နောက်ဆုံးရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား


08 မတ်၊ 2021

ဦးစည်သူအောင်မြင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လိုချင်တဲ့ ရလာဒ် ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့တဲ့ အဲဒီ အချိန်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်ခဲ့ပြီး အခုချိန်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်တဲ့ ကော်မရှင် ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိုး အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တကယ်ပဲ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတာကို သက်သေပြနိုင်မလား ဆိုတဲ့ ကိစ္စကတော့ စိတ်ဝင်စားစရာပါ။

ဦးသိန်းစိုး ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန် စ ယူပြီးနောက် ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဖမ်းထားရုံတင်မက အောက်ခြေ မြို့နယ် အဆင့် ကော်မရှင် ဥက္ကဌ တွေကိုပါ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိမ်းသိမ်းထားခဲ့တာ ဒီကနေ့ဆိုရင် တစ်လ နီးပါး ရှိနေပါပြီ။ ဦးသိန်းစိုး ကော်မရှင်က ပထမ ဦးဆုံး ထုတ်ပြန်ပေးလိုက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်တွေကတော့ မြို့နယ်အလိုက် ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းနဲ့ လဝက မှာ ရှိတဲ့ စာရင်း နှိုင်းယှဉ်ချက် ဇယားတွေပါ။ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က စပြီး ထုတ်ပြန်တဲ့ အဲဒီ ဇယားတွေထဲမှာ နိုင်ငံသား စိစစ်ရေးကဒ် မပါပဲ မဲစာရင်းမှာ ပါ၀င်နေတဲ့သူတွေရဲ့ စာရင်း၊ စိစစ်ရေးကဒ် တစ်ခုထဲနဲ့ မဲစာရင်းမှာ (၂)ကြိမ်ပါသူ၊ (၃) ကြိမ် အထက် ပါသူ ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အရေးကြီးတာကတော့ အဲဒီ ထုတ်ပြန်ပေးလိုက်တဲ့ စာရင်းတွေဟာ “မဲမသမာမှု ဖြစ်စေနိုင်သော” မဲစာရင်းတွေ ဖြစ်နေ၊ မနေပါ။ တကယ်တော့ လဝက က ပြုစုထားတဲ့ လူဦးရေ စာရင်းဆိုတာ up-date ဖြစ်မနေပါဘူး။ ပြောင်းရွှေ့သွားသူတွေ ကို ပုံမှန် ပယ်ဖျက်လေ့ မရှိသလို၊ အဲဒီ မြို့နယ်ထဲ ၀င်လာ အခြေစိုက်သူတွေကိုလည်း ပုံမှန် ဖြည့်သွင်းခြင်း မရှိပါဘူး။ ဒါ့အပြင် အိမ်ငှားရမ်း နေထိုင်သူတွေ၊ ရွှေ့ပြောင်း အလုပ်လုပ်သူတွေ အစရှိသဖြင့်ကိုလည်း ပုံမှန်ဖြည့်တင်းလေ့ ရှိတာ မဟုတ်တဲ့ အတွက် မြေပြင်မှာ တကယ် မမှန်ကန်ပါဘူး။

ဒါကြောင့်လည်း ဦးလှသိန်း ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ အခြေခံ မဲစာရင်း ပြုစုရာမှာ လဝက စာရင်း တစ်ခုတည်းကို အခြေခံထားတာ မဟုတ်ဘူး ဆိုပြီး တရားဝင် တိုင်းသိပြည်သိ ပြောထားခဲ့တာမို့ ဒါဟာ လျှို့ဝှက်ချက် မဟုတ်ခဲ့ပါဘူး။ လဝက စာရင်း အပြင် မြေပြင်မှာ နောက်ဆုံး အချိန်ထိ စာရင်းကောက်ယူပြီးမှ ပြုစုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မဲစာရင်းကပ်တဲ့အခါ ထပ်ပြီး ဖြည့်စွက်ရတာ အများကြီးရှိတာမို့ မဲစာရင်းနဲ့ လဝက စာရင်း ကွာခြားနေတာဟာ “မဲမသမာမှု” လို့ စွပ်စွဲဖို့ နေနေသာသာ “မဲမသမာမှု ဖြစ်စေနိုင်သော” အချက် မဟုတ်တာကတော့ သေခြာပါတယ်။

ဒါ့အပြင် မဲစာရင်းထဲမှာ နိုင်ငံသားစိစစ်ရေးကဒ် မပါသူတွေကို ထည့်သွင်းထားတာကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေထဲမှာ နိုင်ငံသား စိစစ်ရေးကဒ် ပျောက်ဆုံးနေသူတွေ၊ မလုပ်ရသေးသူတွေကိုလည်း နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ ထောက်ခံချက်တွေ ရှိရင် မဲပေးခွင့်ရှိရမယ် ဆိုတဲ့ အချက်ပါ၀င်နေပြီး အဲဒါဟာလည်း ဥပဒေနဲ့ အညီ ဖြစ်နေတာကြောင့် “မဲမသမာမှု ဖြစ်စေနိုင်သော” ဆိုတဲ့ အထဲ အကျုံးဝင်မှာ မဟုတ်ပါဘူး။

မှတ်ပုံတင်နံပတ် တစ်ခုထဲ ၂ နေရာ၊ ၂ နေရာ အထက် ပါနေတာတွေကလည်း အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ပထမအကြိမ် မဲစာရင်း ထုတ်ပြန်ရာမှာ ကွန်ပျူတာ စာစီ စာရိုက်ပြသနာတွေကြောင့် အဲလို မှတ်ပုံတင် ထပ်နေတာတွေ၊ ဖခင်နေရာမှာ လူတစ်ယောက်ထဲရဲ့ နာမည် အကြိမ်ကြိမ် ပါနေတာတွေ တွေ့ခဲ့ရပြီးလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မဲစာရင်း ပြင်ဆင်မှုတွေ လုပ်ခဲ့ရတာမျိုးပါ။

အဲလို စာရင်းမျိုးကို “မဲမသမာမှု ဖြစ်စေနိုင်သော” စာရင်းထဲ ထည့်လို့ရချင် ရမှာ ဖြစ်ပေမယ့် “မဲမသမာမှု” လို့ စွပ်စွဲဖို့ ဆိုရင်တော့ နောက်ထပ် ခိုင်လုံတဲ့ အချက်အလက် အထောက်အထား အသေအခြာ ရှာရပါဦးမယ်။ ပြောရရင် ဦးသိန်းစိုး ကော်မရှင်က အခု ထုတ်ပြန်ထားတဲ့ မြို့နယ် တစ်ချို့ရဲ့ မဲစာရင်း နဲ့ လဝက စာရင်း မတူညီမှုဟာ “မဲမသမာမှု” ရှိခဲ့တယ် ဆိုသည်အထိ စွပ်စွဲနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။

