နောက်ဆုံးရ
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

 


သက်ထားမောင်
24 February 2023 

၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်

လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံ‌ကြီးများဟု ညွှန်းဆိုရလျှင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ ဖြစ်၏။ ရုရှားကမူ မြန်မာစစ်တပ်ဘက်က ရပ်တည်သူဖြစ်သဖြင့် နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဆန့်ကျင်ဘက်က ရပ်တည်သည့် နိုင်ငံကြီးဖြစ်၏။ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုအတွက် အရေးပါသည်ကတော့ အမေရိကန်နှင့် တရုတ်ဟုဆိုရမည်။

စစ်တပ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အမေရိကန်က နွေဦးတော်လှန်ရေး အင်အားစုများကို တက်တက်ကြွကြွ ထောက်ခံ၏။ တရုတ်က ပြတ်ပြတ်သားသား တဘက်ဘက်က ရပ်တည်သည့် ရပ်တည်ချက်မပြခဲ့ပေ။ စစ်ကောင်စီကို အကြိုက်ကြီး ဟုတ်လှပုံမပေါ်သော်လည်း နွေဦးတော်လှန်ရေး အစပိုင်းတွင် တွေ့ရသည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့် တွဲ၍လှုပ်ရှားသည့် Milk Tea Alliance လှုပ်ရှားမှုများကြောင့် သတိကြီးကြီးထားကာ ခပ်မဆိတ်နေပြီး မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေပုံရ၏။ သို့သော် အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သောအခါ အမေရိကန်နှင့် တရုတ်၏ ရပ်တည်ချက်များ၊ ခြေလှမ်းများကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။

    အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သောအခါ အမေရိကန်နှင့် တရုတ်၏ ရပ်တည်ချက်များ၊ ခြေလှမ်းများကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။

အမေရိကန်တို့သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက နွေဦးတော်လှန်ရေးကို ထောက်ခံသည် ဆိုသော်ငြားလည်း လက်တွေ့ထောက်ခံမှုက အားနည်းခဲ့၏။ နိုင်ငံရေးအရ အဖမ်းဆီးခံရသူများအား အကာအကွယ်ပေးခြင်း၊ ပြည်ပထွက်ခွာ ခိုလှုံခွင့်ပြုခြင်းတို့၌သာ လက်တွေ့အကူအညီအချို့ ရှိခဲ့ပြီး ကျန်အပိုင်းများတွင်လည်း လက်တွေ့ကူညီမှု အားနည်းခဲ့ကာ စိတ်ဓာတ်ရေးရာ ကူညီမှုပေးသည်ကိုသာ တွေ့ရ၏။ တချိန်တည်းတွင် မြန်မာလူထု၏ လက်တွေ့ရုန်းကန်မှု အခြေအနေနှင့် မြန်မာစစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း စောင့်ကြည့်ပုံရသည်။

NUG ဝန်ကြီးတဦးပြောသကဲ့သို့ “အမေ အဖမ်းခံရလို့ ထိုင်ငိုသော ကလေးများလေလား” ဟု စောင့်ကြည့်နေပုံရ၏။ သို့သော် ၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်ကို တွေ့ရ၏။ ထိုသို့ အသိမှတ်ပြုမှုနှင့်အတူ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်အမျိုးသားလုံခြုံရေး အက်ဥပဒေတွင် Burma Act ပါဝင်လာသကဲ့သို့ မြန်မာအရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာခဲ့၏။

ထို့အတူ မြန်မာလူထုအား အကူအညီပေးရေးနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကျယ်ကျယ်လောင်လောင် ပြောဆိုလာသည်ကို တွေ့ရသကဲ့သို့ အမေရိကန်တို့ဘက်မှ အကူအညီပေးရေးနှင့် ပတ်သက်ပြီး NUG နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိတွေ့ဆက်ဆံမည်ဟူသည့် သတင်းစကားများ ကြားသိရပြီး လက်တွေ့လည်း စတင်ဆက်ဆံလာ၏။ အမေရိကန်တို့အနေနှင့် NUG, EAO နှင့် မြန်မာပြည်လူထုအား လူကိုသေစေနိုင်သည့် လက်နက်မဟုတ်သော အကူအညီများ ပေးမည်ဆိုပါသည်။

တချိန်တည်းတွင် မြန်မာပြည်၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများစွာ၊ ကုန်သွယ်မှုများစွာ ရှိသည့်အပြင် မြန်မာပြည်ကို စီးပွားရေးအရ သေနင်္ဂဗျူဟာအမြင်ထားရှိသည့် တရုတ်သည် တနှစ်ခန့်အကြာတွင်မူ မြန်မာပြည် အခြေအနေသည် တဖက်ဖက်က အသာမရဘဲ နှစ်ဖက်လွန်ဆွဲနေဆဲ အခြေအနေတွင်ရှိသည်ဟူသည့် သုံးသပ်ချက်ချသည်ကို တွေ့ရသည်။ မြန်မာပြည်ရှိ တရုတ်သံအမတ်သည် ပုံမှန်သံတမန်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသည် စစ်ကောင်စီနှင့် အဆက်အဆံ မလုပ်ကြပေ။

    မြန်မာပြည်ရှိ တရုတ်သံအမတ်သည် ပုံမှန်သံတမန်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော်လည်း တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသည် စစ်ကောင်စီနှင့် အဆက်အဆံ မလုပ်ကြပေ။

၂၀၂၁ ခုနှစ်အတွင်း တရုတ်သံတမန် ဆွန်ကော့ရှန်ကို စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံ၍ နှစ်ဖက်ညှိနိုင်းရန် ကြိုးစားမှုအား မြန်မာစစ်တပ်က ပယ်ချပြီးနောက် တရုတ်နှင့် မြန်မာစစ်ကောင်စီကြား ဆက်ဆံရေး ပိုမိုအေးစက်သွားသည်ကို တွေ့ရ၏။ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်ရေးကို ပြီးခဲ့သော ငါးနှစ်အတွင်း တိုက်တိုက်တွန်းတွန်း ရှိခဲ့သော တရုတ်သည် ၂၀၂၂ ခုနှစ် စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ပတ်သက်၍ တုံဏှိဘာဝေနေသည်ကို တွေ့ရသည်။

သို့သော်လည်း အမေရိကန်၏ မြန်မာပြည်နှင့်ပတ်သက်သည့် ဥပဒေထွက်လာသည့်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်လာပြီးသည့်နောက် တရုတ်တို့ လှုပ်ရှားလာသည်ကို တွေ့ရ၏။ တရုတ်အထူးကိုယ်စားလှယ်သစ်အဖြစ် မစ္စတာ တိန့်ရှီကျွန်းကို ခန့်အပ်ပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလာသည်ကို တွေ့ရ၏။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မစ္စတာ တိန့်ရှီကျွန်းသည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အား နယ်စပ်တလျှောက် လိုက်လံတွေ့ဆုံပြီးနောက် နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံခဲ့၏။ သတင်းအသေးစိတ် မထုတ်ပြန်‌ခဲ့သော်လည်း မြန်မာ့အရေး ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တရုတ်တို့သဘောထားကို လာရောက်ပြောဆိုပုံရသည်ဟု သိရ၏။ သို့သော်လည်း တရုတ်သဘောထားကို စစ်ကောင်စီခေါင်းဆောင်အနေနှင့် သဘောတွေ့ပုံမရဟု နိုင်ငံ‌ရေးအသိုင်းအဝိုင်းက ဆိုကြ၏။

စစ်ကောင်စီနှင့် ပတ်သက်၍ တရုတ်တို့ရပ်တည်ချက်မှာ အမေရိကန်ကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမရှိသော်လည်း တစုံတရာ ဖိအားပေးရန် လိုအပ်သည်ဟု စဉ်းစားပုံရ၏။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး တရုတ်တို့ ဗီတိုအာဏာမသုံးခဲ့ပေ။ တရုတ်နှင့်ဆက်စပ်ပြီး ကြီးမားသော အကျိုးစီးပွားရှိသည့် ရုရှားကလည်း မြန်မာအ‌ရေးနှင့် ပတ်သက်၍ တရုတ်ကို ကျော်လွန်ရန် ဆန္ဒရှိပုံမရပေ။

သို့သော်လည်း ရုရှားဘက် အလွန်ယိမ်းသွားသော စစ်ကောင်စီသည် တရုတ်နှင့်ဆက်ဆံရေး ပြန်လည်တည့်မတ်ရန်အတွက် ကြိုးစားလာသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် ရန်ကုန်မြို့၌ တရုတ်သံရုံးက ကြီးမှူးကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြန်မာပြည်သည် တရုတ်၏ အိမ်နီးချင်းကောင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီထုတ် သတင်းစာများတွင် တရုတ်နှစ်သစ်ကူး တက်ရောက်သည့် စစ်ကောင်စီခေါင်းဆောင်၏ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့၏။ သို့သော် တရုတ်သံရုံးက ထုတ်ပြန်သည့် သတင်းစာမျက်နှာတွင် အတွင်းပုံ ၂ ပုံသာ သာမန်အားဖြင့် ဖော်ပြခဲ့ပြီးရှေ့တန်းတင် ဦးစားပေးမှု မတွေ့ခဲ့ရပေ။

    စစ်ကောင်စီထုတ် သတင်းစာများတွင် တရုတ်နှစ်သစ်ကူး တက်ရောက်သည့် စစ်ကောင်စီခေါင်းဆောင်၏ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့၏။ သို့သော် တရုတ်သံရုံးက ထုတ်ပြန်သည့် သတင်းစာမျက်နှာတွင် အတွင်းပုံ ၂ ပုံသာ သာမန်အားဖြင့် ဖော်ပြခဲ့ပြီးရှေ့တန်းတင် ဦးစားပေးမှု မတွေ့ခဲ့ရပေ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း အမေရိကန်သည် မြန်မာပြည်ကူညီရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျသည့်ခြေလှမ်းများ လှမ်းလာ၏။ NUG+EAO အဖွဲ့များနှင့် တွေ့ဆုံရေး စတင်လာ၏။ စစ်ဘေးဒုက္ခသည်များအား ကူညီရေးအစီအမံများ စတင်လာသကဲ့သို့ အကူအညီပေးမည့် ပမာဏကိုလည်း တိုးမြှင့်လာခဲ့၏။

သို့သော် မြန်မာပြည်အကူအညီပေးရေးနှင့် ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူများက တရုတ်တို့ စိုးရိမ်ပူပန်မှုရှိမည်ကို သတိထားသည်ဟု ဝါရှင်တန်ရှိ သတင်းအရင်းအမြစ်များက ဆို၏။ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်တို့နှင့် တင်းမာမှုမြင့်တက်နေသော အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူများအနေနှင့် ဘင်္ဂလားပင်လယ်အော်တွင် နောက်ထပ် စစ်မျက်နှာဖွင့်လိုပုံ မရပေ။

တချိန်တည်းတွင် တရုတ်သံတမန် မစ္စတာ တိန့်ရှီကျွန်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြန်၏။ ပထမအကြိမ်က တရုတ်ပြည်ဘက်ရှိ နယ်စပ်မြို့တွင်သာ တွေ့ဆုံခဲ့သော်လည်း ယခုအကြိမ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ ဌာနချုပ်များသို့ သွားရောက်တွေ့ဆုံခဲ့၏။ ထို့ပြင် ဤအကြိမ်၏ ထူးခြားချက်မှာ မစ္စတာ တိန့်ရှီကျွန်းသည် EAO ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည် သာမကဘဲ စစ်ဘေးဒုက္ခသည်စခန်းများ (IDP Camps) များကိုပါ လိုက်လံကြည့်ရှုသည်ဟုဆိုသည်။

    ဤအကြိမ်၏ ထူးခြားချက်မှာ မစ္စတာ တိန့်ရှီကျွန်းသည် EAO ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည် သာမကဘဲ စစ်ဘေးဒုက္ခသည်စခန်းများ (IDP Camps) များကိုပါ လိုက်လံကြည့်ရှုသည်ဟုဆိုသည်။

ယခင်က တရုတ်တို့အနေနှင့် စစ်ဘေးဒုက္ခသည်များအား စိတ်ဝင်စားခြင်း၊ အကူအညီပေးခြင်းတို့နှင့် ပတ်သက်၍ မရှိသလောက် ရှားပါးသည်။ သူ၏ တိုင်းပြည်တွင်း ဝင်ရောက်သည့် စစ်ဘေးဒုက္ခသည်များကို လက်မခံဘဲ မောင်းထုတ်ခဲ့သည်အပြင် မည်သည့်အကူအညီမှ ပေးသည်ကို မတွေ့ရပေ။ ဤအကြိမ် တရုတ် အထူးကိုယ်စားလှယ်သစ်နှင့်အတူ တွေ့ရသည့်ထူးခြားချက် ဖြစ်၏။ ထို့ပြင် တရုတ် အထူးကိုယ်စားလှယ်သစ် ခန့်အပ်ပြီး ၂ လမပြည့်မီ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်၏။ ရှေ့တွင်လည်း တရုတ်အထူးသံ၏ ခြေလှမ်းများကို ဆက်တိုက် တွေ့မြင်ရနိုင်၏။

အမေရိကန်က NUG+EAO များကို တွေ့ဆုံပြီး စစ်ဘေးသင့် မြန်မာလူထုကို ကူညီမည်ဟု ဆိုလာချိန်တွင် တွေ့ရသည့်အချက်ဖြစ်ရာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။ တရုတ်နယ်စပ်သို့ အမေရိကန်အကူအညီနှင့် အမေရိကန်ဩဇာ အရောက်မခံနိုင်ဘဲ စစ်ဘေးသင့်လူထုကို တရုတ်တို့ကူညီပြီး နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပို၍နီးနီးကပ်ကပ် ဆက်ဆံရန် ခြေလှမ်းသစ်တလှမ်း လှမ်းလိုက်ပုံရ၏။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစသည့် အချိန်တိုအတွင်း ပြုလုပ်ခဲ့သော တရုတ်အထူးသံတမန်၏ ခြေလှမ်းများဖြစ်၏။ တရုတ်တို့အနေနှင့် ၎င်းတို့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ထုတ်ဖော်ထားခြင်းမရှိရာ တရုတ်တို့၏ ခြေလှမ်းများကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်၏။

မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် တရုတ်နယ်စပ်တလျှောက် ရပ်တည်နေသည့် အဖွဲ့များရှိသကဲ့သို့ ထိုင်းနယ်စပ်တလျှောက် ရပ်တည်နေရသည့် အဖွဲ့များလည်းရှိ၏။ တရုတ်နယ်စပ်ရှိ အဖွဲ့များသည် တရုတ်နှင့် နီးစပ်သကဲ့သို့ တရုတ်ကလည်း ထိုအဖွဲ့များကို နီးနီးကပ်ကပ် ဆက်ဆံ၏။ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့ အများစုက အမေရိကန်နှင့် နီးစပ်မှုရှိ၏။ နွေဦးတော်လှန်ရေးတွက် ပေါ်ထွက်လာသော လက်နက်ကိုင်အင်အားစုများကမူ မြောက်ပိုင်းရော တောင်ပိုင်းတွင်ပါ ရှိ၏။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ရော တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ ဆက်စပ်မှုရှိနေ၏။

