →

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စောဖိုးခွား(ဝါရှင်တန်ဒီစီ) ■ဒီကနေ့ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇ နှစ် ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။

နေအိမ်ထဲမှာနေနေတဲ့ ဖခင်ဖြစ်သူ ရင်ခွင်ထဲ ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကို သေနတ်ကျည်ဆံထိမှန်ပြီး ဖခင်ဖြစ်သူ လက်ထဲမှာတင် သေဆုံးသွားတာလို့ အမဖြစ်သူက RFA ကိုပြောပါတယ်။ သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။

စစ်အာဏာ သိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။

မနေ့က မန္တလေးမြို့တွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။ အဲ့ဒီ ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်နားတဝိုက်မှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အခုအချိန်ထိ သေဆုံးသူ ၂၅၀ ကျော်သွားပါပြီ။ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး အနည်းဆုံး အယောက် ၂၀ ကျော်ပါတယ်လို့ နိုင်ငံတကာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက်မပြည့်သေးဘဲ ဖမ်းဆီးခံထားရတဲ့ ကလေးကအမှုပေါင်း ၁၄၆ မှု ရှိတယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ တက္ကသိုလ် ကျောင်းသား လူငယ်ကတော့ ၄၈၈ ယောက်အထိရှိတယ်လို့ Save The Children ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ရေးအတွက် စစ်ဏာသိမ်းအဖွဲ့ လက်အောက်ခံ စစ်သားတွေ အနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန်းကရပ်ဖို့လည်း Save The Children အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဆက်ဖတ်ရန် →

ထားဝယ်၌ စစ်ကားက တိုက်ပြီး တက်ကြိတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး


တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လမ်းကူးရန် ရပ်နေသည့် အမျိုးသားတစ်ဦးအား စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့် တိုက်၍ တက်ကြိတ်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ (မတ် ၂၃) နံနက် ၁၁ နာရီခွဲခန့်တွင် ထားဝယ်မြို့ ၊ ကျောက်မော်ရပ်ကွက် ၊ ထောင်လမ်းဆုံ၌  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  မြို့ခံတစ်ဦးက ပြောသည်။

"ကားနဲ့တိုက်ပြီး ရှေ့ဘီးရော၊ နောက်ဘီးရော တက်ကြိတ်သွားတာ"ဟု အဆိုပါ မြို့ခံက ပြောသည်။ 

သေဆုံးသူသည်  ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူ ကိုဇင် ဆိုသူဖြစ်ကြောင်း သိရသည်။

https://www.facebook.com/518067831674293/posts/2061074314040296/?d=n

ဆက်ဖတ်ရန် →

5000 စားဒလန် ပုံစံပြောင်းပြီးတွန့်လှည်းနဲ့စျေးသည်များ၊မယ်သီလများကို အသုံးပြုနေသည်။

👉5000 စားဒလန် ပုံစံပြောင်းပြီ၊ တွန့်လှည်းနဲ့စျေးသည်များ၊မယ်သီလများကို အသုံးပြုနေသည်။ မနက်လာချသွားတယ်ညနေပြန်ခေါ်လာတယ်။နေရာအနှံ့တွေ့ရတာပါ။  မနေ့. ကသီလရှင်  ၂ ယောက်က လမ်းသွယ်ထဲ အော်လံနဲ့ ကျန်းမာပါစေ. ချမ်းသာပါစေအော်တယ်။ဘယ်ဘုန်း ကြီးကျောင်းက သေနတ် ကျည်ဆန် ကြားမှာ အလှူခံ ဆွမ်းခံ ထွက်ခိုင်းမလဲသီလရှင်တွေ  ဖုန်း ပြောပီး Taxi နဲ့လာခေါ်တယ်. 

ဆက်ဖတ်ရန် →

၂၅ရက်နေ့မနက်ဆယ်နာရီ၊ မြန်မာ့အရေးဆွေးနွေးဖို့ရှိ


ကြာသပတေးနေ့ မတ်ချ်လ ၂၅ရက်နေ့မနက်ဆယ်နာရီ(အမေရိကန်စံတော်ချိန်)မှာ၊ မြန်မာ့အရေးဆွေးနွေးဖို့အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။

ပထမပိုင်းမှာ ၁။အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၂။ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာ ဒလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby တို့က ဆီးနိတ်လွှတ်တော်မှာဆွေးနွေးမှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ၃။မြန်မာနိုင်ငံဆိုင်ရာအထူးတာဝန်ပေးအပ်ခံရသူ တွမ်အင်ဒရူးစ် နဲ့ ၄။အမျိုးသမီးရေးရာအထူးသံတမန်ဖြစ်တဲ့ Kelly Clark Currie တို့က တင်ပြကြမှာပါ။


ပြီးရင်တော့ အမေရိကန်အထက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုကြေညာမှာဖြစ်ပြီး၊ဆက်လက်လုပ်ဆောင်စရာများကို သမ္မတ ဆီ တာဝန်လွှဲအပ်သွားပါလိမ့်မယ်လို့သိရပါတယ်။


UThra Zarganar


ဆက်ဖတ်ရန် →

မအလ လစဉ်ဝင်ငွေ ကန်သန်း ၉၀ ကျော်ရှိဆဲ


ဒီနေ့ New York Times သတင်းစာမှာပါလာတယ်။ မင်းအောင်လှိုင်ဟာ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကနေ တစ်လကို ဒေါ်လာ (၉၀) မီလီယံ ဝင်ငွေရရှိနေဆဲပါတဲ့၊အာဏာစသိမ်းတဲ့နေ့ကတည်းက ဒီနေ့အထိ ဓါတ်ငွေ့ပို့လုပ်ငန်းဟာ ရပ်ဆိုင်းသေးဘူး၊ ပုံမှန်လည်ပါတ်နေဆဲပဲတဲ့။
ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားပါ။

ကမ္ဘာမကြေဘူး

#savemyanmar2021
#WeNeedR2PInMyanmar

#copied
#RejectMilitaryCoupInMyanmar #စစ်အာဏာရှင်များကျရှုံးပါစေ #CDMMyanmar #SocialPunishmentMovement #SocialPunishment #WeNeedR2PInMyanmar #WeSupportCRPH #WeStandWithCRPH #WeStandWithDrSaSa #WeStandWithUKyawMoeHtun #WeNeedUNInterventionInMyanmar #JusticeForMyanmar #WhatIsHappeningInMyanmar #RespectOurVotes #RejectMilitaryCoup #WeSupportCDM #အရေးတော်ပုံအောင်ရမည် #နွေဦးတော်လှန်ရေး  #credit
ဆက်ဖတ်ရန် →

ပုံမှန်အတိုင်း အပြင်ထွက်ဖို့လော်နဲ့လိုက်ပြောနေတဲ့ရုပ်သံ

 မနက်ဖြန် ပုံမှန်အတိုင်း အပြင်ထွက်ဖို့ လိုက်ပြောနေတယ်ဆိုတော့  silent strike ကအတည်ဖြစ်လိုက်ချင်ရင်ဖြစ်လိုက်တော့🙂
ဆက်ဖတ်ရန် →

စစ်တပ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုတွေထိမ်းချုပ်ခံရ


အိုင်ဆေးကိုနှင်းမောင်...

စစ်တပ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုတွေ...

ထိမ်းချုပ်ခံလိုက်ရတာတော့သေချာပြီဗျ...

လေယဉ်ပျံတက်သွားတဲ့အသံ...

မကြားရတော့ဘူး ...

ဒါလည်းလေယဉ်ကွင်းနဲ့နီးလို့သတိထားကြည့်နေတာ..

ကွင်းထဲမှာတင်စက်နိုးပြနေတဲ့အသံပဲကြားတယ်ဗျ...

စစ်လက်နက်ပစ္စည်းတွေဘယ်လောက်ကောင်းကောင်း

ရေဒါစနစ်ထိမ်းချုပ်ခံလိုက်ရလျှင်..

လေယဉ်ပျံတောင် ..

ကွင်းပြန်ဆင်းဖို့မလွယ်ကူဘူး..

မည်မျှပင်အမျိုးအစားကောင်းသည့်...

ဖုန်းတစ်လုံးဖြစ်ပါစေ...

Internet ဖြတ်ထားလျှင်..

ဘာမှသုံးစားလို့မရသလိုပေါ့ဗျာ😜

ကြည်း ရေ လေ ဆက်သွယ်ရေးစနစ်တွေအားလုံး

တိုင်ပတ်နေပြီဗျ..

အဲ့ဒါဝဋ်လည်တာနေမှာ😄

ရံခါကြားရတဲ့လေယဉ်ပျံသံက...

ခရီးသည်တင် နိုင်ငံဖြတ်ကျော်လေယဉ်တွေပဲဗျ..

မအလတော့...

ကြက်ကလေး ငှက်ကလေး ဖမ်းသလို..

ဝင်ဖမ်းတော့မယ်ထင်ပါရဲ...

အဖက်ဖက်ကတော့ပိတ်ထားပြီ..

ဂယ်ပေါက်ကနေအဆင်သင့်ဖမ်းဖို့...

စောင့်နေလောက်ပြီ...

ဘယ်တွင်းမှာအောင်းနေသလဲ..

သေချာအောင်စောင့်ကြည့်နေတာနေမှာ....

သူ့မိန်းမလှိုင်ခေါင်းထဲမှာ..

အောင်းနေမယ်ဆိုရင်တော့..

ဒရုန်းမှာ...

ယီးတတ်ပြီး ပစ်လိုက်ရင်...

ကိစ္စနှစ်ခုစလုံးအေးရောဗျာ😂😂😂

ဆီးရီးယားနိုင်ငံကလည်း မအလ လိုပါပဲ။

ဓာတုဘီးကျဲ😂😂😂

---------------------------------------------------

😊 မအလက နေပြည်တော်မှာ တရုတ်ရဲ့ လေကြောင်းကာရေဒါစနစ်ရယ် ရုရှနဲ့ တရုတ်လုပ် သက်တမ်းလွန်ဒုံးတွေနဲ့ အမေရိကန် လေကြောင်းရန်ကို ကာကွယ်မယ်ဆိုပြီး နေရာအနှံ့ ဖြန့်ချထားလိုက်တယ်။

ဆီးရီးယားနိုင်ငံကလည်း မအလ လိုပါပဲ။

ကိုယ်ပျောက်လေယာဉ်တွေကို ဖမ်းယူနိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ တာဝေးလေကြောင်း ကြိုတင်

သတိပေး JY-27 ရေဒါစနစ်နဲ့ ရုရှရဲ့ အကောင်းဆုံးဒုံးပါလိုဆိုတဲ့  Pantsir –S1 လေကာဒုံးကျည်တွေကို တပ်ဖြန့် ချထားခဲ့တယ်။

ဇန်နဝါရီ ၂၀ မှာ အစ္စရေးရဲ့  F-35 တိုက်လေယာဉ်အုပ်စုက  မမျှော်လင့်ပဲ ဆီးရီးယားနိုင်ငံထဲမှာ တပ်ဖြန့်ချထားတဲ့ အီရန်ရဲ့ စစ်စခန်းတွေကို တိုက်ခိုက်လိုက်တယ်။ အီရန် အထူးတပ်ဖွဲ့၀င် ၁၁ဦးသေဆုံးပြီး အီရန်ထောက်လှမ်းရေး စင်တာတစ်ခုပျက် ဆီးသွားပါတယ်။

အဆိုးဆုံးကတော့ တရုတ်ရဲ့ လေကြောင်းရန်ကာ ရေဒါတွေနဲ့ ရုရှရဲ့ လေကြောင်းရန်ကာ ဒုံးကျည်တွေ မြောက်များစွာ အစောင့်ချ တပ်ဖြန့်ထားတဲ့ ဒမတ်စကပ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနားက လေကြောင်းရန်ကာစနစ်တော်တော်များများကို ဖျက်ဆီးပစ်ခဲ့တာပါပဲ။

အဲဒီမှာ ရှရုက တရုတ်ရဲ့ JY-27တာဝေး လေကြောင်းသတိပေး ရေဒါကနေ ဘယ်လိုကြိုတင်သတိပေးတာမျိုးမှ မရှိခဲ့တာကြောင့် ဖြစ်တယ်လို့ အပြစ်တင်တယ်။


