နောက်ဆုံးရ
အီးယူ မှ နောက်ထပ် ပိတ်ဆို့ အရေးယူ(လှစိုးဝေ)

အီးယူ မှ နောက်ထပ် ပိတ်ဆို့ အရေးယူ(လှစိုးဝေ)

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါ‌‌ သော ဥရောပ သမဂ္ဂ မှ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် ၂၀၂၃/၃၈၀ တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ မှ ထိတ်တန်း ပုဂ္ဂိုလ် ၆ ဦး၊ လက်နက်ပွဲစား လုပ်ပေးသူ သုံဦး နှင့် ကာကွယ်ရေး နှင့် ပတ်သက်သော လုပ်ငန်း ၇ ခု ပါဝင်လာခဲ့သည်။
လက်ရှိ ၆ ကြိမ် မြောက် ပိတ်ဆို့ အရေးယူမှုကြောင့် အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့မှ အရေးယူခံရသူ ၉၃ ဦး ရှိသွားပြီ ဖြစ်သည်။
ယခုအခါ စွမ်းအင်ဝန်ကြီး ဆိုသူ မျိုးမြင့်ဦး၊ စစ်ရေးချုပ် မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် မိုးအောင် တို့ ပါဝင်လာသည်။
ထူးခြားချက် တရပ် အနေဖြင့် ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့အား ကွပ်မျက်ရာတွင် တိုက်ရိုက် ပါဝင်ခဲ့မှု ဖြင့် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေး ဝန်ကြီး  ဒုဗိုလ်မှုးကြီး မျိုးမြင့်အောင် အား ထည့်သွင်း လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်သားစုဆောင်းရေး နှင့် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လူပေါင်းများစွာ ကို သေဒဏ်စီရင်ခဲ့ဖူးသူ ဖြစ်သည်ဟု အီးယူ၏ ကျေညာချက် ၂၀၂၃/၃၈၀ တွင် ဖေါ်ပြခဲ့သည်။
နောက်ထပ် တဦးမှာ ကချင်ပြည်နယ် စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ဆိုသူ ပင် ဖြစ်သည်။ ၎င်းအား ပြည်သူများ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် လူသတ်မှု၊ လူသား တံတိုင်း အသုံးပြုရန် အမိန့်ပေးမှု၊ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့မှု များ ကြောင့် ဖြစ်သည်ဟု သိရသည်။ သူသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူ ဖြစ်သည်ဟု ဆိုသည်။
နောက်ထပ် ပါဝင်သူများက ပြည်ထဲရေး ဒုဝန်ကြီး ဆိုသည့် ဗိုလ်ချုပ် ဇင်မင်းထက်၊ အရပ်သားထဲမှ လက်နက် ပွဲစားများ ဖြစ်သည့် MCM မှ အောင်လှိုင်ဦး၊ ရတနာပုံ လေကြောင်းထောက်ပံ့ရေး မှ စစ်တိုင်းအောင်၊ စကိုင်း အေဗီရေတာ မှ ကျော်မင်းဦး တို့အား စစ်တပ်မှ စစ်ရာဇဝတ်မှုများ ကျုးလွန်နေမှု ကို အားပေးကူညီမှု များ ဖြင့် အရေးယူ ဒဏ်ခတ်သည့် စာရင်းထဲ ပါရှိလာခဲ့သည်။
နိုင်ငံတကာ မှ မည်သူသည် စစ်ရာဇဝတ်မှု များ ကျူးလွန်ရာတွင် မည်သည့် အတိုင်းအတာ အထိ ပါဝင် ပတ်သက်ခဲ့သည် ကို အထောက်အထား များ ရရှိထားသည် မှာ ပေါ်လွင် ထင်ရှားနေသည်။ တသက်လုံး ဒဏ်ခတ် လာတာ ဘာဖြစ် ဟု ယခုအခါ ယူဆ၍ မရတော့၊ ယခင်ကလို နိုင်ငံရေး ဖိအားပေးသည့် ပုံစံမျိုး မဟုတ်တော့ပဲ စစ်ရာဇဝတ်မှု များ နှင့် ဆက်နွယ်လာ‌နေပြီ ဖြစ်သည်။
အမိန့်နာခံရ၍ ဆိုသော လူများသည် ယခု ပြည်သူများ အပေါ် စစ်ဆင်နေမှု ကို အနိုင်ရမှသာ ဖြစ်ပေတော့မည်။ ထိုသို့ အနိုင်ရရှိအောင်ကလည်း ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်မှ စွမ်းဆောင် နိုင်ပါမည်လော၊ ထိုသို့ မစွမ်းဆောင်နိုင်က ဟစ်တလာကဲ့သို့ အရေးနိမ့်သွားလျှင် ဂျာမန် စစ်ဗိုလ်ချုပ်များ တသီတသန်းကြီးလို နုရင်ဘတ် စစ်ခုံရုံး တွင် သေဒဏ်စီရင်ခြင်း ခံရပေတော့မည်။
အလားတူ ဂျပန် တို့ အရေးနိမ့်သွား ပြီး နောက် တိုကျို စစ်ခုံရုံးတွင် ဂျပန် စစ်ဗိုလ်ချုပ်များလည်း အပြစ်ပေး ခံကြရပြန်သည်။
မင်းအောင်လှိုင် ကတော့ နောက်ဆုပ်၍ မရတော့သည့် အတူတူ  ပြည်သူများ အပေါ် အကြမ်းဖက်မှုများ တိုး၍ ကျုးလွန်ရန် သစ္စာခံ အရပ်သားများ ရွေးထုတ်ကာ လက်နက်တပ်ဆင် ပေးလာပြီ ဖြစ်သည်။
စစ်ပွဲ တပွဲ၏ အနိုင်အရှုံးသည် ခေါင်းဆောင်မှု၊ နည်းဗျုဟာ၊ စိတ်ဓါတ်အင်အား၊ ထောက်ပို့ နှင့် နည်းပညာ ပိုင်း က အဆုံးအဖြတ် ပေးနိုင်ခဲ့သည်ချည်း ဖြစ်ရာ လက်ရှိတွင် လက်နက် နှင့် နည်းပညာ သာ အသာစီး ရနေသည်ကို သိကြမည်သာ ဖြစ်သည်။
ထိုသို့သော အနေအထား နှင့် ကော မည်မျှ ကြာအောင် ဆက်သွား နိုင်ပေမည်နည်း၊ ကုလသမဂ္ဂ တွင် ပင် တရားဝင် ရပ်တည်ခွင့်မရ၊ ပြည်ပ ရင်းနှီး မြုပ်နှံမှုကလည်း ဟန်ကို့ဖို့သာ လေလုံးထွားနေရသည်၊ တကယ်တမ်း ကျိုးတို့ကျဲတဲ အဆင့်မျှသာ ဖြစ်သည်။
အားလုံးသည် ကိုယ်လို လူမျိုး ချည်း မဟုတ်၊ မိမိတို့ အထဲမှ မိမိတို့ ပြစ်မှု များ ပပျောက်သွားရန် ပြည်သူဖက်က ရပ်တည်သွားရန် စိတ်ပိုင်းဖြတ်သူများ ရှိလာပါက အခြေအနေများ လျပ်တပြက်အတွင်း ပြောင်းလဲသွားပေမည်။
ထိုအခါတွင်တော့ ကားကြီးတဝီဝီ၊ ဘော်ဒီဂတ်များ တလှေကြီး နှင့် သွားလာနေသူများ နေမြင် ညပျောက် ဆိုသလို တရားရုံး၏ ဝက်ခြံထဲ ရောက်ကုန်ကြမည် ဖြစ်သည်၊ ပိုင်ဆိုင်မှု များလည်း အသိမ်းခံရမည်၊ မိမိတို့၏ ဇနီး သားသမီးများလည်း သေသည် အထိ လူတော တိုးတော့မည် မဟုတ်၊ စာရေးစာချီ အလုပ်ပင် ရှာလို့ မရတော့ ဆိုသည် ကို သတိမူသင့်သည်။
အားလုံးသည် ယခု အခါ မင်းအောင်လှိုင်၏ စွမ်းဆောင်ရည် အပေါ် မိမိတို့ အသက်များ၊ မိသားစု၏ ဘဝများ ပုံအော် လောင်းကာ လှုပ်ရှားနေကြရသူများ ဖြစ်သည်ကို လူတိုင်းလိုလို သိရှိနေကြပြီး ဖြစ်သည်။
အဘယ်သို့များ အားတက် စရာ ရှိပေဦးမည်နည်း၊ စဉ်းစားချိန်တန်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(လ
ှစိုးဝေ)





ဆက်ဖတ်ရန် →
 မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံး

မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံး

 မန္တလေးမှ ရာအိမ်မှူးကို ပစ်ခတ်မှု၊ အရပ်သားကို ဖမ်းဆီးမှုများတွင် ၂ ဦး သေဆုံး  

လက်နက်ကိုင် ရာအိမ်မှူး ပစ်သတ်ခံရပြီးနောက် အရပ်သားတချို့ ဖမ်းဆီးခံရသည့် မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံးသွားသည်။

မြတ်သွယ်
Published on Feb 20, 2023 Myanmar Now

မန္တလေးမြို့တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် အဖမ်းခံရသည့် အရပ်သား ၄ ဦးထဲမှ အသက် ၄၀ ဝန်းကျင် အမျိုးသားမှာ စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု မန္တလေးဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုနှင့် ထိုအဖမ်းအဆီးများ ဆက်စပ်မှု ရှိမရှိ မသိရသေးပေ။

ဖေဖော်ဝါရီ ၁၇ ညနေ ၅ နာရီခန့်က ၇၉ လမ်းနှင့် ၄၆ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်အနီး စစ်ကောင်စီက သေနတ်ထုတ်ပေးထားသော မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်၏ ရာအိမ်မှူး အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဝင်းထွန်း ပစ်သတ်ခံရသည်။ 

“ကြားရတာတော့ သူက ဆိုင်ကယ်စီးလာတာ။ လမ်းပေါ်မှာပဲ ဆိုင်ကယ်နဲ့ပဲ လူတစ်စုက လိုက်ပစ်သွားတယ် ပြောတယ်။ ပွဲချင်းပြီး ဆုံးတယ်။ ပြီးတော့ မကြာခင် လူနာတင်ယာဉ်နဲ့ ရဲတွေ ရောက်လာပြီး အလောင်းကို တင်သွားတယ်” ဟု ‌၄၂ လမ်းအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ပစ်သတ်ခံရသူသည် ယခင်က ဆယ်အိမ်မှူးဖြစ်ပြီး မကြာသေးမီက ရာအိမ်မှူးအဖြစ် ရာထူးတိုးသွားကာ ၎င်းကို သေနတ်ထုတ်ပေးထားကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။

ဦးဇော်ဝင်းထွန်းကို အောင်စည်တော်ဟု အမည်ပေးထားသည့် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် AST-MDY က ယင်းညမှာပင် ကြေညာသည်။

ရာအိမ်မှူး ဦးဇော်ဝင်းထွန်းကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှ လက်လုပ် (ပွိုင့်၂၂) သေနတ်၊ ကျည် ၁၅ တောင့်၊ ဖုန်းတစ်လုံး၊ ကျပ် ၃၂၈၀၀၀ တို့ကို သိမ်းဆည်းခဲ့ကြောင်း ထိုအဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့သည် ဇန်နဝါရီ ၂၇ တွင် လှုပ်ရှားမှုသတင်းများ တင်ရန် တယ်လီဂရမ်စာမျက်နှာဖွင့်ပြီး တစ်လမပြည့်မီ အုပ်ချုပ်ရေးမှူး၂ ဦး၊ ရာအိမ်မှူး ၁ ဦး၊ စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ၁ ဦးတို့ကို သတ်ဖြတ်ခဲ့သည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ရုံး၊ မီတာရုံးတစ်ရုံး၊ စစ်ကောင်စီကင်းတဲတစ်ခု၊ ရဲစခန်းတစ်ခုတို့ကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး အဆိုပါအဖြစ်အပျက်များကို ရုပ်သံမှတ်တမ်းများဖြင့် ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၄ ဦး ဖမ်းဆီးခံရ

ရာအိမ်မှူး ပစ်သတ်ခံရပြီး နောက်တစ်နေ့ (ဖေဖော်ဝါရီ ၁၈) နံနက်တွင် ၇၈ လမ်း၊ ၄၆ လမ်းအနီး နေအိမ်တစ်ခုသို့ စစ်ကောင်စီလက်နက်ကိုင်တချို့ အရပ်ဘက်သုံးမော်တော်ယာဉ်ဖြင့် ရောက်လာပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းတချို့ကို သိမ်းယူသွားကြောင်း၊ အဆိုပါအမျိုးသမီးနှစ်ဦးကို လူမြင်ကွင်းတွင် ပါးရိုက်ကြသလို မျက်နှာကိုလည်း လက်သီးဖြင့် ထိုးကြကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ညနေ ၆ နာရီခန့်တွင် ၄၄ လမ်း (၈၁ လမ်းနှင့် ၈၂လမ်းကြား) ရှိ ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်သို့ စစ်ကောင်စီလက်နက်ကိုင်တို့က အရပ်ဘက်သုံးကားများဖြင့် ရောက်သွားပြီး ဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် ဦးအောင်ဆိုသူကို ဖမ်းသွားသည်၊ ယင်းည ၉ နာရီတွင် အလောင်း လာရောက်ထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဦးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အမာခံ ထောက်ခံအားပေးသူဖြစ်ပြီး လတ်တလော လက်နက်ကိုင်တော်လှန်ရေးအတွက် ထောက်ပံ့သူဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“အလောင်းက မိသားစုကို လာထုတ်ခိုင်းတာ။ ဘာဒဏ်ရာတွေနဲ့ သေဆုံးသလဲတော့ အသေးစိတ် သွားမမေးရဲဘူး။ သင်္ဂြိုဟ်ပြီးပြီလို့ ကြားတယ်” ဟု သူက ဆိုသည်။

“သူ့ကို အရင်ကလည်း သတင်းထွက်တော့ လိုက်ဖမ်းဖူးတယ် ကြားတယ်။ အဲဒီတုန်းကတော့ ရှောင်ပြေးနိုင်ခဲ့တယ်”

ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်တွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်မှ အသက် ၁၈ နှစ်အရွယ် မစိုးမြတ်နွယ် (ခေါ်) ထွေးထွေးဆိုသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရသည်။

TikTok တွင် သူ၏ ဝေဖန်ပြောဆိုထားမှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆနေသည်။

စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များက ထိုမိန်းကလေး၏ TikTok ဗီဒီယိုများကို ဖော်ပြကာ ဖမ်းဆီးရန် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီး၍ ပုဒ်မများတပ်ကာ အကျဉ်းချထားသည်။

မန္တလေးမြို့၌ ပြီးခဲ့သည့်လများအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဆန္ဒပြသူများ၊ ဆရာဝန်များ၊ ရှေ့နေများအပါအဝင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံထားရသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့ပေါ်တွင် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -မိုးဦး/Myanmar Now)


 

ဆက်ဖတ်ရန် →
 “လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ”

“လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ”

 အင်တာဗျူး

ထိုင်းရွေးကောက်ပွဲအပြီး ထိုင်းအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒအလားအလာ၊ နှစ်နိုင်ငံစစ်တပ် နီးစပ်မှုတို့အကြောင်း ထိုင်းပညာရှင် သီတီနန် ပွန်ဆူဒီရက်ခ်က သုံးသပ်ထားသည်။ 
Myanmar Now
Published on Feb 20, 2023



၂၀၁၉ ခုနှစ် မတ်လတွင် ဗိုလ်ချုပ် မင်းအောင်လှိုင်က ၎င်း၏ မွေးစားဖခင်တော်ထားသူ ထိုင်းဗိုလ်ချုပ်ဟောင်း Prem Tinsulanonda ကို သူ၏နေအိမ်တွင် တွေ့ဆုံပြီး လက်ဆောင်များ ပေးအပ်နေစဉ်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း မြန်မာတို့ နိုင်ငံရေးနှင့် စီးပွားရေးအရ ခိုလှုံရာ ထိပ်ဆုံးနေရာတစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားကတည်းက စစ်ကောင်စီ၏ နိုင်ငံအနှံ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသားအများအပြား ထွက်ပြေးခိုလှုံလာကြသည်ကို ထိုင်းနိုင်ငံ ကြုံတွေ့ခဲ့ရသည်။ မြန်မာဒုက္ခသည်များကို လက်ခံထားသော နိုင်ငံအဖြစ် ထိုင်းနိုင်ငံ၏ပြယုဂ်သည် ထိုင်းနှင့် မြန်မာ စစ်တပ်အာဏာပိုင်များအကြား နီးကပ်သော ဆက်ဆံရေး ဆက်လက်ရှိနေခြင်းက နားလည်ရခက်သော ဆန့်ကျင်ဘက်အခြေအနေ ဖြစ်ပါသည်။

Myanmar Now သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်း-မြန်မာဆက်ဆံရေးကို လေ့လာနေသူ ဒေါက်တာ သီတီနန် ပွန်ဆူဒီရက်ခ် (Dr. Thitinan Pongsudhirak) က စစ်ကောင်စီ၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ နှစ်ဖက်စလုံးနှင့် ပတ်သက်သော ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသော မူဝါဒများအကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာတော်လှန်ရေးအင်အားစုကို လက်နက်ထောက်ပံ့နိုင်ခြေ ရှိမရှိတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားသည်။

သီတီနန် ပွန်ဆူဒီရက်ခ်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ထိုတက္ကသိုလ်၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန အကြီးတန်းပညာရှင်တစ်ဦး ဖြစ်ပါသည်။

မေး -  စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လိုများ ရှင်းပြနိုင်မလဲ။

ဖြေ - ထိုင်း-မြန်မာဆက်ဆံရေးက ကာလရှည်လျားလှပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ဟာ ပြန်အားကောင်းလာပြီး၊ ၂၀၁၄ ခုနှစ်ကစလို့ ထိုင်းနိုင်ငံရေးကို ထိန်းချုပ်ခဲ့ပါတယ်။ ထိုင်း-မြန်မာဆက်ဆံရေးကို ကြည့်ရင် သက်ဆင် (ထိုင်းဝန်ကြီးချုပ်ဟောင်း) ကာလအစောပိုင်းကို ပြန်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ထိုင်းဘက်ကို မရိုက်ခတ်ဖို့ ထိုင်းက ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို “ကြားခံ” (Buffer) ထားတဲ့ မူဝါဒကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပေမဲ့ ဒီသက်ဆင်လက်ထက်ကစပြီး ရပ်တန့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ ကြားခံမူဝါဒကို စွန့်လွှတ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က အာဏာသိမ်းစဉ်တုန်းကလည်း မြန်မာစစ်တပ်နဲ့ အလွန်နီးနီးကပ်ကပ်ဆက်ဆံခဲ့တာကိုလည်း နားလည်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း Prem (Tinsulanonda) နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်၊ သူ့ရဲ့ မွေးစားသား ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာမှာ အာဏာသိမ်းတော့ မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကို စာတစ်စောင်ပေးပို့ပြီး သူ့ကို နားလည်မှုပေးဖို့နဲ့ ထောက်ခံဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သာမန်မဟုတ်တဲ့ ကိစ္စပါ။ ဒါ့အပြင် ခင်ဗျားတို့ မှတ်မိကြပါလိမ့်မယ်၊ ထိုင်းစစ်တပ်က မြန်မာနယ်စပ်တစ်လျှောက်က မြန်မာစစ်တပ်ကိုလည်း စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်။ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အလွန်ထောက်ခံပံ့ပိုး နေရာပေးခဲ့ပါတယ်။ ထိုင်းဟာ CDM (ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေကို မထောက်ခံခဲ့ပါဘူး။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်တွေနဲ့ မြန်မာဘက်က ထွက်လာတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို အတော်လေး လက်ခံထားခဲ့ကြပါတယ်။

ဒါက နှစ်လမ်းသွားမူဝါဒပါ။ ထိုင်းအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံအထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့အမည်က ပွန်ပီမော (Pauline” Kanchanalak) ပါ။ သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် (Don Pramudwinai) နဲ့အတူ အဓိကကျတဲ့ ပုဂ္ဂိုလ်ပါ။ သူတို့နှစ်ဦးအကြား အထူးဆက်ဆံရေး ရှိပါတယ်။ ပွန်ပီမောဟာ အမေရိကန်မှာ ရာဇဝတ်မှု ကျူးလွန်ထားသူတစ်ဦးဖြစ်ပြီး၊ အခုတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဒွန်နဲ့အတူ ကိုင်တွယ်နေသူ ဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ နှစ်လမ်းသွားမူဝါဒနဲ့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို တော်တော်လေး ထောက်ပံ့သလို၊ မြန်မာနိုင်ငံက ရောက်လာတဲ့ ပြည်သူတွေကိုတော့ မြေပြင်မှာ စာနာထောက်ထား နေရာပေးပါတယ်။ တကယ်လို့များ ထိုင်းက တံခါးပိတ်လိုက်မယ်ဆိုရင်၊ နှစ်လမ်းသွားမူဝါဒကို မကျင့်သုံးတော့ရင်၊ တစ်လမ်းသွားပုံစံနဲ့ မြန်မာစစ်ကောင်စီနဲ့ ပရာယွတ်အစိုးရအကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါဟာ ပြည်ပထွက်ပြေးလာတဲ့ မြန်မာအတိုက်အခံတွေအတွက် အလွန်ဆိုးရွားသွားနိုင်ပါတယ်။

စစ်တပ်မရှိတဲ့နောက် မြန်မာနိုင်ငံ ပြိုကွဲသွားမှာကို ထိုင်းနိုင်ငံ၊ ထိုင်းအစိုးရနဲ့ ထိုင်းလုံခြုံရေးအဖွဲ့အစည်းများ စိုးရိမ်ကြတယ်လို့ ထင်ပါတယ်။ မြန်မာစစ်တပ်မရှိလဲပဲ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစုစည်းမှုနဲ့ နယ်မြေတည်တံ့မှုအတွက် ဆက်လက်တည်ရှိနေမယ်၊ တိုင်းပြည်ငယ်များအဖြစ် ပြိုကွဲမသွားဘူးဆိုတဲ့ ခိုင်မာတဲ့ အစီအမံနဲ့ အာမခံချက် ရှိရပါလိမ့်မယ်။ ဒီအချက်က ထိုင်းအစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အစစ်အမှန်စိုးရိမ်မှု ဖြစ်တယ်ဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ထိုင်းပြည်သူတွေကြားထဲမှာတောင် အဲဒီစိုးရိမ်မှု ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိုင်းနိုင်ငံကို တကယ်ထိခိုက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ရေကြောင်းဆိုင်ရာအကျပ်အတည်း၊ ပြည်တွင်းစစ် စတဲ့ မတည်ငြိမ်မှုပေါင်းစုံ ဖြစ်လာပြီး ဒီအရာတွေဟာ ထိုင်းနိုင်ငံကို အထိန်းအချုပ်မရှိ ထိခိုက်လာပါလိမ့်မယ်။

ထိုင်းနိုင်ငံအတွင်းက လူတချို့၊ လုံခြုံရေးအဖွဲ့အစည်း၊ ထိုင်းအစိုးရတို့က မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို ထိန်းချုပ်ထားသေးတယ်လို့ ထင်ကြပါတယ်။ ဒီထိန်းချုပ်ထားနိုင်မှုဆိုတဲ့အချက်က ထိုင်းတွေအတွက် အရေးပါဆဲပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် NUG, NUCC (ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီကို ဆန့်ကျင်နေသော အခြားသော အဖွဲ့အစည်းများ စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တို့အနေနဲ့ ၎င်းတို့အကြားမှာ “တစ်သံတည်း၊ တစ်သဘောတည်း” ရှိပြီး၊ စစ်တပ်ကို အောင်နိုင်ရင် တိုင်းပြည်ကို ရှေ့ဆက်ဦးဆောင်သွားမယ့် သဘောတူညီချက် ရှိထားပြီဆိုပြီး ပြည်တွင်းပြည်ပက ပြည်သူတွေကို အာမခံရမယ့် ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခု ရှိနေပါတယ်။

မေး - ထိုင်းဘက်က မြန်မာစစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်နေတာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံ တစ်စစီပြိုကွဲထွက်ပြီး ဘောလ်ကန်နိုက်ဇေးရှင်း (Balkanisation) အဖြစ်မျိုး ဖြစ်နိုင်ခြေစိုးရိမ်ချက်က မြန်မာစစ်တပ်နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ရခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်တယ်လို့ ပါမောက္ခက ပြောတယ်။ ဒီအချက်အပြင် ထိုင်းနဲ့ မြန်မာစစ်တပ်တို့ နီးကပ်နေခြင်းရဲ့ အခြား စီးပွားရေး၊ နိုင်ငံရေးနဲ့ မဟာဗျူဟာကျတဲ့ အကြောင်းရင်းတွေရော ရှိပါသလား။

ဖြေ - အခြားအကြောင်းရင်းတွေလည်း ရှိတာ သေချာတာပေါ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေရှိတယ်။ PTT (ထိုင်းအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ) က မြန်မာမှာ ရှိနေတယ်။ သူတို့ မြန်မာမှာ ဆက်ပြီး ရှိနေဖို့ အကျိုးစီးပွားအများအပြား ရှိနေပါတယ်။ ဂျပန်နဲ့ ဥရောပက အခြားကုမ္ပဏီတွေကတော့ မြန်မာက ထွက်ခွာနေကြပြီ။ အဲဒီလစ်လပ်သွားတဲ့ စီးပွားရေးခွင်နေရာတွေမှာ ထိုင်းနိုင်ငံက အကျိုးအမြတ်ရနိုင်တယ်လို့ ထိုင်းအထူးကိုယ်စားလှယ် ပွန်ပီမောက တွေးပါလိမ့်မယ်။ ဒါ့အပြင် အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကလည်း ထိုင်းဟာ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားနေခြင်းပါပဲ။ အဲ့လို မြန်မာ့သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေတဲ့အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံက မြန်မာစစ်တပ်ကို ဆန့်ကျင့်နေတဲ့ မြန်မာလူထုရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ် အလေးပြုမယ်လို့ ထင်ရင်တော့ 'အ’ ရာကျပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ လျှပ်စစ်မီးကိစ္စကိုပဲ ကြည့်ပါ။ ဥရောပသားတွေ စွမ်းအင်ဈေးမြင့်တက်တာကို ခံစားနေရတယ်။ ဒါက အဖြစ်မှန်ပဲလေ။ ဒါကြောင့် စွမ်းအင်အတွက် မြန်မာကို ထိုင်းက မှီခိုနေရတယ်။ မြန်မာ ပြိုကွဲမဲ့ကိစ္စ သက်သက်မဟုတ်ပါဘူး။ စီးပွားရေးအကျိုးစီးပွားတွေရှိတယ်။ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် မြန်မာနိုင်ငံက အလွန်အရေးကြီးတာ အမှန်ပဲ။

နောက်ထပ်အကြောင်းရင်းက လက်ရှိထိုင်းအစိုးရဟာ ဘုရင့်သစ္စာခံ ရှေးရိုးစွဲဝါဒီတွေရဲ့ အစိုးရဖြစ်တယ်။ ဒီလိုအစိုးရမျိုးတွေဟာ ဒီမိုကရေစီလိုလားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအစိုးရဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပေးလိမ့်မယ်လို့ ရှုမြင်လို့ မရနိုင်ပါဘူး။ ဒီလိုသာ မျှော်လင့်နေမယ်ဆိုရင်၊ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှုက အခြေပိုခိုင်မာလာမယ်ဆိုရင် ဒါဟာ ရှေးရိုးစွဲအစိုးရရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်မှာကို မမြင်တွေ့လိုတဲ့ ဘုံအကျိုးစီးပွားနဲ့ ဘုံရပ်တည်ချက်တချို့ သေချာပေါက် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဒီမိုကရေစီအရေး အောင်မြင်သွားခဲ့ရင် အဲဒါဟာ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံရေးနဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုကိုပါ ရိုက်ခတ်လာနိုင်လို့ပါပဲ။ ဒါကြောင့် ခြုံပြီးပြောရရင် အထက်က ဆွေးနွေးခဲ့တဲ့ အကြောင်းတရားတွေကြောင့် လက်ရှိထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို အတော်လိုက်လျောညီထွေပြုမယ်ဆိုတဲ့ မူဝါဒ ထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခြားရှုထောင့်က ကြည့်ရင်လည်း ထိုင်းနိုင်ငံမှာ (၂၀၂၃ မေလ ရွေးကောက်ပွဲအပြီး) အစိုးရသစ်တစ်ရပ် တက်လာရင် ထိုင်းမြန်မာဆက်ဆံရေး အပြောင်းအလဲတစ်ခု ရှိလာနိုင်မလား၊ ဒီလိုဆို သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ အစိုးရအသစ်ဖွဲ့လို့ နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာမယ်ဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒွန်နဲ့ ပွန်ပီမောတို့က ထိုင်းနိုင်ငံနဲ့ အာဆီယံ အကျိုးယုတ်စေမယ့် ထိုင်းနိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာမူဝါဒတွေကို ကိုင်တွယ်နေကြလို့ပါပဲ။ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ ပွဲတစ်ခုပါ၊ အတော်လေး ဆိုးရွားပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဦးစားပေးမှုတွေနဲ့ အကျိုးစီးပွားတွေအတွက် အာဆီယံကို ဓားစာခံလုပ်ထားတယ်၊ ထိုင်းနိုင်ငံကို ဓားစာခံလုပ်ထားကြတယ်။

