နောက်ဆုံးရ
သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်(ရုပ်သံ)

သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်(ရုပ်သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ် 

by စစ်ခွေးနိဂုံး၂၃

 အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို KNDF၊ PDF၊ KA ကင်းထောက်တို့က တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးသူ ၃၀ ဦးအနက်မှ ပြည်သူ ၂၈ အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ သံဃာ ၃ ပါး အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။
———————
 ပင်လောင်း၊နမ်းနိမ်ရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် သံဃာနှင့် ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်

 ▪︎ပအိုဝ်းလူမျိုးများအတွက်များစွာဆုံးရှုံးရသည့်သမိုင်းဆိုးဖြစ်ပြီး တရားမျှတမှုပြန်ရှာရမည်ဟု PNFC ပြော ▪︎ပအိုဝ်းပြည်သူ့စစ် PNO/PNA ခေါင်းဆောင်များက စစ်ကောင်စီနှင့် ပူးပေါင်းနေသည့်တိုင် စစ်ကောင်စီကသစ္စာ ဖောက်လိုက်ခြင်းဖြစ်၍ လမ်းရွေးမမှားရန် သတိပေး 

 ဝင်းမောင်/People’s Spring 

 ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်နမ်းနှိမ်ကျေးရွာဘုန်းတော် ကြီးကျောင်းတွင် ခိုလုံနေသော ရဟန်းနှင့် ပြည်သူ စုစု​ပေါင်း ၃၀ ခန့်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ကရင်အမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဓာတ်ပုံမှတ်တမ်းများနှင့်တကွထုတ်ပြန်သည်။ မတ်လ ၁၁ရက် ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ် သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်သို့ပစ်ခတ်တိုက်ခိုက်ကာ ရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းတော်ကြီး (၃)ပါး တိုအား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ စစ်ကောင်စီတပ် ကျူးလွန်မှုကို KNDF, PDF, KA ကင်းထောက်တို့ စကုတ်ဖြစ် တွေ့ရှိခဲ့သော်လည်း ဝင်ရောက်ကူညီနိုင်မှု မရှိခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၂ရက်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ရာ သံဃာတော်နှင့် ရွာသားများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ကို မှတ်တမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ ပျောက်ဆုံးသူ (၃၀) ဦးအနက် (၂၈) လောင်းကို တွေ့ရှိခဲ့ရသည်ဟုသိရသည်။ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင် ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြု လုပ်သွားမည်ဟု အသိပေးထားသည်။ထိုအတူ သက်ဆိုင်ရာ မိသားစုများမှလည်း လုံခြုံရေးအရမှလွဲ၍ ဘာသာရေးအရ ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ လက်ရှိ စစ်ကောင်စီ စစ်ကြောင်းကို KNDF၊ KA၊ ရှမ်းတောင် PDF ၊PDF ဖယ်ခုံ၊ မိုးဗြဲ PDFနှင့် လာရောက်ကူညီသည့် DMO PDF တို့က ဆက်လက်တန်ပြန်စစ်ဆင်လျှက်ရှိသည်ဟု အသိပေးထားသည်။ ယခုကျူးလွန်မှုအတွက် စစ်​ကောင်စီကို အရေးယူဆောင် ရွက်နိုင်ရန်ဆက်လက်ကြိုးစားသွားမည်ဟု KNDFက ထုတ် ပြန်သည်။ KNDF က ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦးက “ ဒီမှာ စစ်ခွေးတွေ သူတို့ ဖျက်ဆီးထားတာ။ ဒီမှာ ရွာသားတွေကို ပစ်သတ်တယ်။ ဘုန်းကြီးတွေ ဦးဇင်းတွေကို ပစ်သတ်ကုန်တယ်”ဟု ပြောကြားသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) အထွေထွေ အတွင်းရေးမှူး ခွန်ဝါးကလည်း ယခုကဲ့သို့ ပအိုဝ်းပြည်သူများ သတ်ဖြတ်ခံရမှုသည့် သမိုင်းဆိုးတစ်ခုဖြစ်သည်ဟု ပြော သည်။ “အသတ်ခံရတဲ့ ကိစ္စတွေက ဒါ ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ အင်မတန် နစ်နာဆုံးရှုံးတဲ့ သမိုင်းဆိုးတစ်ခုဖြစ်တယ်။ ၁၉၉၀ - ၉၁ လောက်ကနေ စကစကို ယုံကြည်တဲ့ ပုံစံမျိုးနဲ့ အချို့သော ခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ တွဲပြီး လုပ်ကြတယ်။ ဒါပေမဲ့ အခု စစ်ကောင်စီက သစ္စာဖောက်လိုက်တဲ့ သဘောမျိုးဖြစ်တယ်။ အသုံးချလိုက်တဲ့သဘောမျိုးဖြစ်တယ်။ဒါကိုတော့ သူတို့အတွက် တရားမျှတမှု ပြန်ရှာဖို့လိုတယ်” ဟု ခွန်ဝါးကPeople's Spring သတင်းဌာနသို့ပြောသည်။ စစ်ကောင်စီတပ်က ပအိုဝ်းလူငယ်များ၊ ပအိုဝ်း ပြည်သူ့စစ် PNA တို့ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေမှုသည် နိုင်ငံရေးအရ တော်လှန်ရေးအရ လက်ခံနိုင်စရာ မဟုတ်သကဲ့သို့ လူမျိုးတစ်ခုနှင့် တစ်ခုအကြား ဝါဒဖြန့်ချိရေးများလုပ်ပြီး အချင်းချင်း သွေးကွဲအောင် လုပ်နေသည့် ကိစ္စကလည်း စိုးရိမ်စရာဖြစ်သည်ဟု ခွန်ဝါးက ပြောသည်။ “စစ်ကောင်စီ အာဏာသိမ်းတဲ့ ကိစ္စရပ်တွေမှာ တချို့သော PNO/PNA ဘက်က ခေါင်းဆောင်တွေက စစ်ကောင်စီ အာဏာသိမ်းတာကို ထောက်ခံဖို့ လက်ခံဖို့ ဆိုတာသွတ် သွင်းနေတဲ့ဟာဖြစ်တယ်။အာဏာရှင်စနစ်ကို ဝိုင်းပြီး သွတ်သွင်းသလိုဖြစ်တယ် ။အဲဒါကိုလည်း တိုင်းရင်းသား ခေါင်းဆောင်တွေ သတိချပ်ဖို့လိုတယ်။ လမ်းရွေးမမှားဖို့လိုတယ်။ နောက်ဆုံးအနေနဲ့ ပြောမယ်ဆိုရင် ဒေသမှာ ရှိနေတဲ့ သူတွေရဲ့ လုံခြုံရေးတွေကလည်း တော်တော်လေး အရေး ကြီးတယ်။” ဟု ခွန်ဝါးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပင်လောင်းဒေသခံများ ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတစ်ကာသိရှိ​စေရန် ​ယခင်စစ်တပ်၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကျူးလွန်မှုများအတိုင်း​ဆောင်ရွက်မည်ဖြစ်​ကြောင်း​ပြောသည်။ စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူလူထုများအားအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအကြိမ်​ရေ ၃၀ ​ကျော် ကျူးလွန်ထား​ကြောင်းNUG ၊လူ့အ ခွင့်အ​ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ( မှတ်ချက်- ယခုရုပ်သံဖိုင်တွင် ကြည်ရှု့ရန် မသင့်​တော်​သောအနိဌာရုံမြင်ကွင်းများပါဝင်ပါသည်) 
 ရုပ်သံ-KNDF

Youtubeတွင်ကြည့်ရန်- https://youtu.be/nnXPx4-j2GI



ဆက်ဖတ်ရန် →
  တန့်ဆည်တွင် စစ်တပ်က အသက် ၂၆ နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့် သတ်ဖြတ် အလောင်းစွန့်ပစ်

တန့်ဆည်တွင် စစ်တပ်က အသက် ၂၆ နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့် သတ်ဖြတ် အလောင်းစွန့်ပစ်

ရန်ကုန်၊ မတ် ၁၂ ခေတ်သစ်
 စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အသက်၂၆နှစ်အရွယ် မခိုင်လင်းကြည်ကို ဖမ်းဆီး မုဒိမ်းကျင့်၍ နှိပ် စက် သတ်ဖြတ် အလောင်းစွန့်ပစ်မှု ဖြစ်ပွားကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာခံ မခိုင်လင်းကြည်ကို တန့်ဆည်မြို့မ‌ဈေးတွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ၈ ရက်အကြာ မတ်လ ၁၁ ရက်တွင် စစ်သာားများ မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းကို စွန့်ပစ်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ကာပေါင်းကျရွာ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "သူက တန့်ဆည်မြို့မဈေးက ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်တာ။ ပျူခေါင်း ဆောင် ဝါသဝ ရဲ့ မယားငယ်က တိုင်လို့ လာဖမ်းတာလို့လည်းကြားတယ်။ မုဒိမ်းကျင့်ပြီး သတ်ထားတာ ကြည့်လို့တောင်မကောင်းဘူး။ ရွာပြန်သယ်ပြီး သင်္ဂြိုလ်ပေးလိုက်ပါတယ်"ဟု ပြောသည်။ မုဒိန်းကျင့် သတ်ဖြတ်ခြင်းခံရသူ မခိုင်လင်းကြည်သည် မွေးချင်း ၄ ဦးတွင် အကြီးဆုံးသမီးဖြစ်ပြီး ဖခင် ဆုံးပါးပြီးနောက် မိသားစုစားဝတ်နေရေးအတွက် တန့်ဆည်မြို့မဈေးရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်၍ မိခင်နှင့် မောင်နှမများကို ထောက်ပံ့ပေးနေသည့် အဝေးသင်ဘွဲ့ရတစ်ဦးဖြစ်ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာ ကျောင်းထိုင်ဘုန်းကြီး၊ ပျူ‌စောထီးခေါင်း ဆောင် ဝါသဝ ပေါင်းသင်းနေသူ မိုးသူဇာသည် တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာ ဇာတိဖြစ်ပြီး ပျူစောထီးများနှင့်စစ်တပ်ကို သတင်းပေး၍ ကာပေါင်းကျရွာ ဒေသခံပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်‌စေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဆက်ဖတ်ရန် →
 ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

