နောက်ဆုံးရ
တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

By Dominic Rushe, Nick Mathiason and Diarmid O'Sullivan 
 
 ဘာသာပြန်-ခေတ်သစ်မီဒီယာ
 
ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးရင်း အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေအဖြစ် ကျားကန်ပေးနေတယ်ဆိုတာကို ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အသိပေးထားပါတယ်။
ယခုအချိန်အထိ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် က‌လေးသူငယ်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၂,၉၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။
ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေစဥ်မှာပဲ အခုလို စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ အခွန်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ပေါက်ကြားလာခြင်း ဖြစ်ပါတယ်။
အဲ့ဒီစာရွက်စာတမ်းတွေအရ အမေရိကန်၊ ဗြိတိန်နဲ့ အိုင်ယာလန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ တူးဖော်ရေးနဲ့ ဆက်စပ်လုပ်ငန်းဆောင်တာတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတယ်လို့ သိရပါတယ်။
ပွင့်လင်းမြင်သာရေးအတွက် ဦးတည်လုပ်ကိုင်နေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Distributed Denial of Secrets က အဆိုပါ စာရွက်စာတမ်းတွေကို ရရှိခဲ့တာ ဖြစ်ပြီး၊ ဒါတွေကို မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar အပါအဝင် စုံစမ်းဖော်ထုတ်ရေးသားတဲ့ စာနယ်ဇင်းအဖွဲ့အစည်း Finance Uncovered နဲ့ Guardian သတင်းဌာနတို့ အတူတကွ လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။
ဒီအထောက်အထားတွေအရကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ သိသာတဲ့ အန္တရယ်များ ရှိနေကြောင်း သတိပေးစာ ထုတ်ပြန် အသိပေးခဲ့ပေမဲ့၊ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းခွဲကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲ လို့ဆိုပါတယ်။
အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို အဓိက ဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမည်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်နေမှုကို ရည်ညွှန်းလျှက် သတိပေးချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါတို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ကြပြီး MOGE ရဲ့ ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ကို အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီလေးနိုင်ငံဟာ MOGE ကိုတော့ ဒဏ်ခတ် အရေးယူထားခြင်း မရှိပါဘူး။
MOGE ကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ကြေညာခဲ့တာက ဥရောပသမဂ္ဂ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်အဟုန် မြင့်တက်လာမှု နဲ့ မြန်မာ့စစ်အာဏာရှင်တွေကို လိုအပ်တဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ပံ့ပိုးနေမှု” အတွက် ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဥ‌ရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ဥရောပကုမ္ပဏီ အားလုံးကို မြန်မာ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွင်းစီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားနိုင်ပေမဲ့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ပိတ်ဆို့မှုတွေကတော့ ဒီလောက်အတိုင်းအတာအထိ ထိရောက်မှု မရှိသေးတာ တွေ့ရပြီး၊ အကျိုးဆက်အနေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေဟာ MOGE နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝှိုက်၍ ဖြစ်စေ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်နေနိုင်ဆဲပဲ ဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာချက်အရ
- အမေရိကန်ရေနံတူး‌ဖော်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်တဲ့ Halliburton ရဲ့ စင်ကာပူအခြေစိုက် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Myanmar Energy Services အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၆ ဒဿမ ၃ သန်းရရှိတယ်လို့ အစီရင်ခံထားပါတယ်။
- အမေရိကန်နိုင်ငံ၊ ဟူစတန်အခြေစိုက် ရေနံဝန်ဆောင်မှုကုမ္ပဏီ Baker Hughes လက်အောက်ခံ ရန်ကုန်ဌာနခွဲရဲ့ အစီရင်ခံစာမှာ ၂၀၂၂ မတ်လအထိ (၆) လတာကာလအတွင်း အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၆၄ သန်း ရရှိထားကြောင်း တင်ပြထားပါတယ်။
- အမေရိကန်တူးဖော်ရေးကုမ္ပဏီ Diamond Offshore Drilling ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကန်ဒေါ်လာ ၃၇ သန်း ရရှိခဲ့ကြောင်းနဲ့ ထိုအချိန်ကနေ ၂၀၂၂ ခုနှစ် မတ်လအထိ နောက်ထပ် ကန်ဒေါ်လာ ၂၄ ဒဿမ ၂ သန်း ဝင်ငွေရရှိထားတယ်လို့ မြန်မာ့အခွန်ဌာနကို အစီရင်ခံထားပါတယ်။
- အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းလွန် တူးဖော်ရေးကုမ္ပဏီ လက်အောက်ခံ ပနားမားအခြေစိုက် Schlumberger Logelco (ရန်ကုန်ဌာနခွဲ) က မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၅၁ ဒဿမ ၇ သန်း ရရှိထားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနဆီက ဝန်ဆောင်ခ ကန်ဒေါ်လာ ၂၀၀,၀၀၀ ရရန်ရှိတယ်လို့ ဖော်ပြနေပါတယ်။
ဖော်ပြပါ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကတဆင့် မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းအားလုံးမှာ အဓိကရှယ်ယာရှင်အနေနဲ့ ပါဝင်နေတဲ့ စစ်တပ်ထိန်းချုပ်ခံ MOGE ကို ထိရောက်တဲ့ အကူအညီတွေ ပံ့ပိုးနေတာပဲ ဖြစ်ပါတယ်။
MOGE ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ နိုင်ငံကိုယ်စား အခွန်နဲ့ အခကြေးငွေတွေကို ကောက်ခံနေတာဖြစ်ပြီး၊ ဒီအခွန်အခငွေတွေနဲ့ များပြားလှတဲ့ ရှယ်ယာအမြတ်ငွေတွေဟာ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းထဲကို တိုက်ရိုက်စီးဝင်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ၎င်းတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိနေပြီး ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ (၆)လအတွင်း ကန်ဒေါ်လာ ၁ ဒဿမ ၇၂ ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အလွန်ဆိုးဝါးပြီး လက်မခံနိုင်စရာ အခြေအနေ” လို့ ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို အားပေးကူညီရင်း သူတို့ရဲ့လက်တွေဟာ သွေးစွန်းနေပါပြီ။ ဒီကုမ္ပဏီတွေဟာ သူတို့မှာ ရှိသင့်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး စစ်အာဏာရှင်အလိုကျ ရက်စက်ယုတ်မာနိုင်အောင် ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စီမံကိန်းတွေကို ဆက်လက် လုပ်ကိုင်နေတာဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မြန်မာစစ်တပ်က မရပ်မနား ကျူးလွန်နိုင်အောင် အားပေးအားမြောက်ပြုနေတာပဲ လို့ ၎င်းက ဆက်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မလုံ‌လောက်သေးဘူး ဆိုတာကို “လက်ရှိအချိန်မှာတော့ ဥရောပသမဂ္ဂ (EU) ကပဲ စစ်အစိုးရရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ထားတာ။ EU လုပ်သလို ကျန်တဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျလို နိုင်ငံတွေက MOGE ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝပါတယ်။ နှစ်စဥ် တရုတ်နဲ့ ထိုင်းကို အဓိကထားကာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေပြီး တူးဖော်ရရှိလာတဲ့အထဲက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကိုပဲ ပြည်တွင်းမှာ သုံးစွဲပါတယ်။ (လက်ရှိ ပြည်တွင်းမှာလည်း သဘာဝဓတ်ငွေ့သုံး bus ကားများနဲ့ Taxi ကားများအတွက် သဘာဝဓတ်ငွေ့ကိုပင် လုံလောက်စွာ မပေးနိုင်တာကြောင့် ဓတ်ငွေ့ဆိုင်တွေမှာ ဂက်စ် ရဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားတန်းရှည်ကြီးများကို နေ့စဥ်တွေ့မြင်လျှက် ရှိပါတယ်- ဖြည့်စွက်)
MOGE ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အရေးပါတဲ့ အစုရှယ်ယာတွေကို တောင်ကိုရီးယားရဲ့ Posco International နဲ့ ထိုင်းနိုင်ငံက PTTEP ၊ Gulf Petroleum Myanmar အပါအဝင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများက ပိုင်ဆိုင်ထားကြပါတယ်။
