နောက်ဆုံးရ
စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ခေတ်သစ်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ သရက်၊ မင်းတုန်း၊ မင်း လှ နှင့် ရေစကြို မြို့နယ်တို့ရှိအကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း MOD နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ 


မုံရွာမြို့ပေါ်တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကညနရုံး နှင့် လဝကရုံးဟောင်းတို့ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် မုံရွာမြို့အဝင် ကားကြီး ကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ ကညနရုံးတွင် အင်အား ၁၅ ဦးဖြင့် တပ်စွဲထားသော စစ်တပ်ကို ၄၀ မမ ဗုံးသီး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ် သား ၂ ဦးသေဆုံးကြောင်း၊  ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။


“ကညနကို မနက် ၄ နာရီလောက်မှာ ၇ လုံးပစ်ခဲ့တာ၊ ခွေးနှစ်ကောင်သေတယ်၊ အဲဒီမှာ ခွေး ၁၅ ကောင် ရှိ တယ်၊မအူဂိတ်နဲ့ ကညနရုံးက နီးတဲ့အတွက် အဲဒီ ဂိတ် ကနေ ၆၀ မမ တွေနဲ့ပြန်ပစ်တယ်၊ ကညန က လည်း ၄၀ မမ နဲ့ပြန်ပစ် တယ်၊ အိမ်အနည်းငယ်ထိခိုက်တာတွေရှိပါတယ်၊ ပြည်သူတွေတော့ ထိခိုက် တာ မရှိပါဘူး” ဟု Golden Eagle Force – Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ 


ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက် ည ၈ နာရီခန့်က မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် အမြင့် လမ်းထိပ်ရှိ လဝက ရုံး ဟောင်းတွင် အင်အား ၇ ဦးဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၄၀ မမ လောင်ချာဖြင့် ဗုံးသီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှု မရှိကြောင်းသိရသည်။


အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa၊ Springs Dove ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ 5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။


ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်


မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ပခုံးထမ်းလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာ ရရှိခဲ့ကြောင်းMyingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်သား များကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှ့င် ခွပ်ဒေါင်းနီတပ်ဖွဲ့ (YSO) တို့ပူးပေါင်းကာ တာဝေးပစ် ပခုံးထမ်းလောင် ချာဖြင့် သွားရောက်ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ကို တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ သိရှိရသည်ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 


မကွေးတိုင်းရှိ မြို့နယ် ၄ ခုတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ က တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ် တို့တွင် တစ်ရက်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာန ထံမှ သိရသည်။


ဂန့်ဂေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က မင်းရွာရဲ ကင်း စခန်းသို့ ရောက်ရှိနေသောအင်အား ၁၂၀ ခန့်ရှိ ဂန့်ဂေါမြို့ ခလရ ၅၀ အကြမ်းဖက် စစ်ကြောင်းကို မင်းရွာတောင်ဘက် အရောက် ပြည်သူ့ ကာကွယ် ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ်တပ်ရင်း - ၁ ၊ တင်ရင်း - ၅၊ တပ်ရင်း - ၇၊ တပ်ရင်း - ၁၁၊ တပ်ရင်း - ၁၂၊ တပ်ရင်း - ၁၄ မှ တပ်ဖွဲ့ဝင် ၁၈ ဦးခန့်က ဒရုန်း ဖြင့် ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။


သရက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီခန့်က ဆင်ကော် ရဲစခန်း ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(သရက်ခရိုင်) တပ်ရင်း ၄ – Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၄၀ မမဖြင့် ၃ချက် ပစ်ခက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းဝန်းအတွင်းသို့ ဗုံးသီး ၂ လုံး ကျ‌ရောက် ပေါက် ကွဲခဲ့ ပြီး ရဲတပ်သား ၃  ဦးသေဆုံးကာ တပ်စခန်းတချို့ မီးလောင်ပြာကျခဲ့ သည် ဟု ဆိုသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆိုပါ ဆင်ကော်ရဲစခန်းကို စစ်ကူပေးရန် ထွက်လာ သည့်သရက်မြို့အခြေပြု အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ အကြမ်းဖက်စစ်သား ၂၅ ဦးခန့်ပါLight Truck ကား ၁ စီးကို တွင်းလယ်ရွာ နှင့် ပုဏ္ဏားရွာအကြား လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံး တိမ်း မှောက်သွားပြီး အကြမ်း ဖက်စစ်သား ၆ ဦးနေရာမှာပင်သေဆုံးပြီး ၁၀ ဦးနှင့် အထက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မင်းတုန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၈ နာရီခွဲခန့်က ပုသိမ် - မုံရွာ လမ်းပိုင်း မင်းတုန်း မြို့အဝင်အကြမ်းဖက်စစ်တပ် ၅ မိုင်စစ်ဆေးရေး ဂိတ်ကို  ပြည်သူ့ကာကွယ်ရေး တပ်မတော် (သရက်ခရိုင်) တပ်ရင်း ၄ – Eagle Force နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။


မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်အချိန် အကြမ်းဖက် စစ်ဆေးရေးဂိတ်အနီးမှထွက်လာသော  အင်အား ၈၀ ခန့် လိုက်ပါ လာ သည့် အကြမ်းဖက်စစ်ကားအကြီး ၅ စီးကို  မီးလောင်ကုန်းရွာအနောက် ဘက် ၂ မိုင်ခန့်အကွာ၌ မင်းလှမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - (မင်းလှ ပကဖ) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ACDF - အရှိုချင်း တိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆွဲစီးနင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန၊ အမှတ် ၁ စစ်ဒေသ ၏သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးမှူးများမှ စီမံ ကွပ်ကဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များမှ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာနက  ထုတ်ပြန်ထား သည်။



ဆက်ဖတ်ရန် →
မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်ရင်းများကို PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်ရင်းများကို PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

အိုက်မောင်/People's Spring
မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများအားမိုးကုတ်ဗျူဟာတပ်ရင်းကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့နှင့်တိုက်ခိုက်ခဲ့ ​သောအဖွဲ့က​ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆နှင့်၃၄၈တပ်ရင်းများကိုဖေဖော်ဝါရီ၂၀ရက်နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအ
မှတ် ၁၂၂၂ က သတင်းထုတ်ပြန် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်​အောက်ရှိ PDF တပ်ရင်းများဖြစ်​သောမိုးကုတ်ဗျူ
ဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
" စစ်ကောင်စီ၏ မိုးမိတ်တပ်ရင်းများသို့ နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် ၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ရင်း ၂၂၃ နှင့် ၂၇၆ ကြားတွင်တစ်ကြိမ်၊ ဂိတ်စခန်းအနီးတွင်တစ်ကြိမ်၊ ဗျူဟာရုံးအနီးတွင်တစ်ကြိမ် ပစ်ခတ်ထိမှန်ခဲ့သည်။ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကို
လက်ရှိအချိန်တွင်မသိရသေးပါ"ဟုတပ်ရင်းအမှတ် ၁၂၂၂ က ဖေဖော်ဝါရီ ၂၁ရက်တွင်သတင်းထုတ်ပြန်သည်။ စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်
နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်၌သာမကနောက်တန်းတပ်စခန်းများမှမိသားစုဝင်များ
လည်း အသက်အာမခံချက်မရှိကြောင်းနှင့်လုံခြုံမှုမရှိကြောင်း သိရှိစေရန်ဖြစ်​ကြောင်းအသိ​ပေးထားသည်။ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး
များကိုမူ အတည်ပြုနေဆဲဖြစ်ပြီးသိရပါက သတင်း ထပ်မံထုတ်ပြန်မည်ဟု ဖော်ပြထားသည်။" ပစ်တာကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က
ပစ်တာ"ဟု မိုးမိတ်မြို့ခံတစ်ဦးကလည်း အဆိုပါတိုက်ခိုက်မှုကိုအတည်ပြု​ပေးသည်။စစ်​ကောင်စီဘက်မှာဒေသခံပြည်သူများကို တပ်ရင်းရှိရာ​နေရာ အနီး
ဝန်းကျင်သို့ဖြတ်သန်းခွင့်မပြု၍ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို သိရှိရရန်မလွယ်ကူ​ကြောင်းလည်း အဆိုပါ​ဒေသခံက​ပြောသည်။

စစ်​ကောင်စီတပ် ကသာနှင့်ထီးချိုင့်ကြားတွင်မိုင်းဆွဲတိုက်ခိုက်ခံရမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ပြီး ၃ ဦးကိုဖမ်းဆီး

ကသာနှင့်ထီးချိုင့်မြို့ကြားတွင် စစ်ကာင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၅ ဦးခန့်​သေပြီးနောက်  စစ်တပ်ကအရပ်သား နှစ်ဦးကို သတ်ဖြတ်သွားပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ​ဒေသခံနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။
အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကသာနှင့်ထီးချိုင့်မြို့ကြားကလုံရွာတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( PDF )များက ဖေဖော်ဝါရီ ၁၉ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ "အဲ့ဒီတိုက်ပွဲမှာသူတို့ ၁၅ယောက်လောက်သေတယ်။ဒဏ်ရာရတဲ့သူတွေကို မြစ်ကြောင်းကနေ စက်လှေနဲ့ပို့ချိန်လမ်း
ကနေဖြတ်တိုက်ခဲ့ကြ‌သေးတယ်" ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်မ​တော်မှတပ်ဖွဲ့ဝင်တစ်ဦးက People's Spring သတင်းဌာနသို့ပြောသည်။ စစ်ကောင်စီတပ်သည်ထိုနေ့မှစ၍ ကလုံရွာတွင် တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။ "သာဂရတံတားအောက်မှာအရပ်သားနှစ်ယောက်သေနေတာတွေ့တယ်။ စောင်တွေနဲ့လုံးထွေးပြီးမှသတ်ထားတာ" ဟုထီးချိုင့်မြို့မှပြည်သူ့
ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။ ထိုအပြင်စစ်ကောင်စီတပ်သည် ကလုံရွာမှ ပြည်သူသုံးဦးထက်မနည်းကိုလည်း ဖမ်းဆီးထား​ကြောင်းဒေသခံများကပြောသည်။ ယခုအခါ စစ်​ကောင်စီတပ်သည်ကသာမြို့နယ်အတွင်းကျွန်းပင်ရွာ၊တမန်းဒေါင့်ရွာနှင့် ဖွက်ရွာတို့တွင် စစ်ကြောင်းသုံး
ကြောင်းခွဲ တပ်စွဲထားသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ပြောသည်။

ဖလူးဝေါ်လေလမ်း၌ စစ်ကောင်စီယာဉ်တန်း ကော်ဘရာစစ်ကြောင်းတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေ

အိုက်မောင်/People's Spring
ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့် ဖလူးဝေါ်လေလမ်း ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စစ်ကြောင်းက အသိပေးသည်။ ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)နေ့လည် ၂နာရီ၁၀မိနစ်တွင် စစ်ကောင်
စီ၏ (၅၈၅) တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ် သုံးစီးသည်ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူးဝေါ်လေလမ်းမမှ ဖြတ်သန်းစဥ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။"တိုက်ပွဲမှာ ၁၅မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှ ဗိုလ်မှူး(၁)ဦးနှင့် အခြားအဆင့်(၁)ဦးး သေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရခဲ့သည်"ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်
သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိ
ခဲ့သော်လည်းစိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။ စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်လည်း တိုက်ခိုက်ခံနေရသည်။ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ထီးကပလယ်စစ်ကောင်စီတပ်စခန်းကုန်းကို KNDO တပ်ရင်း(၈)နှင့် ပူးပေါင်းမဟာမိတ်
တပ်ဖွဲ့များက ယခုရက်ပိုင်း တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်မှ စခန်းမစွန့်လွှတ်ရရေးအတွက် ခုခံနေရကြောင်း သတင်းရရှိသည်။ထို့အပြင် လေ
ကြောင်းပစ်ကူများ၊လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေရသည့်အပြင် အတွဲလိုက်ပစ် (၁၂၂)မမ မစ်ဇိုင်းဒုံးများကိုပါ အသုံးပြုခုခံနေရကြောင်းသိရသည်။