ဦးသိန်းစိုး ကော်မရှင်က ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ နောက်ထပ် ထုတ်ပြန်တဲ့ စာရင်းကတော့ မဲလက်မှတ် ရိုက်နှိပ်မှုပါ။ တကယ်တော့ အဲဒီ စာရင်းဟာ ဦးလှသိန်းကော်မရှင်က တိုင်းသိပြည်သိ ထုတ်ပြန်ထားပြီး ဖြစ်သလို လှိိျု့ဝှက်ထားတာမျိုးလည်း မရှိပါဘူး။ လက်ရှိ ထုတ်ပြန်တဲ့ စာရင်းက မဲစာရွက်တွေကို နေ့အလိုက် ထုတ်ယူခဲ့တာမျိုးပဲ ပိုပြီး ပါတာပါ။ ဒီနေရာမှာ အများပြည်သူ ထင်ယောင် ထင်မှားဖြစ်စေနိုင်တာ တစ်ခုတော့ ပါပါတယ်။ အဲဒါကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ အတွက် လွှတ်တော် တစ်ခုမှာ ပျမ်းမျှ မဲပေးပိုင်ခွင့် ရှိသူ စာရင်း ၃၈ သန်းဝန်းကျင် ရှိပေမယ့် မဲလက်မှတ်တွေ ရိုက်ထုတ် ဝေငှရာမှာတော့ တစ်မျိုးစီ အတွက် ပျမ်းမျှ ၄၃ သန်း ကနေ ၄၄ သန်းကျော် ရှိနေတာပါ။ ဘာကြောင့် အဲလို ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းရင်းဟာ ကော်မရှင် အဆင့်ဆင့် အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ မဲရုံတွေဆီ မဲလက်မှတ် ဝေငှရာမှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းအတိုင်း တိတိကျကျ ဝေငှဖို့ မဖြစ်နိုင်လို့ပါ။ ဥပမာ မဲရုံတစ်ရုံမှာ ပြည်သူ့လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃၇၅ ယောက်ရှိတယ် ဆိုရင် မဲလက်မှတ် ၃၇၅ တိတိကျကျ ပေးလို့ မရပါဘူး။ မဲလက်မှတ်စာရွက်တွေကို စာအုပ်သဖွယ် ထုတ်လုပ်ထားတာကြောင့် မဲစာရွက် စာအုပ် တစ်အုပ်မှာ မဲလက်မှတ် ၅၀ ပါရင်၊ မဲပေးခွင့်ရှိသူ ၃၇၅ ယောက်ရှိတဲ့ အဲဒီ မဲရုံကို မဲစာအုပ် ၈ အုပ်၊ စုစုပေါင်း မဲစောင်ရေ ၄၀၀ ပေးရမှာ ဖြစ်လို့ပါပဲ။ တကယ်တော့ ဒါဟာ အထူးအဆန်း မဟုတ်ပါဘူး။ မဲလက်မှတ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ ရွေးကောက်ပွဲမှာပါ ဒီအတိုင်း ရိုက်နှိပ်ခဲ့၊ ဒီအတိုင်း ဖြန့်ဝေခဲ့တာချည်းပါ။ ဒါကြောင့် အခုလို မဲစာရွက် ရိုက်နှိပ် ဖြန့်ချီမှုကလည်း တပ်မတော်ဘက်က နဂို စွပ်စွဲထားသလို “ မဲမသမာမှု ဖြစ်စေနိုင်သော” အထောက်အထားတွေ ဟုတ်မနေတာကိုလည်း တွေ့နိုင်ကြပါတယ်။

အခုနောက်ပိုင်း အသစ်ခန့် ကော်မရှင်က နေ့စဉ် ထုတ်ပြန်နေတာတွေကတော့ မြို့နယ်အဆင့်က မဲလက်မှတ် ကွာခြားချက် စာရင်းတွေပါ။ တကယ်တော့ မဲပေးတဲ့ ကိစ္စ မှန်မမှန် စစ်ဆေးချင်ရင် အလွန်လွယ်ပါတယ်။ ကြိုက်နှစ်သက်ရာ ကျပန်း မဲရုံ တစ်ချို့ကို ရွေးချယ်၊ အဲဒီ မဲရုံမှာ တာဝန်ယူခဲ့သူတွေ၊ သက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ကြတဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေ၊ စောင့်ကြည့်တဲ့ ပြည်သူတွေကို ဖိတ်ခေါ်ပြီး မဲလက်မှတ် အားလုံး ဖွင့်ဖေါက်စစ်ဆေး၊ တိုက်ဆိုင် စစ်ဆေးတာနဲ့ အလွယ်တကူ အဖြေပေါ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်မရှင်ဟာ အဲလို မလုပ်ပဲ မသမာမှုလို့ မပြောနိုင်တဲ့ အခြား အချက်အလက်တွေကိုပဲ စစ်ဆေး နေ့စဉ် ထုတ်ပြန်နေတာ တွေ့မြင်ကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ “ မဲမသမာမှု ဖြစ်စေနိုင်သော မဲစာရင်း” ပြသနာ ဖြေရှင်းမပေးလို့ ဆိုပြီး နိုင်ငံတော် သမ္မတ နဲ့ လူများစွာကို ဖမ်းဆီးပြီး အာဏာရယူ အုပ်ချုပ်နေပါပြီ။ ဒီအတွက် အာဏာရယူ အုပ်ချုပ်ခဲ့တာ မဲမသမာမှုကြောင့်၊ တနည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရတာဟာ မှန်ကန်မှု မရှိ၊ တကယ် အနိုင်ရတာဟာ အခြားပါတီ တစ်ခုခု ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ တာဝန်ရှိနေပါသေးတယ်။ အဲလို သက်သေပြနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင်တော့ နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီး၊ အရေးပေါ် အခြေအနေ ကြေညာ၊ အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ အကြောင်းရင်းဟာ မဲစာရင်း ပြသနာကြောင့် မဟုတ်ပဲ၊ အာဏာလိုချင်လို့ အာဏာသိမ်းခဲ့ရတာလို့ပဲ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

VOA

ဆက်ဖတ်ရန် →

တောင်ကြီးက ရဲတွေပိုလန်နိုင်ငံသား သတင်းထောက်ကို ဝိုင်းရိုက်


တောင်ကြီးက ရဲတွေတော့ ပိုလန်နိုင်ငံသား နိုင်ငံခြားသားသတင်းထောက်ကို ဝိုင်းရိုက်ထားတာ အခြေအနေမကောင်းပါ ပိုလန်နိုင်ငံသားအလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်ပြီးညောင်ရွှေမှာနေထိုင်နေတဲ့သူလို့သိရပါတယ်


စစ်သားတွေဝိုင်းရိုက်ပြီး အမှတ် ၁ ရဲစခန်းကိုဖမ်းဆီး

ခေါ်ဆောင်သွားပါကြောင်း

ခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးလို့ 

သူ့မိတ်ဆွေတစ်ဦးမှ အတည်ပြုပေးလိုက်ပါတယ်ဗျာ

Credit


ဆက်ဖတ်ရန် →

KNU ပြန်လည်ဖြေရှင်းချက်

Tap here to start composing...

မြန်မာနိုင်ငံအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သို့ ၀င်ရောက်ရန်အတွက်  ရန်ကုန်အပါအ၀င် နေရာဒေသအချို့တွင် လိုက်လံစည်းရုံးမှုများသည် အဖွဲ့အစည်းနှင့် လုံးဝ ပတ်သက်ဆက်စပ်ခြင်းမရှိကြောင်း အဖွဲ့၏ ဒုဥက္ကဌဖြစ်သည့် ပဒိုစောကွယ်ထူး၀င်းက ယနေ့ညပိုင်းတွင် ကရင်အမျိုးသားမီဒီယာသို့ အတိအလင်းပြောဆိုခဲ့သည်။

မသမာသူအချို့သည် မိမိတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တာ၀န်ပေးအပ်စေလွတ်ထားသူများ ဖြစ်သည်ဟုဆိုကာ လူသစ်များ လိုက်လံစုဆောင်းနေကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာ၏ မေးမြန်းချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌပဒိုစောကွယ်ထူး၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ခါတော်မီ အခွင့်အခါကိုအသုံးပြု၍ အချို့သော မသမာသူများသည် အဖွဲ့သို့၀င်ရောက်မည်ဆိုပါက တဦးလျှင် ကျပ်ငွေ (၃) သိန်းမှ (၄) သိန်းထိပေးရမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြည်တွင်းတွင် ကရင့်အရေးဆိုင်ရာ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့်လူငယ်အဖွဲ့အစည်းများရှိကြောင်း ဖြစ်နိုင်ခြေရှိမရှိဆိုသည်ကို လေ့လာစုံစမ်း၍ရကြောင်းလည်း ဒုဥက္ကဌက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒုဥက္ကဌ ပဒိုစောကွယ်ထူး၀င်း

