မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊
ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ
ကျော်ဇော/People's Spring
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
"ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်"ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။
စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကိုတားဆီးကာ VPN စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"ပေါင်းတည်မြို့ပေါ်မှာ နေရာအတည်တကျမရှိဘူး။ mobile ပုံစံစစ်တာ။ ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေကို VPN စစ်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့(ဇွန်လ ၁၃ ရက်)နံနက်ပိုင်းမှစတင်ပြီး ပဲခူးအရှေ့ခြမ်းရှိ ပဲခူးမြို့တွင်လည်း နံနက်အစောပိုင်း၌ ငါးပိပွဲရုံတန်းအနီး VPN စစ်ဆေးမှုများရှိခဲ့ကာ မြို့တွင်းရှိ နာရီစဥ်၊ မဟာမြိုင်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းအနီးဝန်းကျင်နေရာများ၌ စစ်ဆေးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
"VPN ထည့်ထားလို့ တချို့ဖုန်းသိမ်းခံရတဲ့သူတွေဆိုရင် ငွေနှစ်သိန်း၊ သုံးသိန်းပေးပြီး ပြန်ရွေးရတာတွေရှိတယ်"ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းများအတွင်း VPN စစ်ဆေးမှုများရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်ကွန်ရက်အသုံးပြုမှုများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို အလုံးစုဲထိန်းချုပ်လိုက်သောကြောင့် နိုင်ငံတဝှမ်းဖုန်းလိုင်းများပြတ်တောက်ခြင်း၊ အင်တာနက်ကွန်ရက်ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
သို့ဖြစ်ရာ အင်တာနက်လိုင်းများကို ပုံမှန်နီးပါးအသုံးပြုနိုင်ရန် ပြည်သူများက ကြားခံ VPN ဆော့ဝဲလ်များဖြင့် အသုံးပြုလာရပြီး ယခုဇွန်လတွင်မူ စစ်ကောင်စီက လူသုံးများသည့် VPN ဆော့ဝဲလ်များကို ပြည်တွင်း၌ အသုံးပြုမရအောင် ထပ်မံပိတ်ပင်ခဲ့သည်။( ပုံအဟောင်း)
မြန်မာတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာ
▪︎နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံမှာလည်း ဆင်းရဲမွဲတေသည့်အခြေအနေသို့ရောက်နိုင်ခြေမြင့်မားနေဟုကမ္ဘာ့ဘဏ်ဆို
ရဲခေါင်၊စောနွေဦး /People's Spring
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
ငွေကြေးဖောင်းပွမှုနှုန်း နှင့်အလုပ်လက်မဲ့ နှုန်းများဆက်လက်မြင့်တက်နိုင်မှုနှင့်အတူ ဆင်းရဲမှုအခြေ အနေမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွာနေမည်ဟု အသိပေးသည်။
၂၀၂၄နှစ်စတွင် လူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်း
ပါးသည့်အခြေအနေကို ရောက်ရှိလာသည့်အတွက် ၂၀၁၅က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းဟု
ကမ္ဘာ့ဘဏ်က နှိုင်း ယှဥ်ပြသည်။ မြန်မာနိုင်ငံလူဦးရေကို ၅၄ သန်းကျော်ဟုသတ်မှတ်ထားသဖြင့် ၃၂ ရာခိုင်နှုန်းမှာ လူဦးရေ ၁၇ သန်းကျော်ဖြစ်သည်။
ထို့အပြင်နိုင်ငံ၏ သုံးပုံတစ်ပုံသော လူဦးရေ ( ၁၈ သန်းဝန်းကျင်) သည်လည်း ဆင်းရဲမွဲတေသည့် အခြေအနေသို့ ကျရောက်နိုင်ခြေ မြင့်မားနေ ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြသည်။
"နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများ၊အလုပ်အကိုင်ဆုံးရှုံးမှုများ၊
ဝင်ငွေကျဆင်းမှုများ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှုကျဆင်းရေးအတွက်ဆယ်စုနှစ်တစ်ခုစာကြိုးပမ်းခဲ့တဲ့ ရလဒ်တွေအကုန်အလဟဿ ဖြစ်သွားရတယ်"ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမမ်က ပြောသည်။