 

ဆက်ဖတ်ရန် →
  ကန့်ဘလူတွင် ချုံခိုတိုက်ခံရသည့် စစ်တပ် အနီးရှိကျေးရွာကို ထပ်မံမီးရှို့

ကန့်ဘလူတွင် ချုံခိုတိုက်ခံရသည့် စစ်တပ် အနီးရှိကျေးရွာကို ထပ်မံမီးရှို့

သူရမောင် myanmar-now
Published on Feb 22, 2023


ဖော်ဖော်ဝါရီ ၁၉ ရက်နေ့က မီးရှို့ခံရသည့် မြေမွန်ရွာ
စစ်ကိုင်းတိုင်းတွင် အကြိမ်ကြိမ် မီးရှို့ခံရသော အိမ် ၁၂၀ နီးပါးရှိရွာတွင် အိမ် ၂၀ ကျော်သာ ကျန်တော့သည်၊ သိုလှောင်ထားသည့် မြေပဲများကိုလည်း တပ်က မီးရှို့သွားသည်ဟု ဆိုသည်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ချုံခိုတိုက်ခံရသည့် စစ်တပ်က တိုက်ပွဲဖြစ်ရာအနီးရှိ ကျေးရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) မနက်ပိုင်းက မီးတင်ရှို့ကြောင်း ဒေသခံများနှင့် လက်နက်ကိုင်တော်လှန်သူများက ပြောသည်။ပြည်သူ့စစ် ခေါ် ပျူစောထီး ၆၀ ခန့်နှင့် စစ်သားများ မြို့အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာရာ မိုင်းခွဲ တိုက်ခိုက်ခဲ့သည်၊ ကျွန်းလှမြို့မြောက်ဘက် ၆ မိုင်ခန့်အကွာ ချောင်းကြားကျေးရွာအနီး တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပကဖအဖွဲ့တွေနဲ့ ထိတွေ့မှုရှိတယ်။ ကျွန်တော်တို့ပွိုင့်ကနေ မိသွားတာ ၄ ယောက် ထိသွားတာဗျ။ ကျွန်တော်တို့က မှန်ပြောင်းနဲ့ ကြည့်နေတာ၊ မြေပဲခင်းထဲမှာ လဲကျသွားတာ။ ဘယ်နှစ်ယောက် သေတယ်ဆိုတာတော့ တိတိကျကျ မသိရဘူးပေါ့” ဟု သူက ဆိုသည်။စစ်ကောင်စီတပ်က ပြန်လည် ခုခံသော်လည်း ကာကွယ်ရေးသမားများ ထိခိုက်မှု မရှိခဲ့ကြောင်း ပြောသည်။ ထို့နောက် တိုက်ခိုက်မှုဖြစ်သည့်နေရာနှင့် တစ်မိုင်အကွာရှိ ချောင်းကြားကျေးရွာထဲကို စစ်ကောင်စီတပ်သားများ ဝင်ရောက်သွားပြီးနောက် ကျေးရွာကို မီးတင်ရှို့ခဲ့သည်ဟု ဆိုသည်။
အိမ်ခြေ ၁၁၈ အိမ်ရှိသည့် အဆိုပါကျေးရွာမှ နေအိမ် ၃၆ လုံး၊ မြေပဲတင်း ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံရွာသားတို့က ဆိုသည်။ အဆိုပါ ရွာသည် နှစ်ကြိမ်တိုင် စီးနင်းမီးရှို့ခံထားရကာ အိမ်ခြေ ၅၄ လုံး မီးလောင်ပျက်စီးခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ တစ်ရွာလုံး နေအိမ် ၂၈ လုံးသာ ကျန်တော့ကြောင်း ဒေသခံများက ပြောသည်။နေအိမ်ဆုံးရှုံးခဲ့ရသဖြင့် တောင်ယာတဲတွင် နေထိုင်နေရသည့် ဒေသခံ အမျိုးသမီးတစ်ဦးကမူ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို မတိုက်နိုင်တော့သဖြင့် လက်နက်မဲ့ ရွာသားတို့ကို အနိုင်ကျင့်ခြင်းဖြစ်ကြောင်း ပြောသည်။
“သူတို့ တကယ်သတ္တိရှိရင် PDF ‌တွေကို ရှာတိုက်လေ။ ခုက ဘာမှမဆိုင်တဲ့သူတွေကို ပတ်ရမ်းနေတာ။ လာပြီတဲ့ဆို ပြေးလိုက်ရပြန်ပြီ။ ရောက်တာနဲ့ အကုန်မီးရှို့တာ၊ တစ်ရွာလုံး ဘာမှမကျန်ဘူး၊ ကျွန်မတို့ဆို ဘာမှဆိုင်တာမဟုတ်ဘူး။ ကြွက်မနိုင် ကျီမီးနဲ့ရှို့နေတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။ထိုအမျိုးသမီး၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့၏ တုံ့ပြန်ချက် ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီတပ်များ ချောင်းကြားရွာထဲတွင် တပ်စွဲ မီးရှို့နေစဉ် ကျွန်းလှမြို့မှ အရပ်သုံးကုန်တင်ယာဉ်တစ်စီး (မြေသယ်ကား)၊ လိုက်ထရပ် ၂ စီးဖြင့် ရောက်ရှိလာပြီး ရွာအတွင်းမှ စစ်ကောင်စီတပ်ကို ပြန်ခေါ်သွားကြောင်း အထက်ပါ ပကဖအဖွဲ့ဝင်ကပြောသည်။“ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ကားနဲ့ တင်သွားတယ်။ သူတို့သယ်လို့မနိုင်တဲ့ မြေပဲတွေကို မီးရှို့သွားတာ။ ဒဏ်ရာရတဲ့သူတွေကို ကားနဲ့ လာပြီး သယ်တဲ့သဘောပဲဗျ” ဟု ဆိုသည်။ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ မြေမွန်ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြေမွန်ရွာကို မီးတင်ရှို့ခဲ့ရာ ‌နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးသွားခဲ့သည်။စစ်ကောင်စီတပ်သည် ခုခံမှုပြင်းထန်သည့် ဒေသများတွင် အရပ်သားပစ်မှတ်များ၊ လူနေအိမ်များကို တိုက်ခိုက် ဖျက်ဆီးလေ့ရှိရာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးမှ နေအိမ်ပေါင်း ၅၅၄၈၄ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူသည့် Data For Myanmar အဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

 

ဆက်ဖတ်ရန် →
စစ်ကောင်စီက အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက် ကျပ် ကိုး​သောင်း​လျှော့​ရောင်းခိုင်း

စစ်ကောင်စီက အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက် ကျပ် ကိုး​သောင်း​လျှော့​ရောင်းခိုင်း

စောနွေဦး/People's Spring
အ​ခေါက်​ရွှေတစ်ကျပ်သားလျှင်ပြင်ပ​ဈေးကွက်တွင် ကျပ် ၂၈သိန်းခွဲ​ကျော်ရှိ​နေ​သော်လည်း စစ်​ကောင်စီကကျပ်ကိုး​သောင်း​ကျော်​လျှော့ ရောင်းချရမည်ဟုယနေ့ဖိအား​ပေးသတ်မှတ်လိုက်သည်။ ဖေ​ဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပပေါက်ဈေးကွက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ပေါက်ဈေးရှိ​သော်လည်းစစ်​ကောင်စီကာ၂,၇၉,၀၀၀ကျပ်ဖြင့်​ရောင်းချရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ယခင်စစ်ကောင်စီကအခေါက်ရွှေတစ်ကျပ်သား ၂၅သိန်းဖြင့်သာ အမြင့်ဆုံးရောင်းချရမည်ဟု သတ်မှတ်ထားရာမှ ဖေဖော်ဝါရီ ၂၂ရက်မှ စ၍ အထက်ပါနှုန်းအတိုင်းသာရောင်းချရမည်ဖြစ်သည်ဟု စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ဖိအား​ပေး၍သတ်မှတ်လိုက်ခြင်းဖြစ်သည်။ သို့​သော်စစ်ကောင်စီသတ်မှတ်လိုက်သည့်ဈေးနှုန်းမှာလက်တွေ့ ဈေးကွက်အတွင်း အမှန်တကယ်သက်ရောက်မှုမရှိနိုင်ကြောင်း ၊ စစ်​ကောင်စီကို ဆန့်ကျင့်သည့် ရွှေလုပ်ငန်းရှင်များနှင့်ရွှေဆိုင်ပိုင်ရှင်များကို အနိုင်ကျင့်ရန်အတွက်သာ ဖြစ်နိုင်​ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
“ဈေးကွက်မှာဖြစ်နေတဲ့ ဈေးကို အမိန့်အာဏာနဲ့ သတ်မှတ်ရင် မှောင်ခိုဈေးကွက်ကပေါ်လာမှာပဲ။ ၁၀၀ တန်ပစ္စည်းကို ၈၀နဲ့ရောင်းခိုင်းတာ ဘယ်လို့လုပ် ဖြစ်နိုင်မှာလဲ”ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်ကပြောသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုအာဏာသိမ်းပြီး ရွှေဈေးနည်းတူ ဒေါ်လာဈေးကိုလည်း တစ်ဒေါ်လာ ၂၁၀၀ကျပ်သတ်မှတ်ခဲ့သည်။ သို့​သော်ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၂၈၅၀ကျပ် ယနေ့ပေါက်ဈေးရှိနေသည်။ စစ်အုပ်စုအာဏာမသိမ်ခင်ကည​ရွှေ တစ်ကျပ်သားလျှင် ၁၃ သိန်းကျပ် ၊ ​၁ ​ဒေါ်လာလျှင် ၁၃၀၀ ကျပ်​ကျော်သာရှိခဲ့သည်။


 

ဆက်ဖတ်ရန် →
 စစ်တပ်ပိုင်ကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုကို အမည်ပြောင်းရှောင်ရှားနေ

စစ်တပ်ပိုင်ကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုကို အမည်ပြောင်းရှောင်ရှားနေ