မတ် -  ၁၁  -  ၂၀၂၁

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ


ဆက်ဖတ်ရန် →
အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

DVB TV News · မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " (မတ်လ ၁၁ရက် ညနေ ၅)
ဆက်ဖတ်ရန် →
စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

 

 

 

 

 

 

 

 

 

 

 

ရွှေပြည်သာ NLD ပါတီဝင် စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက မတ်လ ၈ ရက်​နေ့ညပိုင်းတွင် ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အ​လောင်းထုတ်ယူရန် ပြောဆိုခဲ့သည်။ ယ​နေ့တွင် ဦး​ဇော်မြတ်လင်း၏နာရေး​ဆောင်ရွက်ရာ အ​လောင်းမှာ အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည်ဟု NLD ပါတီဝင်များက အတည်ပြု​​ပြောသည်။ (မှတ်ချက်- ကြည့်ရှူရန် မသင့်​တော်သည့် ပုံများပါဝင်​နေသည်။ မူရင်းဓါတ်ပုံပိုင်ရှင်ကို Credit ​ပေးပါသည်) 

ဆက်ဖတ်ရန် →
 စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

f
စစ်ရေးအရ အရေးယူမှသာ မြန်မာပြည်ရဲ့အကျပ်အတည်း
အဆုံးသတ်နိုင်ဟု ဘားနတ်ဟစ်
ဘစ် ကသုံးသပ်>>
======================
အော့တဝါ -
မြန်မာနိုင်ငံ၏အ ကျပ်အတည်းသည် စစ်ရေးအရ အရေးယူမှသာ အဆုံးသတ်နိုင် 
သည်ဟု ကနေဒါနာမည်ကြီး ဥပဒေပါမောက္ခနှင့် သမိုင်းပညာ ရှင်ဘားနတ်ဟစ်ဘစ်
က ၎င်း၏အ မြင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။
အာဏာသိမ်းတပ်မတော်၏ လုပ်ရပ်များက အာဏာစွန့်လွှတ် ရန် လုံးဝရည်ရွယ်ချက်
မရှိသည် ကို ရှင်းရှင်းလင်းလင်းပြသနေ ကြောင်း ဘားနတ်ဟစ်ဘစ်က တွစ်တာ၌ 
ရေးသားသည်။
‘‘အာဏာသိမ်းလုပ်ရပ်တွေ က အာဏာကိုပြန်စွန့်လွှတ်ဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုတာ
ကို ပြတ်ပြတ်သားသား သတင်း စကားပါးနေတယ်။
ပြီးတော့ လမ်းမတွေပေါ်မှာ ပိုပြီးတော့ရက် ရက်စက်စက်နှိမ်နင်းတာ၊ အဓမ္မ ဖမ်းဆီးတာ
တွေနဲ့ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေကို တွေဝေမနေ ဘဲ ထိန်းသိမ်းတာတွေပိုလုပ်လိမ့် မယ်’’
ဟု ဘားနတ်ဟစ်ဘစ်က ပြောသည်။
ဆက်လက်၍ ဘားနတ်ဟစ် ဘစ်က-
‘‘မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီရဖို့ နေ့တိုင်းညတိုင်း သူတို့ရဲ့အသက်တွေကို စွန့်လွှတ် 
နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ပြနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့ ကမ္ဘာ
တစ်ဝန်းကလူ တွေကို ကျွန်တော်သတင်းပါးချင် ပါတယ်’’
ဟု ပြောကြားသည်။
‘‘ကျွန်တော့်ထင်မြင်ယူဆ ချက်အရ လက်နက်ကိုင်တပ်တွေ ကသာ ဒီအကျပ်အတည်းကို
အ ဆုံးသတ်နိုင်ပါတယ်။
စစ်ရေးအရ အရေးယူဖို့ ကြန့်ကြာလေလေ သွေးထွက်သံယိုဖြစ်တာနဲ့သေ ဆုံးသူအရေအတွက်
 များလေ လေဖြစ်လိမ့်မယ်’’ဟု ၎င်းကပြော သည်။
ဘားနတ်ဟစ်ဘစ် (၆၂)နှစ် သည် ဥပဒေရေးရာ ပညာရှင်တစ် ဦးဖြစ်ပြီး လောလောဆယ်တွင်
 အမေရိကန်နိုင်ငံရှိ မစ္စဘာ့ဂ် ဥပဒေကျောင်းတက္ကသိုလ်၌ပညာ ရပ်များ ပို့ချနေသူဖြစ်သည်။
ထို့အပြင် ဘားနတ်ဟစ်ဘစ် သည် အွန်လိုင်းဥပဒေသတင်း ဌာန JURIST ၏ ထုတ်ဝေသူနှင့်
 အယ်ဒီတာအဖြစ် တာဝန်ယူထား သူဖြစ်သည်။
7DayNews
ဆက်ဖတ်ရန် →

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်ဟု ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီက ​​ကြေညာချက်ထုတ်ပြန်သည်။


