နောက်ဆုံးရ
အာဆီယံဖြေရှင်းဖို့ခက်နေတဲ့ မြန်မာ့အရေး အမေရိကန်ဦးဆောင်သင့်ပြီလို့ သံအမတ်ဟောင်းပြော

အာဆီယံဖြေရှင်းဖို့ခက်နေတဲ့ မြန်မာ့အရေး အမေရိကန်ဦးဆောင်သင့်ပြီလို့ သံအမတ်ဟောင်းပြော

အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က ဆိုပါတယ်။

နေရိန်ကျော် (ဝါရှင်တန်ဒီစီ) RFA
2023-02-21


အမေရိကန်ပြည်ထောင်စု မင်နီဆိုတားပြည်နယ်တွင် ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ပူးပေါင်းပါဝင်နေကြသည့် ပြည်ပရောက် တိုင်းရင်းသားတချို့။ AFP

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့အုံကြွတော်လှန်မှုဟာ အဖြေမတွေ့သေးဘဲတတိယမြောက်နှစ်ထဲ ရောက်လာသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ဒီအကျပ်အတည်းပြီးဆုံးအောင်ကူညီရာရောက်မယ့် အလားအလာကောင်းတဲ့ နည်းဗျူဟာမပေးနိုင်သေးတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က Nikkei Asia (နီကေးအေးရှား) စာစောင်မှာ မနေ့ကရေးသားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ခေါင်းဆောင်တွေဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်းအဖြေရှာရေးနဲ့ ပြေလည်ဖို့ ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ ခေါင်းမာတဲ့ ရပ်တည်ချက်ကြောင့်ရော၊ ဘယ်လိုဆွေးနွေးပွဲကမှ ညှိနှိုင်းလို့ရမှာ မဟုတ်ဘူးဆိုတဲ့သံသယတွေကြောင့်ပါ အာဆီယံဘုံသဘောတူချက်တွေဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာအောင် ဆက်ပြီးဆောင်ရွက်ကြမယ်လို့ ပြောဆိုကြပေမယ့်၊တိုးတက်မှု မရှိခဲ့တာကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒီပုဂ္ဂိုလ်တွေဟာ လူတော်တွေဖြစ်တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင် အာဆီယံအသင်းဝင် နိုင်ငံတွေကြားမှာအမြင်မတူတာတွေ ရှိခဲ့သလို အဖွဲ့ဝင်အားလုံး သဘောတူနိုင်တဲ့ ပိုကောင်းတဲ့အဆင့်ကို ချဉ်းကပ်ဖို့မဖြစ်နိုင်တာသိနားလည်တဲ့အတွက် ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့က လွဲပြီး တခြားမရှိကြဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒီလိုလမ်းပိတ်နေတဲ့အခြေအနေက အမေရိကန်ကို ပတ်သက်စေခဲ့ပါတယ်။ သက္ကရာဇ် ၂ဝဝဝ ပြည့်လွန်နှစ်တွေကအခြေအနေကို ပြန်ကြည့်ရင် အဲဒီအချိန်မှာ အမေရိကန်က မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့ပြီး အထီးကျန်အဖြစ်ထားမယ့် မူဝါဒအတွက် စည်းရုံးနေတဲ့အချိန်မှာ အာဆီယံအသင်းက မြန်မာစစ်အစိုးရနဲ့စေ့စပ်ဆက်ဆံခဲ့ပါတယ်။

အဲဒီအချက်က အမေရိကန်အစိုးရနဲ့ အာဆီယံဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သလို နှစ်ဖက်စလုံးအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။


၂ဝ၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမြင်ကွင်းတစ်ခု။ (Photo: Reuters)

လက်ရှိအကျပ်အတည်းမှာတော့ အမေရိကန်က အာဆီယံရဲ့ကြိုးစားမှုကို ပိုပြီးအလေးထားပေးခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုက အကြမ်းအားဖြင့် လက်ခံလို့ရသဖွယ်ဖြစ်ခဲ့ပြီး အမေရိကန်က အာဆီယံရဲ့ အရေးပါမှုကို ပံ့ပိုးခဲ့ပါတယ်။ အဲဒီအပြင် အမေရိကန်အစိုးရမှာ ပိုကောင်းတဲ့ အကြံဉာဏ်သစ် မရှိတဲ့အချက်ကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်တဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်ကို ကျော်လွှားနိုင်ဖို့ မြန်မာ့အရေးကို သမ္မတ ဘိုင်ဒင်အစိုးရအဖွဲ့အနေနဲ့ ဝင်ရောက်ဆောင်ရွက်အောင် တောင်းဆိုဖို့ပဲ ဖြစ်သင့်တယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်းစကော့မာစီရယ်က ထောက်ပြပါတယ်။

အာဆီယံရဲ့ မအောင်မြင်တဲ့ချဉ်းကပ်မှုကိုလည်း အမေရိကန်က ဆက်ပြီး ထောက်ခံပေးနေသလို၊ တစ်ဖက်မှာလည်း အမှောင်ထဲက လူတွေကို အလင်းပိုပြနိုင်ဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးရပ်တည်နေတယ်ဆိုတာသန္နိဋ္ဌာန်ချပါ၊ ပြီးတော့ အမေရိကန်အစိုးရ ရပ်တည်ပြောဆိုနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးဆိုတာ တကယ်တော့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရစရာ မရှိတော့ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အမေရိကန်က ပါဝင်ဆောင်ရွက်ဖို့ ကြာလေ၊ ယုံကြည်လေးစားမှု ပိုဆုံးရှုံးလေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို အပြည့်အဝထောက်ပံ့မယ့် မူဝါဒတစ်ခု ချမှတ်ဆောင်ရွက်ဖို့အတွက် အမေရိကန်အစိုးရအဖွဲ့ဝင်တွေ မစွန့်စားရဲတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုစွန့်စားလုပ်ကိုင်ဖို့ စိုးရွံ့နေရင် အကြမ်းဖက်မှုတွေပဲ ပိုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒါမှမဟုတ်လည်း မတူကွဲပြားနေတဲ့အဖွဲ့တွေအနေနဲ့ စစ်တပ်ကို တကယ် တိုက်ထုတ်နိုင်မလား၊ တိုက်ထုတ်ပြီးရင်ရော တိုင်းပြည်ကို အတူလက်တွဲနိုင်မလားဆိုတာ မေးမြန်းစုံစမ်းသင့်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီကိုတရုတ်က ပိုပြီးထောက်ပံ့လာမယ့် ကိစ္စကိုလည်း အမေရိကန်အာဏာပိုင်တွေ စိုးရိမ်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဆိုပါတယ်။



၂ဝ၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦ (Capitol Hill) ရှေ့တွင်NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရန် မြန်မာပြည်ဖွားများ တောင်းဆိုဆန္ဒပြကြစဉ်။(Photo: U Aung Myo Min/Facebook)

ဒါမှမဟုတ်လည်း မပြီးမြောက်သေးတဲ့ ယူကရိန်းကိစ္စ ရှိနေသေးလို့လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘယ်လိုအကြောင်းပြချက်ပဲ ရှိနေပါစေ၊ အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုမှာ တော်လှန်ရေးအင်အားစုတွေဘက်မှာရပ်တည်ဖို့ သီအိုရီအရ ရှိနေပါတယ်။ ဒါပေမဲ့ အနိုင်ရအောင် ကူညီဖို့ ပါဝင်ပတ်သက်မှုနဲ့ လိုအပ်ချက်တွေ မပေးသေးပါဘူး။

အကျပ်အတည်းကနေ ထွက်ပေါက်ရမယ့်တစ်ခုတည်းသော နည်းလမ်းက မြန်မာစစ်ကောင်စီကို အောင်မြင်အောင်ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ဖြစ်တယ်ဆိုတာ မူဝါဒချမှတ်သူတွေအနေနဲ့ သတိချပ်သင့်တယ်လို့ ဆိုပါတယ်။

ခုခံတွန်းလှန်မှုကို ထောက်ပံ့တာဟာ ပိုပြီးစွန့်စားရပါတယ်။ ဒါဆို အမေရိကန်အနေနဲ့ ဘာလုပ်သင့်သလဲ။ ပထမဦးဆုံးအနေနဲ့ကတော့ အာဆီယံကို ထပ်ခါတလဲလဲ တိုက်တွန်းဖိအားပေးတာ မလုပ်သင့်တော့ပါဘူး။ အဲဒီလိုလုပ်တာဟာ ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကိုထွက်ပေါက်တစ်ခုလို ကြိုးစားနေတာရပ်သင့်ပါပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

၂ဝ၂၃ မှာ အာဆီယံဥက္ကဋ္ဌတာဝန်ရှိလာတဲ့ အင်ဒိုနီးရှားရဲ့ချဉ်းကပ်မှုကို အမေရိကန်အနေနဲ့ ထောက်ပံ့သင့်သလို၊အာဆီယံရဲ့ ကြိုးပမ်းချက်ကိုလည်း လက်လွှတ်ဖို့မလိုအပ်ဘူး၊ ဒါပေမဲ့ အာဆီယံရဲ့ဆောင်ရွက်ချက်နဲ့လည်း တုတ်နှောင်မနေသင့်ဘူးလို့ ဆိုပါတယ်။

တစ်ဖက်ကလည်း အာဆီယံရဲ့ဗျူဟာကို အသာထားပြီး၊ တော်လှန်ရေးအင်အားစုကို ပိုထောက်ပံ့ဖို့၊ ဒါမှမဟုတ် စစ်ကောင်စီကို ပိုပြီးချိနဲ့အောင်လုပ်ဖို့ သင့်ပါတယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ NUG အစိုးရရောတခြားတော်လှန်ရေး အဖွဲ့တွေနဲ့ပါ တစ်ပြိုင်နက်တည်း ပိုပြီးအဆင့်မြှင့်ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်လို့ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဆင့်မြင့်အရာရှိချင်း လက်ခံတွေ့ဆုံတာဟာ အကောင်းဘက်ကို ဦးတည်သလို ဒီထက်ပိုပြီးတော့လည်း နိုင်ငံတော်အဆင့်ဝန်ကြီးအပါအဝင် ပုံမှန်ဆက်လက်ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးဖို့၊ ပိတ်ဆို့အရေးယူမှုမှာ အရေးပါအရာရောက်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ သံအမတ်ဟောင်း စကော့မာစီရယ်က တိုက်တွန်းရေးသားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ပေးတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးအင်အားစုတွေ တာဝန်ခံမှု ရှိနိုင်ပါ့မလားဆိုတာ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်စရာရှိနိုင်ပါတယ်။ အမေရိကန် အစိုးရအဖွဲ့တွေအနေနဲ့ ဒါကြောင့် အကူအညီပေးဖို့စိုးရိမ်နေတာ လို့ဆိုမယ့်အစား သူတို့ကို သင်တန်းတွေ ပေးသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဆီ လက်နက်တွေ တိုက်ရိုက်ပို့ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ NUG အစိုးရအနေနဲ့ လက်နက်ဝယ်ဖို့ ဒီငွေတွေကိုအသုံးပြုနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီအပြင် တော်လှန်ရေးအင်အားစုတွေကြားမှာ ဆက်သွယ်ရေးကောင်းအောင် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ဖို့နဲ့ပြည်သူတွေ အင်တာနက်သုံးနိုင်အောင် ကြိုးစားပေးဖို့ အမေရိကန်အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်နိုင်မယ့်စွမ်းရည်ကို ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာ ကူညီစဉ်းစားအကြံဉာဏ်ပေးနိုင်မယ့် စစ်ရေးကျွမ်းကျင်သူတွေကို အမေရိကန် အစိုးရအနေနဲ့ စုပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီနည်းနဲ့အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ဆယ်စုနှစ်နဲ့ချီ ကူညီပံ့ပိုးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအကျပ်အတည်းက အဲဒီကြိုးပမ်းချက်ကို အရှိုက်ထိုးခံရသလိုဖြစ်သွားပါတယ်။