အနောက်နိုင်ငံက သဘာဝဓာတ်ငွေ့ ကန်ထရိုက်တာတွေအနေနဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်းရဲ့ ဘယ်လိုကဏ္ဍမှာမဆို ပါဝင်ပတ်သက်ဆောင်ရွက်နေမယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ ကြံရပါ ဖြစ်လာပါလိမ့်မယ်လို့ ဝင်တက်ကြွလှုပ်ရှားသူတွေက အစဥ်တစိုက် ထောက်ပြပြောဆိုနေကြသလို ဥပဒေရှုထောင့်ကနေ ပညာရှင်အချို့ကတော့ “ကန်ထရိုက်တာတွေ အနေနဲ့ စာချုပ်ချုပ်ဆို ထားတာဖြစ်လို့ တစ်ဖက်သတ် ရပ်တန့်လိုက်ရင် အနာဂတ်မှာ နိုင်ငံတွင်း တရားရေးပြဿနာတွေ ရင်ဆိုင်ရဖွယ်ရှိတယ်”လို့ စောဒက တက်ကြပါတယ်။
Baker Hughes ကုမ္ပဏီက သူတို့ရဲ့ စာချုပ်တွေကို အာဏာသိမ်းမှု မဖြစ်ပွားမီက ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ သက်တမ်း ပြည့်သွားပြီ ဖြစ်တယ်လို့ Guardian သတင်းစာကို အသိပေးထားပါတယ်။ သူတို့အနေနဲ့ စာချုပ်အသစ်တွေ ထပ်မံချုပ်ဆိုထားခြင်း မရှိတဲ့အပြင် “နိုင်ငံအတွင်းမှာ လုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးနဲ့ လုပ်ငန်းလည်ပတ်ရေး တို့အတွက် ဝန်ထမ်းအင်အား မလုံလောက်မှု ပြသနာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Halliburton ၊ Schlumberger နဲ့ Diamond Offshore Drilling လုပ်ငန်း (၃) ခုကတော့ မှတ်ချက်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေ လုပ်ကိုင်နေကြတဲ့ ပြင်သစ်လုပ်ငန်း Total နဲ့ အမေရိကန် ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံမှာ တရားမဝင် အားဏာသိမ်းမှုအပြီး တစိုက်မတ်မတ် ဝေဖန်ခံရမှုတွေကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။
Chevron ကတော့ “ရတနာစီမံကိန်း” (Yadana Project) က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါကုမ္ပဏီ MTI Energy ကပိုင်တဲ့ Et Martem Holdings ကို ရောင်းချလိုက်တယ်လို့ Guardian ကို မကြားသေးမှီက ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် MOGE နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မပြတ်သားတဲ့ ရပ်တည်ချက်က အခြေအနေတွေကို ပိုရှုပ်ထွေးစေပါတယ်။ မြန်မာ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျောက်မျက်ရတနာတွေ၊ ပုလဲနဲ့ သစ်သယံဇာတ ထုတ်လုပ်ရေး စတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပေမဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးနေတဲ့ အဓိက ဇာတ်ကောင် MOGE ကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်မှာ New York Times သတင်းစာကြီးက အမေရိကန်ရေနံကုမ္ပဏီကြီး Chevron ဟာ အမေရိကန်အစိုးရကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်း အပေါ် အရေးယူပိတ်ဆို့မှု မလုပ်ဆောင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီအစီရင်ခံစာ မထွက်ခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က MOGE ကို ရာဇဝတ်မှု ကျူးလွန်နေတဲ့ လူသတ်တရားခံ အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်လည်ပတ်နေတာကြောင့် MOGE အပါအဝင် ဆက်စပ်ပတ်သက်သမျှ အဖွဲ့အစည်း အားလုံးကို ပိတ်ဆို့အရေးယူနိုင်မှသာ မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ မှာ တင်ပြခဲ့ပါသေးတယ်။
ယမန်နှစ် ဇန်နဝါရီလက (အမေရိကန်) နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေမှုတွေဟာ အန္တရာယ်သိပ်များတယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အပြင်၊ အထူးသဖြင့် အဓိက ပြသနာကောင်ဖြစ်တဲ့ MOGE လို လုပ်ငန်းတွေနဲ့ အလုပ်တွဲ မလုပ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
MOGE အပါအဝင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာပြည်သူလူထုကို အသေအကျေ တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်တွေအတွက် ဝင်ငွေများစွာ ရှာဖွေပေးရုံသာမက အကျင့်ပျက်ခြစားမှု၊ ကလေးလုပ်သား နဲ့ အဓမ္မစေခိုင်းမှု၊ စုံစမ်းစောင့်ကြည့်ခံရမှုနဲ့ အခြားလူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုး‌ဖောက်မှု စတာတွေအတွက် တာဝန်ရှိပါတယ်” လို့ သတိပေးထားပါတယ်။
အမေရိကန်ဟာ MOGE ကို တိုက်ရိုက်ပိတ်ဆို့ အရေးယူခြင်းမရှိပေမဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနကတဆင့် MOGE ကို ထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအဖွဲ့ဖြစ်တဲ့ စစ်ကောင်စီ (SAC) အဖွဲ့ဝင်တွေကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်မှု လမ်းညွှန်”မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပြီး အလားအလာ အကောင်းဆုံးလုပ်ငန်း အဖြစ် ဖော်ပြထားပါတယ်။
ဘိုင်ဒင်အစိုးရအနေနဲ့လည်း သူ့ရဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေသူ ဖြစ် နေတာကြောင့် ထိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေးနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး စတဲ့ အရေးကိစ္စနှစ်ခုအကြား ဗျာများနေပုံရတယ် လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Justice for Myanmar ရဲ့ မရတနာမောင်က “ဘိုင်ဒင် အစိုးရအဖွဲ့ရဲ့ မြန်မာနိုင်ငံအပေါ် ချဥ်းကပ်မှုတွေဟာ အရှေ့အနောက် မညီညွတ်တာကြောင့် အမေရိကန် ‌‌ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဟာ မြန်မာမှာ ပုံမှန်အတိုင်း စီးပွားရေး လာရောက်လုပ်ကိုင်နိုင်တာဖြစ်ပြီး၊ ဒါဟာ မြန်မာ့စစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ အားပေးအားမြောက် ပြုနေတာဖြစ်တယ်” လို့ သုံးသပ်ပါတယ်။
ဆက်လက်ပြီး မရတနာမောင်က “အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက MOGE နဲ့ အဆက်အဆံလုပ်တဲ့ အဖွဲ့အစည်းတွေဟာ ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အန္တရာယ်များတယ်လို့ သတိပေးထားချိန်မှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သူတို့ရဲ့ လုပ်ငန်းတွေအနေနဲ့ အကျိုးအမြတ်များနိုင်တဲ့ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အခွင့်အလမ်းတွေ ရှာဖို့နဲ့ MOGE ရဲ့ တင်ဒါတွေမှာ ဝင်ရောက်ယှဥ်ပြိုင် လုပ်ကိုင်ဖို့ စတဲ့ အကြံပေးချက်တွေ ထုတ်ပြန်နေတယ်လို့ သူမက ရှင်းပြပါတယ်။
“လက်ရှိအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ MOGE ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပေးဖို့နဲ့ စစ်ကောင်စီကို စီးဆင်းနေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ အမေရိကန်ကို တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။
အ‌မေရိကန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Chevron က မြန်မာနိုင်ငံတွင်း “ရတနာစီမံကိန်း”က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါကုမ္ပဏီ MTI Energy ကပိုင်တဲ့ Et Martem Holdings ကို ရောင်းချလိုက်တယ်လို့ Guardian သတင်းစာကြီးကို မကြားသေးမှီက ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာစစ်အုပ်စုကို ဝင်ငွေ အဓိက ရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့သဘာဝလုပ်ငန်း (MOGE) နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မပြတ်သားတဲ့ ရပ်တည်ချက်က အခြေအနေတွေကို ပိုရှုပ်ထွေးစေပါတယ်။
မြန်မာ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျောက်မျက်ရတနာ၊ ပုလဲနဲ့ သစ်သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်း စတဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအမည်ခံ လုပ်ငန်းတွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပေမဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ အဓိက ဇာတ်ကောင် MOGE ကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။
ယမန်နှစ် ဇန်နဝါရီလက (အမေရိကန်) နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေမှုတွေဟာ အန္တရာယ်သိပ်များတယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အပြင်၊ အထူးသဖြင့် အဓိက ပြသနာကောင်ဖြစ်တဲ့ MOGE လို လုပ်ငန်းတွေနဲ့ အလုပ်တွဲ မလုပ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်မှု လမ်းညွှန်”မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အလားအလာ အကောင်းဆုံးလုပ်ငန်းအဖြစ် ဖော်ပြထားပြန်ပါတယ်။