ဆက်ဖတ်ရန် →

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

ဒီနေ့ မအလ က နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။ ဖမ်းရတဲ့ အကြောင်းအရင်းက ဦးချမ်းအေး၊ ဦးစိုးသူရတို့ အပါအဝင် မအလရဲ့ နိုင်ငံခြားရေးအဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုပို့တဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်နေကြောင်း အချက် ၅ ချက်တရုတ်က တောင်းဆိုတယ်။ မြန်မာပြည်သူတွေကို ဂက်စ်ပိုက်လိုင်းအပေါ်မှာ ဝေဖန်မှု ပြုနေကြတာကို ခွင့်မပြုသင့်ကြောင်း မအလအဖွဲ့ကို ညွှန်ကြားတယ်။ မအလ ဘက်ကလည်း ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ ပိုက်လိုင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို စခန်း ၅၉ ခုဖွင့်ပေးထားပြီး ပြည်သူ့ ဘဏ္ဍာနဲ့စောင့်ရှောက်နေတဲ့အပြင် လစ်ဟင်းမှုမရှိရအောင် စစ်သူပုန်တပ်ကပါ အားဖြည့်စောင့်ရှောက်ပေးနေကြောင်း ပထွေးဖြစ်သူ ငြိုငြင်အောင် မလုပ်ရဲကြောင်း မျက်နှာချိုသွေးခဲ့တယ်။ ဆွေးနွေးပွဲပြီးတော့ မအလထံ အစီရင်ခံဖို့အတွက် ဆွေးနွေးပွဲမှတ်တမ်းကို ကွန်ပျူတာသမားက စာစီရတယ်။ မိတ္တူကို မအလရဲ့ စစ်သူပုန်ကောင်စီ အဖွဲ့ကိုရော၊ ကာကွယ်ရေး၊ ပြည်ထဲရေးဌာနတွေကိုရော လျို့ဝှက်အဆင့်နဲ့ ပို့ပေးခဲ့ရတယ်။ ပို့ပြီး နှစ်ပတ်လောက်အကြာမှာပဲ ဒီစာက အပြင်ကိုထွက်လာတယ်။ ဒီလျို့ဝှက်စာ အပြင်ကို ထွက်လာတာ မအလ စစ်ကောင်စီထံကလား၊ ကာကွယ်ရေးဌာနကလား၊ ပြည်ထဲရေးဌာနကလား၊ နိုင်ငံခြားရေး ဌာနကလား ဘယ်သူ့ဆီကလည်းဆိုတာ အတိအကျ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမဲ့ မအလ အတွက်ကတော့ လွယ်တယ်။ ဒီသတင်းကိုစသိပြီး ဒီစာကို စရိုက်တာ နိုင်ငံခြားရေးဌာန ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားရေး ဌာနကပဲ တာဝန်ယူရမယ်။ ဒီဆွေးနွေးပွဲမှာ ပါတဲ့ ဦးဆောင်သူ နိုင်ငံခြားရေးဌာန ညွှန်ချုပ် ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းခိုင်းပြီး ထောင်ထဲထည့်လိုက်တယ်။ တရုတ်ထံကိုလည်း ဒီသတင်းပေါက်ကြားမှု အတွက် တာဝန်ရှိသူကို ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ကြောင်း အစီရင်ခံလိုက်တယ်။ ထူးခြားတာက ဒီလျို့ဝှက်စာကိုရတဲ့ သူ့ရဲ့စစ်ကောင်စီကိုရော၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဌာနကိုပါ အရေးမယူပဲ အရပ်သားတွေ ဖြစ်ကြတဲ့ ဦးချမ်းအေးတို့ကို ဘုမသိ ဘမသိ အရေးယူ ထောင်ချလိုက်တာပဲ။ အကယ်၍သာ ပထွေးတော်က ရွှေစိတ်တော် ညိုနေသေးတယ်ဆိုရင်တော့ မအလ တစ်ယောက် ကြိုးစင်မရောက်မချင်း ထောင်ထဲမှာသာ နေပေတော့ ဦးချမ်းအေးတို့ရေ .... ဒီအဖြစ်အပျက်မှာ ပြည်သူတွေဘက်က ရလိုက်တဲ့ ၂ ချက်က မအလ ဟာ အရပ်သားဝန်ထမ်းတွေအပေါ်မှာ လိုရင်အသုံးချသလို အရေးကြုံရင် ထိုးကျွေးဖို့လည်း ဝန်မလေးဘူး ဆိုတာပဲ။ နောက်တစ်ချက်က မအလ နဲ့ တရုတ်ရဲ့ အားနည်းချက်ဟာ ဓာတ်ငွေ့ပိုက်လိုင်း ဆိုတာပဲ။ ဒီလောက်ဆို ဓာတ်ငွေ့ပိုက်လိုင်းက ဝန်ထမ်းတွေအနေနဲ့ ဘာလုပ်ရမလဲ သိမယ်ထင်ပါလိမ့်မယ်။ #crd
ဆက်ဖတ်ရန် →

U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military.


Dear World, 


U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military. 

The way of torturing him was terrifying!!! 

During Investigation, his mouth and face were poured with very hot water and very dangerous toxic  chemical liquid !!! 

According to the collected information , his teeth were gone , his tongue was melting severely , the skin on his face was scratched out  . 

This is way beyond the brutality than Narzi 's time !!! 

The military and armies are not humans. They don't respect human rights and they have been violating this more and more since 1988, 2007, Rohingya genocide and Now !!! 

The military is heartless.This is more like Facism and genocide . 

UN is still worrying and no action is yet to found. 

They shoot in Day time, they arrest in night time, they torture and abuse people till death behind the camera. 

In Myanmar, people have been tortured in such way , please GOD help us . 

#HearTheVoiceOfMyanmar

#JusticeForMyanmar

#PrayForMyanmar

#SaveMyanmarCitizens

#SaveMyanmar



ဆက်ဖတ်ရန် →
CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

Civil Disobedience Movement CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက် ၁၁. ၃. ၂၀၂၁ (ကြာသပတေးနေ့) • CDM တွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများအား အကြမ်းဖက်အုပ်စုမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပိုမိုများပြားလာသည်ကို သိရှိကြမည်ဖြစ်ပါသည်။ • ပြည်သူ့ဝန်ထမ်းများအား လက်နက်အားကိုး ခြိမ်းခြောက်ဖမ်းဆီးခြင်းများ၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းများ ရှိလာနိုင်ပါသဖြင့် မိမိတို့လုံခြုံရေးကို ပိုမိုအလေးထားဂရုစိုက်ကြရန်နှင့် ဖြစ်နိုင်ပါက မိမိတို့အတွက် လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ အရေးတော်ပုံအောင်ရမည်
ဆက်ဖတ်ရန် →
ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

အမေရိကန်ဆီးနိတ် နိုင်ငံခြားရေးရာ ကော်မတီ ကြား‌နာမှုမှာ မဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

