နောက်ဆုံးရ
ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။

ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။

Wednesday, March 17, 2021 ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။ နှစ်၇၀အတွင်းလူဦး​ရေအများဆုံးဗမာတိုင်းရင်းသား ရဲ့အမုန်းကို ရယူခဲ့တဲ့ မင်းအောင်လှိုင် သိထားရမှာက လက်နက်ကိုင်ထားလို့သာသလို ရှိပေမယ့် မတရားရင် ဗမာအချင်းချင်းသွေးမြေကျသင့်ရင်ကျရမှာပဲ သေဆုံး ၂၀၀ ကျော် ဒဏ်ရာ ရေမရ ဖမ်းဆီး၂၀၀၀ကျော် နာကျင်ခဲ့ရပါပြီ၊ ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။ ၂၀၂၀ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို လွှတ်ပေးလိုက်ပါပြီ ကော်မရှင်တာဝန်ခံတဦးပြော တာက အချိန်စေ့ရင်ပါတီတာဝန်ရှိသူတွေရှေ့တင် မဲပုံးချိတ်ပိတ်တယ်၊ နောက်ရက်တွေမှာ မသုံးဖြစ် လိုက်တဲ့အပိုဆောင်ထားတဲ့မဲပြားတွေကော်မရှင်ဆီ ပြန်ပို့ကြရတယ်။ အခက်အခဲကြောင့်မပို့ဖြစ်တဲ့နေရာတွေရှိတယ် ပျောက်ပျက်သွားတာတွေရှိမယ်၊ဒါပေမယ့် မဲပေးတဲ့ နေ့က ချိတ်ပိတ်ထားတဲ့မဲပုံးရလာဒ်ကိုအကျိူးသက် ရောက်မှုမဖြစ်စေဖူး၊မသမာမှုဖြစ်စရာမရှိဖူး၊ ၂၀၁၀ ၂၀၁၅ မှာလဲ အရံပိုမဲတွေအကုန်ပြန်ရောက် မရောက်မစစ်ခဲ့ကြဖူး၊ ပြန်မရောက်လာတဲ့အရံမဲပြားတွေကို မသမာမဲ လို့ စွပ်စွဲပြီးဒီအခြေအနေဖြစ်သွားအောင်လုပ်တဲ့မအလ ဟာ ဆယ်ခါပြန်သေပေးရင်တောင် သူ့အပြစ်ကနေ မလွတ်မြောက်နိုင်တော့ဖူး။ ဧပြီလ၄-၇ မြန်မာ့ရေပိုင်နက်အပြင်နားမှာစစ်ရေး လေ့ကျင့်မယ်အကြောင်းပြချက်နဲ့မဟာမိတ်တပ် တွေတပ်စစွဲတော့မှာပါ။ ၂ပါတ်အတွင်းမှာ မအလ ဟာတိုင်းပြည်ကိုတည်ငြိမ် အောင်ထိန်းထားနိုင်တဲ့ အစိုးရပုံစံဝင်အောင်ကြိုးစား ပါလိမ့်မယ်၊ အခုအချိန်ထိ မအလ ဟာ အကြောက် တရားနဲ့အုပ်ချူပ်လို့ရအုံးမယ်ထင်နေဆဲပါ၊ ဒီ၂ပါတ် အတွင်းမှာ CDMသမားတွေ အပါအဝင် Gen XYZ ကိုဖြိုနိုင်အောင်လုပ်ဆောင်ပါတော့မယ်၊ အမှန်တရားဝါဒီတွေအနေနဲ့အနည်းဆုံး၂ပတ် ဆက် လက်တောင့်ခံကြရမှာပါ ၁၇ရက်နေ့နေ့လည်က ဘူတာရုံလမ်းမျက်စောင်းထိုး က ကန်လမ်းခံစစ်လေးအရမ်းလှပါတယ်။ အင်းစိန်လမ်းမကြီးပေါ်ငြိမ်းချမ်းစွာဆန္ဒပြတယ် ဖြိုခွင်းဖို့တက်လာတယ်၊ ကန်လမ်းထဲကိုဆုတ်ပေးလိုက်ကြတယ် ပထမသဲခံတပ်နဲနဲနှိမ့်ထားပါတယ် ပေ၄၀လောက်မှာတရပ်စာသဲဘန်ကာနောက်တခု ရှိပြီးအဲဒီကနေစတင်ခုခံပါတယ် ဓါတ်ဆီနဲ့ဒီဇယ်ရောထားတဲ့ ပလပ်စတစ်ထုပ်တွေ စပစ်ပါတယ် လေပေါ်တင်ကွဲတာတွေ့ရလို့ ပလပ်စတစ် အသားထူဖို့လိုတာ တွေ့ရပါတယ်၊အိမ်ခေါင်မိုးပေါ်၂ခါ ကျတာတွေ့ရပါတယ်၊ပစ်မှတ်ထိအောင်သတိထားရပါ မယ်၊ ကျန်တာအောင်မြင်ပါတယ်mission completeပါ ဆီပုလင်းအဝလုံအောင်ပိတ်ပါ ပစ်ချိန်မှာလျှံထွက်ပြီး ဘေးကလူကျောပေါ်ကျပြီးမီးတခါစွဲပါတယ် အင်္ကျီ ချွတ်လိုက်နိုင်ခဲ့ပါတယ်။လေးခွအကြီး အဝေးပစ်အတွက် လိုအပ်ပါတယ် တရပ်စာမြင့်တဲ့ဘန်ကာအနောက်ကနေ တလုံးပြီးတလုံးလွှတ်နေရုံပါပဲ ဘာပဲဖြစ်ဖြစ် အနည်းဆုံးနာရိီဝက် ရဲတွေကျည်ကုန်သည် အထိထိန်းထားနိုင်ခဲ့တယ်၊ စစ်သားတွေရောက်လာချိန်မှာ ခွာစစ်လုပ်ပေးလိုက်တယ် အထိအခိုက်မရှိခဲ့ဖူး၊ အဲ့လိုခံစစ်တွေနေရာတိုင်းမှာနေ့တိုင်းအနည်းဆုံး၂ပါတ် ပြုလုပ်ရန်လိုအပ်ကြောင်းတင်ပြလိုပါတယ်၊ အရေးတော်ပုံအောင်ရမည်
ဆက်ဖတ်ရန် →
စက်ရုံတွေမီးရှို့တာရပ်ကွက်နေပြည်သူတွေမဟုတ်ပါ

စက်ရုံတွေမီးရှို့တာရပ်ကွက်နေပြည်သူတွေမဟုတ်ပါ

 

စက်ရုံနှစ်ရုံ မီးလောင်ဆုံးရှုံးခဲ့တဲ့ မြန်မာလုပ်ငန်းရှင်

 ~~~~~~~~

 ■လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ 

စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို 

တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံ

လိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ စက်ရုံတွေကို မီးရှိုခဲ့သူတွေဟာ 

အနက်ရောင်ဝတ်စုံတွေပြီး ဝတ်ထားတဲ့ ဆိုင်ကယ်စီး တုတ်ဓါးကိုင် လူရမ်းကားတွေ

 ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံမီးလောင်ခံလိုက်ရတဲ့ အဲဒီ လုပ်ငန်းရှင်ကို 

RFA ဝိုင်းတော်သား ကိုဂျေက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်ဖတ်ရန် →
 အောက်နှုတ်ခမ်းကို   ဖြတ်ထားတယ်

အောက်နှုတ်ခမ်းကို ဖြတ်ထားတယ်

စံပြဆေးရုံကို ရဲစခန်းက ပို့လိုက်တဲ့အလောင်း

 သေနတ်ဒဏ်ရာက ခြေထောက်မှာ မသေနိုင်တဲ့ဟာကို 

 အလောင်းလာထုတ်ပါဆိုပြီးကြည့်တော့ အောက်နှုတ်ခမ်းကို 

ဖြတ်ထားတယ်😣 နင်တို့တွေ လူမဟုတ်တော့ဘူး 

လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးလို 

သဘောထားပြီး သတ်နေကြတာ😭😭

ဆက်ဖတ်ရန် →
မာရှယ်လောထုတ်ပြန်ပေးရန် သက်သက်ခိုင် သိန်းညွန့် ခင်မောင်ဆွေ  တို့မှ ပြော

မာရှယ်လောထုတ်ပြန်ပေးရန် သက်သက်ခိုင် သိန်းညွန့် ခင်မောင်ဆွေ တို့မှ ပြော

စစ်ကောင်စီအစည်းအဝေးတွင် ရန်ကုန်တိုင်း၂၇မြို့နယ်ကို
မာရှယ်လောထုတ်ပြန်ပေးရန် မသက်သက်ခိုင်
ဦးသိန်းညွန့် ဦးခင်မောင်ဆွေ တို့မှ ပြောခဲ့ရာ
စစ်တိုင်းမှူးအချို့မှ ရန်ကုန်တိုင်း၅မြို့နယ်
သတ်မှတ်ထားပြီး နောက်ထပ်ထပ်မတိုးရန် ပြော
မသက်သက်ခိုင်မှ လိုအပ်သဖြင့်ပြောခြင်းဖြစ်ကြောင်းထပြောရာ
