နောက်ဆုံးရ
ပါးစပ်ကပြော လက်ကမလှုပ်ရင်စိတ်ကူးယဉ်သက်သက်ပဲ၊

ပါးစပ်ကပြော လက်ကမလှုပ်ရင်စိတ်ကူးယဉ်သက်သက်ပဲ၊

နှစ်၇၀ကျော်မှာ စစ်တပ်ကိုစစ်ရေးနဲ့ ဖြေရှင်းမယ်လို့
ဆုံးဖြတ်ရင်ဒီအချိန်က အချိန်ကောင်းပဲ၊ 

NUGနဲ့PDFနဲ့ပူးပေါင်းလိုစိတ်ရှိဖို့တော့လိုတယ်၊

ဘာလို့လဲဆိုတော့ မစခင်ထဲက PDFက စစ်တပ်ရဲ့
နောက်တန်းမှာနေရာယူထားပြီးသား၊

နှစ်၇၀မှာ စစ်တပ်လာတိုက်မှပြန်တိုက် စစ်တပ်ရဲ့
ရှေ့တန်းစခန်းတွေကို မကျော်တာလား မကျော်
နိုင်တာလားEAOS တွေပဲသိမယ်

၇ဖွဲ့ပေါင်းတာကအရင်ကလိုပဲအစည်းအဝေးတက်
မိုးပေါ်ကစကားလုံးတွေပြော စားသောက်ပြီးပြန်
ကြမှာလား၊ ဒီနေ့ဒီရက်မှာ တပြိုင်ထဲကျည်ဖေါက်
မှာလား မရေရာတဲ့ကြေငြာချက်—-🙄

———-

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု FPNCC က ကြေညာ

■ စစ်ကောင်စီကို အသိအမှတ်မပြုသည့်အပြင် ဆွေးနွေးမည့်စကားရပ်  လုံး၀ မပါဝင်ခြင်းက ထူးခြားချက်ဟုဆို

ရန်ကုန်၊ မတ် ၁၆ ခေတ်သစ်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ထူထောင်ရေး အယူအဆကို အကောင်အထည်ဖော်ရန်အတွက် နောက် ဆုံးတွင် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစ များကို သာ အားကိုးရမည်ဟု မြောက်မဟာမိတ်တပ်ဖွဲ့(FPNCC)  က တရားဝင် ထုတ် ပြန် ကြေညာသည်။ 

မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၂ ရက်တာ "၀" ပြည်နယ်၊ ပန်ခမ်းမြို့ တွင် FPNCC ၏ လုပ်ငန်း အစည်းအဝေးကို ကျင်းပခဲ့ပြီး ၀ ပြည်သွေးစည်း ညီညွတ် ရေးတပ်ဖွဲ့(UWSA)၊ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ရခိုင်တပ်တော်AA နှင့် ပလောင်တပ်ဖွဲ့TNLA တို့တက်ရောက်ခဲ့ ကြ သည်။ 

FPNCC ၏ ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍကို ကြိုဆိုကာ မြန် မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူ ထောင်ရေး အကောင်အထည်ဖော်ရန် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု တရားဝင် ကြေညာသည်။ 

"မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်း သားလူမျိုးများ အနေ ဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆ ပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေ သော် လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ပါသည်" ဟု FPNCC က ကြေညာ ထားသည်။ 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိ ပက္ခ များ ကို ပြေလည် ချုပ် ငြိမ်းရေးအတွက် ကြားဝင် ဆောင်ရွက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဖော်ပြထားသည်။ 

ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက FPNCC ၏ ကြေညာချက်သည် ထူးခြား သော ကြေညာချက်ဖြစ်ကြောင်း သုံးသပ်သည်။ 

"တရုတ်ဖိအားကြောင့်လုပ်ရတဲ့ ဆွေးနွေးပွဲ  ပေမယ့်လည်း စစ်ကောင်စီကို နာမည် တောင် ထုတ်မပြောဘူး။ အသိအမှတ်မပြုဘူး၊ ဆွေးနွေးမယ်မပြောဘူး။ တရုတ်ကိုတော့ မလွန်ဆန်နိုင်တော့ တရုတ်ကြိုးပမ်းချက် ကြိုဆိုတယ်လို့ ပြော တယ်။ အခု တကယ်ဖြစ်နေတာက စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ စကားလည်း နားမထောင်ဘူး။ ရုရှားကို ပြေးကပ်နေတယ်။ အဲဒီတော့ ကြေညာချက်ကို ခြုံငုံ ကြည့်ရင် စစ်တိုက်မယ်ဆိုတာ မြင်သာထင်သာမြင်ရတယ်။ နံပါတ် ၄ အချက်က တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ သွားမယ့် လမ်းစဉ်ပဲ။ အင်အားနဲ့ အစွမ်းအစ ဆိုတာ စစ်အင်အား စစ်တိုက်နိုင်စွမ်းကပဲ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင် နိုင်မယ်လို့ အတိအလင်းကြေညာတာပါ" ဟု ပြည်တွင်းနိုင်ငံရေး သမားတစ်ဦးက သုံးသပ်ပြောဆိုသည်။  

ဓာတ်ပုံ- ၂၀၁၇ ခုနှစ် FPNCC အစည်းအဝေး တစ်ခုမြင်ကွင်း။ (ပုံအဟောင်း ဖြစ်သည်။)


ဆက်ဖတ်ရန် →
ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပထမအလုပ်သမားဒုဝန်ကြီးကျော်နီကိုဖေါင်းထုတယ် မပြောသေးဖူး။ ကြည့်နေတယ်၊ နောက်တော့ ဝေမှူးသွင် ကိုဖေါင်းထုတယ် မပြောသေးဖူး ပွဲထိုင်ကြည့်နေခဲ့တယ်၊ ကျော်နီဆိုတာကရန်ကုန်မှာအလုပ်သမားသမဂ္ဂဦးဆောင် သူတဦးဆိုတော့အစိုးရနဲ့ပွတ်တိုက်မှု ရှိခဲ့တယ်၊အခုလိုအရေးကြုံချိန်မှာ အလုပ်ဒုသမားဝန်ကြီးအဖြစ်ကမ်းလှမ်းတာကို လက်ခံပြီးတသားထဲဖြစ်ခဲ့ပြန်တယ်၊ ဝေမှူးသွင် ဆိုရင် ရဲဘော် မေမေဆိုပြီးအစချီလို့ NLDကိုဝေဖန်ရေးလုပ်ခဲ့တဲ့ရှေ့နောက်မှီ ကျောင်းသားမျိူးဆက်ကဗျာဆရာ အခုလိုအချိန်ကျပြန် တော့အပြစ်မပြောတဲ့အပြင် NUGကိုဝင်ကူနေပြန်ရော၊ သူတို့ကNLDတွေမဟုတ်ဖူးနော် ဒါပေမယ့်တော်လှန်ရေး စိတ်ရှိတယ် ပေါင်းရမယ့်အချိန်ပေါင်းကိုပေါင်းကြတယ် အခုထဖေါက်နေတာက အရင်ကမိမိကိုယ်ကို NLDမှာ ဘယ်လိုဘယ်လောက်အရေးပါအနစ်နာခံခဲ့တယ်ဆိုတဲ့ ဟာတွေက တော်လှန်ရေးအပေါ်သစ္စာပျက်ကြတာပဲ၊ ယူအက်စ်က စန်းမော်ဆိုတာက NLDက၊ ဝေမှူးတို့ ဘားဖွင့်တာကိုပွဲလုပ်တယ် အမှန်တော့သူကအဲ့ လောက်မသိဖူးအနောက်ကဖွခိုင်းတဲ့သူရှိတယ်၊ တော်လှန် ရေးကိုထိခိုက်စရာမရှိတဲ့အဆင့်မို့ အကုန်တောင်ဖတ်မနေ တော့ဖူး၊ NUGကိုဖေါင်းထုတယ် လူတယောက်အခွင့်အ ရေးမို့လို့ဘာမှပြောစရာမရှိဖူး စန္ဒာမင်းနဲ့တိုးလွင်တစခန်းထလာတယ်၊ သူတို့ဖက်ကရပ် ပြီး NUGမှာပါတဲ့ NLDတွေ အထူးသဖြင့် ဦးအောင်ကြည် ညွန့်တို့ကိုဖေါင်းထုတယ်၊ စစ်ရေးအရတုံ့ပြန်တာမှားတယ် စန္ဒာမင်းတို့ရပ်တည်တာကမှမှန်တဲ့အရေးအသားတွေတင် လာတာဟာတော်လှန်ရေးကိုထိခိုက်တယ်၊ တချိန်ထဲမှာ စန္ဒာမင်းတို့ဖက်မပါတဲ့CECတွေဖက်လှည့်တိုက်လာတယ် ဒေါ်မေဝင်းမြင့်မိသားစုပုံတွေပါတင်ပြီး ပါစင်နယ် attacks လုပ်လာလို့ သူ့ပါစင်နယ်လေးကိုဖေါ့ဖေါ့လေးရေးတင် ပေးလိုက်တာကို ရေးတဲ့ကိုယ့်ကိုပြောရင်ရပြီလေ ပြောပေါ့ သူပြောကိုယ်ပြော ပြသာနာ မရှိပါဖူး အမှန်တော့သူ့အကြောင်းက ဝေမှူးတို့နဲ့ဖြစ်ချိန်ကွန့်မန့်တခုမှာဖတ်ထား ဖူးတာတင်ရေးလိုက်တာ သမဝါယမဆိုင်မှာဆန်တန်းစီရင်း ရန်ဖြစ်လို့ထောင်ကျသူကနိုင်ကျဉ်းဘွဲ့လိုချင်တယ်ရေး လိုက်တာပါ သူကိုတိုက်ရိုက်ပဲရေးခဲ့ ဘယ်သူမှဆွဲမထည့်ခဲ့ ဖူး၊ သူကကိုယ့်ကိုတုံ့ပြန်တာကနဲနဲ သူတို့အချင်းချင်းပွဲဖြစ် ဖူးသူတွေကိုကိုယ့်အကြောင်းပြပြီး personal Attacks လုပ် တယ် အဲဒီ့သူတွေက သူ့အကြောင်းပြောပြဖို့နေနေသာသာ မက်ဆင်ဂျာမှာတောင် ဟိုင်းမလုပ်ဖူးဘူး၊ယဉ်ထွေးဆိုတာ ကိုအရင်ကမသိပေမယ့်အခုသိရပြီ၊အလုပ်သမားဝန်ကြီး ဖြစ်ချင်နေတဲ့ မောင်မောင် က ကလေးအမေလင်ရှိမယား နဲ့အိပ်တယ်လို့ စန်းမော်ပြော တာလဲသိရပြီ ဟုတ်မဟုတ်ဆိုတာ တော့စန်းမော်နဲ့ အလုပ်သမားမောင်မောင်ရှင်းကြပေါ့၊ ဦးဝင်းထိန်နဲ့ပါအိပ်တယ်ဆိုတာ ကတော့များသွားပြီ၊ တချိန် မှာဒီကိစ္စစွတ်စွဲချက်ကိုနင်ကိုယ်တိုင်ရှင်းရမယ်၊ ယဉ်ထွေးကို ယဉ်နွားလို့ပြောတယ် အမှန်တော့ဟိုကယဉ်ကျား သူ့ညီမကို အိမ်မှာခိုင်းချင်းတာခိုင်းပါဆိုပြီး ယဉ်ထွေး လက်အပ်လိုက်တာနင်ပဲ ဟိုကဘုလိုက်တော့ မောင်မောင်ညီအိမ်ရောက် ဇော်အောင်ကဆက်ဘု ဇော်အောင်ကိုအတင်းယူခိုင်းတကယ့်နွားအစစ်က အခုအမေရိကားက နင့်မတ်တော်မောင်လေး၊ ယဉ်ထွေးကျေးဇူးနင့်မှာရှိတာမမေ့နဲ့ မဆိုင်လို့နင့်ညီမနာ မည်ထည့်မရေးထားသလို ခရေစေ့တွင်းကျလဲမရေးထားဖူး၊ တော်လှန်ရေးကိုနင်ကမထိခိုက်ခဲ့ရင်စောက်ကြောင်းလုပ်ပြီး နင်လိုအဆင့်ကိုအဖက်လုပ်မနေဖူး၊ လက်နက်ကိုင်ပြီးတော် လှန်တဲ့လမ်းစဉ်ကိုနင်တို့ NLDကချမှတ်တယ်လို့ထင်ပြီး စောက်ဖေါင်းထုနေတာရပ်ပါ သူများစောက်တင်းပြောတာ ကြပျှော်နေပြီး ကိုယ့်အောက်ဖဲအလှန်ခံရမှစောက်စိတုန်ပြမနေနဲ့ ၊ ကနေဒါမှာအသားမထိသ၍ ဘာမှတရားစွဲလို့မရဖူး Freedom of speech ပဲ၊ ငါကလဲအမှားတွေမပြောပါဖူး၊ သက်သေအဖြစ် ယဉ်ထွေးကဘယ်နှစ်ခါဘုတယ်၊ ဇော်အောင် ကဘယ်နှစ်ခါဘုတယ် သက်သေတင်မှာပေါ့😜 နင်သာယဉ်ထွေးကိုသူဌေးထင်ပြီးညီမထိုးအပ်ပြီး သူများ လင်မယားကွဲအောင်လုပ်တာဝဠ်မလည်ပါစေနဲ့လို့သာဆုတောင်း၊တန်ရာတန်ရာပဲရမယ်၊နင့်စောက်ဆင့်နဲ့ဒေါ်မေဝင်း မြင့်လိုအဆင့်ကိုစောက်ဖေါင်းထုတာမလုပ်ရင်ပါစင်နယ်မထိ ခိုက်ရင်ဒီလိုဖြစ်လာစရာစောက်ကြောင်းကိုမရှိတာ၊ သူများပါစင်နယ်တွေကျ လိုက်ထိပြီးကိုယ်ညီမထိမှနာတတ်ရင်လဲ စောက်စိကို ကြိုးတုတ် ထုတ်တန်းမှာတက်ချီ ထားလိုက် ကြားလား၊