ဒီလို စကားပြောခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်မှာ သူ့ဘက်က ပေးဆပ်ရမှာတွေ ရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ လွတ်အောင် ရှောင်တိမ်းလို့ရမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်ပုံရတာ အထင်အရှားပါပဲ။ ဒါကြောင့် ကျွန်မတို့က သူ့အထင်မှားတယ် ဆိုတာ ပြသကြဖို့ အရမ်းအရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထုကတော့ အရမ်းရဲရင့်ပြီး မင်းအောင်လှိုင် မှားတယ် ဆိုတာ အထင်အရှား ပြသနေကြပါတယ်။ စစ်တပ်က NLD ခေါင်းဆောင်တွေနဲ့ ကျမရဲ့ အဖေအပါအဝင် အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းလိုက်ပြီး သူတို့ နိုင်ပြီ၊ ဆန္ဒပြတာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတယ်။ ဒါပေမယ့် နှစ်သုံးဆယ်‌ကျော်အတွင်း အကြီးကျယ်ဆုံး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူထုက ဘုတ်ပြားတွေ ထောင်ပြီး ဒီမိုကရေစီ တောင်းဆိုခဲ့ကြပါတယ်။ ဒီဘုတ်ပြားတွေမှာ အင်္ဂလိပ်လိုရေးထားကြတာဟာ ကမ္ဘာကြီးက ကူညီစေချင်လို့ပါ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေဟာ စစ်တပ်က တိုးတိုးပြီး ဖိနှိပ်ဖြိုခွင်းလာတာ ခံခဲ့ရတယ်။ နေ့တိုင်းနေ့တိုင်း ကျဆုံးသူတွေ ရှိနေပြီး ကလေးအရွယ်တွေရဲ့ ခေါင်းကိုပါ ပစ်သတ်ခဲ့ပါတယ်။ စစ်တပ်ဟာ သုံးလို့ရသမျှ လက်နက် သုံးပြီး လူထုရဲ့ အသံကို ပိတိဆို့ဖို့ ကြိုးစားနေပါတယ်။ အခုဆို ငြိမ်းချမ်းစွာ ဆန္ဒပြလို့ လူ ၆၀ ကျော် သေဆုံးခဲ့ပါပြီ။ အာဏာသိမ်းပြီးနောက် လူ ၂၀၀၀ ကျော် အဖမ်းဆီးခံထားရတယ်။ ဘယ်နှယောက် ပျောက်ဆုံးနေလဲဆိုတာ မသိရသေးပါဘူး။ သူတို့ကို တရားဝင် ဖမ်းဆီးတာလား ဆိုတာလည်း မသိရသေးသလို ရှေ့နေခေါ်ခွင့်လည်း မရှိပါ။ ဒီနေ့ဟာ ကျမအဖေရဲ့ မွေးနေ့ပါ။ အဖေက နိုင်ငံရေးပြော‌ဟောတဲ့အတွက် ထောင်ထဲရောက်နေတာများပြီး ကျမဘဝ တစ်ဝက်လောက်ဟာ မွေ့‌နေ့ ပွဲ အတူတူ ဆင်နွဲခွင့်မရခဲ့ပါ။ အဖေ့ကို ပထမဆုံး မှတ်မိနေတဲ့ အဖြစ်ကလည်း အင်းစိန်ထောင် သံတိုင်တွေကြားက အဖေပုံရိပ်ပါ။ နေသားကျသလိုဖြစ်နေပေမယ့် ကျမအတွက်တော့ အတော်ခက်ခဲပါတယ်။ တဆက်တည်းမှာပဲ ကျမ အသည်းနာပါတယ်။ ဒေါသထွက်ပါတယ်။ အခုဆိုရင် ကလေးတွေအများအပြားဟာ ကျမတို့လိုပဲ ခံစားရတော့မယ်။ မိဘနဲ့ကင်းပြီး ကြီးပြင်းရတော့မယ်။ ဘယ်တော့မှ ပြန်တွေ့ရမလဲ ဆိုတဲ့ စိတ်ကြီးနဲ့ ကြီးပြင်းရတော့မယ်။ ဒါမဖြစ်သင့်တော့ပါ။ စစ်တပ်က လူထုကို တိုက်ခိုက်တာတွေဟာ မြို့ကြီးပေါ်မှာမှမဟုတ်ဘူး။ ကရင်ပြည်မှာဆို စစ်တပ်ဟာ မော်တာဗုံးတွေနဲ့ ရွာတွေကို ပစ်ပါတယ်။ ရွာပေါင်း ၅၀၀၀ ကျော်ဟာ တောထဲပုန်းရှောင်နေရပါတယ်။ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ စစ်ကားတွေ မြင်ကြရပေမယ့် တိုင်းရင်းသားနယ်တွေဆီက ထွက်ခွာသွားတာတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တိုင်းရင်းသားနယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာခဲ့တယ်။ စစ်တပ်ဟာ ဘဏ္ဍာရေးပိတ်ဆို့မှု ဖြေလျော့မှုတွေ ရရှိလာခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လုပ်နေခဲ့တယ်။ ဒီအခြေအနေဟာ စစ်တပ်ကို သူတို့ဟာ ဥပဒေ ပြစ်ဒဏ်က လွတ်မြောက်နေနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုပေးပါတယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်လည်း သူတို့ လွတ်မြောက်နေတာပဲ ဆိုတဲ့ အတွေးကိုပေးပါတယ်။ အခုထိတော့ သူတို့ လွတ်မြောက်နေဆဲပါ။ အဲလို လွတ်မြောက်ခွင့်ပေးထားကြလို့လည်း အခုလို အာဏာသိမ်းပြီးလည်း အေးဆေး ‌လွတ်မြောက်နိုင်တယ်လို့ ယူဆကြတာပါပဲ။ မြန်မာလူထုက အာဏာသိမ်းမှုကို ကျဆုံးစေချင်ပါတယ်။ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သူတို့အစိုးရကို လူထုက ပြနိတင်မြှောက်ချင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေ အောက်ကိုတော့ ပြန်မသွားချင်တော့ပါ။ အမေရိကမှာဆို ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးသုံးယောက် ခန့်မယ်ဆို ဘယ်သူမှ သဘောမတူဘူး။ ကွန်ဂရက်ရဲ့ ၂၅% ကို စစ်တပ်က တင်မယ်ဆို ဘယ်သူမှသဘောမတူဘူး။ အမေရိကန်တွေ သဘောမတူသလို ကျမတို့ မြန်မာတွေလည်း သဘောမတူနိုင်ဘူး။ မြန်မာလူထုက အသက်တွေနဲ့ ရင်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုနေကြတယ်။ စစ်တပ်မှားတာက လူထုရဲ့ သတ္တိနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လျှော့တွက်ခဲ့တာပါ။ ဒါပေမယ့် အခုထိ မင်းအောင်လှိုင် မမှားတာက နိုင်ငံတကာ တုန့်ပြန်မှုဟာ ချိနဲ့နေမှာပဲ လို့မှန်းခဲ့တာပါ။ မြန်မာကို တစ်သက်လုံး စစ်တိုက်လာတဲ့ မာကျောတဲ့ စစ်သားတွေက ဖိစီးနေတာပါ။ သံတမန်တွေ မဟုတ်ပါ။ စတိတ်မန့်တွေ ထုတ်နေတာနဲ့ မရနိုင်ပါ။ ကျမတို့က လက်တွေ့တော့ကျရမယ်။ နိုင်ငံတကာအရေးယူမှုတွေချည်း အားကိုးပြီး တိုင်းပြည်မလွတ်မြောက်နိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။ ကျမတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်အောင် ကြိုးစားရမှာပါ။ ဒါပေမယ့် နိုင်ငံတကာ အရေးယူမှုတွေက အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အခွင့်အရေးရတုန်း အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်၊ ငွေကြေးတွေကို ထိမ်းချုပ်၊ ပြီးတော့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့လိုက်တဲ့ အလုပ်တွေ အတွက်ပါ။ အမေရိကန်ပြည်‌ထောင်စုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားဖို့ ရှေ့ဆုံးက ကြိုးစားတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးပဲ ကျေးဇူးတင်ပါတယ်။ ‌အမေရိကက လုပ်နိုင်တာတွေ လုပ်ရမှာတွေလည်း အများကြီး ရှိပါသေးတယ်။ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီပွားတွေကို ပိတ်ဆို့ရပါမယ်။ စစ်တပ်ရဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ရပါမယ်။ ဘဏ္ဍာရေး အာမခံ စတာတွေပါရပါမယ်။ စစ်တပ်က အစိုးရအဖွဲ့ကို ထိမ်းချုပ်တာနဲ့ ရေနံ သဘာဝဓာတ်ငွေ့၊ ကုန်သွယ်ရေး၊ သစ်၊ ကျောက်မျက် စတဲ့ ငွေဝင်လမ်းတွေကိုပါ ပိတ်ဆို့ရမှာပါ။ ဒီလို ပစ်မှတ်ထားပိတ်ဆို့မှုတွေကို လုပ်ဖို့ ယူကေ နဲ့ အီးယူ လို မဟာမိတ်တွေနဲ့ ကျေးဇူးပြုပြီး ပူပေါင်းဆောင်ရွက်ပေးပါ။ အမေရိကန်နိုင်ငံက လက်နက်ပိတ်ဆို့မှု ရှိပေမယ့် အခြားနိုင်ငံအများမှာ အဲဒါမျိုး မရှိပါ။ မဟာမိတ်တွေနဲ့ ပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလက်နက်ပိတ်ဆို့မှု ဖြစ်လာအောင် ကြိုးစားပေးပါ။ အမေရိက က လုပ်နိုင်ဖွယ်ရာ အဆင့်များကို အသေးစိတ် ရေးထားတဲ့ စာတမ်းလည်း ရှိပါတယ်။ လုပ်စရာတွေ အများကြီးပါ။ သံတမန်ရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ ဥပဒေရေးရာ စတာတွေပါ။ မြန်မာနိုင်ငံမှာ လူထုက နေ့ထိုင်း လမ်းပေါထွက် ဆန္ဒပြနေကြပါတယ်။ အပစ်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အဖမ်းခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အရိုက်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြနေကြတယ်။ အသက်နဲ့ရင်းပြီး လုပ်လို့ရနိုင်သမျှ လုပ်နေကြတာပါ။

ကျမတောင်းဆိုချင်တာက ရှင်တို့မှ ရှိသမျှနည်းလမ်း ရှိသမျှ လက်နက်ကိရိယာ အကုန်သုံးပြီး ကျမတို့ကို ကူကြပါ။ ကျေးဇူးတင်ပါတယ်။