အမေရိကန်ရော တရုတ်ပါ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဩဇာတည်ဆောက်ရန် ကြိုးစားနေကြသည်သာ ဖြစ်၏။ ထို့အတူ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေကြသော တိုင်းရင်းသားလက်နက်ကိုင်များ အနေနှင့်လည်း မိမိအခြေပြုရာ နယ်စပ်ရှိ နိုင်ငံများနှင့်ကင်း၍မရ၊ မပတ်သက်ချင်၍မရပေ။ ဤသို့သော အခြေအနေသည် တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်း ရပ်တည်မှုအတွက် ရွေးချယ်ရန်လွယ်ကူသော်လည်း စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး စုစည်းရာတွင်လည်းကောင်း၊ မြောက်ပိုင်းရော တောင်ပိုင်းပါ ဆက်နွယ်နေသည့် ပြည်မဒီမိုကရေစီ လက်နက်ကိုင်အင်အားစုများ အတွက်လည်းကောင်း အတိမ်းအစောင်းမခံသည့် ပုစ္ဆာတပုဒ်ဖြစ်နေ၏။

    အမေရိကန်ရော တရုတ်ပါ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဩဇာတည်ဆောက်ရန် ကြိုးစားနေကြသည်သာ ဖြစ်၏။ ထို့အတူ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေကြသော တိုင်းရင်းသားလက်နက်ကိုင်များ အနေနှင့်လည်း မိမိအခြေပြုရာ နယ်စပ်ရှိ နိုင်ငံများနှင့်ကင်း၍မရ၊ မပတ်သက်ချင်၍မရပေ။

အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် တရုတ်ကြား ထိုင်ဝမ်ပြဿနာ၊ တောင်တရုတ်ပင်လယ်ပြဿနာတို့နှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေသည့်အပြင် အမေရိကန် ကောင်းကင်ယံတွင် တွေ့ရသည့် တရုတ်မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချပြီးနောက် တင်းမာမှု ပို၍မြင့်တက်နေသည့်ကာလ ဖြစ်သည်။

သို့ဖြစ်ရာ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုသည် အမေရိကန်နှင့် တရုတ် အင်အားကြီးနိုင်ငံနှစ်ခု၏ အားပြိုင်မှုကြားတွင် ရောက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။ တောင်ပိုင်းရှိ လူထုအား အမေရိကန်ကကူ၊ မြောက်ပိုင်းရှိ လူထုအား တရုတ်ကကူညီဟု ရိုးရိုးသာ တွက်ချက်၍ရနိုင်ပါက ပြဿနာမကြီးလှပေ။ ပြဿနာကား ဤမျှလောက် ရိုးစင်းနိုင်ဖွယ်ရာ မရှိပေ။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် မြန်မာပြည်လူထုသည် ပြိုင်ဆိုင်မှု အားကြီးသော နိုင်ငံကြီးနှစ်ခုကြားတွင် ရောက်နေသည်ကတော့ ပကတိတရား ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံငယ်များအတွက် ဘက်မလိုက်ဝါဒ၊ ကြားနေရေးဝါဒသည် သင့်လျော်သည်ဟု ဆိုကြခြင်းဖြစ်၏။

မြန်မာလူထု၏ လက်နက်ကိုင်ခုခံစစ်ပွဲနှင့်အတူ လိမ္မာပါးနပ်သော၊ ပျော့ပျောင်းသော နိုင်ငံခြားရေးရာပေါ်လစီနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုသည်လည်း နွေဦးတော်လှန်ရေးတွင် လိုအပ်ပေလိမ့်မည်။

သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

ဆက်ဖတ်ရန် →
သန်းခေါင်စာရင်း ပြန်လည်ကောက်ယူဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော

သန်းခေါင်စာရင်း ပြန်လည်ကောက်ယူဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော

၂၄ ဖေဖော်ဝါရီ ၂၀၂၃ BBC


ဓာတ်ပုံ ရင်းမြစ်, AFP

နောက်ဆုံးသန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဆယ်နှစ်နီးပါးကြာပြီဖြစ်လို့ စာရင်းဇယားအချက်အလက်တွေ မှန်ကန်စေဖို့အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူဖို့ လိုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဝင်အသစ်တွေနဲ့ ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာ ထည့်ပြောပါတယ်။

ဒီလိုပြန်လည်ကောက်ယူမှသာ မဲစာရင်းတွေကို မှန်ကန်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌက ချိတ်ဆက်ပြောဆိုပြီး မဲစာရင်းမှန်အောင် လိုအပ်တာတွေလုပ်ဖို့ အချိန်လိုနေသေးတယ်လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေ တိကျမှန်ကန်မှု အားနည်းနေမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တာဖြစ်လို့ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းပြန်ကောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

နိုင်ငံရေးပါတီတွေအတွက် လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုအပ်နေသေးသလို နိုင်ငံရေးပါတီတွေနဲ့ ပါတီဦးဆောင်သူတွေရဲ့ အခြေအနေကို ပြည်သူတွေ လေ့လာနိုင်အောင်လည်း အချိန်တစ်ခုပေးဖို့ လိုနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။

အရေးပေါ်ကာလသက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့လို့ ဝေဖန်၊တုံ့ပြန်ချက်တွေနဲ့ လိုအင်ဆန္ဒတွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့၊တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ကုန်ဈေးနှုန်းကျအောင် လုပ်ပေးဖို့ ဆိုတဲ့ အချက် ၃ ချက်က အဓိကဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုမဲစာရင်းမှန်ကန်ဖို့လိုတယ်ဆိုပြီး သန်းခေါင်းစာရင်းကောက်ယူမှုနဲ့ချိတ်ဆက်ပြောကြားသွားတာဖြစ်လို့ စစ်ကောင်စီက ကျင်းပမယ်ဆိုပြီးပြောနေတဲ့ ရွေးကောက်ပွဲဟာ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပနိုင်ဖို့အခြေအနေ မရှိနိုင်သေးကြောင်း ခန့်မှန်းပြောဆိုတာတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့စစ်ကောင်စီရဲ့ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ NUG က လက်မခံကြောင်း ပြောကြားထားသလို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပဖို့ တရားဝင်မှုမရှိကြောင်း ပြောကြားထားပါတယ်။

 
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လျှောက်ထားမှုတွေ ပြန်လည်စတင်

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရုံးတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဇန်နဝါရီလဆန်းပိုင်းကစလို့ ယာယီပိတ်ထားခဲ့ရာကနေ နှစ်လနီးပါးအကြာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်လျှောက်ထားခွင့်ပြုခဲ့ပါတယ်။

ရန်ကုန်မှာတော့ ပတ်စ်ပို့်ရုံးကိုဖွင့်လှစ်လိုက်တာမျိုးမဟုတ်ဘဲ အွန်လိုင်းကနေ ဘွတ်ကင်စနစ်နဲ့ လျှောက်ထားခွင့်ပြုခဲ့တာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကို ပေးသွင်းရမယ့် ငွေကျပ် ၃၅၀၀၀ ကိုလည်း အွန်လိုင်းကနေ တစ်ပါတည်းပေးချေတဲ့စနစ်နဲ့ လျှောက်ထားစေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် စက်မှု ၁ လမ်းမကြီးမှာ ရှိတဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ System အဆင့်မြှင့်မှာဖြစ်လို့ ရုံးကိုခေတ္တပိတ်ထားမယ်လို့ ရုံးရှေ့မှာ ဗီနိုင်းထောင် ကြေညာထားခဲ့ပါတယ်။

ဒါကြောင့် ပြည်ပကို အရေးပေါ်ထွက်ခွာဖို့ ရှိတဲ့ ကျောင်းသားတွေ ကျန်းမာရေးကုသမှုခံယူသူတွေ အပါအဝင် သက်တမ်းတိုးဖို့ရှိသူတွေပါ အခက်တွေ့ခဲ့ကြပါတယ်။

ကျန်ရုံးခွဲတွေကိုတော့ ရုံးဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။


ပြောင်းလဲ သတ်မှတ်လိုက်တဲ့ ၆၅ / ၃၅ ရာခိုင်နှုန်းကြောင့် ဆန်စျေးကွက် အပြောင်းအလဲ ဘာတွေ ဖြစ်လာနိုင်လဲ


နယ်စပ် ကုန်သွယ်‌ရေးကဏ္ဍမှာ ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုကနေ ရရှိတဲ့ ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်နေ့မှစပြီး ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ပြန်လည်လဲလှယ်ရမှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆန် က နယ်စပ်ကုန်သွယ်‌ရေးရဲ့ ပို့ကုန်ရငွေ အားလုံးကို ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ဘဏ်တွေမှာ ပြင်ပပေါက်စျေးအတိုင်း လဲလှယ်ခွင့် ရရှိနေပြီး လာမယ့် မတ်လ ၁ ရက်နေ့က စတင်ပြီး ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်အောက် ဗဟိုဘဏ် သတ်မှတ်ချက် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်ရမှာ ဖြစ်ပြီး ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်စျေးနဲ့ လဲလှယ်ခွင့်ရရှိတော့ မှာ ဖြစ်ပါတယ်။

“ ဒီပုံစံအတိုင်းဆိုရင် ပို့မယ့်သူနည်းသွားပြီး ဆန်တွေ စျေးပြန်ကျလာနိုင်တယ်ပေါ့။ အကြမ်းဖျင်းတော့ အဲဒီလို ပြောလို့ရပါတယ်။ ဒါပေမဲ့ ဆန်စျေးတက်တာက အိတ်စ်ပို့ တစ်ခုတည်းကြောင့်တော့ ပြောလို့ တော့ မရသေးပါဘူး။ လက်ရှိမှာက ၁၀၀ ရာခိုင်နှုန်းအပြည့်ရနေတဲ့အပြင် စရံငွေနဲ့သွားတာ ခွင့်ပြုထားတာတွေကလည်း ရှိနေပါတယ်။ ဒါပေမဲ့ အခုလို ၆၅/ ၃၅ သတ်မှတ်ချက်ကြောင့် နယ်စပ်က ဆန်၊ ဆန်ကွဲ ရောင်းချသူတွေ အခက်အခဲတော့ ဖြစ်နိုင်တယ် “ လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၂၉၀၀ ကျပ် နီးပါးနဲ့ အရောင်းအဝယ် ပြုလုပ်နေကြ တဲ့အတွက် တစ်ဒေါ်လာကို ငွေကျပ် ၈၀၀ နီးပါး စျေးကွာဟနေတာလည်း ဖြစ်ပါတယ်။

လက်ရှိဖေဖော်ဝါရီလကုန်ပိုင်းမှာ ဆန်အမျိုးအစားအလိုက် ၂၄ ပြည်ဝင် တစ်အိတ်ကို ငွေကျပ် တစ်သောင်းကျော်ကနေ နှစ်သောင်းကျော်အထိ စျေးတက်သွားပါတယ်။

အခုလို ထုတ်ပြန်ချက်ကြောင့် စျေးကွက်အတွင်းမှာ ဆန်စျေးနှုန်းကျဆင်းနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပေမဲ့ လက်ရှိအချိန်အထိတော့ ဆန်စျေးက အမြင့်မှာပဲ ဆက်လက် ရှိနေတာကို တွေ့ရပါတယ်။

တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆန်စပါးဝမ်းစာ ဖူလုံမှုထက်ကျော်လွန်ပေမဲ့ အချို့ဒေသတွေမှာ ဖူလုံမှု မရှိသည်ကို တွေ့ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌ က ပြောကြားထားပါတယ်။


ကျိုက်ထိုနယ်ထဲ ကျောင်းအုပ်ဆရာမတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာမှာ မနေ့က ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ကျောင်းအုပ်ဆရာမတစ်ဦး သေနတ်နဲ့အချက်များစွာပစ်ခတ်ခံရလို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

သေဆုံးသူဆရာမဟာ တဂေးချောင်းဖျား-ငှက်ပျောတော သွားကားလမ်းဘေးမှာ‌ ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရပြီး ‌ကျောင်းကနေဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက် ပစ်သတ်ခံရတာလို့မြေပြင်အခြေအနေသိရှိသူတချို့ကပြောပါတယ်။

'' ကျောင်း‌ကနေ ဆရာမ ၃ယောက်ကို လူ ၄ယောက်ကလာ ခေါ်သွားတယ်။ ဆရာမ ၂ယောက်ကိုပြန်လွှတ်ပေးပြီး အခုသေတဲ့ဆရာမကို ပစ်ခဲ့တာ‌ပေါ့။ ဘာလို့သတ်ခံရတယ်ဆိုတာကို တိတိကျကျသိရတာမရှိဘူး။ ဆရာမ အမျိုးသားကဆုံးထားတာမကြာသေးဘူး။ ကလေး ၂ယောက်ရှိတယ်ကြားတယ်'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူ ကျောင်းအုပ်ဆရာမကြီးနာမည်က ဒေါ်နွယ်နွယ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး တဂေးချောင်းမူလတန်းကျောင်းမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင်နေတာလို့ဆိုပါတယ်။

အခုလို ကျိုက်ထိုနယ်ထဲ ကျောင်းဆရာမတစ်ဦး ပစ်ခတ်ခံရမှုဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီသတင်းတွေကိုဖော်ပြနေတဲ့တယ်လီဂရန်ချန်နယ်မှာ သေဆုံးသူကျောင်းအုပ်ဆရာမအိမ်ကို နယ်မြေခံ စစ်ကောင်စီအရာရှိတချို့က ‌အကူညီပေးတာ‌တချို့ လုပ်ပေး‌တဲ့ပုံတွေကိုဖော်ပြနေပြီး ပစ်ခတ်မှုကို ဒေသအခြေစိုက် PDFအဖွဲ့က လုပ်တယ်ဆိုပြီး ဖော်ပြနေကြပါတယ်။ ကျိုက်ထိုဒေသကာကွယ်ရေးအဖွဲ့တွေကတော့ ကျောင်းအုပ်ဆရာမသေဆုံးမှုနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။


ပြည်တွင်းမှာ ဖေ့စ်ဘွတ်အကောင့်တချို့ လော့ခ်ချခံရ၊ အကောင့်တချို့ ဟက်ခ်ခံရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေ



အခုရက်ပိုင်း မြန်မာပြည်တွင်းက ဖေ့စ်ဘွတ်အကောင့်တချို့ လော့ခ်ကျတာတွေ၊ အကောင့်တချို့ဆိုရင် ဟက်ခ်ဖို့ ကြိုးစားခံရတာတွေ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။

မိမိတို့သုံးစွဲတဲ့အကောင့်မှာ မသင်္ကာဖွယ်ရာပုံမှန်မဟုတ်တဲ့အပြုအမူတွေကြုံတွေ့ရတာကြောင့် အကောင့်ကို လော့ခ်ချထားလိုက်တယ်ဆိုပြီး အကြောင်းကြားမှုတွေကို လက်ခံရရှိတဲ့လူမှုကွန်ရက်သုံးစွဲသူတချို့က မျှဝေထားတာကိုလည်းတွေ့လာနေရပါတယ်။