ဒါကြောင့် မြန်မာပြည်ဒီမိုကရေစီနိုင်ငံပြန်ဖြစ်ဖို့ လက်ရှိအာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုတာ သတိမူရင်း၊ မဟာမိတ် အာဆီယံကိုလည်း ဆက်လက် ထောက်ခံရင်း၊ တစ်ဖက်မှာလည်း လိုအပ်နေတဲ့ ခေါင်းဆောင်မှုနေရာကနေ ထောက်ပံ့သင့်၊ ထောက်ပံ့နိုင်ပါတယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်း စကော့မာစီရယ်က ရေးသားလိုက်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

ဆက်ဖတ်ရန် →
စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းက ကြည့်မြင်တိုင်ဘူတာလိုင်းခန်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခင်းဖြစ်ပွားသည့်နေ့က လူငယ်တစ်ဦးအား အရက်မူးပြီး ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ညပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“လင်းတောင်အုပ်ချုပ်ရေးမှူးက လမ်းသွားနေတဲ့ကောင်လေးတစ်ယောက်ကို ခေါ်စစ်တယ်၊ အရက်မူးပြီး အာဏာပါဝါပြတယ်။ ညရောက်တော့ အဲဒီအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတယ်။ ပစ်တာတော့ ခေါင်း ကိုပစ်တာ ပါးစပ်ဟတဲ့အချိန်ဖြစ်သွားတော့ ပါးဖောက်ထွက်သွားတယ်လို့ ရပ်ကွက်ထဲကလူတွေကို ဆက် သွယ်ပြီးမေးကြည့်လို့ သိရတယ်”ဟု ယခင်က စမ်းချောင်းမြို့နယ်တွင်နေထိုင်ခဲ့သော တော်လှန်ရေး ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင်ဘူတာတွင် စစ်ကောင်စီတပ်သား များနှင့် လက်အောက်ခံရဲတပ်ဖွဲ့များရောက်ရှိလာပြီး ရထားတွဲများပေါ်သို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် လင်းတောင်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦးမှာ အသက်သေဆုံးမှုမရှိသော်လည်း ပါးတွင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်ထားရသည်ဟု သိရကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။

ဦးမျိုးမြင့်ဦးမှာ ရပ်ကွက်ထဲတွင် အာဏာပြဖိနှိပ်သူမဟုတ်သော်လည်း သန်းခေါင်စာရင်း၊ ဧည့်စာရင်းစစ် သည့်အချိန်ကာလများက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

PDF များကို ဖမ်းဆီးရာတွင်ပါဝင်သည့် စစ်တပ်သတင်းပေးတစ်ဦးလည်း လွန်ခဲ့သည့်ရက်ပိုင်းခန့်က သာကေတမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ


ဆက်ဖတ်ရန် →
မန္တလေးလွှတ်တော်ရုံးရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အများအပြားထိခိုက်ဒဏ်ရာရ

မန္တလေးလွှတ်တော်ရုံးရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အများအပြားထိခိုက်ဒဏ်ရာရ

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ၂၁ ရက်
မန္တလေးမြို့တွင် လွှတ်တော်ရုံးရှိ စစ်ကောင်စီတပ်များအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ယနေ့မနက် ၁၀ နာရီဝန်းကျင်တွင် မြနန္ဒာစစ်ဆင်ရေးအဖြစ်‌ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက် ၁၀ လမ်းရှိ မန္တလေးတိုင်းလွှတ်တော်ရုံးထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈ ဦးခန့်ကို အဝေးထိန်းမိုင်းဖြစ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာအဖွဲ့ထံမှသိရသည်။  
" ကျွန်တော်တို့အဖွဲ့က အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်တာ သူတို့ဘက်က အထိခိုက်ရှိနိုင်ပေမယ့် အတိကျတော့မသိရသေးဘူးဗျ၊ သူတို့က ဘန်ကာထဲကနေ ၂ ချက် ပြန်ပစ်ခတ်ပေမယ့် ကျွန်တော်တို့ဘက်က အထိခိုက်မရှိခဲ့ပါဘူးဗျ၊ ကျတော်တို့မန္တလေးမြေကို ဘယ်လောက်ဖမ်းပြသည်ဖြစ်စေ သွေးမအေးသွားပါဘူး၊အဖမ်းခံခဲ့ရတဲ့ ရဲဘော်တွေအတွက် သွေးကြွေးပြန်တောင်းမှာပါ"ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့၏ ပြန်ကြားရေး ကိုကစ်ကတ် ကဧရာဝတီတိုင်းမ်ကိုပြောသည်။    
ပြည်သူတွေကလည်း သွေးမအေးကြဖို့နှင့် အလှူငွေ အပြင် သတင်းအချက်အလက်တွေပါ ပေးပို့ဖို့အတွက်လည်း တိုက်တွန်းပြောဆိုထားသည်။
ဒါ့ပြင် တစ်နေ့ထဲတွင် မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ ပြည်သူတွေနှင့် တော်လှန်ရေးရဲဘော်များအား မတရားသည့်အမိန့်တွေချမှတ်နေသည့် ချမ်းအေးသာစံပြည်ကြီးမျက်ရှင်ရှိ တရားရုံးအား ၁၀ နာရီ ၁၀ မိနစ်တွင် အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း သိရသည်။
#မန္တလေး #လွှတ်တော်ရုံး #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #အများအပြား #ဒဏ်ရာရ 
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ်ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ်ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ



▪️ အင်းစိန်ပေါက်တော၀မီးပွိုင့် ၊ လှိုင်သာယာ နှင့် ဗဟန်း ဗိုလ်စိန်မှန် ရပ်ကွက်ရုံးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ၆ ကွေ့ တွင် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် အရပ်ဝတ်စစ်သားများ လိုက်ပါသော Toyota Wish ကား မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်တွင် Toyota လင့်ခရူဆာ အဖြူရောင် ကားကို သေနတ်ဖြင့် ၄ ချက်ပစ်ပြီး ယာဉ် မောင်းကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးကား Toyota Wish အမည်းရောင်ကားပေါ်က ခွေး၄ကောင် အရပ်ဝတ်နဲ့ဆင်းလာပြီး Toyota လန်ခရူဆာ အဖြူရောင်ကားကို ၆ ကွေ့ မီးပွိုင့်မိနေတုန်း ကားထဲကဆင်းခိုင်းပြီး ခွေးတွေက သေနတ်နဲ့ချိန်ပြီး ဟေ့ကောင်ဆင်း ဟေ့ကောင်ဆင်း ဆိုပြီးပြောပြီး ခွေးက သေနတ်နဲ့စပစ်ပါတယ် စုစုပေါင်း၄ချက်ပစ်တယ် ပစ်စတိုနဲ့။ မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်မှာ ပွိုင့်မိနေတုန်းပါ။ လင့်ခရူဆာက မောင်းပြေးတယ်။ မိ၊ မမိတော့ မသိဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးမြင့်နိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သေသလား ရှင်သလားတော့မသိရသေးဘူး။ အုပ်ကြီကး မျိုးမြင့်နိုင်တော့ သေနတ်ပစ်ခံရတယ်။ မီးရထားလိုင်းခန်းမှာနေတာ။ သေဖို့များတယ်လည်းပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၁ ထိပ် တွင် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် အင်းစိန်၊ မုဒိမ်တာ အိမ်ရာ ၂ ဝင်းထဲမှာ ဆိုင်ကယ် ကယ်ရီသမားအား လုံးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၄နာရီ ၃၃မိနစ် အင်းစိန် မြို့နယ် အင်းစိန်ထောင်အနီး ပေါက်တောဝ မီးပွိုင့်ရှိ ဘန်ကာကို URF အဖွဲ့၏ နည်းပညာကူညီမှုဖြင့် MUPDFအဖွဲ့က အဝေးထိန်း မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း MUPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း ၊ ဗဟန်းမြိုနယ် ၊ ဗိုလ်စိန်မှန်ရပ်ကွက် ဗိုလ်စိန်မှန်အုပ်ချုပ်ရေးမှူးရုံးကို Freeland Attack Force -FLA နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲတို့က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံး တွင် ရပ်ထားသည့် စစ်ကားတစ်စင်း။(ပုံအဟောင်းဖြစ်သည်။)

ဆက်ဖတ်ရန် →
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျ

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျ


ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ မှ အင်အား ၈၀ ခန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၁၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရော်ကိုင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းသောကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ စစ်တပ်နှင့် ပျူစောထီးများက ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပျက်ဆီးသွားကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု သတင်းတော့ မကြားရသေးဘူး။ စစ်တပ်က ၃ ရက်ဆက်တိုက် ကျေးရွာ ၃ ရွာကို စီးနင်းမီးရှို့လို့ နေအိမ် ပြည်သူပိုင် နေအိမ် ၂၄၈ လုံး မီးလောင် ပြာကျသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


ဆက်ဖတ်ရန် →
 တဖြုတ်ဖြုတ်နဲ့ကြွေ ပြီး တဖုတ်ဖုတ်နဲ့ပြုတ်ကျနေတယ်ဆိုတဲ့ ဝီရသူ

တဖြုတ်ဖြုတ်နဲ့ကြွေ ပြီး တဖုတ်ဖုတ်နဲ့ပြုတ်ကျနေတယ်ဆိုတဲ့ ဝီရသူ

 

 





အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

By ဧရာဝတီ 21 February 2023

ရန်ကုန်တိုင်းစစ်ဌာနချုပ်သည် စစ်ကောင်စီခေါင်ဆောင် မင်းအောင်လှိုင်ပေးသည့် သီရိပျံချီဘွဲ့များကို အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီး ဦးဝီရသူ အပါအဝင် ဘုန်းကြီး နှစ်ပါးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ထိုအခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

လွန်ခဲ့သောနှစ် ဇူလိုင်လက ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးကို ကြိုးပေးရာတွင် ကြီးကြပ်သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေလည်း ထိုအခမ်းအနားသို့ တက်ရောက်သည်။