၂၀၂၁၀၃၁၁

ဆက်ဖတ်ရန် →
ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်

ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်

Myanmar Now စစ်အာဏာသိမ်းမှုကိုနေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးကို ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်ရန် စစ်ကောင်စီတပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။ ရုပ်သံမှတ်တမ်းထဲတွင် ရဲတပ်ဖွဲ့ဝင်တယောက်က သေဆုံးသူသည် ပြေးရင်းခလုတ်တိုက်ကာ မှောက်ရက်လဲကျကြောင်းပြောဆိုနေသလို နောက်တဦးမှ ပက်လက်လဲကျသဖြင့် နောက်စိ(ဦးနှောက်)ထိသွားကြောင်း ပြောဆိုသံများကြားနေရသည်။ ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက် သေများက ပြောသည်။ သေနတ်ဖြင့် ၁၂ ချက်ထက်မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ အသက် ၂၄ နှစ်အရွယ် ကိုထက်တေဇာအောင်ကလည်း အတည်ပြုထားသည်။ Myanmar Now You Tube Channel https://youtu.be/xFuTD6MrIbs တွင် full HD quality ဖြင့်ကြည့်ရှုနိုင်သည်။
ဆက်ဖတ်ရန် →
လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

"လုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အမှတ် SC/14430 ကို ပြန်လည်ကိုးကား၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်ဘက်မှ အရေးပေါ်အခြေအ‌နေ ကြေညာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အခြားသူများအား တရားလက်လွတ် ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် များစွာ စိုရိမ်ပူပန်ကြောင်း ထပ်မံပြောကြားပါသည်။ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်လည်း လုံခြုံရေး ကောင်စီမှ ထပ်မံတိုက်တွန်းလိုက်ပါသည်။ “အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးများအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအပေါ် အကြမ်းဖက်နေခြင်းကို လုံခြုံရေးကောင်စီမှ ပြင်းထန်စွာ ရှုတ်ချပါသည်။ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ သတင်းစာဆရာများနှင့် မီဒီယာသမားများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေခြင်းအပေါ်လည်းများစွာ စိုးရိမ်ပူပန် လျက်ရှိပြီး ဥပဒေမဲ့ထိန်းသိမ်းထားသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် လုံခြုံရေးကောင်စီမှ တောင်းဆိုပါသည်။ စစ်တပ်အနေဖြင့် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပြီး လုံခြုံရေးကောင်စီသည် အခြေအနေကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိကြောင်း အလေးအနက်အသိပေးလိုက်သည်။ “လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုအား ဆက်လက်ထောက်ခံအားပေးနေပြီး ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုမှ ရှောင်ကြဉ်ခြင်း၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝလေးစားခြင်းနှင့် တရားဥပဒေစိုးမိုးရေးအား ထိန်းသိမ်းခြင်းတို့ လိုအပ်ကြောင်း အလေးအနက်ပြောကြားပါသည်။ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ရင်ကြားစေ့မှုတို့ကို လုပ်ဆောင်ရန် တိုက်တွန်းအားပေးလိုက်သည်။ “လုံခြုံရေးကောင်စီသည် ဒေသတွင်းအဖွဲ့အစည်းများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နှင့် ၎င်း၏ မြန်မာနိုင်ငံအတွက် အပြုသဘော ဆောင်၍ ငြိမ်းချမ်းစွာ ကူညီပံ့ပိုးပေးရန် အသင့်ရှိမှုအား အခိုင်အမာ အားပေးထောက်ခံကြောင်း ထပ်မံပြောကြားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးနှင့် ဆက်သွယ်ညှိနှိုင်းဆွေးနွေးရန် အာဆီယံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုများကို ချီးကျူးပါသည်။ မကြာသေးမီကာလ မတ်လ ၂ ရက်နေ့တွင် အလွတ်သဘော ကျင်းပခဲ့သော အာဆီယံဝန်ကြီး အစည်းအဝေးကို လည်းကောင်း၊ နှင့် မတ်လ ၂ ရက်နေ့နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဆီယံဥက္ကဋ္ဌမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များကိုလည်းကောင်း လုံခြုံရေး ကောင်စီမှ ကြိုဆိုပါသည်။ ထိုလုပ်ဆောင်ချက်များသည် အာဆီယံပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက် များနှင့် အခြေခံစည်းမျဉ်းများ၊ အထူးသဖြင့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး လေးစားလိုက်နာ ထိန်းသိမ်းမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားရေးတို့ကို အခြေခံလျက် သက်ဆိုင်သူများအားလုံးအား အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် လက်တွေ့ကျသော ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့မှုတို့မှတစ်ဆင့် ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားပါသည်။ “လုံခြုံရေးကောင်စီအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ ဆက်ဆံရေးရုံးကို ထောက်ခံအားပေးလျက်ရှိကြောင်း၊ သူမ၏ ပြန်ကြားဆက်သွယ်မှု များကို ဆက်လက်လုပ်ဆောင်ဖို့ အားပေးကြောင်း၊ မြန်မာနိုင်ငံရှိ သင့်လျော်သူအားလုံး နှင့် နှံ့နှံ့စပ်စပ် ချိတ်ဆက် ဆက်သွယ်ဖို့နှင့် မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်နိုင်ဖို့ သူမ၏ကြိုးပမ်း အားထုတ်မှုအားလုံးကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းပါသည်။ “လုံခြုံရေးကောင်စီက လိုအပ်လျက်ရှိသူအားလုံးဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ဘေးကင်းစွာ ရောက်ရှိနိုင်ဖို့ဆက်လက်တောင်းဆိုလိုက်သည်။ လက်ရှိ အခြေအနေသည် ရခိုင်ပြည်နယ်နှင့် အခြားဒေသများတွင်လက်ငင်းရှိနေသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေနိုင်သည့်အလားအလာရှိကြောင်းကို အလေးအနက်ထား ပြောကြားသည်။ လုံခြုံရေး ကောင်စီက မကြာသေးမီက ဖြစ်ပေါ်ခဲ့သောအကြောင်းအရာများသည် ရိုဟင်ဂျာဒုက္ခသည်များ မိမိတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိနှင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေးအတွက် အထူး စိုးရိမ်စရာစိန်ခေါ်မှုများကို ဖြစ်ပေါ်နိုင်ကြောင်း စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားပါသည်။ လူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝ အကာအကွယ်ပေးဖို့ အရေးကြီးပါသည်။ “လုံခြုံရေးကောင်စီသည် မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာပိုင်ဆိုင်မှု၊ နိုင်ငံရေးသီးခြားလွတ်လပ်မှု၊ နယ်မြေတည်တံ့မှုနှင့် ပေါင်းစည်းညီညွတ်မှုတို့အတွက် ရပ်တည် ပံ့ပိုးပေးရန် ခိုင်မာသော သန္နိဌာန်အား ထပ်လောင်းအတည်ပြုသည်။ “လုံခြုံရေးကောင်စီသည် ဤကိစ္စအပေါ် အလေးထားဆက်လက် စောင့်ကြည့်လျက်ရှိပါသည်။” *************** Statement by the President of the UN Security Council on Myanmar "The Security Council, recalling its Press Statement SC/14430 of 4 February 2021, reiterates its deep concern at developments in Myanmar following the declaration of the state of emergency imposed by the military on 1 February and the arbitrary detention of members of the Government, including State Counsellor Aung San Suu Kyi and President Win Myint and others. The Security Council reiterates its call for their immediate release. “The Security Council strongly condemns the violence against peaceful protestors, including against women, youth and children. It expresses deep concern at restrictions on medical personnel, civil society, labour union members, journalists and media workers, and calls for the immediate release of all those detained arbitrarily. The Council calls for the military to exercise utmost restraint and emphasises that it is following the situation closely. “The Security Council expresses its continued support for the democratic transition in Myanmar, and stresses the need to uphold democratic institutions and processes, refrain from violence, fully respect human rights and fundamental freedoms and uphold the rule of law. It encourages the pursuance of constructive dialogue and reconciliation in accordance with the will and interests of the people of Myanmar. “The Security Council reiterates its strong support for regional organisations, in particular the Association of Southeast Asian Nations (ASEAN) and its readiness to assist Myanmar in a positive, peaceful and constructive manner. It commends ASEAN’s continued efforts to engage with all relevant parties in Myanmar. The Council welcomes the recent informal ASEAN Ministerial meeting on 2 March, and the statements made by the ASEAN Chair on 2 March and 1 February, which recalled the purposes and principles of the ASEAN Charter, notably the principle of democracy, adherence to the rule of law, good governance, the protection of human rights and respect for fundamental freedoms, called on all parties to exercise utmost restraint and seek a peaceful solution through constructive dialogue and practical reconciliation in the interests of the people and their livelihood. “The Security Council also reiterates its support to the Special Envoy of the Secretary-General on Myanmar for her good offices, encourages the Special Envoy to maintain communication and her efforts to engage intensively with all relevant parties in Myanmar, and to visit Myanmar as soon as possible. “The Security Council continues to call for safe and unimpeded humanitarian access to all people in need, and highlights that the current situation has the potential to exacerbate existing challenges in Rakhine state and other regions. The Security Council expresses concern that recent developments pose particular serious challenges for the voluntary, safe, dignified, and sustainable return of Rohingya refugees and internally displaced persons. It is vital that the rights of minorities are fully protected. “The Security Council reaffirms its support for the people of Myanmar and its strong commitment to the sovereignty, political independence, territorial integrity and unity of Myanmar. “The Security Council remains seized of the matter.”
ဆက်ဖတ်ရန် →
မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး

မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး



 



 

 

 

 

 

 

 

 

ယနေ့ ( ၁၁ - ၃ - ၂၀၂၁ ) မြောက်ဒဂုံမှာ
စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး 😢😢😢



#Credit Video







ဆက်ဖတ်ရန် →

မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ဖော်ပြချက်


မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲ

ဗိုလ်မှုးချုပ်ဇော်မင်းထွန်းပြောကြားချက်များမှ

ကောက်နုတ်ဖော်ပြချက်


၁။ ကမ္ဘာ့နိုင်ငံအသီးသီးက NGO၊ INGO အဖွဲ့တွေ အခြားသော နိုင်ငံ(၁၃)နိုင်ငံရဲ့ အဖွဲ့အစည်းတွေက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို

US ၇.၉ သန်းကျော် ထောက်ပံ့ထားပြီး

၆.၈ သန်းကျော် သုံးစွဲထားခဲ့၊ 

လက်ကျန်ငွေ ဒေါ်လာ ၁ သန်းကျော်ရှိနေ။


ပြည်တွင်းက ထောက်ပံ့လှူဒါန်းငွေ ၃၆ ဘီလျံရှိပြီး ၃၀ ဘီလျံ သုံးစွဲထား၊ လက်ကျန်ငွေ ၆ ဘီလျံရှိ။


တရားမဝင် ငွေမဲစီးဆင်းမှုတွေ၊

ပါတီအကျိုးသုံးစွဲခဲ့မှုတွေကို ဆက်လက်ဖော်ထုတ်နေ။


၂။ ရကတ ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ဒီဇင်ဘာ ကနေ ၂၀၁၈ မတ်လအတွင်း ကန်ဒေါ်လာ၆သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့ကြောင်း ဖော်ကောင်လုပ်ပြောကြား ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအေးဇံ၊ ဒေါက်တာမြင့်နိုင် ဝန်ကြီးချုပ်တွေရဲ့

အဂတိ လိုက်စားမှုတွေလည်းဖော်ထုတ်ပြီး

ဆက်လက်စစ်ဆေးနေ၊


၃။ သမ္မတဦးဝင်းမြင့်ကိုလည်း လုပ်ငန်းရှင်တချို့နဲ့ အကျိုးစီးပွားဆက်စပ်မှုရှိလို့ အဂတိနဲ့ ဆက်လက်စစ်ဆေးနေ။


၄။ NLD အစိုးရခန့်ခဲ့တဲ့ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး ထုတ်ဖော်ပြောဆိုခဲ့မှုအရ ရွေးကော်ကို

ဦးဝင်းမြင့်က လွှမ်းမိုးချုပ်ကိုင်ထားလို့ UEC

က လွတ်လပ်စွာ မလုပ်နိုင်။


တပ်မတော်က ပြောတဲ့ မဲစာရင်း ကွာခြားချက်

ကိစ္စရှင်းနိုင်ဖို့ ထိုစဉ်ကသမ္မတ ဖြစ်သူဦးဝင်းမြင့်

ထံ  ဦးလှသိန်း  ဦးမြင့်နိုင် တို့နဲ့အတူသွား၍

တင်ပြခဲ့သော်လည်း  ခွင့်မပြုခဲ့ ။

တပ်ရဲ့တောင်းဆိုမှုအပေါ်

ဦးဝင်းမြင့်က ရှင်းစရာ မလိုဘူးလို့ ပြော၊

ဦးဝင်းမြင့်ရဲ့ ကွပ်ကဲမှုနဲ့ပဲ ဆောင်ရွက်ရကြောင်းဦးသန်းဌေးက ဖော်ကောင်လုပ် ပြောကြား။ 


ယနေ့ လူမှုကွန်ရက်စကားကောက်နုတ်ချက်


"နေရာတကာ လိုက်ရှင်းနေရင် ဘယ်တော့မှပြီးမှာမဟုတ်၊ မရှင်းနဲ့ ထားလိုက်" သမ္မတဟောင်း ဦးဝင်းမြင့်


၅။ ဝစီပိတ်ဆရာတော်ရဲ့ပုံကို ထဘီမှာကပ်ခဲ့တဲ့ စမ်းချောင်းမြို့နယ်ဖြစ်စဉ်အတွက် အဓိကတရားခံ ၇ ဦးကို ဖမ်းမိထားပြီး ကျန်စပ်ဆက်တရားခံတွေကိုလည်း ဖော်ထုတ်သွားမဲ့အပြင် အမျိုးဘာသာသာသနာအတွက် ထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ် ဖြေကြား(မြို့နယ်ရဲတပ်ဖွဲ့မှုး)


၆။ မဲမသမာမှုတွေက တပ်ကစိစစ်ခဲ့တဲ့ပမာဏထက်များပြားနေ (ရွေးကော်အဖွဲ့ဝင်-ဦးခင်မောင်ဦး)


၇။ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို မတ် ၁၅ ရက်မှာ တတိယအကြိမ်ရုံးထုတ်မယ်။ ရှေ့နေတွေ တွေ့ခွင့်မရတာနဲ့ပတ်သက်ပြီး ရှေ့နေတွေကို ခေါ်ချင်တဲ့ရှေ့နေ ခေါ်ခွင့်ပြုထား။ NLD ပါတီက ထပ်မံရွေးချယ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ 


၈။ ဆန္ဒပြသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ မေးခွန်းမေးတဲ့ အခါ'လက်ရှိအခြေအနေဟာ စစ်အုပ်ချုပ်ရေးမဟုတ်သေးလို့ပါ'လို့ ဗမခဇော်မင်းထွန်း ဖြေ။