ဘိုင်ဒင်အစိုးရအနေနဲ့ သူ့ရဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေသူ ဖြစ်နေတာကြောင့် ထိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေးနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး စတဲ့ အရေးကိစ္စနှစ်ခုအကြား ဗျာများနေပုံရတယ် လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘိုင်ဒင်အစိုးရအဖွဲ့အတွင်း စီမံအုပ်ချုပ်ရေးဆိုင်ရာ ဖိအားတွေ ဆက်တိုက် ရှိနေပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း Jeff Merkley၊ Cory Booker၊ Dianne Feinstein၊ Edward Markey နဲ့ Gary Peters စတဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဆီ လိပ်မူပြီး မြန်မာစစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့ အတွက် MOGE ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေး အပါအဝင် အရေးယူပိတ်ဆို့မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ဘိုင်ဒင်အစိုးရကို တိုက်တွန်းပါကြောင်း စာရေးအကြောင်းကြားခဲ့ပါတယ်။
သူတို့က “ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားအောင် အမေရိကန်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အထိရောက်ဆုံး လုပ်ရပ်ကတော့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ လိုက်ဖို့ပဲ ဖြစ်တယ်” လို့ စာထဲမှာ ရေးသားခဲ့တာပါ။
ယမန်နှစ် ဒီဇင်ဘာလမှာ အမေရိကန် အောက်လွှတ်တော်က အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ ( National Defense Authorization Act -NDAA) ကို အတည်ပြုခဲ့ပြီး၊ အဆိုပါဥပဒေထဲမှာ MOGE ကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ဖို့ သမ္မတကို တွန်းအားပေးတဲ့ ဥပဒေပုဒ်မတစ်ရပ်လည်း ပါဝင်ပါတယ်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လွှတ်တော်မှာ မြန်မာစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ထက်ဝက်နီးပါး ရှာဖွေပေးနေတဲ့ မြန်မာ့စွမ်းအင်ကဏ္ဍကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရေး တွန်းအားပေးတဲ့ အစီအမံတွေ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ ဘိုင်ဒင်အစိုးရအဖွဲ့အနေနဲ့ ဒီအခွင့်အာဏာကို ကောင်းကောင်း အသုံးချပြီး ‌ဒေသဆိုင်ရာ မိတ်ဖက်တွေနဲ့ အတူပူးပေါင်းကာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို စစ်ရေးအရ အကြမ်းဖက်နေမှုကို တားဆီးရမှာ ဖြစ်တယ်” လို့ လွှတ်တော် အမတ် Edward Markey က Guardian ကို ပြောကြားခဲ့ပါတယ်။
MOGE အပေါ် ဒဏ်ခတ်မှုကို ပထမဆုံး ပြုလုပ်ခဲ့တာက ဥရောပသမဂ္ဂပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ရင်း၊ MOGE ကို ဒဏ်ခတ်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအရေးယူမှုတွေထဲမှာ MOGE ကို အကျိုးအမြတ် ရရှိစေတဲ့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု အကူအညီတွေကိုပါ တားမြစ် ပိတ်ပင်ထားပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လက အစီရင်ခံစာတွေအရ ဥရောပကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒဗ္ဗလင် အခြေစိုက် ဘူမိနည်းပညာဆိုင်ရာ အင်ဂျီနီယာ အကြံပေးလုပ်ငန်း Gavin & Doherty Geosolutions ဟာ ထိုင်းစွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ PTTEP International ရဲ့ မြန်မာ့ကမ်းလွန် “ဇောတိက‌ ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်း” မှာ အလုပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ် ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီစာချုပ်ကို ဥရောပသမဂ္ဂက MOGE အပေါ် အရေးယူပိတ်ဆို့ကြောင်း မကြေညာခင်မှာ ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ထိုအချိန်က အာဏာသိမ်းထားတာ ခုနစ်လ ရှိနေပြီ ဖြစ်ပါတယ်။ Gavin & Doherty ဟာ အဆိုပါ စာချုပ်နဲ့ သက်ဆိုင်တဲ့အချက်တွေအပြင် နိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စတဲ့ မေးမြန်းစုံစမ်းမှုတွေကို ဖြေဆိုဖို့ ငြင်းဆိုထားပါတယ်။
MOGE ဟာ ဇောတိက စီမံကိန်းရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး စီမံကိန်းမှာ ရရှိသမျှ အမြတ်ငွေတွေဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက်စီးဝင်ပါတယ်။
အခွန်မှတ်တမ်းတွေအရ ကမ်းဝေး ရေအောက်ရေနံရှာဖွေဖော်ထုတ်ရေး ယန္တရားရာဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ ဗြိတိန်အခြေစိုက် Acteon ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Intermoor ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ အကျိုးအမြတ် ရရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်လိုပဲ ဗြိတိန်ရဲ့ အရေးယူမှုတွေဟာ MOGE ကို ဦးတည်ပိတ်ဆို့ခြင်း မရှိသေးတဲ့အပြင် စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ဆောင်နေမှုများကို ထိရောက်စွာ တားမြစ်နိုင်ခြင်းလည်း မရှိပါဘူး။
Diamond Offshore Drilling ရဲ့ မြန်မာ့အခွန်ဌာနကို ပေးပို့တဲ့ အစီရင်ခံတွေအရ ၄င်းကုမ္ပဏီဟာ Posco International ကိုယ်စား Intermoor ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဝန်ဆောင်ခ အခကြေးငွေတွေ ထပ်ခါတလဲလဲ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်မှာ Intermoor က တရားဝင်ကြေညာ လုပ်ကိုင်ခဲ့တဲ့ “ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း” ကို ယခုအခါ Posco international က ဦးဆောင်လည်ပတ်နေတာ ဖြစ်ပါတယ်။ MOGE ဟာ “ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း” မှာ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ထားပြီး၊ ဒီစီမံကိန်းကနေ မြန်မာစစ်ကောင်စီအတွက် အခွန်နဲ့ အခကြေးငွေ အမြောက်အများကို ရှာဖွေပေးနေပါတယ်။
၂၀၂၁ ကနေ ၂၀၂၂ အတွင်း မြန်မာနိုင်ငံမှာ Intermoor က ဝန်ထမ်းတွေ ရှိနေတယ်လို့ Justice For Myanmar ကို သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားပြီး Guardian ကလည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ Intermoor နဲ့ ၎င်းရဲ့ မိခင်ကုမ္ပဏီ Acteon Group တွေက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပညာရှင် တွေကတော့ ယခုလို MOGE ကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ အမေရိကန်နဲ့ ဗြိတိန်တို့က တွန့်ဆုတ်နေစဥ်မှာပဲ၊ “မြန်မာနိုငိငံရဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကတော့ ဥပဒေကြောင်းအရ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်ကို အရဲကိုး ရင်ဆိုင်ရင်း ဆက်လက်လုပ်ကိုင်နေကြဆဲပါပဲ” လို့ ပြောနေကြပါတယ်။
ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ Earthrights က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ဥပဒေအကြံပေး အဖြစ် လုပ်ကိုင်နေသူ Ben Hardman က
“ရေနံလုပ်ကွက် ဝန်ဆောင်မှု ကုမ္ပဏီတွေဟာ နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေနဲ့ အလုပ်လုပ်နေရုံ သာမကဘဲ မြန်မာစစ်တပ်က မောင်ပိုင်စီး ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမည်ခံ MOGE နဲ့ တွဲဖက်လုပ်ကိုင်ရင်း မြန်မာ့စစ်အာဏာရှင်တွေကို ပံ့ပိုးနေကြတာ ဖြစ်တယ်။ ဒီကုမ္ပဏီတွေက သူတို့ရဲ့ စာရင်းရှင်းတမ်းနဲ့ ငွေတောင်းခံလွှာကို တင်ပြအပြီးမှာတော့ မြန်မာစစ်ကောင်စီက သူတို့ရဲ့ အစုရှယ်ယာအတွက် ပြန်ခွဲဝေပေးတယ်ဆိုပေမဲ့၊ ဒီလိုကုမ္ပဏီတွေရဲ့ ထောက်ပံ့မှုကြောင့်ပဲ စစ်တပ်ဟာ သဘာဝဓတ်ငွေ့က ရတဲ့ဝင်ငွေတွေကို MOGE ကတဆင့် ထိန်းချုပ်ပိုင်ဆိုင်ခွင့် ရရှိနေတာပဲ ဖြစ်တယ်”။
“တကယ်လို့သာ ဒီကုမ္ပဏီတွေဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကဆိုရင် သူတို့အနေနဲ့ MOGE အပေါ် ချမှတ်ထားတဲ့ EU ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်မှုအတွက် ပြင်းထန်တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သူတို့တင် မဟုတ်ပါဘူး၊ အမေရိကန်နဲ့ ဗြိတိန် ကုမ္ပဏီတွေလည်း အလားတူ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့အစိုးရတွေက MOGE ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် ဖြစ်တယ်” လို့ ဆိုပါတယ်။ 
 