တရုတ်ကလည်း ရုရှရဲ့ Pantsir –S1 လေကာဒုံးကျည်တွေက အစ္စရေး F-35s လေယာဉ်တွေလုပ်ချင်သလိုလုပ်သွားတာကို တချက်ကလေးတောင် ပြန်မပစ်နိုင်လို့ အခု့လို့ဖြစ်ရတာဆိုပြီး  တုံ့ပြန် အပြစ်တင်ပါတယ်။

နောက်ဆုံးအကြိမ် Feb 25 မှာ ဆီးရီးယားကို ကြိုတင်အသိမပေးပဲ ဝင်ရောက် ဗုံးကြဲသွားတာက အမေရိကန်လေတပ်ပါ။

မကြာခင်မှာ ရန်ကုန်မြို့ကနေ မိုင် ၂၀၀ အကွာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အလွန် အိန္ဒိယပိုင် အက်ဒမန် ကျွန်းစု့အနီးမှာ QUAD plus ၅ နိုင်ငံက စစ်ရေးလေ့ကျင့်တော့မယ်။ အမေရိကန် သဘ်ောကြီးရု့စဗဲ့ ပေါ်မှာ တိုက်လေယဥ်ဖိုက်တာ F-35 တွေ ပါလာပါလိမ့်မယ်။

ရုရှလေကာနဲ့ တရုတ်ရေဒါစနစ်ကို တပ်ဖြန့်ချထားတဲ့ နေပြည်တော်က မအလ သိဖို့ပါ။

ချစ်ကိုကြီး


ဆက်ဖတ်ရန် →

ယနေ့မန္တလေး စစ်ခွေးတွေကြောင့် 12 နှစ်သမီးလေးထပ်သေရပြန်ပြီ



အသက်မှ ၁၂ နှစ်ပဲရှိသေးတယ်ဗျာ သူ့အဖေကိုယ်တိုင်ပါလာပီးသူ့သမီးလေးအသက်မှီမလားဆိုတဲ့ အကြည့်တွေ ခင်ဗျားတို့မြင်စေချင်တယ်

လမ်းထဲကိုဝင်လာလို့ အိမ်ပေါ်မှာရှိတဲ့ကလေးကို အိမ်ထဲဝင်ခိုင်းတာ အိမ်ပေါ်ကိုပစ်သွားတယ်တဲ့ဗျာ

ဆရာဝန်တွေ အစွမ်းကုန်အသက်ကယ်ဖို့ ကြိုးစားပါသေးတယ် မမှီလိုက်ပါခင်ဗျာ

သမီးလေးနာမည်က ခင်မျိုးချစ်
အိမ်ပေါ်မှာရှိနေတုန်း ပစ်ခံရတာပါ အချိန်ကတော့ 17:00 ကနေ 17:30 ကြားထဲဖြစ်ပါတယ်။

Crd
Sai Bhone Min Thant 
ဆက်ဖတ်ရန် →

အဖမ်းခံရပြီး သတင်းမကြားရပါကICRC အဖွဲ့ကိုဆက်ပါ

ကမ္ဘာတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ICRC ၏ ဦးစားပေးလုပ်ငန်းများထဲမှ တစ်ခုမှာ အကျဥ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ၊ အခြားအကြမ်းဖက်မှုအခြေအနေများကြောင့်ဖြစ်စေ ကွဲကွာသွားသူများအကြား မိသားစုအဆက်အသွယ်ပြန်လည်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ 
သင့်မိသားစုထဲမှ တစ်စုံတစ်ယောက် အဖမ်းခံရပြီး သူတို့၏သတင်းကိုမကြားရပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ ICRC အဖွဲ့ကို အရေးပေါ်ဖုန်းနံပါတ် ၀၉၈၉၁၇၅၄၅၁၂ သို့မဟုတ် အီးမေးလ်လိပ်စာ yan_tracing_group@icrc.org မှတဆင့် ဆက်သွယ်ပါ။ အရေးပေါ်ဖုန်းအား မနက် ၈နာရီမှာ ညနေ ၆ အကြားခေါ်ဆိုနိုင်ပြီး ICRC ၏ မိသားစုများအကြားအဆက်အသွယ်ပြန်လည်ရရှိစေရေးဌာန၏ ဝန်ထမ်းက ဖုန်းလက်ခံကာ ICRC က မည်သို့ကူညီပေးနိုင်ကြောင်းနှင့် လိုအပ်ပါက ကျွန်ုပ်တို့၏ရုံးတွင် လူချင်းတွေ့ဆုံရန် ချိန်းဆိုမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပေးပါသည်။ 
ဖုန်းဖြင့်ဆက်သွယ်လိုခြင်းမရှိပါက နီးစပ်ရာ အိုင်စီအာရ်စီရုံးသို့ လူကိုယ်တိုင်လာရောက်နိုင်ပါတယ်။ အိုင်စီအာရ်စီရုံးများဟာ တနလ်ာနေ့မှ သောကြာနေ့ မနက် ၉နာရီ ကနေ ညနေ ၅ နာရီထိ ဖွင့်ပါတယ်။

မြန်မာနိုင်ငံအနှံ့ အိုင်စီအာရ်စီ၏ ရုံးလိပ်စာများနှင့် ဆက်သွယ်ရန် ဖုန်းနံပတ်များ

ရန်ကုန်ရုံး - ၂ (ဂ)၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။ 
ဖုန်း - ၀၁ ၆၆၂ ၆၁၃၊ ၆၆၄ ၅၂၄၊ ၆၅၀ ၁၃၆

စစ်တွေရုံး - အမှတ် ၁/၄၊ မြင်းပြိုင်ကွင်းလမ်း၊ အနောက်စံပြရပ်ကွက်၊ စစ်တွေမြို့ ၊ ရခိုင်ပြည်နယ်။ 
ဖုန်း - ၀၄၃ ၂၀ ၂၂၈၄၃၊ ၂၂၉၄၄၊ ၂၂၉၄၅ 