၊




၊



လက်ရှိနိုင်ငံရေးနတလုံးနားမလည်ပဲဟိုလူလိုက်တိုက်ခိုက်ဒီလူ့စောက်ဖေါင်းထုနေတဲ့USAကအစိတောင်မ စန်းမော်—-



ဆက်ဖတ်ရန် →

ပန်ဆယ်လိုတနေ့ကိုအထုတ် ၁၅၀၀ ရောင်းရပါစေ

ကုန်စုံဆိုင်တခုဟာအမြတ်ကိုတင်ချင်တိုင်းတင်လို့မရဖူး၊
ဝယ်သူတွေကနလပိန်းမဟုတ်ဖူး၊အမြတ်အများကြီးတင်
ထားတာကိုဝယ်ခဲ့ရင်လဲချစ်လို့အားပေးတယ်လို့မှတ်—

ပန်ဆယ်လိုဆိုင်လခ၃၀၀၀ အခြားကုန်ကျစာရိတ်နဲ့ပေါင်း
ရင်၃၆၀၀ပဲထား၊တနေ့ ၁၂၀$အမြတ်ရမှ ဆိုင်ဆက်ဖွင့်
နိုင်မှာ၊ သာမန်အလုပ်လုပ်သူတလ၃၀၀၀ရတယ်ဆိုရင်
လုပ်အားခထည့်ပေါင်းရင်၁၀၀$ ဆိုတော့တနေ့အမြတ်
၂၂၀$ရမှကိုက်မယ်၊ကော်ဖီဆိုင်ဆူရှီးဆိုင်မှာသွားလုပ်
တောင်၃၀၀၀ရတယ်၊ ဝါသနာပါလို့ဆိုင်ဖွင့်သူအတွက်
အနိမ့်ဆုံးကိုတွက်ပြထားတာပါ၊တထုပ်ရောင်းရင်၅$
မြတ်တယ်ထားပါတော့၊ တနေ့ကိုအထုတ်၄၄၀ရောင်း
ရမှရမယ်၊
ပန်ဆယ်လိုရောင်းရပါစေလို့တောင်ဆုတောင်းပေးရအုံး
မယ်၊ အမြတ်အနည်းအများကပန်ဆယ်လိုရဲ့ဥာဏ်ကွန့်
နိုင်မှုအပေါ်မှာမူတည်ပါတယ်၊

ရဲရင့်ငယ်ရောဘာလို့မလုပ်တာလဲမေးကြအုံးလေ—-

သာမန်အလုပ်သမားဟာ တနေ့၈-၁၀နာရီ ပြီးတာနဲ့
ဖုတ်ဖက်ခါပြန်လာရုံပဲ၊ ကုန်စုံဆိုင်အသေးတွေကအမြတ်
ဘယ်လောက်ရတယ်ဆိုတာလူကလဲတော် ကံတရားကလဲ
ကိုယ့်ဖက်ပါပြီးအားပေးသူများမှ၊ ဘာလို့မလုပ်လဲဆိုတော့ ဆီးချူပ်ဝမ်းချုပ်လို့၊ တနေ့၂၂၀$ပဲမြတ်ရင်အလုပ်
သမားငှါးမရဖူး၊ အိမ်သာသွားရင်တံခါးလော့ချ၊ ( I will 
be back in 10 minutes )ဆိုပြီး တံခါးမှာစာကပ်၊ တပတ်
၇ရက်ဖွင့် သာရေးနာရေး ပါတီပွဲတွေလာမဖိတ်ကြနဲ့၊
တော်တော်ခြေချူပ်မိတဲ့အလုပ်၊ အဆင်မပြေဖူး😇

ဆိုင်ရောင်းရဖို့၂နည်းရှိတယ်၊ နေရာကောင်းမှာ ဖေါက်သည်စိတ်ဝင်စားလောက်အောင် performance ကောင်း
ရမယ်၊ ပန်ဆယ်လိုမို့လို့မရောက်ရောက်အောင်သွားဝယ်
မယ်ဆိုတဲ့အားပေးမှုမျိူးရှိရမယ်၊

ဒီဆိုင််မျိူးက ၂၀၀၀၀-၅၀၀၀၀$ကြားဆိုရပြီ၊ပန်ဆယ်လို
ကမြန်မာပြည်မှာနေတုန်းကတောင်$သိန်းချီရင်းပြီးဆိုင်ဖွင့်
အခြား digital marketing အလုပ်တွေပါလုပ်ခဲ့သူတ
ယောက်ပါ၊ ခြူးတပြားမှမရှိလို့အလှုငွေတွေဘုံးပြီးမှရ
လာတဲ့$၅၀၀၀၀နဲ့ဆိုင်ဖွင့်တယ်ပြောသူတွေဟာသိသိကြီး
နဲ့အပုပ်ချတာမဟုတ်ရင် နတလုံးမသိတဲ့စောင်တောသား
လေးတွေပဲဖြစ်မှာပါ၊ 

ကိုယ်ကတော့ဆုတောင်းပေးတယ် 
ပန်ဆယ်လိုတနေ့ကိုအထုတ် ၁၅၀၀ ရောင်းရပါစေ၊
ဆက်ဖတ်ရန် →
ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား

ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား

ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရကျောင်း ဆရာတော်၏ သက်တော် ၆၀ ပြည့် မွေးနေ့အကြိုလှူဒါန်းပွဲကို အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ တခမ်းတနား ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့တွင် ပြုလုပ်သော စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က Rolls-Royce ကားကြီး စီးကာ ကြွရောက်လာသည်။ 