(Guardian သတင်းစာကြီးတွင် ဖေဖော်ဝါရီ ၁ ရက် နေ့က ဖော်ပြထားသော Dominic Rushe၊ Nick Mathiason၊ Diarmid O’Sullivan တို့၏ “How world’s biggest fossil fuel firms profited in Myanmar after coup” ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ 
 

 
ဆက်ဖတ်ရန် →
 🔴 “ရောင်နီလာရာလမ်း”  $164,364 ရရှိ

🔴 “ရောင်နီလာရာလမ်း” $164,364 ရရှိ

“ရောင်နီလာရာလမ်း” in Toronto, 11 Feb 2023 Saturday

ဒါရိုက်တာ ကိုပေါက်ရဲ့  နွေဦးတော်လှန်ရေး ၂ နှစ်တာကာလ ဖြတ်သန်းမှု မှတ်တမ်း “ရောင်နီလာရာလမ်း” တော်လှန်ရေး ရုပ်ရှင် ပွဲတော်နှင့် အာဏာသိမ်း (၂) နှစ်ပြည့် ရှုံ့ချပွဲ မှာ volunteer များ ရဲ့ United Bonds/ EOD/ Spring Bliss Housing Apartments များရောင်းချပေးခြင်း၊ မြန်မာအစားအစာများ ရောင်းချပေး ခြင်းအပြင် Han Lay (Miss Grand Myanmar 2020) နှင့် Generation-Z တို့မှ စေတနာရှင်များ လှူဒါန်းထားတဲ့ စိန်လက်စွပ်၊ ပယင်းဆွဲကြိုး၊ စောင်းကောက်နှင့် မြန်မာ့ရုပ်သေး တို့ကို လေလံတင်ရောင်းချ ပေးခဲ့ရာမှာ ရရှိတဲ့ Total Fundraised in CA$ 164,364 ဖြစ်ပါကြောင်းနှင့် အလှူရှင်များရဲ့ နာမည်နဲ့ အသေးစိတ်စာရင်း ကို မကြာခင်ဆက်လက်ကြေငြာပေးမည် ဖြစ်ပါကြောင်း (မှတ်ချက်။ Bond/ EoD/ Housing ဝယ်ယူသူအမည်များကိုတော့ privacy & security reason ကြောင့် နာမည်ကြေငြာပေးမည်မဟုတ်ပါ) 

Movie Ticket Sales: $ 4375
Auction: $ 3,100
Donation from Food Vendors:$1,300
Cash donation:$ 1,050
Raffle: $ 6,640
United Bond: $680
EOD (မြေကွက်) $ 16,200
EOD အိမ်ယာ/ Apartments: $ 131,019