ဒါ့အပြင် တချို့လူမှုကွန်ရက်အကောင့်တွေဆိုရင် ဟက်ခ်ခံခဲ့ရတာတွေရှိသလို တချို့အကောင့်တွေကတော့ အကောင့်ကိုရယူဖို့ မိမိတို့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ချိတ်ဆက်ထားတဲ့ အီးမေးလ်တွေနဲ့ ဖုန်းနံပါတ်တွေဆီကို ကုတ်နံပါတ်တွေ ဆက်တိုက်ဆိုသလို ပေးပို့တာတွေရှိနေပါတယ်။

ဒါကြောင့် မိမိတို့အကောင့် လုံခြုံရေးအတွက် Two step authentification အဆင့်နှစ်ဆင့်ထားပြီး အကောင့်တွေကို သုံးစွဲကြဖို့၊ လူမှုကွန်ရက်သုံးစွဲတဲ့အခါ VPN ခံပြီး သုံးကြဖို့နဲ့ ပေးပို့လာတဲ့ လင့်ခ်တွေကိုအလွယ်တကူမနှိပ်ကြဖို့ အချင်းချင်းမျှဝေပြောကြားတာတွေလည်းရှိနေပါတယ်။

ဒီရက်ပိုင်း လူမှုကွန်ရက်သုံးစွဲရတဲ့အတွေ့အကြုံနဲ့ အခုလို အကောင့်တွေလော့ခ်ချခံရတဲ့ ဖြစ်စဥ်၊ အကောင့်တချို့ ဟက်ခ်ဖို့ ကြိုးစားခံရတဲ့အတွေ့အကြုံတွေရှိရင် မှတ်ချက်မှာလာရောက်မျှဝေဖို့ ဖိတ်ခေါ်အပ်ပါတယ်။


ဖမ်းဆီးခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို လွှတ်ပေးဖို့ အမေရိကန်ထပ်တောင်းဆို

ကချင်နှစ်ခြင်းအသင်းတော် KBC ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားတဲ့အမှုတွေကို ပယ်ဖျက်ပေးဖို့ အမေရိကန်က ထပ်မံတောင်းဆိုလိုက်တဲ့ အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

"ထင်ရှားတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ရှုတ်ချပါတယ်" လို့ အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ နထ်ပရိုက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒေါက်တာရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်လည်း အမေရိကန်စိုးရိမ်နေသလို အခုတောင်းဆိုမှုကိုလည်း အမေရိကန်ရဲ့ မိတ်ဖက်တွေလည်းပူးပေါင်းပါဝင်ဖို့ နထ်ပရိုက်က ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖေဖော်ဝါရီ ၂၁ရက်က မြစ်ကြီးနားအကျဉ်းထောင်ထဲက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

စစ်ကောင်စီက သူ့ကိုမတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ၁၇ (၁) နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်ဥပဒေ ပုဒ်မ၅၂ (က)နဲ့ပါ ပြီးခဲ့တဲ့ရက်ပိုင်းက အမှုထပ်တိုးခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံရေးအရ လှုံဆော်တာကြောင့်ဆိုပြီး စစ်ကောင်စီကနေ စွဲဆိုထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးသင့်ကြောင့် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch ကပါ မနေ့ ဖေဖော်ဝါရီ ၂၃ ရက်က တိုက်တွန်းထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၁၉ ခုနှစ်ကလည်း အမေရိကန်သမ္မတ ထရမ့်နဲ့ တွေ့ဆုံချိန် မြန်မာမှာ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် ဘာသာရေး ဖိနှိပ်မှုတွေ ရှိနေတဲ့အကြောင်း ပြောကြားခဲ့တာကြောင့် စစ်တပ်ရဲ့ တရားစွဲဆိုမှုကိုခံရပြီး နောက်ပိုင်းမှာ အမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။


ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု မဇွပ်ယန်ရွာမှာ ဒီမနက် လက်နက်ကြီး ၃ လုံးကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ရွာ မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပြီး လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ လုံးခင်း မဇွပ်ယန်ရွာ ထဲကို လက်နက်ကြီး ၃ကြိမ် ကျခဲ့တာပါ။ လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ် နှစ်လုံး ထိမှန်ခဲ့သလို ဒေသခံ အမျိုးသမီး တစ်ဦးလည်း ထိမှန်ခဲ့လို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်သူဟာ မဇွပ်ယန်ကျေးရွာက ဒေါ်လခိဂျာအန့်ဖြစ်ပြီး ကလေးနှစ်ယောက်မိခင်ဖြစ်တယ်လို့ သိရပါတယ်။

“ ဒီမနက်မှာ လက်နက်ကျတာပါ။ ကျွန်တော်နေတဲ့ရွာမှာ ဟုတ်တယ်။ လက်နက်ကြီးတွေက ရွာက အိမ်နှစ်လုံးကိုလည်း ထိတယ်။ အမျိုးသမီး တစ်ယောက်ကတော့ လက်နက်ကြီးထိပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်”လို့ မဇွပ်ယန်ဒေသခံကပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နဲ့ နိုဝင်ဘာလောက်မှာ လက်နက်ကြီးတွေမကြာခဏ ကျတဲ့ရွာလည်းဖြစ်သလို ၂၀၂၃ ခုနှစ် ဒီနှစ်မှာတော့ ပထမဦးဆုံးအနေနဲ့ဒီရွာကို လက်နက်ကြီး ၃ ကြိမ် ကျတာဖြစ်တယ်လို့မဇွပ်ယန်ဒေသခံကပြောပါတယ်။


ပုဒ်မ ၃ ခုနဲ့ စစ်ကောင်စီ တရားစွဲထားတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ် မိသားစုနဲ့တွေ့ခွင့်မရ



အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံရတဲ့ ခလမ်ဆမ်ဆွမ် မိသားစုနဲ့တွေ့ခွင့်မရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်က ထိုင်းနိုင်ငံကို ဆေးကုသွားဖို့ ထွက်ခွာစဥ်မှာ အဖမ်းခံရတာဖြစ်ပြီး မြစ်ကြီးနား အကျဉ်းထောင်မှာချုပ်နှောင်ခံထားရတာ အမှုရင်ဆိုင်နေရတာ ၂ ကျော်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရုံးချိန်းမှာတော့ တရား စွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီးလျှောက်လဲချက်တွေ ပေးခဲ့တယ်လို့သိရပါတယ်။

“မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ကျတော့ စွဲချက်မတင်သင့်ကြောင်လျှောက်လဲ ချက်ပေးထားတယ်။ ၅၀၅ (က) ကလည်း စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက်ပေးထားတယ်။ ၅၂ (က) အကြမ်းဖက်ဥပဒေ ပုဒ်မကတော့ တရားလိုနဲ့ လိုပြသက်သေ၂ ယောက်ကိုစစ်ပြီးပြီ စုစုပေါင်း ရုံးချိန်းက ၆ ချိန်းလောက်ရှိပြီ။ နောက်ထပ်ရုံးချိန်းက ဒီလကုန် ၂၈ ရက်နေ့ပါ။ ထပ်တိုးလိုက်တဲ့ ၅၂ (က)ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က အမှုစတင်လိုက်တာ ဖြစ်တယ်" လို့ ဆရာခလမ်ဆမ်ဆွမ် အသိုင်းအဝန်းက နီးစပ်သူကပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၈ ရက် ရုံးချိန်းမှာတော့ လျှောက်လဲချက်ပေးထားတဲ့အမှုနှစ်ခုကို စွဲချက်တင်ဖို့သင့်မသင့်အမိန့်ချမှတ်ဖွယ်ရှိနေတယ်လို့ခန့်မှန်းရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ အခုထိ မိသားစုနဲ့တွေ့ခွင့်လည်းမရသေးဘူးလို့ သိရပါတယ်။

KBC ဥက္ကဌ (ဟောင်း) ဒေါက်တာခလမ်ဆမ်ဆွမ်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ၁၇ (၁) နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲဆိုခံထားရပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းမှာတော့ ထပ်တိုးအမှုအနေနဲ့ အကြမ်းဖက်ဥပဒေ ပုဒ်မ၅၂ (က)နဲ့ မြစ်ကြီးနားအကျဉ်းထောင်ကနေ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ်ကို ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကိုသွားရောက်ပြီး အဲဒီက ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာကြောင့် ဆိုပြီး အခုလို ပုဒ်မတွေတပ်ကာ တရားစွဲဆိုခြင်းခံရတယ်လို့သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာမှာ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် ဘာသာရေး ဖိနှိပ်မှုတွေ ရှိနေတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အိမ်ဖြူတော်မှာ တွေ့ဆုံစဥ် ပြောကြားခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ အရာရှိတစ်ဦးက တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ အမှုရုပ်သိမ်းတာကိုခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Human Rights Watch အဖွဲ့ကတော့ ဒေါက်တာခလမ်ဆမ်ဆွမ် စစ်တပ်က နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းသင့်ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဆက်ဖတ်ရန် →
 ပတ်စ်ပို့ Online Booking ပထမဆုံးနေ့ လျှောက်သူများပြီး ဝက်ဘ်ဆိုက်ဝင်မရသဖြင့် အခက်ကြုံ

ပတ်စ်ပို့ Online Booking ပထမဆုံးနေ့ လျှောက်သူများပြီး ဝက်ဘ်ဆိုက်ဝင်မရသဖြင့် အခက်ကြုံ


Published By lusane | 24 February, 2023 DVB


တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို အချိန် ၁ လကျော်ကြာ ပိတ်ခဲ့ပြီးနောက် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ ပတ်စ်ပို့လုပ်မယ့်သူတွေဟာ အွန်လိုင်းကတဆင့် လျှောက်နိုင်ပြီး ပထမဆုံး ဖွင့်နေ့မှာပဲ လျှောက်တဲ့သူ များတာကြောင့် ဝက်ဘ်ဆိုက်ဝင်မရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။

အွန်လိုင်းကတဆင့် ကိုယ်တိုင် လျှောက်ထားသူ တဦးကတော့ မနက် ၇ နာရီလောက်ကတည်းက ပတ်စ်ပို့ရုံး ဝက်ဘ်ဆိုက်မှာ လျှောက်ဖို့ စောင့်ဆိုင်းခဲ့ပြီး၊ လျှောက်တဲ့သူ များတာကြောင့် မနက် ၁၀ နာရီလောက်မှာ ဝင်လို့ ရတယ်လို့ ပတ်စ်ပို့ လျှောက်ထားသူတဦးက ပြောပါတယ်။

"ခက်တယ်ဆိုတာ တော်တော်ဝင်ရတယ်။ အကြာကြီး ထိုင်စောင့်ပြီးတော့ Refresh ထိုင်နှိပ်နေရတာ သူ့ ပေ့ချ်ကို။ ကျနော်တို့ နာမည်နဲ့ အီးမေးလ် ဝင်ပြီးတော့ ဟိုဘက်ကို ထပ်သွားဖို့ တော်တော်ကြာတာ စောင့်ရတာ။ ကိုယ်ရေးအချက်အလက်က ၃ ဆင့်လောက် ဖြည့်ရတယ်။ အကုန်ဖြည့်စရာ မလိုဘူး။ ပြီးရင် Application Form လေးဖြည့်ပြီး ယူသွားရုံပဲ။ လိုအပ်တာတွေပဲ ဖြည့်ပေါ့။ ငွေက ၃ သောင်းခွဲ၊ အပြီးအစီး ချေပြီးတာ။ ထပ်ပေးစရာ မလိုဘူး။ အရင်ကလည်း QR တင်တာ ခက်တယ်။ ဒီနေ့က လျှောက်တဲ့လူ တအားများတော့ ဝင်ရတာ တအားကျပ်နေတာ။ ကျနော်တောင် မနက် ၇ နာရီလောက်က ဝင်တာ။ ၁၀ နာရီလောက်မှ ရတယ်။"

Online Booking စနစ်အသစ်ကို ရန်ကုန်မြို့ ပတ်စ်ပို့ရုံးမှာပဲ ခွင့်ပြုထားပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရုံးခွဲတွေမှာတော့ အရင် လျှောက်နေကျ ပုံစံအတိုင်း တိုကင်ယူ၊ ရက်ချိန်းအတိုင်း လာရောက် လုပ်တဲ့ ပုံစံနဲ့ ပြုလုပ်ရမှာပါ။

ဘွတ်ကင် စနစ်သစ်ကို အချိန် အကန့်အသတ်မရှိ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ် နှုန်းထားအတိုင်း တပါတည်း ပေးချေရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ငွေပေးချေစနစ်ကိုတော့ KBZ Pay, MPU ဘဏ်ကတ်တို့နဲ့ ပေးချေနိုင်ပြီး ကုန်ကျစရိတ်အနေနဲ့ စာအုပ်အသစ်နဲ့ သက်တမ်းတိုးအတွက် ၃၅,၀၀၀ ကျပ်၊ ပျောက်ဆုံး ပျက်စီးအတွက် ၇၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

"ဝက်ဆိုက်က ဝင်တဲ့သူများတဲ့အတွက် ကျပ်နေပုံရတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ Refresh ခဏခဏ ပြန်လုပ်ရတယ်။ အဲဒီအပေါ်မှာ တော်တော်လေး စိတ်ညစ်ရတယ်။ အရင်တခေါက် QR စနစ်တုန်းကတော့ QR ကုန်တာတွေ များတယ်။ QR ရတယ်ဆိုတာ ရှားတယ်။ ပွဲစားတွေကို အပ်ရတယ်။ အွန်လိုင်းစနစ်သစ် ပြောင်းလိုက်တဲ့အပေါ် အဆင်ပြေတဲ့သူကတော့ ပြေတာ ကြားတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့်တော့ မပြေတဲ့သူများတယ်။ ကျနော်တို့ကသာ စိတ်ချစွာ ငွေလွှဲလိုက်ပေမယ့် မဖြစ်မနေ ငွေလွှဲလျှောက်တဲ့သူတိုင်း၊ ရက်ချိန်းရတဲ့သူတိုင်း သူတို့ စာအုပ် ထုတ်ပေးနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ တကယ် ပတ်စ်ပို့ရုံးကို သွားလုပ်တဲ့အချိန် အားလုံး အဆင်ပြေပြေဖြစ်ဖို့ မျှော်လင့်ပါတယ်"လို့ ပတ်စ်ပို့ လျှောက်ထားသူ ကိုပြည့်ဖြိုး (အမည်လွှဲ)က ဒီဗွီဘီကို ပြောပါတယ်။

ဘွတ်ကင် စနစ်သစ်ကို ၂၄ နာရီ အချိန်မရွေး ပြုလုပ်နိုင်ပြီး လတ်တလောမှာတော့ ပတ်စ်ပို့ရုံး ဝက်ဆိုက်ကို ဝင်ရောက်သူများတာကြောင့် ရှေ့ဆက်မရဘဲ ငွေသွင်းတဲ့အဆင့်မှာ ကြန့်ကြာနေတယ်လို့ ကိုယ်တိုင် လျှောက်ထားသူတွေက ပြောပါတယ်။