ထို့အတူ နိုင်ငံ၏စီးပွားရေးသည် ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေသည့် ပဋိပက္ခများ ၊ မေခရိုသီးပွားရေး မတည်ငြိမ်မှု နှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှုမှာမူလကခန့်မှန်းထားသည်ထက်ပင် နှေးကွေးနေမည်ဟု ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။
၂၀၂၃ ဒီဇင်ဘာလတွင် နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း
(GDP)သည် ၂ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းခဲ့သော်လည်း ၁ ရာခိုင်နှုန်းသာရှိနိုင်ပြီး အရပ်သားအစိုးရလက်ထက်ကိုဗစ်
မဖြစ်ခင်ကရှိခဲ့သည့် စီးပွားရေးတိုးတက်နှုန်းအောက် ၉ ရာခိုင်နှုန်းနိမ့်ကျဲနေမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ဒေသ
တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်များက မြန်မာ့စီးပွားရေးသည် သိသာထင်ရှားစွာနိမ့်ကျနေကြောင်းလည်းဖော်ပြထားသည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေက နိုင်ငံစီးပွားရေးတိုးတက်နှုန်းကျဆင်းစေရသည့် အဓိက အကြောင်းအရင်းဖြစ်သည်ဟုလည်းကမ္ဘာ့ဘဏ်ကသည်။ ထိုဥပဒေကြောင့် လူငယ်များက ပြည်ပနိုင်ငံများကို ထွက်ခွာခြင်းကြောင့် တိုင်းပြည်အတွင်း လူသားအရင်းအမြစ်ရှားပါး စီးပွားရေးကို များစွားထိခိုက်ခဲ့သည်ဟုသုံးသပ်ထားသည်။
တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်သွားသည်ဟုလည်း ကမ္ဘာ့ဘဏ်ကဆိုသည်။ ယခင်နှစ်ကာလတူ ခြောက်လတာ နှင့် နှိုင်းယှဥ်ပါက ယခုနှစ် မတ်လအထိ နိုင်ငံတကာနှင့်ကုန်သွယ်ရေးတွင်ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့ကြောင်းလည်း သိရသည်။
လောင်စာဆီစျေးနှုန်းမြင့်မားခြင်း၊ချေးငွေရရှိနိုင်ရန် ခက်ခဲခြင်း၊ပဋိက္ခများကြောင့် စိုက်ပျိုးသီးနှံအထွက်နှုန်ထိခိုက်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်ပြီး ၊လာမည့် ကာလတို အထိကုန်ထုတ်လုပ်မှုများအပေါ်အတားအဆီး သက်ရောက်မည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းသည်။
စားအုန်းဆီကိုတန်းစီဝယ်နေရသောပြည်သူများ။
ဓါတ်ပုံ-Getty Images
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်
ကျော်ဇော/People's Spring
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို လေကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇွန်လ ၁၃)မွန်းလွဲ ၃နာရီခန့်က တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ ခြောက်အိမ်စုရွာ၊နှင့် ပြည်အေးရွာတို့မှ စာသင်ကျောင်းအနီးနှင့် မီးသတ်ရုံးနေရာအပါအဝင် သုံးနေရာကို ဗုံးသီး ၁၈ လုံးကြဲချ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
"ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားတာပါ"ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂)မှတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီက စာသင်ကျောင်းအနီးနှင့် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများနေထိုင်ရာ နေအိမ်များကို ပစ်မှတ်ထား၍ Mi-2 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် အဆောက်အအုံအချို့ထိခိုက်ပျက်စီးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
လေကြောင်းမှ ပစ်ခတ်ခံရသော ကျေးရွာများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထိန်းချုပ်နယ်မြေအတွင်းပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများနှင့် ဆေးခန်းများရှိကြောင်း ပူးပေါင်းစစ်ကြောင်း(၂)ထံမှ သိရသည်။