နိုင်ငံခြားရေးဝန်ကြီးအသစ် ရှိခဲ့မယ်ဆိုရင် ညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းတချို့ ရှိလာနိုင်ပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲတော့ ဖြစ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ထိုင်းအစိုးရတွေက သူတို့ရဲ့ လူသိရှင်ကြား တရားဝင်မူဝါဒတွေအပေါ် အလွန်သတိထားတတ်ကြလို့ပါပဲ။ သူတို့က NUG, NUCC, CDM, PDF ဒါမှမဟုတ် EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ထောက်ခံလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေကို ပိုပြီး ထောက်ပံ့လာနိုင်ပါတယ်။ ပြီးတော့ အာဆီယံအဆင့်မှာ ထိုင်းနိုင်ငံက ပိုပြီးကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်လာနိုင်ပါတယ်။ ဒီနှစ် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌပါ။ ဒါကြောင့် အင်ဒိုနီးရှားက ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တစ်ခုခုကိုတော့ သူစွမ်းနိုင်သမျှ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်ကတော့ သိပ်မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ သူတို့ ကြိုးစားပါလိမ့်မယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်တစ်ယောက် ဖြစ်လာရင်တော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တရားဝင်မူဝါဒမှာတော့ အကြီးအကျယ်ပြောင်းလဲဖို့ မရှိပေမဲ့ မြေပြင်မှာတော့ သိသာထင်ရှားလာပါလိမ့်မယ်။

မေး - နိုင်ငံတကာအသိုင်းအဝန်းကို ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသ ဖွင့်မပေးရင်တော့ နေရပ်ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းကျော်ကို ကူညီထောက်ပံ့မှုပေးဖို့ မဖြစ်နိုင်ပါဘူး။ ထိုင်းရဲ့ လက်ရှိ နယ်စပ်ဒေသဆိုင်ရာ မူဝါဒက လမ်းကြောင်းအမှန်ပဲလို့ ထင်ပါသလား။ မထင်ဘူးဆိုရင် ဘယ်လိုအပြောင်းအလဲ လုပ်နိုင်မလဲ။

ဖြေ - လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် တရားဝင်မူဝါဒက အလွန်သတိထားကြတယ်။ ဒါပေမဲ့လည်း တရားမဝင်မူဝါဒကို ကြည့်ရမှာ ဖြစ်တယ်။ တစ်ယောက်ယောက်က ဘန်ကောက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် လမ်းကြောင်း ပိုပြီးလိုချင်တယ် ပြောရင် အလွန်ကောင်းမွန်တဲ့ အဖြေတော့ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုလုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုတွေဟာ ဝန်ကြီးနဲ့ အထူးကိုယ်စားလှယ်အပေါ်မှာပဲ မူတည်နေတယ်။ ဒါကြောင့် မြေပြင်မှာပဲ နယ်စပ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ပျော့ပျောင်းမှုတချို့၊ ဖွင့်ပေးမှုတချို့ ရှာကြံဖို့ ကြိုးစားရမှာပဲ ဖြစ်တယ်။ ဒီလိုလုပ်တာဟာ အခြေအနေကြည့်လုပ်ရသလိုပါပဲ၊ စနစ်တကျဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းကပဲ အတော်လေး အထောက်အကူဖြစ်ပါလိမ့်မယ်။

ဒုတိယအချက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းအစိုးရ၊ လုံခြုံရေးအဖွဲအစည်းများရဲ့ တရားဝင်မူဝါဒရော တရားမဝင်မူဝါဒပါ ပိုမိုပျော့ပျောင်းလာစေဖို့၊ သူတို့ကို နိုင်ငံတကာအသိုင်းအဝန်းက ဖိအားပေးလာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ သံရုံးတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေ နယ်စပ်ဒေသမှာ အလုပ်လုပ်နိုင်ပါတယ်။ ဒါဆိုရင် အထောက်အပံ့တွေရရှိဖို့ သူတို့မှာ ပိုပြီးအင်အားရှိပါတယ်။ ဒါလည်းပဲ စနစ်တကျတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ဒီလိုလုပ်တာဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်ဖို့၊ စောင့်ကြည့်မှုကနေ လွတ်အောင်လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာလည်း အပြောင်းအလဲတချို့ လုပ်ဆောင်နိုင်ပါသေးတယ်။

မေး - အာဆီယံက ဦးဆောင်ပြီး ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ - ဒါက ထိုင်းနိုင်ငံအပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းက မြန်မာနဲ့ ရှည်လျားတဲ့နယ်စပ် ထိစပ်နေပါတယ်။ ထိုင်းရွေးကောက်ပွဲပြီးရင် အစိုးရအပြောင်းအလဲဖြစ်လာဖို့ တကယ်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေပြောင်းနိုင်ပါတယ်။ အမြဲတမ်းသတိပြုရမှာက တရားဝင်မူဝါဒအပြောင်းအလဲက သိပ်ကြီးမားမှာ မဟုတ်ပါဘူး၊ မြေပြင်က တရားမဝင်အပြောင်းအလဲက အလွန်သိသာထင်ရှားနိုင်ပါတယ်။ ထိုင်းအစိုးရဟာ ရှေ့ထွက်ပြီး CDM, PDF, NUG ကို ကူညီမယ်လို့ ပြောမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ ပြောင်းလဲမှုတချို့ ရှိနိုင်ပါတယ်။ အဆုံးစွန်အားဖြင့် အင်ဒိုနီးရှားက တွေ့ဆုံဆွေးနွေးမှုတချို့အတွက် ကြားဝင်ဆောင်ရွက်နိုင်ပြီး၊ (အာဆီယံ တူညီဆန္ဒ ၅ ချက်ထဲက တစ်ချက်ဖြစ်တဲ့) လူသားချင်းစာနာမှု အကူအညီတချို့ စတင်ပေးနိုင်ရင်တောင်မှ ဒီလိုကူညီဖို့ ထိုင်းကတစ်ဆင့်ပဲ သွားရမှာပါ။ မြန်မာကို လေယာဉ်စင်းလုံးပြည့် အကူအညီမျိုး ရှိလာလိမ့်မယ် မဟုတ်ပါဘူး။ ဒီအကူအညီက နယ်စပ်ကတစ်ဆင့်ပဲ သွားမှာပါ။ ထိုင်းအစိုးရကို ဖိအားနည်းနည်းပိုပေးဖို့ ဒါမှမဟုတ် နယ်စပ်ကတစ်ဆင့် အကူအညီပိုပေးတာကို ခွင့်ပြုဖို့ အင်ဒိုနီးရှားကို လူတချို့ ပြောနိုင်ပါတယ်။ အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီအတွက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအပေါ် မူတည်ပါတယ်။ သူတို့က မဖွင့်ပေး၊ လက်မခံပါဘူး။ ဒါကြောင့် တရားမဝင်လမ်းကြောင်းကိုပဲ အားထားရလိမ့်မယ်။

မေး - အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းက တောင်ဆိုချက်တွေကို လိုက်လျောတယ်ဆိုတဲ့ ပုံစံပြဖို့ မြန်မာစစ်ကောင်စီက ထောင်နဲ့ချီတဲ့ ရာဇဝတ်အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားအနည်းငယ်နဲ့ ရောပြီး လွှတ်ပေးတာကလွဲရင် ဘာမှမလုပ်ပါဘူး။ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ ဒါမှမဟုတ် ထုတ်ပယ်သင့်တယ်လို့ ထင်သလား။

ဖြေ - မြန်မာကိစ္စမှာ အာဆီယံထဲ ကွဲနေတယ်။ ဒီနှစ်မှာ အင်ဒိုနီးရှားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတယ်။ အင်ဒိုနီးရှားက သိသာထင်ရှားတဲ့ လုပ်ဆောင်ချက် မလုပ်နိုင်ဘူးဆိုရင် အာဆီယံလုပ်နိုင်တာ ဘာမှ သိပ်ရှိမှာ မဟုတ်တော့ပါဘူး။

ထိုင်းနိုင်ငံမှာ အစိုးရသစ် နိုင်ငံခြားရေးဝန်ကြီးသစ်သာ ရှိခဲ့မယ်ဆိုရင် အခြေအနေဟာ သိသာထင်ရှားလာနိုင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ ထိုင်းနိုင်ငံက အနာဂတ်မျှော်ကြည့်ပြီး အင်ဒိုနီးရှားနဲ့ ပူးပေါင်းလုပ်နိုင်မယ်ဆိုရင် ပိုပြီး အားကောင်းတဲ့ ညှိနှိုင်းနိုင်မယ့် အခွင့်အာဏာရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာကို ဆိုင်းငံဖို့ကို နည်းစနစ်အားဖြင့် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆီယံပဋိညာဉ်ကို ကြည့်မယ်ဆိုရင် ဆိုင်းငံ့ဖို့၊ ထုတ်ပယ်ဖို့ အခွင့်အရေးကို အခြားခေါင်းဆောင်တွေကို ပေးအပ်ထားပါတယ်။ သူတို့ ဘာမဆို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မြန်မာကို အာဏာသိမ်းလို့ အဖွဲ့ဝင်အဖြစ်က ထုတ်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လုပ်ရင် ထိုင်းကလည်း စစ်အာဏာသိမ်းမှု ရှိခဲ့တာပါပဲ။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုလား၊ ဒါဆို ထိုင်းမှာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာပဲ၊ ကမ္ဘောဒီးယားမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ ဒါကြောင့် မြန်မာကို ဆိုင်းငံ့လိုက်ရင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း တို့ကိုလည်း ဆိုင်းငံ့နိုင်ပါတယ်။ မြန်မာကို ကိုင်တွယ်ဖို့ ရှင်းလင်းတဲ့ သတ်မှတ်ချက် ရှိမနေပါဘူး။

မေး -  မြန်မာစစ်ကောင်စီကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးနဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်တာ အတော်ထူးခြားတဲ့ လုပ်ရပ်မဟုတ်ဘူးလား။ ယခင်က မလုပ်ခဲ့ဖူးတဲ့ကိစ္စ မဟုတ်ဘူးလား။ ဘယ်အရာတွေက ဒီလိုဖြစ်လာအောင် လုပ်ခဲ့တာလဲ။

ဖြေ - ဒီလိုလုပ်နိုင်တာ အာဆီယံအတွင်း ညှိနှိုင်းနိုင်မှုကြောင့်လို့ မြင်တယ်။ ဒါဟာ အာဆီယံက မြန်မာကို ဆိုင်းငံ့ထားတာပဲ။ ဒီလိုလုပ်ဖို့ ရွေးချယ်တာဟာ အင်ဒိုနီးရှားနဲ့ မလေးရှားက ဒါကို ထောက်ခံခဲ့တာကြောင့် ဖြစ်တယ်။ သူတို့က အာဆီယံ တစ်ခုခုလုပ်ရမယ်လို့ ဖိအားပေးခဲ့တာပါ။ ဒါကြောင့် အာဆီယံဟာ မြန်မာကိုယ်စားလှယ်ကို နိုင်ငံရေးအရ ကိုယ်စားပြုသူ မဖြစ်ရဘူးဆိုတဲ့ စည်းကမ်းချက်ကို လုပ်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီ မဖြစ်နိုင်ဘူး၊ စစ်ကောင်စီမဟုတ်တဲ့ ပိုပြီးအဆင့်နိမ့်တဲ့ အရာရှိဖြစ်ရပါမယ်။ ဒါဟာ အာဆီယံဘက်က အရေးယူမှုတစ်မျိုးပါ။ တစ်ဝက်တစ်ပျက်အရေးယူမှုပါ။ ဘာလို့လဲဆိုတော့ အခြားနိုင်ငံတွေက အဲ့ဒါထက်ပိုပြီး မလုပ်ချင်ကြလို့ပါ။ မြန်မာ (စစ်ကောင်စီ) က ဒါကို စိတ်ပျက်ပါတယ်။ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ပေါ့။

ဒုတိယအကြောင်းရင်းက အာဆီယံဟာ ပြင်ပက ပိုပြီးအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံနေရပါတယ်။ အာဆီယံက ငတုံးမဟုတ်ပါဘူး။ မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်ပေးလိုက်ရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒါမှမဟုတ် (ဂျပန်ဝန်ကြီးချုပ်) ဖူမီအို ကိုင်ရှိဒါလို ခေါင်းဆောင်တွေက အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မှာ မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပေးခြင်းဟာ အာဆီယံက သူ့ကိုယ်သူ ကယ်တင်နေခြင်းပါပဲ။

မေး -  NUG ကို အသိအမှတ်ပြုဖို့နဲ့ လေယာဉ်ပစ်လက်နက်ကဲ့သို့ လက်နက်မျိုးတွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ပါမောက္ခက ထိုင်းသတင်းစာတွေမှာ ရေးပြီး တောင်းဆိုခဲ့တာ တွေ့ရတယ်။ ဒီလို စစ်ရေးအကူအညီမျိုး မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ရရှိဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ။ ဒီလိုဖြစ်လာမယ်ဆိုရင် ထိုင်းနိုင်ငံကရော ဘယ်လိုအခန်းကဏ္ဍမှာ ရှိမလဲလို့ ထင်ပါသလဲ။