စန္ဒီ/People's Spring 

မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။ ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂသည် မတ်လ ၅ ရက်က မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သတင်းကြားရကြောင်း သံဃသမဂ္ဂ (မန္တလေး)ကအဖွဲ့က ဆိုသည်။ ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂနှင့်အတူ တော်လှန်ရေး ရဲဘော် ၇ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်များသတ်ဖြတ် အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းရကာ ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ် ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) အသိပေးကြေငြာချက်ထုတ်ပြန်သည်။ "ဆရာတော်သတင်းတွေတော့ကြားတယ်။ ဖုန်းကလည်းဆက်လို့မရဘူး။ ဆရာတော်က ကျွန်တော် တို့နဲ့လည်းအဆက်အသွယ်ရှိပြီး စစ်ဘေးရှောင်တွေကို ကူညီနေတာ။"ဟု စစ်ကိုင်းအ​ခြေစိုက် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

ဆက်ဖတ်ရန် →
ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

 ပအိုဝ်တိုင်းရင်းသားများနှင့် PDF များအကြား လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် စစ်တပ် လုပ်ဆောင် 

 ရန်ကုန်၊ မတ် ၁၁ ခေတ်သစ်

 ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေ အိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း အင်းလေး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် KNDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း ၃ ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် ၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးခုတုံးလုပ် ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင် အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်ဟု KNDF က ပြော သည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်၊ ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို KNDF၊ KA၊ PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRYနှင့် မဟာမိတ် တပ်ပေါင်းစုများမှ အစွမ်းကုန် ခုခံတိုက်ခိုက်နေကြောင်း ၊ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ် ဆင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အကြမ်းဖက် စစ်တပ်က ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်ရှိ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့ကို စစ်မျက်နှာ ၄ ခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇ ဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း KNDF က ဆိုသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်သောမြို့နယ်များအတွင်း လုံခြုံရေးဂရုပြုကြပါရန်နှင့် အထူးဖြင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်း ထန်နေပါသဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် အထူးမေတ္တရပ်ခံအပ်ကြောင်း KNDF က အသိပေးထားသည်။
ဆက်ဖတ်ရန် →
KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်



▪️စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ဦးအသက်ဆုံးရှုံး 

 ထိုက်ထိုက်/People’s Spring

 ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲပေါင်း ၄၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၈၆ ဦး သေဆုံးကာ ၂၆၇ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ KNU နယ်​မြေများတွင် ယခုလပိုင်းအတွင်းKNLA ဦး​ဆောင်၍ PDF အပါအဝင်ပူး​ပေါင်းတပ်များနှင့် စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား​နေ​သော်လည်း သတင်းမထုတ်ပြန်သဖြင့် ပြည်သူများမသိကြခြင်းဖြစ်​ကြောင်း အမည်မ​ဖော်လို​​​သောစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။ သို့​သော် KNU တပ်မဟာ ၅ တစ်ခုတည်းကသာ တိုက်ပွဲသတင်းများ အပါတ်စဥ်ပုံမှန်ထုတ်ပြန်​ပေး​သည်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင်နှင့် ဖာပွန်(မူတြော်)ခရိုင်၊ ဒူးပလာယာခရိုင်များ၌ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုပြီးပြည်သူလူထုများ နေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ ၂၁ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)များမှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ၇၆ကြိမ်ခန့်တွင် လက်နက်ကြီးအလုံးရေ ၃၅၁လုံး ထက်မနည်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။ ထိုသို့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ် ၄၄လုံး၊ Junior collage တစ်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း နှစ်ကျောင်း၊ ဆေးပေးခန်း နှစ်လုံး၊ ပြည်သူပိုင်အဆောက်အဦး ၂၅လုံးတို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သော နေအိမ် ၂၁လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် ပြည်သူလူထု ခုနစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးနောက် ခြောက်ဦးအား တရားစွဲဆိုကာ ထောင် (၆)လချခဲ့သည်ဟု ထုတ်ပြန်သည်။ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း ၊ ပြည်သူလူထုအား အကြောင်းမဲ့ပစ်ခတ်ခြင်း စသည့် စစ်ကောင်စီတပ်၏လုပ်ရပ်များကြောင့်  ပြည်သူလူထု ၁၁ဦး အသက်သေဆုံးခဲ့ရပြီး ဦးဇင်း သုံးပါး ကိုရင် နှစ်ပါး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၄၁ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။  
ဆက်ဖတ်ရန် →
  လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က  မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

ရန်ကုန်| မတ် ၁၁ ခေတ်သစ်

 တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ပါ အင်အား ၅၀ နီးပါးစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ် အချို့ကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ပညစ်ရွာထဲတွင်နေအိမ် ၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွား​ကြောင်း၊ ရော်ဘာခြံထဲရှိ အလုပ်လုပ်နေသည့် ဒေသခံ ၃ဦး ဖမ်းဆီးကာ အမျိုးသမီး တစ်ဦးကိုမူ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပညစ်ရွာနေ ဒေသခံတစ်ဦးက"စစ်တပ်က စစ်ကြောင်းထိုး ဝင်လာချိန်မှာ သူပုန်းတွေ ဝင်လာသလိုမျိုး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာပါ အဲ့ချိန်မှာ ရွာဖက်မှာရှိတဲ့ PDF တွေနဲ့ အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်"ဟု ပြောသည်။ ထိုပြင် ယင်းကဲ့သို့ စစ်ကောင်စီက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် နေအိမ် ၁၀၀ နီးပါးကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ "စစ်တပ်က ဝင်လာတဲ့ အချိန်ကစလို့ ရွာခံတွေ အိမ် အကုန်ပိတ်ပြီး ထွက်ပြေးသွားတာပါ၊ ရွာထဲကို သေနတ်နဲ့ ပစ်ခတ်တော့ ဘယ်သူမှ မနေရဲဘူး"ဟု ပညစ်ရွာခံ နောက်တစ်ဦးက ပြောသည်။ ရွာသားအများစု ရွာလုံးကျွတ်ထွက်ပြေးချိန်တွင် စစ်ကောင်စီက အခွင့်ကောင်းယူပြီး ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပညစ်ရွာတွင် အိမ်ခြေ စုစုပေါင်း ၁၂၀ ဝန်းကျင်ရှိပြီး ယခင် အဆိုပါ ရွာမှာ ပင်လယ်ရွာတစ်ခုလည်း ဖြစ်ကာ ခရီးသွားများ အလည်အပတ်သွားနေသည့် ထင်ရှားသော ကမ်းခြေတစ်ခု ဖြစ်သည်။ လက်ရှိ စစ်ကောင်စီက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်ကြီးပိုင်း ပညစ်ရွာခံ အမျိုးသား နှစ်ဦး အခုချိန် အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
 ပုံစာ-ပညစ်ရွာကျေးရွာရှိ နေအိမ်များ စစ်ကောင်စီ လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ပုံ။
ဆက်ဖတ်ရန် →
ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ

ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ 

 ရန်ကုန်| မတ် ၁၁ ခေတ်သစ်

 တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်အရွယ်ရှိ မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ) ကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့ ဖြစ်ပြီး ယင်းတို့ နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန်အောင်မြို့ တံတားအကျော်တွင် စစ်ကောင်စီတပ်သားများက တားဆီး စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။




ကလိန်အောင်မြို့ခံ တစ်ဦးက "ဒီ အမျိုးသမီးနှစ်ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာပါ၊ ဘာမှ မလုပ်ဘဲ ဖုန်းဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်"ဟု Western News ကို ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံ အဆိုပါ အမျိုးသမီးနှစ်ဦးကို ကလိန်အောင် မြို့မရဲစခန်း၌ ဖမ်းဆီးစစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် အမှတ် ၄၁၀ ခြေမြန်တပ်ရင်း၏ စစ်ကြောရေးသို့ ပို့ဆောင်ပြီး ထပ်မံ စစ်ဆေးနေကြောင်း အမည်ဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ "ကလေးမလေးတွေက ဘာမှ လုပ်တာ မဟုတ်ဘူး သာမန် ပြည်သူတွေပါ အကြောင်းမဲ့ ဖမ်းဆီးခံရတာ ဖြစ်တယ်" ဟု ဇင်ဘာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ အမှတ် ၄၁၀ ခြေမြန်တပ်ရင်း သည် ကလိန်အောင်မြို့ အခြေစိုက် တပ်ရင်း တစ်ခု ဖြစ်ပြီး ရေဖြူမြို့နယ်ရှိ ကလိန်အောင်မြို့နှင့် ရေတပ်စခန်းရှိသည့် ကံပေါက်ဒေသတို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆိုင်ကယ်စီးခွင့် ပိတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။ ကံပေါက်ဒေတွင် ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် စစ်ကောင်စီခန့် အုပ်ကြီးပျူစောထီးခေါင်းဆောင်ဖြစ်သူနှင့် စစ်တပ်ပိုင် မြ၀တီ သတင်းထောက် ဆိုသူ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခံရပြီးနောက်လက်ရှိ အချိန်အထိ ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့တို့တွင် စစ်ကောင်စီက ဒေသခံ ပြည်သူများကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက်ပိုင်း ကံပေါက်ဒေသနှင့် ကလိန်အောင်တို့တွင် ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မရှိဟုဆိုကာ ပြန်လွတ်ပေးသူများရှိသလို လက်ရှိ အချိန်အထိ ဖမ်းဆီးထားသူများလည်း ရှိနေ၍ အရေး အတွက်ကိုမူ အတိအကျ မသိရကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောဆိုသည်။
ဆက်ဖတ်ရန် →
နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား 