"PDF ထိန်းချုပ်နယ်မြေပါ။ အပြည့်အဝတော့မဟုတ်သေးဘူးပေါ့။ NUG အစိုးရရဲ့ ကျောင်းတွေ၊ ဆေးခန်းတွေ ဖွင့်ထားတယ်။ ပြည်သူ့အုပ်ချုပ်ရေးနဲ့ လုုခြုံရေးအဖွဲ့တွေလည်း ဖွဲ့ထားပြီဖြစ်ပါတယ်"ဟု တကူတိုက်နယ်အတွင်း နယ်မြေစိုးမိုးမှုအခြေအနေကို စစ်ကြောင်း(၂)မှ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များက ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိရာ မိဘပြည်သူများအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
(လေကြောင်းမှပစ်ခတ်ရာတွင် စစ်ကောင်စီတပ်အသုံးပြုသော ဗုံးသီးနှင့် ထိခိုက်ပျက်စီးသွားသော အဆောင်အအုံအချို့ကို တွေ့ရစဥ်။
ဓာတ်ပုံ - ပေးပို့)
ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး
တောင်ဒဂုံ ၇၂ရပ်ကွက်သစ္စာပန်းလမ်းကရဲအိမ်
လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ
လားရှိုးမြို့အဝင် လမ်းပိုင်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး၊ လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ
ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အဝင် လမ်းပိုင်းများကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေပြီး လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လားရှိုးမြို့အဝင် လမ်းပိုင်း ၃ နေရာကို မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်း ၃ နေရာသည် လားရှိုး-မိုင်းယော် သို့ သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများကို ဖြတ်တောက်နေခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ - နမ္မတူ လမ်းပိုင်းကို မြေတူး စက်များ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လုပ်ဆောင်ချက်သည် တော်လှန်ရေး အင်အားစုများကို ဟန့်တား နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သား ပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ စည်ပင်သာယာစျေးများတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့်ဆိပ်သားများကို သတ်မှတ်စျေးနှုန်းဖြင့်သာ ရောင်းရန် ဖိအားပေးခံနေရသဖြင့် စျေးသည်များအခက်တွေ့
ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်
မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးစျေးများအားလုံးတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို သတ်မှတ်စျေးဖြင့် ရောင်းရန် စျေးသည်များကို ဖိအားပေးလာခြင်းဖြစ်ကြောင်း၊ သတ်မှတ်စျေးဖြင့် မရောင်းပါက စျေးရောင်းချခွင့် ပိတ်ပင်မည့်အပြင် ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းများပါ ဆောင်ရွက်မည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။
"ကြက်သား၊ဝက်သား၊ အမဲသားနဲ့ ဆိပ်သားတွေကို တစ်ပိဿာ တစ်သောင်းနဲ့ တစ်သောင်းခွဲအတွင်းပဲ ရောင်းရမယ်။ အဲဒါထက်ကျော်ရောင်းတာ။ အရိုးရောတာတွေကို စျေးရောင်းချခွင့် ပိတ်မယ့်အပြင် ဒဏ်ရိုက်၊ ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်။ သူတို့သတ်မှတ်တဲ့စျေးနဲ့ မရောင်းနိုင်ရင် စျေးလာမရောင်းနဲ့ပေါ့ အဲဒီလို ပြောတယ်" ဟု နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီစျေးတွင် စျေးရောင်းနေရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်တွေ့ ပြင်ပစျေးကွက်တွင် ကြက်သား၊ အမဲသား၊ ဝက်သားနှင့်ဆိတ်သားစျေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းဝန်းကျင်နှင့်နှစ်သောင်းကျော်အထိ မြင့်တက်နေကြောင်း သိရှိရသည်။
စစ်ကောင်စီက ကျပ်ငွေတန်ဖိုး မြင့်တက်စေရန်၊ ဒေါ်လာစျေးနှုန်း၊ ကုန်စျေးနှုန်း၊ ရွှေစျေးနှုန်းများ ကျဆင်းစေရန်အတွက် ကုန်သည်များနှင့်လုပ်ငန်းရှင်များကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ယခုနောက်ဆုံး စည်ပင်သာယာစျေးများတွင် အခြေခံစားကုန်စျေးနှုန်းကိုပါ ခြိမ်းခြောက်ဖိအားပေး လာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ
