 Myanmar Now Published on Mar 9, 2023 

 ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် နာမည်ကြီးဟိုတယ်တစ်ခု၏အတွင်းပိုင်း ခန်းမကျယ်ကြီးအလယ်၌ စင်မြင့်လျှောက်လမ်းအတိုင်း ဗုဒ္ဓဘာသာရဟန်းအချို့ ဟန်ပါပါ လမ်းလျှောက်ဝင်လာသည်။ ပရိသတ်အပေါင်း ခြံရံထားသည့် လျှောက်လမ်း (Catwalk) ပေါ်၌ တစ်ပါးစီ လမ်းလျှောက်ဝင်လာပုံမှာ နိုင်ငံခြားတိုင်းပြည်များမှ အထင်ကရ ဖက်ရှင်ရှိုးပွဲအလားပင်။​ ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် ကိုယ်ဟန်ပြမော်ဒယ်များနှယ် လျှောက်ဝင်လာသူများမှာ မြန်မာနှင့် သီရိလင်္ကာမှ ရဟန်းများဖြစ်သည်။ နာမည်ကြီးဆရာတော်တစ်ပါး၏ မွေးနေ့အကြို သီရိလင်္ကာနိုင်ငံသို့ ဆန်အိတ်များလှူဒါန်းပွဲ တက်ရောက်လာခြင်းဖြစ်ကာ ရန်ကုန်မြို့ အင်လျားကန်စောင်းရှိ စစ်တပ်နှင့် အကျိုးစီးပွားဆက်နွှယ်နေသော Lotte ဟိုတယ်၌ လွန်ခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင် ပြိုးပြိုးပြက်ပြက် မီးရောင်အောက် ရဟန်းများ လမ်းလျှောက်လာပုံ ပျံ့နှံ့ခဲ့ပြီးနောက် လူအများ ပြက်ရယ်ပြုခဲ့ကြသည်။ နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ဗုဒ္ဓဘာသာရဟန်းများက ဟိုတယ်၌ ပြုလုပ်သော အခမ်းအနားတွင် နောက်ဆုံးပေါ် တန်ဖိုးကြီး ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် မင်းသားများနှယ် မွေးနေ့ပွဲတက်နေခြင်းအပေါ် ပြက်ရယ်ပြုကြခြင်းပင်။ မွေးနေ့ရှင် ဘုန်းကြီးမှာ ရန်ကုန်မြို့မှ မိုင် ၃၀ ခန့်အကွာ မှော်ဘီမြို့အဝင်ရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်းဆရာတော် အသက် ၆၀ အရွယ် ဘဒ္ဒန္တပဏ္ဍဝံသဖြစ်သည်။ ထိုဆရာတော်၏ ကျောင်းမှာ ဂျပန်ဘုရားဟု လူသိများသည့်နေရာပင်။ Lotte ဟိုတယ်၌ ပြုလုပ်သောအခမ်းအနားတွင် ဟိုတယ်ခန်းမဆောင်ကြီးတစ်ခုလုံး ပရိသတ်များ ပြည့်နှက်နေပြီး စင်မြင့်ထက်ရှိ သံဃာထုအလယ်၌ မွေးနေ့ရှင် ဆရာတော်က နေရာယူထားသည်။ ထိုအခမ်းအနားတွင် အောင်ဇမ္ဗူတောရဆရာတော်က ဆန်အိတ်တစ်ထောင် လှူဒါန်းရာ၌ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး လက်ခံရယူသည်။ ထို့ပြင် တက်ရောက်လာသော သံဃာများကို ကျပ်သိန်း ၁၀၀၊ ၅၀ စသည်ဖြင့် သီးခြားလှူဒါန်းထားသည်ကိုလည်း တွေ့ရသည်။ သံဃာတော်များအတွက် အလှူကန်တော့ပွဲများကို တူညီဝတ်စုံဖြင့် လှပျိုဖြူများက စင်မြင့်ထက်တွင် အတန်းလိုက်အလှပြနေသည့် ဓာတ်ပုံများလည်း တွေ့ရသည်။ မွေးနေ့အကြို ပြုလုပ်သော ထိုပွဲတွင် စုစုပေါင်းတန်ဖိုး မည်မျှလှူဒါန်းခဲ့သည်ကို မသိရသော်လည်း အခမ်းအနားကုန်ကျစရိတ်သည်ပင် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ရှိသည်ဟု Lotte ဟိုတယ်ထံမှ စုံစမ်းသိရှိရသည်။ အခမ်းအနားတွင် အသုံးပြုသည့် ပန်းဖိုးသည်ပင်လျှင် ကျပ်သိန်း ၁၀၀ ကုန်ကျပြီး အောင်ဇမ္ဗူတောရဆရာတော်နှင့် အခြားရဟန်းနှစ်ပါးသည် တစ်ညလျှင် ဒေါ်လာထောင်ချီ ပေးချေရသည့် Lotte ဟိုတယ် အထူးခန်းတွင် နှစ်ညတာ တည်းခိုသွားသည်ဟုလည်း သိရသည်။ ​အောင်ဇမ္ဗူတောရဆရာတော်၏မွေးနေ့မှာ ထိုမျှနှင့် ရပ်တန့်မသွားပေ။ Lotte ဟိုတယ်မှ ဓာတ်ပုံထွက်လာပြီး နှစ်ရက်အကြာ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် လူအများ အပြစ်ပြောစရာ ဓာတ်ပုံများ ထပ်မံပေါ်ထွက်လာပြန်သည်။​ နာမည်ကျော် အပန်းဖြေစခန်းမြို့ ပြင်ဦးလွင်၌ အပျံစားဆောက်လုပ်ထားသည့် အိမ်တစ်လုံးကို ဖွင့်ပွဲလုပ်ခြင်းပင်။ အောင်ဇမ္ဗူတောရဆရာတော်အတွက် စာကြည့်တိုက်ဟု အမည်တပ်ထားသော ထိုခေတ်မီအိမ်ကို သူဌေးသူကြွယ်များ၏ ဇိမ်ခံအိမ်များနှယ် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လွင်တောက်ပသော ခေတ်မီ အိမ်ထောင်ပရိဘောဂများ၊ ဇိမ်ခံပစ္စည်းများအပြင် အမျိုးသမီးများသာ သုံးလေ့ရှိသော အလှပြင်မှန်တင်ခုံပင် ထည့်သွင်းပေးထားသည်။ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က ရိုးလ်ရွိုက်စ်ကားကြီး စီးကာ ကြွလာသည်။​ Rolls-Royce မှာ တန်ဖိုးကြီးဇိမ်ခံကားအမျိုးအစားဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင် သူဌေးတိုင်းပင် မစီးနိုင်လောက်အောင် တန်ကြေးမြင့်သည်။​ မြန်မာနိုင်ငံတွင် သံဃာပေါင်း သိန်းချီရှိသည့်အနက် အများစုမှာ ပစ္စည်းလေးပါးမည်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပင် မပြည့်စုံနိုင်သဖြင့် ရုန်းကန်နေရသည်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြမှုများ၊ လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများ ဖြစ်ပွားနေချိန်ဖြစ်ရာ အလှူဒါနကို အားပြုနေရသော သံဃာထုမှာ ပို၍ အခက်အခဲတွေ့နေသည်။ အရှိန်အဝါကြီးသည့် ဆရာတော်များက အာဏာသိမ်းခေါင်းဆောင်ကို မင်းကောင်းမင်းမြတ်သဖွယ် မြှောက်ပင့်ပြောဆိုသဖြင့် ပြည်သူလူထု၏ အမုန်းတရားနှင့် မကျေနပ်ချက်က ရဟန်းသံဃာများအပေါ် ပုံကျလာသည်။ ထိုအချိန်တွင် အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုမှာ အံ့အားသင့်ဖွယ်ပင်။​ အောင်ဇမ္ဗူတောရဆရာတော်နှင့် ဂျပန်ဘုရား မြန်မာနိုင်ငံတွင် ရဟန်းသံဃာပေါင်း လေးသိန်းနီးပါးမျှရှိသည်ဟု သိထားကြသည်။​ ဘုရားပုထိုးစေတီများနှင့် ဘုန်းကြီးကျောင်းများလည်း အနယ်နယ်အရပ်ရပ်တွင် လက်ညှိုးထိုးမလွဲရှိသည်။ ရဟန်းသံဃာများအတွက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုသော အခြေခံအလုပ်ကြီးသုံးခုရှိရာ မြန်မာနိုင်ငံတွင် ပရိယတ္တိမည်သော စာပေကျမ်းဂန်များ လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချခြင်းသည် အကျယ်ပြန့်ဆုံးနှင့် အထွန်းကားဆုံးလုပ်ငန်းစဉ်ဖြစ်ခဲ့သည်။ ယနေ့ခေတ်ကာလတွင်မူ ပရိယတ္တိနယ်ပယ်ထက် လာဘ်လာဘပေါများသည့် တခြားအလုပ်များကို ရဟန်းသံဃာများ ရွေးချယ်လာကြသည်။ နယ်လှည့်တရားဟောခြင်း (ဓမ္မကထိက) နှင့် တရားပြခြင်း (ဓမ္မရိပ်သာ) တို့ဖြစ်သည်။ စာသင်စာချအလုပ်တွင် စာချကိုယ်တော်၊ တိုက်အုပ်မှသည် စာသင်တိုက်ပိုင်ရှင်ဆရာတော်ဖြစ်သည်အထိ နှစ်ပေါင်းများစွာ ရုန်းကန်ရသော်လည်း ဓမ္မကထိကနှင့် ဓမ္မရိပ်သာအလုပ်တို့တွင် ပေါက်မြောက်ပါက မခန့်မှန်းနိုင်လောက် ကြွယ်ဝချမ်းသာနိုင်လေသည်။ အထင်ရှားဆုံးဥပမာတစ်ခုမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်ဟု မြှောက်ပင့်ပြောဆိုထားသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရပင်။ သဲကုန်းဆရာတော် ရှင်ဉာဏိဿရဆိုသော အမည်ဖြင့် ဓမ္မကထိကတစ်ဦးအဖြစ် စတင်ထင်ရှားကျော်ကြားခဲ့သူဖြစ်သည်။ ယနေ့အချိန်တွင် သီတဂူဆရာတော်မှာ တစ်တိုင်းတစ်ပြည်လုံးတွင် မသိသူမရှိဖြစ်သည့်အပြင် မရေမတွက်နိုင်လောက်သော စည်းစိမ်ချမ်းသာဖြင့်လည်း ကြွယ်ဝပြီးဖြစ်သည်။ ဓမ္မကထိကများနည်းတူ ဓမ္မရိပ်သာပိုင်ရှင် ဆရာတော်များသည်လည်း လာဘ်လာဘရွှင်ပြီး ကြွယ်ဝ ချမ်းသာကြသည်။ အောင်ဇမ္ဗူတောရဆရာတော်မှာ ဓမ္မရိပ်သာပိုင်ရှင်ဖြစ်သည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းများ တရားပြကောင်းမကောင်း မကျော်ကြားသော်လည်း ရိပ်သာပိုင်ရှင်ဆရာတော်မှာမူ ကြွယ်ဝချမ်းသာမှုဖြင့် ကျော်ကြားခဲ့ပြီဖြစ်သည်။​ မော်လမြိုင်တွင် အောင်ဇမ္ဗူတောရအမည်ဖြင့် ဓမ္မရိပ်သာဖွင့်လှစ်စဉ်က လူသိထင်ရှားကျော်ကြားခြင်း မရှိသေးပေ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ဘက်တွင် အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာခွဲ စဖွင့်သည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်လူမျိုးတစ်ဦးက ၎င်းစုဆောင်းထားသည့် ရှေးဟောင်းဆိုသည့် ၃၀၁ ဆူသော ဗုဒ္ဓဆင်းတုများကို အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော်ထံ လှူဒါန်းခဲ့သည်။ ထိုဆင်းတုတော်များမှာ အမှန်တကယ် ရှေးဟောင်းဘုရား ဟုတ်မဟုတ် ရှေးဟောင်းသုတေသနကဲ့သို့ ဌာနများက ထုတ်ပြန်ထားခြင်း၊ အသိအမှတ်ပြုထားခြင်း မရှိပေ။ သို့သော် ထိုရှေးဟောင်းဘုရားများမှာ ဆုတောင်းပြည့်သည်ဆိုသော တစ်ဆင့်စကားဖြင့် လူအများ လာရောက်ကြရာမှ ဂျပန်ဘုရားဟု နာမည်ကြီးလာပြီး ကျောင်းပိုင်ရှင်ဆရာတော်လည်း တစ်စထက်တစ်စ ကြွယ်ဝလာခြင်းပင်။​ ဂျပန်ဘုရားဟု နာမည်ကြီးလာပြီးနောက် နေ့စဉ် လူထောင်ချီ လာရောက် ဖူးမြော်ကြရာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာသည်လည်း ပွဲတော်ကြီးတမျှ စည်ပင်ကြီးထွားလာသည်။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရဆရာတော်ကို ထင်ရှားကျော်ကြားသူများနှင့် သူဌေးသူကြွယ်များသာမက မင်းစိုးရာဇာများကပါ ဆည်းကပ်ကိုးကွယ်ကြသည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသကို ၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက မဟာသဒ္မမ္မဇောတိကဓဇဘွဲ့ ဆပ်ကပ်ခဲ့သည်။ ဂျပန်ဘုရားဟု လူအများခေါ်ဝေါ်သည့် မှော်ဘီရှိ ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်ဟောင်းကို ခေတ်မီငါးထပ်တိုက်ကြီးအဖြစ် အသစ်ပြန်လည်တည်ဆောက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ပွဲပြုလုပ်ခဲ့ရာ ထိုစဉ်က သာသနာရေးဝန်ကြီးဖြစ်သူ သူရအောင်ကိုနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းတို့ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထိုကျောင်းဆောင်သစ်ဖွင့်ပွဲတွင် နိုင်ငံကျော် သရုပ်ဆောင်များ၊ အဆိုတော်များလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်း၏ Facebook စာမျက်နှာတစ်ခုတွင် တင်ထားသော ဓာတ်ပုံများအရ ဂျပန်ဘုရားဖြင့် နာမည်ကြီးထင်ရှားလာသည့် အောင်ဇမ္ဗူတောရက သံဃာ့အဖွဲ့အစည်းမှ အရေးကြီးဆရာတော်ကြီးများကိုလည်း ဆည်းကပ်ကိုးကွယ်လေ့ရှိသည်ကို တွေ့ရသည်။ အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းအဖြစ် ထင်ရှားသည့် မဘသအဖွဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ အင်းစိန်ရွာမဆရာတော်ကို ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းခဲ့သည်။ အင်းစိန်ရွာမဆရာတော်ကို စစ်ကောင်စီက အဘိဓဇမဟာရဌဂုရုဘွဲ့ ဆပ်ကပ်ပြီးနောက် ထပ်ဆင့်ဂုဏ်ပြုသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လအတွင်း ၎င်း၏ ဒကာဒကာမများကို စေလွှတ်ကာ လှူဒါန်းစေခဲ့ခြင်းဖြစ်သည်။ သံဃာမဟာနယကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗန်းမော်ဆရာတော်ထံ သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း ထိုကျောင်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ အောင်ဇမ္ဗူတောရဆရာတော်မှာ အခြားသော