 ရန်ကုန်၊ မတ် ၁၁ ခေတ်သစ် 

 မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျခဲ့ကြောင်း Successful Force - Pauk အဖွဲ့မှ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ်အတွင်းရှိ အုန်းတောမြောက်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၃ လုံးနှင့် အုန်းတောတောင်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅၃ လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၅ ရက်နေ့တွင် အုန်းတောတောင်စုရွာမှ ကိုမြင့်သိန်းကို ယာကြီးပြင်ပျူစောထီးရွာကို ဖမ်းဆီးသွားကြောင်း၊ မတ်လ ၉ ရက်နေ့တွင် အုန်းတောမြောက်စုရွာ၌ နေထိုင်သည့် ကိုရန်နိုင်ကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသူ ၂ ဦးလုံးကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "လူတွေကို ဖမ်းဆီးသွားပြီး နေအိမ်တွေကို မီးရှို့ ပျက်ဆီးသွားတာ အုန်းတောမြောက်စုကျေးရွာက နေအိမ် ၁၃ လုံးမီးလောင်ပြာကျတယ်။ အုန်းတောတောင်စုကျေးရွာက နေအိမ် ၅၃ လုံး ပြာကျသွားတယ်။ မနေ့ကနေ ဒီနေ့မနက်ထိကို ရှို့နေတာ မွန်းလွဲပိုင်း ရောက်တော့ စစ်ခွေးတွေ မရှိတော့ဘူး။ နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ ပြည်သူ ၂၀၀ လောက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်" ဟု Successful Force - Pauk အဖွဲ့မှ ကိုလိပ်ပြာက ပြောဆိုသည်။













ဆက်ဖတ်ရန် →
နယ်လှည့်ခေါင်းဖြတ်နေသည့် ဘီလူးစစ်ကြောင်း

နယ်လှည့်ခေါင်းဖြတ်နေသည့် ဘီလူးစစ်ကြောင်း

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း 

အင်အား ၇၀ ပါ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းလက်ချက်ဖြင့် တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။ 

မောင်ရွှေဝါ Published on Mar 7, 2023 
 (သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်) 
Myanmar Now

 ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ နံနက် ၁ နာရီကျော်ဖြစ်သည်။ ဧရာဝတီမြစ်နှင့် မူးမြစ်ပေါင်းစုံရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ် အနောက်ဖျား တာတိုင်ရွာနှင့် မလှမ်းမကမ်း လယ်တောတစ်ခုထဲတွင် အသက် ၂၀ အရွယ် ကိုကံကောင်း*နှင့် သူငယ်ချင်းနှစ်ဦး အိပ်စက်အနားယူနေသည်။ အားကစားဘောင်းဘီ အတို၊ အရှည်၊ အရပ်ဝတ်အရပ်စားများ ဆင်မြန်းကာ အင်္ကျီပေါ်မှ ကျည်ကာ ထပ်ဝတ်ထားသည့် လူတစ်စု ရုတ်တရက်ရောက်လာကာ လှုပ်နှိုးသဖြင့် ကိုကံကောင်းနှင့် အပေါင်းအပါများ လန့်နိုးသွားရသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုအဖွဲ့မှာ အထုပ်အပိုးများ၊ လက်နက်များ ကိုင်ဆောင်ထားပြီး အင်အား ၇၀ လောက်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။ ကိုကံကောင်းတို့ ခေါင်းနားပန်းကြီးသွားသည်။ တုံ့ပြန်ရန် မပြောနှင့်၊ တွေဝေချိန်ပင် မရလိုက်။ ထိုအဖွဲ့ထဲမှ အချို့က ကိုကံကောင်းနှင့် အပေါင်းအသင်းများကို သေနတ်ဖြင့် ထောက်ထားပြီးဖြစ်သည်။ ၎င်းတို့နှင့် လိုက်ခဲ့ရန် ခေါ်သည်။ မူးမြစ်အနောက်ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ဆုံသည့် နေရာတွင် ပေါ်ထွန်းနေသော သဲသောင်ပေါ်၌ အမှောင်ထုကို အကာအကွယ်ယူ၊ လက်ကိုင်ဖုန်း၏ အလင်းကိုသာ အားပြုလျက် တိတ်တစ်ဆိတ်ခရီးနှင်နေသည့် စစ်ကောင်စီအဖွဲ့နှင့်အတူ ကိုကံကောင်းတို့ သုံးဦး ပါသွားသည်။ “ကျော်ဇောဆိုတာ ဘယ်သူလဲ” ဟု စစ်သားအချင်းချင်း တီးတိုးပြောဆိုနေသည်ကို ကြားရသော်လည်း စစ်ကောင်စီတပ်ဖွဲ့၏ ရည်မှန်းချက်ကို ကိုကံကောင်းနှင့် သူငယ်ချင်းတစ်သိုက် မရိပ်စားနိုင်ခဲ့။ မည်သည့်အရပ်သို့ ဦးတည်နေသည်ကိုပင် မခန့်မှန်းနိုင်။ မေးလည်း မမေးရဲ။ ထိုအခြေအနေမှာ ရေလုပ်ငန်း၊ စိုက်ပျိုးရေးကိုသာ အားကိုးအားထားပြုကြပြီး အိမ်ခြေ ၈၀ ခန့်သာ ရှိသည့် တာတိုင်ရွာတွင် ကြုံရတော့မည့် ကြမ္မာဆိုး၏ အစဖြစ်သည်ဟု သိခွင့်ရလိုက်ချိန်တွင် ကိုကံကောင်းနှင့် အဖွဲ့ ဘာမှမတတ်နိုင်တော့။ ကိုကံကောင်းနှင့် သူငယ်ချင်းများကို စစ်ကောင်စီတပ်ဖွဲ့က အနီးရှိ တာတိုင်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ထိုရွာအရောက်တွင် စစ်ကောင်စီအဖွဲ့ဝင်များက အသက်အရွယ်နှင့် ကျားမဆိုသည်များကိုပင် ခွဲခြားခြင်းမရှိတော့ဘဲ ဒေသခံ ၁၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ဓားစာခံဖမ်းခံခဲ့ရပြီး စစ်ကောင်စီ၏ လှုပ်ရှားမှုကို အနီးကပ်မျက်မြင်တွေ့ရှိခဲ့သူ ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးမှာမူ ထိုသတ်ဖြတ်မှုများအပြီး နောက်တစ်ရက်အကြာ မတ်လ ၂ ရက်နေ့တွင် လွတ်မြောက်ခဲ့သည်။ တာတိုင်ရွာတွင် စစ်ကောင်စီ၏ ရက်ရက်စက်စက်သတ်ဖြတ်မှုများနှင့် စပ်လျဉ်း၍ ဓားစာခံဖြစ်ခဲ့သူ ကိုကံကောင်းနှင့်လည်းကောင်း၊ တာတိုင်ရွာသားအချို့နှင့်လည်းကောင်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့သည်။ တာတိုင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၇ ဦးအနက် ၃ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်လူများမှာ အမျိုးသားများဖြစ်သည်။ ၎င်းတို့အနက် အသက်အငယ်ဆုံးမှာ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အသက်ကြီးဆုံးအမျိုးသားမှာ ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့အားလုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲသော်လည်း Myanmar Now ၏ စုံစမ်းမေးမြန်းမှုအရ ခေါင်းနှင့် ခြေလက် အပိုင်ပိုင်းဖြတ်ခံရသူ အသက် ၄၇ နှစ်အရွယ် ဦးကျော်ဇောသာ ကျေးရွာတော်လှန်ရေးခေါင်းဆောင်ဖြစ်ကြောင်း သိရှိရသည်။ စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၎င်း၏ အာဏာစက်ကို မထူထောင်နိုင်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် နယ်မြေများကို ယခုနှစ် ဖေဖော်ဝါရီမှစ၍ ပိုမိုရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ သုံးစွဲလာနေပြီဖြစ်သည်။ 