အခြားတက်ရောက်သူများတွင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးများ၊ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိန်း၊ ဦးသိန်းစိန်အစိုးရတွင် လျှပ်စစ်ဝန်ကြီးလုပ်ခဲ့သူ ရန်ကုန်တိုင်း USDP ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အစွန်းရောက် မဘသ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းဝင်များနှင့် စစ်တပ်လိုလားသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင်များ ပါဝင်သည်။
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို သီရိပျံချီဘွဲ့ ဆက်ကပ်ကာ ဦးမျိုးဇော်သိန်းက ဇွဲကပင်ဆရာတော် ဘဒ္ဒန္တ ကဝိဓဇကို သီရိပျံချီဘွဲ့ ဆက်ကပ်ပြီး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ထိုဘုန်းကြီး နှစ်ပါးကို လှူဒါန်းမှုများ ပြုလုပ်သည်။
ဦးဝီရသူသည် လူမျိုးရေး ဘာသာရေး အမုန်းစကားများအတွက်ကျော်ကြားသူဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်းက “ဗုဒ္ဓဘာသာ ဘင်လာဒင်” ဟု ခေါ်သော ထိုဘုန်းကြီးသည် ယခုဖမ်းဆီးခံထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုသောကြောင့် စွဲချက်တင်ခံရပြီး ၂၀၁၉ ခုနှစ်တွင် တနှစ်ကျော် ထွက်ပြေးခဲ့ရသူဖြစ်သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် သွားရောက်အဖမ်းခံပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လွှတ်ပေးခံရသည်။
အထက်ပါ အခမ်းအနားတွင် USDP က သီရိပျံချီ ဘုန်းကြီး နှစ်ပါးအတွက် ကျပ် သိန်း ၃၀ လှူပြီး မဘသနှင့် အခြားအမျိုးသားရေး အစွန်းရောက်များက ကျပ် သိန်း ၇၀၀ ကျော်လှူသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တသက်တာနာယကဖြစ်သည့် YMBA ကလည်း ထိုဘုန်းကြီး နှစ်ပါးကို ‘အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ’ ဘွဲ့များကို ပေးသည်။ YMBA သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ထိုဘွဲ့ပေးခဲ့ဖူးသည်။

USDP ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ရန်ကုန်တိုင်း USDP ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသကို နဝကမ္မငွေ လှူဒါန်းကြစဉ်

နောက်တနေ့တွင် ယခင်မဘသ ခေါင်းဆောင်ဟောင်း အင်းစိန်ရွာမ ဆရာတော်၏ ၈၄ နှစ်မြောက်မွေးနေ့ကို အင်းစိန်ရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။ ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဦးမျိုးဇော်သိန်း၊ ဦးခင်မောင်စိုးနှင့် အင်းစိန် USDP ဥက္ကဋ္ဌ ဦးမင်းသူထွန်းတို့ တက်ရောက်သည်။

ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဦးမျိုးဇော်သိန်းတို့က အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသကို ကျပ် သိန်း ၃၀ စီ လှူဒါန်းကြသည်။ စစ်ကောင်စီက လွန်ခဲ့သောနှစ်တွင် အင်းစိန်ရွာမဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။

USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ဦးတိလောကာဘိဝံသကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တွေ့ဆုံခဲ့သည်။ ယခင် မဘသ ဥက္ကဋ္ဌထံမှ ဆုံးမသြဝါဒ ခံယူသည်ဟု ဦးခင်ရီက ပြောသည်။

မွတ်ဆလင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် တောင်းဆိုသည့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု ၉၆၉ မှ မဘသကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်သည်။ ၂၀၁၃ ခုနှစ်တွင် ၉၆၉ အဖွဲ့ဝင်များသည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်းဟုခေါ်သည့် မဘသကို ဖွဲ့စည်းသည်။

ထိုအုပ်စု၏ အမုန်းစကားများကြောင့် ယခုဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ထိပ်တိုက်တွေ့သည်။ နောက်ဆုံး ၂၀၁၇ ခုနှစ်တွင် မဘသကို မတရားသင်းအဖြစ် ကြေညာသောအခါ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟု အမည်ပြောင်းခဲ့သည်။

မဘသကို လိုအပ်ကြောင်းနှင့် ဗုဒ္ဓဘာသာအတွက် ထောက်ခံရမည်ဖြစ်ကြောင်း မြန်မာစစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၁၉ ခုနှစ်တွင် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တိုက်ခိုက်ရန်အတွက် မဘသကို စစ်တပ်က အသုံးချသည်။ ဦးဝီရသူက NLD အစိုးရကို ဝေဖန်တိုက်ခိုက်သည့်အပြင် NLD ကို ဝေဖန်သည့် စာစောင်များလည်း ထုတ်ဝေသည်။

ထိုအဖွဲ့သည် လွန်ခဲ့သောနှစ်အနည်းငယ်တွင် လှုပ်ရှားမှုနည်းလာသော်လည်း ပျောက်ကွယ်မသွားဘဲ စစ်တပ်နှင့် USDP က ကျားကန်ပေးထားသည်။ ဗုဒ္ဓဘာသာကို ကာကွယ်ရန် ပျက်ကွက်သည်ဟု NLD ကို စွပ်စွဲကြသော စစ်ခ
ေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် ဘာသာရေးကို ကိုယ်ကျိုးအတွက် အသုံးချနေပြီး အဆိုပါ ဘုန်းကြီးများကလည်း လဒ်လာဘမျှော်ကိုးနေကာ အကျင့်သိက္ခာမဲ့ကြကြောင်း လူအများကြား ဝေဖန်နေကြသည်။

ဆက်ဖတ်ရန် →
 ဦးဖြိုးမင်းသိန်းကို အမိန့်ချမှတ်တာ ၁၀ မိနစ်လောက်ပဲ ကြာ လုံခြုံရေးအပြည့်နဲ့ ပြန်ခေါ်သွား

ဦးဖြိုးမင်းသိန်းကို အမိန့်ချမှတ်တာ ၁၀ မိနစ်လောက်ပဲ ကြာ လုံခြုံရေးအပြည့်နဲ့ ပြန်ခေါ်သွား


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ငွေဒဏ်သာချမှတ်ခံရ
RFA Burmese
2023.02.21

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ငွေဒဏ်သာချမှတ်ခံရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အားကစားကွင်းမှာ ကျင်းပသည့် လူထု ဟောပြောပွဲတွင် တွေ့ရစဉ်။
REUTERS

စစ်ကောင်စီကဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ - ၁၃၀(က)နဲ့ တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တရားရုံးကနေ ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဟာ ၂၀၂၂ ခုနှစ် က ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးမှု ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ - ၁၃၀ (က) နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

ဦးဖြိုးမင်းသိန်းကို အမိန့်ချမှတ်တဲ့ တရားခွင်ကြားနာမှုဟာ ၁၀ မိနစ်နီးပါးသာကြာမြင့်ပြီး စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးအပြည့်နဲ့ ပြန်ခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"သူ့ကို အမိန့်ချမှတ်တာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ပြီးတော့ စစ်တပ်က ယူနီဖောင်းဝတ်တွေနဲ့ ကားတန်းကြီး ပြန်ထွက်သွားတယ်။ ပုဒ်မ - ၁၃၀ (က) ဟာ ငွေဒဏ်ရော၊ ထောင်ဒဏ်ရော ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်ဆို အမြင့်ဆုံးပြစ်ဒဏ်က သုံးနှစ်ပေါ့၊ ဒီပုဒ်မနဲ့ တရားစွဲဆိုခံရသူတိုင်း နှစ်နှစ်ကနေ သုံးနှစ်အထိ ကျခံရတယ်။ သူကတော့ ငွေဒဏ်ပဲ ကျခံလိုက်ရတယ်ပေါ့"

ဦးဖြိုးမင်းသိန်းဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရေကြည်အိုင်စစ်ကြောရေးကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဦးဖြိုးမင်းသိန်းကို ငွေဒဏ် တစ်သိန်း ချမှတ်လိုက်တာမှန်ကန်ကြောင်း ဘီဘီစီမြန်မာပိုင်းကို ဖေဖော်ဝါရီ ၂၁ နေ့မှာ အတည်ပြုဖြေဆိုထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအပေါ် အဲဒီ ရာဇတ်သတ်ကြီးပုဒ်မ - ၁၃၀ (က) နဲ့ တရားစွဲဆိုခဲ့ပေမယ့် ထောင်ဒဏ်သာ ချမှတ်ခံခဲ့ကြရတာပါ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။


ဆက်ဖတ်ရန် →
 မြန်မာနိုင်ငံကနေ တစ်လကို လူ လေးသောင်းနီးပါး ပြည်ပထွက်

မြန်မာနိုင်ငံကနေ တစ်လကို လူ လေးသောင်းနီးပါး ပြည်ပထွက်



ပတ်စ်ပို့စ်ရုံးတွေ ပြန်ဖွင့်ဖို့ ပြည်သူတွေ စောင့်ဆိုင်းနေရဆဲ
RFA Burmese
2023.02.21

ပတ်စ်ပို့စ်ရုံးတွေ ပြန်ဖွင့်ဖို့ ပြည်သူတွေ စောင့်ဆိုင်းနေရဆဲ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ လာရောက်လျှောက်ထားသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခွာမယ့် ပြည်သူတွေဟာ နိုင်ငံကူးလက်မှတ် (Passport) ရုံးတွေ ပြန်ဖွင့်တော့မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီနေ့အထိ ပြန်ဖွင့်မယ့်ရက်ကို စောင့်ဆိုင်းနေကြရဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့က ပြည်တွင်းပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၅ ခုမှာ လုပ်ငန်းစဉ်တွေကို ရပ်နားခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း သတင်းကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပြည်ပနိုင်ငံတွေကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအရ သွားရောက်မယ့်သူတွေ အခက်အခဲတွေ ကြုံလာရတယ်လို့ ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်ရဖို့ စောင့်နေတဲ့ မအေးအေးနုက RFA ကို ပြောပါတယ်။
"ညီမဆို ဂျပန်ကို ကျောင်းတတ်ဖို့ သွားရခါနီးပြီပေါ့။ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်က ပတ်စ်ပိုစ့်အရင် ပြစရာမလိုဘူး သူတို့ကျောင်းရဲ့ ဝင်ခွင့်တွေဖြေ အောင်တယ် အဆင့်မှီတယ်ဆိုရင် ဗီဇာဝင်ပြီးသွားတတ်ရတာပေါ့။ အခု ကျောင်းတက်ဖို့ ကျောင်းလခတွေ အကုန်သွင်းပြီးပြီ၊ ဗီဇာဝင်ဖို့ ပတ်စ်ပိုစ့်လုပ်တဲ့အခါ ရုံးက ပိတ်လိုက်တော့ အတော် ဒုက္ခရောက်နေတယ်။ ကျောင်းကခေါ်တဲ့အချိန် ပတ်စ်ပိုစ့်မရသေးလို့ မသွားနိုင်ရင်တော့ သိန်းဆယ်နဲ့ချီ ဆုံးရှုံးရမှာပါ"
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံကူးလက်မှတ်ရုံးတွေ ပြန်ဖွင့်မယ်လို့ ဘီဘီစီမြန်မာပိုင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြေဆိုထားပါတယ်။
ဒီအပေါ် ရန်ကုန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပြန်ဖွင့်မယ့်ရက်ကို အတိအကျ မသိဘူးလို့သာ ဖြေဆိုပါတယ်။