ဖြေ - NUG ဟာ စွမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လေ့လာရမှာတွေ အများကြီးရှိပါတယ်။ သူတို့မှာ အခွန်နဲ့ လှူဒါန်းငွေတွေ ကောက်ခံနိုင်တဲ့ စွမ်းဆောင်ရည်တချို့ ရှိပါတယ်။ NUG ဟာ ငွေကြေးနဲ့ ရန်ပုံငွေများကို ဆွဲဆောင်နိုင်စွမ်းရှိတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပေါင်းစပ်ညှိနှိုင်းနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ PDFs တွေမှာ ရိုးရှင်းပြီး ညီညွတ်တဲ့ အမိန့်ပေးထိန်းချုပ်မှုတချို့ ရှိဖို့လိုပါတယ်။ PDF အချင်းချင်း တိုက်ခိုက်မယ်ဆိုရင် ဒါဟာ တော်လှန်ရေးအတွက် အလွန်ဆိုးရွားပါတယ်။ လူတိုင်းက နောက်ဆုတ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ ကြောက်ပါတယ်။ ဘယ်သူကမှ တော်လှန်ရေးအင်အားစုတွေကို လက်နက် ဒါမှမဟုတ် လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့မှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ PDFs တွေဟာ သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်းမရှိသူတွေလို့ ထင်သွားပါလိမ့်မယ်။ အရာမှန်သမျှ ဘယ်လိုဖြစ်လာမလဲဆိုတာကို စစ်မြေပြင်က ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် မျှတတဲ့ တိုက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင် ဒါဟာ အလွန်အရေးကြီးတဲ့ အောင်မြင်မှုပါပဲ။

အခု လက်နက်ရှိလာရင် တိတ်တိတ်နေသင့်ပါတယ်။ ယူကရိန်းက တိတ်တိတ်မနေဘူး၊ လူသိရှင်ကြား လုပ်လွန်းတယ်။ မြန်မာတော်လှန်ရေးအုပ်စုတွေအတွက် နိုင်ငံတကာမှာ ပြဿနာတစ်ခုရှိတယ်။ တကယ်လို့ အမေရိကန်က ယူကရိန်းနဲ့ ယှဉ်ပြီး မြန်မာတော်လှန်ရေးအင်အားစုတွေကို လက်နက်အနည်းငယ်ပေးမယ်ဆိုရင် ဘယ်သူတွေကို ပေးရမှာလဲ။ ဒီလက်နက်တွေနဲ့ အသုံးပြုပြီး မြန်မာစစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်သလား၊ သူတို့ ဘယ်လိုသိနိုင်မလဲ။ မတိုက်ဘဲ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီလက်နက်တွေကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းစားပြီး ငွေရှာတဲ့ အကျင့်ပျက်ခြစားမှုမျိုး မလုပ်ဘူးလို့ သူတို့ ဘယ်လိုသိနိုင်မလဲ။ ဒါကြောင့် ဒီအချက်တွေဟာ NUG, NUCC, PDFs, EAOs တွေ ပြင်ဆင်ရမယ့် အရာတွေပဲ။ သူတို့မှာ တပ်ဖွဲ့စည်းပုံ ကွဲပြားရင်တောင် ဗဟိုထိန်းချုပ်တဲ့ အမိန့်ပေးစနစ်တစ်ခု ရှိဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အခြားသူတွေက လက်နက်ထောက်ပံ့ပေးဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ။ အိန္ဒိယ ဒါမှမဟုတ် တရုတ်က ဖြတ်မှာမဟုတ်ပါဘူး။ တရုတ်က သူ့ရဲ့ ကိုယ်ပိုင်လက်နက်ကိုပဲ ထောက်ပံ့ပေးလေ့ရှိတယ်။ ၁၉၈၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်တော့ အနောက်နိုင်ငံတွေက ထိုင်းကတစ်ဆင့် ကမ္ဘောဒီးယားကို လက်နက်ကူညီတာ လုပ်ခဲ့ဖူးပြီး ဖြစ်တယ်။ အဲ့တုန်းက အကျင့်ပျက်ခြစားမှု အများအပြားရှိခဲ့တယ်။ နောက်ဆုံးတော့ ကမ္ဘောဒီးယားတော်လှန်ရေးအင်အားစုများက ဗီယက်နမ်ကျူးကျော်မှုကို အောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ မြန်မာအရေးမှာ ပြင်ပက လက်နက်အထောက်အပံ့မရဘဲ တော်လှန်ရေးအင်အားစုများအတွက် အခွင့်အလမ်းမရှိပါဘူး။ စစ်ကောင်စီရော တော်လှန်ရေးတွေဘက်ကပါ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်တပ် ပြိုလဲဖို့ကလဲ မသေချာသေးပါဘူး။   

မေး - အခြား ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

ဖြေ -   လက်ရှိမှာတော့ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေကတော့ တော်တော်လေး ရှင်းလင်းပါတယ်။ စစ်ကောင်စီမှာ တင့်ကားတွေနဲ့ စစ်သည်တင် သံချပ်ကာကားတွေ အကုန်လုံးရှိတယ်။ အခြားတစ်ဖက်မှာ EAOs တွေနဲ့ NUG က ထောက်ပံ့ကူညီနေတဲ့ PDFs တွေမှာလည်း ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စိတ်အင်အားတွေရှိတယ်။ သူတို့ရဲ့ စိတ်အင်အားက အများကြီး အခရာကျပါတယ်။ အခုဆို ရေရှည်မှာ တိုက်ပွဲအရှိန်က ထိပ်ရောက်လာမယ်ဆိုရင် မြန်မာစစ်တပ်အတွက် အခွင့်အလမ်းမရှိပါဘူး။ ရေရှည်မှာ တော်လှန်ရေးအင်အားစုတွေဘက်မှာ အခွင့်အလမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်မိတာက တော်လှန်ရေးအင်အားစုတွေဘက်က စုစည်းမှု၊ မဟာဗျူဟာမြောက်စုဖွဲ့နိုင်မှုပါပဲ။ တကယ်လို့ တော်လှန်ရေးအင်အားစုတွေဟာ ညီညွတ်မှုကို ပြသနိုင်မယ်ဆိုရင် သူတို့ ထိထိရောက်ရောက် တိုက်နိုင်မှာပါ။ သူတို့ဟာ သူတို့ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ဓာတ်ကို ပြသခဲ့ပြီးပါပြီ။ သူတို့ဟာ အလွန်တိုက်ရဲခိုက်ရဲကြတယ်၊ ရဲရင့်ကြတယ်ဆိုတာ ဘယ်သူမှ သံသယမရှိကြပါဘူး။ ဒါပေမဲ့ တော်လှန်ရေးအရှိန် ထိပ်ဆုံးရောက်လာရင် စုဖွဲ့မှု၊ ဂုဏ်သိက္ခာရှိမှု၊ ညီညွတ်မှုနဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လူအများအပြား စိုးရိမ်နေတာက သူတို့ဟာ အထိန်းအချုပ်မဲ့သူတွေ ဖြစ်နေရင် လူတွေက နောက်ဆုတ်သွားကြလိမ့်မယ်။

ထိုင်းအစိုးရ တွေးဆချက်က - “အနည်းဆုံးတော့ မြန်မာစစ်တပ် အာဏာရှိနေရင် သူတို့နဲ့ ဆက်ဆံလို့ ရနိုင်တယ်။ သူတို့က စုစုစည်းစည်း ဖွဲ့စည်းထားတယ်၊ မဟာဗျူဟာရှိတယ်” ဆိုတာပါပဲ။ ဒါကို ကျွန်တော် လုံးဝသဘောမတူပါဘူး။ ဒါပေမဲ့ လူအများအပြားအတွက် ဒါဟာ အလွန်အရေးကြီးပါတယ်။ NUG က စုစည်းညီညွတ်မှု၊ မဟာဗျူဟာရှိမှု၊ ဖွဲ့စည်းပုံကျမှု၊ အာမခံနိုင်မှု စတာတွေကို ပြင်ဆင်ထားနိုင်ရပါလိမ့်မယ်။ ဒါဆိုရင် NUG ကို ပိုပြီး အလေးထားဆက်ဆံကြပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး စိုးရိမ်နေတာက မြန်မာ့သမိုင်းမှာ ဗဟိုချက်က အလွန်အင်အားတောင့်တင်းရပါတယ်။ တကယ်လို့ ဗဟိုက ပြိုလဲရင် တိုင်းပြည်ပြိုကွဲတာပါပဲ။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေက အများကြီးစဉ်းစားပြီး၊ ဒီအတွက် လုပ်ဆောင်နေပြီး ရလဒ်တချို့ ရရှိနေပြီလို့ ပြင်ပကလူတွေကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆက်ဖတ်ရန် →
စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို

စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို

By ဧရာဝတီ 20 February 2023

စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (NMSP) အတို့အကြား ဆွေးနွေးပြီး ရရှိသည့် သဘောတူညီချက် အချို့သည် မွန်လူထုအတွက် အကျိုးမရှိနိုင်ကြောင်း စစ်ကောင်စီကို တိုက်နေသည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်အောင်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ၊ မွန်စာပေသင်ကြားရေးနှင့် အထွေထွေကိစ္စရပ်များ စသည့်သဘောတူညီချက်များကို လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

NMSP နှင့် စစ်ကောင်စီတို့အကြား ရရှိခဲ့သည့် သဘောတူညီချက်များအကြောင်း ပိုမိုသိနိုင်ရန် NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးထံသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက မွန်စာပေသင်ကြားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသည် မွန်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံး၌ တရားဥပဒေစိုးမိုး ငြိမ်းချမ်းနေသည့် အချိန်အခါမှသာ လုပ်ဆောင်သင့်သည့် ကိစ္စများ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ပြည်သူ့အိုးအိမ်အသက်စည်းစိမ် လုံခြုံရေးအဆိုးဝါးဆုံးဖြစ်နေချိန်မှာ စစ်ကောင်စီနှင့်သဘောတူညီချက်ရယူပြီး မွန်ပြည်နယ်တခုတည်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းဖေါ်ဆောင်ခြင်းက လက်တွေ့မကျပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ မွန်ပြည်သူလူထုတရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်မှာမဟုတ်ပါဘူး” ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူတဦးကလည်း NMSP ၌ တော်လှန်လိုစိတ်ထက်သန်သည့် ဥက္ကဌနိုင်ရွှေကျင်ကဲ့သို့သော ခေါင်းဆောင်များမရှိတော့သည့်နောက်တွင် တိုက်ခိုက်လိုစိတ်ရှိသည့် အင်အားစု မရှိသလောက်ဖြစ်သွားကြောင်း မှတ်ချက်ပေးသည်။

၎င်းက “မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးအရ ဈာန်လျှောသွားပါပြီ။ အရင်တုန်းက ခေါင်းဆောင်တွေရှိတဲ့ အနေအထား မျိုး မဟုတ်တော့ပါဘူး။ မွန်ပြည်သစ်ပါတီမှာတော့ ကိုယ့်အကျိုးစီးပွားပဲကြည့်တဲ့ အင်အားစုတွေ လွှမ်းမိုးတဲ့ အနေအထား ရောက်သွားတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် PhD ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင်တစ်ဦး ဖြစ်သည့် ဒေါက်တာပညာမွန်ကလည်း NMSP နှင့် စစ်ကောင်စီအကြားဆွေးနွေးမှုသည် တတိယအကြိမ်ဖြစ်ပြီး ဆွေးနွေးမှု တိုင်းတွင် စစ်ကောင်စီနှင့် NMSP အကြား နိုင်ငံရေးကိစ္စများ ဆွေးနွေးကြပုံ မရကြောင်း သုံးသပ်သည်။

၎င်းက “ပထမတခေါက်မှာ ၇ ချက်တောင်းဆိုထားတယ်။ အဲဒါက စာပေယဉ်ကျေးမှုနဲ့ မွန်အမျိုးသား ရေးကိစ္စပါပဲ။ နိုင်ငံရေးတော့မဟုတ်ဘူး။ အဲဒီကိစ္စကို သွားပြီးပြန်လည်ဆွေးနွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့က SAC (စစ်ကောင်စီ) ဖိတ်ရင်သွားတယ်။ နိုင်ငံရေးဆွေးနွေးပွဲကတော့ သူတို့မဆွေးနွေးဘူးဆိုတာ ပြောထားတယ်။ လူမှုရေးတို့၊ ဒေသဖွံ့ဖြိုးရေးတို့၊ အပစ်အခတ်ရပ်စဲရေးကိစ္စတို့၊ စာပေယဉ်ကျေးမှုကိစ္စတို့တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်” ဟု ဆိုသည်။

စစ်ကောင်စီနှင့် NMSP အကြား ရသည့် သဘောတူညီချက်များသည် မွန်ပြည်သူလူထုအတွက် နိုင်ငံရေးအရ အကျိုးရှိစေမည်ဟု မထင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါက်တာ ပညာမွန်က “လူမှုရေးနဲ့ စာပေယဉ်ကျေးမှုတို့ကတော့ အကျိုးရှိကောင်းရှိလိမ့်မယ်။ ဘယ်လောက် အကောင် အထည်ဖော်နိုင်မလဲဆိုတာကလည်း အများကြီး မေးခွန်းထုတ်စရာရှိတာပေါ့။ အရင်က SAC ပြောခဲ့တာရှိတယ်။ အစိုးရ ကျောင်းမှာ မွန်စာပေတွေ သင်ပေးမယ်ဆိုတာပေါ့။ ဒါက မွန်အဖွဲ့အစည်းတွေကို အခွင့်အာဏာပေးပြီး သင်ခိုင်းတာ မဟုတ်ဘူး။ သူတို့က ပညာရေးဝန်ကြီးဌာနကနေ လုပ်မယ်ဆိုတဲ့ သဘော၊ အဲဒီအခါကျတော့ မွန်စာပေ ယဉ်ကျေးမှုကိစ္စ မှာလည်း လုပ်ပိုင်ခွင့်ရလာပြီလို့ ပြောလို့မရဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ နေပြည်တော်တွင် စစ်ကောင်စီက ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲကိုလည်း NMSP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

NMSP သည် လက်ရှိမြန်မာ့အရေးပဋိပက္ခတွင် အားလုံး ဆွေးနွေးညှိနှိုင်းဖြေရှင်းမှသာ ပြဿနာပြေလည်နိုင်မည်ဟု ယူဆသဖြင့် ဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲနေခြင်းဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူအချို့က သုံးသပ်သည်။

NMSP ၏ ၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ ကြေညာ ချက်တွင်လည်း စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် လုံလောက်မှု မရှိတော့ဘဲ နိုင်ငံတဝှမ်း ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများနှင့်ပါ ဆွေးနွေးရန် လိုအပ်ကြောင်း ၊ မွန်ပြည်သစ်ပါတီအနေနှင့် ဆွေးနွေးရေး လမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က မွန်ပြည်သစ်ပါတီဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသပါဝင်သည့် ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သော်လည်း မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် ဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားခြင်းဖြစ်သည်။

၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ကောင်းမွန်သည့် အပြောင်းအလဲများကို မျှော်လင့်ခဲ့သော်လည်း ထူးခြားမှု ရှိမလာဘဲ လူထုအတွက် ဒုက္ခသာပိုများလာကြောင်း NMSP က ထောက်ပြထားသည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင် ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး
ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
--------------------------------


အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု

By ဧရာဝတီ 24 May 2022

စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့အပေါ် စစ်တပ်က အာဏာသိမ်းမှုနှင့် ပြည်သူလူထုအား သတ်ဖြတ်နေမှုအပေါ် ဆန့်ကျင်နေကြသည့် မွန်လူထုက အပြင်းအထန် ဝေဖန် ရှုတ်ချနေကြလျှက်ရှိသည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်သည် မွန်လူမျိုးများ အတွက်သာမက တိုင်းပြည်အတွင်း ဖြစ်နေသည့် ပြဿနာများကို လစ်လျှူရှုပြီး မွန်ညီညွတ်ရေးပါတီ (MPU) ကဲ့သို့ပင် အဖွဲ့အစည်း အကျိုးတခုတည်းကိုသာ ကြည့်၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း လက်ရှိ မွန်ပြည်နယ်ထဲတွင် နေထိုင်သည့် မွန်အမျိုးသမီးငယ် တဦးက ပြောသည်။

၎င်းက “သူတို့ ဘယ်လမ်းကြောင်းကို သွားနေသလဲ သိတာပဲလေ။ သူတို့ရဲ့ တိတ်ဆိတ်မှုကြောင့် သူတို့ကြောက်လို့ သူတို့ ရင်မဆိုင်ရဲလို့ပဲလား။ သူတို့မှာ ဘာမှ မရှိလို့ပဲလား။ သူတို့ ရဲ့ အသုံးမကျမှုကြောင့်ပဲ ဒီအခြေအနေရောက်နေ တာလို့ မြင်တယ်။ စကစ နဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေဘာတွေ မသိဘူး။ ကျမတို့သိတာက ကျမတို့က ဒီတော်လှန်ရေးမှာ လုံးလုံးလျားလျား ကျန်ခဲ့ပြီလို့ ထင်တယ်။ MUP လိုပဲ စကစနဲ့ တပတ်ရိုက် လုပ်နေတယ်လို့မြင်တယ်။ ကျမတို့ လူမျိုး နိုင်ငံရေးသမားတွေဟာ အတ္တကြီးစွာနဲ့ သူတို့ ကိုယ်ကျိုးအတွက် သူတို့ လုပ်နေပြီလို့ မြင်တယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် မေ ၂၃ ရက်နေ့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် စစ်ကောင်စီဘက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကို မူအားဖြင့် သဘောတူခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက ဧရာဝတီသို့ ပြောသည်။

နိုင်အောင်မငေး က “ကျနော်တို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခု ရေးဆွဲရမယ်။ အဲဒီအပေါ်မှာ တင်ပြတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဒါလည်း ပြည့်ပြည့်စုံစုံနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် တင်ပြခဲ့ပါတယ်။ ဒီအခါမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် မူဝါဒ ရှိတယ်။ ဒါလုပ်ဆောင်ဖို့အတွက် ချမှတ်ထားပြီးသား ဖြစ်တဲ့အတွက် အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရွက်သွားပါ့မယ် ဆိုတာမျိုး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးအတွက် အမြန်ဆုံးအကောင် အထည်ဖော် ပေးဖို့ ကတိပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းနိုင်ရေး ၂ ဖက် အပြန်အလှန် သဘောတူခဲ့ကြောင်း နိုင်အောင်မငေးက ပြောသည်။
စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု

၎င်းက “ကျနော်တို့ အခု EAO ဆယ်ဖွဲ့အတွင်း ဆွေးနွေးကြမယ်။ ပြီးရင် နိုင်ငံရေးပါတီတွေ အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ တွေနဲ့ ဆွေးနွေး အဖြေရှာသွားပါမယ်။ ဒါလည်း အခု အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ဒီပုံစံနဲ့ တဆင့်ချင်း သွားဖို့ ညှိနှိုင်းသွားဖို့ပေါ့။ ဒါကလည်း ကာလတခုတော့ ရှိမှာပေါ့” ဟု ဆိုသည်။

နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာ၏ ရေးသားချက်၌မူ မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စ ပါဝင်လာ ခြင်း မရှိပေ။

ပညာရေးကိစ္စ အပါအဝင်၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စများအား အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌက ရှင်းပြခဲ့ကြောင်းသာ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) ၏ တွဲဖက် တာဝန်ခံ ကိုအဂ္ဂကလည်း ယခုကဲ့သို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ NMSP လူကြီးများသည် သမိုင်း ဆိုးရေးကာ ၎င်းတို့ ဂုဏ်သိက္ခာကို ၎င်းတို့ဘာသာ ဆွဲချနေကြောင်း ဝေဖန်သည်။

နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေးသည် တချိန်တွင် ဖြစ်ကောင်း ဖြစ်လာနိုင်သော်လည်း လက်ရှိကာလသည် အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးရန် အချိန်အခါကောင်း မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ ယခုလို တော်လှန်ရေး ပေါ်ပေါက်လာရတာပါ။ NMSP ဘက်က MUP ကို နိုင်ငံရေး ဇာတ်ခုံပေါ်တင်ပြီး ဆောင်ရွက်လာခဲ့တဲ့ သမိုင်းတလျှောက်၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စံချိန်တင် နေရာတွေ တိုး ပြီး နိုင်ခဲ့တာပဲ။ အဲဒီ နိုင်ငံရေးကရော အလုပ်ဖြစ်ခဲ့လို့လား။ နေ့ချင်းညချင်း အသိမ်းခံလိုက်ရတာပါဘဲ။ အားလုံး ပါဝင် နိုင်ရေးနဲ့ တိုင်းရင်းသား EAO တွေ အပါအဝင် NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) တို့ပါ ပါဝင်တဲ့ အခင်း အကျင်း တခုဖြစ်မှ အဲဒီဆွေးနွေးရေးက အဆင်ပြေမှာပါ။ လက်ရှိမှာက တော်လှန်ရေး အရှိန်အဟုန် အဘက်ဘက်က ကောင်း နေတဲ့အချိန်မှာ စကစရဲ့ လက်တွေ့ မကျတဲ့ တွေ့ဆုံဆွေးနွေးရေးက ယုံနိုင်ဖွယ်ကို မရှိပါ” ဟု ကိုအဂ္ဂက ရှင်းပြသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကမူ ၎င်းတို့အပေါ် ဝေဖန်မှုများအား သိရှိသော်လည်း မွန်ပြည် သစ်ပါတီသည် မွန်လူမျိုးများ၏ နိုင်ငံရေးလိုအပ်ချက်အရ စစ်ကောင်စီနှင့် ဆွေးနွေးရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဘဝ ကျနော်တို့ အခြေအနေ ကျနော်တို့ပါတီ ကျနော်တို့ လူမျိုးတွေရဲ့ နိုင်ငံရေး လိုအပ်ချက်အရ ဖြစ်သင့် ဖြစ်ထိုက်တာကို အလုပ်အမှုဆောင်တွေအနေနဲ့ ဆုံးဖြတ်ဆွေးနွေးကြတယ်။ ဒါကိုလည်း သက်ဆိုင်ရာ နိုင်ငံရေး ပါတီ တွေရော၊ ရဟန်းသံဃာတွေကိုရော ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို ညှိနှိုင်း တိုင်ပင် အတည်ပြု ချက် ရယူပြီးတော့ အခု အစည်းအဝေးပွဲကို လာတက်ရောက်ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း NMSP နှင့် စစ်ကောင်စီအကြား သဘောတူ ညီချက်အချို့ ရခဲ့သော်လည်း မွန်တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရမည့် အခြေအနေ နည်းနေကြောင်း သုံးသပ်သည်။

“ဟိုတနေ့က ဗိုလ်ချုပ် ဇော်မင်းထွန်းပြောတာက စစ်တပ်က၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်းပဲ သွားမယ်ဆိုတဲ့ အခါကျတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ပဲ ပြောရမှာပေါ့။ ၂၀၀၈ အောက်ကဆိုရင်တော့ သူတို့ပြောတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆိုတာ ဘယ်လောက်မှ ရမယ်မထင်ဘူး။ သူတို့ တောင်းဆိုနေတာနဲ့ ဝေးလိမ့်မယ် ထင် တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စသည်လည်း စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ပြုလုပ်ပြီးမှသာ ဖြစ်လာနိုင်သည့် အခြေအနေရှိနေပြီး အကောင်အထည်ပေါ်ရန် ကြာဦးမည်ဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာ သူတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “နောက်တခုက နောက်နှစ် ရွေးကောက်ပွဲလာပြီးရင် တခါ လွှတ်တော်မှာဆုံးဖြတ်၊ လွှတ်တော်မှာ ဆုံးဖြတ်ပြီးရင် လူထု ဆန္ဒခံယူပြီးပြင်ဆိုတော့ အဝေးကြီး ကျန်ပါသေးတယ်။ အချိန်တွေလည်း ကြာဦးမယ်။ စစ်တပ် ပေးချင်တာက ၂၀၀၈ ဘောင်အောက်ကဆိုရင် သူတို့လိုချင်တာလည်းရမှာ မဟုတ်ဘူး။ ၂၀၀၈ အောက်ကပဲ သွားမယ်။ ၂၀၀၈ ကိုပြင်ရုံပဲ ပြင်မယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး။ ၂၀၀၈ ကို ဖျက်ပြီးတော့ အသစ်ပြန်ဆွဲမှပဲ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လိမ့်မယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ၃ ရက်ခန့်ကြာမည်ဖြစ်ပြီး မေလ ၂၄ ရက်နှင့် ၂၅ ရက် များတွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိ ယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်အမျိုသားရေးဆိုင်ရာ ကိစ္စများနှင့် မွန်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေး နွေးသွားရန် ရှိကြောင်း မွန်ပြည်သစ်ပါတီဘက်က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင် ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။ 
------------------------

အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး



မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

By ဧရာဝတီ 21 October 2022

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရာမညဒေသဟု ခေါ်သော မွန်ပြည်နယ်တွင် မွန်အမျိုးသားရေးနှင့် ပတ်သက်၍ နိုင်ငံရေး အယူအဆ ကွဲပြားမှုများဖြစ်နေပြီး စစ်ရေးအတွက် စုဖွဲ့ထားသည့် မွန်လက်နက်ကိုင် အုပ်စုသစ်များလည်း ပေါ်ပေါက်လာသည်။

မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းကြသူများရှိသလို အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်ကြသူများလည်း ရှိသည်။ လက်ရှိ နိုင်ငံရေး ပြဿနာကို ဗမာအချင်းချင်း အာဏာလုသည့်ပွဲဟု မွန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် မြင်ကြသူလည်း ရှိသည်။

    အဓိကအားဖြင့် မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကြသည့် အစုအဖွဲ့၊ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လမ်းကြောင်းကို အခြေခံကာ စစ်ကောင်စီနှင့် ဆွေးနွေးမည့် အစုအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဆန့်ကျင်တိုက်သည့် အစုအဖွဲ့ဆိုသည့် အဓိက အစုအဖွဲ့ကြီး ၃ စုကွဲနေသည်။

အဓိကအားဖြင့် မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကြသည့် အစုအဖွဲ့၊ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လမ်းကြောင်းကို အခြေခံကာ စစ်ကောင်စီနှင့် ဆွေးနွေးမည့် အစုအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဆန့်ကျင်တိုက်သည့် အစုအဖွဲ့ဆိုသည့် အဓိက အစုအဖွဲ့ကြီး ၃ စုကွဲနေခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပူးပေါင်းသူများ

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကြသူများထဲတွင် မွန်နိုင်ငံရေးပါတီ တခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီ (MUP) လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် MUP ဗဟိုကော်မတီသည် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။

MUP သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု မဖြစ်ခင် တလအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းတွင် ၂၀၂၀ ရွေး ကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နေရာညှိနှိုင်းသည့် ကိစ္စအဆင်မပြေသဖြင့် တွေ့ဆုံ ဆွေးနွေး‌ရေး ပျက်ပြယ်ခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် စစ်ကောင်စီတွင် MUP ဗဟိုကော်မတီဝင် ဒေါက်တာ ဗညားအောင်မိုးအား အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဆုံးဖြတ်မှုနှင့် ပတ်သက်၍ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ ထိုစဉ်က ဧရာဝတီသို့ ယခုကဲ့သို့ ဆိုဖူးသည်။

“ဖက်ဒရယ်ပြည်ထောင်စုအတွက် ထိပ်တိုက် ရင်ဆိုင်ရေးလမ်းလည်း ဖြတ်သန်းခဲ့ဖူးတယ်။ တိုင်းရင်းသား ပြည်သူ၊ ရဟန်း ရှင်လူတွေ သွေးမြေကျခဲ့တယ်၊ အသက်ပေးခဲ့ရတယ်။ သို့သော် ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးရလဒ်က မရခဲ့ဘူး။ အဲဒါကြောင့် ရှေ့ဆက်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ရောက်ဖို့ဆိုတာ သွေးချောင်းစီးစေမယ့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကြောင်းကို ကျနော်တို့ မရွေးချယ်လိုဘူး”ဟု ၎င်းက ဆိုသည်။

    MUP ဗဟိုကော်မတီက စစ်ကောင်စီနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ်တွင် မကျေနပ်သဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် နုတ်ထွက်ကြသည့် MUP ပါတီဝင် ၆၀ ခန့်ရှိကြောင်း မွန်ပြည်နယ်နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

နိုင်လယိတမ ကိုယ်တိုင်သည်လည်း မွန်ပြည်နယ်စစ်ကောင်စီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သည်။ MUP ဗဟိုကော်မတီက စစ်ကောင်စီနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ်တွင် မကျေနပ်သဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် နုတ်ထွက်ကြသည့် MUP ပါတီဝင် ၆၀ ခန့်ရှိကြောင်း မွန်ပြည်နယ်နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

နုတ်ထွက်ကြသူများထဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့သည့် ထင်ရှားသည့် မွန်နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးလည်း ပါဝင်သည်။

စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မည့် မွန်ပြည်သူ့စစ်အဖွဲ့အချို့လည်း အာဏာသိမ်းမှုဖြစ်ပြီး ၁ နှစ်ကျော်အကြာတွင် ပေါ်ပေါက်လာသည်။

မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၁၀ ခုနှစ်တွင် ခွဲထွက်ကာ လက်နက်ချထား သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲလိုက်ကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်အဖြစ် စစ်ကောင်စီစစ်တပ်နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း ကန့်ကွက်ရှုတ်ချကြောင်းရေးသားထားသည်။

ယင်းအပြင် ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ တာဝန်ကို ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းထံ ပြောင်းလဲခန့်အပ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

    မွန်ပြည်သူ့စစ်များသည် ယခင်ကတည်းက စစ်တပ်နှင့် ပေါင်းထားသည့် အဖွဲ့အစည်းများဖြစ်ပြီး မွန်ပြည်သူလူထု၏ ထောက်ခံမှု မရှိကြ

အမည်မဖော်လိုသည့် မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကလည်း မွန်ပြည်သူ့စစ်များသည် ယခင်ကတည်းက စစ်တပ်နှင့် ပေါင်းထားသည့် အဖွဲ့အစည်းများဖြစ်ပြီး မွန်ပြည်သူလူထု၏ ထောက်ခံမှု မရှိကြကြောင်းဆိုသည်။

“စစ်တပ်နဲ့ပေါင်းမယ်ဆိုတဲ့ ပြည်သူ့စစ်တွေက အရင်ကလည်း ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး စစ်တပ်နဲ့ ပေါင်းလုပ်ခဲ့တာရှိတယ်။ စစ်ကောင်စီနဲ့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်တယ်။ တချို့အဖွဲ့တွေဆိုရင် မရှိတော့ဘူး။ အခုကျတော့ စကစက ဒီအဖွဲ့တွေကို ပြန်ဖော်ထုတ်ပြီး သူတို့ကို ထောက်ခံတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့ဖြစ်အောင် ဖန်တီးလာတဲ့အနေအထားပါ။ အရင်ကလည်း သူတို့ဖန်တီးတယ်။ အခုကတော့ ဒေသတွင်း စစ်ရေးပဋိပက္ခ ဖြစ်အောင်လုပ်လာတဲ့ အနေအထား ဖော်ဆောင်လာတာပေါ့”ဟု ၎င်းက ဆိုသည်။

NCA အခြေခံ တွေ့ဆုံဆွေးနွေးရေးအစုအဖွဲ့

သမ္ဘာရင့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)က အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂ ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ လက်မှတ်ရေးထိုးခဲ့သည်။ NMSP ဌာနချုပ်သည် ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသတွင်ရှိပြီး စစ်အင်အား ၁၅၀၀ ခန့်ရှိကြောင်း လေ့လာသူများက ဆိုသည်။

နေပြည်တော်တွင် ပြုလုပ်သည့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်မေလတွင် ပြုလုပ်ပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် NMSP ကိုယ်စားလှယ်အဖွဲ့ကို NMSP ဒုတိယဥက္ကဌ နိုင်အောင်မင်း က ဦးဆောင်ပြီး တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှနှင့် ဗဟို အလုပ်မှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့လည်း ကိုယ်စားလှယ်အဖြစ် ပါဝင်သည်။

ပထမအကြိမ်ဆွေးနွေးပွဲတွင် ၂၀၂၂ ခုနှစ် ရေးချောင်းဖျားဒေသ မွန်အမျိုးသားညီလာခံက အတည်ပြုထားသည့် ရာမည မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စတင်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည့် အခါတွင် တစုံတရာ ထည့်သွင်းဖော်ပြခြင်း မရှိပေ။

ပညာရေးကိစ္စ အပါအဝင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စများအား အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌက ရှင်းပြခဲ့ကြောင်းသာ ဖော်ပြထားသည်။

    စစ်ကောင်စီဥက္ကဌက တိုင်းရင်းသားများ၏ လိုလားချက်များကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်နိုင်ပြီး လက်နက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု ပြောလာသည်။

ယင်းနောက်တွင် စစ်ကောင်စီဥက္ကဌက တိုင်းရင်းသားများ၏ လိုလားချက်များကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်နိုင်ပြီး လက်နက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု ပြောလာသည်။

EAO များကို စော်ကား ပြောဆိုသည့် စစ်ကောင်စီတပ်နှင့် မဆွေးနွေးရန် NMSP ကို မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့အစည်း ၁၀ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့သဖြင့် NMSP သည် နေပြည်တော်သို့ ထပ်မသွားတော့ရန် အစပိုင်းတွင် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် နေပြည်တော်သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တချို့ရောက်ရှိလာပြီး တွေ့ဆုံဆွေးနွေးသည့် သတင်းကြောင့် NMSP ခေါင်းဆောင်တချို့ စိတ်ပြန်လည်လာပြီး ဗဟိုကော်မတီအတွင်း မဲခွဲကြသည့်အခါ တွေ့ဆုံရေးအဖွဲ့က မဲသာသွားသဖြင့် NMSP က စစ်ကောင်စီနှင့် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် NMSP ဘက်က မြန်မာနိုင်ငံ အကျပ်အတည်းဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်းခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။
NMSP ဌာနချုပ်သည် ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသတွင်ရှိပြီး စစ်အင်အား ၁၅၀၀ ခန့်ရှိသည်

စစ်ကောင်စီဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂) တိုင်းဒေသကြီး ပြည်နယ် ဥပဒေပြုစာရင်းနှင့် ၉ ကြိမ်မြောက် JICM (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး) က အတည်ပြုထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များကိုသာ ဆွေးနွေးရှင်းပြခဲ့ကြောင်း ဆိုသည်။

NMSP ကိုယ်စားလှယ်များက စစ်ကောင်စီ ကိုယ်စားလှယ်များ တင်ပြသည့် ဆွေးနွေးချက်များ မရှင်းလင်းသဖြင့် နောက်တကြိမ် ဆွေးနွေးရန်သာ သဘောတူခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ ပြည်မအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်ကို လေ့လာကြည့်ပါက စစ်ကောင်စီနှင့် မည်သည့် သဘောတူညီချက်မှ မရခဲ့သည်ကို မြင်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

    “မင်းအောင်လှိုင်ထပ်ပြောတာက တိုင်းရင်းသားတွေ လက်နက်ကိုင်ချင်ရင် စစ်တပ်ထဲဝင်ချင်ဝင်၊ မဝင်ရင် BGF ဖွဲ့ဆိုပြီး ပြောတာပေါ့။ အဲဒီတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေလို့ မွန်ပြည်သစ်က ဘာမှ ရမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်မှာပါ။ အခုကတော့ ဘာမှ သဘောတူညီချက် မရပါဘူး။ အဲဒါကြောင့်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူတယ် ဆိုတာမျိုး ထုတ်ပြန်တာပေါ့။ သဘောတူညီချက် တစုံတရာ အသစ်ကတော့ မွန်ပြည်သစ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့နဲ့မှ မရသေးဘူး”

“မင်းအောင်လှိုင်ထပ်ပြောတာက တိုင်းရင်းသားတွေ လက်နက်ကိုင်ချင်ရင် စစ်တပ်ထဲဝင်ချင်ဝင်၊ မဝင်ရင် BGF ဖွဲ့ဆိုပြီး ပြောတာပေါ့။ အဲဒီတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေလို့ မွန်ပြည်သစ်က ဘာမှ ရမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်မှာပါ။ အခုကတော့ ဘာမှ သဘောတူညီချက် မရပါဘူး။ အဲဒါကြောင့်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူတယ် ဆိုတာမျိုး ထုတ်ပြန်တာပေါ့။ သဘောတူညီချက် တစုံတရာ အသစ်ကတော့ မွန်ပြည်သစ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့နဲ့မှ မရသေးဘူး”ဟု ၎င်းက မှတ်ချက်ပေးသည်။

အမည်မဖော်လိုသည့် မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကလည်း NMSP အတွက် စစ်ရေးဖိအားများ ကြုံလာရနိုင်သဖြင့် ယခုကဲ့သို့ စစ်ကောင်စီဥက္ကဌနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“မွန်ပြည်သစ်ပါတီ ဌာနချုပ်ဝန်းကျင်မှာ‌တော့ စစ်ကောင်စီတပ်တွေ မရှိပါဘူး။ ရေးမြို့နယ်ဧရိယာမှာတော့ စစ်ကောင်စီတပ်တွေ အများကြီးပဲ။ အဲဒါက ဌာနချုပ် ဧရိယာထဲမှာတော့ မဟုတ်ဘူးပေါ့။ ဒါက တပိုင်းပေါ့။ ဒါပေမယ့် စစ်ရေးဖိအားပဲ ပြောရမလား။ ကျနော်ထင်တာကတော့ မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းတွေက စစ်ရေးဖိအား ရှိလာနိုင်တဲ့ အနေအထားကြောင့်ပဲလားပေါ့” ဟု ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများ

မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်မခံဘဲ နိုင်ငံရေးအရ ဆန့်ကျင်ကြသည့် အုပ်စုများရှိသလို လက်နက်ကိုင်ဆန့်ကျင်တော်လှန်သည့် အစုအဖွဲ့များလည်း ရှိသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အတိုက်အခံများ၏ နိုင်ငံရေးအရ အမြင့်ဆုံး စုဖွဲ့မှုဖြစ်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ကြားကာလ မွန်ပြည်နယ်ဖက်ဒရယ်ယူနစ်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းကြီးတခု ပါဝင်နေသည်။

အဆိုပါအဖွဲ့မှာ မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee- MSICC) ဖြစ်ပြီး NUCC နှင့် ချိတ်ဆက်ကာ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ် ရေးဆွဲရေးစသည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။

MSICC ကို မွန်ပြည်နယ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေး လှုပ်ရှားမှုအတွက်ရည်ရွယ်ကာ မွန်နိုင်ငံရေးပါတီရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမှုရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ ဥက္ကဌမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဖြစ်သူ နိုင်သုဝဏ္ဏဖြစ်သည်။

MSICC ကို ကိုယ်စားပြုကာ NUG တွင် ကာကွယ်ရေးဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် (NMSP) ဗဟိုကော်မတီဝင်ဟောင်းတဦးမှာ NMSP မှ ဗိုလ်မှူးကြီးရာထူးဖြင့် အနားယူထားသည့် နိုင်ကောင်းရွက်ဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မွန်လက်နက်ကိုင်တပ်အနေနှင့် မွန်ပြည်နယ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကိုဖွဲ့ထားသည်။ MSDF မြောက်ပိုင်းသည် သထုံမြို့နယ်ထဲတွင် လှုပ်ရှားပြီး တောင်ပိုင်းအဖွဲ့သည် ရေးမြို့နယ်ထဲတွင် စစ်ရေး လှုပ်ရှားကြောင်း သိရသည်။

MSDF သည် ရေးမြို့နယ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားထားသည်။ ယင်းအပြင် MSDF နှင့် မဟာမိတ်များဖြစ်သည့် ရေးဘီလူးအဖွဲ့၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) စသည့် Local PDF အဖွဲ့များလည်း ရှိသည်။
အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီအချိန်ခန့်ကလည်း MSRO ခေါင်းဆောင်တဦးဖြစ်သူ ကိုအဂ္ဂ (ခ) ကိုသီဟနေစိုးသည် ရေးမြို့ အနောက်ဘက် ဇီးဖြူသောင်ရွာရှိ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်၌ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တွေ့ကာ တိုက်ပွဲကျဆုံးသွားခဲ့သည်။
ကိုအဂ္ဂကျဆုံးမှုနှင့် ပတ်သက်၍ MSDF နှင့် ရေးဘီလူးအဖွဲ့တို့က ဝမ်းနည်းကြောင်း အသီးသီးကြေညာထားကြသည်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်နေသည့် မွန်တော်လှန်ရေးအဖွဲ့အများစုသည် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မဟာမိတ် ဆက်ဆံရေးရှိကြပြီး မွန်တော်လှန်ရေးတပ်များကို KNU ကပင် အဓိက စစ်ရေးလေ့ကျင့်ပေးနေကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်တွင် KNU သထုံခရိုင်က ၎င်းတို့နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂၄ ဖွဲ့ကို မိတ်ဖက်တပ်ပေါင်းစုအဖြစ် စုဖွဲ့လိုက်ပြီး KNU တပ်မဟာ (၁) လက်အောက်တွင် ထားလိုက်သည်။ အဆိုပါတပ်ပေါင်းစုတွင် မွန်ပြည်နယ် ပေါင်၊ ဘီးလင်း၊ သထုံနှင့် သိမ်ဇရပ်မြို့တို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များပါဝင်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းအပြင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ထံ၌ စစ်ပညာသင်ကြားခဲ့ပြီး မွန်ပြည်နယ် မုဒုံနှင့် သံဖြူဇရပ်တို့တွင် အခြေချနိုင်ရန် ပြင်ဆင်နေသည့် အာဏာသိမ်းမှုဆန့်ကျင်သော မွန်တော်လှန်ရေးအဖွဲ့ တဖွဲ့လည်း ရှိကြောင်း မြန်မာနိုင်ငံပြည်မ အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦး ဆိုသည်။

မွန်နိုင်ငံရေးအစုအဖွဲ့များ မစုစည်းမိကြသေး

မွန်လူမျိုး နိုင်ငံရေးလေ့လာသူနှင့် မွန်နိုင်ငံရေးတက်ကြွသည့် အဖွဲ့အစည်းများကမူ လက်ရှိမွန်ပြည်နယ်တွင် မွန်အမျိုးသား နိုင်ငံရေးအစုအဖွဲ့များသည် ညီညွတ်မှုမရသေးဘဲ ကွဲပြားနေဆဲ ဖြစ်ကြောင်း ဆိုသည်။

မွန်ပြည်နယ်အခြေစိုက် အာဏာသိမ်းမှုဆန့်ကျင်သည့် ရာမည ဖက်ဒရယ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် အပေါ် သဘောမကျဘဲ အားမလိုအားမရဖြစ်ရကြောင်း ဆိုသည်။

    “NMSP ကတော့ သူတို့ပြောနေတဲ့အတိုင်းပဲ။ NCA လမ်းကြောင်းမှာ ဆက်ရှိနေတယ်။ တချိန်တည်းမှာပဲ ကြားနေပြီး စောင့်ကြည့်လေ့လာနေတယ်လို့ မြင်တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း လက်ရှိမွန်တော်လှန်ရေးအင်အားစုတွေကို သူတို့ရဲ့ ဦးဆောင်မှုအောက် စုစည်းသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မွန်ပြည်သစ်ပါတီသာ ဦးဆောင်မှု ပေးရင် လက်ခံကြပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီဘက်မှာ ဒီလိုကိစ္စအတွက် မူဝါဒ အသေအချာချမှတ်ပြီး ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဟာ တော်လှန်ရေးအတွက် အမြဲအသင့်ရှိနေရပါမယ်”