 တာတိုင်ရွာ လူသတ်ပွဲ ဇာတ်လမ်းအစ---

 ကိုကံကောင်းတို့ကို ခေါ်လာသော စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၈ ညဦးပိုင်းတွင် တာတိုင်ရွာ အရှေ့ဘက်ရှိ မြင်းမူမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်လာသည်၊ မူးမြစ်နှင့် ဆုံသည့်နေရာ ကမ်းနဖူးပေါ်ရှိ တာတိုင်ရွာသို့ နောက်တစ်ရက် နံနက်မိုးမလင်းမီ ၃ နာရီဝန်းကျင်တွင် ရုတ်တရက် ဝင်ရောက် စီးနင်းခြင်းဖြစ်သည်။ အဆိုပါ စစ်ကောင်စီအဖွဲ့က ရွာကို ဝင်မစီးမီ လမ်းတွင် တွေ့သည့် ကိုကံကောင်းတို့ သုံးဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ခြင်းပင်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြရုံဖြင့် သေနတ်ဖြင့် ပစ်သတ်ခံရချိန်တွင် နိုင်ငံအနှံ့ အုံကြွလာသည့် ရရာလက်နက်ဖြင့် ပုန်ကန်မှုများထဲတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှ ဒေသများလည်း ထိပ်တန်းမှ ပါသည်။ ကိုကံကောင်းတို့၏ ဇာတိချက်ကြွေ တာတိုင်ရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ မရှိဟု ယတိပြတ် ငြင်းနိုင်သည့် အခြေအနေမရှိ။ မြစ်နှစ်စင်းဆုံရာ ကုန်းမြေပေါ်တွင် ရှိပြီး ကုန်းလမ်းဆက်သွယ်ရေးအားပြု၍ မရသည့် တာတိုင်ရွာတစ်ဝိုက်တွင် နိုင်ငံတစ်ဝန်း နိစ္စဓူဝဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ၊ ချုံခိုတိုက်ခိုက်သည့် ဖြစ်စဉ်မျိုးတော့ ရှားသည်။ စစ်ကောင်စီကမူ သတင်းများ မည်သို့ရထားသည် မသိ၊ နှစ်ဆန်းပိုင်းက တစ်ကြိမ် တာတိုင်ရွာကို မီးဝင်ရှို့ဖူးရာ အိမ်ခြေ ၃၀ နီးပါး ဆုံးရှုံးရဖူးသည်။ ဒါက နိုင်ငံအနှံ့ ကြုံနေရသည့် အခြေအနေမျိုးသာ ဖြစ်သည်။ သို့သော် ယခုကြုံတွေ့ရသည့် စစ်ကောင်စီ၏ မီးကုန်၊ ယမ်းကုန် ရက်စက်၊ ရိုင်းစိုင်းခြင်းမျိုးနှင့် တိုးရလိမ့်မည်ဟု ကိုကံကောင်းရော ရွာသားများပါ တွေးပင် မတွေးမိခဲ့ကြ။ တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကို ဖေဖော်ဝါရီလဆန်းမှစ၍ ညမထွက်ရ၊ လူငါးဦးထက် ပိုမစုရ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီးနောက်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများ ပို၍ ရက်စက်ကြမ်းကြုတ်လာသည်ကို တာတိုင်ဖြစ်စဉ်က အထောက်အထားတစ်ခုအဖြစ် သက်သေပြနေသည်။ စစ်ကောင်စီတပ်သည် ယခင်က တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာမည်ဆိုလျှင် ကားများကိုသာ အသုံးပြုကြသော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ ခြေလျင်စစ်ကြောင်းများဖြင့်သာ ပုန်းလျှိုးသွားလာနေကြပြီး ခြေလျင်စစ်ကြောင်း ဖြန့်ကြက်ချိန်တွင်လည်း ဖမ်းဆီးခံရသူများကို ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပေါ်ပေါ်ထင်ထင်လုပ်လာသည်ဟု စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုနှစ် ဇန်နဝါရီအထိ စစ်ကြောင်းတွင် ဖမ်းဆီးခံရသူများမှာ ပြန်လွတ်လာသည့် ဖြစ်စဉ်များရှိသော်လည်း စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်တွင်မူ တွေ့သည်နှင့် သတ်ဖြတ်ခံနေရသည်ဟု ၎င်းက ပြောပြသည်။ “အရင်တုန်းက တွေ့တယ်ဆိုရင် လူသားတံတိုင်းအနေနဲ့ ဖမ်းခေါ်သွားတယ်။ ပြီးမှ ပြန်လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်။ အခုက သူတို့ဘက်ကတော့ ပြည်သူပဲဖြစ်ဖြစ်၊ ကာကွယ်ရေးအဖွဲ့ပဲဖြစ်ဖြစ် တွေ့ရင် သတ်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ လူထုကို အကြောက်တရားဖြစ်အောင် ရက်ရက်စက်စက်လုပ်ပြနေတဲ့ သဘောတော့ရှိတယ်ဗျာ။ အကြောက်တရားကို တော်တော်သွင်းနေတဲ့ သဘောပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အရာတော်၊ မြင်းမူ၊ စစ်ကိုင်းမြို့များကဲ့သို့ပင် ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ပုလဲမြို့တို့ကိုလည်း စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းများဖြင့် လှည့်လည်စီးနင်းလျက်ရှိသည်ဟု ၎င်းက ပြောသည်။ တာတိုင်ရွာတွင် မကြာသေးမီက ကြုံခဲ့ရသည့် အဆိုပါ ဖြစ်ရပ်ဆိုးကို ကိုကံကောင်း လတ်လတ်ဆတ်ဆတ်ကြီး မှတ်မိနေသေးသည်။ သို့သော် သူက တာတိုင်ရွာသား မဟုတ်၍ မျက်မှောက်တွေ့မြင်ခဲ့ရသည်များကို အမည်နှင့်တကွ တိတိပပ ခွဲခြားပြောဆိုနိုင်ခြင်းမရှိပါ။ သူ့နေရပ်ကိုမူ လုံခြုံရေးအရ ကိုကံကောင်းက ထုတ်မပြောလိုပေ။ သူနှင့် အပေါင်းအသင်းများ အဖမ်းခံရသည့် နေရာမှ သောင်ထွန်းနေသည့် မြစ်ကမ်းနဖူးကို ကျော်၍ လယ်ကွင်း၊ လယ်တောအချို့ကို နှစ်နာရီခန့် ခြေလျင် ဖြတ်သန်းရစဉ်၊ ကျေးရွာကို ဝင်စီးစဉ် ကိုယ်တွေ့ကြုံရသည်များကိုတော့ ကိုကံကောင်းက တိတိပပ ပြောနိုင်သည်။ 