အွန်လိုင်း ဘွတ်ကင် စနစ်သစ်ဟာ အချိန်ကုန် သက်သာအောင်နဲ့ ငွေကုန်ကြေးကျ နည်းပါးအောင် စီစဉ်ထားတယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် လက်တွေ့မှာတော့ လျှောက်တဲ့သူ များတာကြောင့် ဝက်ဆိုက်ဝင်မရတဲ့ အခက်အခဲအပြင် နည်းပညာ မကျွမ်းကျင်သူတွေဟာ ပွဲစားတွေကတဆင့် ဝယ်ယူရတဲ့ အခြေအနေတွေ ရှိနေပါတယ်။


 

ဆက်ဖတ်ရန် →
 ကုန်ဈေးနှုန်းများတက်နေရတာ ယခင်အစိုးရကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဝေဖန်

ကုန်ဈေးနှုန်းများတက်နေရတာ ယခင်အစိုးရကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဝေဖန်

Published By DVB | 24 February, 2023

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေများပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့ကာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လက်အောက်ခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ အရင်အစိုးရလက်ထက်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေ များပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ ယူဆချက်ဟာ ကျိုးကြောင်းမှန်ကန်မှု မရှိတဲ့အကြောင်း သုတေသီတွေက တုံ့ပြန် ထောက်ပြထားပါတယ်။

မက္ကရိုဘောဂဗေဒပညာရှင်တဦးက “ဖွံ့ဖြိုးဆဲနိုင်ငံမှာ သွင်းကုန်ကများမယ်၊ ပို့ကုန်က နည်းမယ်၊ ဒါက သဘာဝပဲ။ ဒါပေမဲ့ သူ့မှာ သတ်မှတ်ထားတဲ့ဟာ ရှိတယ်။ ဘာလဲဆိုရင် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး လိုငွေပြတာက တိုင်းပြည်ရဲ့ ဂျီဒီပီ  ၅ ရာခိုင်နှုန်းထက် မကျော်ရဘူး။ အဲဒီသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် မကျော်ရင် တိုင်းပြည်စီးပွားရေးဟာ အန္တရာယ်မရှိဘူး။ ပြီးတော့ သူတို့တွက်သလို ကုန်သွယ်မှုစာရင်း တခုတည်းနဲ့ ကြည့်လို့မရဘူး။ Balance Of Payment (BOP) လို့ခေါ်တဲ့ သာမန်စာရင်းနဲ့ ငွေလုံးငွေရင်း စာရင်းကို ကြည့်ပြီး တွက်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သာမန်စာရင်းဆိုတာက ကုန်သွယ်ရေးစာရင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်တွေဟာ များသောအားဖြင့် ကုန်သွယ်မှုလိုငွေ အနုတ်လက္ခဏာ ပြပါတယ်။ ဒါပေမဲ့ ငွေလုံးငွေရင်း စာရင်းထဲမှာ ပြည်ပကဝင်ရောက်လာတဲ့ FDI နဲ့ ODA တွေ ဝင်လာတဲ့အခါ အပေါင်းလက္ခဏာ အသွင်ရှိလာပါတယ်။

“ဒါကြောင့် ဒီစာရင်းနှစ်ခုမှာ သာမန်စာရင်းက နည်းပြီး ငွေလုံးငွေရင်းစာရင်းက များနေတယ်ဆိုရင် အပေါင်းလက္ခဏာပေါ့။ ဒါမှမဟုတ် ငွေလုံးငွေရင်းစာရင်းက နည်းနေပြီး သာမန်စာရင်းက များနေရင် BOP မှာ အနုတ်လက္ခဏာ ပြတယ်။ ဒါပေမဲ့ အဲဒါလည်း တိုင်းပြည်ရဲ့ ဂျီဒီပီ ၅ ရာခိုင်နှုန်း မကျော်ရင် ရတယ်။ NLD အစိုးရလက်ထက်မှာ တိုင်းပြည်က ပုံရိပ်ကောင်းတဲ့အတွက် ငွေလုံးငွေရင်းစာရင်းထဲမှာ FDI နဲ့ ODA နှစ်ခုစလုံးဝင်လာလို့ အပေါင်းလက္ခဏာ ရှိခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ပုံရိပ်မကောင်းလို့ အနုတ်လက္ခဏာ ရှိနေတာလေ။ ဒီတော့ တိုင်းပြည်စီးပွားရေး ကျဆင်းရတာ ဘယ်သူ့ကြောင့်လဲဆိုတာ ရှင်းရှင်းလင်းလင်းပါ။”

ဒါပေမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ လက်ရှိအခြေအနေကို မျက်ကွယ်ပြုထားပြီး နိုင်ငံ့ဝင်ငွေ တိုးတက်စေရေးအတွက် ဆိုကာ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးကို အားပေးဆောင်ရွက်နေကြောင်းနဲ့ ဒါမှသာ ကုန်ဈေးနှုန်းလည်း ကျဆင်းလာမယ်လို့ ယူဆထားတဲ့အပေါ် မေးစရာ ရှိလာပါတယ်။

စီးပွားရေးသုတေသီတဦးက “သူတို့ အခုလုပ်နေတာက သွင်းကုန်အစားထိုး ပေါ်လစီပေါ့ဗျာ။ ဒါပေမဲ့ သူ့စက်ရုံက အခုမှ ဆောက်တုန်းလေ။ ပိုဆိုးတာက လျှပ်စစ်မီးက မမှန်နဲ့ဆိုတော့ အဲဒီစက်ရုံကနေ သွင်းကုန်အစားထိုး လုပ်နိုင်ဖို့က နောက် ၅ နှစ် ကြာရင်ကြာဦးမယ်။ ၁၀ နှစ် ကြာရင် ကြာဦးမယ်။ ဒါပေမဲ့ လောလောဆယ်လိုတဲ့ ပစ္စည်းကို ဘယ်သူက ထုတ်ပေးမှာလဲ။ ပြည်ပက မသွင်းဘူးဆိုရင် အဲဒီ သွင်းကုန်အစားထိုးအတွက် မြန်မာပြည်မှာ ဘာပစ္စည်းရှိလဲ။ ဘာမှမရှိဘူး။ အကုန်လုံး ပြည်ပကနေ သွင်းနေရတာ။ အဲ့ဒါကို ပိတ်လိုက်တော့ အဲဒီ ကုန်ပစ္စည်းတွေက ရှားပါးလာတယ်။ တခါ ကုန်သည်ကတော့ မသွင်းရဘူးဆိုရင်လည်း မှောင်ခိုကနေ သွင်းမှာပဲ။ မှောင်ခိုကနေ သွင်းရတဲ့အတွက် ဒီပစ္စည်းက ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ဈေးကြီးသွားတယ်။ ဒါကို ဘယ်သူခံရလဲ။ ပြည်သူပဲခံရတာ။ ဈေးကွက်စီးပွားရေးဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပြီး သူ့ဘာသာ ဈေးကြီးရင်ကြီးမယ်။ အဲ့ဒါကို အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ပြီး ကုန်သွယ်ရေးမှာ လိုငွေပြလို့ လျှော့ပါဆိုပြီး လုပ်တော့ ပြည်တွင်းမှာ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံလာတယ်။ နောက်ဆုံး ကုန်ဈေးနှုန်း ကြီးမြင့်လာတယ်။ အဲ့ဒါက ဘယ်သူ့ကြောင့်ဖြစ်တာလဲ။ သူတို့ကြောင့် မဟုတ်ဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာပြည်တွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေပေမဲ့ ရရှိတဲ့လစာက ပြောင်းလဲမှုမရှိတာကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို့ လခစားဝန်ထမ်းတွေက ဆိုပါတယ်။

အခြေခံလစာ ၃ သိန်းဝန်းကျင်သာ ရရှိတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက “အရင်က အသင့်ဖျော် ကော်ဖီတထုပ်ကို ၁,၀၀၀ ဖိုးဝယ်ရင် ၁၁ ထုပ်ရတယ်။ အခုတော့ ၁,၀၀၀ ဖိုး ဝယ်ရင် ၄ ထုပ်ပဲ ရတယ်။ ဘယ်လောက်ကွာသွားလဲ၊ အဲဒီမှာသာကြည့်။ အဲဒီ့တော့ ကော်ဖီတထုပ်ကို နှစ်ခါခွဲပြီး သောက်နေရတယ်။ ဆိုင်မှာ လက်ဖက်ရည်သောက်ဖို့က တခွက်ကို ၁,၀၀၀ ဆိုတော့ မတတ်နိုင်ဘူး။ ဘဲဥ၊ ကြက်ဥ ဆိုရင်လည်း ဘဲဥက တလုံး ၃၅၀ နဲ့ ၄၀၀ ကျပ်ရှိပြီး ကြက်ဥက တလုံး ၂၅၀ နဲ့ ၃၀၀ ကျပ်ရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆို ဘာအရွက်ဝယ်ဝယ် အနည်းဆုံးက ၃၀၀ ကျပ် ပေးရတယ်။ အခုကာလက ဘဲဥ၊ ကြက်ဥ စားပြီး ချွေတာဖို့တောင် အနိုင်နိုင်။ ဘာလို့ဆို ဆီဈေး ဆန်ဈေးတွေက အရင်ထက် နှစ်ဆ တက်သွားတာလေ။ ကုန်ဈေးနှုန်းကသာ အခုလိုတက်လာတာ၊ ရတဲ့ လစာက တက်တာမဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့နဲ့ အဲဒီလို လုပ်ဆောင်ရာမှာလည်း ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးခြင်းဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာပြီး ဂျီဒီပီ တိုးတက်လာမှာဖြစ်လို့ မိမိတို့ရဲ့ လုပ်ဆောင်ချက်များဟာ သမိုင်းတခုကို တာဝန်ယူခြင်းဖြစ်တာကြောင့် မှတ်ကျောက်တင်ခံနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းမှုဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်က အနုတ် ၁၁ ရှိခဲ့ပေမဲ့ သူအာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် တိုင်းပြည်စီးပွားရေးဟာ အနုတ် ၁၈ အထိ စံချိန်တင် ကျဆင်းခဲ့ရတာကို မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။


ဆက်ဖတ်ရန် →
 ၈၈ မျိုးဆက် မနီလာသိန်းဦးဆောင်သည့် “Project ဝရဇိန်” ကမ်ပိန်းမှ ကန်ဒေါ်လာ ၁ သိန်းရရှိထား

၈၈ မျိုးဆက် မနီလာသိန်းဦးဆောင်သည့် “Project ဝရဇိန်” ကမ်ပိန်းမှ ကန်ဒေါ်လာ ၁ သိန်းရရှိထား

Published By lusane | 24 February, 2023 DVB

အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ဦးဆောင်တဲ့ “Project ဝရဇိန်” ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာ ၁ သိန်း ကနဦး ရရှိထားခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒီကမ်ပိန်းကတော့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်နေကြတဲ့ မြေပြင်တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေဆီ အဓိက ထောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ထောက် ပို့ပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်ထားတာပါ။

“တစ်သိန်းနော်… တစ်သိန်း… ဒေါ်လာတစ်သိန်း… အစက မျှော်လင့်သတ်မှတ်ထားတာ ၂ ပတ်မှာမှ ဒေါ်လာတစ်သိန်း… ခုတော့ ၇ ရက်နဲ့တင် ပထမအဆင့် တားကတ်ဖြစ်တဲ့ ဒေါ်လာတစ်သိန်း ပြည့်ပါပြီ… ကဲ… ဒုတိယအဆင့်ကို ဆက်သွားကြပါမယ်… 💪🏼💪🏼💪🏼”လို့ ဒို့ကမ်ပိန်းအဖွဲ့က နှိုးဆော်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင် ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ရရာနည်းလမ်းနဲ့ တိုက်ခိုက်ဖို့ရာမှာလည်း လိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

ပါဝင်ထောက်ပို့ပါဝင်လိုသူတွေ အနေနဲ့ ဖော်ပြပါ နိုင်ငံအလိုက် ဖေ့စ်ဘွတ်ခ်လင့်ခ်တွေကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Myanmar (MMK & DMMK)
https://www.facebook.com/100087744463246/posts/141765625424919/


Asia & Australia, Newzeland ((AUD, BND, JPY, SGD, MYR, NZD, TWD, THB)
https://www.facebook.com/100087744463246/posts/141768122091336/

Europe, America (CAD, EUR, GBP, USD)

ဆက်ဖတ်ရန် →
 စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃၀၃၀ အထိရှိလာ

စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃၀၃၀ အထိရှိလာ

Published By lusane | 24 February, 2023 DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၀၃၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၈၆၆ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော် ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၀၀၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၄,၅၆၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာမှာ နေထိုင်တဲ့  ကိုကျောက်ခဲ၊ ကိုမြတ်ဖြိုးရွှေ၊ ကိုအာနိုး၊ ကိုလှတိုးနဲ့ ကိုကျော်ဇင်ထွန်းတို့ဟာ ဂျုံတွေကို ချောင်းဦးမြို့ ပေါ်က နဂါးနီပွဲရုံမှာ ရောင်းချနေချိန် ချောင်းဦးရဲစခန်းက ရဲတွေ ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပိုင်ဆိုင်တဲ့ ဂျုံတွေလို့ စွပ်စွဲကာ သူတို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် ဂျုံရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော်နဲ့ ထော်လာဂျီ ၂ စီးကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မနက် ၁၁ နာရီလောက်ကလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဇာဒီကျေးရွာမှာ နေထိုင်တဲ့ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ ကိုမင်း မင်းဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ရေဖြူမြို့နယ်က မောရဝတီရေတပ်ကို ခေါ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။


ဆက်ဖတ်ရန် →
AA ထိန်းချုပ်မှုမဲ့ ရခိုင်ဒေသတချို့ ဥပဒေစိုးမိုးမှုအားနည်းလာ

AA ထိန်းချုပ်မှုမဲ့ ရခိုင်ဒေသတချို့ ဥပဒေစိုးမိုးမှုအားနည်းလာ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေ အပါအဝင် မြို့နယ်တချို့မှာ ပစ္စည်းလုယက်ခံရတွေ၊ ဓားပြတိုက်ခံရတာတွေနဲ့ အသတ်ခံရတာတွေ ဒီလအတွင်းတိုးလာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုမြင့် တက်နေပါတယ်။ အထူးသဖြင့်တော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ လက်လှမ်းမမှီတဲ့ နေရာတွေမှာ ဖြစ်နေပြီး၊ စစ်ကောင်စီရဲ့ တရားဥပဒေစိုးမိုးမှု မရှိသလောက် နည်းပါးလာနေတာလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီအဓိက ထိန်းချုပ်ထားတဲ့ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ အသတ်ခံရတာ၊ ဓားပြတိုက်ခံရတာ၊ ပစ္စည်းခိုးယူခံရတာတွေနဲ့ လူပြတ်တဲ့နေရာတွေမှာ ပစ္စည်းလုယက်ခံရတာတွေ တိုးလာနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။

စစ်တွေမြို့ပေါ်မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်း ရာဇဝတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် နေ့ခင်းဆိုရင်တောင် အပြင်ထွက်ဖို့ ကြောက်နေရတယ်လို့ စစ်တွေမြို့ပေါ်မှာ အလုပ်လာလုပ်နေတဲ့ မအေးအေးမျိုးက ပြောပါတယ်။