မောင်တောရုံး - အမှတ် ၁၂၅၉၊ အောင်မြေဘောဓိလမ်း၊ ကညင်တန်း (မြို့မ) ရပ်ကွက်၊ မောင်တောမြို့ ၊ ရခိုင်ပြည်နယ်။ 
ဖုန်း - ၀၉ ၄၅၈ ၀၃၅ ၂၈၆

မြောက်ဦးရုံး - ညပစ ၅၄၈၊ ရွှေဂူတောင်လမ်း၊ ညောင်ပင်စျေးရပ်ကွက်၊ မြောက်ဦးမြို့ ၊ ရခိုင်ပြည်နယ်။ 
ဖုန်း - ၀၉ ၄၅၆ ၁၉၂ ၉၂၂

မြစ်ကြီးနားရုံး - အမှတ် ၄၄၈၊ မြေမြင့်ရပ်ကွက်၊ လမ်း (၁၃)၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။ 
ဖုန်း - ၀၉ ၄၄၂ ၆၄၅ ၉၈၇

လားရှိုးရုံး - ပါရမီလမ်းသွယ် (၄)၊ ရပ်ကွက် (၁)၊ နယ်မြေ (၁)၊ လားရှိုးမြို့ ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)။ 
ဖုန်း - ၀၉ ၄၀၃ ၆၀၈ ၂၅၀

ကျိုင်းတုံရုံး - ၂၈၊ နောင်ခမ်းလမ်း၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့ ၊ 
ရှမ်းပြည်နယ် (အရှေ့ပိုင်း)။ ဖုန်း - ၀၈၄ ၂၂၆ ၀၉

မန္တလေးရုံး - အမှတ် ၁၄၊ လမ်း ၇၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 
ဖုန်း - ၀၉ ၈၈၃ ၇၆၈ ၉၁၆

နေပြည်တော်ရုံး - ရွှေမြန်မာဟိုတယ်၊ အခန်း (၈၂၅ - ၈၂၆)၊ ရာဇသင်္ဂဟလမ်း၊ဟိုတယ်ဇုံ (၁)၊ နေပြည်တော်မြို့။ 
ဖုန်း - ၀၉ ၂၆၄၃ ၆၈၂၈၅

ဘားအံရုံး - ပဒုမ္မာလမ်း၊ ရပ်ကွက် (၁)၊ ဘားအံမြို့၊ ကရင်ပြည်နယ်။ 
ဖုန်း - ၀၅၈ ၂၂ ၀၁၁
--------------------------------------------------------
Worldwide and in Myanmar, the ICRC works to restore family links between people separated by armed conflict and other situations of violence, as well as detainees and their relatives.

If someone from your family has been arrested and you do not have any news from them, please contact our team via the ICRC’s hotline: 09891754512 or email yan_tracing_group@icrc.org. The hotline operates from 8am to 6pm and is answered by a member of ICRC’s “Restoring Family Links” Department. Our staff will explain how the ICRC can help. If required, they will fix an appointment to meet you in person at one of our offices. Instead of calling, you may also come directly to the nearest ICRC office. We are open from Monday to Friday, 9am-5pm.

Addresses and contact details of ICRC offices in Myanmar:

Yangon Delegation
2C-5, Kaba Aye Pagoda Road, 8th Mile, 
Mayangone Township, Yangon. Phone: 01 662 613, 664 524, 650 136

Myitkyina Sub-Delegation
448, Myay Myint Ward, Lane (13),
Myitkyina, Kachin State. Phone: 09 442 645 987

Sittwe Sub-Delegation
1/4, Myin Pyaing Kwin Road, West Sanpya Quarter,
Sittwe, Rakhine State. Phone: 043 20 22843, 22944, 22945

Mrauk-U Office
Nya Pa Za 548, Shwe Guu Taung Street, Nyaung Pin Zay Quarter, 
Mrauk-U, Rakhine State. Phone: 09 456 192 922

Maungdaw Sub-Delegation
No.1259, Aung Myay Bawdi Street, Ka Nyin Tan (Myoma) Quarter, 
Maungdaw, Rakhine State. Phone: 09 458 035 286
 
Lashio Sub-Delegation 
Parami 4th Lane, Ward 1, Block 1, 
Lashio, Northern Shan State. Phone: 09 403 608 250

Kyaing Tong Office 
28, Naung Kham Road, Ward (3), 
Kyaing Tong, Eastern Shan State. 

Mandalay Office
14, 70th Street, Between 32nd & 33rd Street
Chan Aye Tharzan Township, Mandalay. Phone: 09 883768916

Nay Pyi Taw Office
Golden Myanmar Hotel
Room 825-826, Yarza Thingaha Road, Hotel Zone (1)
Nay Pyi Taw. Phone: 09 264368285

Hpa An Office
Padonmar Road, Section (A), Hpa-An, Kayin State. Phone: 058 22 011
ဆက်ဖတ်ရန် →

UN Secretary General's noon briefings - extracts on Myanmar ဘာသာပြန်



22 March 2021

English version
Burmese below

The UN Country Team in Myanmar remains deeply concerned over the continued loss of life following the military takeover of the Government on 1 February. At least 224 civilians have been killed at the hands of security forces, according to the UN Human Rights Office, including while in custody. We believe the real figure could be more than 250.
Hundreds more people, including women and children, have been injured. Our colleagues continue to call on the military to halt the use of force against peaceful protestors. The team is also very concerned over further efforts to undermine freedom of expression, with increased pressure on independent media outlets. To date, at least 40 journalists have been arrested.