စစ်တိုင်းမှူးတဦးမှ စစ်တပ်ပိုင်းဆိုင်ရာကိစ္စ
များကိုအရပ်သားများနားမလည်ကြောင်း
ဝင်ရောက်မစွက်ဖက်ရန်ပြန်ပြော
နိုင်ငံတကာဖိအားများကြောင့် ပြင်ပနေမိသားစုများနေ
မရဖြစ်နေကြောင်း သတိထားလုပ်ပါရန်
စစ်တိုင်းမှူး၄ဦးမှ မအလကို
ပြောကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှသိရပါတယ်
(တပ်မတော်သားဟောင်းတဦး)
ဆက်ဖတ်ရန် →
မတ်လ ၁၇ ရက်နေ့ လှည်းတန်းနဲ့ရန်ကင်း အခြေအနေ

မတ်လ ၁၇ ရက်နေ့ လှည်းတန်းနဲ့ရန်ကင်း အခြေအနေ

 

ဒီကနေ့ ရန်ကုန်မြို့ လှည်းတန်းနဲ့ရန်ကင်း ဘက်တွေမှာ ပြည်သူတွေကာရံထားတဲ့ သဲအိတ်နဲ့အခြားအကာအရံတွေကို ရဲတပ်ဖွဲ့နဲ့စည်ပင်က လာရောက်ဖယ်ရှားတာတွေလုပ်ခဲ့ပါတယ်။အဲဒီမှာ လမ်းသွားလမ်းလာ ရပ်ကွက်နေပြည်သူအချို့ကို ခေါ်ဆောင်တာ၊အိမ်စီးကားအချိုကို တားကာ လူတွေကို ဆင်းခိုင်းပြီး အမှိုက်တွေသိမ်းခိုင်းတာ၊ သဲအိတ်တွေဖယ်ခိုင်းတာတွေလုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပြည်သူတွေနဲ့ မျက်မြင်ရပ်ကွက်နေပြည်သူတွေက ဘီဘီစီကို မှတ်တမ်းဓါတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင် အချို့ပေးပို့လာပါတယ်။ အဲဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရန်ကင်းမြို့နယ်နေ ကိုထက်အောင်စံနဲ့ မျက်မြင်တွေ့ခဲ့ရသူ လှည်းတန်းနေ ကိုဝိုင်းတို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

ဆက်ဖတ်ရန် →
မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

ညီမတို့ YUFL Chinese Major က ဆောင်းသဇင်လှိုင် တို့အိမ်ကိုဝင်ပြီးဖမ်းသွားပါတယ်။
သူ့အမေဒေါ်ဝေဝေနဲ့ သူတို့ညီအမနှစ်ယောက်အပါအဝင် အိမ်မှာအတူနေတဲ့မိန်းကလေးတစ်ယောက်
စုစုပေါင်း မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်လို့သိရပါတယ်။
ဒလန်လက်ချက်ကတော့သေချာသလောက်ပါ။
ပါသွားတာမိန်းကလေး၄ယောက်တည်းမို့ အားလုံးကူညီကြပါဦး

ဖေါ့ကန် သီရိလမ်း အိမ်အမှတ် (29)က ဒေါ်ဝေဝေနဲ့ သူ့သမီးနှစ်ယောက်
အပါအဝင် အိမ်မှာအတူနေတဲ့ မိန်းကလေးတစ်ယောက်
အားလုံးစုစုပေါင်း မိန်းကလေးချည်းဘဲ ၄ယောက်ခေါ်သွားတယ်လို့ သိရပါတယ် ။
ဒလန်လက်ချက်ကတော့ သေချာသလောက်ပါ။ပါသွားတဲ့ မိန်းကလေး လေးယောက်အတွက်
အားလုံး ဝိုင်းကူညီဖို့ စဉ်းစားပေးကြပါဦး ခင်ဗျာ။
ဆက်ဖတ်ရန် →
သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

ဒီနေ့ည သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ (၃ ရက်ရှိပြီ) ရပ်ကွက်ထဲ သူပုန်တွေ ဝင်မရတော့ 