 
ဘီလူးဆိုင်းတီးပြီ---- 

 သောင်များ၊ လယ်ကွင်းများကို နှစ်နာရီဝန်းကျင် ဖြတ်သန်းပြီးနောက်တွင် စစ်ကောင်စီအဖွဲ့ တာတိုင်ရွာသို့ ရောက်သည်။ ချက်ချင်း ဝင်မစီးဘဲ ရွာနားတွင် တစ်နာရီနီးပါး ပုန်းခို၍ အခြေအနေများကို အကဲခတ်ခဲ့သည်ကိုလည်း သူမှတ်မိသည်။ ထိုအချိန်မှာ မတ် ၁ ရက် မိုးမလင်းမီ ၅ နာရီဝန်းကျင်သာ ရှိသေးသည်။ “ဟေ့ကောင်တွေ၊ ဒီရွာပဲ” ဟု စစ်ကောင်စီတပ်ဖွဲ့ထဲမှ တစ်ဦးက ပြောလိုက်သည်ကိုလည်း ကိုကံကောင်း နားထဲ ယနေ့တိုင် ကြားယောင်နေဆဲ။ ထိုအမိန့်သံ ထွက်လာအပြီးတွင် ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက ငါးယောက်၊ ဆယ်ယောက်စီ အုပ်စုခွဲလိုက်သည်။ ထိုအင်အားဖြင့် တာတိုင်ဟု အမည်ရသော ရွာငယ်လေးကို အနောက်ဘက်မှ ဝင်သည်။ အချိန်ကား နံနက် နေမထွက်မီ ဝေလီဝေလင်း ၅ နာရီဝန်းကျင်။ အဖွဲ့ငယ်တစ်ဖွဲ့က ရွာအနောက်ဖျားတွင်ရှိသည့် အိမ်တစ်လုံးတွင် တပ်စွဲသည်။ ထိုနေရာတွင်ပင် ကိုကံကောင်းနှင့် အပေါင်းအပါတို့ကို ထားသည်။ ‘သေနတ်သံ လုံးဝမပေးနဲ့။ အကုန်ဖမ်း’ ဟု စစ်ကြောင်းကို ဦးဆောင်လာသူက အမိန့်ပေးသည်ကို ကြားရသည်။ ရွာကို ဝိုင်းပတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ အသံတိတ်လှုပ်ရှားကြပြီ။ အဖွဲ့ငယ်များက ရွာအတွင်းသို့ တိတ်တဆိတ်၊ ရုတ်တရက်ဝင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက် လူဖမ်းပွဲကြီး စပြီ။ “စိတ်လည်း မကောင်းဘူး။ ကိုယ်လည်း ဘာမှ မလုပ်နိုင်ဘူး” ဟု ကိုကံကောင်းက ပြောသည်။ ကိုကံကောင်း ကံကောင်းသည်က အသာတကြည်သာ ငြိမ်နေလိုက်သဖြင့် သူနှင့် သူငယ်ချင်းများကို စစ်ကောင်စီတပ်က နှိပ်စက်ခြင်းမရှိ။ တာတိုင်ရွာအတွင်း တွေ့သည့်သူကို စစ်ကောင်စီတပ်သားတို့က ရွာအရှေ့ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်သွားသည်ဟု နောင်တွင် ကိုကံကောင်း ပြန်သိရသည်။ ရိုက်နှက်သံများ၊ နာကျင်၍ အော်ဟစ်သံများကို သူရှိနေသည့် ရွာအနောက်ဖျားရှိနေအိမ်မှနေ၍ ကိုကံကောင်း အတိုင်းသား ကြားခဲ့ရသည်။ သူရှိရာနေရာသို့ စစ်ကောင်စီက ဗွေဆော်ဦး ဖမ်းခေါ်လာသူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ သေနတ်တွေ့သည်ဟု စွပ်စွဲနေသံ ကြားရသည်။ ထိုအမျိုးသမီးကို စစ်ကောင်စီက လက်ပြန်ကြိုးတုပ်ထားသည်။ အဝေးမှ တွေ့ရသည်ဖြစ်၍ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်၊ စစ်ကောင်စီက အစုလိုက် ရက်စက်စွာသတ်ပစ်လိုက်သည့်ထဲတွင် ပါမပါ ကိုကံကောင်း ဝေခွဲမရ။ ထွက်ပြေးလျှင် မည်သူ့ကိုမဆို ပစ်သတ်မည်၊၊ အမျိုးသားဆိုလျှင် မိလျှင် ဝှေးစေ့ဖြတ်မည် စသည်ဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ ခြိမ်းခြောက် အော်ဟစ်သံများ တာတိုင်ရွာထဲ ညံနေသည်။ သို့သော် ထိုအချိန်အထိ သေနတ်သံ မကြားရသေးသော်လည်း တာတိုင်ရွာအတွင်း ကမ္ဘာပျက်နေပြီ။ စစ်တပ်၏ ရက်စက်မှုမှာ ရွာကို စီးနင်းပြီး သုံးနာရီဝန်းကျင်အကြာတွင် သေနတ်သံများ တရစပ်ထွက်လာရာမှ စသည်။ အရပ်ဝတ်ဖြင့် ရွာသို့ ရုတ်တရက် ရောက်လာသည့် စစ်ကောင်စီကို ဒေသခံတော်လှန်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်လျှင် နေရာ၌ပင် ထိုင်နေရန်၊ တစ်ခုခု ပြုမူလျှင်၊ ပြေးလျှင် သတ်ပစ်မည်ဟု စစ်သားတို့က ကိုကံကောင်းတို့ကို ခြိမ်းခြောက်ထားသည်။ ထို့ကြောင့် တုတ်တုတ်မျှမလှုပ်ရဲ။ တစ်ရွာသား ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးရှိရာနေရာတွင် တာတိုင်ရွာခံ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကိုပါ စစ်တပ်က ဖမ်းထားသည်။ ထိုနေရာတွင် စစ်သား ၈ ဦး ရှိသည်။ ပစ်ခတ်သံများ ကြားချိန်တွင် ကိုကံကောင်းတို့နေရာရှိ စစ်သားများကလည်း တရစပ်ပြန်ပစ်သည်။ အပြန်အလှန်ပစ်ခတ်သံများ နာရီဝက်ခန့် ကြာမည်။ ပစ်ခတ်သံများ ငြိမ်သက်သွားပြီးနောက် ရွာအနောက်တောင်ဘက်မှ စစ်သားတစ်ဦး ကိုကံကောင်းတို့ရှိရာသို့ ရောက်လာသည်။ ထိုအချိန်မှ ရွာကို ဝင်မစီးမီ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တီးတိုးပြောနေကြသည့် ကျော်ဇောဟူသော လူတစ်ယောက်အကြောင်း ကိုကံကောင်း ရိပ်မိရပြီ။ စစ်သားက တစ်ပါတည်းပါလာသည့် လက်ကိုင်ဖုန်းအတွင်းမှ သေနတ်ဒဏ်ရာများ ရထားသည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို ရွာသူ၊ ရွာသားနှစ်ဦးကို ပြသည်။ ကျော်ဇောလားဟု ရွာခံနှစ်ဦးကို မေးလိုက်သည်ကို ကိုကံကောင်း အတိုင်းသားကြားလိုက်ရသည်။ ရွာခံတို့က ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် စစ်သားက အိမ်တွင် အသင့်ရှိသည့် ဓားမတစ်ချောင်းကို ကိုင်ကာ ပြန်ထွက်သွားသည်။ နာရီဝက်ခန့်အကြာတွင် ပြန်ရောက်လာသည်။ ဓားမတော့ ပြန်ပါမလာ။ ပထမအကြိမ်ကကဲ့သို့ပင် လက်ကိုင်ဖုန်းကို ထုတ်၍ ရိုက်ကူးလာသည့် ဓာတ်ပုံတစ်ပုံကို ရွာသားများထံ ပြပြန်သည်။ ခေါင်း၊ လက်နှင့် ခြေနှစ်ဖက် ပြတ်တောက်၊ ဗိုက်ထဲမှ အူများပွင့်ထွက်နေသည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံ။ သူ့ကို စစ်သားက လာပြသေးသော်လည်း မကြည့်ရဲ၍ ကိုကံကောင်း မကြည့်ဖြစ်လိုက်။ သို့သော် စစ်သားထံမှ ခြိမ်းခြောက်ကြုံးဝါးသံကိုမူ သူရှောင်လွှဲ၍ မရခဲ့။ “သူတို့ (စစ်သားတွေ) က ရွာသားတွေကို မြင်လား။ မင်းတို့ ကျော်ဇော ဒီလိုဖြစ်သွားပြီ။ မင်းတို့လည်း ကြည့်ထားလို့ ပြောတယ်” ဟု ကိုကံကောင်းက ဆိုသည်။ ကိုကျော်ဇောသည် အသက် ၄၇ နှစ်အရွယ်၊ တာတိုင်ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ကိုကျော်ဇောမှာ စစ်တပ်က သေနတ်ဖြင့် ပစ်၊ ဓားဖြင့် ခုတ်ဖြတ်၊ ရိုက်နှက်၊ နှိပ်စက်သတ်ဖြတ်ခဲ့သည့် တာတိုင်ရွာသား ၁၇ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ အသက် ၂၅ အရွယ် ကိုရာဟုမှာလည်း ကိုကျော်ဇောနည်းတူ ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည်။ “ကိုရာဟုကိုတော့ စဉ်းတီတုံးပေါ်မှာ လည်ပင်းတင်ပြီး ခုတ်ဖြတ်ထားခဲ့တာ” ဟု အလောင်းကောက်ရာတွင် ပါဝင်ခဲ့သည့် ကိုမျိုး* က ပြောသည်။ 