----------------------

၂၂ ရက် မတ်လ ၂၀၂၁ ခုနှစ်
မြန်မာဘာသာ

စစ်တပ်က အာဏာသိမ်းယူလိုက်သည့် ဖဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အသက်ပေါင်းများစွာ  ဆုံးရှုံးရမှုများ ဆက်လက် ဖြစ်ပွားနေမှုအပေါ်  မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေဖြင့် ၎င်း၏ နက်ရှိုင်းသော စိုးရိမ်မှုများကို ဆက်လက် ဖော်ပြပါသည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာရုံး၏ အဆိုရ ဖမ်းဆီးခံသည့်အချိန်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်အတွင်း အရပ်သား ၂၂၄ ယောက် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ အမှန်တကယ် ရှိသော သေဆုံးသူအရေအတွက်မှာ အယောက် ၂၅၀ထက် ပိုမည်ဟု ယုံကြည်ပါသည်။
အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ထောင်ပေါင်းများစွာသော လူများသည်လည်း ထိခိုက်ဒဏ်ရများ ရရှိကြပြီးဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အင်အားသုံး ဟန့်တားမှုကို ရပ်တန့်ရန် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များက စစ်တပ်အား ဆက်လက်တောင်းဆိုလျက်ရှိကြပါသည်။ ထို့အပြင် လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် ဖိအားများ ပိုမိုပေးခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို လျော့ပါး အားနည်းစေရန် ထပ်မံအားထုတ်ဆောင်ရွက်မှုများအပေါ်တွင်လည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် အလွန် စိုးရိမ်ပါသည်။ ယနေ့အထိစာရင်းများအရ အနည်းဆုံး သတင်းထောက်အယောက် ၄၀ ဖမ်းဆီးခံထား ရပြီးဖြစ်သည်။

----------------------credit

ဆက်ဖတ်ရန် →

လူးဖိုင်ပအိုဝ်းရိုးရာ မီးရှူးပြုလုပ်နည်း


       သပိတ်ခံစစ်တွေမှာ မီးရှူ းတွေနဲ့ပစ်မဲ့အစား
               လူးဖိုင် ( ပအိုဝ်; ရိုးရာ မီးရှူ း ) နဲ့
   ခွေးလေးတွေကို မိတ်ဆက်ပေးလိုက်မယ်ဆိုရင်....?

     ပုံမှန် ကော်ပြောင်း ၊ ဝါးပြောင်း ၊ စက္ကူလိပ်ပြောင်း
        - အစား ၊ ထီးရိုးသံပြောင်း... စက်ဘီးဝန်ရိုး 
                    သံပြောင်းနဲ့ မီးရှူ းရိုက်ပြီး
        ခံစစ်လုပ်နိုင်ရင် ပိုထိရောက်နိုင်ပါတယ်လို့
                     အကြံပြု ပါရ စေ .. .

   # လူးဖိုင်ဆိုတာ ကားကြီး Joinထဲကို ယမ်းထဲ့ပြီး
              ဒုံး ပုံစံပြုလုပ် လွတ်တင်ကြပါတယ်...
       လူးဖိုင်တစ်လုံးကို ခွေးအုပ်ထဲ လွှတ်ပေးလိုက်...
          လူမပြောနဲ့ ကားပါ အစပျောက်သွားမယ် 😏

                          ပြုလုပ်ပုံ.... 
                ယမ်းစိမ်း - ၁ ဆ
                  မီးသွေး - ၂ ဆ ( ကျွန်းသား မီးသွေးဆို
                                 ပိုကောင်းပါသည် )
       သံပြောင်းထဲသို့ ရွံ လောက်စာခဲအားထဲ့၍
                   တဖက်ကို ပိတ်ရမယ်..
      ထို့နောက် တဖက်ပိတ်နေသော ပြောင်းထဲသို့
  ယမ်း နှင့် မီးသွေး ရောစပ်၍ နည်းနည်းခြင်းဆီထဲ့ကာ
               ပြောင်းဝနဲ့အရွယ်တူ ရိုက်တံဖြစ်
                   ၃ချက်မှ၄ ချက်ခန့်အထိ
             ( ရိုက်အားမပြင်းရ ) ပုံမှန်ရိုက်ကာ
                  ပြောင်းပြည့်သည်အထိ 
          ယမ်းကိုဖြည့်၍ လက်ဆမှန်မှန်ရိုက်ရမည်.....
     ယမ်းပြည့်သွားပါက ရွံပ်ိတ်ထားသော ဖက်မှ ဖိနပ် ၊
       စာအုပ်ချုပ်သည့် ဆူးသွားဖြစ် အပေါက်ဖောက်
     ပေးရမည်... ယမ်းကိုရှမ်းစက္ကူဖြစ်လိပ်ထားသော
         စနစ်တံပြုလုပ်၍ အပေါက်ထဲသို့ ထဲ့ရမည် 
...                      ယမ်းရိုက်ပြီးသော
       မီးရှူ းအား ဒုတ်တံပူးချည်၍ လက်နှင့်ကိုင်က
              စနစ်တံ အား မီးရှိူ  ပစ်နိုင်ပါသည်....
     ( အရွယ်အစား ကြီးပါက ဒေါက်စင်နှင့်တင် ပစ်ပါ.) 

    ▪#Update တောင်ကြီးကရှမ်းတွေပအို့ဝ်တွေ
                   လုပ်တာနှစ်ပေါင်းမနဲဘူး
               ဒါတောင်အပျော်ကစားတာနော်

@ ငဲသူ
ဆက်ဖတ်ရန် →

ဘန်ကာတွေ GZတွေအရေးပေါ်လိုအပ်နေတဲ့ရန်ကုန်



ဒီနေ့ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ပါ

ကျနော်တို့ ရပ်ကွက်ထဲကို နေ့လည် (၂:၃၀ လောက်) ရဲနှင့်စစ်သား အင်အား ၁၀ ယောက်လောက် ဝင်လာပါတယ်။

ကျနော်တို့ ရပ်ကွက်က သူများတွေလို လမ်းအလိုက် ဖွဲ့စည်းထားတာမျိုး မဟုတ်ပဲ တိုက်တန်းလျားနဲ့ ဖွဲ့စည်းထားတဲ့ ဧရိယာ အကျယ်အဝန်းဖြစ်တဲ့အတွက်ကြောင့် ဝင်ပေါက်တွေက ရပ်ကွက်ရဲ့ အဘက်ဘက်မှာ ရှိပါတယ်။

အဲ့ဒီထဲမှာမှ စစ်သားတွေက ကျနော်တို့ ဘက်အဝင်ပေါက်ကနေ ဝင်လာခဲ့ပါတယ်။

ကျနော်တို့ ရဲ့အပိုင်းကရပ်ကွက်ရဲ့ အဆိတ်ငြိမ်ဆုံးနဲ့ လူသူအသွားအလာ အနည်းဆုံး အပိုင်းပါ။သို့သော်ငြားလည်း လမ်းမပေါ်ကို ထွက်ချင်ရင်တော့ ကျနော်တို့ဘက်ကနေထွက်ရပါတယ်။