TOTAL $ 164,364

*** ရံပုံငွေရှာဖွေပွဲအတွက် ပံပိုးပေးခဲ့သော Event Hall Sponsor များ
***အိမ်ယာများ ရောင်းချရာမှာ တော်လှန်ရေးအောင်ချင်စိတ်ဖြင့် ဝယ်ယူအားပေးခဲ့ကြသည့် မြန်မာပြည်ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ၊ ကူညီရောင်းချပေး/ ငွေကောက်ခံပေး ခဲ့သည့် volunteer များ၊ ‌movie ticket/ raffle ticket များကူညီရောင်းချပေးခဲ့သူ များ နှင့် ဝယ်ယူလှူဒါန်း.ပေး.ခဲ့သူများ / Prize Donor များ/ ရုပ်ရှင်ကြည့်သူများ အစာပြေစားသောက်ရန် အစားအစာ လာရောက်ရောင်းချပေးရင်း ရံပုံငွေ ရှာပေးခဲ့သူများ/ လေလံ‌တင် ရောင်းချပွဲမှာ အားတက်တရော ကူညီပေးခဲ့တဲ့ Miss Han Lay နှင့် Generation-Z volunteer များ/ အာဏာသိမ်း မအောင်မြင်မှု (၂) နှစ်ပြည့် ရှုံ့ချပွဲမှာ တော်လှန်သူ သူရဲကောင်းများအတွက် ဂုဏ်ပြု သီချင်းများ ဖြင့် ဖျော်ဖြေပေးခဲ့တဲ့ Daniel Lwin ၊ ရုပ်ရှင်ကြည့်ရင်းတော်လှန်ခဲ့ကြသူများနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#ရောင်နီလာရာလမ်း
#အာဏာရှင်နိဂုံး၂၀၂၃
#mefcanada_fundraising
#DirectorKoPauk



ဆက်ဖတ်ရန် →
Burmese army set fire to 4 villages, burning more than 400 homes in Katha Township

Burmese army set fire to 4 villages, burning more than 400 homes in Katha Township

The army set fire to 4 villages, burning more than 400 homes in Katha Township. The monastery The army burned down the entire school.

Yangon, February 13  Khit Thet Media

Sagaing Division Katha Township Residents of Katha told the Yangon Modern News Agency that when the army set fire to 4 villages, more than 400 public homes were destroyed.
Starting on February 11th, the army column moved to Maeng Ngi Village. Tatu Field Village Thayagone Village, It is reported that more than 400 houses were destroyed when the army set fire to Ingyi Village.
"On the evening of February 11, the army burned 50 houses in Maeng Ngi village. On February 12, the army set fire to 20 houses in the village of Tatu Lae Apa Su village. On the same day, the army set fire to 30 houses in Thayar Gone Village and 300 houses in Ingyi Village, where Ingyi District Hospital is located. That totaled more than 400 houses," said a local resident.
The army has said that they will burn Phaedbo village as well, and all the people of the villages have fled. In burning villages, monasteries, It is learned that schools are being set on fire by the army.
An official of Katha Township Public Defense Force said, It is said that the army and the PDF troops are frequently fighting near the villages and the army is continuously burning the villages.
"On February 9th, at 11:00 a.m., the PDF attacked the war dogs that came out of Ngao village in Lwin Kyin near Nat Ren, Pyu Dang Lai Village. On February 11, there was another battle in the bamboo forest near Maeng Ngi Village. At night, the war dogs that entered Maeng Ngi Village set the village on fire. On February 12, they set fire to Tatu Le Village again.
People's homes in Thay Kone village were destroyed and burned. In the evening, a column arrived at Ingyi village and destroyed the Ooredoo tower. The school burned down. People's homes are burned down. All the people are fleeing," said the PDF official.






ဆက်ဖတ်ရန် →
ကုလသမဂ္ဂ အဆောက်အအုံ ထဲသို့ ယခုထိ ဝင်ခွင့်မရသေးပဲ တာလီဘန်တို့ နှင့် တတန်းစားတည်း ဆက်ဆံခံနေကြရသည့် အဖွဲ့

ကုလသမဂ္ဂ အဆောက်အအုံ ထဲသို့ ယခုထိ ဝင်ခွင့်မရသေးပဲ တာလီဘန်တို့ နှင့် တတန်းစားတည်း ဆက်ဆံခံနေကြရသည့် အဖွဲ့