 ဘုန်းကြီးကျောင်းအတွင်း ငရဲပွက်ခြင်း----

တာတိုင်ရွာအတွင်း ထိုသို့ ဖြစ်ပျက်နေသည်မှာ ကိုကံကောင်းတို့ ရှိနေသည့် ရွာ့အနောက်ဖျားတွင်သာမကပါ။ ရွာအရှေ့ပိုင်းတွင် ရှိသည့် ဘုန်းကြီးကျောင်းအတွင်းတွင်လည်း စစ်ကောင်စီတပ်က အလားတူပြုမူသည်ကို အခြားရွာသား ၁၀၀ နီးပါးနှင့်အတူ ၂၄ နာရီနီးပါး ချုပ်နှောင်ခံခဲ့ရသည့် အသက် ၆၀ အရွယ် ဦးမိုး*ထံမှ သိရသည်။ ဦးမိုးမှာ ရွာလယ်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ရုတ်ရုတ်သဲသဲသံများ ကြားရ၍ နေအိမ်မှ အပြင်သို့ ထွက်ကြည့်ရာတွင် စစ်သားများက ဖမ်းခေါ်သွားခြင်းဖြစ်သည်။ ဘုန်းကြီးကျောင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်ကိုင်ဖုန်းအတွင်း အသင့်ပါလာသည့် လူစာရင်းကို ကြည့်၍ လူများကို နေရာခွဲ၍ထားသည်။ “သူတို့စစ်ကြောင်းက ဘီလူးစစ်ကြောင်းလို့ ပြောတယ်။ ရွာမီးမတင် (မီးမရှို့) ဘူး။ PDF (တော်လှန်ရေးသမား) တွေပဲ လိုက်ရှာတာလို့ ပြောတာ။ ဖမ်းထားတဲ့သူတွေအကြောင်းကိုတော့ ဘာမှ မပြောဘူး” ဟု ဦးမိုးက ပြောသည်။ ဦးမိုးနှင့် သက်ကြီးပိုင်းရွာသား ဆယ်ဂဏန်းခန့်ကို ဘုရားခန်းရှိရာ ပင်မကျောင်းဆောင်ထဲသို့ ပို့သည်။ အမည်စာရင်းပါသူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးကို လက်ပြန်ကြိုးတုပ်လျက် ကျောင်းဝင်းအတွင်း ဝမ်းလျားမှောက်ခိုင်းထားသည်။ များမကြာမီတွင် ထွက်ပြေးရန် ကြိုးပမ်းသူတစ်ဦး၊ မချေမငံပြန်ပြောသည်ဟု စွပ်စွဲခံရသူ ၃ ဦးကိုလည်း အလားတူချုပ်နှောင်လိုက်ပြန်သည်။ ထို့နောက် စာရင်းထဲမပါသူ ၈၀ ကျော်ကို ဦးမိုးတို့ရှိရာ ခန်းဆောင်အတွင်းသို့ စစ်ကောင်စီတပ်က ထည့်သွင်းလိုက်သည်။ ရွာခံများကို ခွဲခြားပြီးနောက်တွင် စစ်ကောင်စီတပ်က ဦးမိုးတို့ရှိရာ ကျောင်းခန်းဆောင်တံခါးမကြီးကို ပိတ်ပစ်လိုက်သည်။ အမျိုးသမီးများကို အောက်ထပ်၊ အမျိုးသားများကို အပေါ်ထပ်တွင် ခွဲ၍ စစ်ကောင်စီက ထားခဲ့သည်။ တံခါးများ ပိတ်ထားသော်လည်း သေနတ်သံများ၊ ရိုက်နှက် နှိပ်စက်နေသံများ ကြားနေရသည်။ ပြင်ပတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်တို့ကိုမူ မျက်မြင်ကိုယ်တွေ့ မတွေ့ရတော့။ “အကုန်ပစ်နေတာဆိုတော့ ကျောင်းထဲမှာ ကုပ်နေရတာ” ဟု ဦးမိုးက ပြောသည်။ အသံဗလံများ ငြိမ်သက်သွားပြီးနောက် ညနေ ၅ နာရီခန့်တွင် ခန်းမဆောင်အတွင်း ချုပ်နှောင်ခံထားရသူများအနက် အမျိုးသမီး လေးဦးထက်မနည်းကို စစ်ကောင်စီက ခေါ်ထုတ်သွားသည်။ ထမင်းချက်ခိုင်းသည်။ ထိုအမျိုးသမီးတို့၏ ကျေးဇူးဖြင့် ဦးမိုးတို့ တစ်နေကုန်စာ ထမင်းတစ်နပ် စားခဲ့ရသည်။ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီ ကြိုးတုပ်ဖမ်းဆီးခဲ့သည့် အမျိုးသမီးသုံးဦးမှာ ညီအမနှစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဒေါ်ပန်းသွယ်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ပန်းနွယ်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆွေဆွေဦးတို့ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူတို့၏ ပြောဆိုချက်အရ အထက်ပါ အမျိုးသမီးသုံးဦးမှာ ထမင်းသွားကျွေးချိန်ကတည်းက နှိပ်စက်ထားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် စကားပင် မပြောနိုင်တော့ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကတစ်ဦးက ဆိုသည်။ ထိုအမျိုးသမီးသုံးဦးမှာ ရွာထဲမှ စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ဖမ်းခေါ်ခံရပြီးနောက် လမ်းတွင် သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သူ ၁၄ ဦးထဲတွင် ပါဝင်သည်။ “သေတဲ့သူတွေအလောင်းက သေနတ်နဲ့ ပစ်မသတ်ခင် ရိုက်နှက်ထားတာ။ ခေါင်းကြီးတွေ ရှုံ့ပိန်နေတာပါ။ မမြင်ရက်စရာ အနိဋ္ဌာရုံပါပဲ။ အဲဒီနေ့က (အလောင်းကောက်စဉ်) အမျိုးသမီးတွေကအစ မတော်တရော်လုပ်ထားတယ်။ အဲဒီလိုလုပ်ပြီး သတ်ထားတဲ့ဟာတွေလည်း တွေ့ရတယ်” ဟု အလောင်းကောက်ရာတွင် ပါဝင်သည့် ဒေသခံ ကိုမြင့် * က ပြောသည်။ တာတိုင်ရွာ အမျိုးသမီးသုံးဦး၏ အလောင်းများတွင်မူ အတွင်းခံများ စုတ်ပြဲနေသည်ကို တွေ့ရသလို အမျိုးသမီးအင်္ဂါထဲသို့ စစ်သားများက ကြက်သွန်ဥတစ်လုံး ထည့်ထားခဲ့ကြသည်ဟု အလောင်းကောက်ရာတွင် ပါဝင်သူနောက်တစ်ဦးဖြစ်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ကိုကျော်*က ပြောသည်။ ထိုစစ်ကြောင်းလက်ချက်ဖြင့် သေဆုံးသူအားလုံးမှာ တာတိုင်ရွာအတွင်း သတ်ဖြတ်ခံရသည် မဟုတ်ပါ။ ရုပ်အလောင်းရှာတွေ့သည့် အခြေအနေများအရ ရွာအနီးအနားတွင် ကိုကျော်ဇော၊ ကိုရာဟုနှင့် အသက် ၃၅ နှစ်အရွယ် ဦးချစ်ကောင်းတို့ သုံးဦးသာ စစ်တပ်ဝင်စီးသည့် မတ် ၁ ရက်တွင် သတ်ခံရသည်။ ကိုကျော်ဇော၏ အလောင်းကို တာတိုင်ရွာ အနောက်တောင်ဘက် သင်္ချိုင်းနားတွင် စစ်တပ်ပြန်ထွက်သွားသည့် မတ် ၂ ရက်၊ နောက်နှစ်ဦး၏ အလောင်းကို တာတိုင်ရွာ မြောက်ဘက်နှင့် တောင်ဘက် မြစ်ကမ်းစပ်များတွင် နောက်တစ်ရက်တွင် ဒေသခံတို့က ရှာတွေ့သည်။ တာတိုင်ရွာ အနောက်ဘက် နှစ်မိုင်ဝန်းကျင်အကွာ ညောင်ရင်းရွာသို့ သွားရာလမ်းတွင် အသတ်ခံရသည့် ကျန် ၁၄ ဦး၏ အလောင်းကို မတ် ၂ ရက် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက်တွင် ရှာတွေ့သည်။ ရုပ်အလောင်းအားလုံးကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်ပြီးဖြစ်သည်။ လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်း---- တာတိုင်ရွာမှ ညောင်းရင်းရွာသို့ ပြန်အထွက်လမ်းတွင် စစ်ကောင်စီ၏ လူသတ်ပွဲအကြောင်း ကိုကံကောင်းက ပြန်ပြောပြသည်။ မတ် ၂ ရက် နံနက် ၇ နာရီခန့်မှ ပြန်အထွက်တွင် စစ်ကောင်စီက အဖွဲ့လေးဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် မီတာ ၁၀၀ ခန့်စီ ခြား၍ လျှောက်စေသည်။ တာတိုင်ရွာမှ ဖမ်းခေါ်လာသူ ၁၄ ဦးနှင့် ကိုကံကောင်းတို့ သုံးဦးကို အုပ်စုခွဲ၍ လိုက်ပါစေသည်။ တာတိုင်ရွာမှ ဖမ်းခေါ်လာသူတို့မှာ ကြိုးတုပ်ထားသည်ကို တွေ့ရသည်။ ကိုကံကောင်းက တတိယမြောက် တာတိုင်ရွာမှ ထွက်သည့် စစ်သား ရှစ်ဦးပါသည့် စစ်ကောင်စီအဖွဲ့တွင် ပါသည်။ ၎င်းနှင့်အတူ အသက် ၂၀ မှ ၅၀ ကြား အမျိုးသား ငါးဦးလည်း ပါလာသည်။ ညောင်ရင်းရွာနှင့် မီတာ ၈၀၀ ဝန်းကျင်သာ လိုတော့ချိန်တွင် ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးကို စစ်သားသုံးဦးက ခွဲ၍ ခေါ်သွားသည်။ ကြိုးတုပ်ခေါ်ဆောင်လာသည့် တာတိုင်ရွာသား ငါးဦးနှင့် စစ်သား ငါးဦးက နောက်တွင် ချန်နေရစ်ခဲ့သည်။ လူစုခွဲပြီးသည့် နေရာမှ မီတာ ၅၀ခန့် ရှေ့သို့ လွန်ချိန်တွင် သေနတ်သံ ၈ ချက်ထက်မနည်း ကျယ်လောင်စွာကြားရသည်။ ဝေခွဲမရဖြစ်နေချိန်တွင် ဖမ်းခေါ်လာသူများကို သတ်ပစ်လိုက်ပြီဟု စစ်သားတစ်ဦးက ခပ်ပြုံးပြုံးဖြင့် အသိပေးကြောင်း ကိုကံကောင်းက ပြန်ပြောပြသည်။ “ကျွန်တော်တို့ကတော့ ကြောက်တာပေါ့ဗျာ။ မင်းတို့ ဘာမှမလုပ်နဲ့။ မင်းတို့ကို ဘာမှမလုပ်ဘူး။ မင်းတို့ကို ကြိုးလည်း မတုပ်ထားဘူးဆိုပြီးတော့ စစ်သားက ပြောတာ။ ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူးနော်လို့ မေးတော့ ဘာမှမဖြစ်ဘူး။ ကြိုးလည်း မတုပ်ဘူး။ ကြိုးတုပ်ထားတဲ့ကောင်တွေက အသတ်ခံရမှာလို့ (စစ်သားက) ပြောတာ။ မင်းတို့က ဘာမှ မဖြစ်ဘူးတဲ့” ညောင်ရမ်းရွာသို့ သွားရာလမ်းတွင် စစ်ကောင်စီက သတ်ဖြတ်ပစ်လိုက်သူများမှာ နောက်တွင် ကျန်ခဲ့သည့် တာတိုင်ရွာခံ ငါးဦးသာမကဘဲ အခြားသူများ ရှိသေးသည်ကိုလည်း ကိုကံကောင်းတို့ မကြာမီတွင် ထပ်သိလိုက်ရသည်။ ၎င်းတို့အဖွဲ့ရှေ့မှသွားသည့် ပထမအသုတ်နှင့် ဒုတိယအသုတ်ထဲမှ ဓားစာခံများ၏ အလောင်းများကို လမ်းတွင် ထပ်တွေ့ရသည်။ “ရှေ့နားရောက်တော့ အရင်သွားတဲ့အသုတ်က အလောင်းတွေ စတွေ့တာပဲ။.. ငါးယောက်တစ်စု၊ သုံးယောက်တစ်စု တွေ့တာပေါ့ဗျာ။ ပုံစံတွေကတော့ မှောက်လျက်တွေရော၊ ပက်လက်တွေရော၊ ဘေးတစောင်းတွေရော။ ဒူးထောက်ခိုင်းထားပြီး ခေါင်းတွေ၊ နောက်ကျောတွေကို ပစ်ထားတာ တွေ့ရတယ်” ဟု ကိုကံကောင်းက ဆိုသည်။ လမ်းတွင် ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည့် အသက် ၁၇ နှင့် ၆၇ ကြား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို စစ်ကောင်စီက မတ် ၂ နံနက် ၈ နာရီနှင့် ၉ နာရီကြားတွင် အသုတ်လိုက်ခွဲ၍ သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကြောင်းနှင့်အတူ လိုက်ပါခဲ့ရသည့် ကိုကံကောင်းက ယူဆသည်။ စစ်ကောင်စီက မည်သို့သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့သူတော့ မရှိ။ သို့သော် သေနတ်ဒဏ်ရာ၊ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာ၊ ဓားဖြင့် ထိုးခုတ်၊ သတ်ဖြတ်ခဲ့သည်ဟု ရုပ်အလောင်းများကို ကြည့်၍ ကောက်ချက်ချနိုင်သည်။ ထိုသူတို့၏ ရုပ်အလောင်းကို မတ် ၂ နှင့် ၃ ရက်တို့တွင် ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ပြီးဖြစ်သည်။ သေဆုံးသူများထဲတွင် အများစုမှာ တော်လှန်ရေးသမားများ မဟုတ်ဘဲ တောင်သူ၊ တံငါ အလုပ်ဖြင့် အသက်မွေးသူများ၊ တစ်နယ်တစ်ကျေးမှ လာရောက်လည်ပတ်သူများပင် ပါသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။ သေဆုံးသူများအနက် အသက် ၅၀ အရွယ် ဦးထီလာဆိုသူမှာ တာတိုင်ရွာအရှေ့ဘက် မူးမြစ်တစ်ဖက်ကမ်းရှိ ငါန်းစွန်မြို့မှ ရောက်နေသူ၊ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသည့် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကောင်းမှာ တာတိုင်မြောက်ဘက် တစ်မိုင်ကျော်အကွာ ရွှေလှေရွာခံဖြစ်ပြီး နွားပျောက်ရှာနေစဉ် အဖမ်းခံရသူဟု ဆိုသည်။ အသက် ၅၀ အရွယ် ဦးသိန်းထိုက်မှာ တာတိုင်ရွာအတွင်း စစ်ကြောင်းဝင်စီးစဉ် ထွက်ပြေး၍ ဖမ်းခံရသူဖြစ်ပြီး ထို့နောက်တွင်မှ ဖမ်းခေါ်ကာ သတ်ဖြတ်ခံလိုက်ရသည်ဟု ဆိုကြသည်။ စစ်ကောင်စီလက်ချက်ဖြင့် မိခင်၊ ညီ၊ ယောက်ဖနှင့် အဒေါ်တို့ကို ဆုံးရှုံးခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် ကိုသိန်း*က ရွာကို စစ်ကောင်စီ ဝင်စီးနေပြီဟု ကြားသိရချိန်တွင် ဓားစာခံများ၊ အထူးသဖြင့် မိန်းမသားများကို သတ်လိမ့်မည်မဟုတ်ဟု အကောင်းမြင်ခဲ့သေးသည်ဟု ပြောသည်။ သေဆုံးသူတို့အနက် ၎င်း၏ မိသားစုဝင်များမှာ မည်သူတို့ဖြစ်သည်ကိုမူ လုံခြုံရေးအရ သူက ထုတ်မပြောလိုပေ။ တာတိုင်ရွာကို ဝင်ရောက်စီးနင်းချိန်တွင် ကိုသိန်းက ရွာ၌မရှိ၍ လွတ်သွားသည်။ “သူတို့ထွက်သွားပြီးတော့ အလောင်းတွေ တွေ့တဲ့အချိန်မှာ ကျွန်တော့်မိသားစုဝင်တွေဗျာ။ မြင်မကောင်းအောင် ပိုးစိုးပက်စက်ကို လုပ်သွားတာဗျာ” ဟု ကိုသိန်းက ပြောသည်။ ထိုစစ်ကြောင်းက ဖမ်းဆီးခဲ့သူ တာတိုင်ရွာခံ ၁၀၀ ကျော်ထံမှ လက်ကိုင်ဖုန်းများပါ သိမ်းယူသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ပြောကြသည်။ အသေးစိတ်တို့ကိုမူ သီးခြား အတည်မပြုနိုင်သေးပါ။