ကျနော်တို့ ရပ်ကွက်လည်း သူများနဲ့တူစွာ ရပ်ကွက်ရဲ့ ဝင်ပေါက် အသီးသီးကို သဲအိတ် ဝါးကာ ကိုယ်စီနဲ့ ကာထား ကြပေမဲ့ မနေ့က စစ်ကားနဲ့ ရောက်လာပြီး အဲ့တာတွေကို အပြီး ဖြိုထားဖို့ လာအော် သွားကြပါတယ်။

သက်ကြီးရွယ်အိုတွေပဲနေတာက တကြောင်း 

တော်လှန်ရေးမှာပတ်သတ်မှုသိပ်မရှိတဲ့ အပိုင်းဖြစ်တာက တကြောင်းနဲ့ သူတို့နဲ့ ထိပ်တိုက်မတွေ့ချင်ဘူး ဆိုပြီး အိမ်နားက လူကြီးသူမ တိုင်ပင်ကာ ကာထားတဲ့ barricades တွေကို ကျနော်တို့ ဖယ်ရှားပေးလိုက်ပါတယ်။

ဝါးကာတွေကို ဖြိုပြီး သဲအိတ်တွေကိုလည်း ကျနော်တို့ ရွေ့ပေးလိုက်ပါတယ်။လမ်းလူငယ် နည်းပါးမှုနဲ့ တတ်နိုင်သလောက် တရက်တည်းနဲ့ ရွှေ့ကြတာကြောင့် သဲအိတ် အိတ် ၂၀ လောက်ကတော့ ကျန်ခဲ့ပါတယ်။သို့ပေမဲ့ တော်တော်များများ ဖယ်ရှားပေးလိုက်တာကြောင့် လမ်းက ပွင့်နေပါပီ။

ဒါပေမဲ့ ဒီနေ့ထပ်ရောက်လာပြီး ကျန်နေတဲ့ အဲ့ သဲအိတ်တွေကိုပါ အကုန် လမ်းမပေါ်က ဖယ်ဖို့ ဒီနေ့ မှ အကုန်မဖယ်ရင် သူတို့ အဆိုး မဆို ဖို့ လာကြိမ်းဝါးသွားပါတယ်။

အဲ့မှာ ကျနော် စဉ်းစားစရာ ဖြစ်မိတာပါ။

တကယ်ဆို ဒီကျန်ခဲ့တဲ့ သဲအိတ် ၂၀ လောက်ဆိုတာ ဘာမှ မဖြစ်စလောက် ပမာဏ ဖြစ်ပြီးတော့ တကယ်တမ်း သူတို့ ဝင်မယ်ဆိုရင် လူသာမက ကားပါ အလွယ်တကူ ဝင်လို့ရတဲ့ အနေအထားပါ။

အဲ့တာကို သူတို့က ဖယ်ခိုင်းတယ် ဆိုတည်းက အကြောင်းရင်းက လမ်းမပေါ်မှာ ရှိနေတာကို မမြင်စေချင်လို့ပါ

အဲ့ဒီနောက် ကျနော်လည်း အလုပ်ကိစ္စနဲ့ အသိတယောက်ဆီ သွားစရာရှိတာကြောင့် ချက်ချင်းပဲ ကားနဲ့ထွက်လာခဲ့ပါတယ်။

ပုံမှန်ဆို အဲ့ဒီလောက် သတိထားပြီး မကြည့်မိပေမဲ့

ကိုယ့်ရပ်ကွက်မှာ ပူပူနွေးနွေး ဖြစ်ထားကာစ ဆိုတော့ သွားရာ လမ်းတလျောက် ဘေးဘီဝဲယာက လမ်းတွေကို အကဲခတ်ကြည့်မိတဲ့ အခါမှာ ကျနော်သွားနေတဲ့ လမ်း တလျှောက်မှာ ရှိတဲ့ လမ်းသွယ် ရပ်ကွက်ထိပ် တော်တော်များများမှာ ဘာအကာအကွယ် မှ မရှိတော့တာကို တွေ့ရပါတယ်

(အလုပ်သမား ဆေးရုံရှေ့က ပလာဇာ လမ်းသွယ်များ၊ဖိုးစိန်လမ်းက အထွက် တာမွေလမ်းထိပ်က အကာများ၊)

အဲ့တာနဲ့ ကျနော်သွားမဲ့နေရာရဲ့(တာမွေ တနေရာ)

လမ်းထိပ်ကိုရောက်တော့ လူတွေအုံ့နေလို့ လမ်းကြည့်လိုက်တဲ့အခါမှာ စစ်ကား ၅ စီးလောက်နဲ့ ရောက်နေကြပြီး လမ်းထဲက လူတွေကို ခေါ်ပြီး တလမ်း ချင်းစီက အကာ တွေကို ဖြိုခိုင်းနေတာကို တွေ့ရတာကြောင့် မဝင်ပဲ ပြန်လှည့်ခဲ့ရပါတယ်။

မလှည့်ခင် အနားမှာ ရှိနေတဲ့ ရပ်ကွက်သူ တယောက်ကို မေးကြည့်လိုက်တဲ့အခါမှာတော့

“သူတို့ ရပ်ကွက်ထဲမှာ တပ်လာဆွဲထားတာ လဆန်းပိုင်းထဲကဖြစ်ပေမဲ့ ရပ်ကွက်နဲ့တိုင်ပင်ပြီး ဘာ ပစ်ခတ် အကြမ်းဖတ်မှုမှမလုပ်ခဲ့ဘူး။သူတို့ ရပ်ကွက်သားတွေကိုယ်တိုင်လည်း ကိုယ်စီ လမ်းတိုင်းမှာ ညသပိတ်၊ကင်းစောင့် တာတွေ တောက်လျှောက် လုပ်ခဲ့တာ ဘာမှ မဖြစ်ခဲ့ပေမဲ့ ဒီနေ့ တပ်ရင်း တခု လုံး အသစ် လာလဲလှယ်ပြီး နောက်ရောက်လာတဲ့ တပ်မက လူတွေက လုပ်ခိုင်းနေတာလို့ပြောပါတယ်။လမ်းထိပ်က သဲအိတ်တွေသာမက ထိပ်ကနေကြည့်လိုက်ရင် တလမ်းလုံး ထိုးလျိုပေါက် အကုန်မြင်နေရအောင် ဖယ်ထားဖို့၊ကားတွေကို လည်း ကပ်ပြီး ရပ် ဆိုပြီး ခပ်ကြမ်းကြမ်းအော်သွားတယ်” လို့ပြောပါတယ်။