ရပ်ကွက်အေးချမ်းတယ် လှိုင်သာယာ အဝင်လမ်း ဘုရင့်နောင်ဂုံးကျော် ကိုပိတ်ထားပေးတော့ 

 ကူညီရာရောက်တယ် ။ ရပ်ကွက်တိုင်း ဒီလိုကြံ့ကြံ့ခံရင် ရန်ကုန်လွတ်မြောက်မယ် ။ တနိုင်ငံလုံး  

ဒီလိုကြံ့ကြံ့ခံရင် တနိုင်ငံလုံးလွတ်မြောက်မယ် ။ ငြိမ်ခံနေရင် ခင်ဗျားတို့ ရပ်ကွက်က အင်အားတွေနဲ့ 

ဒီနေရာကိုလာဖိမယ် ။ ကိုယ့်အချင်းချင်းတောင် မကူညီနိုင်ဘဲ ဟိုအဝေးက UN, US ရဲ့ အကူအညီကို 

သိပ်မျှော်လင့်ပြနေတာ ခင်ဗျားတို့ တရားရဲ့လား ။

ဆက်ဖတ်ရန် →
 “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

“တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

 

 

တ/ဥ ၁၃ တောင်ဥက္ကလာပမြို့နယ်မှာ အရပ်သားအနည်းဆုံး ၁ဝ ဦးဖမ်းဆီးခံရ ~~~~ ■ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့ညသန်းခေါင်အချိန် အရပ်သား အနည်းဆုံး ၁ဝ ယောက်ကို ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေကို ခေါ်သွားစဉ် လက်တွေကိုခေါင်းပေါ်တင်ခိုင်းပြီး “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆိုခိုင်းခဲ့တာ တွေ့ရပါတယ်။ ဗွီဒီယို-Citizen Journalist

ဆက်ဖတ်ရန် →

Portable world wide internet

 Portable world wide internet
Line for myanmar အတွက်
လင့်တွေရှာပေးကြပါ ကုဒ်နံပါတ်အပြင်က
ဝယ်ပြီးအထဲကလူတွေပေးသုံးလို့ရတယ်
သတင်းသမားတွေသတင်းထောက်တွေ
အတွက်ထိုင်းဆင်းကဒ်လှုပေးပါမယ်
ဆက်ဖတ်ရန် →

တိုကျိုမြန်မာသံရုံးမှဒုအတွင်းဝန် ၏ စိတ်ဓာတ်အင်အား။

ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှ CDM လုပ်နေသော ဒုအတွင်းဝန်

၏ လေးစားဂုဏ်ယူစရာ စိတ်ဓာတ်အင်အား။

 ၁၇.၃.၂၀၂၁၊ ဗုဒ္ဓဟူးနေ့။ 

 --------------------------- 

ကျမကို အားတင်းထားနော် တို့ အသက်က ခုမှ ငယ်ငယ်လေး 

၂၇ နှစ်ပဲရှိသေးတာ ရာထူးကလည်း နှမြောစရာကြီး 

 စိတ်မကောင်းဖစ်လိုက်တာ ဆိုတာ စာတွေ ပို့ကြတယ် 

 ကျမ ဝန်ထမ်းစလုပ်ခဲ့ကတည်းက ရာထူးအတွက် 

လုပ်ခဲ့တာမဟုတ်ဘူး ငါ့လုပ်ဆောင်မှုတိုင်းက 

 ငါတို့နိုင်ငံတိုးတက်ရမယ်ဆိုတဲ့ စေတနာထားမှုကို

 အခြေခံထားတဲ့ တာဝန်တစ်ခုအတွက်အလုပ်လုပ်ခဲ့တာ 

 ရာထူးကို မနှမြောဘူး ငယ်ငယ်ကတည်းက ခုထိကို 

ဆရာတော်ဘုရားကြီးတွေ သွန်သင်ထားတဲ့ ဓမ္မလမ်းပေါ်

 မရောက်တော့မှာ ပို နှမြောတယ်

 ကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်မှုကြောင့် တစ်ပါးသူကို 

ကိုယ်အားဖြင့် စိတ်အားဖြင့် ထိခိုက်စေရင် ဒါဟာ