“ ဒီလ ဒီဖေဖော်ဝါရီလအတွင်းမှာပဲပေါ့နော် ဆိုးဆိုးရွားရွား ဆက်တိုက်ဆိုသလို ဖြစ်လာ တယ်၊ လူသတ်မှုတွေရော ဓားပြတိုက်မှုတွေရော ဒီကျောင်းသားတွေ ဆီက ကျောင်းသား တွေထဲမှာမှ အမျိုးသမီးတွေ ဆီကဆိုရင်လည်း ဖုန်းလုတာတို့ ဆိုင်ကယ်နဲ့ သွားနေတဲ့ ထဲကနေ လုသွားတာတို့ အဲလိုတွေတွေ့ရတယ်။ အဲတာကြောင့်မို့လို ဒီလအတွင်းမှာပဲ ပိုပြီးတော့ မလုံခြံသလို ခံစားရတယ်၊ ဒီလမှာ အပြင်ကိုတောင်မသွားရဲဘူး၊ ညဖက်ဆို လည်းမသွားဘူး နေ့ခင်းဆိုရင်တောင် တယောက်တည်းမသွားရဲဘူး။”

အခုလို စစ်တွေမြို့ပေါ်အထိ ရာဇဝတ်မှုတွေထူပြော လာပေမယ့်၊ စစ်ကောင်စီအနေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ဘာတခုမှ လုပ်ဆောင်တာ မတွေ့ရတာကြောင့် တရားဥပဒေစိုးမိုး မှုမရှိတော့တဲ့ အခြေအနေတရပ်ရောက်နေပြီလို့လည်း မအေးအေးမျိုးက သူ့အမြင်ကို ပြောပါတယ်။

“ အဓိကတော့ တရားဥပဒေစိုးမိုးမှုအပိုင်းအားနည်းတယ်လို့မြင်တယ်ပေါ့နော်၊ တကယ်လို့သာ စစ်ကောင်စီက တရားဥပဒေစိုးမိုးမှုသာ အားကောင်းမယ်ဆိုလို့ရှိရင် ဒီအမှုတွေကို ဒီလိုမဖြစ်ရအောင်ပေါ့နော်၊ တိုင်ကြားရင်လည်း သူတို့က ထိထိရောက်ရောက် အရေးယူတာတွေ လုပ်မယ်၊ ညဖက်ဆိုရင်လည်း အရင်တုန်းကလို ကင်းလှည့်တာတို့ဘာတို့ လုပ်ရင် ဒီလောက် ဆိုးရွားတဲ့ အခြေအနေကို ရောက်မှာမဟုတ်ဘူးလို့မြင်တယ်။ တရားဥပဒေစိုးမိုးမှုရှိရင်။”

ဒါ့အပြင် ရခိုင်တောင်ပိုင်းက ULA/AAရဲ့ ထိန်းချုပ်မှုအားနည်းတဲ့ တောင်ကုတ် သံတွဲ စတဲ့ မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို ဒေသခံတွေ အသတ်ခံရတာ ဓားမြတိုက်ခံရတာ လုယက်ခံရတာတွေရှိနေတာကြောင့် ကိုယ်ထူကိုယ်ထ ကင်းစောင့်နေရတယ်လို့လည်း တောင်ကုတ်မြို့ခံတဦးကပြောပါတယ်။

“ ခိုးဆိုးလုယှက်မှုတွေက ခပ်စိတ်စိတ်ဖြစ်လာတယ်၊ အဲဒီမှာမှ ခိုးယူရုံတစ်ခုတည်းမဟုတ်ပဲ လူပြတ်တဲ့နေရာတွေမှာ လုယူတာ၊ လုယူခံရတဲ့ ပစ္စည်းပိုင်ရှင်ကို ရန်ပြုတာ၊သတ်ဖြတ်ခဲ့တဲ့ အထိရှိလာတယ်၊ ပြီးခဲ့တဲ့ တပတ်လောက်ကစပြီးတော့ ကင်းစောင့်ရတယ် တောင်ကုတ်မှာ၊ ကျေးရွာတွေပေါ့ တောင်ကုတ်က ရွှေပန်းတော ရွာတို့ မြို့ အနီးတဝိုက်မှာ ဆိုရင်တော့ မှိုဟင်းတော့ ဝင်ကျင်း အဲလို နေရာတွေပေါ့၊ အခုဆို ကျနော်တို့ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်နေပြည်သူတွေက အလှည့်ကျ ကင်းစောင့်နေရတာမျိုးတွေ ရှိတယ်ဗျာဟုတ်။”

မြန်မာနိုင်ငံတဝှမ်းမှာလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလူမှုရေး အကြပ်အတည်း တွေကြောင့် အခုလို လူသတ်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေ စတဲ့ ရာဇဝတ်မှုတွေ များပြားလာပါတယ်။ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီအနေနဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူတာမျိုးတွေ မလုပ်နိုင်တာကြောင့် ပြည်သူလူထုတွေ မလုံခြုံဖြစ်နေရတာလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ တစ်နိုင်ငံလုံးမှာတော့ စစ်ကောင်စီတက်ပြီးကတည်းက စီးပွားရေး လူမှုရေး အကြပ်အတည်း တွေ တော်တော်များလာတယ်၊ အဲဒါကြောင့် ဒုစရိုက်မှုတွေ အရင်ကထက် ပိုများလာတယ်လို့ ပြောလို့ရတယ်၊ ဆိုတော့ ခုနကပြောသလို စစ်ကောင်စီအဓိက ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့တော်အပါအဝင် တောင်ကုတ်၊ သံတွဲ စတဲ့မြို့နယ်တွေမှာ တကယ်ပြစ်မှုကျူး လွန်သူတွေကို မဖော်ထုတ်နိုင်တာ ထိထိရောက်ရောက် အရေးမယူနိုင်တာ၊ တဖက်က ULA/AAကလည်း လက်လှမ်းမမှီတဲ့ နေရာမျိုးပေါ့ အဲဒီနေရာတွေမှာ ဖြစ်နေတာကို တွေ့ရ တယ်။”

ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် ဒေသတည်ငြိမ်အေးချမ်းနေပေမယ့်၊ AAအဖွဲ့ ထိန်းချုပ်တဲ့ အားနည်းတဲ့နေရာတွေမှာတော့ ဒေသခံတွေရဲ့ နေ့စဉ်ဘဝ မှာ တစ်နေ့ထက်တစ်နေ့ စိုးရိမ်လာရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။


 

ဆက်ဖတ်ရန် →
ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ

ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ


ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ထူးကြီး ကျေးရွာကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သလို မြန်မာလက်မှုပညာဖြစ်တဲ့ ရက်ကန်းစင်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို တင်ဆက်ပေးမှာပါ။

ရွှေဘိုမြို့နယ်အတွင်းက လက်ယက်ကန်း၊ စက်ယက်ကန်း လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ အိမ်ခြေ‌ ၆၀၀ ကျော်လောက်ရှိတဲ့ ထူးကြီးကျေးရွာကို မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယ်မြေရှင်းလင်း‌ရေး ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေကို မီးရှို့ခဲ့သလို ယက်ကန်းစင်တွေနဲ့ ယက်ကန်း စက်တွေကိုပါ ရှို့ခဲ့ပြီး စပါးတွေကိုလည်း မီးရှို့သွားတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က VOA ကိုပြောပါတယ်။

"နေ့လယ်ပိုင်း ၃ နာရီခွဲလောက်ပေါ့နှော် မီးဝင်ရှို့တယ်ပေါ့ စစ်ကြောင်းက ကျွန်တော်တို့မှာ ဝက်လက်ဖက်က စစ်ကြောင်းတွေရောပေါ့နော် အစုံ ရွေဘိုဖက်က စစ်ကြောင်းတွေရောပေါ့နော် ဝင်ပြီးတော့ မီးရှို့သွားတာပေါ့။ ထူးကြီးက တောင်ရွာ မြောက်ရွာရှိတာပေါ့နော်။ အိမ်ခြေ အလုံး ၂၀၀ ကျော်လောက်တော့ ပါသွားတယ်ဗျ။ စပါးတွေရော နောက်ပြီးတော့ သူတို့က အဲ့ဖက်က ထူးကြီးက စက်ယက်ကန်း လက်ယက်ကန်းတွေ ထွန်းကားတာပေါ့နော် လက်မှုပညာတွေ။ အဲ့စက်တွေပ့ါအကုန် မီးရှို့သွားတာပေါ့။ အကုန်လုံး ဘာတခုမှကို မကျန်ဘူးပေါ့နော် အိမ်ထောင်ပရိဘောဂ သီးနှံတွေ အားလုံး ဘာမှကို ကုန်းကောက်စရာ မရှိအောင်ကို ရှို့သွားတာ။ နောက်ပြီး တောင်သူသုံး လယ်ထွန်စက်တွေ မီးစက်တွေ၊ ရေစုပ်စက်တွေ အားလုံး အရှို့ခံလိုက်ရတာ။"

ထူးကြီးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေ စစ်ဘေးရှောင်နေကြရပြီး လက်ရှိ S&C က စစ်ရှောင် အ‌ရေအတွက် ၂၀၀၀ ကျော်လောက်ကို နေထိုင်စားသောက်ရေးအတွက် ကူညီပေးနေတယ်လို့ ပြောပါတယ်။ ထူးကြီးရွာက ဒီပဲယင်း၊ အရာတော်တို့နဲ့ နီးတဲ့ရွာဖြစ်တာကြောင့် လက်တလောမှာ စိတ်ချရတဲ့ အနေအထားမဟုတ်သေးတဲ့အတွက် ရွာကို ပြန်မဝင်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

"သူတို့က ကျွန်တော်တို့ စစ်ရှောင်စခန်းဖက်ကို ရောက်လာကြတယ်၊ ကျွန်တော်တို့ အကုန်လုံးကိုဒါ ကျွေးမွေးပြီးတော့ပဲ ထားပေးထားတာပေါ့။ စစ်ရှောင်က ကျွန်တော်တို့ ဆီမှာတော့ ၄ ရွာလောက်ရှိမယ်ဗျ၊ လေးရွာကို လူ ၂၀၀၀ လောက်ပေါ့နော် အဲ့လောက်တော့ ရှိတယ်။ လူ ၂၀၀၀ ဆိုတာက ၂၀၀၀ တော့မကဘူးပေါ့နော်၊ ကျွန်တော်တို့သိတာကိုက ၂၀၀၀ လောက်ပေါ့၊ တခြား‌ဒေသကို ပြေးတဲ့ သူတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ဖက်ကို ပြေးခဲ့တဲ သူကတော့ လူ ၂၀၀၀ လောက်ရှိတယ်ဗျ။ အဲ့နားဖက်က ပတ်လည်အခြေအနေကတော့ ခုချိန်ထိကတော့ စိတ်ချရတဲ့ အခြေအနေတော့ မရှိသေးဘူးဗျ။ ကျွန်တော်တို့ကတော့ အခုနေရာတွေကတော့ ကျွန်တော်တို့ ရှင်းပြီးပြီပေါ့ အိမ်တွေဘာတွေ ပြန်ဆောက်ပေးဖို့ကတော့ ကျွန်တော်တို့ရှင်းနေပြီ။ ကျွန်တော်တို့စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေသေးတောပေါ့၊ စစ်ကြောင်းကလည်း ပတ်လည်မှာ ရှိနေသေးတာကိုး။"



"တစ်နိုင်ငံလုံး နေအိမ်ငါးသောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ" Data for Myanmar အစီရင်ခံ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

Data For Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ ဇန်နဝါရီလအထိကို တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၅၅၀၀၀ ကျော် မီးရှို့ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလိုတွေ လုပ်တာဟာ စစ်ကောင်စီဖက်က ဖြတ်လေးဖြတ်စနစ်နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရှင်းဖို့ လုပ်တာဖြစ်ပြီး ဒါက စစ်ရေးအရ ကြည့်မယ်ဆိုရင် နိုင်တယ်လို့ ထင်ရပေမယ့် နိုင်ငံရေးအရဆိုရင်တော့ စစ်ကောင်စီဖက်က ပိုနစ်နာတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို တင်ဆက်ပေးပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့နောက်၊ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်ရာမှာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က နေအိမ်အလုံးပေါင်း ၅၅၀၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဒေသခံတွေနဲ့ အဆက်ပြတ်အောင်နဲ့ အင်အားနည်းလာစေဖို့ ရည်ရွယ်ပြီး ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို သုတ်သင်ခဲ့စဥ်က ပုံစံမျိုး ဖြတ်လေးဖြတ်ပုံစံကျင့်သုံးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ လူထုအခြေခံဒေသတွေကို ပစ်မှတ်ထားရည်ရွယ်ပြီး လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း ယူဆပါတယ်။

"ပြည်တွင်းစစ် ပြည်တွင်းမှာ ဖြစ်ခဲ့တဲ သမိုင်းစဥ်တွေမှာတော့ ဖြတ်လေးဖြတ်နဲ့ ကျင့်သုံးတယ်ဆိုတာ ပဲခူးရိုးမမှာ သုံးခဲ့ဖူးတယ် တပ်ကလေ။ အဲ့ဒီမှာတော့ သတင်းအဆက်အသွယ်ဖြတ်တာ နောက် ပြည်သူလူထုနဲ့ အဆက်အသွယ်ဖြတ်တာ၊ ရိက္ခာဖြတ်တာ စသဖြင့်ပေါ့လေ အဲ့လို ဖြတ်လေးဖြတ် လုပ်ခဲ့ပြီးတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာပေါ့၊ ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေခံ တပ်စခန်းတွေ လုံးဝပြိုပျက်သွားပြီးတော့။ တပ်ဖက်ကတော့ ဖြတ်လေးဖြတ် စနစ်တွေ ချပြီးတော့ အမြစ်ပြတ်သွားအေင် လုပ်နိုင်ခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီအတွေ့အကြုံတွေကို အခြေခံပြီးတော့ အခု PDF တွေ ရှိတဲ့ ‌ဒေသမှာ ရိက္ခာနဲ့ ပြည်သူလူထုနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်တယ်လို့ ယူဆပါတယ်။ နောက် ပြည်သူလူထုကလည်း အဲ့ဒီ PDF တွေနဲ့ ရောနှောပြီးနေတဲ့အခါကျတော့ သူတို့ ဒီသေချာခွဲခြားတာ မလုပ်တော့ဘဲနဲ့တိုက်ခိုက်တာ မီးရှို့တာ လုပ်တဲ့ခါကျတော့ ပုန်းခိုဖို့ နေရာနဲ့ ရိက္ခာအတွက် အားထားဖို့ အရင်းအမြစ်တွေပါ တခါတည်း ပြတ်သွားအောင်လုပ်တဲ့သဘောပေါ့၊ အဲ့လိုမျိုး မြင်ပါတယ်ဗျ။"

အခုလို မြန်မာစစ်တပ်က စစ်ဆင်ရေးတစ်ခု အနေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဖြတ်လေးဖြတ်ပုံစံ ဆောင်ရွက်တာဟာ ရေတိုမှာ စစ်ရေးအရ အားသာတယ်လို့ ထင်ရပေမယ့်၊ နိုင်ငံရေးအရဆိုရင် စစ်ကောင်စီဖက်က ရှုံးတာဖြစ်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ နှစ်ဖက်စလုံးက ပြည်သူလူထု ထိခိုက်နစ်နာစေမယ့် ကိစ္စတွေကို ရှောင်သင့်တယ်လို့လည်း ဦးရဲထွန်းက ဆိုပါတယ်။