 ဘီလူးစစ်ကြောင်း-----
 
တာတိုင်ရွာကို ဝင်မွှေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဘီလူးစစ်ကြောင်းဟု မိတ်ဆက်ခဲ့သည့် ထိုစစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က တာတိုင်ရွာ မြောက်ဘက် မိုင် ၃၀ အကွာ အရာတော်မြို့နယ် မလဲသာရွာသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်သွားသည့် အင်အား ၇၀ နီးပါးပါ အဖွဲ့ဖြစ်သည်။ ထိုစစ်ကြောင်းက အရာတော်မြို့နယ်နှင့် နယ်နိမိတ်ဆက်နေသည့် စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကိုလည်း လှည့်လည် စီးနင်းခဲ့သည်။ မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ညောင်ပင်ရွာ၊ ကန်တော်၊ ကန်ပြားရွာ၊ ညောင်းရင်းရွာတို့တွင် လူမဆန်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။ ထိုစစ်ကြောင်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဒတ္ထိုင်းရွာ၌ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး၊ နောက်တစ်ရက်တွင် ကန်တော်ရွာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၈ နံနက်ပိုင်းတွင် တာတိုင်ရွာကို ဆက်လက်စီးနင်းကာ ရွာသား ၁၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် မတ် ၃ ရက်က ညောင်းရင်းရွာ အနောက်ဘက် မြင်းမူမြို့နယ် အာလကပ္ပရွာသို့ ရောက်နေသည်ဟု ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ ညောင်းရင်း၊ မြင်းမူ၊ အာလကပ္ပရွာဘက်သို့ ထိုစစ်ကြောင်းသွားရာလမ်းတွင် ဆိုင်ကယ်ဖြင့် သွားလာနေသူ ဒေသခံတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်ဟု ဒေသတွင်းသတင်းများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုကို စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ၊ လူငါးဦးထက် ပိုမစုရဟု သတ်မှတ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းတွင် ကြေညာထားသည်။ ထို့နောက်တွင် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ထားပြီး တာတိုင်ရွာကို ဝင်ရောက်သတ်ဖြတ်သည့် ဖြစ်စဉ်မှာ ယင်းတို့အနက် တစ်ခုဖြစ်သည်။ စစ်ကောင်စီက ထောက်ခံသည့် ဒေသခံများကို လက်နက်တပ်ဆင်ပေး၍ စစ်ရေးလှုပ်ရှားမှုများကို တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။ စစ်ကောင်စီက ပြည့်သူ့စစ်ဟု ခေါ်၍ ပျူစောထီးဟု လူသိများသည့် ထိုအဖွဲ့၏ လှုပ်ရှားမှုများကို စစ်ကိုင်းတိုင်းအတွင်း အထင်အရှားတွေ့ရသည်။ စစ်ကိုင်း တာတိုင်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ရက်အနီးပါး အတူလိုက်ပါခဲ့ရသည့် ကိုကံကောင်း၏ အဆိုအရ ၎င်းတွေ့ကြုံခဲ့ရသည့် စစ်သားများမှာ အမြဲတစေ အရက်သေစာ သောက်စား မူးရူးနေသည်ဟု သိရသည်။ စစ်သားတို့က တာတိုင်ရွာ ရောက်ချိန်တွင် ၎င်းတို့နှင့် ပါလာသည်များအပြင် ရွာအတွင်း ဈေးဆိုင်များတွင်ရှိသည့် အရက်များကိုပါ ယူငင်သောက်သုံးသည်ကို ကိုကံကောင်း မျက်မြင်တွေ့ခဲ့ရသည်။ “အရက်ကတော့ အိပ်ထဲကနေ ထုတ်ထုတ်ပြီး သောက်တာ။ သူတို့အချင်းချင်း ယူသောက်မိလို့ စကားတွေ များသေးတယ်။ (မင်းအရက်) ငါမသောက်ဘူးနဲ့ ငြင်းကြတာပေါ့ဗျာ။ အိပ်ထဲ ထည့်လာတာဆိုတော့ သောက်ချင်တဲ့အချိန် ထုတ်သောက်တာ”။ စစ်ကောင်စီက စစ်ကိုင်းတိုင်းတွင် ရွာစဉ်လှည့်မီးရှို့မှု၊ သတ်ဖြတ်မှုများ ပြုလုပ်နေကြသလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း စစ်ကောင်စီသတင်းပေးနှင့် ဘက်တော်သားများကို လုပ်ကြံသတ်ဖြတ် လက်တုံ့ပြန်နေသည်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့တွင် တာတိုင်ရွာတွင် ကျူးလွန်သကဲ့သို့ တစ်ရက်တည်း လူ ၁၄ ဦးမှ ၃၀ အထိ အစုအပြုံလိုက်သတ်ဖြတ်မှု ၃၂ မှုအထိ ရှိလာပြီဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မတ် ၆ ရက် အွန်လိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူတို့၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ ရက်စက်စွာသတ်ဖြတ်မှုများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် မည်သို့မျှ လျော်ညီခြင်းမရှိ၍ အပူတပြင်း ပြင်းပြင်းထန်ထန်အရေးယူပေးရန် နိုင်ငံတကာသို့ ၎င်းက ထပ်မံတိုက်တွန်းသည်။ “(စစ်ကောင်စီရဲ့) ရက်စက်ယုတ်မာမှုကတော့ တကယ်ကို ကမ်းကုန်တဲ့အခြေနေမျိုး ရောက်နေပါပြီ။ မြန်မာတစ်ပြည်လုံးမှာ မီးလောင်တိုက်သွင်း၊ လူသားမှန်သမျှကို ရန်သူလို သတ်မှတ်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးတားဆီဖို့ အကြိမ်ကြိမ် ပြောထားပြီးပါပြီ။ အကြိမ်ကြိမ်လည်း တိုက်တွန်းနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မတ် ၅ ရက် စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ လူပေါင်း တစ်သန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတစ်ဝန်း အိမ်ခြေ ၆၀,၀၀၀ ကျော် စစ်ကောင်စီလက်ချက်ဖြင့် မီးလောင်ဆုံးရှုံးခဲ့ရကာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက ဆိုသည်။ ထိုသို့ စစ်ကောင်စီက အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို မျိုးစုံရန်ရှာမှုများ ကြုံနေရသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးခရီးကို မဖြစ်မနေရှေ့ဆက်ရန် သန္နိဋ္ဌာန်ချထားသည်ဟု တာတိုင်ရွာကို ဝင်စီးသည့် ဘီလူးစစ်ကြောင်းနှင့် ကြုံခဲ့ရသူ စစ်ကိုင်းမြို့နယ် ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ မြင်းမူမြို့နယ် ကန်တော်ရွာသို့ ထိုစစ်ကြောင်းဝင်ချိန်တွင် ၎င်း၏ တပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် အဖွဲ့ဝင်နှစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီးဖြစ်သည်။ “ဒီကောင်တွေ (စစ်ကောင်စီ) သည် ကျွန်တော်တို့ (တော်လှန်ရေး) အဖွဲ့တွေကို စိန်ခေါ်တဲ့အပိုင်းပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြောက်လှန့်တဲ့အပိုင်းလည်း ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်သွားတာ။ လူမဆန်စွာ သတ်သွားတဲ့အပေါ်မှာ ဘယ်လိုမှ ခွင့်မလွှတ်ဘူး”။
 (*လုံခြုံရေးအရ နာမည်လွှဲထားသည်)