လှုပ်လေ မြုပ်လေ
****************
စစ်အာဏာသိမ်း အဖွဲ့သည် နှစ်နှစ်သာ ပြည့်လာသော်လည်း မည်သည့် ကဏ္ဍတွင်မှ ခရီး မပေါက်ပဲ ဖြစ်လာနေရသည့် အတွက် မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် ကြံရာမရ ဂမူးရှုးထိုး ဖြစ်လာကြကာ အရေးပေါ် အခြေအနေ ကို နောက်ထပ် ၆ လ မျက်နှာပြောင်တိုက်ကာ သက်တမ်း တိုးလာခဲ့ရပြီ ဖြစ်သည်ဟု Eurasia Review အွန်လိုင်း စာစောင်တွင် ဆောင်းပါးရှင် Nava Thakuria က ရေးသားခဲ့သည်။ 
ထိုမျှမကသေး မြို့နယ်ပေါင်း ၃၇ မြို့နယ်အား မာရှယ်လော ကျေညာပြီး တော်လှန်ရေး အင်အားစုများ နှင့် ပြည်သူ များ အပေါ် ရက်စက်စွာ ပြုကျင့်ရန် စိုင်းပြင်းလာကြသည်၊ ထို့ပြင် လေကြောင်းမှ တိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်လာနေပြီ ဖြစ်သည်။ 
၎င်းတို့ အတွက် ထောက်ခံမှု ရနေသည်က ရုရှား နှင့် တရုတ်လက်နက်များသာ ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားခဲ့သည်။
ယခင်ကလို ရေငုံ နှုတ်ပိတ် နေ၍ မရတော့ပဲ ကြုံလျှင် ကြုံသလို မ‌အောင်မြင်ရသည့် အကြောင်းများကို အခြားသူများ အား လွှဲချသည့် နည်းမျိုး ဖြင့် ဝါဒ ဖြန့်နေရပြီ ဖြစ်သည်။
၎င်းတို့အား “သစ္စာခံမည်” ‘ဟု ယူဆရသော ပျုစောထီး အမည်ခံ လူမိုက်များကိုပင် ဖြစ်ချင်ရာဖြစ်ဆိုကာ လက်နက်များ တပ်ဆင်ပေးလာပြီ ဖြစ်၍ တော်လှန်ရေး အင်အားစုများ အတွက် အလှုဒါနများ အဖြစ် ကူးပြောင်းသွားဖို့သာ ရှိပေသည်။ ထိုအရေးအား နိုင်ငံတကာ မှ စိုးရိမ်တကြီး ဖြစ်လာနေသည်ဟု လည်း ရိုက်တာ သတင်းတွင်အကျယ်တဝန့် ဖေါ်ပြထားသည်။
တကယ်တမ်း မင်းအောင်လှိုင် နှင့် အဖွဲ့၏ ထိုသို့သော ဂမူးရှုးထိုး လုပ်ရပ်များသည် ၎င်းတို့အပေါ် အနည်းငယ်မျှ ကျန်ကောင်း ကျန်နိုင်သေးသည့် နိုင်ငံတကာ၏ စိတ်ရင်းစေတနာကောင်း residual goodwill ကို အပြီးအပိုင် ရိုက်ချိုးလိုက်ခြင်းသာ အဖတ်တင်သွားခဲ့ရသည်။
၎င်းတို့အားလည်း နိုင်ငံတကာ မှ ကဒါဖီ၊ ဆက်ဒမ် ဟူစိန် ကဲ့သို့ သော လူမိုက်များ၏ နောက်တိုး အဖွဲ့ဟု ရှမြင်သွားကြပြီ ဖြစ်သည်၊ ဆက်ဆံလိုသူ အားလုံး နောက်တွန့်ကုန်ကြရသည်။
၎င်းတို့ အတွက် သေရေး ရှင်ရေး တမျှ အရေးတကြီး ဖြစ်လာနေပြီ ဖြစ်၍ ကုလ သမဂ္ဂ၊ အာဆီယံ တို့၏ တောင်းဆိုချက်များကို လားလားမျှပင် ဂရုစိုက် နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ ကုလသမဂ္ဂ အဆောက်အအုံ ထဲသို့ ယခုထိ ဝင်ခွင့်မရသေးပဲ တာလီဘန်တို့ နှင့် တတန်းစားတည်း ဆက်ဆံခံနေကြရသည့် အဖွဲ့လည်း ဖြစ်သည်။
ပြည်သူများကလည်း ရှေ့လျောက် ထိုသို့သော လူမိုက်များ၏ အနိုင်ကျင့် ဗိုလ်ကျ လာမှု များအား ခုခံ တွန်းလှန်နိုင်ရန် နည်းမျိုးစုံ ဖြင့် ပြင်ဆင်လာနေကြပြီ ဖြစ်သည်။ အားလုံး အတွက် ရန်ငါ ပြတ်ရမည့် နောက်ဆုံး တိုက်ပွဲကြီးဟု ခံယူလာကြပြီ ဖြစ်သည်။ ဤသည်က မဖြစ်မနေ ရင်ဆိုင်ရတော့မည့် ပကတိ အမှန်တရားပင် ဖြစ်သည်။
ယခုအခါ ပြည်သူ့တော်လှန်ရေး အင်အားစုများ ဒရုန်း နည်းပညာ များ အသုံးပြု၍ စစ်တပ်၏ လေကြောင်း အသာစီးရထားမှုကို အံတု လာနိုင်ပြီး တိုက်ပွဲများ တွင် လေကြောင်း ပစ်ကူ ပေးလာနိုင်သည့် အဆင့် အထိ ရောက်လာပြီဟု စင်္ကာပူ ၏ ChannelNews Asia မှ ဆောင်းပါးရှည်ကြီး ဖြင့်ပင် တခမ်းတနား ဖေါ်ပြလာခဲ့ပြီ ဖြစ်သည်။
လောလောဆယ်တွင် အွန်လိုင်းမှ ဒေါ်လာ တထောင် ခန့် လောက်နှင့် ဝယ်ယူ၍ ရသော အရပ်ဖက်သုံး တရုတ်လုပ် DJI ဒရုန်းများ အသုံးပြုနေရသေးသည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသော်လည်း မိမိအမြင်အရ မူ နောက်ပိုင်း တွင် အမေရိကန်၏ နည်းပညာ အကူအညီများ ပို၍ ရရှိလာသည်နှင့် အမျှ အမြင့်ပျံ ရာသီဥတု ဒဏ်ခံနိုင်သည့် ဒရုန်းများ ဖြင့် တိုက်ခိုက်မှုများ ပို၍ အစွမ်းထက် လာတော့မည် ဖြစ်သည်။ အမေရိကန်ကလည်း သူတို့၏ ခြေရာလက်ရာများ ဖျောက်ထားနိုင်သည့် နည်းလမ်းမျိုး ဖြင့် ကူညီပေးလာမည်က မလွဲဧကန်ပင် ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှလည်း နိုင်ငံ အနှံ အုပ်ချုပ်ရေး ကို အခိုင်အမာ တည်ဆောက်လျှက် ရှိနေပြီး တနိုင်ငံလုံးရှိ မြို့နယ် စုစုပေါင်း ၏ တဝက်နီးပါးတွင် မြို့ပြအုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်း တည်ထောင်ပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်လာခဲ့သည်ကို တွေ့ရသည်။ မင်းအောင်လှိုင် နှင့် အဖွဲ့သည် တန်ပြန်ဝါဒ ဖြန့်သည့် အနေဖြင့် တနိုင်ငံလုံး သာသာယာယာ ရှိနေကြောင်း အခမ်းအနား ပေါင်းစုံ ပြုလုပ်ရင်း မအားလပ်နိုင်အောင် ဖြစ်နေရသည်။
အီကော်နော်မစ် မဂ္ဓဇင်းကြီးကား မင်းအောင်လှိုင်သည် မည်မျှပင် ရက်စက် ကြမ်းကြုပ်သော နည်းလမ်း ဖြင့် နှိမ်နှင်းရန် ကြိုးပမ်းလာစေကာမူ နောက်ဆုံးတွင် မြန်မာပြည်တွင် ဒီမိုကရေစီ မလွဲမသွေ ဖြစ်ထွန်းလာလိမ့်မည်ဟု ဟောကိန်းထုတ် ရေးသားလာခဲ့သည်။ ၎င်းကြောင့် မြန်မာပြည်တွင် လွန်စွာ ပြင်းထန်သည့် ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့်များ အတွက် မိမိတို့ အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးကြတော့သည့် တွန်းထိုး ရုန်းကန်မှုကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုခေတ်သည်  အကျင့်ပျက် ကိုယ်ကျိုးရှာ အာဏာရှင် တယောက် အဖြစ် ယခင်ကလို ရေရှည် ရပ်တည်သွားဖို့ အခြေအနေများ မပေးတော့ ဟု လည်း ပါရှိသည်။
အာဏာရှင် အဆက်ဆက် သည် ၎င်းတို့ အတွက် တခါဖူးမျှ ကောင်းကျိုးကို ဆောင်ကျဉ်း ပေးခဲ့ခြင်း မရှိကြောင်း နှစ်ပေါင်း ငါးဆယ် လုံးလုံး သက်သေထူခဲ့ပြီး ဆိုသည်ကို ပြည်သူများ ကောင်းစွာ သဘောပေါက် နေကြချိန်တွင် သေချင်တဲ့ ကျား တောပြောင်းဆိုသကဲ့သို့ မင်းအောင်လှိုင်က ထ၍ အာဏာသိမ်းခဲ့ခြင်း ဖြစ်၍ သူ့အဖို့ ကံဆိုးမိုးမှောင် ကျသွားခဲ့ရပေတော့သည်။
ယခုအခါ အလိမ်အညာ ရွေးကောက်ပွဲမျိုး ဖြင့် ၂၀၁၀ ကဲ့သို့ အမည်ခံ အရပ်သား အစိုးရမျိုး တည်ထောင်ပြီး ထွက်ပေါက် ရှာရန် စိတ်ကူးယဉ်နေဆဲပင် ဖြစ်သည်၊ သူ၏ စိတ်ကူးယဉ်မှု လက်တွေ့ ဖြစ်လာရန်လည်း မြင့်မိုရ်တောင်ကို ဆီးသီး နှင့် ပေါက်သလို တနေ့တခြား ကြီးမားလာနေသော တော်လှန်ရေး အရှိန်အဟုန် ကို ရုရှား နှင့် တရုတ်လုပ် တိုက်လေယာဉ်များ နှင့် ဟန့်တားရန် ကြံစည်နေဆဲပင် ဖြစ်သော်လည်း လှုပ်လေ မြုပ်လေ အနေအထားကိုသာ တွေ့လာနေရပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ
Illustration Credit  - The Economist