နိုင်ငံခြားငွေ လိုအပ်နေသော၊ ပစ်မှတ်ထားဒဏ်ခတ်မှု ခံနေရသော စစ်ဗိုလ်ချုပ်များက ၎င်းတို့၏ စီးပွားရေးလုပ်ငန်း အဆင်ပြေရန် လက်ခွဲကုမ္ပဏီများ ထူထောင်ထားသည်။
ထူးအောင်myanmar-now.Published on Feb 22, 2023
၂၀၂၂ သြဂုတ်လက တွေ့ရသည့် ရန်ကုန်မြို့ သီရိမင်္ဂလာဈေး။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် နိုင်ငံအနှံ့ သတ်ဖြတ်၊ ဖမ်းဆီး၊ အိမ်မီးရှို့မှု ဆက်တိုက် ကျူးလွန်နေခြင်းကြောင့် အာဏာသိမ်းဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့နှင့် ဆက်စပ်နေသူများ၊ အဖွဲ့အစည်းများအနက် တချို့ကို နိုင်ငံတကာက ပစ်မှတ်ထား ဒဏ်ခတ်နေသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းများသာမက ပြည်သူများ၏ ဆန့်ကျင် သပိတ်မှောက်များကိုပါ ရင်ဆိုင်နေရသည့် စစ်တပ်ပိုင်ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် အခြားအမည်ပြောင်းကာ လှုပ်ရှားလျက်ရှိသည်။
စစ်တပ်ပိုင်ကုမ္ပဏီများသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနေကြောင်း ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ဗြိတိန်အခြေစိုက် Global Witness နှင့် Earthrights International အဖွဲ့တို့၏ ပူးပေါင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပိတ်ဆို့အရေးယူခံထားရသည့် စစ်တပ်ပိုင် မြဝတီကုန်သွယ်ရေးကုမ္ပဏီသည် ဘုန်းမင်းမြတ်ဟူသော အမည်ဖြင့် ကုမ္ပဏီသစ်ထူထောင်ကာ ပြည်ပမှ စက်သုံးဆီနှင့် စားအုန်းဆီများ တင်သွင်းနေပြီး စစ်တပ်၏ ဦးပိုင်ကုမ္ပဏီ (MEHL) သည်လည်း မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော Ever Meter မှတစ်ဆင့် ပြည်ပမှ ငွေလွှဲပြောင်းရယူရန် ဆောင်ရွက်နေသည်။
နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းကို လွှဲပြောင်းရယူထားသည့် ဦးပိုင်ကုမ္ပဏီသည် ကိုကိုးကျွန်းအမည်ရ သင်္ဘောကို ပြည်ပကုမ္ပဏီတစ်ခုကို ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ရရှိခဲ့သည်။ ထိုငွေကို Ever Meter ကုမ္ပဏီမှတစ်ဆင့် လွှဲပြောင်းနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
အကြောင်းမှာ ဦးပိုင်၏မိတ်ဖက်ဖြစ်သော Ever Meter ကုမ္ပဏီသည် လျှပ်စစ်ဝန်ကြီးဌာနသို့ တင်သွင်းရန် စင်ကာပူနိုင်ငံမှ မီတာအလုံးရေ ၈ သိန်းကျော် မှာယူထားပြီး ကျသင့်ငွေကို အမေရိကန်ဒေါ်လာဖြင့် ပေးချေရမည်ဖြစ်ရာ ဦးပိုင်ကုမ္ပဏီ၏ သင်္ဘောရောင်းရငွေဖြင့် ချေမည်ဖြစ်သည်။
Ever Meter ကုမ္ပဏီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်ဝန်ကြီးဌာနသို့ စျေးကြီးသည့်လျှပ်စစ်မီတာ တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း တင်ဒါမအောင်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ဖူးသည်။
နိုင်ငံတကာပိတ်ဆို့အရေးယူမှုကို စစ်တပ်ပိုင်ကုမ္ပဏီများက ထိုသို့ကျော်လွှားနေကြောင်း အထက်ပါအစီရင်ခံစာအပြင် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် နိုင်ငံတကာဘဏ်သုံးခုအကြား ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများလည်း လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ပေါ်ပေါက်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက်ရှိ အင်းဝဘဏ်နှင့် ဩစတြေးလျအခြေစိုက် ANZ ဘဏ်၊ စင်ကာပူရှိ United Overseas Bank (UOB) ဘဏ်၊ ဗီယက်နမ်နိုင်ငံပိုင် BIDV ဘဏ်တို့အကြား ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများကို Distributed Denial of Secrets ဆိုသောအဖွဲ့က ဖွင့်ချခဲ့ခြင်းဖြစ်သည်။​
စစ်တပ်၏ ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့တွင် လက်ခွဲကုမ္ပဏီများစွာ ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်းခွဲ အကုန်အကျခံပြီး ကုမ္ပဏီသစ် အလွယ်တကူ တည်ထောင်နိုင်သည်။
ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဌာန၏ ဝက်ဆိုက်တွင် အခကြေးငွေပေး၍ ဖတ်ရှုလေ့လာနိုင်သော်လည်း ၂၀၂၂  စက်တင်ဘာလမှစ၍ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။
စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သော စီးပွားရေးသမားများ၊ ကုမ္ပဏီများကို နိုင်ငံတကာအသိုင်းအဝိုင်းက လေ့လာစုံစမ်းပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူလာပြီးနောက် ထိုသို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပေါက်ကြားလာသည့် ဦးပိုင်ကုမ္ပဏီ၏ အစည်းအဝေးမှတ်တမ်းအရ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်တပ်ပိုင်ကုမ္ပဏီများ၏ နာယကဖြစ်သော အာဏာသိမ်းခေါင်းဆောင်က ၂၀၂၂  ဇွန်လအတွင်းက ထိုအစည်းအဝေးတွင် လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်အရေးယူရာတွင် ထိရောက်မှုရှိစေရန် နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကာ အားလုံးခြုံငုံသည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း Global Witness နှင့် Earthright International အဖွဲ့၏ ပူးပေါင်းအစီရင်ခံစာတွင် နိုင်ငံတကာကို အကြံပြုထားသည်။
အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၁၆၅ ခုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူခဲ့သည်ဆိုသော်လည်း ထိုပမာဏမှာ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှားနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှုပေါင်း ၃၁၀၀ ကျော် လုပ်ဆောင်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာဖြစ်ကြောင်း Global Witness နှင့် Earthrights International အဖွဲ့တို့က ဆိုသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်ဗိုလ်ချုပ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများ၊ ကုမ္ပဏီများကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားရာ ထိုအထဲတွင် စစ်တပ်ပိုင် MEC နှင့် MEHL တို့လည်း ပါဝင်နေသည်။
နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီအတွက် အဓိကဝင်ငွေရလမ်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်တပ်လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူနိုင်ခြင်း မရှိသေးကြောင်းလည်း အထက်ပါ အစီရင်ခံစာတွင် ထောက်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကြာလာသည်အထိ နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂကသာ ဒဏ်ခတ်အရေးယူထားသေးသည်။​ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဇန်နဝါရီလတွင် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်ခဲ့ရာတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုဦးဆောင်ညွှန်ကြားရေးမှူးတို့သာ ပါဝင်ခဲ့ပြီး MOGE ကို အရေးယူခဲ့ခြင်း မရှိပေ။
ထိုင်းအစိုးရ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးမယူနိုင်ခြင်းဖြစ်သည်ဟုလည်း Global Witness နှင့် Earthrights International အဖွဲ့တို့၏ အစီရင်ခံစာက ဆိုသည်။ ဒေသတွင်း စွမ်းအင်ကူးသန်းရောင်းဝယ်မှု ထိခိုက်လာသည်ဟု အကြောင်းပြကာ MOGE ကို ပိတ်ဆို့အရေးယူခြင်း မပြုရန် အိမ်နီးချင်း ထိုင်းနိုင်ငံက တောင်းဆိုသည်ဟု သိရသည်။
အစိုးရအတွက် ဘဏ္ဍာငွေ ၅၀ ရာခိုင်နှုန်းကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရရှိနေခြင်းဖြစ်ပြီး နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ စီးဆင်းအောင် ဆောင်ရွက်ပေးနေရာ အမေရိကန်နှင့် ဗြိတိန်အစိုးရများအနေဖြင့် ထိုဘဏ်များကို အရေးယူရန် လိုအပ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု။

အနောက်နိုင်ငံအစိုးရများက စစ်ကောင်စီတာဝန်ရှိသူများ အပါအဝင် ၎င်းတို့နှင့် နီးစပ်သူများကိုပါ ဒဏ်ခတ်အရေးယူနေသော်လည်း မြန်မာနိုင်ငံရှိ ဗြိတိန်နှင့် ဥရောပကုန်သည်ကြီးများအသင်းတို့သည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ဂျာမနီသတင်းဌာန DW ၏ မကြာသေးမီက သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုများကို ရံဖန်ရံခါ တုံ့ပြန်တတ်သည်။ စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၅ ထုတ်ပြန်ချက်တစ်စောင်တွင် နိုင်ငံတကာက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် စစ်ကောင်စီကိုသာ အပြစ်တင်နေသည်၊ အမှန်တကယ်တွင်မူ ၎င်းတို့က အကြမ်းဖက်ခြင်းမဟုတ်ဘဲ လက်နက်ကိုင်ခုခံသူတို့ကသာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်ဖတ်ရန် →
လွှဲမှာပါ   (ရဲထွဋ် - ပြန်ကြားရေးဝန်ကြီးဟောင်း)

လွှဲမှာပါ (ရဲထွဋ် - ပြန်ကြားရေးဝန်ကြီးဟောင်း)