၉။ အစ္စရေးလော်ဘီအဖွဲ့ ငှားခဲ့တာ မှန်တယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အခြေခံအတွေးအခေါ်တွေ မမှန်တာကြောင့် 

မြန်မာနိုင်ငံနဲ့ပတ်သက်တာ မှန်မှန်ကန်ကန်သိဖို့ငှားတာ။ ဒေါ်လာနှစ်သန်းနဲ့ငှားတာကလည်း မှန်တယ်။ အစိုးရတစ်ရပ်လုပ်ခွင့်ထဲက ငှားထားတာ။ တရုတ်နဲ့ပတ်သက်ပြီး အစိုးရကတောင်းဆိုချက်ထဲမပါ။ လော်ဘီငှားတဲ့ အစ္စရေးကုမ္ပဏီရဲ့ သဘောထား။


၁၀။ " အချို့က ရာဇဝတ်မှုတွေကို CDM ဆိုပြီး သတင်းမှားလွှင့် သိမ်းကြုံးပြောနေတာပါ။ ဥပမာ - ဒေါက်တာထားထားလင်းကို CDM ကြောင့် လိုက်ဖမ်းနေတာ မဟုတ်ပါဘူး။ ကိုဗစ်ဆေး အလွဲသုံးစားလုပ်လို့ လိုက်ဖမ်းနေတာပါ "


၁၁။ R2P နဲ့ ပတ်သက်ပြီး 

"မြန်မာနိုင်ငံသည် R2P ဝင်နိုင်တဲ့ပြစ်မှုမျိုး မကျုးလွန်ထား၊ R2P ဝင်နိုင်တဲ့နိုင်ငံမျိုး မဟုတ်လို့ R2P နဲ့ ပတ်သက်ပြီး ဘာမှပြင်ဆင်ထားတာမရှိဘူး။


၁၂။ စည်းမဲ့ ကမ်းမဲ့ ဒီမိုကရေစီ၊ စည်းပျက်ကမ်းပျက်ဒီမိုကရေစီစနစ်မဟုတ်ဘူး။ ဒီမိုကရေစီအမည်ခံပြီး အာဏာရှင်စနစ်မလိုချင်ဘူး။ ရွေးကောက်ပွဲဆန္ဒပြမှုတွေ ဘယ်နှစ်ရာခိုင်နှုန်း ထွက်ဆန္ဒပြမှ စဉ်းစားပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ လက်ရှိလုပ်ဆောင်နေတာက စစ်မှန်ပြီးစည်းကမ်းပြည့်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ။


၁၃။ ဒေါက်တာဆာဆာနဲ့ ပတ်သက်ပြီး သူနဲ့ CNN တွေ့ဆုံမေးမြန်းခန်းမှာ သူ့စိတ်နေစိတ်ထား မှန်းကြည့်တာ၊ သူ တပ်မတော်တာဝန်စယူတဲ့ နေ့မှာ သူက ဒေါ်စုနဲ့အတူတူရှိခဲ့ပြီး တက်စီသမားယောင်ဆောင် ထွက်ပြေးခဲ့တယ်လို့ ပြောထားတယ်။ သူ ဒီလိုပြောတာမှန်ရင်တော့ သူက နိုင်ငံရေးစိတ်ကူးယဉ်သမားလို့ ပြောချင်တယ်။


၁၄။ CRPH နဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်မှာလည်း ဒီလို အဖွဲ့အစည်းပေါ်ပေါက်ခဲ့တယ်။ စင်ပြိုင်အစိုးရတစ်ရပ်၊ လွှတ်တော်ဖွဲ့စည်းတာက ကြီးလေးတဲ့ပြစ်မှုဖြစ်တယ်။ ကြီးလေးတဲ့အရေးယူမှုလုပ်သွားမယ်။ သူနဲ့ပတ်သက်ရင် ကြီးလေးတဲ့အရေးယူမှုလုပ်မယ်လို့ ထုတ်ပြန်ထားပြီးသား။ အချုပ်အခြာအာဏာပိုင်တဲ့အစိုးရ အဖြစ် အသိအမှတ်မပြုဘူး။ ကြီးလေးတဲ့အရေးယူမှုတွေ လုပ်သွားမယ်။ 


၁၅။ ဆန္ဒပြလို့ ဖမ်းထားသူတွေထဲက ၂၁၇၉ ဦး ပြန်လွှတ်ပေးထားတယ်။ ကျန်ခဲ့တဲ့သူတွေက သူ့လုပ်ဆောင်ချက်ကြောင့် ကျန်ခဲ့တာ။ ၁။ ဆူပူအကြမ်းဖက်လို့၊ ၂။ လက်နက်နဲ့မိလို့၊ ၃။ သူဟာ ဆူပူအကြမ်းဖက်မှု ဆက်လုပ်နိုင်ခြေရှိလို့။ ဒီလိုလုပ်ဆောင်မှုကြောင့် ဆက်ဖမ်းထားတာ။


၁၆။ မဲစာရင်းတွေကို တတိယအဖွဲ့အစည်းအနေနဲ့ စစ်ဖို့ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ UEC စစ်ပြီးရင် တတိယအဖွဲ့အစည်းတင်မကဘူး။ တစ်ကမ္ဘာလုံးကို ချပြမယ်။ ကြည့်ချင်လာခဲ့။ ပွင့်လင်းမြင်သာစွာ ချပြသွားမယ်။ 


၁၇။ စစ်မှုမထမ်းမနေရဥပဒေနဲ့ ပတ်သက်ပြီး အိမ်နီးချင်းငါးနိုင်ငံမှာ ထိုင်းတစ်ဝက်တစ်ပျက်၊ လာအိုအပြည့်အဝ၊ အိန္ဒိယ ဘဂ်လားဒေ့ရှ် 

မကျင့်သုံး၊ တရုတ်ကပြဌာန်းပြီးပေမဲ့ မကျင့်သုံးသေး။ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေက ဆက်လုပ်ရမဲ့ ကိစ္စဖြစ်တယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုကောင်းလာမယ်။

#ဖြိုးဝေ

၁၁.၃.၂၀၂၁


ဆက်ဖတ်ရန် →
စိုးဝင်းက မအလ ထက် လည်တယ်။

စိုးဝင်းက မအလ ထက် လည်တယ်။


 

 

 

 

 

 

 

 

 

  

 

 

 

 

အခုအချိန်မှာ အာဏာသိမ်း စစ်အုပ်စု မှာ တကယ် ကွပ်ကဲနေတာ စိုးဝင်း စိုးဝင်းက မအလ ထက် လည်တယ်။ သူ့နာမည်နဲ့ ဘာမှ သိပ်မရှိဘူး။ မိန်းမဘက်က မောင်၊ တူမတွေနဲ့ ပိုင်ဆိုင်မှုတွေထားတာ။ ----------------------------------------- စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက။ သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ် စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ် ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။ မန္တလေးမှာ သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။ မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။ သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ် (စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။ စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီး စင်ကာပူကိုထုတ်ပေးနေကြတာ။သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundry လုပ်ပေးတာ။ မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာ အများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။ ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။ ဖားကန့်ကကျောက်ကုမ္ပဏီ စင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး) မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေ မေမြို့ကနွယ်ဝတီဟိုတယ် ဒါတွေအားလုံးကိုအမျိုးအဆွေတွေကနာမည်ခံပြီးလုပ်ပေးနေတာပဲ။ ပုံ-၁ စိုးဝင်းယောက်ဖ သန်းသန်းနွယ်မောင်အရင်း ပုံ-၂ သန်းသန်းနွယ်ယောင်းမ မီမီသန့်။ #crd

ဆက်ဖတ်ရန် →