"အဲ့လို ပဍိပက္ခဖြစ်တဲ့ သမိုင်းကြောင်းတွေကို လေ့လာကြည့်တော့ ရေတို အချိန်တို အတွင်းမှာတော့ စစ်ရေးအရ အသာစီးရနိုင်တဲ့ အခြေအနေတွေ ဖန်တီးနိုင်တာပေါ့နော်။ သို့သော်လည်း နိုင်ငံရေး အရကျတော့ ရှုံးတယ်ပေါ့နော်။ နိုင်ငံရေး အရကျလို့ရှိရင်တော့ အနိုင်ရတယ်လို့ မပြောနိုင်ဘူး။ ဘာလို့ဆို ဒီလိုလုပ်လာတာများတဲ့အခါ ပြည်သူလူထုက ကြောက်ပြီးတဲ့ခါကျတော့ ကြောက်တာလဲပါတယ် နောက်ပြီးတော့ ဆန့်ကျင်စိတ်ပိုပြီးတော့ ပြင်းလာတာပေါ့နော်။ ပိုပြင်းထန်လာတဲ့ခါကျတော့ တပ်ကို ထောက်ခံမှု ကျရှုံးနိုင်တာပေါ့။ အဲ့ဒီတော့ ပြောချင်တာက နိုင်ငံရေး အရမှာကတော့ ပြည်သူလူထုရဲ့ ခုခံတော်လှန်ချင်တဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ဆိုတာက သိပ်မလွယ်ဘူးပေါ့နော်။ ကျွန်‌တော်တို့ပြည်တွင်းမှာလည်း ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ပြည်သူလူထုကို ဦးတည်ပြီးတော့ လုပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု သတ်ဖြတ်မှုတွေဟာ နှစ်ဖက်စလုံးက သတိထားသင့်တာပေါ့နော်။ ကျွန်‌‌တော်တို့ အခု လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ နှစ်ဖက်စလုံးက ပြည်သူလူထုအတွက် ပြည်သူလူထုကို ကာကွယ်ဖို့လို့ နှစ်ဖက်စလုံးက ကြွေးကြော်နေကြတယ်။ နှစ်ဖက်စလုံးက ပြည်သူလူထုကို ထိခိုက်စေတဲ့ ကိစ္စတွေကို အထူးရှောင်ရှားသင့်တာပေါ့နော်။"

ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက အခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး၊ ရွာရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်ကြတဲ့ ယက်ကန်းစင်တွေကိုပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့ ကျေးရွာမဟုတ်သလို အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

"ကျွန်တော်တို့ အဲ့ဒီတစ်နယ်လုံးက အားလုံးက ဒီတိုင်းပဲ တောင်သူလုပ်ငန်းဘာညာ ဒီလိုပဲ လုပ်ကိုင်စားကြတာပေါ့လေ။ နောက်ပြီးတော့ ဒီလက်ငုတ်လက်ရင်းပေါ့ ယက်ကန်းလုပ်ငန်းပေါ့ အဲ့ဒါတွေ ရှိကြတယ်။ ပြောရမယ်ဆိုရင် PDF တွေဆိုတာကလည်း ဒီဖက်မှာက သူ့ဟာနဲ့သူပဲ ရွာတွေမှာ မနေကြဘူးလေ။ ကိုယ့်ဟာနဲ့ကိုယ်ပဲ ဒီတိုင်းနေကြတာ၊ အဲ့ဒါကို သက်သက်မဲ့ကို ဝင်ရှို့တာပေါ့နော်။ အဲ့ဒါကလည်းအဲ့လိုဝင်ရှို့တာ ဒီတရွာတည်းမဟုတ်ဘူး တခြားရွာတွေလည်း သူတို့ ပတ်ရှို့‌နေတာပဲဗျ။"

Data for Myanmar က ထုတ်ပြန်တဲ့စာရင်းအရ မြန်မာစစ်တပ် အာဏာသိမ်းပြီး ၂ နှစ်အတွင်း မီးရှို့ခဲ့တဲ့ နေအိမ် ၅၅၀၀၀ ကျော်ထဲမှာ စစ်ကိုင်းတိုင်းက ၄၃၀၀၀ ကျော်မီးရှို့ခံရပြီး အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်းကတော့ ၈၇၀၀ နီးပါးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ချင်းပြည်နယ်အတွင်းမှာလည်း ၁၄၀၀ ကျော် မီးရှို့ခံရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံအတွင်းမှာ ပြည်တွင်း စစ်ပြေး ဒုက္ခသည် ၂ သန်း နီးပါးအထိ တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာမသိမ်းမီ ကာလကတည်းက ပြည်တွင်းမှာ စစ်ဘေးဒုက္ခသည်က ၅ သိန်းနီးပါး ရှိနေခဲ့ပြီး စစ်အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ကာလ ၂ ခုလုံးမှာ နယ်စပ်ဖြတ်ကျော်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်က ၁ သန်းလောက် ရှိတယ်လို့ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိနေပြီး ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲက မြို့နယ် ၆ ခုနဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားခဲ့တာပါ။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မ‌ကွေးတိုင်း၊ ပဲခူးတိုင်း၊ တနသ်ာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး နယ်မြေတွေအဖြစ် ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ ဝက်လက်နဲ့ အရာတော် မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး နယ်မြေတွေအဖြစ် ထပ်တိုးကြေညာခဲ့ပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အထိကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ပေါင်းက ၄၇ မြို့နယ် ရှိပါတယ်။
 

ဆက်ဖတ်ရန် →

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက တာ​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်

||Breaking News||

ကျော်ဇော/People's Spring 

နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်အား တာ​​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည် တော်)မှတာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောကြားသည်။

တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် ၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်လက်နက် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

"လေဆိပ်ဗျူဟာ ​နေပြည်​တော် လေ​ကြောင်းရန်ကာကွယ်ရေးတပ်ကို တာ​ဝေးပစ်နဲ့ ပစ်ခတ်တာပါ ​"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးက People's Spring သို့အတည်ပြု​ပြောကြားသည်။

တာ​ဝေးပစ် ၂စင်းခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းဟုယူဆရ​သောအ​ဆောက်အအုံတစ်ခုကိုထိမှန်ခဲ့​ကြောင်းသိရသည်။စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများရှိနိုင်ပြီး  အသေးစိပ်အခြေ အနေများကိုစုံစမ်း​နေဆဲဖြစ်​ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောက် ​စစ်ကာင်စီတပ်ကရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့​ကြောင်းလည်း PDF တစ်ဦးက​ပြောသည်။ 

ထို့အပြင် ယမန်​နေ့ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နေပြည် တော်၌ မောင်းသူမဲ့ကင်းထောက်ယာဥ်တစ်စင်း ဖြတ်သန်းသွားသည်ဆိုကာ စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုများ အပူတပြင်းလုပ်ဆောင်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

အထက်ပါ နေပြည်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာန ချုပ်နှင့် လက်အောက်ခံတပ်ရင်းများအပါအဝင် သုံးနေ ရာထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ဖောက်ခွဲတိုက် ခိုက်ခဲ့သေးသည်။
ဆက်ဖတ်ရန် →
မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

▪️စစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းသံအမတ် သတိပေး


ယန်းဒီ/People’s Spring


ယူကရိန်းကို ရုရှားကျူးကျော််စစ် ၁၂ လမြောက် အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့၌ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့သည်။


ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။


ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့ကြောင်း အီးယူက ဖော်ပြသည်။


ဖေဖော်ဝါရီ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆဌမအကြိမ််မြောက်ပိတ်ဆို့ဒဏ်ခတ်မှုအဖြစ် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို အရေးယူချမှတ်ခဲ့သည်။



ဆက်ဖတ်ရန် →
အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊

Khit Thit Media  ·
အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊ စစ်ကောင်စီနှင့် ဆက်နွယ် ပတ်သတ်နေသူများကိုလည်း ဆက်လက်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ဥရောပသမဂ္ဂ အီးယူက စစ်ကောင်စီနဲ့ ပါဝင်ပတ်သတ် ဆက်နွယ်နေတဲ့  လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုတို့အပေါ်  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဒဏ်ခတ်ပတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်အရေးယူလိုက်ပါတယ်။
အဆိုပါ အီးယူရဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေအပေါ် NuG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်တဲ့  Justice For Myanmar က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးက (၇ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး အတွင်း "ဥရောပသမဂ္ဂ (EU) အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများကို (၆) ကြိမ်မြောက် ဒဏ်ခတ်အရေးမှုတရပ်ကို ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ကြိမ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်း စောင့်မျှော်နေတဲ့ စစ်အုပ်စုရဲ့ လေယာဥ်လောင်စာဆီများ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်း သူများကို အရေးယူဖို့များပါရှိတာ တွေ့ရပါတယ်။ ထို့အတူ လက်နက်ပွဲစားများနှင့်  ကုမ္ပဏီများ ကိုလည်း အရေးယူထားတာ တွေ့ရပါတယ်။ ကျွန်တော့်အနေဖြင့် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း မြန်မာလူထုကိုယ်စား အထူးပြောလိုပါတယ်” လို့ ပြောကြားခဲ့တာပါ။
 ဒဏ်ခတ်ပိတ်ဆို့ခံ လူပုဂ္ဂိုလ် ကိုးဦးမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်၊ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ စစ်တပ်အတွက် လက်နက်ပွဲစားများဖြစ်သော MCM ကုမ္ပဏီ ဥက္ကဋ္ဌ အောင်လှိုင်ဦး၊ Yatanarpon Aviation Support Company နှင့် Suntac Technologies Co.,Ltd မှ စစ်တိုင်းဦးနှင့် Sky Aviator မှ ကျော်မင်းဦးတို့ ပါဝင်ခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာတဲ့ အဖွဲ့အစည်း ခုနစ်ခုကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးရုံး၊ Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited (IGG) နှင့် Aviator Company Limited တို့ ပါဝင်ခဲ့ပါတယ်။
၎င်းတို့ထဲက အများစုကတော့ စစ်အုပ်စု အဖွဲ့ဝင်တွေ၊ လက်နက်ပွဲစားတွေ ၊ စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းရောင်းချမှုတွေမှာ ကိုယ်ကျိုးစီးပွားအတွက် အဓိက ပါဝင်ပတ်သတ်နေသူတွေနဲ့ စစ်ကောင်စီရဲ့ ယန္တရားကို အားကောင်းလည်ပတ်စေတဲ့ အဖွဲ့အစည်းတွေကို အီးယူက ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှုတွေမှာ ပါဝင်လာတဲ့ စစ်လက်နက်ပွဲစားတွေ ထဲမှာ Dynasty International၊ International Gateways Group၊ Sky Aviator Company Limited တို့နဲ့အတူ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နဲ့ ကျော်မင်းဦးတို့ လို့ နာမည်ကြီး လက်နက်ပွဲစားတွေ ပါဝင်လာတာဖြစ်ပါတယ်။
အောင်လှိုင်ဦးနဲ့ Dynasty International တို့ဟာ အီးယူကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိနေပြီး၊ ဖင်လန် စွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Wärtsilä နဲ့လည်း ကာလရှည်စီးပွားရေး မိတ်ဖက်တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။
ပိတ်ဆို့မှုမှာ ပါဝင်ခဲ့တဲ့Dynasty International က ဂျာမန်ကော်ပိုရေးရှင်း Grob Aircraft SE G120TP လေယာဥ်တွေကို စစ်အုပ်စုအတွက် ဝယ်ယူပေးဖို့ ကြားခံ ပွဲစားအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်သောကြောင့် ဂျာမနီအစိုးရကလည်း မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သတ်နေတဲ့ ဂျာမနီက လေယာဉ်ကုမ္ပဏီတွေကို ရပ်တန်းကရပ်ဖို့ တွန်းအားပေးသွားရတော့မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မြန်မာစစ်တပ်ကို လေယာဉ်ဆီ ရောင်းချရာမှာ ကြားခံပွဲစားလုပ်နေတဲ့ Asia Sun Group ကိုလည်းအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာတာကြောင့် စစ်ကောင်စီအတွက် လေယာဉ်ဆီ ရရှိရေးလမ်းကြောင်းမှာ အခက်အခဲ တွေရှိသွားပြီဖြစ်ပါတယ်။
ပိတ်ဆို့မှုတွေဟာ အဓိကကျတဲ့ စစ်လက်နက်ပွဲစားတွေနဲ့ စစ်တပ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူလိုက်တာ ဖြစ်တဲ့အတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုစနစ်မှာ အချိန်မှီ လိုအပ်နေခြင်းကို လုပ်ဆောင် လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
အသစ်ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားခဲ့တဲ့ မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံး၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးရုံးနဲ့ စစ်လက်နက်ထုတ်လုပ်မှု ညွှန်ကြားရေးရုံးတို့ ပါဝင်လာခြင်းကြောင့် စစ်အုပ်စုအတွက် အထိနာတဲ့ ပိတ်ဆို့အရေးယူမှု တစ်ခုလည်း ဖြစ်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
"မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ၊ တရားမ၀င် အာဏာသိမ်းဖို့ကြိုးပမ်းမှုနဲ့ သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲတွေ မအောင်မြင်အောင် ကြံ့ကြံ့ခံ တော်လှန်နေကြပါတယ်စစ်အုပ်စုရဲ့ အကြီးဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အလျင်အမြန် ချမှတ်ဖို့ တောင်းဆိုပါတယ်" လို့ဆိုပါတယ်။
အခု နောက်ဆုံးအသုတ် ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုအတွက် အရင်းအမြစ်တွေ လက်လှမ်းမှီဖို့ကို ဖြတ်တောက်ရာမှာ ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပေမယ့် စစ်အုပ်စုရဲ့ အခွန်ဝင်ငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီအရင်းအမြစ်တွေကို စနစ်တကျ ပစ်မှတ်ထားတဲ့ ညှိနှိုင်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လုပ်စရာတွေ အများကြီး လိုအပ်နေဆဲ ဖြစ်တယ် လို့ Justice For Myanmar ကဆိုပါတယ်။


 

ဆက်ဖတ်ရန် →
နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်အကျဉ်းထောင်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ် မှုဖြစ်ပွားပြီး နာရေးကားများ ဝင်ထွက်မှုရှိနေကြောင်း ဒေသပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ အကျဉ်းထောင်တွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ၀ရုန်းသုန်းကား အသံများကြားရကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် နာရေးကားများ ဝင်ထွက်နေပြီး အကျဉ်းထောင်ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျောက်ဆည် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့ရှိနေကြောင်း သိရှိရသည်။
"ဒီနေ့မနက်ပိုင်း၊ ကျောက်ဆည်အချုပ်ထောင်မှာ ပစ်ခတ်သံတွေကြားနေရတယ်။ မနက် ၅ နာရီ လောက်ကတည်းကပါ။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဘယ်လင်း သုခဒါန ပရဟိတ ကားနဲ့ သယ်သွားတာတွေ့တယ်။ ပစ်ခတ်သံတော့ တော်တော်များတယ်။  အခု အကျဥ်း ထောင် ဧရိယာ ကိုပိတ်ထားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


 