မနှစ်က အိမ်က ကလေးတွေကို ဒီနှစ် ဒီအချိန်ရောက်ရင် ဒါလေးလုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ တယ်။ အမှန်ကတော့ ၂၀၂၁ ထဲက ၂၀၂၂ မှာ သူတို့အတွက် လုပ်ပေးမယ်လို့ ပြောခဲ့တာ၊ ဒါ ပေမယ့် အခြေအနေမပေးသေးဘူး၊ နောက်နှစ်ပေါ့ဆိုပြီး ကတိထပ်ပေးခဲ့တာ၊ ဒီနှစ်ရောက်တော့ လည်း ကျွန်တော့်ရဲ့ ဗာဟီရကိစ္စတွေ နဲ့ အချိန်ကုန်နေပြီး အကောင်အထည်မဖော်နိုင်ပြန်ဘူး။
ဒီတော့ ကလေးတွေက အဖေကလည်း တစ်နှစ်ပြီး တစ်နှစ်အချိန်ဆွဲနေတာပဲ၊ ဘယ်တော့ ဖြစ်လာ မှာလဲလို့ ဝေဖန်လာကြတယ်။ ဒါနဲ့ လုပ်ပေးမှာပါ ၊ ကလေးတို့၊ အရင်လောက်တော့ မကြာတော့ ပါဘူးလို့ နှစ်သိမ့်ရတယ်။ သူတို့ကတော့ ယုံကြည်ပုံမရဘူး။
ကလေးတွေနဲ့ စကားပြောပြီးတော့ နဝတအစိုးရခေတ်က နာမည်ကြီးခဲ့တဲ့ ပြက်လုံးတစ်ခုကို သတိရမိတယ်။ အချိန်ကတော့ အမျိုးသားညီလာခံခဏရပ်ဆိုင်းနေတဲ့ အချိန်၊ ၁၉ ၉ ၆ ခုနှစ် နောက် ပိုင်းပေါ့၊ အမျိုးသားညီလာခံက အခြေခံဥပဒေသစ်ကို ရေးဆွဲဖို့ပြင်ဆင်နေ တာဖြစ်ပြီ နဝတ အစိုးရ ကလည်း အမျိုးသားညီလာခံကနေ အခြေခံဥပဒေသစ်ပေါ်ပေါက်လာပြီး မှ ရွေးကောက်ပွဲတို့၊ အာဏာ လွှဲပြောင်းရေးတို့လုပ်မယ်လို့ ပြောထားတာဖြစ်ပါတယ်
အဲဒီအချိန်မှာ ရုပ်ရှင်လောကသားတွေက ရုပ်ရှင်အစည်း အရုံးရန်ပုံငွေအတွက် ပြဇာတ် တစ်ပုဒ် ရုံတင်ကပြတယ်။ မင်းသားနဲ့ ဒါရိုက်တာနာမည်တော့ မှတ်မိ ပါတယ်။ ဒါပေမယ့် အဓိက ပြော ချင်တာ ပြဇာတ်ထဲက ပြက်လုံး အကြောင်းဆိုတော့ မင်းသားနဲ့ ဒါရိုက်တာနာမည်တော့ မပြော တော့ဘူး။ အခုပြန် ပြော ပြတော့ စကားလုံးတွေက အတိ အကျ ဖြစ်ချင်မှဖြစ်မယ်၊ဒါပေမယ့် ဆိုလိုရင်းကတော့ အတူတူပါပဲ။
အဲဒီပြဇာတ်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ အဖေလုပ်တဲ့သူက မှန်ရှေ့မှာ မုတ်ဆိတ်ရိတ် နေတယ်၊ သားလုပ်တဲ့သူ (လူရွှင်တော်ထင်တယ်) က ပုခက်ထဲကနေ “အဖေ လွှဲပါ၊ လွှဲပါ ”လို့အော်တယ်။ အဖေလုပ်တဲ့သူကလည်း “အေး လွှဲမှာပါကွ၊ ဒီမှာ အဖေရိတ်လို့ မပြီးသေးလို့ပါ” လို့ပြောတယ်။ ခဏ နေ တော့ သားက အဖေ လွှဲပါ၊ လွှဲပါ ဆိုပြီးထပ်အော်တယ်။ အဖေကလည်း အေး လွှဲမှာပါကွ၊ အဖေ ရိတ် လို့ မပြီးသေးလို့ပါလို့ထပ်ပြောတယ်။ ဒီလိုနဲ့ သားက လွှဲပါလို့ အော်လိုက်၊ အဖေက လွှဲမှာ ပါကွ၊ ရိတ် လို့မပြီးသေးလို့ပါလို့ ပြောလိုက် သုံးလေးခါ ဖြစ်နေတော့ ပရိသတ်ကလည်း သူတို့ အတွေး နဲ့ သူတို့ တဝါးဝါး၊ တဟားဟားပေါ့။ ဇာတ်ပေါင်းတော့ ဒါရိုက်တာက သုံးနှစ်၊ မင်းသားက တစ်နှစ် အနုပညာလုပ်ခွင့်ပိတ်ခံရတယ်။
အခု အိမ်က ကလေးတွေကလည်း ကျွန်တော့်ကို အဖေ ပေးထားတဲ့ ကတိအတိုင်းလုပ်ပါလို့ ထပ် ပြော နေပြီ။ အဲဒီ ပြက်လုံးထဲကလို “အေးပါ အဖေ လုပ်ပေးမှာပါကွာ” လို့ ပြောပြီး နေ့ရွှေ့ ညရွှေ့လုပ်နေရင်တော့ အိမ်က သား သမီးတောင် အယုံအကြည်ရှိမှာမဟုတ်တော့ဘူး။
ဆက်ဖတ်ရန် →
ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်(၁၀)ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ

ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်(၁၀)ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ

စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်၍ ပြည်သူသုံးဦး အပြင်းအထန်ဒဏ်ရာရ

ကျော်ဇော၊​မောင်​မောင်/People's Spring 

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People's Spring သတင်းဌာနသို့ပြောကြားသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
"မနက် ၅ နာရီလောက်မှာ PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာမှာနှစ်ဖက်ထိခိုက်မှုရှိပါတယ်။PDFဖက်က တပ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ စကစဖက်က ၁၀ ယောက်ကျော်ကျမယ်လို့ ခန့်မှန်းပါတယ်"ဟု အဆိုပါဒေသခံကပြောသည်။
အဆိုပါ ညောင်လေးပင်မြို့နယ်တွင်း ထိတွေ့တိုက်ပွဲနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ​ဖေ​ဖောဝါရီ ၂၁ ရက်ညတွင်စစ်ရေးသတင်းအကျဥ်းချုပ်ထုတ်ပြန်ရာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးကြောင်းဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီး ၂ နာရီခန့်အကြာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် ရွှေကျင်ဘက်မှနေ၍ ကားနှစ်စီးဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်က အင်းဝိုင်းကြီးနှင့် ပုဇွန်မြောင်ရွာကြားတွင်ခေတ္တအထိုင်ချပြီး ကွင်းဒလကြီး၊ သက္ကယ်ကုန်း၊ မှော်ဗျား၊ အင်းဝိုင်ကြီး၊ ကွင်းဒလလေး၊ ထောင်လောင်စသည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက​ပြောသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အင်းဝိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိခိုက်ပျက်ဆီးသွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
"ထောင်လောင်ကျေးရွှာမှ အမျိုးသမီးတစ်ဦးကျောကုန်းဒဏ်ရာပြင်းထန်၊ အမျိုးသားတစ်ဉီးခြေထောက်တစ်ဖက်စတီးရိုးထည့်ထားရ၊ အမျိုးသားတစ်ဉီးလက်မောင်းထိ ခိုက်မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့ပါတယ်။ ခုလက်ရှိသုံးယောက်စလုံး ပဲခူးဆေးရုံတက်ရောက်ကုသနေရပါတယ်။ သုံးဦးသေတယ်ဆိုတာ မဟုတ်ပါဘူး"ဟု ညောင်လေးပင်မြို့နယ်မှ ဒေသခံတစ်ဦးက People's Spring သို့ ပြောသည်။
လက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကျေးရွာများဖြစ်သော ညောင်ပင်ကြီး၊ အင်းဝိုင်းကြီး၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ ပုဇွန်မြောင် စသည့်ကျေး ရွာများမှ ဒေသခံပြည်သူအချို့ ဘေးလွတ်ရာရှောင်နေသူများရှိသလို ကျေးရွာများအတွင်း ကျန်ရှိနေသူများမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေကြကြောင်း စုံစမ်းသိရသည်။


ဖရူဆိုနှင့် ရှားတောရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်

ရဲခေါင်/People's Spring

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့် ရှားတော မြို့နယ်ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ် ပြန်ရေးအဖွဲ့ KMICက ပြောသည်။
ဖေဖော်ဝါရီ၂၀ ရက် နံနက် ၈ နာရီခန့်က ရှားတောမြို့အနီရှိ စစ်ကောင်စီ၏ ခမရ (၅၁၀)တပ်၏ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်ကြောင်း အသိပေး သည်။
အလားတူ ယခုလ ၁၆ ရက်တွင် ဖရူဆိုအခြေစိုက် ခမရ (၅၃၁)တပ်အတွင်း ကရင်နီတပ်မတော်က ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။
ထို့ကြောင့် ယမန်နေ့ကစ၍ စစ်ကောင်စီတပ်မှာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက် ရဟတ်ယာဥ်ဖြင့် စစ်ကောင်စီက ထောက်လှမ်းလာသည်ဟု ဆိုသည်။
တိုက်ခိုက်မှု ဖြစ်စဥ်များတွင် စစ်ကောင်စီတပ်က လက်နက်ကြီး များအသုံးပြု ပစ်ခတ်ခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်မှ ထိခိုက်သူမရှိခဲ့ပေ။
"မနေ့က ဒီးမော့ဆိုဘက်မှာလည်း တိုက်လေယာဥ်နှစ်စီး ပျံဝဲပြီးခြိမ်းခြောက်ပစ်ခတ်ခဲ့တာမျိုးရှိတယ်။အထိအခိုက်တော့ မသိပေးမယ်။သူတို့ ဘက်က အသေအဆုံးများရင် လေကြောင်း နဲ့ လက်နက် ကြီး ပစ်ကူက အဆမတန်ကို စစ်ကောင်စီက သုံးနေ တယ်"ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။
PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲဝင်အချို ။
ဓါတ်ပုံ-PDF


ဆက်ဖတ်ရန် →
ဝါရှင်တန်မှာ NUG ရုံးခန်းဖွင့်ပြီးချိန် တိုင်းရင်းသားလက်နက်ကိုင်တချို့ကို တရုတ်တွေ့ဆုံ

ဝါရှင်တန်မှာ NUG ရုံးခန်းဖွင့်ပြီးချိန် တိုင်းရင်းသားလက်နက်ကိုင်တချို့ကို တရုတ်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ NUG က ရုံးခန်းဖွင့်လှစ်ပြီးတဲ့နောက်မှာ တရုတ်က သူနဲ့ ဆက်စပ်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့နဲ့တွေ့ဆုံနေတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းကစလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့ တိုင်းရင်းလက်နက်ကိုင် ကိုယ်စားလှယ်အချို့ယူနန်ပြည်နယ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားနယ်မြေတွေမှာ တွေ့ဆုံနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အဖွဲ့ ၄ဖွဲ့လောက်နဲ့တွေ့ပြီးပြီလို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

NUG က အမေရိကန်မှာ ရုံးခွဲဖွင့်တဲ့ကိစ္စအပေါ်လည်း သူတို့(တရုတ်)က သိပ်မကြိုက်ဘူး။ တရုတ်သံတမန်က UN Resolution ချချိန် မဲမပေး ကြားနေခဲ့တာကို အထူးပြု ပြောသွားတယ်။ တရုတ်ကို ဆွဲဆောင်ချင်ရင် NUG က Diplomats(သံတမန်) မဆန်တဲ့ သူ့မူဝါဒတွေ ပြင်ရမယ် ဆိုတဲ့ သုံးသပ်ချက်မျိုး သွားတွေ့တဲ့ အဖွဲ့တွေဆီကထွက်လာတယ် လို့ သူက ပြောပါတယ်။

ဒါ့အပြင် လောင်းကစားမှု၊ လိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ထံကနေသိရပါတယ်။

တရုတ်နိုင်ငံက အလိုရှိတဲ့ရာဇဝတ်သားတွေကို ဖမ်းဆီးပေးတာ အပါအဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စတဲ့ကိစ္စ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ အခြေချလုပ်ကိုင်ခွင့်မပေးဖို့ စတဲ့ ကိစ္စတွေလည်း ဆွေးနွေးကြတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဓိကကတော့ ဒီရက်ပိုင်းထိုင်းမှာလည်း တရုတ်နိုင်ငံသားတွေ လောင်းကစားကိစ္စတွေရော၊ တခြားအမှုတွေရော တက်ကြတယ်မှတ်လား။ အဲဒါနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် ကိုင်ဖို့ရှိနေတာပေါ့လေ။ ဒါတွေကိုလည်း ဝိုင်းလုပ်ဖို့ပြောတယ် လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံသားတွေအနေနဲ့ ကမ္ဘောဒီယား၊ မြန်မာ၊ လာအို၊ UAE၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အရေးပေါ်နဲ့ မဖြစ်မနေကိစ္စကလွဲလို့ ခရီးမသွားဖို့၊ ခရီးသွားခဲ့ရင်လည်း ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေမှာ လုံးဝ ဝင်ရောက်ပတ်သက်တာမျိုးမလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun မကြာသေးမီက ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ အထူးဒေသ(၄)မိုင်းလားကိုလာလည်သွားတယ်လို့ မိုင်းလားနဲ့နီးစပ်တဲ့ WeChat သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်အထူးကိုယ်စားလှယ်အနေနဲ့ လာမယ့်သီတင်းပတ်ထဲမှာလည်း ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးတယ်လို့ သိရပါတယ်။