"ဘယ်နေ့ဖွင့်မယ် ပိတ်မယ်ဆိုတာ ရှင်းရှင်းပြောရရင် စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်တွေပဲ သိမှာ။ ရုံးထဲမှာတော့ ဘယ်နေ့ဖွင့်မယ်ဆိုတဲ့ အတွင်းသတင်းတောင် မထွက်သလို၊ ဘာလျှို့ဝှက်စာမှာလည်း ဝင်တာမရှိဘူး"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတချို့ ရပ်နားခဲ့လို့ အလုပ်လက်မဲ့ဖြစ်သူအများစုဟာ ပြည်ပနိုင်ငံတွေ ထွက်ပြီး ရရာအလုပ်လုပ်ဖို့ ပြင်ဆင်လာကြတာပါ။

အရင်က ပတ်စ်ပိုစ့်စာအုပ်ရဖို့ ငွေကျပ်လေးသောင်းခန့်သာ ကုန်ကျပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေ သုံးသိန်းကနေ ငါးသိန်းအထိ ဈေးမြင့်တက်ခဲ့တယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက ဆိုပါတယ်။

ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှု မရှိတဲ့ မြန်မာနိုင်ငံကနေ တစ်လကို လူ လေးသောင်းနီးပါး ပြည်ပထွက်နေတယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
RFA Burmese
2023.02.21



 

စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး စစ်ကောင်စီ လက်နက်ကြီးကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျွန်းတောကျေးရွာရှိ ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျွန်းတောကျေးရွာထဲကို စစ်ကောင်စီတပ် ခမရ ၅၉၉ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ခလယ်လွီထူခရိုင် တပ်မဟာ ၃ မူးမြို့နယ် တုံးတော ကျေးရွာမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ ၅၉၉ က ပစ်ခတ်တဲ့ ကျည်ကြောင့် ဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။

အဲဒီ လက်နက်ကြီးကျည်ဟာ သေဆုံးသူ မမြင့်မြင့်ဆန်းတို့ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထမင်းစားနေတဲ့ မမြင့်မြင့်ဆန်း အပါအဝင် သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနှင်းမြတ်မွန်နဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ရန်လင်းထက်တို့ကို ထိမှန်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

မမြင့်မြင့်ဆန်းကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့သလို သားဖြစ်သူကတော့ ဘယ်ဘက်ခြေထောက် ဖြတ်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ ခလရ ၆၀ က နိုတောတာ ကျေးရွာဒေသခံ ညီအစ်ကို နှစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် စောပီးလီးနဲ့ အသက် ၂၈ နှစ်အရွယ် စောပီးပီတို့ ဖမ်းစီးချုပ်နှောင်ထားပြီး သတင်း အစအန မရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပေမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ RFA ကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့ KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်ဖတ်ရန် →
လိပ်သိုမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး တစ်ထောင်ကျော် ထွက်ပြေးရ

လိပ်သိုမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး တစ်ထောင်ကျော် ထွက်ပြေးရ

RFA Burmese
2023.02.21

လိပ်သိုမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး တစ်ထောင်ကျော် ထွက်ပြေးရ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်က လူနေရပ်ကွက်တွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့် အရပ်သား လေးဦး ဒဏ်ရာရပြီး တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၅၀ အရွယ် ဦးအေးမောင်၊ အသက် ၂၀ ဝန်းကျင် သားကြီးဖြစ်သူနဲ့ သားငယ်အပြင် နောက်ထပ် ကလေးငယ်တစ်ဦးလည်း ခြေထောက်နဲ့ လက်တွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိပ်သိုမြို့ ဇလဲကျေးရွာမှာရှိတဲ့ စစ်ဆေးရေးစခန်းကို KNLA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာ စစ်ကောင်စီရဲ့ ခမရ (၆၀၃) တပ်ရင်းရှိရာ ကုန်းမြင့်ကနေ လိပ်သိုမြို့ လူနေရပ်ကွက်တွေထံ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် နေအိမ် ၁၀ လုံးကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“အခု လက်ရှိ လိပ်သိုမြို့ အဝင်အထွက် ပိတ်ထားတယ်။ တော်တော်များများ ပြေးကြတယ်။ မနက် ၅ နာရီ စောစောစီးစီး အလန့်တကြားဆိုတော့ စစ်ဖြစ်တယ် ထင်ကြတာပေါ့။ ခန့်မှန်းလူဦးရေ တစ်ထောင်ကျော်တော့ ထွက်ပြေးနေရတယ်။ လက်နက်ကြီးကြောင့် ဘုရားကျောင်း တစ်ကျောင်းလည်း ပျက်စီးတယ်။ နေအိမ် ၁၀ လုံးကျော်လည်း ပျက်စီးတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းမှာလှုပ်ရှားနေတဲ့ KNLA ပူးပေါင်းတပ် အဖွဲ့ဝင်တချို့ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ လိပ်သိုမြို့အနီး တောင်ငူ-လွိုင်ကော် ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေ၊ ဒေသခံတွေ ဒဏ်ရာရမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေ သိနိုင်ဖို့ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဌာနကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ပဋိပက္ခနဲ့ အိုးအိမ်မလုံခြုံမှုတွေကြောင့် ကရင် ပြည်နယ်မှာ လူဦးရေ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။


ဆက်ဖတ်ရန် →
NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် တွေ နုတ်ထွက်

NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် တွေ နုတ်ထွက်

ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့တဲ့ NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် လေးဦး ပါတီက နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, AFP  ဘီဘီစီ

ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်မယ့် ပါတီအဖြစ် NDF မှတ်ပုံတင်မယ်လို့ ပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်တုန်းက အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ကျင်းပပြီးတဲ့နောက် ပါတီအနေနဲ့ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီဝင်တွေကနေ သိရပါတယ်။

အစည်းအဝေးမှာ တိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ပဲ တနိုင်တပိုင်ပါဝင်ယှဉ်ပြိုင်ဖို့ လိုလားသူတွေလည်း ရှိခဲ့ကြပြီး အခုလိုဆုံးဖြတ်ချက်ထွက်ခဲ့ပြီးတဲ့နောက် ရည်ရွယ်ချက်တွေမတူတော့တာကြောင့်လို့ဆိုကာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်၊ အတွင်းရေးမှူး ၁ ဦးတိုးတိုး၊ CEC အဖွဲ့ဝင် ဦးမြင့်သိန်းအပါ ၄ ဦး ပါတီက နှုတ်ထွက်ခဲ့ကြပါတယ်။

"ပြည်ထောင်စုအဆင့်ဆိုရင်က စိန်ခေါ်မှုတွေများမယ်၊ တာဝန်မယူနိုင်တော့တဲ့ အတွက်ထွက်လိုက်တာပါ။ တသီးပုဂ္ဂလအနေနဲ့ ပြန်ပြိုင်ဖို့လည်းမရှိပါဘူး၊ နိုင်ငံရေးကို စိတ်ကုန်သွားကြတာပါ။ နိုင်ငံရေးသမားတွေအားလုံးက ရိုးသားကြဖို့၊ ပြည်သူကိုပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ ပြည်သူကို မလိမ်ဖို့လိုတယ်" လို့ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်‌ဇင်က ဘီဘီစီကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဟာ လက်ရှိမှာ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင်အသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းထားတာဖြစ်သလို အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦး‌ခင်မောင်ဆွေလည်း ပါတီဥက္ကဋ္ဌတာဝန်ကနေ အစောပိုင်းကတည်းက ထမ်းဆောင်တာမရှိတော့ပါဘူး။

NDF ပါတီ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦး‌ခင်မောင်ဆွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ်နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုနောက်ဆုံး ခြောက်လ သက်တမ်းတိုးချိန်မှာတော့ စစ်ကောင်စီရဲ့ အကြံပေးအဖွဲ့မှာ တာဝန်ယူထားတာဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ခွဲထွက်လာတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ ဦးဆောင်ပြီး NDF ပါတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဦးသိန်းညွန့်ကလည်း NDF ပါတီကနေ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် အမည်နဲ့ ပါတီတည်ထောင်ခဲ့ပါတယ်။

----------------------------------

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ ရုရှားသံအမတ်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, U Khin Yi Facebook

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဟာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းမှာတင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Nikolay Listopadov ‌ရော ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander osttrovskiy တို့နဲ့ပါ ‌တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ဝါဒကိုအခြေခံတဲ့ လူတစ်စု (မူရင်းအရေးအသားဖြစ်ပါတယ်) နဲ့ အနာဂတ်လူငယ်တွေအကြောင်းအပါအဝင် ရုရှား-မြန်မာ နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်တာ တိုးမြှင့်ဖို့အတွက်ပါ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရုရှားရဲ့ အထင်ကရပါတီ ဖြစ်တဲ့ United Russia ပါတီနဲ့ ဆက်သွယ်ရေး ပိုတိုးမြှင့်ပေးမယ့် ဆက်ဆံရေးတည်ဆောက်ဖို့ဆိုပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်ဖွဲ့စည်းပြီးနောက်ပိုင်း ပထမအဆင့် နိုင်ငံရေးခြေလှမ်းဆိုပြီး ရက် ၉၀ စီမံချက်ချမှတ်ကာ ပါတီစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်တွေအပြင် ပါတီဝင်လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက်ပါ လှုပ်ရှားမှုခပ်စိတ်စိတ်ရှိနေတာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထောက်တိုင်တွေလို့ဆိုကာ နိုင်ငံတဝန်းက ကြံ့ခိုင်ရေးပါတီဝင် ၃၀၀၀ ကျော် သတ်ဖြတ်ခံထားရတာကို ပါတီအချက်အလက်တွေအရ သိထားရပါတယ်။


ဆက်ဖတ်ရန် →
စကစ က နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်

စကစ က နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်

ကန့်ဘလူနယ်တွင်း မြေမြှုပ်မိုင်းများ PDF ရှင်းလင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်က စစ်ကြောင်းတွေခွဲပြီး လှည့်ပတ်နယ်မြေရှင်းနေပြီးနောက်၊ ပြန်ထွက်ချိန်မှာ နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ရှင်းလင်းနေရတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ကျေးရွာက ပြန်ထွက်ချိန်မှာ လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းတွေကို ရှင်းလင်းနေရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီး ကျေးရွာနဲ့ ဝေးသွားပြီဖြစ်တဲ့အတွက် ဒေသခံတွေ ရွာကို ပြန်ဝင်နိုင်ဖို့ မိုင်းတွေကို ရှင်းလင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ထောင်ခဲ့တဲ့ မိုင်းတွေဘာတွေကို ရှင်းပြီးတော့ ကျွန်တော်တို့ ဝင်ခိုင်းနေတယ်ဗျ၊ အင်းလယ်ကြီးရွာပါဗျ သူတို့ ပထမဦးဆုံး ဝင်တဲ့ရွာ။ အိမ်အဝင်စလေးတွေ ခုံစီတန်းလျားလေးတွေပေါ့ လူထိုင်တဲ့ ခုံစီတန်းလျား နေရာမျိုးတွေမှာပေါ့။ လောလောဆယ်တော့ ၃ လုံးပဲ ရသေးတယ်ဗျ။ စစ်ကြောင်းဝင်တဲ့ရွာတွေဆိုရင် သူတို့ ဝင်တဲ့နေရာတွေ ထွက်တဲ့နေရာတွေဆိုရင် ထောင်တယ်ဗျ၊ ကျွန်တော်တို့ဒီ ကန့်ဘလူနယ်၊ တည်ပင် ပင့်သာဆိုရင်လည်း ကျွန်တော်တို့ ပြည်သူတွေခြေထောက်ပြတ်တာတွေရှိတယ်ဗျ၊ သူတို့ မိုင်းတွေကြောင့်။"