ဆရာတော်များကဲ့သို့ နယ်လှည့်တရားဟောခြင်း၊ စာသင်စာချခြင်း မရှိပေ။ မော်လမြိုင်၊ မှော်ဘီနှင့် မေမြို့ ခေါ် ပြင်ဦးလွင်ရှိ ၎င်းပိုင် ဓမ္မရိပ်သာကျောင်း သုံးခု၌သာ အခါအားလျော်စွာ တရားပြလေ့ရှိသည်ဟု ဂျပန်ဘုရားမှ တာဝန်ခံရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရက Myanmar Now ကို မိန့်ကြားသည်။ မကြာမီက ပြုလုပ်ခဲ့သော အခမ်းအနားများမှာ မွေးနေ့အကြိုဖြစ်ပြီး အောင်ဇမ္ဗူတောရဆရာတော်သည် လာမည့် ကဆုန်လပြည့်နေ့ (မေလ) တွင် အသက် ၆၀ ပြည့်မည်ဟုလည်း သိရသည်။​ ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ၏ အကျယ်အဝန်းမှာ လက်ရှိတွင် ဧက ၃၀ ကျော် ရှိပြီဖြစ်ကာ နေ့စဉ် ဘုရားဖူးလာရောက်သူများ မပြတ်စည်ကားနေဆဲဖြစ်ကြောင်း၊ အခါကြီးရက်ကြီးများတွင် လူပေါင်းသိန်းချီ လာရောက်ကြောင်း တာဝန်ခံ ဦးဉာဏိဿရက မိန့်သည်။ မှော်ဘီရှိ ဂျပန်ဘုရားကို သွားရောက်လေ့လာမည်ဆိုပါက အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုကို ရိပ်စားနိုင်မည်ဖြစ်သည်။ မျက်မြင်ကိုယ်တွေ့ ဂျပန်ဘုရားမှ စီးပွားရေးလုပ်ငန်းများ မကြာသေးမီ ရက်ပိုင်းအတွင်း Myanmar Now က ဂျပန်ဘုရားသို့ သွားရောက်လေ့လာခဲ့ရာ ဘာသာရေးအမည်ခံထားသည့် နေရာဖြစ်သော်လည်း ဘုရားဖူးလာသူများထံမှ နည်းမျိုးစုံဖြင့် ငွေရှာနေသည့် နေရာတစ်ခုဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ရန်ကုန်မြို့မှ တစ်နာရီခွဲခန့် ကားစီးပြီးနောက် ဂျပန်ဘုရားတည်ရှိရာ အောင်ဇမ္ဗူတောရကျောင်းသို့ နေမွန်းမတည့်မီ ရောက်ရှိခဲ့သည်။ ရန်ကုန် - ပြည်လမ်းမအတိုင်း သွားနေရာမှ မှော်ဘီမြို့မရောက်မီ လမ်းချိုးတစ်ခုကို စတင်ချိုးဝင်လိုက်သည်နှင့် ဈေးဆိုင်တန်းများက ဆီးကြိုနေသည်။ ဂျပန်ဘုရားသို့ မရောက်သေးပေ။ ဈေးဆိုင်တန်းက စုံလင်လှသည်။ အစားအသောက်ရောင်းချသည့်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှစ၍ ယုတ်စွအဆုံး ငါးရံ့ခြောက်သည်အထိ တွေ့ရသည်။ ဈေးဆိုင်တန်းတစ်လျှောက် အရောင်အသွေးစုံ ဘုရားဖူးပြည်သူများ တွေ့ရသည်။ မကြာမီ ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်း အဝင်ဝကို ရောက်ရှိသည်။ ဝင်ကြေး ကျပ် ၃၀၀ ပေးရသည်။ မည်သည့်မော်တော်ယာဉ်မဆို ဝင်ကြေးပေးရသည်ဟု ဆိုသည်။ အနည်းဆုံး ပေ ၃၀၀ ခန့် ပတ်လည် အကျယ်အဝန်းရှိ ယာဉ်ရပ်နားဝင်းတစ်ခုလုံး ကားများ ပြည့်ကျပ်နေသည်။ ကားတစ်စီး ကျပ် ၃၀၀ ဖြင့်ပင်လျှင် နေ့စဉ်ဝင်ငွေ အတော်များပေမည်။ ဘုန်းကြီးကျောင်းဝင်းမှာ ဧက ၃၀ ကျော် ကျယ်ဝန်းပြီး ဈေးဆိုင်ခန်းပေါင်း ၅၀ ခန့် တွေ့ရသည်။ အနည်းငယ် တီးခေါက်မေးမြန်းကြည့်ရာတွင် ၁၅ ပေပတ်လည်ဆိုင်ခန်းတစ်ခုအတွက် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ (ကျပ်တစ်သိန်းခွဲ) ပေးသွင်းရကြောင်း၊ ဆိုင်ခန်းမယူသည့် လမ်းဘေးဈေးသည်များမှာ နေ့စဉ် ကျပ် ၅၀၀ မှ ၁၀၀၀ ပေးရကြောင်း သိရသည်။ ဆိုင်ခန်းလခသည်ပင် တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ ၇၅ သိန်းအထိ ရရှိနိုင်သည်။ ဈေးဆိုင်ခန်းများအလွန်တွင် လူ့နှစ်ရပ်ထက်မြင့်သော ပုဂံရှိ သရပါတံခါးနီးပါးမျှ ကြီးမားသည့် အုတ်တံတိုင်းကြီး ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ အုတ်တံခါးနောက်ဘက်တွင် ပုံစံတူဘုရားစေတီများ တန်းစီ တည်ဆောက်ထားသည်။ အမှတ်တရဓာတ်ပုံရိုက်နေသူ အများအပြားရှိပြီး ဘုရားစေတီတိုင်းတွင် အလှူခံပုံးများထားထားသည်ကို တွေ့ရသည်။ တောင်ကြောတစ်ခုနှယ်ရှိ ပုံစံတူဘုရားများရှိရာကို ဖြတ်လျှောက်ပြီးနောက် မြေနိမ့်ဘက်သို့ ကြည့်လိုက်မိစဉ် အလွန်လှပသည့် ပန်းခြံကြီးတစ်ခု တွေ့ရသည်။ လျှောက်လမ်းများ၊ အလှဖော်ထားသည့် ပန်းအလှပင်များအပြင် ကလေးကစားကွင်းလေးများလည်း တွေ့ရသည်။ ပန်းခြံအတွင်း ကလေးများအကြိုက် နာမည်ကျော် ဒိုင်နိုဆော၊ ကင်းကောင်အရုပ်ကြီးများ တွေ့ရသည်။ ဧရာမကြီးမားသည့် အရုပ်ကြီးများပင်။ အင်္ဂတေဖြင့် သေသေသပ်သပ် ပြုလုပ်ထားသည့် ကြိုးကြာ၊ သမင်စသည့် အရုပ်များလည်း တွေ့ရသည်။ အရုပ်ကြီးများနှင့်အတူ ကလေးများ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ဘုရားဖူးလူကြီးများကိုသာမက ကလေးများကိုပါ ဆွဲဆောင်ထားသည်ကို တွေ့ရသည်။ အကွက်ကျကျချထားသည့် ထိုင်ခုံများတွင် ချစ်သူစုံတွဲတချို့ကို တွေ့ရသည်။ အသည်းပုံ ဖန်တီးတည်ဆောက်ထားသည့် အမှတ်တရဓာတ်ပုံရိုက်ရန် နေရာများ၊ ပန်းခြံများလည်း တွေ့ရသည်။ နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုမှာ ပေရာနှင့်ချီ ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခုဖြစ်သည်။ ရေကန်ကြီးထဲတွင် ငန်းဖြူပုံ အပျော်စီးခြေနင်းလှေများကို စီးနေသည့် ကလေးငယ်များ၊ စုံတွဲများ တွေ့ရပြန်သည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးရှိ ကန်တော်မင်္ဂလာပန်းခြံထဲ ရောက်နေသလား အောက်မေ့ရသည်။​ ခြေနင်းလှေစီးခမှာ အရွယ်အလိုက် တစ်ဦးလျှင် ကျပ် ၅၀၀ နှင့် ၁၀၀၀ ဟု သိရသည်။​ ဂျပန်ဘုရားမှာ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုပင်။ ရေကန်အတွင်းမှ ခြေနင်းလှေများသာမက ဈေးဆိုင်ခန်းများအကြား ကွန်ကရစ်လမ်းပေါ်၌ အပျော်စီးမီးရထားတစ်ခု ပြေးဆွဲပေးနေသည်။ ဈေးဝယ်စင်တာများတွင် ကလေးများ လိုက်ပါစီးနင်းကြသည့် အပျော်စီးမီးရထားပင်။ လူကြီးများသာမက ကလေးငယ်များကို ဆွဲဆောင်ထားသည့် ဂျပန်ဘုရားပင်။ တစ်ခေါက်ရောက်ပြီးပါက နောက်တစ်ခေါက် ထပ်လာချင်ကြပေလိမ့်မည်။ ကလေးငယ်များကိုသာမက လူငယ်များကို ဆွဲဆောင်သည်။ ပျော်ပွဲရွှင်ပွဲများလည်း ရှိသည်ဟု သိရသည်။ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင် စတိတ်ရှိုးပွဲများပင် ပြုလုပ်ပေးသည်ဟု ဆိုသည်။ ဗုဒ္ဓဘာဘာသာဝင်များ၏ ပွဲတော်ရက်များဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကဲ့သို့သော အခါသမယများသာမက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များတွင်ပါ အကြီးအကျယ်ပွဲလုပ်ပေးသည်ဟု သိရသည်။ ထိုသို့သော နေ့များတွင် နာမည်ကြီးအဆိုတော်များကို ဖိတ်ခေါ်ကာ ရှိုးပွဲလုပ်လေ့ရှိသည်ဟု ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ရပ်ကွက်များ၌ပင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကင်းမဲ့ကာ တိတ်ဆိတ်နေသော်လည်း မှော်ဘီက ဂျပန်ဘုရား၌ ကွင်းလုံးပြည့် ပျော်ပွဲရွှင်ပွဲရှိသည်ဟု သိရသည်။ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုသော ဆိုင်းဘုတ်ကြီးနှင့်အတူ မဏ္ဍပ်ကြီးထိုးထားသည်က သက်သေပင်။ “ဆရာတော်က အဆက်အသွယ်တွေ၊ ကိုးကွယ်တဲ့သူတွေ ပေါတယ်လေ။ ဆရာတော်က လာဆိုရင် အဆိုတော်တွေ လာရတာပဲ” ဟု ဈေးဆိုင်ရှင်တစ်ဦးက ပြောသည်။ ထိုပွဲတော်များက ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်းတိုက်ကို ဝင်ငွေတိုးစေသည်။ လစဉ်ကြေးပေးထားရသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း ပျော်ရွှင်စေသည်။ လူအလာများလေ ဝင်ကြေးပိုရလေ၊ ဈေးရောင်းကောင်းလေပင်။ ဆိုင်ခန်းငှားခ တစ်လ ကျပ်တစ်သိန်းခွဲ ပေးထားရသည့် ဆိုင်ရှင်များက ဘုရာဖူးများကို အလုအယက်ခေါ်ယူနေကြသည်။ သို့မှသာ ဆိုင်ခန်းခ၊ အလုပ်သမားခ ကာမိစေမည်ဟု ဆိုသည်။ “ဘုရားဖူးက ပိတ်ရက်တွေပဲ များများလာတော့ ဒီရက်တွေပဲ အားထားရောင်းရတယ်။ တစ်ခါတလေ အမြတ်မထွက်တဲ့ လတွေရှိတယ်” ဟု ဆိုင်ခန်းနှစ်ခုတွဲယူကာ ထမင်းဟင်းနှင့် ကော်ဖီ၊​ အအေး တွဲရောင်းနေသူတစ်ဦးက ခပ်ညည်းညည်းဆိုသည်။​ ကျုံးသွင်းအလှူခံခြင်း ဂျပန်ဘုရား၏ နောက်ထပ် ဝင်ငွေရပေါက်ရလမ်းတစ်ခုမှာ အိမ်သာအသုံးပြုမှုဖြစ်သည်။​ အိမ်သာအသုံးပြုခမှာ လူတစ်ဦးလျှင် ကျပ် ၂၀၀ ဖြစ်သည်။ နေ့စဉ် ဘုရားဖူးထောင်ချီ လာရောက်နေရာ အိမ်သာသည်ပင်လျှင် ဝင်ငွေမနည်းလှပေ။ ဂျပန်ဘုရားဟု နာမည်ကျော်သည့် ရှေးဟောင်းဘုရားများ ထားရှိရာ ကျောင်းဆောင်ဘက်သို့ ခြေဦးလှည့်လိုက်ပါက အဆင့်မြင့်ဟိုတယ်တစ်ခုနှယ် ခမ်းနားသည့် အဆောက်အအုံကြီးကို တွေ့ရသည်။ ခေတ်အမီဆုံးဒီဇိုင်းဖြင့် ဆောက်လုပ်ထားသည့် ငါးထပ်အဆောက်အအုံကြီးဖြစ်သည်။ ကျောင်းဆောင်အဝင် ပေရာချီရှည်လျားသည့် နိဗ္ဗာန်လမ်းတစ်လျှောက် တန်းစီ စောင့်ဆိုင်းနေကြသည့် အရွယ်စုံဘုရားဖူးများကို တွေ့ရသည်။ ရာဂဏန်းမျှ လူစုမိချိန်တွင် ကျောင်းဆောင်၏ မြေညီထပ်တံခါးကြီး ပွင့်လာသည်။ ကျောင်းဆောင်အတွင်း ဝင်ရောက်ချိန်တွင် တစ်ခုလျှင် ကျပ် ၂၀၀ ဖြင့် မဖြစ်မနေ နှာခေါင်းစည်းဝယ်တပ်ရသည်။ ရောင်းချသူများကမူ နှာခေါင်းစည်းဝတ်မထားပေ။ ဘုရားဖူးတိုင်းလိုလို နှာခေါင်းစည်းမပါကြပေ။ ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ခု ကျပ် ၅၀ မှ ၁၀၀ သာ ရှိသော်လည်း ဂျပန်ဘုရား၌ ဈေးနှစ်ဆပေးရသည်။ ကျောင်းဆောင်မြေညီထပ်ရှိ ခန်းမအတွင်း ရောက်လာသည်နှင့် ဘုရားဖူးများအားလုံး နေရာတကျ ယူကာ ဘုရားဆင်းတုတော်ကို ရှိခိုးကြသည်။ ဆင်းတုတော်ရှေ့တည့်တည့်၌ နေရာယူထားသည့် ယောဂီရောင်ဝမ်းဆက်ဝတ်ဆင်ထားသူ အသက် ၅၀ အရွယ် အမျိုးသားကိုလည်း ရောယောင်ဦးချမိလျက်သား ဖြစ်သွားသည်။ လုံခြုံရေးတာဝန်ကျနှယ် စည်းကမ်းထိန်းသိမ်းရေးနှယ် အခြားယောဂီဝတ်များလည်း တွေ့ရသည်။ မာမာထန်ထန်ပြောဆို သတိပေးနေသံများလည်း ကြားရသည်။ ဘုရားဆင်းတုတော်ကို ဦးချပြီးချိန်၌ အသက် ၅၀ အရွယ် ယောဂီဝတ်အမျိုးသားက စတင်ဟောပြောတော့သည်။ ထိုသူဟောပြောနေစဉ် အလှူခံဖလားကိုင်ထားသည့် ယောဂီဝတ်အမျိုးသမီးများက အတန်းလိုက်ထိုင်နေသော ဘုရားဖူးများအကြား ဖလားထိုးကာ လိုက်လံအလှူခံသည်။ အနည်းဆုံး ကျပ် ၂၀၀ မှစ၍ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရသည်။ ယောဂီဝတ်တရားဟောဆရာက ငါးထပ်ကျောင်းဆောင်နံရံများကို ညွှန်ပြကာ ထပ်ဆင့်အလှူခံလေသည်။ ရွှေရောင်ကနုတ်ပန်းများကြားရှိ ဘုရားဆင်းတုတော် အသေးလေးများမှာ ကံထူးသူအလှူရှင်အသီးသီးက တစ်ဆူလျှင် ငွေကျပ် ၅၀၀၀ ဖြင့် လှူဒါန်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။ “ဒီဆင်းတုတော်တွေကို လှူထားတဲ့အလှူက ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့် အလှူဖြစ်တယ်” ဟု ယောဂီဝတ်အမျိုးသားက ကြွေးကြော်သည်။ ဆင်းတုတော်ငယ်များကို ရွှေချရန် အခွင့်အရေးကောင်းများ ကျန်နေသေးကြောင်း၊ ရွှေဆိုင်းများ ဝယ်ယူကပ်လှူနိုင်ကြောင်းလည်း မနားမနေ ဟောပြောလေသည်။ သူ့ပုံစံမှာ ရွှေဆိုင်းလုပ်ငန်းရှင်များ စေလွှတ်ထားသည့် အရောင်းမြှင့်တင်ရေးသမား (မာကတ်တင်း) ဟုပင် ထင်ရသည်။ အပြောအဟော ကောင်းပါပေသည်။ ဘုရာဖူးများလည်း