ကျနော်လည်း မသင်္ကာလို့ အိမ်မပြန်ပဲ ကားပတ်မောင်းကြည့်လိုက်တဲ့အခါမှာ နေရာ တော်တော်များများမှာ ဘာအကာမှမရှိပဲ လမ်းတွေက ရှင်းလင်းနေပါပီ

စက်စမ်းဘက်မှာဆို ပုံမှန်တိုင်းသွားလာနေပြီးတော့ အရင် အုတ်သဲ ရောင်းတဲ့ဆိုင်တွေ ပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

(မပိတ် ပဲ ဖွင့်ထားတဲ့ ဆိုင်တဆိုင်ရှေ့မှာ စစ်ကား နှစ်စီးနဲ့ ဆိုင်ထဲဝင်ပြီး ဆိုင်ရှင်နဲ့စကားပြောနေတာတော့တွေ့ခဲ့ပါတယ်)

သာကေတ ရွှေပုဇွန်လမ်းမကြီး....အကုန်ရှင်းလင်းနေပါတယ်။လမ်းမရဲ့ ဘယ်ဘက်ချမ်းက နဂိုတည်းက သီးသန့်အိမ်ရာဝင်းနဲ့ စက်မှုဇုံပိုင်းဖြစ်တာကြောင့် အကာအကွယ်မရှိတာက သဘာဝ ကျပေမဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ ၈ ဂိတ်တို့ ၅ ထိပ်တို့ ရပ်ကွက်ထိပ်မှာလည်း အကာတွေကို ဖျက်ထားတာ တွေ့ခဲ့ရပါတယ်။(ရပ်ကွက်အတွင်းပိုင်းတော့မသိ)

အစက ဒီသဲအိတ် အကာတွေကို ဖယ်ခိုင်းထားက ရပ်ကွက်နေ Gen Z များနဲ့ Gen Lee များကို ရန်တိုက်ပေးတာရယ်၊ပြည်သူလူထု ရဲ့ခေါင်းထဲကို အကြောက်တရား ရိုက်သွင်းတာရယ် ဆိုတာကို လက်ခံခဲ့ပေမဲ့ သူတို့ဆီမှာ နောက်ထပ် ရည်ရွယ်ချက်တခု ရှိနေနိုင်တယ်လို့ ထင်ပါတယ်။

အခုဒီနေ့ ကျနော် သွားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများကို အပြင်က မသိသူတယောက်က ကြည့်လိုက်မယ်ဆိုရင် တော်လှန်ရေး ဖြစ်နေတဲ့ မြို့တမြို့နဲ့ မတူပဲ COVID ကြောင့် new normal မှာ နေသား ကျဖို့ ကြိုးစားနေတဲ့ မြို့တခုနဲ့ ပိုတူနေပါတယ်။ လူတွေ ကားတွေ ပလူပျံအောင် မသွားလာနေပေမဲ့ လမ်းမပေါ်ရှိနေတဲ့ လူတချို့နဲ့ဘေးပတ်ဝန်းကျင်နဲ့ သဟာဇတ ကျနေမှုကို ကြည့်လိုက်ရင်တော့ ဘယ်လိုမှ တော်လှန်ရေး ဖြစ်နေတယ်လို့ မထင်ရတာတော့ အမှန်ပါ။

အိမ်ပြန်လမ်းမှာဆိုရင် မနေ့ကမှ သူတို့ လူလာသတ်သွားတဲ့ ရပ်ကွက်ဆိုရင် ဘာအတားအဆီးမှ မရှိတော့တဲ့ အပြင် လူတွေဟာဆို ဥဒဟို သွားလာနေကြတာ COVID second wave ကာလ ကထက်ကိုပိုများနေပါတယ်။လက်ဖက်ရည်ဆိုင် ဘီယာဆိုင်မှာ ရီရီမောမော ထိုင်နေကြတဲ့အပြင် ရပ်ကွက် ဒလံလို့ အခိုင်အမာ နာမည်ထွက်နေတဲ့ စတိုးဆိုင် ကနေလည်း အခင်အမင် မပျက် စျေးဝယ်သွားလာ နေတာကို တွေ့ခဲ့တာကြောင့် ကြည့်ရင်း ခံပြင်းခဲ့မိပါတယ်။

ဒါဟာ သူတို့ ထည့်တဲ့ psywar ရဲ့ စတင်အောင်မြင်လာမှုပဲလား ဒါမှမဟုတ် သူတို့ရဲ့နောက်ကွယ်က ရည်ရွယ်ချက်ဖြစ်တဲ့ တစုံတဦး/အဖွဲ့အစည်း တခုခု ကို အမြင်မှားအောင် ပြသချင်တဲ့ တော်လှန်ရေးဝင်နေတဲ့ ရန်ကုန်မြို့ရဲ့ ပုံရိပ်ယောင် ဖန်တီးမှုပဲ လားတော့ မသိပါ။

(စမ်းချောင်း၊လှည်းတန်း၊အင်းစိန်၊လှိုင် ဘက်တွေတော့ မပါပါ ခင်ဗျာ။ဒီနေ့ ကျနော်ကိုယ်တိုင်သွားခဲ့ပြီး မျက်မြင်တွေ့ခဲ့ရတဲ့ နေရာတွေကိုပဲ ဆိုလိုပါတယ်)

ဒါဟာ ရပ်ကွက်ရဲ့ တဒင်္ဂ အေးချမ်းမှုကိုပဲ ကြည့်ပြီး ဖာသိဖာသာ နေနေလိုက်မယ်ဆိုရင် ရပေမဲ့ ဟို စောက်ရူး lobbyist ပြောသလိုများ အကယ်၍ စစ်ခွေး အာဏာရူးတွေက မကြာခင် နိုင်ငံခြားသတင်းထောင်တွေနဲ့ UN envoys တွေကို ပြည်ဝင်ခွင့်ပေးတော့မယ်ဆို ဒါဟာ အင်မတန် အန္တရာယ်များတဲ့ အချက်လို့မြင်ပါတယ်။