ဆက်ဖတ်ရန် →
နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရ

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရ

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့နံနက်ပိုင်း ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒုံး ၂ စင်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်အတွင်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

"အပစ်ခံရတာမှန်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အပစ်ခံရတာ ဟုတ် ပါတယ်။ လူထိလား မထိလား အဲဒါလည်း သေချာမသိရသေးဘူး။ တပ် တွေ မတူ တော့ မေးလို့ မြန်းလို့ မကောင်းဘူး" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။ 

တော်လှန်ရေးသတင်းရင်းမြစ်များက အရာရှိရိပ်သာဟု ယူဆရသော အဆောက် အအုံတစ်လုံးကို ဒုံးကျည်ထိမှန်ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။ 

အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ပတ်ဝန်းကျင်ရှိ ကျေးရွာများ နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ညပိုင်း ဧည့်စာရင်းစစ်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ တပ်ရှေ့ နှင့်ပတ်ဝန်းကျင် သွားလာမှု ပိတ်ပင်ခြင်းများ ပြုလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ရုံးထိုင်နေသည့်  နေပြည်တော် သမ္မတအိမ်တော်ကို ကောင်းကင် မြေပုံ။


ဆားတောင်ကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို ပစ်ခတ် ခဲ့သော GZ Special Task Force တပ်မှ ရဲဘော် ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာမှ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ခေါင်းဆောင်တစ်ဦးအား ချောင်း မြောင်း ပစ်ခတ် လုပ်ကြံသူ ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးရေးယူထားကြောင်း သက်ဆိုင်ရာက တရား ဝင် သတင်းထုတ်ပြန်သည်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝက်လက်မြို့နယ်၊ ဆား တောင် ကြီးကျေးရွာတွင် ကျေး ရွာ ပကဖ ခေါင်းဆောင် တစ်ဦး ဆိုင်ကယ် စီးနင်းလာစဉ် လက်နက်ကိုင်  လူ ၂ ဦးက မောင်းပြန် သေနတ် ဖြင့် အချက် ၂၀ ခန့် ပစ်ခတ် လုပ်ကြံခဲ့ရာ  ပကဖခေါင်းဆောင်မှာ ဘယ်ပေါင်ကျည်ထိုးဖောက် ဒဏ်ရာ ရရှိပြီး ဆိုင်ကယ်တွင် လက်နက်ကျည်အချက်ပေါင်းများစွာ ထိမှန်ခဲ့ ကြောင်း သိရသည်။

ထိုသို့ လုပ်ကြံခံရမှုကို ပကဖခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဝက်လက်မြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ပြည်သူ့ ရဲတပ်ဖွဲ့မှ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပြီး မျက်မြင် သက်သေ များ၏ ထွက်ဆိုချက်များအရ GZ Special Task Force မှ သူများ ဖြစ်ကြောင်း သိရှိရ သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှန်ကန်စွာထွက်ဆိုခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ၂  ဦး၊ ပူးပေါင်း ပါဝင်သူ ၂  ဦး နှင့် ဦးဆောင် ညွှန်ကြားသူတစ်ဦးကို သက်သေ အထောက် အထား ခိုင်လုံစွာဖြင့်ဖော်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

GZ Special Task Force မှ ရဲဘော်များသည် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ ဖြစ်ပြီး ၎င်း တို့၏ မှားယွင်းမှုကို သိရှိကြပြီးဖြစ်သဖြင့် ပြစ်မှုကျူး လွန်ရာတွင် တိုက်ရိုက် ပါဝင်ပက်သက်မှု မရှိသူ ၁၀ ဦးကို အာမခံ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၄ ဦးကိုလည်း  အာမခံဖြင့် ဆက်လက် လွှတ်ပေး ရန် စီစဉ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ၂ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦးနှင့် ဦးဆောင်ညွှန်ကြားသူ တစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၁၁၄ ဖြင့် တရားရုံးသို့ ရုံးတင်၍ ဥပဒေနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါစစ်ဆေးရာတွင် GZ Special Task Force မှ ၁၈ ဦးအား ရဲလုပ်ထုံးလုပ် နည်းနှင့်အညီ စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ပြီး  ပြည်သူရဲတပ်ဖွဲ့မှ စစ်ဆေးနေ စဉ် မြို့နယ် ပကဖနှင့် PDF တပ်ရင်း ၂ တို့မှ လုံခြုံ ရေး တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် တချို့ မီဒီယာများက ဖော်ပြနေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ အကြား ပွတ်တိုက် မှုပြသနာမဟုတ်ဘဲ ရာဇဝတ်မှု ကျူး လွန် သူ နှင့် တရားဥပဒေစိုးမိုးရေး ပြဿနာတစ်ခုသာဖြစ်ကြောင်း  သက် ဆိုင် ရာက တရားဝင် အသိပေး ထုတ်ပြန်ထားသည်။

မ​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍  ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊  ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ကာ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး ဝင်ရောက် စီးနင်းနေပြီး ကျစ်ပြင်ရွာ၊ ရွာသာကုန်းရွာ၊ သက္ကယ်ကျင်းရွာနှင့် ထွန်ရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ​​ကြောင်း၊ ဒေသခံ ပြည်သူ တချို့လည်း ဖမ်းဆီးခံထားရပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

" ၂၁ ရက်နေ့က စပြီး ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်သား အင်အား ၃၀၀ ကျော်နဲ့ကို အပြင်းအထန်း စီးနင်းနေတာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀၀၀ ကျော်ရှိတယ်။ ပြည်သူတွေ စစ်ဘေးရှောင်နေရတာ ၃ ရက်ရှိပါပြီ ပြည်သူတချို့လည်း အဖမ်းခံရတာ ရှိတယ်။ အဆက် အသွယ်မရဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကျစ်ပြင်ရွာ၊ ရွာသာကုန်းနှင့် သက္ကယ်ကျင်းရွာများတွင် ကင်းပုန်းများ ချကာ စစ်ကြောင်း ဖျောက်ထားပြီး အနီးအနားရှိ ​ကျေးရွာများကိုလည်း ကင်းပုန်းများက အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် ပဲခင်း ဆေးဖျန်းသူများကိုလည်း စစ်သားများက လိုက်လံပစ်ခတ်မှုများ ရှိကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ မြောက်ဒဂုံတို့တွင် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသပြည် သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်  ကြည့်မြင် တိုင် မြို့ နယ်၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ ကျောက် တံ တား သမ္ဗာန်ကူးတို့ဆိပ်တွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ပြီး  ကမ်းနား လမ်း ပေါ်တွင် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊  ကမ်းနားလမ်းတွင် သွားလာနေသော အပြစ် မဲ့ လူငယ် ၃ ဦးထက်မနည်းကို စစ်တပ် မသင်္ကာမှုဖြင့် ဖမ်းဆီး သွား ကြောင်း သိရှိရသည်။ 

ထို့အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် မြောက် ဥက္ ကလာ ပ မြို့နယ် ခန်းမအနီး၊ သန္တာလမ်းရှိ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ပစ် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။ 

"မြောက်ဥက္ကပ မြို့နယ် မြို့နယ်ခန်းမအနီး  ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင် င ရပ် ကွက် ရုံးမှာ ဗုံးပေါက်တယ်။ ပေါက်တဲ့အသံက အရမ်းကိုကျယ်တာ။  သန္တာ လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်တာ။ အဲဒါပြီးတော့ ရပ်ကွက်ရုံးထဲက အကုန် ပြေးထွက်လာကြတာ။ ခဏနေကျတော့ စစ်တပ်နဲ့ရဲတွေတော့ ရောက် လာတယ်။ သူတို့ပြန်သွားပြီးတော့ ရုံးပြန်မဖွင့်တော့ဘူး" ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။ 

အလားတူ ယနေ့ ၉ နာရီ ၁၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။ 

ထို့ပြင် ယနေ့ ည ၉ နာရီခွဲဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက် ကွဲသံ နှင့်သေနတ်သံများကြားရပြီး သေနတ်သံမှာ လှိုင်သာမြို့နယ်၊ စနေမ မှတ်တိုင်အနီးတွင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ၂ ဦးကို ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ကင်းထောင်သတင်းများတွင် ဖော်ပြထားသည်။ 

ရန်ကုန်ခေတ်သစ်အနေဖြင့် လှိုင်သာယာ ပစ်ခတ်မှုဖြစ်စဉ်ကို ဆက်လက် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။ 

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၃ မိနစ်အချိန် တာမွေ မြို့နယ်တွင် ဗုံးပေါက်ကွဲကြောင်း ရန်ကုန်ကင်းထောက် အဖွဲ့ Eagle News ကသတင်းဖော်ပြသည်။ 

စစ်တပ်က လူငယ်များကိုလည်း အကြောင်းမဲ့ ဖမ်းဆီးလျက်ရှိရာ ယနေ့တွင် လှိုင်မြို့နယ်မှ လူငယ် ၄ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။ 

"လှိုင်-အင်းစိန်လမ်း သံလမ်းကားမှတ်တိုင်နဲ့ ဗဟိုလမ်းသံလမ်းကားမှတ် တိုင် အကြားမှရှိတဲ့ လမ်းကြားမှာ  လူငယ် ၄ ယောက်ကိုစစ်တပ်က ၀င်ဖမ်းတယ်။  လှိုင်မြို့နယ်ဘက်မှာ ၂ ရက်ရှိနေပြီ။ လူငယ်တွေကို ဖမ်းနေတာ" ဟု လှိုင် မြို့ နယ် သတင်းရင်းမြစ်က ပြောသည်။ 

ထို့ပြင် ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာပ နှင့် မြောက်ဥက္ကလာပတို့တွင် သေနတ်သံများကြားရကြောင်း ပြည်သူများက ပြောသည်။ 

ယနေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် မြောက်ဒဂုံ နာရီစင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ခဏအကြာတွင် လူနာတင်ကားများ၊ စစ်ကားများ ရောက်ရှိ လာကြောင်း၊ ညအချိန်ဖြစ်၍ အပြင်မထွက်ရဲကြသဖြင့် အခြေအနေ အသေး စိတ် ကို မသိရှိရသေးကြောင်း ဒေသပြည်သူများ နှင့်ကင်းထောက် သတင်း များအရ သိရှိရသည်။ 

"အဲဒီနားမှာ ပြည်သူတွေကိုတော့ အော်ဟစ်ဆဲဆို ရိုက်နှက်တာတွေ ကြား ရတယ် လို့ အနားမှာနေတဲ့သူတွေ က ပြောတယ်"မြောက်ဒဂုံမှ ဒေသပြည်သူ တစ်ဦးက ပြောသည်။ 

တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပတို့တွင် ည ၁၀ နာရီ ၅၀ မိနစ်အချိန် သေနတ်သံများကြားရပြီး လူနာတင်ကားအသံများလည်း ကြားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။ 


မော်လမြိုင်နှင့်သံဖြူဇရပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လ၀ကရုံးများတွင် မိုင်းပေါက်ကွဲပြီး ရုံးတချို့ ပြိုကျ ပျက်စီး 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများ၊ လူဝင်မှုကြီ းကြပ်ရေးရုံး(လ၀က)များတွင် မိုင်းပေါက်ကွဲမှု များဖြစ် ပေါ်ပြီး ရုံးတချို့ ပြိုကျပျက်စီးသွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  ချိန်ကိုက်မိုင်း တစ်လုံးပေါက်ကွဲခဲ့ပြီး  မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။ 

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီနှင့် ည ၁၀ နာရီအချိန်  မော်လ မြိုင် မြို့ပေါ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မော်လမြိုင်မြို့နယ် လဝက ရုံး ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုင်းပေါက်ကွဲမှုကြောင့် ယနေ့ ပြိုကျပျက်စီးသွားသော သံဖြူဇရပ်မြို့ နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။

လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းထွန်းကို LLPDF တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်စဥ် ထွက်ပြေး သွားသောကြောင့် လိုက်လံပစ်ခတ်စဥ် ကျေးရွာဘုန်းကြီး ကျောင်းအနီး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး အဖွဲ့ဝင်များ ရရှိရေး လိုက်လံ စည်းရုံးနေသည့် အောင်မိုးနှင့် ယဥ်ယဥ်သန်းတို့ လင်မယားကို ဇလွတ်ကျေးရွာအတွင်း LLPDF တပ်ဖွဲ့များက သွားရောက် ဖမ်းဆီးစဥ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး ဝင်းထွန်းနှင့် ထွက်ပြေး လွတ်မြောက်သွားသော ပျူစောထီး လင်မယား ၂ ဦးထံမှ ရွှေလက်စွပ် ၈ ခု၊ နားကပ် ၁၀ ခု၊ လက်ကောက် ၂ ခု၊ ရွှေဆွဲကြိုး ၃ ခု၊ လက်ကိုင်ဖုန်း ၄ လုံး၊ Tablet ၁ လုံး၊ ငွေကျပ် ၄၅ သိန်း၊ ကား ၁ စီး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း ပျုစောထီးများသည် ညောပြင်နှင့် ဇလွတ် ကျေးရွာများတွင် ဓားမြမှု၊ လူသတ်မှု စသော ရာဇဝတ်မှုများ ကျူးလွန် နေသူများ ဖြစ်ကြောင်း၊ ပြည်သူများထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခွဲဝေယူကာ သောင်းကျန်း နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကျောက်နီမော်ရဲစခန်းနှင့် ပျူစောထီးမှ စစ်သားများ ရောက်ရှိလာသော​ကြောင့် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်ရေးမှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်စက္က (MGPDF) အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်မှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ကို လူကြမ်းကြီးများအဖွဲ့နှင့် ဗိုလ်စက္က (MGPDF)တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခက်မှုဖြစ်ပွားကာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့​ကာ ပစ္စတို ၁ လက်နှင့် ကျည် ၂ ဘူး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရေစကြို ၊ ခလရ ၂၅၈ တပ်ထဲမှ အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၂ စီးပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်အတွင်းမှ အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီး ခဲ့ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ခလရ ၂၅၈ တပ် အတွင်းမှ အိမ်စီးကား ၃ စီးဖြင့် ရေစကြိုမြို့အတွင်းသို့ ထွက်ခွာသော အကြမ်း ဖက် စစ်သားများကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ မြို့ပြင် စိုက်ရေးခြံနားအရောက် ပဒေသာမိုင်း ၃ လုံးတွဲ ၂ ဆိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက် ခဲ့ ခြင်းဖြစ်ပြီး ကား ၂စီး နေရာမှာပင် ထိုးရပ်ပျက်စီးခဲ့ကာ အကြမ်းဖက် စစ် သား ထိခိုက်သေဆုံးမှုကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

“ပထမ သုံးလုံးတွဲ တစ်တွဲ ဆွဲပြီးတော့ ပြန်ပစ်သေးတယ်၊ ပြန်ပစ် တော့ ရဲ ဘော် တွေက နောက်တစ်လုံး ထပ်ဆွဲတာ၊ ဆွဲပြီး ခဏပဲ ထပ်ပစ်တယ်၊ ဒဏ် ရာ လောက်ပဲရတာ၊ သေသေးလားဆိုတာ အတိအကျ သိရ အောင်စုံစမ်း နေ တုန်း ပဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ပါ တယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ 