သူ့ထက်ငါဦးအောင် ထပြေးကာ ရွှေဆိုင်းရောင်းချရာကောင်တာများဆီ ရောက်သွားသည်။ အနည်းဆုံးအားဖြင့် ရွှေဆိုင်းငါးရွက်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူလှူဒါန်းနိုင်သည်။ လှူထိုက်လို့သာ ရောက်ရှိနေခြင်းဖြစ်သည်ဆိုသော ဟောပြောချက်ကြောင့် ထင်သည်။ ရွှေချထားသည်ဆိုသော နံရံမှ ဆင်းတုတော်အငယ်စားလေးများကို သေသေချာချာ လေ့လာမိသည်။ အဝေးကကြည့်ပါက အနုစိတ်လက်ရာဟု ထင်ရသည်။ အနီးကပ်လေ့လာကြည့်သောအခါ ထွင်းထုထားခြင်းမဟုတ်ဘဲ ကနုတ်ပုံပါ ကော်ပြားများကို တိုင်နှင့် နံရံများတွင် ကပ်ထားခြင်းပင်။ လက်မခန့်အရွယ်ရှိ ဆင်းတုလေးများကို ဆီလီကွန်ထိုးကာ ကပ်ထားသည်။ အချို့သော ဆင်းတုများနှင့် နံရံများအကြားတွင် ဆီလီကွန်များ ထိုးထွက်နေသည်ကို တွေ့ရသည်။ ဆင်းတုငယ်လေးများ အပါအဝင် ရွှေရောင်တောက်နေသည့် ကနုတ်ပန်းများမှာ အမှန်တကယ် ရွှေချထားခြင်း မဟုတ်ပေ။ ကရဝိတ်ရွှေဆေးကဲ့သို့ သင်္ဘောဆေးသုတ်လိမ်းထားခြင်းဖြစ်သည်။ ဘုရားဖူးများဝယ်ယူသည့် ရွှေဆိုင်းများမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသလဲ မခန့်မှန်းနိုင်ပေ။ ခန်းမဆောင်အတွင်းမှ အလှူခံစခန်းမှာ ထိုမျှနှင့် ရပ်မသွားပေ။ ရွှေဆိုင်းရောင်းချပြီးချိန်တွင် ဘုရားဖူးများကို ပြန်ထိုင်စေကာ လိပ်စာကတ်အရွယ် အောင်ဇမ္ဗူတောရဆရာတော်ပုံပါသည့် ဓာတ်ပုံများကို အဆောင်ဟုဆိုကာ လိုက်လံရောင်းချသည်။ ပလတ်စတစ်လောင်းထားသည့် ထိုဓာတ်ပုံငယ်များကို တစ်ပုံလျှင် ကျပ် ၁၀၀၀ ဖြင့် ဝယ်ယူရသည်။ ငါးထပ်ကျောင်းဆောင် မြေညီထပ်ရှိ ထိုခန်းမအတွင်း နာရီဝက်ခန့်ကြာလျှင် တစ်ကြိမ် ရာဂဏန်းရှိ လူအုပ်သွင်းနေခြင်းဖြစ်ရာ နေ့စဉ်ဝင်ငွေမှာ အတော်များပြားသော ပမာဏဖြစ်နိုင်သည်။​ ယောဂီဝတ်အမျိုးသားဟောပြောသည့်နှယ် နံရံမှ လက်မအရွယ် ဆင်းတုငယ်လေးများမှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်ဖြစ်ရာ ကမ္ဘာတည်သရွေ့ တည်ရှိနေပေလိမ့်မည်။ ထူးခြားမှုတစ်ခုမှာ အလှူခံအထပ်ထပ်ရှိရာ ငါးထပ်ကျောင်းဆောင်အတွင်း မဝင်ရောက်မီ ယောဂီဝတ်များက ဓာတ်ပုံမရိုက်ရန် လိုက်လံတားမြစ်သည်။ ရှေးဟောင်းဘုရားသည် ကင်မရာမီးရောင်ကြောင့် ထိခိုက်ပျက်စီးစေနိုင်သော်လည်း ထိုခန်းမအတွင်း မည်သည့်ရှေးဟောင်းဘုရားမျှ မတွေ့ရပေ။ ပါလာသည့် လက်ကိုင်ဖုန်းလေးများဖြင့် ဓာတ်ပုံရိုက်သူများကို ယောဂီဝတ်လုံခြုံရေးများက ငရဲကြီးသည်ဟု ခြိမ်းခြောက်သည်ကိုလည်း တွေ့ရသည်။ ခန်းမရှိရာ မြေညီထပ်မှ ဆက်တက်သွားမှသာ အပေါ်သုံးထပ်၌ ရှေးဟောင်းဘုရားများ တွေ့ရှိရသည်။ အထပ်တိုင်းတွင် အလှူခံပုံးအရေအတွက်မှာ ဘုရားအရေအတွက်နီးပါး ရှိနေသည်။ ငါးထပ်ဘုရားကျောင်းဆောင်မှ ပြန်အထွက်တွင် ခုံတစ်လုံးချကာ ထီလက်မှတ်ရောင်းနေသည့် ယောဂီဝတ်အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူလူထုက အကြီးအကျယ်သပိတ်မှောက်ထားသည့် အောင်ဘာလေထီလက်မှတ်များပင်။ “လူတွေ ဘိုင်းကောက် (Boycott) ထားတဲ့ ထီလက်မှတ်ကို ဒီဘုန်းကြီးကျောင်းက ရောင်းနေတာ ဘာသဘောလဲ” ဟု အတူပါလာသည့် ဘုရားဖူးမိတ်ဆွေက မှတ်ချက်ပေးသည်။ လက်ဖက်ထမင်းရုံနှင့် တိရစ္ဆာန်ရုံ ငါးထပ်ကျောင်းဆောင် မြေညီထပ်ခန်းမနှင့် ဆင်းတုတော်များရှိရာ အထပ်သုံးထပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောင်းဝင်းအတွင်း အခြားစိတ်ဝင်စားဖွယ်နေရာအချို့ကို သွားရောက်လေ့လာဖြစ်သည်။ ထမင်းကျွေးရုံတွင် ဘုရားဖူးများကို သက်သတ်လွတ်လက်ဖက်ထမင်း ပြန်ကျွေးသည်ကို တွေ့ရသည်။ ဘုရားဖူးများ ဆာဆာလောင်လောင် စားသောက်နေကြသည်မှာ ကြည်နူးစရာတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ထမင်းကျွေးရုံအနီးတွင် လှောင်အိမ်များ တွေ့ရသည်။ ကြယ်လိပ်များ၊ ဒေါင်းများ၊ ငှက်များ၊ သမင်များအပြင် ခါးကို ကြိုးချည်ထားသည့် မျောက်တစ်ကောင်ကိုလည်း တွေ့ရသည်။ ကလေးငယ်များ စိတ်ဝင်တစားကြည့်နေကြသည်။ ဘုရားဖူးရင်း အပန်းဖြေကြည့်ရှုစရာ စုံလင်သည့်နေရာပင်။ ကစားကွင်း၊ ပန်းခြံ၊ ရေကန်မှသည် တိရစ္ဆာန်ရုံအသေးစားလေးများပင် ရှိသည်။ အလှဓာတ်ပုံရိုက်ရန် လှလှပပ ဖန်တီးတည်ဆောက်ထားသည့် နေရာများလည်း ရှိသည်။ အဝတ်အထည်နှင့် အမှတ်တရပစ္စည်းမှ ငါးပိငါးခြောက်အထိ ဝယ်ယူနိုင်သည့် ဈေးလည်းရှိသည်။​ နာမည်ကျော်အပန်းဖြေစခန်းများထက် သာလွန်သည့် အတွဲလိုက်ဝန်ဆောင်မှု (Package Tour) ခရီးစဉ်ပင်။ “အောင်ဇမ္ဗူဆရာတော်ဆိုတဲ့ ဂျပန်ဘုရားဘုန်းကြီး ဘာလို့ ဒီလောက်ချမ်းသာနေပါလိမ့်လို့ တွေးမိနေတာ။ ခုမှ သတင်းစုံ သိရတော့တယ်။ ဘုရားတွေတင် ပြစား ရောင်းစားနေတာ မဟုတ်၊ တိရစ္ဆာန်ရုံပါ ဖွင့်စားနေတာကိုး” ဟု လူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ အခြားသူတစ်ဦး၏ ရေးသားချက်ကို တစ်ဆင့်ပြန်လည်မျှဝေထားခြင်းပင်။ Lotte ဟိုတယ်မှ မော်ဒယ်ရှိုးလမ်းလျှောက်ပုံဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲဓာတ်ပုံများ ထွက်လာပြီးနောက် တွေ့ရသည့် ရေးသားမှုဖြစ်သည်။ “ရှင်းရှင်းပြောရရင် စစ်ဝတ်စုံတွေ အပွင့်တွေနဲ့ သင်္ကန်းတွေဆိုတာ အရေခြုံလုပ်စားဖို့ အကောင်းဆုံးယူနီဖောင်းတွေပါပဲ။ သူတို့ချင်းကလည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီတွေ။ ဒါကြောင့် စစ်ယူနီဖောင်းတော်လှန်ရေးမှာ သင်္ကန်းခြုံတော်လှန်ရေးပါ တစ်ပါတည်းပေါ်လာတာ” ဟု ထိုပို့စ်၌ ဆက်လက် ရေးသားထားသည်။ ဂျပန်ဘုရားကို မိသားစုဝင် ၇ ဦးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ဘုရားဖူးသွားခဲ့သူ ဇာမဏီ (မုနိမြေ) ဆိုသူကလည်း “မှော်ဘီဘုရားတစ်ခေါက် ငရဲရောက်” ဟု အစချီကာ ၎င်း၏မကျေနပ်ချက်များအကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။ “ကျွန်တော့်အမေနဲ့ ညီမလေးက ဘောင်းဘီအပွ အရှည်နဲ့ပါ၊ အမြင်မရိုင်းပါဘူး။ ဒါပေမဲ့ သူတို့က ယောဂီဝတ်စုံ လဲရမယ်ပြော၊ ကိစ္စမရှိဘူး။ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ယောဂီအဝတ်ငှားရင် တစ်ယောက်ကို နှစ်ထောင်တဲ့။ များတယ်လို့ ထင်တယ်ဗျာ၊ စီးပွားရေးဆန်သလိုပဲ” ဟု ၎င်းက ရေးသားသည်။ ဂျပန်ဘုရားတွင် ကသိကအောက်ဖြစ်ရသည့် ကိစ္စများတွင် တစ်ခါမျှ မကြားဖူးသော “အိမ်ထောင်ရေးဘုရား”၊ “ကျန်းမာရေးဘုရား”၊ “ပညာရေးဘုရား”၊ “စီးပွားရေးဘုရား” စသည်ဖြင့် ဘုရားများကို သီးခြားဘွဲ့အမည်ပေးထားခြင်းကိုလည်း ထိုသူက ထည့်သွင်းပြောဆိုထားသည်။​ လူအောင် (ဝမ်းတွင်း) ဆိုသူကလည်း ဂျပန်ဘုရားကို လမ်းကြုံဝင်ဖူးရင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပုံကို တခုတ်တရ ရေးသားထားသည်။​ ဘောင်းဘီရှည်ဝတ်လာမိသည့် အမျိုးသမီးဖြစ်သူကို ဝင်ခွင့်မပေးဘဲ ထဘီတစ်ထည် ကျပ် ၁၅၀၀ ဖြင့် ရောင်းကြောင်း၊ ဘုရားအကြောင်းစီဒီတစ်ချပ်ကို ကျပ် ၁၀၀၀၊ လက်တစ်ဆစ်စာ ဘုရားတစ်ဆူကို ၅၀၀၀၊ အဆောင်ပါသည်ဆိုသော ဘုရားပုံ အသေး ၁၀၀၀၊ အကြီး ၂၀၀၀ ဖြင့် ရောင်းနေသည့်အပြင် ကြုံကြိုက်ခဲမို့ သင်္ကန်းတစ်စုံ ကျပ် ၂၀,၀၀၀ ဖြင့် လှူဒါန်းနိုင်ကြောင်းလည်း အတင်းအဓမ္မ အလှူခံသည်ဟု ၎င်းက ရေးသားသည်။​ ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ ဒေသခံအချို့ကို မေးမြန်းကြည့်ရာတွင် အလှူခံသောင်းကျန်းသဖြင့် ခုနောက်ပိုင်း သိပ်မသွားကြတော့ကြောင်း၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက် တိုင်းပြည် ကမောက်ကမဖြစ်နေချိန် မဆီမဆိုင် သီရိလင်္ကာကို ဆန်လှူသည့်အတွက် ပို၍ မကျေမနပ်ဖြစ်နေကြကြောင်း ဆိုကြသည်။ အမျိုးစုံ အလှူခံခြင်းများအပြင် ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်အဝင်ဝ၌ နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၀၀ ဖြင့် ရောင်းသည့်အပြင် အထွက်၌လည်း ထီအတင်းလိုက်ရောင်းသည်ဟု မကြာမီရက်ပိုင်းက ဂျပန်ဘုရားရောက်ဖြစ်ခဲ့သူ မှော်ဘီဒေသခံတစ်ဦးက ပြောသည်။ “ဘုရားမဖူးခင် သုံးခါ အလှူခံတယ်။ ရေဖိုးမီးဖိုးဆိုပြီးလည်း အလှူခံသေးတယ်။ မီးပြတ်ရင် စက်နှိုးရလို့ တစ်လ (သိန်း) ၃၀ လောက် ကုန်တယ်ပြောပြီး အလှူခံနေတာ” ဟု ထိုမှော်ဘီဒေသခံက ဆိုသည်။ ဂျပန်ဘုရားတွင် အလှူခံများပြားခြင်း၊ အပန်းဖြေစခန်းတစ်ခုနှယ် ဖန်တီးထားခြင်း၊​ တိရစ္ဆာန်ရုံ လုပ်ထားခြင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အောင်ဇမ္ဗူတောရကျောင်းမှ တာဝန်ခံ ရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရကို ဆက်သွယ်မေးမြန်းရာတွင် သူ့အမြင်ကိုယ့်အမြင် ဝေဖန်ခြင်းများသာ ဖြစ်သည်ဟု မိန့်သည်။ “ဘာမှမဖြစ်ပါဘူး ဒကာကြီး။ တိရစ္ဆာန်ရုံဆိုတာ ဦးဇင်းတို့က သက်သက်ကြီး မွေးထားတာ မဟုတ်ဘူး။ ပြစားတာ မဟုတ်ဘူး။ ဆရာတော်ကို အပြင်က ဒကာဒကာမတွေက လာလှူကြတာပေါ့။ သတ္တဝါတွေကို ကျွေးမွေးထားတာ ခြံလေးတွေ လုပ်ပေးထားတာပဲ ရှိတယ်။ သီးသန့်မွေးထားတာတော့ မဟုတ်ပါဘူး” ကျောင်းအဝင်၌ ဝင်ကြေးကောက်ခံခြင်း၊ ငှားရမ်းခ တောင်းခံပြီး ဈေးဆိုင်ခန်းများဖွင့်လှစ်ကာ စီးပွားရေးဆန်ဆန် လုပ်ဆောင်ခြင်းများနှင့် ပတ်သက်၍လည်း “အဲလိုမျိုးတော့ မလုပ်ပါဘူး ဒကာကြီး။ ဘယ်နေရာမဆို ကားသွားတယ်ဆိုရင် ဝင်ကြေးတော့ ပေးရမှာပဲလေ။​ ဘယ်နေရာဝင်ဝင် အဲလိုမျိုး ကောက်ကြတာ။ ဒီပိုက်ဆံတွေက ဒီမှာပဲ ပြန်သုံးတာပါ။ ကိုယ်ကျိုးစီးပွားအတွက် သုံးတာ မဟုတ်ပါဘူး” ဟု တုံ့ပြန်သည်။ သို့သော် Lotte ဟိုတယ်မှ ဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စံအိမ်အကြောင်း ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် အောင်ဇမ္ဗူကျောင်းဆရာတော်ကို သံဃာအချင်းချင်းပင် ပြစ်တင်ပြောဆိုလာခြင်းများ ရှိသည်ဟု ဦးဉာဏိဿရက မိန့်သည်။ “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေ သံဃာတွေက ဦးဇင်းတို့ကျောင်းကို ဖုန်းတွေဆက်လာတယ်။​ အရှင်ဘုရား လိုင်းပေါ်မှာ ပျံ့နေတာ။ ကျောင်းကို တိုက်ခိုက်တာတွေ များတယ်လေ။ ဘုန်းကြီးအချင်းချင်းကကို တိုက်ခိုက်ကြတာ” ထိုသို့ပြစ်တင်ဝေဖန်ခြင်းများ ရှိသော်လည်း အောင်ဇမ္ဗူကျောင်းဆရာတော်က မည်သို့မျှ မှတ်ချက်မပေးကြောင်း၊ အလှူခံများနှင့် ပတ်သက်၍လည်း အတင်းအကျပ် ခိုင်းစေခြင်း မရှိဟု ၎င်းက မိန့်သည်။ ဂျပန်ဘုရားမှ အလှူခံများအကြောင်း လူအောင် (ဝမ်းတွင်း) ၏ ရေးသားချက်တွင် “ယောဂီရောင်တွေ ဝတ်ထားတဲ့ အာပေါင်အာရင်းသန်သန် ကြော်ငြာအားကောင်းကောင်း နိဗ္ဗာန်ဆော် လူရည်သန့် ဥပါသကာ ဥပါသိကာမကြီးများ အပြိုင်အဆိုင် မရအရ ချိုင်နေတာ ထားတော့။ ဆရာတော်ကလည်း မြိန့်မြိန့်ထိုင်ပြီး လာသမျှလူကုန် ငါးပါးသီလပေး၊ သင်္ကန်းကပ်ခံ” ဟု ဆိုသည်။