ဆက်ဖတ်ရန် →
စန္ဒာမင်းပြောတဲ့ နိုင်ငံရေးကမှားနေတယ်

စန္ဒာမင်းပြောတဲ့ နိုင်ငံရေးကမှားနေတယ်

NUG ကပြည်ပဖိအားရဖို့လဲလုပ်တယ်၊ ပြည်တွင်းမှာ
လဲအထူးသဖြင့်စစ်ကိုင်းကိုအဓိကထားဖို့နေတယ်၊
ကျန်တဲ့နေရာတွေလဲဖို့သင့်သလောက်ဖို့ပါတယ်၊

ဖို့တဲ့ဂရုမှာယုံကြည်စွာဖြင့်မိမိကိုထည့်သွင်းထားလို့
သိရပါတယ်၊ကြာတော့ရိုးလာပြီးနိုတီတက်တိုင်း
မကြည့်ဖြစ်တော့ဖူး၊ 

ပထမအချက်အနေနဲ့ ပြည်တွင်းတော်လှန်ရေးအောင်ဖို့
NUGဟာလွတ်မြောက်နယ်မြေမှာရှိနေရမှာဖြစ်လို့ရှိနေ
ရပါတယ် အချို့ကအထဲမှာ အချို့က မဲဆောက် ချင်းမိုင်
အချို့က ယူအက်စ် ကနေဒါ သူတို့က အစထဲက ယူအက်စ် 
ကနေဒါကပါ NUGကိုဝင်ပြီးအားဖြည့်ပေးနေတာပါ
ဝန်ကြီးချူပ်မန်းဝင်းခိုင်သန်းဆိုရင်မြန်မာပြည်ထဲမှာပဲနေပါ
တယ် ဘယ်မှကိုမသွားတာ၊☺️ အခုအချိန်အထိ တတိယနိုင်ငံတွေသွားပြီးသံတမန်ရေးရာတွေ ကြိုးပမ်းနေကြပေ
မယ့် သိက္ခာမဲ့စွာ ခုန်ချတာဘယ်သူမှမလုပ်ကြပါဖူး၊

စန္ဒာမင်းပြောစကားတွေဟာလက်ရှိနိုင်ငံရေးတော်လှန်
ရေးနဲ့အရမ်းအလှမ်းဝေးလှပါတယ်၊ သူပြောနေတဲ့
အဓိပ္ပါယ်က NUGလုပ်ရပ်ကမအောင်မြင်နိူင်ဖူး၊သူ့လုပ်
ရပ်ကသာမှန်တယ်လို့ လမ်းကြောင်းနေသလိုဖြစ်နေတယ်

အဖမ်းမခံပဲလုပ်တဲ့နိုင်ငံရေးနဲ့
အဖမ်းခံလုပ်တဲ့နိုင်ငံရေး

ဘယ်ဟာကသင့်လျှော်လဲဆိုတာမှာ ဘယ်သူကဖမ်းတာ
လဲဆိုတာစဉ်းစားရမယ့်ကိစ္စပါ

လူကလူကိုဖမ်းတာလား
ခွေးကလူကိုဖမ်းတာလား

လက်ရှိအခင်းအကျဉ်းနဲ့အဖမ်းခံပြီး ဘယ်လိုနိုင်ငံရေး
လုပ်မလဲဆိုတာ ဒေါ်စန္ဒာမင်းဖြေပေးပါ မေးပါတယ်။

ပျှော်ပွဲရွှင်ပွဲ နိုက်ကလပ်တွေမှာ လူစည်နေလို့ တော်လှန်
ရေးအားနည်းသလားဆိုရအောင်ကလဲ အသံတိတ်နေ့မှာ
ကျတော့အကုန်ပါဝင်နေတာပဲ နွေဦးကပူနေဆဲပါ

ကမ္ဘာအရေးကိုကြည့်ပြန်ရင်လဲ မြန်မာ့အခက်အခဲလိုပဲ
လိုအပ်နေတဲ့နိုင်ငံတွေအများကြီးပါ ဒီနေ့သတင်းမှာ
တာလီဘန်တွေ ကြီးစိုးနေတဲ့ အာဖဂန်မှာ သုံးပုံတပုံသော
လူဦးရေဟာ ဒုက္ခရောက်နေပါတယ်တဲ့၊အကူအညီလိုပါ
တယ်တဲ့၊

ကျွန်တော်မြင်တာ ကိုယ့်ပြသာနာ ကိုယ်ဖြေရှင်းတာက
တော်လှန်ရေးအောင်ဖို့ပိုပြီးနီးစပ်ပါတယ်၊

၁၊ဆိုရှယ်မီဒီယာသုံးပြီးတိုက်ရာမှာမိမိ(သို့) မိမိ မိသားစု
ကို အစဆွဲလို့မရအောင်လှုပ်ရှားကြဖိူ့လိုပါတယ်၊

၂၊ထောက်ပို့ကိစ္စ အဆင်ပြေချောမွေ့နိုင်ဖို့ NUG နဲ့  
fundraisers တွေကအသိပညာဖြန့်ဝေဖို့လိုပါတယ်၊

၃၊ နိုင်ငံရေး Timings ကိုက်ဖို့ NUG EAOs PDF ပြည်သူ
ဒီထက်ပိုပြီး အချိတ်အဆက်မိဖို့လိုပါတယ်

၄၊စကစရဲ့အားနည်းချက် အားသာချက် ကိုအမှန်အတိုင်း
သိကြဖို့ လိုပါတယ်( စစ်ရေး၊ မြို့ပြရပ်တည်မှု၊ ဝင်ငွေ၊
သံတမန်ရေး) ဒါတွေကိုသုံးသပ်ပေးမယ့်ပညာရှင်တွေ
ရှေ့ထွက်လာဖို့လိုပါတယ်

၅၊ပြည်တွင်းပြည်ပမြန်မာတွေလက်တွဲညီပြီးအထင်
အမြင်တွေတူညီညှိယူကြရပါမယ်

အနှစ်ချူပ်ရရင် စန္ဒာမင်းပြောတဲ့ နိုင်ငံရေးကို ပြည်တွင်း
ကလူတွေသက်သက်အဖမ်းခံပြီးလုပ်တာဟာ မအလ
သက်တမ်းပိုရှည်မှာသာအဖတ်တင်မည်ဖြစ်ကြောင်း
တင်ပြအပ်ပါတယ်

အရေးတော်ပုံအောင်ဖို့အယောက်စီတိုင်းမှာတာဝန်ရှိ
တယ်ဆိုတာ သိထားကြဖို့ လဲ အသိပေးပါတယ်၊

သင်ကိုယ်တိုင် ရုန်းမှနွံထဲက လွတ်မှာပါ။

သူတို့ကသာယာနေဆဲပါ👇

ဆက်ဖတ်ရန် →