 အဓမ္မလမ်းကြောင်းဖြစ်တယ်✍️ CDM လုပ်ခြင်းဖြင့် 

အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပါ CDM 

လုပ်သူအားလုံးဟာ Strong ဖြစ်လို့ လုပ်ကြသူတွေပါ 

 ဒါကြောင့် ရာထူးကို နှမြောတာတို့ ဘာတို့ မပြောကြပါနဲ့ 😌

✍️ Crd. မူလတင်သူ

 #WeSupportCRPH

 #WhatsHappeningInMyanmar

 #SaveMyanma

ဆက်ဖတ်ရန် →
 ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို

ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို



ရန်ကုန်၊ တာမွေတွင် ပြည်သူကို ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို
ရန်ကုန်၊ မတ် ၁၇

ရန်ကုန်တာ​မွေမြို့နယ်တွင် ယ​နေ့ မွန်းလွဲပိုင်း အကြမ်း ဖက်စစ်တပ်နှင့်ရဲက ပြည်သူများကို ရန်သူအဖြစ်
သ​ဘောထား၍ ရပ်ကွက်ထိပ် အကာအရန်များကြားမှ ချိန်ရွယ်ပစ်ခတ်​နေစဥ်။
ဆက်ဖတ်ရန် →
မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

အရုဏ်ဆွမ်း စားနေတုန်း ဆရာတော်ကြီးတစ်ပါးက ဖုန်းဆက်လာတယ်။ မင်းက လူသိများတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင်နေကြဖို့ ပြောပေး။ ဒီတိုင်းဆိုရင် စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။
မဟနတွေကို အကျယ်ချုပ်ချပြီး ထုတ်ပြန်မယ့်စာကို သူတို့စိတ်ကြိုက် ပြင်ရေးလိုက်မှာမို့ လက်မှတ်တွေမပါပဲ အရေးတကြီးနဲ့ မီဒီယာကို ပေးလိုက်ရတာ။
မဟနအဖွဲ့နဲ့ သာသနာရေးအရာရှိတွေနဲ့ အစည်းအဝေးမှာ အတော်လေး အချေအတင်ဖြစ်သွားတယ်။
သာသနာရေးအရာရှိတွေက စာထုတ်ဖို့ ကန့်ကွက်ကြလို့ မဟန ဆရာတော်ကြီးတွေက 'မင်းတို့က ငါတို့မေတ္တာရပ်ခံတာကို နားမထောင်ရင် ငါတို့လည်း မင်းတို့ပြောတာ နားထောင်စရာမလိုဘူး' လို့ ခပ်ပြတ်ပြတ် ပြောပြီး ကားပေါ်တက် ပြန်လာကြတယ်။
အခုစာက အတည်ပဲ။ နောက်ထပ် စာထွက်လာရင် အဲဒါ ပြင်ရေးထားတဲ့ဟာလို့ နားလည်ကြ။ မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိနေတယ်။
တို့သံဃာထုက တညီတညွတ်ထဲ မဟနဘက်ကနေ ကြံ့ကြံ့ခံရပ်တည်ပေးကြရမယ်။
စစ်ပွဲအတွက် လူငယ် လူကြီး ကြိုတင်ပြင်ဆင်ကြ။ မပေါ့လျော့ကြနဲ့လို့ ပြောပေး တဲ့။
ဆက်ဖတ်ရန် →
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း CRPH ကြေညာ

ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁ရ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်။

၄။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။

၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

ဆက်ဖတ်ရန် →