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်တူနှင့် အသက် ၃၄ နှစ်အရွယ် ဒေါ်မီဂတုံး (ခ) ဒေါ်သူဇာနွယ် တို့ပွဲချင်းပြီး သေဆုံးကာ ပြည်သူပိုင်နေအိမ် ၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

" ဒီနေ့ မွန်းလွဲပိုင်းမှာ ညောင်ပင်ကြီးရွာသစ်ရွာကို တပ်မ ၇၇ စစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ လှမ်းပစ်လို့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၁ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ နေအိမ် ၃ လုံး မီးလောင်ပြာကျတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖေဖော်ဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ  ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

အကြမ်းဖက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ  ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းစစ်ဆေးရန် ကရင်ပြည်နယ်သို့  စသုံးလုံးဒုညွှန်ချုပ် လာရောက်မည်ဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်း မြစ်များထံမှ သိရှိရသည်။ 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် မော်လမြိုင်မှတစ်ဆင့် ကရင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ပြီး  ရွှေက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသားများ၏ ဒေါ်လာငွေ သိန်းပေါင်းများစွာ လိမ် လည် ထားမှု ကိစ္စ အပါအဝင် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။ 

" လိုင်စင်မဲ့ကား ၊  နွားမှောင်ခို ကိစ္စ၊  မြဝတီကနေ လက်နက်နှင့်မူးယစ်ဆေးဝါးတွေ ထွက်နေတဲ့ကိစ္စ၊  နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ ရွှေက္ကိုလ် အွန်လိုင်းဂိမ်းတွေကနေ ဗီယက်နမ်နိုင်ငံသားတွေဆီက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည် ကိစ္စ၊ရွှေနှင့်ငွေကြေးခဝါကိစ္စတွေကို လာပြီး စစ်ဆေးမယ်" ဟု နေပြည်တော် စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။ 

စသုံးလုံး ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို၏ တပည့်အရင်းဖြစ်ပြီး ညွှန်ချုပ် မောင်မောင်ကျော်ကို ကျော်၍ စသုံးလုံး ဌာနတွင်း  ရာထူးတိုး၊ လဘ်ပေးလဘ်ယူကိစ္စများကိုင်တွယ် ကျူးလွန်နေသူဖြစ်ကြောင်း သိရှိရသည်။ 

ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြသည်။ 

စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော  တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား  ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။
 
"ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ" ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။ 

လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေ ရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ။


တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ အရာ တော်၊ နောင်ကြီးအိုင်ရဲစခန်းကို ဝင်တိုက်မှု စစ်သား ၂ ဦး သေဆုံး 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကြောင်း ကာကွယ် ရေးအဖွဲ့ များ ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင် စီ တပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည၇နာရီခန့်တွင် တန့်ဆည်ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့  (ပကဖ) က ‌ပဒေသာမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ရွာမှ မှန်ရင်းရွာဘက်သို့ စစ်ကြောင်း ထိုး လာ သော စစ်ကောင်စီတပ် ခမရ(၃၆၁)နှင့် ပျူစောထီးများကို ဖေဖော် ဝါရီ၂၂ရက် နံနက်၈နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅) TPC နှင့် တန့်ဆည် ပကဖ ပူးပေါင်းအဖွဲ့က ‌ပဒေသာမိုင်း၈လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ရာ ၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"စစ်ကြောင်း တစ်ကြောင်းကို အင်အား၁၂၀ခန့်စီ ၂‌ကြောင်းခွဲပြီး မှန်ရင်းရွာမှာ တစ်ဖွဲ့၊ ရွာရှည်(မ)ရွာဘက်မှာတစ်ဖွဲ့ ရှိတယ်။ ‌စစ်‌ခွေးနဲ့ပျူတွေ မိုင်း ခဏခဏ ထိပြီး အထိနာနေတာ။ စစ်ဘေးရှောင်ပြည်သူတွေများတယ်။ ဝိုင်းဝန်း ကူညီ ကြပါ။" ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်တွင် အင်အား၂၅၀ခန့်ရှိသော စစ်ကောင်စီတပ်က အဖွဲ့နှစ်ဖွဲ့ ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် ရွာရှည်(မ)ရွာ၊ မယ်ဇလီကုန်းရွာ၊ ဝက်တိုးရွာ၊ ခရုတောရွာ၊ ကုန်းအိုင်ရွာ၊ ထန်းပင်ဆိပ်ရွာ၊ ဖက်သန်းကုန်းရွာ၊ ပေချောင်ရွာ၊ မှန်ကြိုင်ရွာ၊ မှန်ရင်းရွာ၊ ကန်ပေါက်ရွာ အစရှိသည့် ကျေးရွာများမှ ဒေသ ပြည် သူ ၇၀၀၀ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Attack Force မှ တာ ဝန် ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၃ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထား သော နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက် ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်တပ်သား ၂ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင်(LPDF) ၊ သံမဏိလိပ်ပြာ PDF ၊ True Arrow (LPDF)၊  Twenty Seven (LPDF) ၊ Five Stars (LPDF) ၊ ဝံပုလွေ (LPDF) နှင့်တော်လှန် ရေးအဖွဲ့ များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။










ဆက်ဖတ်ရန် →
မြောက်ဥက္ကလာရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကိုYUFက ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုပြော

မြောက်ဥက္ကလာရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကိုYUFက ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုပြော

ကျော်ဇော/People's Spring 



ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force - YUF က People's Spring သတင်းဌာနသို့ ပြောသည်။ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အုပ်ကြီးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။"ကျနော်တို့လုပ်တဲ့အချိန် အဲဒီရုံးထဲမှာ စစ်--သုံးကောင်တော့ရှိတယ်။ ဒါပေမဲ့ Stand By(အသင့်အနေ အထား)မရှိတဲ့အတွက် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်လိုက်တာ။ အနီးကပ်ဆိုတာက ၁၀ ပေအကွာလောက်က ပစ်လိုက်တာ"ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက People's Spring သို့ ပြောသည်။အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ရုံးထဲ၌ စစ်က
ောင်စီတပ်သားသုံးဦးအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်းရှိနေပြီး ၎င်းတို့ထိုင်နေသည့်ဘေးနားကပ်လျက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း YUF မှရဲဘော်က ဆက်ပြောသည်။
ယင်းအုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ဒေသခံများထံမှ စုံစမ်းသိရသည်မှာ တိုက်ခိုက်ခံရပြီးနောက် ရာအိမ်မှူးအချို့ ကြောက်လန့်ကာအိမ်ပြန်ပြေးကြကြောင်း၊ မိနစ်ပိုင်းခန့်အကြာတွင် စစ်ကောင်စီများရောက်ရှိလာပြီးလမ်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး ​မြို့ပြ​ပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာ အရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင်ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါကာရံထားသည်ကိုတွေ့ရသည်။အထက်ပါ Mission ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့်အလှူရှင်များအားကျေးဇူးအထူးတင်ရှိကြောင်း Yangon Underground Force - YUF က မှတ်တမ်းတင် ဖော်ပြထားသည်။ထိုအပြင် ယမန်နေ့ည ၁၀ နာရီ​ကျော်တွင်လည်း အထက်ပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုပင် ရန်ကုန် UG အဖွဲ့တစ်ခုကထပ်မံတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရပြီး ထိခိုက်မှုရှိမရှိ မသိရသေးပေ။ယမန်​နေညတွင် ​တောင်ဥက္ကလာပ၊ သဃ်ကျွန်း၊​မြောက်ဒဂုံ စ​သောမြို့နယ်များတွင် ​သေနတ်ပစ်ခတ်သံများကြားရပြီး စစ်ကားများ အဆိုပါမြို့နယ်များသို့​မောင်းထွက်သွားသည်ကို​တွေ့ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

အရာတော်တွင် စစ်ကောင်စီတ​ပ်က လေကြောင်းပစ်ခတ်ပြီး တပ်ကူ ၄ ကြိမ်ပို့၊ ပြည်သူများ မြို့နယ်တွင်းလမ်းများအသုံးမပြုရန် ပကဖသတိပေး

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်ပြီး တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထား၍  ပြည်သူများ မြို့နယ်တွင်းလမ်းများအား အသုံးပြုခြင်းမပြုရန် အရာတော်ပြည်သူ့ကာကွယ်​ရေး(ပကဖ) အဖွဲ့က ထုတ်ပြန်ကြေညာသည်။
ပြည်သူလူထုလုံခြုံရေးအတွက်အရာတော် မြို့နယ်တွင်းဖြတ်သန်းသည့် လမ်းမများအား ယနေ့(​ဖေ​ဖော်ဝါရီ ၂၃ )တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားသည်။
​ဖေ​ဖော်ဝါရီ ၂၂ မှစ၍ ယနေ့ ညနေ ၃ နာရီ မိနစ်၂၀ အထိ စစ်ကောင်စီက အရာတော်ဒေသအတွင်းသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထားကြောင်း၊ အရာတော်ဒေသသည် မြင်းမူ၊ မုံရွာ၊ ဘုတလင်၊ ‌ဒီပဲယင်း၊ ဝက်လက်ဒေသများနှင့် ထိစပ်နေပြီး ပြည်သူများအနေဖြင့် လမ်းပိုင်းအသုံးပြုခြင်း ရှောင်ရှားကြရန် ထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားမှု၊ မြေပြင်တပ်များလှုပ်ရှားမှုများကို တွေ့ရှိပါက ဒေသခံတော်လှန်ရေးအင်အားစုများသို့ သတင်းပေးပို့ကူညီကြရန် ၊ အရေးပေါ် စစ်ရှောင်ပြည်သူအချင်းချင်း ကူညီကြရန်နှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် အရာတော်ဒေသသို့ အချင်းချင်း ဆက်သွယ်အသိပေးကြရန် အရာတော်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတ​ပ်သည်ယနေ့ မွန်းလွဲ ၂ နာရီခန့်က အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ၊ ကန်ရင်းဒေသ၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ Mi17 လူသယ်ရဟတ်ယာဉ်များတွင် စစ်သား ၃၀ ခန့် သယ်ဆောင်လေ့ရှိသဖြင့် ၃ ကြိမ်ဆိုလျှင် စစ်ကူတပ်သား ရာဂဏန်းအနည်းဆုံးရှိမည်ဟု ခန့်မှန်းနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ​ဒေသတွင်းသတင်းဌာနဖြစ်​သော အရာတော်ပို့စ်သို့ ဖြေကြားထားသည်။
လက်ရှိတွင် မလဲသာ၊ ကန်ရင်း ကျေးရွာများတဝိုက်ကို စစ်ကောင်စီတပ်များ ဖြန့်ချနေရာယူထားပြီး ခြေလျင်စစ်ကြောင်းများဖြင့် ဆက်လက်တက်လာနေသည်။
​ဖေ​ဖော်ဝါရီ ၂၁ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှာ မိုင်းထိသလို တိုက်ပွဲ​ကြောင့် အနည်းဆုံး၁၀ ဦးခန့်​သေဆုံးဒဏ်ရာရရှိပြီး ​ဖေ​ဖော်ဝါရီ ၂၂ တိုက်ပွဲမှာလည်းပြင်ထန်ပြီး စစ်တပ်မှအရာရှိအပါအဝင် ​သေဆုံးဒဏ်ရာရသူများ​ကြောင်း ​ဒေသတွင်းသတင်းများဖော်ပြ​​​ပေး​နေ​သော အရာတော်ပို့စ်က ရေးသားသည်။​ဖေ​ဖော်ဝါရီ ၂၂ တိုက်ပွဲမှစ၍ စစ်တပ်က ​လေ​ကြောင်းပစ်ကူသုံးခဲ့ပြီး ယ​နေ့တွင်လည်းထပ်သုံး​နေခြင်းဖြစ်သည်။
အရာတော်နယ်၏ လက်ရှိအခြေအနေအား အရာတော်ပကဖအဖွဲ့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်းဆက်သွယ်မရ​သေးပါ။ စစ်​ကောင်စီတပ်က အရာ​တော်မြို့နယ်တွင် ဖုန်းလိုင်နှင့်အင်တာနက်လိုင်းများ ဖျက်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။
စစ်​ကောင်စီက​ဖေ​ဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာ​တော် ၊​ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေးထပ်မံ​ကြေညာခဲ့သည်။ထို​ကြောင့်စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီကစစ်အုပ်ချုပ်​ရေး ​ကြေညာထား​သောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။

စစ်ကောင်စီတပ်ကပစ်သည့်လက်နက်ကြီးကျည်ထိပြီး အဆောက်အအုံနှစ်လုံးမီးလောင်ကာပြည်သူ ၃ဦးဒဏ်ရာရ
▪︎ဒဏ်ရာရအမျိုးသမီးတစ်ဦးမှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၏ သမီးဖြစ်

ကျော်ဇော/People's Spring

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်လုယက်သောင်းကျန်းနေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပြီး အဆောက်အအုံနှစ်လုံးမီးလောင်းဆုံးရှုံးကာ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက People's Spring သတင်းဌာနသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆန်စက်နေအိမ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲစဥ် ၎င်းနေရာသို့ အလယ်အပတ်ရောက်ရှိနေသော ကြံ့ခိုင်ရေးပါတီဝင် ဦးပန်းကျော်၏သမီးဖြစ်သူမှာလက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။
"(ဆန်စက်ပေါ်သို့) လက်နက်ကြီးကျပြီး အိမ်ပါမီး လောင်သွားတာ။ ဦးပန်းကျော်ရဲ့သမီးက ပဲနှုတ်ရင်း အဲဒီအိမ် ခဏဝင်နားတာထင်တယ်။ လက်နက်ကြီးထိပြီး ပဲခူးဆေးရုံပို့လိုက်ရတယ်"ဟု ဒေသခံတစ်ဦးက People's Spring သို့ ပြောသည်။
ထို့အပြင် လက်နက်ကြီးကျရောက်ပွဲကွဲကာဆန်စက်နှင့် နေအိမ်မီးလောင်သည့်ဖြစ်စဥ်တွင်အခြားရွာခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရခဲ့ပြီး ၎င်းတို့နှစ်ဦးကို တော် လှန်ရေးတပ်ဖွဲ့များဖွင့်လှစ်ထားသည့်ဆေးခန်းသို့ပို့ဆောင်ကုသထားကြောင်းအထက်ပါဒေသခံက ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ ပုဇွန်မြောင်ကျေးရွာအတွင်းဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက် ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများအား ခိုးယူမှုရှိနေသည်ဟု ဒေသခံများက ဆိုသည်။
"ပုဇွန်မြောင်ရွာက ရွာသားတွေမရှိတော့ဘူး။ (စစ်တပ်က)အိမ်တွေဖောက်ထွင်းပြီး အနှံ့ဝင်နေတာ။ တစ်အိမ်ပြီးတစ်အိမ် ဝင်ဖောက်ထားတာလဲ ကုန်နေပြီ"ဟု ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှတပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀)ဦး​ခန့်သေဆုံးခဲ့သည်။
ထို့ကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က ယင်းနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများသို့ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အင်းဝိုင်းကြီးကျေး ရွာဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိ ခိုက်ပျက်ဆီး သွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက် နက်ကြီးကျည် ကျရောက်ကာ ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်။


ဆက်ဖတ်ရန် →