ဆက်ဖတ်ရန် →
လုံခြုံရေးကောင်စီမှာ ဒီနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်

လုံခြုံရေးကောင်စီမှာ ဒီနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်

မတ်လ ၁၃ ရက် RFA 
 မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ်လ ၁၃ ရက် ဒီနေ့ တံခါးပိတ်ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂကနေ သတင်းထောက်တွေကို ကြိုတင်ဖြန့်ဝေတဲ့စာမှာ ဖော်ပြပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်ပြရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဒီတစ်ခေါက်ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီဘက်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လောက်လိုက်နာဆောင်ရွက်တာ ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့်ဆွေးနွေးပွဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောထားပါတယ်။ ဒီဆွေးနွေးပွဲကို လူအများကြားနာနိုင်အောင် တံခါးဖွင့်ဆွေးနွေးပွဲအဖြစ် လုပ်ပေးဖို့ တောင်းဆိုတာတွေရှိခဲ့ပေမဲ့ လုံခြုံရေးကောင်စီကတော့ တံခါးပိတ်ဆွေးနွေးဖို့ စီစဉ်တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာမရှိဘူးဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ‌ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖုန်းအကြိမ်ကြိမ်ခေါ်ခဲ့ပေမဲ့ ဖုန်းကိုင်ဖြေကြားတာ မရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က လုံခြုံရေးကောင်စီအနေနဲ့ နောက်တစ်ဆင့်တက်ပြီး အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့နဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို အမြန်ဆုံး လွှဲပြောင်းပေးဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
ဆက်ဖတ်ရန် →
ယူကရိန်းကိုလဲ ရုရှားက ဒီ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ နဲ့ပဲ တရားဝင်စစ်ခင်းသွားတယ်