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မလည်တိုက်နယ်အတွင်းက အိမ်ခြေ ၅၅၀ ဝန်းကျင်ရှိတဲ့ မြေမွန်ရွာကို စစ်‌ကောင်စီတပ်တွေက ၂ ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပထမ တစ်ကြိမ်မီးရှို့စဥ်က နေအိမ် ၃၀ ကျော်လောင်ခဲ့ပြီး တစ်နေ့တည်းမှာပဲ နောက်ထပ်တစ်ကြိမ် ထပ်ရှို့ခဲ့တာလို့ ဆိုပါတယ်။

"၁၉ ရက်နေ့လောက်က ကျမလားမသိဘူးဗျ၊ မြေမွန်ရွာက အလုံး ၃၀ ကျော်လောက်ရှို့သွားတယ်ဗျ။ အဲ့ဒါက ခမရ ၃၆၉။ နောက်ထပ်ထပ်ရှို့တာတွေတော့ ပါအုံးမယ် (စာရင်းအတိအကျမသိရသေး)။ တရော်ကိုင်းကို ရောက်သွားတယ် ၂၀ ရက်နေ့က အဲ့မှာ တရော်ကိုင်းကို ထပ်ရှို့၊ တရော်ကိုင်းကတော့ ဘယ်လောက်ရှို့သလဲတော့ မသိရသေးဘူးဗျ ။ စစ်ကြောင်းက မစဲဘူး၊ စစ်ကြောင်းက အမြဲတမ်း လှုပ်ရှားတပ်အနေနဲ့ မရပ်မနားတပ်အနေနဲ့ကို ချထားတော့တာ ဒီဖက်မှာကတော့ ဒီကန့်ဘလူနယ်မှာကတော့ သူတို့ ဒီဖက် ထိုးပြီးပြီဆိုရင် ဟိုဖက် ဆက်ထိုးတယ်၊ ဟိုဖက် ထိုးပြီးပြီဆိုရင် ဒီဖက် ပြန်လာထိုးတယ်။"

မြန်မာစစ်တပ် ခမရ ၃၆၉ ရဲ့ နယ်မြေရှင်းစစ်‌ကြောင်းက မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သီရိမွန်၊ စကျင်၊ တရော်ကိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
စစ်ကြောင်းနဲ့ ဝေးသွားပြီဖြစ်တဲ့ ကျေးရွာတွေကိုတော့ ဒေသခံတွေ ပြန်ဝင်နိုင်ဖို့ စစ်ရှောင်ကူညီသူတွေက ဆောင်ရွက်ပေးနေကြတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းနဲ့ နီးနေသေးတဲ့ ကျေးရွာတချို့ကတော့ ရွာကို ပြန်မဝင်နိုင်ကြသေးပါဘူး။ ဒီစစ်ရှောင်တွေဟာ လက်ရှိမှာ ကွင်းပြင်တွေမှာပဲ စစ်ရှောင်နေရတာဖြစ်တာကြောင့် နေထိုင်ဖို့ အခက်အခဲဖြစ်နေကြရတာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ အဝေးကို ရောက်တာနဲ့ ရွာကို ပြန်ဝင်နိုင်ဖို့ ကြိုးစားကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒီ ၄၀ လောက်ရွာတွေကတော့ အကုန်လုံးကို စစ်ကြောင်းက အနောက်ဖက်ကိုလည်း ရောက်သွားပြီ၊ အခု ခမရ ၃၆၉ ကလည်း မြေမွန်ဖက်တွေ ရောက်သွားပြီး မီးရှို့ပြီးလုပ်နေတာဆိုတော့ ကျွန်တော်တို့ ဒီဖက်က နည်းနည်း လှမ်းသွားပြီဆိုတော့ အခု လောလောဆယ်ကတော့ အကုန်လုံးဒီရှောင်တဲ့ ရွာ ၄၀ အကုန်လုံးကို ပြန်ဝင်နိုင်ဖို့ လုပ်နေကြပါပြီဗျ။ တဝတ်တပြတ်တွေတော့ ရှိသေးတာပေါ့ဗျ၊ မဝင်နိုင်သေးတာတွေ သူတို့နဲ့ နည်းနည်း နီးတဲ့ ရွာလေးတွေတော့ မဝင်နိုင်သေးဘူးဗျ။"

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ပင့်သာတိုက်နယ်အတွင်းက ချောင်းကြားရွာကို စစ်ကောင်စီ အင်အား ၁၂၀ လောက်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းကြားရွာဟာ အခုတခေါက်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းဝင်လာတာကြောင့် ချောင်းကြားရွာ အနီးတဝိုက်မှာရှိတဲ့ မန်းကျည်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ရှမ်းကုန်း၊ အင်းမ စတဲ့ ရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးနေကြရပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။\


 

ဆက်ဖတ်ရန် →
မင်းကင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၅၀ ကို စစ်ကောင်စီ ဖမ်းထား

မင်းကင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၅၀ ကို စစ်ကောင်စီ ဖမ်းထား

VOA

စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၅၀ နီးပါးကို စစ်ကောင်စီကခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ မင်းကင်းမြို့အခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၃ မိုင်သာသာဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး တပ်စွဲတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ကျေးရွာထဲမှာရှိတဲ့ အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက ခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ပုထိုးလုံးကျေးရွာအနီးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံအခြေအနေက ရွာသူရွာသားတွေက တောတောင်တွေထဲ ပြေးလွှားနေကြရတာပေါ့ဗျာ။ အဲ့ဒါပြီးတော့ တချို့လည်း ပိတ်မိပြီးမှ မိသွားလို့ ဖမ်းခံရတဲ့သူတွေကိုလည်း ခေါ်သွားတယ်တဲ့ စစ်တပ်ရှိတဲ့ဆီပေါ့ဗျာ။ ၅၇ ယောက် အသက်ကြီးဖိုးဖွားတွေကော ကလေးငယ်တွေကော ခေါ်သွားတယ်။ လွှတ်မပေးသေးဘူး။ ပိတ်မိနေတဲ့သူတွေ အဲ့ဒါတွေကို သူတို့က ခေါ်သွားတာ။”

စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို ဒေသခံကာကွယ်ရေး အဖွဲ့ဘက်ကလည်း အတည်ပြုပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေအရေအတွက်ကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက် ညနေပိုင်းအထိ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာတဲ့အနေအထားရှိနေပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မင်းကင်းကနေမှ မော်တော်တွေ ဖလက်တွေကို ချောဆွဲပြီးမှ ပုထိုးလုံးရွာထဲကို လာပြီး တပ်စွဲတာခင်ဗျ။ သူတို့ရွာထဲမှာ တပ်စွဲပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ သတင်းရတယ်။ သတင်းရတာနဲ့ တပ်ရင်းကနေ စစ်ကြောင်းတွေ ပြင်ဆင်ပြီး ကျွန်တော်တို့ဘက်ကပဲ သူတို့တပ်စွဲတဲ့နေရာကိုသွားပြီး ဝင်ရောက်ပစ်ခတ်မှု လုပ်တာပါ။ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ထိတွေ့မှုဖြစ်တယ်။ ဒီနေ့မှာလည်း ဒီကောင်တွေ စစ်ကြောင်း ပြန်တက်လာတာရှိတယ် ရှိတဲ့အတွက် လောလောဆယ် ၂ ဖက် ရင်ဆိုင်ထားစဲပဲရှိတယ် ပစ်ခတ်မှုတော့ မရှိသေးဘူး။”

ဒ့ါအပြင် မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီ အားပေးထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ နေရ
ာတွေမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု အားကောင်းလာတဲ့အတွက် စစ်တပ်ဘက်က မင်းကင်းမြို့နယ်ကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက သုံးသပ်နေပါတယ်


ဆက်ဖတ်ရန် →
ခြူးလေး သာမက ခင်သီရိသက်မွန်နဲ့ ပါပါတ်သက်တဲ့အမွှာကောင်

ခြူးလေး သာမက ခင်သီရိသက်မွန်နဲ့ ပါပါတ်သက်တဲ့အမွှာကောင်

Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

၇.၁၀.၂၀၂၁နေ့တွင်ရန်ကုန်တိုင်း,မရမ်းကုန်းမြို့နယ်,ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။

ဒါပေမယ့် ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ,clubရှိမန်နေဂျာ,ဝန်ထမ်းအားလုံး အန္တရာယ်ကင်းစွာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွာကြားသိရပါတယ်။

ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။

Brave Bar ကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။

Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး။ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့ ဖွင့်နိုင်တယ်ဆိုတာ နယ်မြေမြို့နယ်ရဲစခန်း,ခရိုင်ရဲတပ်ဖွဲ့လောက်ကို လာဘ်ပေးပြီးဖွင့်ဖို့မဖြစ်နိုင်ပါဘူး။

လက်ရှိအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ပိုင်းအချို့နဲ့ပက်သက်မှုရှိမှဖွင့်လို့ရတဲ့အခြေအနေပါ။Brave Bar ကဘယ်သူပိုင်တာလဲ,ပိုင်ရှင်ဘယ်သူဖြစ်နေလို့အခုလိုပေါ်ပေါ်ထင်ထင်ဖွင့်ရဲတာလဲဆိုတော့ Brave Barရဲ့ပိုင်ရှင်က ကိုစိုးလှိုင်ဆိုတဲ့စီးပွားရေးသမားတယောက်ဘဲဖြစ်ပါတယ်။ကိုစိုးလှိုင်ဆိုတဲ့ Brave Barပိုင်ရှင်က ဘယ်သူဖြစ်နေလို့လဲဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။

Brave Bar ပိုင်ရှင် ကိုစိုးလှိုင် မှာ အမွှာညီအကို နောက်တယောက် ကိုစိုးနိုင်ဆိုတဲ့တယောက်ရှိပါသေးတယ်။သူတို့ ညီအကိုနှစ်ယောက်က (နအဖ)အစိုးရ ဦးသန်းရွှေလက်ထက် ၂၀၀၉-၂၀၁၀ဝနိးကျင်လောက် DoKoMoနာမည်နဲ့ မြေနီကုန်း,ပါရမီနဲ့နေရာတချို့မှာ တန်ဖိုးနည်းတရုတ်ဖုန်းများကို ရောင်းတဲ့ဆိုင်ဖွင့်လှစ်ပြီး လိုင်စင်မဲ့ကားကိုသာဝယ်စီးနိုင်တဲ့အခြေအနေသာရှိပြီး တရုတ်ပြည်ထုတ်တန်ဖိုးနည်းဖုန်းများကိုသာ သူတို့ညီအကိုနှစ်ဦးပိုင်တဲ့ DoKoMoဖုန်းဆိုင်တွေမှာ ရောင်းရတဲ့တန်ဖိုးနည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေခဲ့ရသူတွေပါ။