ယခုထက်ထိ တော်လှန်ရေးအတွင်း ဖြစ်ပျက်နေတဲ့ စစ်ခွေးသူတောင်းစားတွေရဲ့ ယုတ်မာမှု လူမဆန်စွာ သတ်ဖြတ်မှုတွေက social media platform နေကနေတဆင့် နိုင်ငံတကာ ကသိနေတယ်ဆိုပေမဲ့ အဲ့ဒီ awareness တွေက ကျနော်တို့ ပြည်သူပြည်သားတွေက သက်စွန့်စံဖျား ယူထားတဲ့ ဓါတ်ပုံ/ဗီဒီယို သက်သေတွေပါ။ကျနော် သိရသလောက်ကတော့ ဘယ်နိုင်ငံတကာ သတင်းကောက်ကိုယ်တိုင်ကမှ ပြည်တွင်းမှာ ယူထားတဲ့ အချက်အလက်တွေမဟုတ်ပါဘူး။

အကယ်၍များ အာဏာရူးအစိုးရက ဒီလိုမျိုး အသေးစိတ် အစီအစဉ်ဆွဲပြီး ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများက တော်လှန်ရေးအရိပ်အယောင် ဟပ်နေတဲ့ ရုပ်ဝတ္ထု ပစ္စည်းသက်သေတွေကို အောင်မြင်စွာဖယ်ရှားပြီးမှ ပြည်ဝင်ခွင့် ဖွင့်လိုက်မယ်ဆိုရင် ရောက်ရှိလာမဲ့ ကိုယ်စားလှယ်တွေ သတင်းထောက်တွေကို ပုံမှား ရိုက်ကောင်း ရိုက်နိုင်မှာပါ။

ရက် (၅၀) ကြာ ရရှိထားတဲ့ သက်တွေရှိတယ်ဆိုသော်ငြားလည်း မျက်မြင်မှာ လူတွေက ဘာစိုးရိမ်မှုမှမရှိ သွားလာနေကြတယ်ဆိုတဲ့ မြင်ကွင်းကို ပြလိုက်နိုင်မယ်ဆိုရင် ကိုယ်စားလှယ်တွေအနေနဲ့ အသိစ်တ်က လက်မခံ ချင်သော်ငြားလည်း မျက်စိရှေ့က အဖြစ်အပျက်တွေကြောင့် ကူညီချင်လျက်နဲ့မကူညီနိုင်ပဲ တပ်ခေါက်ပြန်သွားရမှာမျိုးကို စိုးရိမ်ရပါတယ်

နောက်တချက်က နိုင်ငံတကာ မီဒီယာများနှင့်အတူ သူတို့ ကြိုတင် စည်းဝါးရိုက်ပြီး ငှါးထားတဲ့ lobbyist တွေ အပေါစား သတင်းထောက်တွေ(probably from China mainland) ပါ ရောရောက်လာပြီး။အခွင့်ကောင်းယူကာ သူတို့ ဘက်ကနေ ကလိမ်ကကျစ် မပြောပေးဘူးလို့လဲ မစဉ်းစားထားလို့မရပါဘူး။

“ရန်ကုန်မှာအဲ့လို ဖြစ်နေပေမဲ့ မြန်မာနိုင်ငံရဲ့ တခြားမြို့တွေမှာ နေ့စဉ်လူတွေ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဝင်နေကြတယ်ပဲလေ အဲ့တာတွေကို ကြည့်ရင် revolution ကိုသိနိုင်တာပဲ” လို့ ဆိုကောင်းဆိုနိုင်ပေမဲ့ အကယ်၍ UN တွေ international representatives ဝင်လာခဲ့သည်ရှိသော် အရင်ဆုံးနဲ့မဏ္ဍိုင် ထားပြီး လာရောက်ကြည့်ရူမှာက ရန်ကုန်လို့ထင်ပါတယ်။

(မန္တလေး၊တောင်ကြီး သွားကောင်းသွားနိုင်၊

နေပြည်တော် ရန်ကုန်ထက် အခြေအနေ ပိုဖြောင့်ဖြူးလို့ကြားရ)

ထိုအချိန်ရောက်မှ မသိမသာ နယ်မြို့ကို ယခုလိုမျိုး သတင်းအမှောင်ချထားရင်လည်း ဘာမှမတတိနိုင်ပါ။


ကျနော်တို့ အားလုံးရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်ဆိုတာ နှစ် (၆၀) ကြာ အမြစ်ကုပ်သွေးစုပ်နေတဲ့ စနစ်ကျကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တခုပါ

ကလိမ်ကကျစ် နည်းမျိုးစုံကို စောက်ရှက် တစ်အောင်စမှ မရှိ သုံးပြီး(သုံံးလည်းသုံးနေတဲ့) လူသတ်ကာ အလောင်းခိုးနေတဲ့ လူ့မိစ္ဆာဂိုဏ်း တခုပါ။

ကျနော်တို့ လျှော့မတွက်ပဲ ဖြစ်လာနိုင်မဲ့ loopholes အပေါက်တွေ မှန်သမျှကို ချင့်ချိန်စဉ်းစားပြီး ပိတ်သင့်ကပိတ်ဖို့ကြိုးစားရမယ်လို့ထင်ပါတယ်


အထက်က ကျနော် ရေးထားတာမှန်သမျှဟာ စစ်အစိုးရက သေချာကျနစွာ စီစဉ်ထားတဲ့ solid plan တခု မဟုတ်ပါဘူး။

ကျနော့ကိုယ်တွေ့နဲ့ ဆက်စပ်ပြီးစဉ်းစားမိတဲ့ theory တခုသာလျှင် ဖြစ်ပါတယ်။

လက်တွေ့တကယ်ဖြစ်လာနိုင်မယ်လို့တော့ မဆိုပါဘူးခင်ဗျာ။

Credit to orginal writter

ဆက်ဖတ်ရန် →