ယူကရိန်းကိုလဲ ရုရှားက ဒီ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ နဲ့ပဲ တရားဝင်စစ်ခင်းသွားတယ်

#သတိထားရမဲ့မတ်လ၁၅ရက်








R2P လိုမျိုး စစ်ရေးနဲ့ရော၊
အရေးမယူနိုင်ဘူးလားဗျ) အမေးအတွက်ဖြေကြားချက်။

အမေရိကန်ပြည်ထောင်စု နဲ့
ကုလသမဂ္ဂလုံခြုံရေးကောင်စီဖြစ်စေချင်တာက

လက်ရှိ ၂နှစ်ကြာနေပြီဖြစ်လို့ နိူင်ငံသားတွေ
ကြီးမားတဲ့အတိဒုက္ခခံစားနေရတဲ့ဗမာ့အရှုပ်အထွေး၊

( ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် နဲ့
အဆုံးသတ်သွားဖို့ ) ဖြစ်တယ်။

ဒါကြောင့်လဲ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်
အမှတ် ၂၆၆၉ မှာ ရန်လို ရန်ငြိုး လုံးဝ မပါပဲနဲ့၊
(ရင်ကြားစေ့ရေး) စကားလုံးကို အထူးတလည်သုံးပြီး၊

- လက်ရှိအကြမ်းဖက်နေတာကိုရပ်ပါ၊

- ပြီးရင်၊ နိူင်ငံအကြီးအကဲအမေစုနဲ့ဦးဝင်းမြင့်၊
နိူင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပါ၊

- အဲဒါတွေ ပြီးရင်၊ အေးအေးဆေးဆေး
ဆွေးနွေးအဖြေရှာပြီး၊အားလုံးပါဝင်တဲ့
ဒီမိုကရေစီစနစ်ကိုပြန်သွားပါ၊

(အဲဒီအချိန်ကျရင် လက်ရှိပျက်စီးဆုံးရှုံးမှုအတွက်၊
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အထောက်အပံ့တွေကို သူတို့ဝိုင်းပေးပြီး၊
နိူင်ငံပြန်လည်တည်ဆောက်ရေးမှာ ကူညီမယ်)

ဆိုပြီး အမေရိကန်နဲ့မဟာမိတ်တွေက
(စကားကုန်ပြောရင် ရုရှားတရုတ်တို့တောင်ပါတယ်)
စိတ်စေတနာကောင်းနဲ့ ကမ်းလှမ်းတာဖြစ်တယ်။

ဒါကိုမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကငြင်းရင်

- သူသည် ငြိမ်းချမ်းရေးမလိုလားသူ။
- သူသည် ငြိမ်းချမ်းရေးချိုးဖောက်သူ ဖြစ်သွားပြီ။
- သူသည် ဗမာနိူင်ငံမှာ နိူင်ငံရေးမျိုးသုဉ်းအောင်
ရည်ရွယ်ချက်ရှိရှိကြံစည်တာ ပေါ်လွင်ထင်ရှားပြီ။

အဲဒါဆို ကုလသမဂ္ဂပဋိညာဉ်၊ အခန်း ၇ မှာ
ပြဋ္ဌာန်းထားတဲ့ (ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုများ၊
ငြိမ်းချမ်းရေးကို ချိုးဖောက်မှုများ၊ ရန်လိုမှုများနှင့်
စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း) နဲ့ငြိတယ်။

ဒီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက
အခန်း ၇ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း
အင်အားသုံးပြီး အရေးယူလို့ရတယ်။

အဲဒီအချိန်ကျရင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
( ဗမာနိူင်ငံအရှုပ်အထွေးကပြည်တွင်းရေးပါ )
ဆိုပြီးတော့၊ အကြောင်းပြလို့ မရဘူး။

* လက်ရှိ ဗမာနိူင်ငံအရှုပ်အထွေးသည်
ကုလသမဂ္ဂအရေး ဖြစ်တယ် *

ဘာလို့လဲဆိုတော့ ဗမာနိူင်ငံသည်
ကုလသမဂ္ဂမှာ အဖွဲ့ဝင်ထားတယ်။

အခု ကုလသမဂ္ဂအဖွဲ့ဝင်ထားတဲ့
ဗမာနိူင်ငံရဲ့တရားဝင်အစိုးရဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ခံအစိုးရကို
လက်နက်အင်အားသုံးပြီး ဖယ်ရှားခဲ့သူက
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

ဒါက အကြမ်းဖက်အာဏာလုယက်မှု။

ဒါကို ကုလသမဂ္ဂအဖွဲ့ဝင်နိူင်ငံတွေနဲ့
(အထူးသဖြင့်) လုံခြုံရေးကောင်စီက
ဒီတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူး။

အဲဒီအတွက်ပဲ၊ ရုရှား တရုတ်နိူင်ငံတို့တောင်
ဗီတိုသုံးလို့ရရက်သားနဲ့ လုံးဝမသုံးပဲ၊
အားလုံးသဘောတူညီမှု နဲ့ ကောင်စီက
ဆုံးဖြတ်ချက်၂၆၆၉ ကို ချမှတ်လိုက်တာဖြစ်တယ်။

 ထပ်ပြောမယ်။

ဒီ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ၂၆၆၉ က
စေတနာဆိုးနဲ့မဟုတ်ဘူး။
အမြော်အမြင်ကြီးတဲ့ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက၊
ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကမ်းလှမ်းချက်။

မတ်လ ၁၅ ရက်နေ့ရောက်လို့မှ၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတုန့်ပြန်ရင်၊
ပထမအဆင့် ဒဏ်ခတ်ပိတ်ဆို့ပြီး၊ အရေးယူမယ်။

ဒါလဲပဲ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်၊
ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ ကိုကျင့်သုံးပြီး၊
အင်အားသုံး၊ အရေးယူရတော့မယ်။

လက်ရှိ ယူကရိန်းကိုလဲ ရုရှားက
ဒီ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ နဲ့ပဲ
တရားဝင်စစ်ခင်းသွားတယ်။

အဲဒီ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ နဲ့
စစ်ခင်းတဲ့ရုရှားကို ကာကွယ်တဲ့ယူကရိန်းကို
အမေရိကန်ဦးဆောင်ပြီး၊ နေတိုး၊မဟာမိတ်တွေက
ပဋိညာဉ်ကိုပဲ ပြန်လည်ကျင့်သုံးပြီး၊
ကိုယ်တိုင်စစ်မတိုက်တာကလွဲရင် ယူကရိန်းကို
လိုအပ်တာတွေ၊ အကုန်ပံ့ပိုးပေးနေတယ်။

ဗမာနိူင်ငံငြိမ်းချမ်းရေးအတွက်
အမေရိကန်က သူ့မဟာမိတ် ၂နိူင်ငံလောက်နဲ့
ပေါင်းပြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို
တရားဝင်စစ်ခင်းရင်လဲ၊ (ယူကရိန်းအပေါ်၊
ရုရှားသုံးသွားတဲ့ နည်းလမ်းအတိုင်းဖြစ်လို့)
ရုရှားနဲ့တရုတ်နိူင်ငံက ဘာမှ ပြောလို့မရဘူး။

အခုလက်ရှိမှာလဲ၊ လုံခြုံရေးကောင်စီ
ဆုံးဖြတ်ချက်ကိုမထီမဲ့မြင်လုပ်တဲ့
ဆီးရီးယားအစိုးရကို၊
အမေရိကန်နိူင်ငံက သူ့ရဲ့အနီးကပ်မဟာမိတ်
ဗြိတိန်၊ ပြင်သစ် နိူင်ငံတွေနဲ့ပေါင်းပြီး၊
တရားဝင်စစ်ခင်းနေတယ်။
* အဲဒါက လက်ရှိ ၂၀၂၃ခုနှစ် ဖြစ်စဉ်ပဲ
CRD:

 နိုင်ငံရေးနဲ့ စစ်ရေး နည်းဗျုဟာ မတူကွဲပြားတာကို သေချာ နားလည်မှ ရပါလိမ့်မယ်.. ကိုယ်ကိုတိုင် အတော်စိတ်မရှည်ပေမယ့် UNSC က ကမ္ဘာ့အဖွဲအစည်းမို့ နိုင်ငံရေး ဗျူဟာ မပြတ်ဘဲ စစ်ရေးမှာ ဝင်ပါလို့မရသေးတဲ့ သဘောပေါ့.. 1 & 2 ပြီးမှ 3 လာရတာပါနော် Timing ခေါ်ရင်တောင်မှလေ  အဲ့တော့ကာ သဘောပေါက်တော်မူကြပါ အမျိုးတို့ရေ 😉
(ဂျိမ်း)
ဆက်ဖတ်ရန် →
သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်(ရုပ်သံ)

သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်(ရုပ်သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ် 

by စစ်ခွေးနိဂုံး၂၃

 အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို KNDF၊ PDF၊ KA ကင်းထောက်တို့က တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးသူ ၃၀ ဦးအနက်မှ ပြည်သူ ၂၈ အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ သံဃာ ၃ ပါး အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။
———————
 ပင်လောင်း၊နမ်းနိမ်ရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် သံဃာနှင့် ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်

 ▪︎ပအိုဝ်းလူမျိုးများအတွက်များစွာဆုံးရှုံးရသည့်သမိုင်းဆိုးဖြစ်ပြီး တရားမျှတမှုပြန်ရှာရမည်ဟု PNFC ပြော ▪︎ပအိုဝ်းပြည်သူ့စစ် PNO/PNA ခေါင်းဆောင်များက စစ်ကောင်စီနှင့် ပူးပေါင်းနေသည့်တိုင် စစ်ကောင်စီကသစ္စာ ဖောက်လိုက်ခြင်းဖြစ်၍ လမ်းရွေးမမှားရန် သတိပေး 