MK - 004
#MeKongNews 
#တရုတ်အထူးကိုယ်စားလှယ်
#ဝါရှင်တန်



ဆက်ဖတ်ရန် →
မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

စန္ဒီ/People's Spring


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သားဖြစ်သူ စစ်ကောင်စီ​၏ စစ်ဗိုလ် အရှိန်အဝါကိုသုံး၍ ကျေးရွာအား စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးအား Natogyi Regional Defence Force ကရှင်းလင်းခဲ့သည်။


ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။


ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပျူခေါင်းဆောင်မှာ သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါယူ၍ရွာ၌ စစ်ကောင်စီတပ်ခေါ်ကာကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်​ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း Natogyi Regional Defence Force ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လန်ဒန်က ပြောကြားသည်။


"နေရာတင် ပွဲချင်းပြီးတယ်။ သူယာခင်းထွက်တဲ့အချိန်နဲ့ တိုးတာပါ။ သူ့သားကတပ်ထဲမှာ ဗိုလ်အဆင့်ပဲဗျ။ သူ့သားအရှိန်အဝါသုံးပြီး ကျေးရွာ လူထုအပေါ် ဖိနှိပ်နေတာ။ လက်နက်အားကိုးနဲ့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်။စစ်ကြောင်းထိုးရင်လည်း ဒီကောင်ကပဲ ဦးဆောင် ခေါ်တာ။"ဟု NRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။


မြင်းခြံမြို့နယ်တွင် ပျူအဖွဲ့များ သောင်းကျန်းလျက်ရှိပြီး ဖေဖော်ဝါရီ၂ဝ ရက် ညကလည်း လယ်သစ်ကျေးရွာရှိNLDပါတီ ခရိုင်နာယက ဦးလှမြင့်၏  နေအိမ်မှ ထယ်ခုံ(၃)ခုံကို ပျူများက သယ်ဆောင်သွားကြောင်း၊ ဇွန်လအစောပိုင်းကလည်း ထွန်စက် နှစ်စီးကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။






————————————————

မန္တလေးမှာ ၂ ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရ


ဆိုင်းမင်း/People's Spring


မန္တလေးမြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီ နဲ့ဆက်နွယ်တဲ့ နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရပါတယ်။


တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။


မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။


တိုင်းလွှတ်တော် ရုံးရှေ့ ဘန်ကာကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာဖြစ်သလို  စစ်ကောင်စီဘက်က လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေးက  တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအများသိအောင် ထုတ်ပြန်ပါတယ်။


ဌာနဆိုင်ရာ ရုံး ၂ ရုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီး  ခရိုင်တရားရုံးကိုတော့ အသံဗုံးနဲ့ပဲ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။


ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်အထွက်ရှိ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးကို  ၄၀ မမ ဗုံးသီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျုစောထီး တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။


သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့  မြနန္ဒာ စစ်ဆင်ရေးက  ဆိုပါတယ်။


မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။




ဆက်ဖတ်ရန် →
လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

(အပိုင်း-၂) ဖတ်ရန်နှိပ်ပါ

 ▪️ စစ်ဗိုလ်ချုပ် သားကို သတ်ရန် ကြိုးစားသော်လည်း အရေးယူ မခံရသည့် လူရမ်းကား စည်သူထွဋ်(နိဂုံး)ဖတ်ရန်နှိပ်ပါ

(အပိုင်း-၁) 

By ရန်ကုန်ခေတ်သစ်

မင်းအောင်လှိုင် မိသားစုလိုပဲ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ မိသားစုကို ပြပါဆိုရင် နေပြည်တော်မှာရှိတဲ့ ဝန် ထမ်းတွေရော စစ်ဘက်အသိုင်းအ၀ိုင်းတွေက လက်ညှိုးထိုးပြကြမှာက   ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန် ကြီး ဗိုလ်ချုပ်ကြီး စိုးထွဋ် မိသားစုဖြစ်ပါတယ်။ 

ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ စီးပွားဥစ္စာတွေကို ဖျက်ဆီးခြင်း၊ စစ် ကြောရေးမှာ ပြည်သူတွေကို လူမဆန်စွာ နှိပ်စက်ခြင်း၊ အကျဉ်းထောင်အတွင်း ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခြင်း စတဲ့ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ပြစ်မှုတွေကို  အဓိက ဦးဆောင် ကျူးလွန်နေသူက စိုးထွဋ်ပဲဖြစ်ပါတယ်။ 

စိုးထွဋ်ဟာ မင်းအောင်လှိုင်ရဲ့ မျက်နှာသာ ပေးမှုနဲ့ ကြမ်းပြ ရမ်းပြ "သခင်အားရ ကျွန်ပါး၀" လုပ်ဆောင်နေသူ ဖြစ်တဲ့အပြင် ဝန်ကြီးရာထူးပေးပြီး အရေးပါသူအဖြစ် ဦးစားပေးခံရမှုတွေအတွက် မင်းအောင်လှိုင် ကျေးဇူးကို ခြေသုတ်ပုဆိုး မြေဆွယ်ကျိုးသလို ပေးဆပ်နေသူလည်းဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီး ကျော်ဆွေကို ရာထူးက အနားပေးပြီး စိုးထွဋ်ကို ဝန်ကြီးရာထူးပေးခဲ့ပါတယ်။ စိုးထွဋ်ဟာ စစ်မျိုးစစ်နွယ် စစ်တပ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာသူဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ မေးဖွားပြီး ပြည်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ်  ရက်ရက် စက်စက် စစ်ရာဇဝတ်မှုတွေ ကျူးလွန် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့ သားလည်းဖြစ်ပါတယ်။ 

စိုးထွဋ် အဖေက တော့ သူပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် ၂၀၀၁ ခုနှစ် န၀တ အတွင်းရေးမှူး၂ ဗိုလ်ချုပ်တင်ဦး၏ ရဟတ်ယာဉ်ပျက်ကျမှု ပါဝင်ပြီး အသေဆိုးနဲ့ သေခဲ့ရပါတယ်။ 

စိုးထွဋ်က ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၆၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရာထူး အစဉ်အလာပေးမှု ဓလေ့အရ  ဘွဲ့ရ ဗိုလ်လောင်းသင်တန်း OTS ဆင်းဖြစ်တာမို့ ရှေ့ဆက်ရာထူးတက်ဖို့လည်း မရှိဘဲ ဂိတ်ဆုံးနေပါပြီ။ 

ဒါပေမယ့်လည်း မင်းအောင်လှိုင်ရဲ့ နေရာပေးမှုကြောင့် ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာမို့ အစွမ်းကုန် မီးကုန် ယမ်းကုန် ရက်စက်ပြနေတဲ့ လက်မရွံ့ အာဏာ ပါးကွက်သား အဖြစ် စိုးထွဋ်က အသုံး တော်ခံနေတာလည်းဖြစ်ပါတယ်။ 

စိုးထွဋ်၏ ယုတ်မာမှုများကို ဖော်ထုတ်ခြင်း
========================

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါ အဝင် ၄ ဦးကို ကြိုးပေးစီရင် သတ်ဖြတ်ရာမှာ စိုးထွဋ်က အဓိက ဦးဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင် အင်းစိန်အကျဉ်းထောင်ထဲအထိ လာရောက်ပြီး ကြိုးပေးမှု အစ၊ အဆုံး ကြီးကြပ် ကွပ်ကဲခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲထည့်ထားဖို့ ၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူ အကျဉ်းထောင်ပို့ဖို့ ကိစ္စတွေမှာလည်း စိုးထွဋ်က မင်းအောင်လှိုင်နဲ့ တိုက်ရိုက် တိုင်ပင်တယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ပြီး ဖိနှိပ်ရက်စက်ယုတ်မာမှုတွေ ကို စိုးထွဋ်က ကွင်းဆင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။  

စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတွေကို စစ်တပ်နဲ့ရဲက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ဖို့ အဓိက ညွှန်ကြားသူတွေမှာ မင်းအောင်လှိုင်၊ စိုးဝင်း ပြီးရင် တတိယ တာဝန်အရှိဆုံးသူက စိုးထွဋ်ဖြစ်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

"သူက ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့အပြင် နစက ကောင်စီဝင်ဖြစ်နေတော့ စစ်တပ်ရော ရဲရော သူက ညွှန်ကြား အမိန့်ပေးလို့ရတယ်။ တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာလည်း သူက ဦးဆောင်ပါဝင်နေတယ်။ အခုနောက်ဆုံး ဒုဝန်ကြီးချုပ် ရာထူးပေးလိုက်တော့ သူရဲ့ အာဏာ စိုးဝင်း နဲ့တန်းတူ မဟုတ်ရင်တောင် စိုးဝင်းထက်မလျှော့ဘူး။ လုံခြုံရေး၊ စစ်ရေး၊ ပြည်ထဲရေး အစည်းအဝေးတွေမှာ သူက  လုပ်ပစ်လိုက်( သတ်ပစ်လိုက်)၊ မှတ်လောက်သားလောက် ဆုံးမရမယ်၊ လုပ်ပြရမယ်( သတ် ဖြတ်ပြရမယ်) ဆိုတာမျိုးတွေ အမြဲတမ်း ပြောပါတယ်။ မင်းတို့ကို ငါအမိန့်ပေးတယ်။ ငါ ညွှန်ကြားတယ် ဆိုတာမျိုး အမြဲပြောတဲ့သူပဲ" လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ 

မင်းအောင်လှိုင်ကို နိုင်ငံတော် အကြီးအကဲလို့ ခေါ်လေ့ရှိသူ
=================================

စိုးထွဋ်ဟာ မင်းအောင်လှိုင်ကို နိုင်ငံတော်အကြီးအကဲ၊ အကြီးအကဲလို့ အစည်း အဝေးတိုင်းမှာ ခေါ်ဝေါ် သုံးနှုန်းပြောဆိုပါတယ်။ မင်းအောင်လှိုင်ရှေ့ရောက်သွားရင် စိုးထွဋ်ဟာ တကယ့်ကို အရိုက်ကြမ်းတဲ့ ဘုန်းကြီးရှေ့ ရောက်သွားတဲ့ ဘုန်းကြီးကျောင်းသားလို အလွန် ရိုကျိုးတယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ သူ့ကို လေးစား ရိုကျိုးမှု ပြသူတွေကို အင်မတန် သဘော ကျပါတယ်။ စိုးထွဋ်ရဲ့ ကျိုးနွံ့တဲ့ အမူအရာနဲ့ အပြောအဆိုတွေကြောင့် မင်းအောင်လှိုင်ဟာ နှစ်ထောင်း အားရသလို သူ့မှာ စိုးထွဋ်လို လက်မရွံ့  အာဏာပါးကွက်သားတွေရှိတယ်ဆိုပြီး မာန်တင်းနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်သူပိုင်ပစ္စည်းများကို ချိတ်ပိတ်ခြင်းနဲ့စီးပွားဖျက်ခြင်း
================================

စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ချိတ်ပိတ်တာ၊ ဖျက်ဆီးတာ၊ စစ်တပ်ပိုင် အဖြစ် သိမ်းယူတာတွေက စိုးထွဋ်ရဲ့ လက်ချက်ဖြစ်ပါတယ်။ စစ်တပ်က ရေးဆွဲပြဋ္ဌာန်းထားခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ဒီလို အိုးအိမ် ဥစ္စာ ပစ္စည်းတွေ ချိတ်ပိတ်၊ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားမှ စစ်တပ်ကို မထီမဲ့မြင် မပြုရဲမှာ၊ နားရွက် တွံ့တွေး မဆွတ်ရဲမှာလို့ စိုးထွဋ်က မင်းအောင်လှိုင်က တင်ပြပြီး ပြည်သူ့အိုးအိမ် ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်ကောင်စီရဲ့ လျှို့ဝှက်အစည်းအဝေးမှာ စိုးထွဋ်က စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်မှာ ပါဝင်သူမှန်သမျှကို စီးပွားပျက်အောင် ဖျက်ဆီးရမယ်လို့ စစ်တပ်နဲ့ရဲကို ညွှန်ကြားခဲ့ပါတယ်။ 

အဲဒီအစည်းအဝေးမှာ စိုးထွဋ် ပြောခဲ့တာကို ပြန်ကြည့်ရအောင်ပါ။ 

"ငါတို့ရဲ့လုပ်ဆောင်မှုကို ပျက်ရယ်ပြုတာ မလေးမစား လုပ်တာဒါကို လက်ခံလို့မရဘူး။  ပြတ်ပြတ်သားသားဆောင် ရွက်ကြဖို့ ဖြစ်ပါတယ်။  အရေးယူတဲ့အခါ ပြတ်ပြတ်သားသား အရေးယူရမယ်။ ကြီးသောအမှုကို ငယ်စေ ငယ်သောအမှုကို ပပျောက် စေဆိုတာက ဒါက ဒါနဲ့ မဆိုင်ဘူး။  အဲဒါကို မင်းတို့ နားလည်ဖို့လိုတယ်။  မင်းတို့ အမှုဖွင့်တာတွေ အရေးယူတာတွေနဲ့ပတ်သက်ရင် ထိထိရောက်ရောက် လုပ်ပါ။ ချက်ချင်းအရေးယူ။  ချက်ချင်း ပိတ်ပစ်လိုက်။ စီးပွားပျက်သွားအောင် လုပ်ပစ်လိုက်။ အဲဒီလို အထိ လုပ်မှ ရမယ်။ ငါတို့ ပြောရမယ်ဆိုရင် ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် နားရွက်ကို တံတွေးလာစွတ်နေတာ ဒါ လက်ခံလို့မရဘူး။ တို့တွေ လုပ်ဆောင်ချက်ကို ပျက်ပြားသွားအောင် မထီမဲ့မြင်ပြုလုပ်တာ။ ဒါကို ဒီအတိုင်း ကြည့်နေလို့မရဘူး" လို့ စိုးထွဋ်က ပြောခဲ့ပါတယ်။ 

သူရဲ့ ပြောဆိုချက် အသံဖိုင်ကိုလည်း ရန်ကုန်ခေတ်သစ်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

တကယ်တော့ စိုးထွဋ်ဟာ NLD အစိုးရ၊ NLD သမ္မတလက်အောက်မှာ ပြည်ထဲ ရေးဝန်ကြီး ဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်ကတည်းက မင်းအောင်လှိုင် အမိန့်ပဲ သူက နာခံပြီး သမ္မတဦးဝင်းမြင့်ရဲ့ အမိန့်ကို လျစ်လျူရှု မလိုက်နာခဲ့တာတွေ လည်း ရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ 

လက်ရှိမှာတော့ မင်းအောင်လှိုင်အတွက် စိုးထွဋ်ဟာ အကြမ်းဆုံး အရမ်းဆုံး အရက်စက်ဆုံး သားသတ် သမားအဖြစ် လုပ်ဆောင်ပေးနေသလို အခြားတစ်ဖက်မှာလည်း စိုးထွဋ်၊ မိန်းမနဲ့သားတွေက သူရဲ့ အာဏာနဲ့ပါဝါကို သုံးလို့ မိသားစု စီးပွား ရေး၊ အာဏာပြမှုတွေ၊ အနိုင်ကျင့် ဖိနှိပ်မှုတွေ ၊ အခြားစစ်ဗိုလ်ချုပ်တွေရဲ့ သားတွေကို သတ်ဖို့ ကြိုးစားလာတဲ့အထိ ရဲရဲတင်းတင်းပြုမူမှုတွေ ရှိလာနေပါတယ်။ 

(ဆက်လက်ဖော်ပြပါမည်)



ဆက်ဖတ်ရန် →
ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

စောနွေဦး/People's Spring

ဒေါ်လာလေးသန်းတန်မိုးကုတ်ရှိကျောက်မျက်တူးဖော်ရေးတွင်းတစ်ခုကိုလုပ်ငန်းရှင်တစ်ဦးကဝယ်ယူသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျောက်မျက်ရောင်းချရေးဖြစ်သည့် Early Partnership Programက ယနေ့ ထုတ်ပြန်ကြေညာသည်။ လုပ်ငန်းရှင် ဝယ်ယူသွားသော​ကျောက်မျက်တွင်းမှာ မိုးကုတ်မြို့ရှိ ကင်း-၂ အမည်ဖြင့် ကျောက်မျက်တူးဖော်ရေးတွင်း နံပတ် -၁၇ ဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်း ၄၅ခုကို ရောင်းချနေခြင်းဖြစ်သည်။

ယခု ကင်း-၂ ကျောက်မျက်တွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခွင့်ရရှိခဲ့ပြီး ကျန် ၄၄ တွင်းအတွက်လည်း ဝယ်ယူရန်ကမ်းလှမ်းမှုအမြောက်အမြားရှိနေသည်ဟု NUGက ဆိုသည်။ ထိုကျောက်မျက်တွင်း ၄၅ တွင်းစုစု​ပေါင်းမှာ ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး၎င်းတို့ကို ဒေါ်လာ ၁၄၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။ ယခုရောင်းထွက်ခဲ့သည့် ကျောက်မျက်တွင်းသည် အပြာရောင်နီလာ၊ ပတ္တမြား၊ မြ၊ သလင်းကျောက် စသည့် အဖိုးတန် ကျောက်မျက်များထွက်ရှိသည် နေရာဖြစ်သည်ဟု NUG၊ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာက အသိ​ပေးထားသည်။
ထိုလုပ်ကွက်သည် မြေဧက ၃၀ခန့်ကျယ်ဝန်းပြီး ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၄ သန်းရှိသည်။ ၎င်းလုပ်ကွက်ကို ဒေါ်လာ ၁ ဒသမ၂ သန်းဖြင့်ရောင်းချမည်ဖြစ်ပြီးတော်လှန်ရေးကာလအတွင်း ဒေါ်လာ ၄၈၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။

 


ဆက်ဖတ်ရန် →
စစ်အာဏာရှင်ပြုတ်ကျရေး ပိုမိုအရှိန်မြှင့် လုပ်ဆောင်ပေးကြပါရန်  အကျဉ်း ထောင် အတွင်းမှ နိုင်ငံရေး အကျဉ်းသားများက မေတ္တာရပ်ခံ

စစ်အာဏာရှင်ပြုတ်ကျရေး ပိုမိုအရှိန်မြှင့် လုပ်ဆောင်ပေးကြပါရန် အကျဉ်း ထောင် အတွင်းမှ နိုင်ငံရေး အကျဉ်းသားများက မေတ္တာရပ်ခံ

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၂ ခေတ်သစ်


မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေ ဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယခုထက်ပိုမိုအရှိန် မြှင့်လုပ်ဆောင်ပေးကြပါရန် မြေလတ်ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက မေတ္တာရပ်ခံလိုက်သည်။ 

ယနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သော ၂ ငါးလုံး နွေဦးတော်လှန် ရေး ၂ နှစ်ပြည့်အထိမ်းအ မှတ် သဘောထားထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

 မြေလတ်နိုင်ငံရေးအကျဉ်းသား အင်အားစုများ အနေဖြင့် ပြည်သူနှင့်အတူ ပခုံးပေါ်ကျရောက်လာသည့် အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လက်ဆင့်ကမ်းသမိုင်းအမွေကို နွေဦးတော်လှန်ရေး အဖြစ်ခံယူ တည်ဆောက်ကာ ကြံ့ကြံ့ခံတော်လှန်‌ရေး အောင်ပွဲဆင်နွှဲခဲ့သည်မှာ ယနေ့ဆိုလျှင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ အာဏာရှင်တို့အနေဖြင့် ရုပ်ခန္ဓာကိုသာ ထိန်းချုပ်  အကျဉ်းချ၍ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေးတို့ အပေါ်ထားရှိသည့် ရည်မှန်းချက်ပန်းတိုင်ကို မည်သို့ မျှ နှောင့်ယှက်ဟန့်တား၍ မရသည်ဆိုသည်မှာ ယခုအခါ ပိုမိုပေါ်လွင်လာပြီဖြစ်ကြောင်း မြေလတ် ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက ပြောကြားသည်။

အာဏာရှင်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှုများ ၊ စစ်ရာဇဝတ်မှုများ၊ လူသားဆန့်ကျင်ရာဇဝတ်မှုများ၊ ရွာ လုံးကျွတ် မီးရှို့မှုများကို ကြံ့ကြံ့ခံရပ်တည်၍ ဆက်လက်တော်လှန် ပုန်ကန်နေသော CDM ဝန်ထမ်းများ၊ ပြည်သူလူထု၏ လိုလားချက်၊ ဖက်ဒ ရယ် ဒီမိုကရေစီ ပန်းတိုင်အတွက် ကမ္ဘာနိုင်ငံအချို့၏ မျက် ကွယ် ပြုမှုအောက်တွင် ရရာလက်နက်စွဲ ကိုင် ရင်း တိုက်ပွဲဝင်နေသော ရဲဘော်အပေါင်း၊ မြန်မာနိုင်ငံ၏ သမိုင်း တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပြီးလျှင် ညီညွတ်မှုအရှိဆုံးသော စည်းလုံးမှုကို ပြသနိုင်သည့် NUG အစိုးရနှင့် EAO တိုင်းရင်းသားလက်နက်ကိုင်များအားလုံးကို လေးစားစွာ ဦးညွတ်ပါသည်ဟု ဆိုသည်။

 အခြေအနေအရ နိုင်ငံတကာအသီးသီးသို့ ရောက်ရှိနေကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအနေ ဖြင့်လည်း တရားမဝင် စစ်ကောင်စီ ပြုတ်ကျရေးအတွက် လက်ရှိအဟုန်ထက်ပို အရှိန်မြင့်လုပ်ဆောင် ပေးပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း၊ ခေတ်အဆက်ဆက် မြန်မာပြည်သူလူထု၏ လူ့အခွင့် အရေး၊ ဒီမိုကရေစီရရှိရေး၊ တရားမျှတမှုရရှိရေး တို့အတွက် စွန့်လွှတ် ပေးလှူခဲ့ရသည့် အသက်များ၊ ဘဝများအပေါ် စာနားလည်ထောက်ခံပေးခဲ့သော သူများသည် ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်လိမ့် မည်ဖြစ်ကြောင်း မြေလတ်ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အင်အားစုများက သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း သိရသည်။

မြေလတ်ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အင်အားစုများ အနေဖြင့် လူ့အခွင့်အရေး နှင့်ဖက်ဒရယ် ဒီမိုကရေစီ အရေးအပေါ် တန်ဖိုးထားပြီး ပြည်သူလူထု ပြည်သူလူထုလိုလားသော လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်‌နိုင်သည်အထိ သက်ဆုံးတိုင်ကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း မြေလတ်ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက ပြောဆိုလိုက်သည်။