ဒါပေမဲ့၂၀၁၆နောက်ပိုင်း ကိုစိုးလှိုင်ရဲ့စိးပွားရေးလုပ်ငန်းတွေက DoKoMoဖုန်းဆိုင်ခွဲတွေမဟုတ်တော့ပါဘူး။ယခုစစ်ကောင်စီတပ်ကဝင်ဖမ်းတဲ့ ကန်ရိပ်သာလမ်းက BraveBar,ဆရာစံလမ်းပေါ်က World Wide KTV,၇မိုင် ကုန်းမြင့်ရိပ်သာလမ်းက Icon KTV,Worldwide KTV Mdy,Icon KTV Mdy,ဆရာစံလမ်းပေါ်က Canton Paradise Chinese Fine dining Restaurant ,ဆရာစံလမ်းပေါ်က Beauty In The Pot Hot Pot ဆိုင်,ဆရာစံလမ်းပေါ်က NYX KTV,JanJanJan Japanese Restaurant,Brave Empire Production ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း,Hotel SS Aung Ban စသည့်လုပ်ငန်းများအပြင် သိန်း၃သောင်းအထက် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကိုလုပ်ကိုင်နေတာတွေ့ရပါတယ်။

ယခုလက်ရှိ Brave Bar ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်သူဌေးက 7miles Villa လို့ခေါ်တဲ့ ၇မိုင် အေဒီမီးပွိုင့်အနီး ပြည်လမ်းပေါ်ကနေဝင်ရတဲ့ ခြံတစ်ခြံအကျယ်အဝန်း ၁ဧကကျယ်ဝန်းတဲ့ခြံ ၇ခြံသာရှိတဲ့ ခြံတွေထဲက ခြံတစ်ခြံမှာ နန်းတော်ကြီးပုံစံအိမ်နဲ့နေထိုင်လျက်ရှိပါတယ်။

နိုင်ငံရဲ့စီမံကိန်းတွေလုပ်တဲ့လုပ်ငန်းတခုမှမရှိဘဲဘာကြောင့် နှစ်အနည်းငယ်အတွင်းချမ်းသာမှုပမာဏအများကြီးရှိတာလဲဆိုတဲ့အကြောင်းအရင်းက ကိုစိုးလှိုင်လုပ်တဲ့လုပ်ငန်းအများစုက Night Life(ညပိုင်းဖျော်ဖြေရေးလုပ်ငန်း)တွေဖြစ်နေတော့ အဓိက မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ငန်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒီလိုလုပ်ငန်းကို တကယ့်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ယောက်က တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အကျိုးတူလုပ်ကိုင်နိုင်မှ မူးယစ်ဆေးဝါးများကို တရားဝင်ပုံစံဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်။

ကိုစိုးလှိုင်ရဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ World Wide KTV Mdyမှာ ၂၀၁၈ခုနှစ်ဝန်းကျင်က ပြည်ထဲရေးဝန်ကြီးဌာနမှသတင်းအရ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်တဲ့ ကုန်သည်တွေ Mdy World Wide KTVမှာ ရောက်နေတယ်လို့သတင်းအတိအကျနဲ့တိုင်တဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ဖမ်းဆီးရာအဓိကတရားခံ၅ဦးဖမ်းခံရပေမယ့် သတင်းတစုံတရာထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး,ဖမ်းခံရတဲ့သူ၅ဦးအနက် ၁ဦးက မန္တလေးနဲ့ရန်ကုန် ကျောက်သူဌေးလောကမှာ နာမည်အရမ်းကြီးတဲ့ ဦးအိုက်ထွေး(ကျောက်အရောင်းအဝယ်လုပ်ငန်းရှင်)ရဲ့သားမက် ကိုအောင်ဝင်း ဆိုသူဖြစ်ပါတယ်။အခုလို မူးယစ်ဆေးဝါးကိုနိုင်ငံတကာရောင်းတဲ့ မူးယစ်ရာဇာတစ်ယောက် ဖမ်းခံရပြီး၁နှစ်မပြည့်ခင်အချိန်အတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

ဘယ်သူမှ မသိတဲ့ကြီးမားတဲ့ဖြစ်စဉ်တစ်ခုပါ။နောက်ပြီး ကိုစိုးလှိုင်ရဲ့ World Wide KTV Mdyဆိုင်ကတစုံတရာ အရေးယူခံရခြင်းမျိုးလည်းမဖြစ်ခဲ့ပါဘူး။ ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ KTV,Club,Barနေရာတိုင်းမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေဖြစ်တဲ့ Ecstasy ၁ပြား၈သောင်း,Ketamine 1gram ကို ၁သိန်း၂သောင်း,Cocaine 1gram ၃သိန်းမှ ၆သိန်း,Molly Capsule ၁တောင့် ၁သိန်း စသည့် party drugs(ပျော်ပွဲရွင်ပွဲသုံးမူးယစ်ဆေးဝါးများ),Ice,ရာမ စသည့်မူးယစ်ဆေးဝါးမျိုးစုံကို သုံးစွဲဖို့ accessories များအဆင်သင့်ပြင်ဆင်ထားပြီး အဆင်သင့်သုံးစွဲနိုင်ရန်စီစဉ်ပေးထားပြီး ကိုယ်ကြိုက်နှစ်သက်ရာ မူးယစ်ဆေးဝါးများကို စိတ်ကြိုက်လွယ်ကူစွာဝယ်ယူ သုံးစွဲ နိုင်တဲ့နေရာတွေက ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ နေရာတွေမှာလွယ်လင့်တကူလွတ်လပ်စွာဝယ်ယူသုံးစွဲနိုင်အောင်ရောင်းချလျှက်ရှိပါတယ်။

ကိုစိုးလှိုင်ရဲ့ရင်းနှီးတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်တဲ့သူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်တပ်ချုပ် မင်းအောင်လှိုင် သမီးခင်သီရိသက်မွန်နှင့် ခင်ပွန်းဟောင်းလင်းမြင့်ဖွယ်(DJ Xoon Mite),သားအငယ် အောင်ပြည့်စုံနှင့်ချွေးမ မျိုးရတနာထိုက်,ဒုချုပ်စိုးဝင်း (DSA22)ရဲ့မယားပါသားအငယ်လင်းထူးနှင့် ချွေးမ သဲသဲ (Mdy ရဲ့လုပ်ငန်း),ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ(DSA 22),ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး အောင်စိုး(DSA 26),ရဲချုပ်ဟောင်း ရဲချုပ်အောင်ဝင်းဦး (DSA26),လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်(OTS 64),စရခချုပ်ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS 77) တို့ပဲဖြစ်ပါတယ်။

ဒါမျိုးတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းအတူလုပ်ကိုင်နေသူဖြစ်လို့ မနေ့ညပိုင်း၁၁:၄၅မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးပေမဲ့ ဖမ်းဆီးခံရသူ ၂၀၀ဝန်းကျင်ထဲမှာ တစ်ယောက်မှဖမ်းဆီးထိန်းသိမ်းခြင်းမခံရ,ပိုက်ဆံပေးစရာမလိုဘဲ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ 

ကိုစိုးလှိုင်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့အဓိက မင်းသားက ပြည်သူတွေရဲ့အချစ်တော်မင်းသားပိုင်တံခွန်ပဲဖြစ်ပါတယ်။ မင်းသားပိုင်တံခွန်က လက်ရှိ ၅၀၅-ကနဲ့ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရပါတယ်။ပိုင်တံခွန်ဖမ်းခံရတဲ့ဖြစ်စဉ်အမှန်က မင်းသားပိုင်တံခွန်က လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိနေပြီး သူ့အတွက်လွတ်မြောက်နယ်မြေမှာ နေထိုင်ဖို့အဆင်မပြေတဲ့အကြောင်းပြချက်နဲ့ မင်းသားပိုင်တံခွန်က သူ့ရဲသူဌေးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ကိုဆက်သွယ်ပြီး ကိုစိုးလှိုင်ရဲ့ အစီအစဉ်ပြုလုပ်ပေးမှုကြောင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့ဝင်များက မင်းသားပိုင်တံခွန်ကို သူ့ရဲ့နေအိမ်မြောက်ဒဂုံသို့ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပါတယ်။ 

စစ်ကောင်စီက ည၈နာရီသတင်းမှာ ၅၀၅-က ဝရမ်းထုတ်ပြန်ခံရတဲ့အနုပညာရှင်တွေစာရင်းတွေကြေငြာတဲ့အခါ April ၇ရက်နေ့မှာမင်းသားပိုင်တံခွန်ရဲ့ ဝရမ်းထုတ်ခံရတယ်ဆိုတာ သတင်းမှာပါလာပါတယ်။ စရဖတပ်ဖွဲ့နဲ့ပြည်ထဲရေးတပ်ဖွဲ့အချင်းအချင်းမကျေနပ်မှုကြောင့် နေအိမ်သို့တိတ်တဆိတ်ပြန်ရောက်နေတဲ့ ပိုင်တံခွန် သတင်းရထားပြီးဖြစ်နေတဲ့အတွက် April ၈ရက်နေ့မနက်လင်းအားကြီးအချိန် ပိုင်တံခွန်ရဲ့ နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးပြီးပိုင်တံခွန်ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး တရားစွဲဖို့ စီစဉ်ပါတယ်။

ပိုင်တံခွန်အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ပြီး ၅၀၅-ကဖြင့်စတင်တရားစွဲဆိုတဲ့အခါ Brave Empire Production ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်က တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိုင်နိုင်တဲ့အတွက် ပိုင်တံခွန်ကို မြောက်ဒဂုံ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေငြာထုတ်ပြန်ထားတဲ့ မြို့နယ်မှာ ဖမ်းဆီးခံရပေမယ့် ပိုင်တံခွန်ရဲ့ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ရဲ့ကူညီပေးမှုကြောင့် စစ်ခုံရုံးနဲ့ရုံးတင်တရားစွဲဆို ပြစ်ဒဏ်ချရမှာဖြစ်ပေမယ့် အရပ်ဘက်တရာရုံး မြောက်ဒဂုံမြို့နယ်တရားရုံးကနေအမှုရင်ဆိုင်ရပါတယ်။ 

ပိုင်တံခွန်လို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အသက်၂၀ကျော် မိန်းကလေးတစ်ဦးကတော့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြောက်ဒဂုံမြို့နယ်မှာဖမ်းဆီးခံရလို့ မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရပါတယ်။ အဆိုပါ မိန်းကလေးဖမ်းခံရတဲ့ရက်နဲ့ ပိုင်တံခွန်ဖမ်းခံရတဲ့ရက်က ၁ရက်ပဲကွာပါတယ်။ဒါကြောင့် Brave Bar ပိုင်ရှင်ကိုစိုးလှိုင် စစ်ကောင်စီကိုဘယ်လိုပိုင်တယ်ဆိုတာ တွေ့နိုင်မြင်နိုင်ပါတယ်။