“NMSP ကတော့ သူတို့ပြောနေတဲ့အတိုင်းပဲ။ NCA လမ်းကြောင်းမှာ ဆက်ရှိနေတယ်။ တချိန်တည်းမှာပဲ ကြားနေပြီး စောင့်ကြည့်လေ့လာနေတယ်လို့ မြင်တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း လက်ရှိမွန်တော်လှန်ရေးအင်အားစုတွေကို သူတို့ရဲ့ ဦးဆောင်မှုအောက် စုစည်းသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မွန်ပြည်သစ်ပါတီသာ ဦးဆောင်မှု ပေးရင် လက်ခံကြပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီဘက်မှာ ဒီလိုကိစ္စအတွက် မူဝါဒ အသေအချာချမှတ်ပြီး ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဟာ တော်လှန်ရေးအတွက် အမြဲအသင့်ရှိနေရပါမယ်”ဟု ၎င်းက ဆိုသည်။

ယခုအချိန်သည် နယ်ခြားစောင့်တပ် (BGF) ဖွဲ့ခိုင်းနေသည့် စစ်ကောင်စီနှင့် မဆွေးနွေးသင့်တော့ဘဲ မွန်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရမည့် အချိန်အခါပင်ဖြစ်ကြောင်း ရာမည ဖက်ဒရယ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံ ပြည်မဒေသအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း မွန်ပြည်နယ်တွင် မွန်နိုင်ငံရေး အင်အားစုများသည် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ရေးနှင့် မတိုက်ရေးဆိုသည့် အယူအဆအပေါ် အခြေခံကာ အုပ်စု ကွဲပြားနေခြင်းဖြစ်ကြောင်း ဆိုသည်။

“မွန်ညီညွတ်ရေးပါတီ (MUP) ကတော့ စစ်တပ်နဲ့ပေါင်းလုပ်နေတယ်။ တကယ်က သူက မွန်ပြည်သစ်ပါတီနဲ့ ညှိပြီး ပေါင်းတာ ဖြစ်တယ်။ နောက်တခုက မွန်နိုင်ငံရေးမှာ အရေးပါတဲ့ မွန် ဘုန်းကြီးတွေရဲ့ သဘောထားလည်း ပါတယ်။ အဲဒါက လောလောဆယ် စကစနဲ့ ပေါင်းပြီး ငြိမ်းချမ်းရေးယူထားမယ်လို့ ရပ်တည် ဆုံံးဖြတ်ထားတာ။ သူတို့ ဆုံးဖြတ်ချက်အခြေခံက မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်အင်အား နည်းတာရယ်။ မွန်ညီညွတ်ရေး တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အခြေခံပေါ်မှာ လုပ်ဆောင်နေတယ်လို့ ပြောရပါမယ်။ နောက်တခု သူတို့မျှော်တာက စကစ နိုင်ငံရေး အကျပ်အတည်း တွေ့နေ ချိန်မှာ သူတို့လိုချင်တဲ့ အခွင့်အရေးကို စားပွဲဝိုင်းကနေ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိပုံလည်း ရတယ်” ဟု ဆိုသည်။

မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကမူ မွန်နိုင်ငံရေးအစုအဖွဲ့များတွင်သာမက မွန်လူထုတွင်လည်း လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိဘဲ အမြင်ဝေဝါးမှုများ ဖြစ်နေကြောင်း ဆိုသည်။

၎င်းက အဓိကအားဖြင့် မွန်လူထုသည် မွန်အမျိုးသားအခွင့်အရေးကို စစ်ကောင်စီနှင့် ပူးပေါင်း၍ ယူရမည်ဆိုသည့် အယူအဆအပါအဝင် NCA လမ်းကြောင်းမှ တဆင့် ရယူမည်ဆိုသည့် အယူအဆနှင့် အာဏာသိမ်းမှုဆန့်ကျင်သည့် အတိုက်အခံများနှင့် ပေါင်းကာ ရယူမည်ဆိုသည့် အယူအဆတို့ကြား အမြင်ဝေဝါးမှုများ ဖြစ်နေကြောင်း ရှင်းပြသည်။

    “နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက် ဖက်ဒရယ်ချာတာအခြေခံကနေ ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရှိတယ်။ အဲဒီအပေါ်မှာလည်း မွန်ပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်မှုတွေ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ မွန်ပြည်သူလူထုက ဒီအပေါ်မှာ ကောင်းကောင်းမသိသေးဘူး”

“နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက် ဖက်ဒရယ်ချာတာအခြေခံကနေ ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရှိတယ်။ အဲဒီအပေါ်မှာလည်း မွန်ပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်မှုတွေ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ မွန်ပြည်သူလူထုက ဒီအပေါ်မှာ ကောင်းကောင်းမသိသေးဘူး။ ချုပ်ပြောရရင် မွန်ပြည်သူလူထုရဲ့ အမြင်က ၃ နေရာမှာ ကွဲနေတာပေါ့” ဟု မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပေးသည်။

သို့သော် နွေဦးတော်လှန်ရေး ၁ နှစ်ကျော်ကြာလာပြီးနောက် မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခသည် တနေ့ထက်တနေ့ ပိုမိုကျယ်ပြန့်လာနေသဖြင့် မွန်ပြည်နယ်တွင်လည်း ပဋိပက္ခ၏ ရိုက်ခတ်မှုများ ကျယ်ပြန့်လာနိုင်ချေရှိနေကြောင်းလည်း ပြောသည်။

၎င်းက “Conflict က တနိုင်ငံလုံးမှာ ဖြစ်နေတာကိုး။ ဒါက မွန်ပြည်နယ်အပေါ်လည်း သက်ရောက်မှာပဲ။ လက်ရှိရှိနေတဲ့ အနေအထားထက် ပဋိပက္ခက ပိုများလာမယ်လို့ သုံးသပ်ပါတယ်။ မွန်တယောက်အနေနဲ့ ပြောမယ်ဆိုရင် စကစ ခေါ်တဲ့ ဆွေးနွေးပွဲက နိုင်ငံရေးအတွက် အဖြေမဟုတ်ပါဘူး။ ကျနော်တို့ မွန်တွေလိုလားတဲ့ အခွင့်အရေးလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတွေ့ဆုံမှုက ဘယ်လောက်ပဲ သဘောတူညီမှုရသည်ဖြစ်စေ စစ်ကောင်စီ အသက်ဆက်နိုင်ဖို့ နိုင်ငံရေးအကျပ်အတည်းက သူလွတ်ဖို့ ထွက်ပေါက်အနေနဲ့သုံးတဲ့ နည်းဗျူဟာတခုသာ ဖြစ်တယ်ပေါ့။ ကျနော်တို့ မွန်တွေအတွက်တော့ ဘာမှ ထူးလာမှာမဟုတ်ပါဘူး” ဟု ဆိုသည်။


ဆက်ဖတ်ရန် →
စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့

RFA Burmese
2023.02.20


စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှ နေအိမ်များကို တွေ့ရစဉ်။


ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်အတွက် ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ နယ်စပ်ဒေသ တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေ အပါအဝင် စစ်ဘေးဒုက္ခသည်စုစုပေါင်း ၄၀၀,၆၂၈ ဦးကို လူသားချင်းစာနာမှုအကူအညီ အဖြစ် ကျပ်ငွေ ၃၆၄ ဒဿမ ၈၅ သန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် စစ်ကောင်စီကြောင့် သေဆုံးသွားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ CDM ဝန်ထမ်းတွေ၊ ထိခိုက်လွယ်ပြည်သူနဲ့ မိသားစုဝင်တွေ၊ နိုင်ငံအကျဉ်းသားနဲ့ မိသားစုဝင်တွေကိုလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီလအတွင်း NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မြန်မာကျပ် ၅၀၇ ဒဿမ ၁၅ သန်းကို လူသားချင်းစာနာမှု ဆိုင်ရာအကူအညီအဖြစ် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ စာသင်ကျောင်းပေါင်း ၇၀၀ ကျော်မှာလည်း ဗုံးခိုကျင်းတွေတူးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ကတော့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒဿမ ၅ သန်းအထိရှိလာပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ် နေတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဆက်ဖတ်ရန် →
 နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

RFA Burmese
2023.02.20
နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။
HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP

နိုင်ငံကိုတည်ငြိမ်အောင် မထိန်းနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ခြောက်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း တည်ငြိမ်မှုနဲ့အလှမ်းဝေးနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပြောဆိုခဲ့တာပါ။

စစ်ကောင်စီက နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးပမ်းနေပေမယ့် ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းတွေက အလုံးစုံပျက်စီးရေးကို ဆောင်ရွက်နေတာကြောင့် နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေရတာလို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ချင်းပြည်နယ်ဟာ သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ တည်ငြိမ်အေးချမ်းစွာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆူပူအကြမ်းဖက်မှုနဲ့ တရားဥပဒေချိုးဖောက်မှုတွေက နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေပြီလို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ် ဧပြီလကစလို့ တူမီးသေနတ်ကိုင်ဆွဲပြီး စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီနောက် ချင်းပြည်နယ်က မြို့နယ်အသီးသီးမှာလည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) အသီးသီးဖွဲ့စည်းလာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ကိုးမြို့နယ်ထဲက မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေ ကိုတော့ ၂၀၂၃ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။


ဆက်ဖတ်ရန် →
နိုင်ငံကူးလက်မှက်ရုံးတွေ ရက်ပိုင်းအတွင်း ဖွင့်ဖို့ရှိ

နိုင်ငံကူးလက်မှက်ရုံးတွေ ရက်ပိုင်းအတွင်း ဖွင့်ဖို့ရှိ


ဘီဘီစီ
ဓာတ်ပုံ ရင်းမြစ်, MYANMAALINN

ပြီးခဲ့တဲ့ ဇန်နဝါရီလ လဆန်းက ပိတ်ထားခဲ့တဲ့ နိုင်ငံကူးလက်မှက်ရုံးတွေကို ဒီရက်ပိုင်းအတွင်း ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေ့ါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဖွင့်မယ့်ရက် အတိအကျကို သူကပြောဆိုတာမရှိပေမယ့် နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတွေကတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ စက်မှု ၁ လမ်းမကြီးမှာ ရှိတဲ့နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးမှာ System အဆင့်မြှင့်မှာဖြစ်လို့ ရုံးကိုခေတ္တပိတ်ထားမယ်လို့ ရုံးရှေ့မှာဗီနိုင်းထောင် ကြေညာထားခဲ့ပါတယ်။

ဒါကြောင့် ပြည်ပကို အရေးပေါ်ထွက်ခွာဖို့ ရှိတဲ့ ကျောင်းသားတွေ ကျန်းမာရေးကုသမှုခံယူသူတွေ အပါအဝင် သက်တမ်းတိုးဖို့ရှိသူတွေပါ အခက်တွေ့ခဲ့ကြပါတယ်။

အဲဒီရက်က စပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့က ရုံးတွေကို ပိတ်ထားခဲ့သလို ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ နိုင်ငံကူးလက်မှက် သက်တမ်းတိုးတာတွေကို လည်း ရပ်ထားခဲ့တယ်လို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီး ၊ စီးပွားရေးအခက်အခဲများကြုံတွေ့လာရတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်သူတွေရှိသလို အိမ်နီးချင်းနိုင်ငံတွေမှာ ပညာ ဆက်လက် သင်ယူလိုတဲ့ ကျောင်းသားလူငယ်တွေကလည်း အချိန်မီ နိုင်ငံရပ်ခြားသို့ထွက်ခွာနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားရေးအတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုမဖြစ်ခင်က ဝန်ဆောင်ခငွေကျပ် လေးသောင်းနီးပါးသာ ကျသင့်ခဲ့တဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်တဲ့အခြေအနေဟာ အာဏာသိမ်းပြီးနောက်မှာ QR Code ရယူရတဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီးအကန့်အသတ်တွေကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ငွေကျပ် လေးသိန်းကနေ ၅ သိန်း နီးပါးအထိ ကုန်ကျခဲ့တယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

ဆက်ဖတ်ရန် →
အီးယူက မြန်မာနိုင်က သေဒဏ်စီရင်ရာမှာပါ၀င်သူတွေ၊ လက်နက်ပွဲစားတွေနဲ့ လေယာဥ်ဆီ တင်သွင်းသူတွေ ကိုပိတ်ဆို့ အရေးယူ

အီးယူက မြန်မာနိုင်က သေဒဏ်စီရင်ရာမှာပါ၀င်သူတွေ၊ လက်နက်ပွဲစားတွေနဲ့ လေယာဥ်ဆီ တင်သွင်းသူတွေ ကိုပိတ်ဆို့ အရေးယူ

ဥရောပသမဂ္ဂရဲ့ အရေးယူမှုနှေးကွေးတယ်လို့ ဆို     BBC

ဓာတ်ပုံ ရင်းမြစ်, Getty Images


ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ကွပ်မျက်ဖို့ စီစဥ်ခဲ့တယ်ဆိုပြီး ယခင်စစ်ခုံရုံးအကြီးအကဲကို ဥရောပသမဂ္ဂ အရေးယူ

စစ်အာဏာသိမ်းခံခဲ့ရတာ ၂နှစ်ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေကို ဥရောပသမဂ္ဂ အီးယူက ၆ ကြိမ်မြောက် ပိတ်ဆို့ အရေးယူလိုက်ပြီး အဲဒီ အထဲမှာ လူပုဂ္ဂိုလ် ၉ယောက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၄ခု အပြင် ကာကွယ်ရေး၀န်ကြီးဌာနအောက်က လုပ်ငန်းဌာန ၃ ခု ပါ၀င်ကြောင်း ဖေဖော်၀ါရီ ၂၀ရက်နေ့ထုတ် ဥရောပသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူပုဂ္ဂိုလ် ၉ယောက်ထဲမှာ လက်နက်ပွဲစားလုပ်တယ်ဆိုပြီး အရေးယူခံရသူတွေကတော့ Yandapon Aviation Support Company & Suntac Group တို့ရဲ့ ဒါရိုက်တာ ဦးစစ်တိုင်းအောင် နဲ့အတူ Myanmar Chemical Machinery ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး နဲ့ Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဦးကျော်မင်းဦး တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ် ဟောင်း ဦးဖြိုးဇေယျာသော် အပါအ၀င် အကျဥ်းကျခံနေရသူ ၄ယောက်ကို ကြိုးပေးကွပ်မျက်ဖို့ စီစဥ်ရာမှာ ပါ၀င်ခဲ့တယ်ဆိုပြီး ယခင်စစ်ခုံရုံးအကြီးအကဲလည်းဖြစ် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေး၀န်ကြီး လည်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်လည်း အီးယူရဲ့ ပိတ်ဆို့အရေးယူခံရတဲ့အထဲ ပါ၀င်တာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ရာမှာ ပါ၀င်ခဲ့လို့ ဆိုပြီး ရဲချုပ်ဟောင်း လည်းဖြစ် ပြည်ထဲရေး ဒု၀န်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထက်ကိုလည်း အီးယူက အရေးယူခဲ့ပါတယ်။