ဆက်ဖတ်ရန် →
 FOEIM ကျောင်းသား ၃၀၀ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု

FOEIM ကျောင်းသား ၃၀၀ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု

စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ခေတ်သစ်


အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီများက FOEIM ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ် နံပါတ်၊ ဖခင်ဖြစ်သူအမည် ဆိုင်ရာ အချက်အလက်များ ၎င်းတို့ထံ ပေါက် ကြား လာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ ခြိမ်းခြောက် ငွေညှစ်ခံရမှုများရှိနေကြောင်း ကျောင်းသား မိဘတချို့ထံမှ သိရှိရသည်။ 

"မနေ့ညက ၁၂ နာရီလောက်ထင်တယ်။ ထောင်မကျချင်ရင်၊ အကြမ်းဖက်မှု ဥပဒေနဲ့ ပိုင်ဆိုင်မှုတွေ ချိတ် ပိတ်မခံချင်ရင် ငွေ သိန်း ၁၀၀ ပေးရမယ်။ Wave သို့မဟုတ် K-pay ကနေ လွှဲပေးရမယ်။ နို့မဟုတ်ရင် ဖုန်းနံပါတ်ကို Register လုပ်ထားတဲ့လိပ်စာကနေ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဖုန်းချပစ်လိုက်တယ်။ အဲဒီဖုန်းကတ်ကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို မှတ်ပုံ တင်ထားတဲ့ လိပ်စာကနေ ညတွင်းချင်း ရပ်ကွက်ထဲ အခြားနေရာတစ်ခုကို မိသားစုလိုက် ရွှေ့လိုက်တယ်။ ဒီနေ့တော့ အခြားမြို့နယ် ပြောင်းနေမယ်" ဟု FOEIM ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ 

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက FOEIM တွင် တက်ရောက်သည့် ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ ဖခင်အမည်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်များကို ဖော်ပြထားသော အချက်အလက်များ ပေါက်ကြားသွားသဖြင့် သတိပြုကြရန် တိုက်တွန်းထားပြီး အရေးပေါ် လုပ်ဆောင်ရန် အချက် ၄ ချက်ကို ထုတ်ပြန်သည်။ 

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက တိုက်တွန်းရန် လုပ် ဆောင် ထားသည့် အရေးပေါ် အချက် ၄ ချက်မှာ  


၁။ Data ပေးစဥ်တွင်ဖော်ပြခဲ့သော Sim Card ဖုန်းနံပါတ်များအား အသုံးပြုမှုယာယီရပ်နားထားခြင်း၊


၂။ မိမိ၏ Device များအတွင်းရှိသော တော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း၊


၃။ မိမိ၏အိမ်နေရာဌာနတွင် သတိနှင့်နေထိုင်ခြင်း၊


၄။ မိမိ၏ ဖုန်းSim Cardများအသုံးပြု၍ဖုန်းပြောရာတွင် တော်လှန်ရာဆိုင်ရာစကားလုံးများအားထည့်သွင်း ဖော်ပြမှုမပြုခြင်း တို့ပြုလုပ်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ 


အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ FOEIM၏ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ခံစေရန်၊ သတင်းပေးဒလန်အားအမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။ 

"ပေါက်ကြားသွားတဲ့ အချက်အလက်တွေမှာ မှတ်ပုံတင်နံပါတ်တို့ လိပ်စာတို့ တိုက်ရိုက် ပါသွားတာတော့ မရှိဘူး။ ဒါပေမယ့် ဖုန်းနံပါတ်နဲ့ ကျောင်းသားနာမည်။ ဖခင်နာမည်တွေပါနေတော့ နာမည်အရင်း မပေးထား ရင်တော့ ကောင်းတယ်။ နာမည်အရင်း ပေးထားရင် ဖုန်းကို Register လုပ်ထားတဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာကနေ လိုက်လာနိုင်တယ်။ အဲဒီတော့ အချိန်ရပါတယ်။ ချက်ချင်းကြီး သူတို့ လာမဖမ်းနိုင်ဘူး။ အဓိက လုပ်သင့်တာက အချက်အလက်ထဲမှာ ပေးထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ တယ်လီဂရမ်ကို မသုံးနဲ့တော့။ ဖြစ်နိုင်ရင်တော့ နေရာပြောင်းရွှေ့နေပါလို့ အကြံပြုချင်ပါတယ်" ဟု ရန်ကုန်မှ နည်းပညာကျွမ်းကျင်သူတစ်ဦးက အကြံပြု ပြောဆိုသည်။ 

Free Online Educational Institution Myanmar- FOEIM သည် ကြားကာလတွင် ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းဖြစ်ကြောင်း၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လျက်ရှိသော ကျောင်းဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန် ကြေညာထားသည်။




ဆက်ဖတ်ရန် →
စကော့ မာစီရယ် -အာဆီယံ အလုပ်မဖြစ်တော့၍ အမေရိကန် ဦးဆောင်ရဖို့ ဖြစ်လာ

စကော့ မာစီရယ် -အာဆီယံ အလုပ်မဖြစ်တော့၍ အမေရိကန် ဦးဆောင်ရဖို့ ဖြစ်လာ

ယခင် အမေရိကန် သံအမတ် ဖြစ်ခဲ့သူ စကော့ မာဆီရယ် မှ "With ASEAN stuck, it is up to U.S. to lead on Myanmar" ခေါင်းစဉ် ဖြင့် Nikkei Asia Review တွင် ရေးသားလာခဲ့သည်။

မြန်မာ တမျိုးသားလုံး၏ စစ်အာဏာသိမ်းမှုအား ဆန့်ကျင် ပုန်ကန် မှု ကြီးသည် တတိယ နှစ်ထဲသို့ ချည်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ဆုံးခန်းတိုင် မည့် အနေအထား မတွေ့ရသေးပဲ နိုင်ငံ တကာ အသိုက်အဝန်း မှ ထိုအရေး ကို အဆုံးသတ်နိုင်ရန် အလားအလာ ရှိနိုင်မည့် မဟာဗျုဟာ ကိုလည်း ထုတ်ဖေါ် နိုင်ခဲ့ခြင်းမျိုး မရှိသေးပေ။

အာဏာသိမ်းပြီး သုံးလကျော် အကြာ ၂၀၂၁ ဧပြီလထဲတွင် အာဆီယံ မှ အကြမ်းဖက်လာမှုများ ရပ်တန့်ပြီး ဆွေးနွေး အဖြေရှာကြရန် အချက် ငါးချက် ကို တညီတညွတ်တည်း သဘောတူ ချမှတ်လာခဲ့ကြသည်။

ထိုသဘောတူ ညီချက်သည် ယခု အချိန် အထိ မီးတွင်းထဲက မထွက်နိုင်သေးပဲ ရှိနေဆဲပင် ဖြစ်သည်။ ဤသည်ကလည်း စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့၏ တင်းမာသော ရပ်တည်ချက်ကို တပြားသားမှပင် အလျော့မပေးခဲ့သော ကြောင့် ဖြစ်သည်။ ဆွေးနွေး စေ့စပ်မည် ဆိုက တဖက်က အသာစီး ရသွားပြီး ၎င်းတို့ဖက်က အရေးနိမ့်သွားမည့် zero-sum သဘောကို သိနေ‌ပြီး ဖြစ်သည်။

ယခုထက်ထိ တိုးတက်မှု တစုံတရာ ရှိမလာသည့် အပေါ်လည်း အာဆီယံ နိုင်ငံခြား‌ ရေး ဝန်ကြီး များ ဂျကာတာ တွင် တွေ့ဆုံစဉ် စိတ်ပျက်လက်ပျက် ငြီးတွား ခဲ့ကြပြီးလည်း ဖြစ်သည်။

၎င်းတို့သည် အကြံတုံး ညဏ်တုံးများ တော့ မဟုတ်ကြ၊ ဒီထက်ကောင်းသည့် ချည်းကပ်မှု ကို အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း သဘောကွဲလွဲနေကြ၍သာ အချက် ငါးချက် ကိုပင် ဆက်၍ စွဲကိုင်နေကြခြင်းသာ ဖြစ်သည်။

၎င်းတို့ ထိုသို့  ရှေ့မတိုးနိုင် ဖြစ်နေမှုကြောင့် အမေရိကန် အဖို့ လည်း ကျင်းထဲ ကျပ်ထဲ ရောက်လာခဲ့ရပြီ ဖြစ်သည်။

ယခင် စစ်အစိုးရ ခေတ်တွင်လည်း အမေရိကန်သည် စီးပွား ပိတ်ဆို့ဒဏ်ခတ်မှုများ နှင့်၊ ဖယ်ကျဉ်ထားရေး ဆိုသည့် မူဝါဒကို ကျင့်သုံးခဲ့ကြ၍လည်း အာဆီယံ နှင့် ဆက်ဆံရေး တွင် အမြဲလို ကသိကအောက် ဖြစ်ခဲ့ရသည်။ နှစ်ဖက်စလုံး တဖက်၏ သဘောထားကို တဖက်က စိတ်ပျက်လာကြသည်သာ အဖတ်တင်ခဲ့သည်။

လက်ရှိ အကျပ်အတည်း ကို ဖြေရှင်းရေးတွင်တော့အမေရိကန်သည် အာဆီယံ၏ ဘုံရပ်တည်ချက် ငါးရပ်ကို တလေးတစား နေရာပေး လာခဲ့သည်။

ဝါရှင်တန်သည် ဒီထက် ကောင်းအောင်လည်း မကြံဆနိုင်သည့် အတူတူ အာဆီယံ၏ ကြားနေမှု အား‌ ထောက်ခံမှု တိုး၍ ပေးနိုင်ခွင့်လည်း ရရှိခဲ့၍ အစပိုင်းတွင်တော့ လုပ်သင့်သည့် ကိစ္စမျိုး ဖြစ်သည်။

သို့သော် ယခုအခါ အာဆီယံ၏ အချက် ငါးချက်သည် ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်ငင်လာနေမှုသည် ဂျိုး ဘိုင်ဒင် အစိုးရအား တခုခု မဖြစ်မနေ လုပ်ရန် လှုပ်နှိုးပေးသလို ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။

အမေရိကန် မှ အာဆီယံ၏ အချက် ငါးချက်အား ဆက်ပြီး ထောက်ခံနေသရွေ မြန်မာပြည်သူများ နှင့် အတူ ရပ်တည်သွားမည်ဟု ကြွေးကျော် နေမှုသည် သင်္ကြန် အမြှောက်ထက် ပို၍ ထူးလာမည် မဟုတ်ပေ။ ထို့အပြင် မည်သို့မျှ ငြိမ်းချမ်းစွာ ဖြေရှင်း၍ မရနိုင်သည့် အနေအထားကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းနေသည်ကလည်း အဓိပ္ပါယ် မရှိလှပေ။

အမေရိကန်သည် ထိုရပ်တည်ချက်ကို ဆက်လက်စွဲကိုင်နေမည်ဆိုက ယုံကြည်မှု ပျက်ပြားခံရမည့် အရေး နှင့် ရင်ဆိုင်ရယုံမက မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှု များ နှင့် ပတ်သက်၍ ပြောနိုင်ဆိုနိုင်ခွင့်လည်း ဆုံးရှုံးသွားပေတော့မည်။