အပြစ်မဲ့ပြည်သူတွေအိမ်ကို ညဦးပိုင်းအချိန်မှာ စကစတပ်တွေက ရပ်ကွက်တွေထဲဆဲဆိုကြိမ်းမောင်း ဧည့်စာရင်းဝင်စစ်ပြီး အသားလွတ်အပြစ်မရှိဘဲ မတရားဖမ်းဆီးထောင်ထဲထည့်ခံရပေမဲ့ စစ်ကောင်စီနဲ့ပက်သက်တဲ့ရေပေါ်ဆီအသိုင်းအဝိုင်းတွေကတော့ ည၁၀နာရီမထွက်ရဆိုတဲ့ ဥပဒေချိုးဖောက်ကာ တရားမဝင်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သုံးစွဲပြီးတည်ဆဲဥပဒေ ပြဌာန်းဥပဒေတွေကို ချိုးဖောက်ကျူးလွန် အပြစ်ရှိပေမယ့် မတရားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ မတရားဥပဒေကြောင့် အပြစ်လုပ်တဲ့သူ တရားခံအစစ်တွေက လွတ်မြောက်နေပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာကတော့ မတရားဖမ်းဆီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရပြီး သူတို့နဲ့မသက်ဆိုင်တဲ့ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ မတရားဖမ်းဆီးခံနေရတာက မတရားအာဏာလုထားတဲ့ အာဏာရူးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အာဏာရူးစစ်ဗိုလ်ချုပ်ကြီးရာထူးကိုယ့်ဘာသာယူထားတဲ့ စစ်အာဏာရှင်ရဲ့ အမွေဆိုးစနစ်ဆိုး အကျင့်ဆိုးတွေကြောင့် ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

#CrdOrginalUploader





























ဆက်ဖတ်ရန် →
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ် အသေများမှု၊ ပုန်ကန်မှု တွေနဲ့ စတင်ပြိုဆင်းလာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ် အသေများမှု၊ ပုန်ကန်မှု တွေနဲ့ စတင်ပြိုဆင်းလာ


https://youtu.be/U2gPLEW3Ajg ကြည့်ရန်

 
By ရန်ကုန်ခေတ်သစ်

-အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ စစ်ကောင်စီတပ်တွေအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

-  တိုက်ပွဲတွေအတွင်းမှာ သေဆုံးတာ တပ်မှ ထွက်ပြေးတာ တပ်မှ တရားဝင် ထွက်တာအပါအဝင် CDM ဝင်တာတွေ ကြောင့် မြင့်မားလာနေတာလည်းဖြစ်ပါတယ်။

- တပ်ရင်းတပ်ဖွဲ့အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းဟာ လအလိုက် မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်းကနေ  ၁၀ ရာခိုင်နှုန်းအကြား အတက်အကျရှိနေတယ်လို့ သိရပါတယ်။

- အာဏာသိမ်းကာလ ၂ နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်းတီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့် မားလာတာကို သိသိသာသာတွေ့ရတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

-အင်အား ပြုန်းတီးမှု ရာခိုင်နှုန်းများတဲ့ တိုင်းစစ်ဌာနချုပ် တပ်တွေထဲမှာ မပခ၊ နမခ၊ ရတခတပ်တွေက ရာခိုင်နှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။

-တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ပြေးတွေ ရှိလာရင်လည်း အမှန်စာရင်း အတိုင်း မတင်ပြဘဲ လိမ်လည် တင်ပြကြပါတယ်။

-ဒါကြောင့် အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမှာ လက်ရှိတွက်ချက်ထားတဲ့  နှုန်းထက် ပိုမို မြင့်မားနိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

-ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေတောင်  အမိန့်မနာခံဘဲ  စစ်တိုက်ဖို့ငြင်းဆန် ပုန်ကန်လို့ ဖမ်းဆီးအရေးယူခံနေရပါတယ်။

စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ တိုက်တိုင်း ရှုံး ၊ စစ်ကြောင်းထိုး တိုင်းသေ" အခြေအနေဖြင့် ဖရိုဖရဲ စတင် ပြိုကျ ပျက်စီးနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့  ပျော်ပွဲရွှင်ပွဲ ၊ မင်္ဂလာပွဲတွေ တက်ရောက်ကာ တပ်တွင်း စတင် ပြိုကွဲမှုများကို လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ်။

 


ဆက်ဖတ်ရန် →
လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း

လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း

လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း
ထုတ်ပြန်၆နာရီကျော်ကြာတိုက်ပွဲတွင်စစ်သား၂၅ဦးသေဆုံးပြီးPDFနှစ်ဦးကျဆုံးကာစစ်တပ်ထံမှခဲယမ်းများ
သိမ်းဆည်းရရှိခဲ့
ဒီပ ၊​မောင်စန်/People's Spring
 
 
 စစ်ကောင်စီတပ်ကတိုက်လေယာဥ်များရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်သလိုမြေပြင်မှပါတစ်ပြိုင်နက်ထိုး
စစ်ဆင်တိုက်ခိုက်လာမှုကိုမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MPDF)ကရင်ဆိုင်တိုက်ခိုက်ပြီးစစ်ကောင်
စီတပ်အထိနာစေခဲ့သောတိုက်ပွဲရုပ်သံမှတ်တမ်းယ​နေ့ထွက်​ပေါ်လာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်ကမြေပြင်နှင့်ဝေဟင်ကတပြိုင်နက်ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့သဖြင့်၆နာရီကျော်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅ဦးသေဆုံးပြီးပြည်သူ့ကာကွယ်ရေးတပ်
ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၀ ရက်တိုက်ပွဲမှတ်တမ်းကို Voice of Mandalay PDF ဖေစ်ဘွခ်စာမျက်
နှာကယ​နေ့တင်ဆက်ထားခြင်းဖြစ်သည်။
“ သပြေညို စစ်ဆင်ရေး “ဟု​ခေါင်းစဥ်တပ်ထား​ပြီး ၃ မိနစ်ခန့် ကြာသည့်အဆိုပါရုပ်သံမှတ်တမ်းနှင့်ပတ်သပ်၍
"၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်းတွင် အကြမ်းဖက် စစ်အုပ်စု၏လေကြောင်း
တိုက်ခိုက်ခဲ့မှုကို MDY-PDF၏ စစ်သည်တော်များက ဂုဏ်ရောင်ပြောင်စွာ တွန်းလှန်တိုက်ပွဲဝင်ခဲ့သည့်တိုက်ပွဲ
မှတ်တမ်း ဖြစ်သည်။ တော်လှန်ရေး သစ္စာဖြင့်"ဟု ​ဖော်ပြရှင်းလင်းထားသည်။
စစ်​ကောင်စီတပ်မှ Mi 35 ရဟတ်ယာဥ်​ပေါ်မှ စက်​သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ၊YAK 130 တိုက်​လေယာဥ်
ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို PDF များကတည်တည်ငြိမ်ငြိမ်ဖြင့်စနစ်တကျ ခုခံတိုက်ခိုက်ခဲ့သည်ကိုရုပ်သံမှတ်
တမ်းတွင်​တွေ့ရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်​နေ့နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏တပ်ရင်းတပ်ဖွဲ့များ
ကို စစ်ကောင်စီ၏ တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
မြေပြင်စစ်​ကြောင်းသာမက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် 
လေကြောင်းပစ်ကူဖြင့်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော်များသည် လူ၊ လက်နက်သာလွန်အင်အားဖြင့်ထိုးစစ်ဆင်
လာသောစစ်ကောင်စီတပ်ကိုတည်ငြိမ်စွာခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်အထိနာပြီးပြန်လည်ဆုတ်ခွာ
သွားရာ ခဲယမ်းမီးကျောက်များစွာ သိမ်းဆည်းနိုင်ခဲ့သည်ဟုMDYPDF ကထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ပြီးထိခိုက်ဒဏ်ရာရ
သူ များပြားကြောင်း၊ တိုက်ပွဲချိန် (၆) နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်
က ကိုယ်ပိုင်အမှတ် (P1-1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1-1202-159) ရဲဘော် ဖိုးဝတို့ ကျဆုံး
ခဲ့ကြောင်း MDY-က အသိပေးခဲ့သည်။
တိုက်ပွဲနှင့်ပတ်သက်၍ "လောလောဆယ်တော့ အသေးစိတ်ထုတ်ပြန်ဖို့ မရှိသေးပါဘူးဗျာ။ နောင်ချိုမြို့နယ် ပြင်ဦးလွင် မိုးကုတ်လမ်းပိုင်းမှာလောက်ပဲပြောလို့ရပါဦးမယ်ဗျ။ နောက်ကျရင် အသေးစိတ်ထုတ်ပြန်ပေးပါ့မယ်
ဗျ။"ဟု MDY-PDFမှတာဝန်ရှိသူက People's Spring သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအားPeople's Springကသီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားသော ရဲဘော်ရဲဘက်များကိုဦးညွှတ်
ပြီးဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်းကတိပြုသည်။
အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စစ်ကောင်စီ၏ တပ်မ (၁၀၁)လက်အောက်ခံ ခလရ(၂၅၃) ၊ စကခ(၁)လက်အောက်ခံ ခမရ(၅၀၂) နှင့် ခမရ(၅၀၅) 
တပ်ရင်းများဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၌ တိုက်ပွဲ
များဖြစ်ပွားခဲ့​သေးသည်။
အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်မှ
(၂၀)ခန့် သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့​ကြောင်းMDY-PDFကထုတ်ပြန်ထားသည်။
​ထို့အပြင် သြဂုတ်လ (၂၉) ရက်နေ့ ညနေ(၆)နာရီခန့်ကလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲကာထပ်မံတိုက်ခိုက်
ခဲ့ပြီးအပြန်အလှန်ပစ်ခတ်ခဲ့ကြရာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့ပြီး (၁၉)ယောက်ကျော်ခန့်သေ
ဆုံး၍ အပြင်းအထန် ဒဏ်ရာရရှိသူ(၄၀)ခန့်အထိ ရှိနိုင်ကြောင်း အသိ​ပေးခဲ့သည်။
အလားတူ သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း စကစစစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ပြီး စကစတပ်ဖွဲ့ဝင်
(၃)ဦး သေဆုံးခဲ့​ကြောင်းသိရသည်။
ရုပ်သံ-Voice Of Mandalay-PDF/MDY-PDF
 
ဆက်ဖတ်ရန် →
ဗိုလ်ကြီး  နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ


မြင်းမူ၊ မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်၊  စစ်တပ်က  သံသယဖြင့် ပစ်ခတ် သတ်ဖြတ်မှုများ ဆက်တိုက် လုပ်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

အကြမ်းဖက် စစ်တပ်က သံသယဖြင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ များပြားလာပြီး မြင်းမူမြို့နယ်၊  မန္တလေးမြို့နှင့် တွံတေးမြို့နယ်တို့တွင် အပြစ်မဲ့ ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်ဝပ်ရှော့ပြင်သူနှင့် ပြည်သူ ၂  ဦးကို ပစ်သတ်
======================================================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်း ဆိုင်ကယ်ဝပ်ရှော့ပြင်သူ ၁ ဦးကို စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ရာမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။ 

"ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တယ်။ ဆိုက်ကယ်ဝပ်ရှော့ဆရာနဲ့ သူငယ်ချင်းက ၂ ဦးစီးလာတာ။  အဲဒါ ကျည်ထိပြီးတော့ ဆိုက်ကယ်ဝပ်ရှော့ဆရာကို မြင်းမူဆေးရုံသို့ပို့ဆောင်ပေးပြီး အခြားပြည်သူတစ်ဦး ကိုမန္တလေးဆေးရုံပို့ရတယ်။  ဆိုင်ကယ်ဝပ်ရှော့ဆရာကတော့ မြင်းမူဆေးရုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ဆုံးပါတယ်။ မန္တလေးဆေးရုံပို့ရတဲ့ ပြည်သူကလည်း ဆုံးပါတယ်" ဟု မြင်းမူဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်အတွင်း လက်ပစ်ဗုံးများ တွေ့ရှိရသည်ဟု သတင်းမှား ဖြန့်ချိကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကို ဖုံးကွယ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။  

မန္တလေးတွင် ရှမ်းခေါက်ဆွဲပိုင်ရှင်ကို သံသယဖြင့် ဖမ်းဆီး‌ပြီး အလောင်းသာပြန်ပေး
==========================================

မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်ရွှေဘုန်းရှိန်ရပ်ကွက်ရာအိမ်မှူးဇော်ဝင်းထွန်းပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရွှေဘုန်းရှိန် ရပ်ကွက်ရုံးနားတွင် ဖွင့်လှစ်ထားသော အန်တီခိုင် ခေါက်ဆွဲပိုင်ရှင် ဦးအောင်ကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရွှေဘုန်းရှိန် ရပ်ကွက် ရာအိမ်မှူး‌ ဇော်ဝင်းထွန်း ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီအချိန်  ၄၄လမ်း ၈၁×၈၂ အကြား ဘုရားကြီးစျေး ရွှေဘုန်းရှိန် ရပ်ကွက်ရုံးအနီးတွင် ဖွင့်လှစ်ထားသော "အန်တီခိုင် ရှမ်းခေါက်ဆွဲဆိုင်" ပိုင်ရှင် ဦးအောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ည ၉ နာရီအချိန်တွင်  ဦးအောင်၏ အလောင်းကို စစ်တပ်က လာယူရန် ပြောဆိုခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 

ထို့ပြင် ရွှေဘုန်းရှိန်ရပ်ကွက်ရုံးအနီးရှိ အထည်ဆိုင်တစ်ခုမှာ ကိုထိုက်ဆိုသော လူငယ် အပါအဝင် ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ သတင်းအစအန မရရှိကြောင်း သိရှိရသည်။
----------------------------------------------


တွံတေးတွင် "အမေစု နိုင်ပါစေ" ဟု ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြသူ ကို စစ်တပ်က  ဖမ်းဆီးရိုက်နှက်သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် "အမေစု နိုင်ပါစေ" ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ် တော် ဆန္ဒပြသူ အရပ်အခေါ် နာမည် မိုးဒီ( နာမည်အရင်း စုံစမ်းဆဲ) ဆိုသူကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ် ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နေ့လယ်ပိုင်း ရွှေဆံတော်ဘုရား အနီးတွင် အရပ်အခေါ် နာမည် မိုးဒီ ဆိုသူက စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြကြောင်း၊ ၎င်းကို စစ်တပ်က လူမြင်ကွင်းတွင်ပင် ထိုး ကြိတ် ဖမ်းဆီးခဲ့ပြီး သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကားပေါ်ဆွဲတင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

"ဆန္ဒပြသူကို စစ်တပ်က  လူမြင်ကွင်းမှာပင်  အတင်းဖမ်းပြီး ရိုက်တယ်။ သေလုမျောပါး ဖြစ်အောင် ရိုက်နှက်တယ်။ ပြီးတော့ စစ်ကားပေါ်ဆွဲတင်ပြီး သေနတ်ဒင်တွေနဲ့ ဆက်ရိုက်တယ်။ အဲဒါ ရန်ကုန်ဆေးရုံတင်တယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့မှာ ဆုံးပါတယ်။  ဆန္ဒပြသူက သူ့ကို လိုက်ဖမ်းတော့ ရေတပ်က ခွေး ၃ ကောင်ကို လက်သီးနဲ့ ထိုးပြီး ထွက်ပြေးတာ။ ဘုရားနားကနေ စျေးကြီးနားရောက်မှ မိတာ။ မိတော့ သစ်သား ချောင်းနဲ့ စစ်သားတွေက ရိုက်တာ သစ််သားချောင်းတောင် မွ သွားတယ်။ နောက်ပြီး စစ်ကားပေါ် ဆွဲတင်ပြီး မြို့လယ်ခေါင်မှာ ဒူးထောက်ထိုင်ခိုင်းပြီး ခြေထောက်တွေနဲ့ ကန်ကြတယ်။  သူက "အမေစု နိုင်ပါစေ။ နိုင်ပြီ"  ဆိုပြီး အော်တာ" ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြရင်း စစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ အရပ်အခေါ် နာမည် မိုးဒီသည် တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။ 

ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး  နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ရာ  ဗိုလ်ကြီး နန္ဒာမင်း အပါ အဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။




ဖေဖော်ဝါရီလ  ၂၀ ရက်နေ့ ညပိုင်းတွင် ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သား ၁၀ ဦးသည် ကင်းပတ်ထွက်လာချိန် ရွာလယ်ဘုရားအရောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက စောင့်ကြို တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကာ MA 2 သေနတ် ၁ လက်နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ TGYR - Youth Guerrilla Counter Revolution(LPD)၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDFနှင့် မြင်းခြံခရိုင် တပ်ရင်း ၆ ( ငါန်းဇွန်)အပါအဝင် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ကိုးတောင်ဘို့မှာစစ်တပ်မီးရှို့မှာကြောက်လို့ ရွာအပြင်ထုတ်နေသည့် စပါးများကို စစ်ကောင်စီစစ်ကြောင်းကသိမ်းဆည်းသွား

---------------------------
 Author CJ Platform

Published on Feb 20, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်၏ ကျေးရွာအတွင်းဝင်ရောက်ကာမီးရှို့မှုများကြောင့် သိမ်းဆည်းထားသည့် စပါးများအား ရွာအပြင်သို့ထုတ်နေသည့် စပါးများကို စစ်ကောင်စီတပ်စစ်ကြောင်းမှသိမ်းဆည်းသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာစစ်ကောင်စီတပ်၏ ခမရ ၃၆၃ တပ်မှ ကိုင်းမကျေးရွာအရှေ့ဖက်ကို စစ်ကြောင်းထိုးကာ ဒေသခံလယ်သမားတစ်ဦး ပိုင်ဆိုင်သည့် စပါးတင်း ၆၀၀ ခန့်ကို အဓမ္မသိမ်းဆည်းသွားတာပဲ ဖြစ်သည်။

ထိုသို့သိမ်းဆည်းပြီးနောက်အဆိုပါစစ်ကြောင်းသည်စပါးများအားသုံးဘီးများဖြင့်သယ်ဆောင်ကာ၎င်းတို့အထိုင်ချရာနေရာသို့သယ်ဆောင်သွားကြောင်းသိရသည်။

“ဒီနေ့ မနက် ၈ နာရီ၂၀ လောက်ပဲ သူတို့အင်အား ၅၀ ၆၀လောက်နဲ့ ထွက်လာပြီးသိမ်းသွားတာ သုံးဘီးတွေနဲ့ မွန်းလွဲ ၁ နာရီလောက်ကြ သူတို့အထိုင်ကိုပြန်ဝင်သွားကြတယ် ဒီလိုရွာသားတွေကထုတ်တာကို စစ်ကြောင်းကသတင်းရလို့နေမှာပေါ့ စစ်ကြောင်းကိုဖြန့်ပြီးဝင်တာ ရွှေ့ချိန်တောင်မရပါဘူးဗျာ ဒီတိုင်းကိုယူသွားကြတာ”ဟု ဒေသခံတစ်ဦးကပြောပြသည်။

ယခုကဲ့သို့ဒေသခံများအနေဖြင့်ခြွေလှေ့ပြီးသားစပါးများကိုရွာအပြင်သို့ထုတ်နေရခြင်းသည်စစ်ကောင်စီစစ်ကြောင်းများကျေးရွာများအတွင်းဝင်ရောက်မီးရှို့သောအခါဒေသခံများသိုလှောင်ထားသည့်စပါးကျီများကိုပါမီးရှို့ဖျက်ဆီးတာကြောင့်စပါးများမပျက်စီးစေရန်ကျေးရွာအပြင်ရှိလုံခြုံသည့်နေရာများတွင် သိမ်းဆည်းထားရန်အတွက်ဖြစ်ကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီတပ်သည် ဒေသခံများ၏ ဆန် နှင့်စပါးများအားသယ်ဆောင်မှုများလည်းယခင်ကရှိခဲ့ကြောင်းသိရသည်။

“ဒီလိုမျိုးက အမြဲဖြစ်တယ်ဗျ အရင်ကောလင်းဘက် ဆန်စက်တွေကို ဝင်ပြီးဆန်တွေသိမ်းတာ တွေရှိတယ် ကောလင်းနဲ့ ကန့်ဘလူက ချိတ်ဆက်တဲ့ဒေသဆိုတော့ကာ အတင်းအဓမ္မတိုက်တာဖြစ်တယ် ရွာထဲကိုသုံးဘီတွေနဲ့ဝင်ပြီးတိုက်ယူကြတာပဲ ရွာသားတွေက စစ်ကြောင်းလာတာနဲ့ပြေရတော့ သူတို့ကအကုန်ယူတာထုံးစံအတိုင်းပဲဗျ”ဟု အဆိုပါဒေသခံကဆက်ပြောသည်။

ထို့အပြင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလဲ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ မြေမွန်ရွာကို စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ဝန်းကျင်ပါ ​ခမရ ၃၆၄နှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းမှ ဝင်​ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ခန့်ပျက်စီးခဲ့ပါသေးသည်။
--------------------------------------------------


ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုနဲ့ ဒဏ်ငွေတစ်သိန်း အမိန့်ချ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
NLD လက်ထက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကို ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်ဩဇာပြုကျင့်မှုနဲ့ ဒဏ်ငွေကျပ် တစ်သိန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ရွေးကောက်ပွဲ မသမာမှုနဲ့ NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင် အများအပြား ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ကျခံနေရချိန်မှာ ဦးဖြိုးမင်းသိန်းဟာ အခုလို ငွေဒဏ်ပဲ ချမှတ်ခံခဲ့ရတာပါ။သူ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက် မနက်ပိုင်းက ဒဂုံမြိုနယ်တရားရုံးက ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀ (က) နဲ့ အခုလို ဒဏ်ငွေ တစ်သိန်း အမိန့်ချခဲ့တာဖြစ်ပါတယ်။ဦးဖြိုးမင်းသိန်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခဲ့တဲ့ အဂတိလိုက်စားမှုမှာ နစက ဘက်က သက်သေအဖြစ် ထွက်ဆိုထားသူဖြစ်ပါတယ်။
#Mercury_Media
#Mercury_Local_News
#ဖြိုးမင်းသိန်း
#Election

ဆက်ဖတ်ရန် →