 ဝင်းမောင်/People’s Spring 

 ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်နမ်းနှိမ်ကျေးရွာဘုန်းတော် ကြီးကျောင်းတွင် ခိုလုံနေသော ရဟန်းနှင့် ပြည်သူ စုစု​ပေါင်း ၃၀ ခန့်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ကရင်အမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဓာတ်ပုံမှတ်တမ်းများနှင့်တကွထုတ်ပြန်သည်။ မတ်လ ၁၁ရက် ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ် သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်သို့ပစ်ခတ်တိုက်ခိုက်ကာ ရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းတော်ကြီး (၃)ပါး တိုအား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ စစ်ကောင်စီတပ် ကျူးလွန်မှုကို KNDF, PDF, KA ကင်းထောက်တို့ စကုတ်ဖြစ် တွေ့ရှိခဲ့သော်လည်း ဝင်ရောက်ကူညီနိုင်မှု မရှိခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၂ရက်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ရာ သံဃာတော်နှင့် ရွာသားများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ကို မှတ်တမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ ပျောက်ဆုံးသူ (၃၀) ဦးအနက် (၂၈) လောင်းကို တွေ့ရှိခဲ့ရသည်ဟုသိရသည်။ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင် ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြု လုပ်သွားမည်ဟု အသိပေးထားသည်။ထိုအတူ သက်ဆိုင်ရာ မိသားစုများမှလည်း လုံခြုံရေးအရမှလွဲ၍ ဘာသာရေးအရ ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ လက်ရှိ စစ်ကောင်စီ စစ်ကြောင်းကို KNDF၊ KA၊ ရှမ်းတောင် PDF ၊PDF ဖယ်ခုံ၊ မိုးဗြဲ PDFနှင့် လာရောက်ကူညီသည့် DMO PDF တို့က ဆက်လက်တန်ပြန်စစ်ဆင်လျှက်ရှိသည်ဟု အသိပေးထားသည်။ ယခုကျူးလွန်မှုအတွက် စစ်​ကောင်စီကို အရေးယူဆောင် ရွက်နိုင်ရန်ဆက်လက်ကြိုးစားသွားမည်ဟု KNDFက ထုတ် ပြန်သည်။ KNDF က ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦးက “ ဒီမှာ စစ်ခွေးတွေ သူတို့ ဖျက်ဆီးထားတာ။ ဒီမှာ ရွာသားတွေကို ပစ်သတ်တယ်။ ဘုန်းကြီးတွေ ဦးဇင်းတွေကို ပစ်သတ်ကုန်တယ်”ဟု ပြောကြားသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) အထွေထွေ အတွင်းရေးမှူး ခွန်ဝါးကလည်း ယခုကဲ့သို့ ပအိုဝ်းပြည်သူများ သတ်ဖြတ်ခံရမှုသည့် သမိုင်းဆိုးတစ်ခုဖြစ်သည်ဟု ပြော သည်။ “အသတ်ခံရတဲ့ ကိစ္စတွေက ဒါ ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ အင်မတန် နစ်နာဆုံးရှုံးတဲ့ သမိုင်းဆိုးတစ်ခုဖြစ်တယ်။ ၁၉၉၀ - ၉၁ လောက်ကနေ စကစကို ယုံကြည်တဲ့ ပုံစံမျိုးနဲ့ အချို့သော ခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ တွဲပြီး လုပ်ကြတယ်။ ဒါပေမဲ့ အခု စစ်ကောင်စီက သစ္စာဖောက်လိုက်တဲ့ သဘောမျိုးဖြစ်တယ်။ အသုံးချလိုက်တဲ့သဘောမျိုးဖြစ်တယ်။ဒါကိုတော့ သူတို့အတွက် တရားမျှတမှု ပြန်ရှာဖို့လိုတယ်” ဟု ခွန်ဝါးကPeople's Spring သတင်းဌာနသို့ပြောသည်။ စစ်ကောင်စီတပ်က ပအိုဝ်းလူငယ်များ၊ ပအိုဝ်း ပြည်သူ့စစ် PNA တို့ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေမှုသည် နိုင်ငံရေးအရ တော်လှန်ရေးအရ လက်ခံနိုင်စရာ မဟုတ်သကဲ့သို့ လူမျိုးတစ်ခုနှင့် တစ်ခုအကြား ဝါဒဖြန့်ချိရေးများလုပ်ပြီး အချင်းချင်း သွေးကွဲအောင် လုပ်နေသည့် ကိစ္စကလည်း စိုးရိမ်စရာဖြစ်သည်ဟု ခွန်ဝါးက ပြောသည်။ “စစ်ကောင်စီ အာဏာသိမ်းတဲ့ ကိစ္စရပ်တွေမှာ တချို့သော PNO/PNA ဘက်က ခေါင်းဆောင်တွေက စစ်ကောင်စီ အာဏာသိမ်းတာကို ထောက်ခံဖို့ လက်ခံဖို့ ဆိုတာသွတ် သွင်းနေတဲ့ဟာဖြစ်တယ်။အာဏာရှင်စနစ်ကို ဝိုင်းပြီး သွတ်သွင်းသလိုဖြစ်တယ် ။အဲဒါကိုလည်း တိုင်းရင်းသား ခေါင်းဆောင်တွေ သတိချပ်ဖို့လိုတယ်။ လမ်းရွေးမမှားဖို့လိုတယ်။ နောက်ဆုံးအနေနဲ့ ပြောမယ်ဆိုရင် ဒေသမှာ ရှိနေတဲ့ သူတွေရဲ့ လုံခြုံရေးတွေကလည်း တော်တော်လေး အရေး ကြီးတယ်။” ဟု ခွန်ဝါးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပင်လောင်းဒေသခံများ ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတစ်ကာသိရှိ​စေရန် ​ယခင်စစ်တပ်၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကျူးလွန်မှုများအတိုင်း​ဆောင်ရွက်မည်ဖြစ်​ကြောင်း​ပြောသည်။ စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူလူထုများအားအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအကြိမ်​ရေ ၃၀ ​ကျော် ကျူးလွန်ထား​ကြောင်းNUG ၊လူ့အ ခွင့်အ​ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ( မှတ်ချက်- ယခုရုပ်သံဖိုင်တွင် ကြည်ရှု့ရန် မသင့်​တော်​သောအနိဌာရုံမြင်ကွင်းများပါဝင်ပါသည်) 
 ရုပ်သံ-KNDF

Youtubeတွင်ကြည့်ရန်- https://youtu.be/nnXPx4-j2GI



ဆက်ဖတ်ရန် →
  တန့်ဆည်တွင် စစ်တပ်က အသက် ၂၆ နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့် သတ်ဖြတ် အလောင်းစွန့်ပစ်

တန့်ဆည်တွင် စစ်တပ်က အသက် ၂၆ နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့် သတ်ဖြတ် အလောင်းစွန့်ပစ်

ရန်ကုန်၊ မတ် ၁၂ ခေတ်သစ်
 စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အသက်၂၆နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့်၍ နှိပ် စက် သတ်ဖြတ် အလောင်းစွန့်ပစ်မှု ဖြစ်ပွားကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာခံ မခိုင်လင်းကြည်ကို တန့်ဆည်မြို့မ‌ဈေးတွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ၈ ရက်အကြာ မတ်လ ၁၁ ရက်တွင် စစ်သာားများ မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းကို စွန့်ပစ်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ကာပေါင်းကျရွာ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "သူက တန့်ဆည်မြို့မဈေးက ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်တာ။ ပျူခေါင်း ဆောင် ဝါသဝ ရဲ့ မယားငယ်က တိုင်လို့ လာဖမ်းတာလို့လည်းကြားတယ်။ မုဒိမ်းကျင့်ပြီး သတ်ထားတာ ကြည့်လို့တောင်မကောင်းဘူး။ ရွာပြန်သယ်ပြီး သင်္ဂြိုလ်ပေးလိုက်ပါတယ်"ဟု ပြောသည်။ မုဒိန်းကျင့် သတ်ဖြတ်ခြင်းခံရသူ မခိုင်လင်းကြည်သည် မွေးချင်း ၄ ဦးတွင် အကြီးဆုံးသမီးဖြစ်ပြီး ဖခင် ဆုံးပါးပြီးနောက် မိသားစုစားဝတ်နေရေးအတွက် တန့်ဆည်မြို့မဈေးရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်၍ မိခင်နှင့် မောင်နှမများကို ထောက်ပံ့ပေးနေသည့် အဝေးသင်ဘွဲ့ရတစ်ဦးဖြစ်ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာ ကျောင်းထိုင်ဘုန်းကြီး၊ ပျူ‌စောထီးခေါင်း ဆောင် ဝါသဝ ပေါင်းသင်းနေသူ မိုးသူဇာသည် တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာ ဇာတိဖြစ်ပြီး ပျူစောထီးများနှင့်စစ်တပ်ကို သတင်းပေး၍ ကာပေါင်းကျရွာ ဒေသခံပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်‌စေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဆက်ဖတ်ရန် →
 ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

စန္ဒီ/People's Spring 

မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။ ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂသည် မတ်လ ၅ ရက်က မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သတင်းကြားရကြောင်း သံဃသမဂ္ဂ (မန္တလေး)ကအဖွဲ့က ဆိုသည်။ ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂနှင့်အတူ တော်လှန်ရေး ရဲဘော် ၇ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်များသတ်ဖြတ် အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းရကာ ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ် ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) အသိပေးကြေငြာချက်ထုတ်ပြန်သည်။ "ဆရာတော်သတင်းတွေတော့ကြားတယ်။ ဖုန်းကလည်းဆက်လို့မရဘူး။ ဆရာတော်က ကျွန်တော် တို့နဲ့လည်းအဆက်အသွယ်ရှိပြီး စစ်ဘေးရှောင်တွေကို ကူညီနေတာ။"ဟု စစ်ကိုင်းအ​ခြေစိုက် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

ဆက်ဖတ်ရန် →
ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

 ပအိုဝ်တိုင်းရင်းသားများနှင့် PDF များအကြား လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် စစ်တပ် လုပ်ဆောင် 

 ရန်ကုန်၊ မတ် ၁၁ ခေတ်သစ်

 ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေ အိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း အင်းလေး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် KNDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း ၃ ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် ၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးခုတုံးလုပ် ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင် အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်ဟု KNDF က ပြော သည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်၊ ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို KNDF၊ KA၊ PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRYနှင့် မဟာမိတ် တပ်ပေါင်းစုများမှ အစွမ်းကုန် ခုခံတိုက်ခိုက်နေကြောင်း ၊ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ် ဆင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အကြမ်းဖက် စစ်တပ်က ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်ရှိ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့ကို စစ်မျက်နှာ ၄ ခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇ ဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း KNDF က ဆိုသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်သောမြို့နယ်များအတွင်း လုံခြုံရေးဂရုပြုကြပါရန်နှင့် အထူးဖြင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်း ထန်နေပါသဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် အထူးမေတ္တရပ်ခံအပ်ကြောင်း KNDF က အသိပေးထားသည်။
ဆက်ဖတ်ရန် →
KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်



▪️စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ဦးအသက်ဆုံးရှုံး 

 ထိုက်ထိုက်/People’s Spring

 ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲပေါင်း ၄၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၈၆ ဦး သေဆုံးကာ ၂၆၇ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ KNU နယ်​မြေများတွင် ယခုလပိုင်းအတွင်းKNLA ဦး​ဆောင်၍ PDF အပါအဝင်ပူး​ပေါင်းတပ်များနှင့် စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား​နေ​သော်လည်း သတင်းမထုတ်ပြန်သဖြင့် ပြည်သူများမသိကြခြင်းဖြစ်​ကြောင်း အမည်မ​ဖော်လို​​​သောစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။ သို့​သော် KNU တပ်မဟာ ၅ တစ်ခုတည်းကသာ တိုက်ပွဲသတင်းများ အပါတ်စဥ်ပုံမှန်ထုတ်ပြန်​ပေး​သည်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင်နှင့် ဖာပွန်(မူတြော်)ခရိုင်၊ ဒူးပလာယာခရိုင်များ၌ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုပြီးပြည်သူလူထုများ နေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ ၂၁ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)များမှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ၇၆ကြိမ်ခန့်တွင် လက်နက်ကြီးအလုံးရေ ၃၅၁လုံး ထက်မနည်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။ ထိုသို့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ် ၄၄လုံး၊ Junior collage တစ်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း နှစ်ကျောင်း၊ ဆေးပေးခန်း နှစ်လုံး၊ ပြည်သူပိုင်အဆောက်အဦး ၂၅လုံးတို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သော နေအိမ် ၂၁လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် ပြည်သူလူထု ခုနစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးနောက် ခြောက်ဦးအား တရားစွဲဆိုကာ ထောင် (၆)လချခဲ့သည်ဟု ထုတ်ပြန်သည်။ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း ၊ ပြည်သူလူထုအား အကြောင်းမဲ့ပစ်ခတ်ခြင်း စသည့် စစ်ကောင်စီတပ်၏လုပ်ရပ်များကြောင့်  ပြည်သူလူထု ၁၁ဦး အသက်သေဆုံးခဲ့ရပြီး ဦးဇင်း သုံးပါး ကိုရင် နှစ်ပါး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၄၁ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။  
ဆက်ဖတ်ရန် →