လက်ရှိ မြန်မာ အရေး အပေါ် အမေရိကန် မှ သတိကြီးစွာ ထား၍ ချည်းကပ်နေမှုသည် တကယ်တမ်းတွင် မြန်မာတို့၏ တော်လှန်ရေး အား အပြည့်အဝ ထောက်ခံမှု ပေးရမည့် ပြတ်သား ရဲတင်းသော မူဝါဒ ကျင့်သုံးမည်ဆိုက ဖြစ်လာနိုင်သော အန္တရာယ်များအပေါ် ကိုင်တွယ်ရန်  အမေရိကန် အစိုးရ အရာရှိများ စိတ်မပါ လက်မပါ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထိုသို့ လုပ်ရန် စိုးရိမ်မကင်း ဖြစ်လေ အကြမ်းဖက်မှုများက တိုးလာလေလေ ဖြစ်သွားနိုင်ပေသည်။ ထိုသို့ အန္တရာယ်များ အပေါ် စိုးရိမ်မကင်း ဖြစ်မနေဟု ဆိုက နောက်တကြောင်းသည် လက်ရှိ ကွဲပြားနေသော တော်လှန်ရေး အင်အားစုများမှ စစ်တပ် ကို အနိုင်တိုက်နိုင်ပါမည်လော၊ နိုင်သွားမည် ဆိုလျှင်လည်း တိုင်းပြည်ကို တစုတစည်း တည်း ဖြစ်အောင် ထိန်းချုပ်ထားနိုင်ပါ့မလား ဆိုသည့် မေးခွန်းများ ၎င်းတို့ ခေါင်းထဲတွင် အစီအရီ ထွက်ပေါ်နေကြသောကြောင့်ပင် ဖြစ်ပေမည်။

နောက်ထပ် အမေရိကန် အစိုးရ အရာရှိများ စိုးရိမ်မကင်း ဖြစ်‌နေပြန်သည်က တော်လှန်ရေး ဖက်ကို ကူညီ မည် ဆိုက တရုတ် ဖက်မှ အာဏာသိမ်း အဖွဲ့အား ပို၍ ထောက်ခံမှု ပေးလာနိုင်သည့် အရေးကိုပင် ဖြစ်သည်။ ထိုသို့ မဟုတ်ကလည်း ယူကရိန်းဖက်ကို အာရုံစိုက်နေရ၍ မဟာဗျူဟာ အရ သိတ် အရေး မပါလှသော နိုင်ငံဖက် ပုံအော် မလုပ်နိုင်သေး၍ လည်း ဖြစ်ပေမည်။

မည်သို့သော အကြောင်းနှင့် ဖြစ်စေ ဝါရှင်တန်သည် သဘောတရားအရ တော်လှန်ရေးဖက်တွင် ရပ်တည်ပေးနေသော်လည်း အောင်မြင်ရန် အတွက်ကိုမူ အရင်းအမြစ်များ သုံး၍ မဆုပ်မနစ် ကူညီပံ့ပိုးပေးမှု မျိုး မရှိသေးပေ။

လက်ရှိ အနေအထားမှ ရှေ့လျောက် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာဖို့ အရေးသည် တော်လှန်ရေး အင်အားစုများမှ စစ်အာဏာသိမ်း အဖွဲ့ကို အောင်မြင်စွာ ဖယ်ရှားနိုင်မှ သာ ဖြစ်လာမည် ဆိုသည်ကို ဝါရှင်တန်ရှိ ပေါ်လစီ ရေးဆွဲသူများ လက်ခံရမည် ဖြစ်သည်။ စစ်တပ်မှ အာဏာကို ဆက်လက် ဆုပ်ကိုင်နေ၍ တိုင်းပြည်အတွက် မျှော်လင့်ချက် တပြားသားမျှပင် ရှိလာမည် မဟုတ်ပေ။

တော်လှန်ရေး ကို အပြည့်အဝ ကူညီ ပံ့ပိုးသွားဖို့ အတွက် စွန့်စားရမည် ဖြစ်သော်လည်း ဒီတိုင်းဆက်သွားနေမည် ဆိုက အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများ၊ ဒုက္ခသုက္ခများ ရှေ့လျောက် ကြိမ်းသေပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။

သို့ဆိုက အမေရိကန် ဘာဆက်လုပ်သင့်သနည်း။

ယခင် ခေတ်ကလို အာဆီယံအား ဒီထက်ပိုပြီး ပြတ်သားရန် တကျည်ကျည် ပြောနေ၍ မဖြစ်တော့၊ဖြစ်‌ စေချင်သည် နှင့် တခြားစီ ဖြစ်သွားနိုင်သည်။ အာဆီယံ ၏ အချက် ငါးချက်သည် သာ ရှေ့ခရီး ဆက်နိုင်မည်၊ ငြိမ်းချမ်းစွာ အဖြေရှာနိုင်စွမ်း ရှိသည် အစရှိသည် ဟန်ဆောင်နေမှုများကို ရပ်တန်းက ရပ်ရတော့မည် ဖြစ်သည်။

ထို့သို့ ဆို၍ အာဆီယံ ကို ချောင်ထိုး ရမည်ဟု ဆိုလိုခြင်း မဟုတ်၊ ၎င်းတို့၏ ဘုံရပ်တည်ချက် ဆိုသည်ကြီး နှင့် တွဲ၍ ချည်နှောင်ခြင်း မခံသင့်ဟု ပြောလိုခြင်း ဖြစ်သည်၊ အကယ်၍ လက်ရှိ ဥက္ကဌ အင်ဒိုနီရှားမှ ဒီထက် ပို၍ လုပ်ရန် ရှိလာမည် ဆိုကလည်း ဂျကာတာ အား ထောက်ခံမှု ပေးသင့်သည်။

လက်ရှိတွင် အောင်မြင်နိုင်ဖွယ် မရှိသည့် အာဆီယံ မဟာဗျုဟာ ကြောင့် ဘိုင်ဒင် အစိုးရ အနေဖြင့် စစ်တပ်၏ အာဏာ ဆုပ်ကိုင်ထားခြင်းကို ဖယ်ရှားရန် ဆင်နွှဲနေသော တော်လှန်ရေးအား ယခုထက် ပို၍ ပံ့ပိုးကူညီရဖို့သာ ရှိပေတော့သည်။ အနည်းဆုံး ၎င်းတို့ ထွက်ပေါက်ရှာလာသည့် အထိ ‌အားပျော့သွား အောင် လုပ်သင့်သည်။

ထိုအတွက် NUG နှင့် အခြား တော်လှန်ရေး အင်အားစုများနှင့် ပို၍ လက်ပွန်းတံတီး ရှိလာသင့်သည်။ ပြီးခဲ့သည့် အပတ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန် သို့ ရောက်ရှိလာခိုက် အဆင့်မြင့် အရာရှိကြီးများက လက်ခံကြိုဆိုခဲ့ခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ပြီး ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုများ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ဖြင့် ပုံမှန်လို ပြုလုပ်သွားသင့်သည်။

နိုင်ငံခြားရေးဝန်ကြီး ဌာန မှလည်း မြန်မာ အရေး အထူး သံတမန် အဖြစ် အတွေ့အကြုံ ရင့်ကျက်ပြီးသား သံတမန် တဦးကို ခန့်ထားသင့်သည်။ သို့မှသာ တော်လှန်ရေး အဖွဲ့များ နှင့် ထိတွေ့ဆက်ဆံခြင်း၊ ပိတ်ဆို့ ဒဏ်ခတ်မှု များကို အဓိက ပါဝင်နေသည့် အကျိုးတူ နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မလုပ်လိုသော်လည်း မလုပ်မဖြစ် လုပ်ရတော့မည်က မကြာမီက အတည်ပြုခဲ့သော Burma ACT တွင် ချပြထားသည့် အတိုင်း NUG နှင့် မဟာမိတ်များအား ရံပုံငွေ အများအပြား ထောက်ပံ့ပေးရန် ပင် ဖြစ်သည်။ 

ထိုသို့ ပေးရာတွင်လည်း ခုခံတော်လှန်ရေး အင်အားစုများ တစုတစည်းတည်း ပေါင်းစည်းမှ ဖြစ်မည်ဟူသော စည်းကမ်းချက် မျိုး မထားသင့်ပေ၊ ထိုသို့ ဖြစ်အောင်လည်း ချက်ခြင်း ကောက် လုပ်၍မရ‌ သောကြောင့်ပင် ဖြစ်သည်၊ ဝါရှင်တန်သည် ၎င်းတို့ ထောက်ပံ့ငွေများ အလေအလွင့် ဖြစ်သွားမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်နေသည်။ ဤသည်ကိုလည်း အကြောင်းပြချက် တခု အဖြစ် ဆုပ်ကိုင်မထားသင့်ပဲ လေ့ကျင့်သင်ကြား ပေးသွားဖို့သာ လိုသည်။

လက်နက်များ တိုက်ရိုက် ထောက်ပံ့ဖို့ အရေးသည် ဖြစ်လာဖွယ် မရှိသည့် အပြင် လမ်းကြောင်းအရလည်း အခက်အခဲ ရှိနေသည်။ သို့သော် ရံပုံငွေများ ထောက်ပံ့ပေးခြင်းဖြင့် NUG အနေဖြင့် လောလောဆယ် အခြား လုပ်ငန်းများ အတွက် မသုံးမဖြစ် သုံးနေရမှုများ မှ အသက် ရှု ချောင်သွားနိုင်ပြီး ပိုထွက်လာသည့် ငွေများကို လက်နက်များ ဝယ်ယူလာနိုင်မည် ဖြစ်သည်။

နောက်ထပ် အမေရိကန် အနေဖြင့် လုပ်ပေးနိုင်သည့် က တော်လှန်ရေး အင်အားစု များ အကြား ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန်  ပစ္စည်း ကိရိယာ များ ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ လူထု အတွက် အင်တာနက် အသုံးပြု နိုင်ရန် လည်း အစပျိုးလာသင့်သည်။

နောက်ဆုံးပေါ် လေယာဉ် ပစ် လက်နက်များ ထောက်ပံ့ရန် စိုးရိမ်မကင်း ဖြစ်နေသည် ဆိုကလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကို တန်ပြန်နိုင်ရန် စစ်‌ဖက် ကျွမ်းကျင်သူ များ စုစည်းကာ တော်လှန်ရေး အဖွဲ့များကို အကူအညီ ‌ပေးနိုင်မည့် နည်းလမ်းများ ရှာကြံပေးရမည် ဖြစ်သည်။

အမေရိကန်သည် မြန်မာပြည်တွင် ဒီမိုကရေစီ နှင့် အရပ်သား အုပ်ချုပ်ရေး ထွန်းကားလာစေရန် ထောက်ခံမှု ပေးလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာနေပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိ အကျပ်အတည်းကို ကူညီရာတွင်တော့ လုပ်ပေးနိုင်သည်ထက် အများကြီး လျော့နည်း‌ နေပေသည်။

ယခုအခါ တဖက်တွင် အာဆီယံ နှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရင်း ၎င်းတို့ အချက် ငါးချက်သည် ရှေ့လျောက် အလုပ်မဖြစ်တော့ ဆိုသည်ကို သိလာ‌ အောင် ပြုလုပ်ရင်းက တဖက်တွင်လည်း ပို၍ လိုအပ်လာနေသည့် ဦးဆောင်ဦးရွက် မှုကို ပြုရတော့မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Image credit - The Rappler.com



ဆက်ဖတ်ရန် →