တခါ ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်ကိုတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုး၀င်း တို့နဲ့ နီးစပ်တယ်လို့ ဆိုကာ အရေးယူခံခဲ့သလို စစ်တပ်မှာ တတိယ အကြီးဆုံး ရာထူးယူထားတဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟာလည်း ဥရောပသမဂ္ဂ ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံ ခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၂ သြဂုတ်လကတည်းက စွမ်းအင်၀န်ကြီးအဖြစ်တာ၀န်ထမ်းဆောင်သူ ဦးမျိုးမြင့်ဦး နဲ့ တောင်ပိုင်းတိုင်း ကနေ မြောက်ပိုင်းတိုင်းကို ပြောင်းလဲတာ၀န်ယူတဲ့ ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် တို့ကိုလဲ ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒီလူတွေအချို့ဟာ ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုနဲ့ မီးရှို့မှုနှင့် စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဖွဲ့အစည်း အရေးယူခံရတဲ့အထဲမှာ ကာကွယ်ရေးဦးစီးဌာန လက်အောက်က စစ်ထောက်ချုပ်ရုံး ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး စသဖြင့် ရုံးဌာန ၃ခုလည်း အီးယူက ပိတ်ဆို့တဲ့စာရင်းမှာပါပြီး လေယာဥ်ဆီ ထောက်ပံ့မှု နဲ့ Asian Sun Group ကုမ္ပဏီ အရေးယူခံရသလို ၊ လက်နက်ပွဲစား ကုမ္ပဏီတွေလို့ဆိုကာ Dynasty Int’l Co.Ltd နဲ့ Sky Aviator Co.,Ltd အပါအ၀င် ရခိုင်အရေးမှာ စစ်တပ်ကို ထောက်ပံ့တဲ့ စွပ်စွဲချက်နဲ့ International Gateways Group ကုမ္ပဏီလည်း အရေးယူခံခဲ့ရပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးမိုးအောင် EU အရေးယူတာခံရပြီ

ဓာတ်ပုံ ရင်းမြစ်, European Union in Myanmar

ကာကွယ်ရေးဦးစီးချုပ် ၊ ဒုကာချုပ်တို့နဲ့ နီးစပ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီးကို ဥရောပ သမဂ္ဂက အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းထားတာတွေ့ရ

အခုလို ဥရောပ သမဂ္ဂ အီးယူက လူပုဂ္ဂိုလ် ၉ယောက်နဲ့ အဖွဲ့အစည်း ၇ ခု ကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အရ အရေးယူတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးနဲ့ ဒီမိုကရေစီ အဖွဲ့ဖြစ်တဲ့ Burma Campaign UK က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက် ကျူးလွန်နေသူတွေကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ၊ စစ်တပ်ကို လက်နက် ထောက်ပံ့မှုတွေ လျော့ကျသွားအောင် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူခဲ့တာ ဖြစ်တယ်လို့ Burma Campaign UK အမှုဆောင် ဒါရိုက်တာ Anna Roberts က ပြောပါတယ်။

အီးယူရဲ့ အရေးယူမှုက မှန်ကန်တဲ့ ချဥ်းကပ်မှု ဖြစ်ပေမယ့် ချမှတ်လုပ်ဆောင်မှုတွေက နှေးကွေးလှတယ် ၊ ဒါကြောင့် မြန်မာပြည်မှာ တိုင်းရင်းသား ပြည်သူတွေ အသက်ပေး ဆုံးရှုံးရမှုတွေ များလွန်းလှတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ နှစ်အတွင်း ဥရောပ သမဂ္ဂက အရေးယူပိတ်ဆို့မှု နှစ်ကြိမ်သာ လုပ်ခဲ့ပြီး လတ်တလောမှာ အရပ်သားပြည်သူ တိုင်းရင်းသားတွေအပေါ် စစ်တပ်က လေကြောင်းက တိုက်ခိုက်မှုတွေ များပြားလာသလို ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး ကြိုးပေးကွပ်မျက်မှုတွေ ရှိခဲ့ကာ ၊ ယုံကြည်ချက်ကြောင့် အကျဥ်းချခံရသူလည်း တစ်သောင်းသုံးထောင်ကျော် အထိ တိုးလာခဲ့ပါတယ်။


ဆက်ဖတ်ရန် →
 ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရန် တနင်္သာရီတိုင်း ကရင်လူထုတောင်းဆို

ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရန် တနင်္သာရီတိုင်း ကရင်လူထုတောင်းဆို

Published By Nay Kyal | 20 February, 2023 DVB

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကော်သူးလေတပ်မတော် (KTLA) တို့ဘက်က တာဝန်ယူထားတဲ့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တွေအနေနဲ့   အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုတွေက ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ရန်လိုသောစိတ်၊ အနိုင်အထက်စီးနင်လိုသောစိတ်၊ ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ အကျိုးကို လစ်လျူရှုပြီး မိမိပုဂ္ဂလိကနဲ့ သက်ဆိုင်ရာအဖွဲ့ငယ်တို့ရဲ့ အကျိုးစီးပွားကိုသာ ကြည့်ရှုတဲ့ ခေါင်းဆောင်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ကရင်ပြည်သူလူထုတွေအနေနဲ့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ပစ်ခတ်မှုတွေ မဖြစ်အောင်ထိန်းသိမ်းဖို့ သတိပေးတောင်းဆိုထုတ်ပြန်တဲ့ကြားက လက်နက်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာလို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုများကိုယ်စား ပြောခွင့်ရသူ နော်ဝါးဝါးက ပြောပါတယ်။

“ကျမတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက ကျမတို့ ဒီလိုမျိုးတင်းမာမှုတွေ ဖြစ်လာမှာစိုးလို့ နှစ်ဖက်စလုံးက အဖြေရှာဖို့အတွက် ကျမတို့ ပထမဆုံး ထုတ်ပြန်ချက်ကို မေတ္တာရပ်ခံချက်အနေနဲ့ ကျမတို့ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျမတို့ မေတ္တာရပ်ခံထုတ်နေရင်းတန်းလန်းမှာပဲ ပစ်ခတ်မှုဖြစ်တယ်ပေါ့နော်။ နှစ်ဖက်စလုံးက လက်နက်နဲ့ ဖြေရှင်းကြတယ်ပေါ့နော်။ ဖြေရှင်းတဲ့အခါမှာ နှစ်ဖက်စလုံးက ထိခိုက်မှုရှိတယ်။ ရွာသူရွာသားတွေလည်း ထိခိုက်မှု ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ ပြည်သူလူထုအနေနဲ့ သူတို့ လက်နက်အားဖြင့် မဖြေရှင်းကြဘဲနဲ့ အဖြေရှာဖို့အတွက် ထပ်မံပြီးတော့ တိုက်တွန်းတဲ့အနေနဲ့ ဒီလို ထပ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

ဒီကနေ့ထုတ်ပြန်ချက်မှာ တနင်္သာရီ ပြည်သူလူထုတွေနဲ့အတူ ပြည်ပမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ဒီသဘောထားရပ်တည်ချက်နဲ့  ပူးပေါင်းထုတ်ပြန်တောင်းဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူလက်အောက်ခံ တပ်မဟာ (၄)နဲ့  ကော်သူးလေ တပ်မတော်တို့အကြား    လတ်တလော ထွက်ပေါ်လာတဲ့ အပြန်အလှန် ထုတ်ပြန်ချက်တွေကြောင့် တဖက်နဲ့ တဖက် ဆက်ဆံရေးပိုမိုတင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေအကြား မလိုလားအပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု အကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့လည်း ကရင်လူထုက သတိပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်း၊ KNU နဲ့ ကော်သူးလေအာမီ ပူးပေါင်းတပ်ဖွဲ့ (KTLA) တို့က နယ်မြေစိုးမိုးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကျေးရွာတွေမှာ ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတို့ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ နယ်မြေကျေးရွာတွေဖြစ်ကာ KNU နဲ့ ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားတဲ့နယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စိုးမိုးနယ်မြေတွေအဖြစ် ထုတ်ပြန်လိုက်ပြီးနောက် စစ်ကောင်စီဘက်က လူအင်အားနဲ့ လက်နက်ကြီးအင်အား ဖြည့်တင်းလာတဲ့အတွက် စစ်ရေးတင်းမာမှုတွေ ရှိလာတယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။

“နယ်မြေက ၃ နေရာစိုးမိုးထားတယ်။ တိုက်ပွဲမဖြစ်ခင်တည်းက ပြည်သူတွေ ကြောက်ပြီး ထိုင်းထဲ ထွက်ပြေးကြတာပါ။ ခုတော့ ပြန်ဝင်လာကြပါပြီ။ ထိုင်းနိုင်ငံဘက်က လာပြီး ညှိနှိုင်း တာ‌တွေရှိတယ်။ စစ်ရေးတင်းမာမှုတွေရှိတယ်။ ကော့သောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။”

ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ပြည်သူ့ကာကွယ်ရေး စိုးမိုးနယ်မြေဖြစ်တဲ့ ဝိုင်ဒင်းကျေးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရေဖြူကျေးရွာနဲ့ ထုံခါးကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လမ်းဆုံတ‌နေရာမှာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အထိနာတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Photo- KTLA


ဆက်ဖတ်ရန် →
ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ  စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ထန်တလန်နှင့် ဟားခါးမြို့နယ်တို့တွင်   ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ  စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင် 
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊  ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ မှ စစ်ကောင်စီတပ်သား ၂ ဦး သေနတ် ၂ လက်၊ ကျည် ၆၀၀ ကျော်၊ ဗုံး ၇ လုံးဖြင့် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပြီး လုံခြုံရာပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။ 

ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား ၂ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Hakha ထံသို့ အလင်း၀င်လာခဲ့ကြောင်း ၊ စစ်သား ၂ ဦးက  MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ယူဆောင် အပ်နှံလာကြောင်း၊ ထို့ကြောင့် အလင်းဝင်လာသူ စစ်သား ၂ ဦးကို ငွေကျပ် သိန်း ၃၀ စီး ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ က ဆိုသည်။ 

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်  ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး လက် နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း CDF–Senthangက သတင်းထုတ်ပြန်သည်။ 

ဟားခါးမြို့နယ်၊ ခလရ ၂၆၆ မှ စစ်သား ၂ ဦးသည် MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

 




ဆက်ဖတ်ရန် →
နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

 ဒီဗွီဘီ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ နတ်စစ်သည်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် မကျီးပင်ရွာဘက်ကနေ တောလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်က ရစ်ကွင်းရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


 

ဆက်ဖတ်ရန် →
ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ သတိပေးတဲ့အဆင့်ပဲရှိနေသေး-- ဒေါ်ဇင်မာအောင်

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ သတိပေးတဲ့အဆင့်ပဲရှိနေသေး-- ဒေါ်ဇင်မာအောင်

VOA

မြန်မာ စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိသေးတဲ့အကြောင်းနဲ့ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုသလို မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို ပိုပြီး ငွေကြေးထောက်ပံ့ဖို့လိုတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Reuters သတင်းဌာနကို ပြောဆိုပါတယ်။

“စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရာမှာ ဖိအားပေးတာတွေ မလုံလောက်သေးပါဘူး။ ဒါ့ကြောင့်လည်း စစ်ကောင်စီဘက် က အခုအချိန်အထိ ရပ်တည်နိုင်တာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီ ဝင်ငွေ အရင်းအမြစ်တွေ ကို ပိတ်ဆို့ ဖြတ်တောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ ဆက် လုပ်နိုင်မှာ မဟုတ်ပါဘူး” - လို့ ဒေါ်ဇင်မာအောင် ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက် က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ အတွက် လောင်စာဆီဖိုး ငွေကြေးအမြောက်အများ အကုန်အကျခံ တိုက်နေတာဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပိတ်ဆို့ ဖြတ်တောက်နိုင်ဖို့ စီးပွားရေးအရ အရေးယူနိုင်ဖို့လိုမယ်လို့ သူက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ နဲ့ လွှတ်တော်အမတ်တချို့ ကို တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအရေး ကို နိုင်ငံတော်တော်များများ က ယူကရိန်း-ရုရှား ကျုးကျော်စစ်လိုမမြင်ဘဲ ပြည်တွင်းရေး ပြသနာအဖြစ်ပဲ မြင်နေကြတဲ့အတွက် ကူညီထောက်ပံ့မှု အားနည်းတာကို ဒေါ်ဇင်မာအောင် နိုင်းယှဉ် ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ငွေကြေးစီးဆင်း မှုအပေါ် ပစ်မှတ်ထား အရေးယူ ဖိအားပေးနေပေမဲ့ သတိပေးတဲ့အဆင့်ပဲရှိနေသေးတယ်လို့ ဒေါ်ဇင်မာအောင်က ဝေဖန် ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။



 

ဆက်ဖတ်ရန် →
 ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကျောက်မျက်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ စခန်းငယ်အတွင်းမှ M-14 နင်းမိုင်း အလုံး ၄၀ စနစ်တံပါ၊ MG-1 ပလက်စတစ် လက်ပစ်ဗုံး အလုံး ၃၀ ၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နှင့် Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


" အဲ့စခန်းက စစ်ခွေး အင်အား ၂၀ ကျော်လောက်ပဲရှိတာ စစ်ခွေး ၁၀ ကောင် အထက်သေတယ်။ ကျန်တဲ့ ခွေးတွေကတော့ ထွက်ပြေးသွားတယ်။ စခန်းထဲက မိုင်းအမျိုးမျိုး ၁၀၀ ကျော်နဲ့ Anti Drone Gun တစ်လက် သိမ်းနိုင်ခဲ့တယ်" ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို KLG တပ်မဟာနှင့်အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊  Yinmarbin PDA၊  Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။











ဆက်ဖတ်ရန် →