ဆက်ဖတ်ရန် →
ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။ 
"ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 
စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘုန်းကြီးကျောင်း၊ စာသင်​ကျောင်းများကိုပါ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ကသာမြို့နယ်၊ ကျေးရွာများအနီးတွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။ 
"ဖေဖော်ဝါရီ ၉  ရက်နေ့ မနက် ၁၁ နာရီမှာ ငအိုးမှထွက်လာတဲ့ စစ်ခွေးတွေကို ပျဥ်ထောင်လေးကျေးရွာအုပ်စု နတ်ရေတွင်းအနီး လွင်ကြီးကွင်းမှာ PDF  က တိုက် ခိုက်ပါတယ်။  ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မယ်ငိုရွာအနီး ဝါးခုတ်တောတွင် ထပ်မံတိုက်ပွဲဖြစ်ပါတယ်။  ညအချိန်တွင် မယ်ငိုရွာထဲဝင်နေတဲ့ စစ်ခွေးတွေက ရွာကို မီးတင်ရှို့တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တက်တူလယ်ရွာကို မီးထပ်ရှို့တယ်။  သာယာ ကုန်းကျေးရွာရှိ  ပြည်သူနေအိမ်တွေကို ဖျက်ဆီးမီးရှို့တယ်။  ညနေပိုင်းမှာ အင်းကြီးရွာကို စစ်ကြောင်း တစ်ခု ရောက်လာပြီး  Ooredoo တာဝါတိုင်ကို ဖျက်ဆီးတယ်။ စာသင်ကျောင်းမီးရှို့တယ်။  ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပါတယ်။ ပြည်သူတွေအားလုံးထွက်ပြေးနေရပါတယ်" ဟု ကသာ PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

 




ဆက်ဖတ်ရန် →
နိုင်ငံကူးလက်မှတ် လိုအပ်သူများ နေပြည်တော်ရှိ အဘကိုလိပ်မူ၍ သနားခံစာ တင်ကြရ

နိုင်ငံကူးလက်မှတ် လိုအပ်သူများ နေပြည်တော်ရှိ အဘကိုလိပ်မူ၍ သနားခံစာ တင်ကြရ

ကီရာ မဇ္ဈိမ
နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် နေပြည်တော် အမှတ် (၁၀)ရုံးသို့ လိပ်မူ၍ အသနားခံစာ တင်ရသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သိရသည်။
ထိုသို့ အသနားခံစာတင်ရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ရန် စောင့်နေရသူများနှင့် နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ရန် ၎င်းတို့သတ်မှတ်ထားသည့် QR ရရှိထားသူများသည်လည်း အသနားခံစာတင်နိုင်သည်ဟုလည်း သိရသည်။
ထို့အပြင် ကျန်းမာရေးကြောင့် ပြည်ပထွက်ရန် လိုအပ်သူများနှင့် ကျောင်းကိစ္စရပ်များကြောင့် ပြည်ပထွက်ရန် လိုအပ်သူများသည်လည်း အသနားခံစာရေး၍ နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် တောင်းဆို လျှောက်ထားကြသည်ဟုလည်း သိရသည်။
အသနားခံတောင်းဆိုလွှာနှင့်ပတ်သက်၍လည်း 
" အဘဥက္ကဌကြီးအား အသနားခံစာ တင်ပြအပ်ပါသည်။ ဤစာသည် ဒုတိယအကြိမ် တင်ပြခြင်းဖြစ်ပါသည်။  ပထမအကြိမ် အသနားခံစာကိုလည်း ပူးတွဲတင်ပြအပ်ပါသည်။ ကျေးဇူးပြု၍ သမီးစာအုပ်အားထုတ်ယူခွင့်ပြုရန် အဘဥက္ကဌကြီးအား လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်"ဟု ရေးသားထားသည့် အသနားခံစာပုံစံနမူနာသည်လည်း နိုင်ငံကူးလက်မှတ်ဂရုတွင်လည်း ပျံနှံလျက်ရှိနေသည်ကိုလည်း တွေ့ရသည်။
နိုင်ငံကူးလက်မှတ်ရုံးများကို ၂၀၂၂ခု နှစ် ဒီဇင်ဘာလလယ်တွင် အကြောင်းပြချက်အတိအကျမရှိဘဲ စတင်ယာယီပိတ်သိမ်းခဲ့ပြီး ဇန်နဝါရီ လကုန်တွင် လျှောက်ထားမှုလုပ်ငန်းစဉ်အသစ်တစ်ခုဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက VOAကို ပြောထားခဲ့သည်ကိုလည်း တွေ့ရသည်။
သို့သော် လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရုံးများကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း အသနားခံစာဖြင့် တောင်းဆိုလျှောက်ထားသူများကို နိုင်ငံကူးလက်မှတ်စာအုပ်များ စိစစ်ထုတ်ပေးနေသည်ဟု သိရသည်။
အသနားခံစာတင်သော်လည်း နိုင်ငံကူးလက်မှတ်ရသူလည်းရှိသလို မရသူများလည်းရှိသည်ကို မဇ္ဈိမကစုံစမ်းစစ်ဆေးမှုတွင်တွေ့ရသည်။



ဆက်ဖတ်ရန် →
ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် ပစ်သတ်ခံရ

ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် ပစ်သတ်ခံရ

MFP ၊ ဖေဖော်ဝါရီ - ၁၂


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ (၁၀) ရက်  ညနေပိုင်းက ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သေဆုံးသူဟာ ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးတပ်၊ စခတ (၈) မှာ  ၂၀၁၆-၂၀၁၇ အထိ တပ်မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကိုကိုကြီး(ငြိမ်း) ဆိုသူ ဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ ပစ်သတ်ခံရခြင်း ဖြစ်ကာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ရွှေဘိုမြို့  အမှတ် (၄) ရပ်ကွက်နေ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကြီး (၅၅) နှစ်ကို ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာသူတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားပြီး ဦးကိုကိုကြီးမှာ သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။ 
စစ်ဗိုလ်မှူးကြီးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းလာနိုင်လို့ အများပြည်သူ အနေနဲ့  စစ်အုပ်စုနှင့် ဝေးဝေး နေကြဖို့ တော်လှန်ရေး အင်အားစုတွေ ကိုယ်စား မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို





ဆက်ဖတ်ရန် →
ပြင်ဦးလွင်-မိုးကုတ်လမ်းအနီး ၂၅ ကောင်မြေခ

ပြင်ဦးလွင်-မိုးကုတ်လမ်းအနီး ၂၅ ကောင်မြေခ

ပြင်ဦးလွင်-မိုးကုတ်လမ်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦး ကျဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်


ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် စစ်ကောင် စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် မန္တလေး PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှ စတင်၍  ပြင်ဦးလွင်- မိုးကုတ် လမ်း ဒိုပင်းကျေးရွာနှင့် လုံးခန်း ကျေးရွာ အနီးတွင် PDF တပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် အနီးအနား ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ် းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 
 
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော် ဝါရီလ ၁၀ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့်  တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊  မြေပြင်တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားသည့်အပြင် စစ်ကောင်စီက  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ လည်းကောင်း ၊တိုက်လေယာဉ်များကို အသုံးပြု၍ ၃ ကြိမ်တိုင်တိုင် လေကြောင်းပစ်ကူပေး၍လည်းကောင်း ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။ 


တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ  ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအချိန် ၆ နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော်စစ်နိုင် နှင့်  ရဲဘော် ဖိုးဝ တို့ ကျဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။


ဆက်ဖတ်ရန် →
🟢 ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကျရှုံးခဲ့တယ်လို့ ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင် ဝန်ခံ၊ နိုင်ငံအတွက် ရင်လေးတယ်လို့ ပြော

🟢 ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကျရှုံးခဲ့တယ်လို့ ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင် ဝန်ခံ၊ နိုင်ငံအတွက် ရင်လေးတယ်လို့ ပြော


လွေးထွေး၊ ရွှေဖီမြေ
ဖေဖော်ဝါရီ ၁၂ ရက်၊ လားရှိုး
၂၀၂၂ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ကျရှုံးခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်တာဟာ ပြည်တွင်း ပြည်ပတွေရဲ့ နှောက်ယှက်မှုတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သက်ဆိုင်ရာတွေက နိုင်ငံနဲ့ပြည်သူ့အကျိုး၊ ပြည်သူ့ လိုအပ်ချက်တွေ စဉ်းစားပြီး မလုပ်ဆောင်ပေးလို့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံးမှာဖြစ်ပြီး နိုင်ငံအတွက် ရင်လေးတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက ငြိမ်းချမ်းရေး ကြိုးပမ်းတာ ကျရှုံးခဲ့တယ်လို့ ဝန်ခံတဲ့အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က "တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို NUG, PDF က ထိန်းချုပ်ထားပြီ။ ဒါကြောင့် တိုင်းပြည်ကို ထိန်းသိမ်းနိုင်စွမ်း ကုန်ဆုံးနေပြီဆိုတာကို ဝန်ခံလိုက်တာ။ အဲ့ကြောင့် ဟိုပြည်သူ၊ ဒီပြည်သူ၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လိုက်ပြီး လက်ညိုးထိုးနေတာ" လို့ ပြောပါတယ်။
တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်က တိုင်းပြည်ကို မကာကွယ်ဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံနဲ့ လုပ်နေကြတယ်ဆိုတာကို ပြည်သူတွေက သိပြီးသား ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတုအယောင် ဖိတ်ခေါ်မှုတွေ၊ တိုင်းရင်းသားတွေနဲ့ အတုအယောင် ဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ လုပ်စရာ မရှိပါဘူး" ဆိုပြီး ပြောပါတယ်။
စစ်ကောင်စီက လက်ရှိ ၎င်းရဲ့ပိုင်ဆိုင်မှု၊ မိသားစုတွေ၊ ကိုယ်ကျိုးတွေ ထိခိုက်လာနေပြီဆိုတာကို သိနေလို့ နိုင်ငံအပေါ် ရင်လေးတယ်လို့ ပြောဆိုတာဟာ မဆန်းဘူးလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေး ဦးဆောင်တဲ့ ကော်မတီတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးဟာ ရပ်တန့်သွားရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာတွေထဲ ရေးသားဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးတဲ့အဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကလည်း အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် ရည်မှန်းချက်တူညီတဲ့ တိုင်းရင်းသားပြည်သူတို့နဲ့ လက်တွဲ အကောင်အထည်ဖော်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း သဝဏ်လွှာထဲ ရေးသားထားပါတယ်။
#စစ်ကောင်စီ #ပြည်ထောင်စုနေ့ #ငြိမ်းချမ်းရေး
#ဓာတ်ပုံ- Google


ဆက်ဖတ်ရန် →
စောက်ပု က မပျင်းရဖူး

စောက်ပု က မပျင်းရဖူး

🟢 EAO တွေရဲ့ လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော 
မိုင်းရူပ၊ ရွှေဖီမြေ
ဖေဖော်ဝါရီ ၁၁ ရက်၊ လားရှိုး
​တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO)တွေရဲ့ ​လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေ​ဖော်ဝါရီ ၉ ရက်မှာ စစ်ခေါင်းဆောင်က လက်နက်ပေါင်း (၁၇,၆၉၀)ကျော်၊ ဗုံးနဲ့ လက်နက် (၂၇,၂၀၀)ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ EAO နဲ့ နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ လက်နက်တွေဖြစ်ပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ဖြစ်ကြောင်း အတိအကျ ပြောဆိုထားတာ မရှိပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်နဲ့ PDF တွေရဲ့ နိုင်ငံရေး သဘောထား တူညီမှုမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေဟာ ဒီမိုကရေစီကို အကြမ်းဖက်နည်းနဲ့ လုယူနေတာကို တွေ့မြင်နေရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အကြမ်းဖက်မှု လျော့နည်းအောင် အရေးပေါ်ကာလ သက်တမ်း ၆ လအတွင်းမှာ ကိုင်တွယ်ဖြေရှင်းမယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
#လက်နက် #ဖမ်းမိ #စစ်ကောင်စီ #EAO
#ဓာတ်ပုံ- Google


ဆက်ဖတ်ရန် →
၁၂ရက် - ၄၅ကောင်( ဒွမ် )

၁၂ရက် - ၄၅ကောင်( ဒွမ် )

 ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂  ခေတ်သစ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CNA တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CNA ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CNA တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CNA ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CNA တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အ ကြမ်းဖက် စစ်တပ်မှ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် CNA တပ်မဟာ နယ်မြေ -၄ အတွင်း၌ CNA နှင့် CDF- Hualngoram ရဲဘော်များက ရိက္ခာသယ်ယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ZRA တပ်ဖွဲ့က  Laitui ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပြီး ZRA ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးကာ ၂၂ ဦးကျော်ဒဏ်ရာရရှိ ခဲ့ပြီး သေနတ်အလက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ CNA ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ စစ်ရ ဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ ဗျူ ဟာ ကုန်းမှလည်း ထန်တ လန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။


ဆက်ဖတ်ရန် →
ကုန်တင်ယာဥ်များကို ငွေတောင်းသည့် တပ်ကြပ်ကြီးတစ်ဦး ငွေအတုလက်ခံထားမိရာမှ ဖမ်းဆီးခံရ

ကုန်တင်ယာဥ်များကို ငွေတောင်းသည့် တပ်ကြပ်ကြီးတစ်ဦး ငွေအတုလက်ခံထားမိရာမှ ဖမ်းဆီးခံရ



ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံနေသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တစ်ဦး ငွေစက္ကူအတုများနှင့် ဖမ်းဆီးခံရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် ပေါင်းတည်မြို့နှင့် အုတ်ဖိုမြိုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်က ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံရာတွင် လက်ခံထားမိသည့်ငွေမှာ ငွေအတုဖြစ်နေ၍ ဖမ်းဆီးခံရတာဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။
“တပ်ကြပ်ကြီးက ပဲခူးမှာဆိုင်ကယ်သွားဝယ်ရင်း တစ်သောင်းတန်ငွေအတုတွေ ပါလာလို့ ဆိုင်က ရဲစခန်းဖုန်းဆက်လိုက်တာ ပြီးမှ စစ်တပ်က တပ်ကြပ်ဖြစ်နေတယ် ရဲစခန်းကတော့ ခေါ်သွားတာပဲ အမှုကို ဘယ်လိုလုပ်မလဲ မသိဘူး”ဟု ပြောသည်။
ပေါင်းတည်မြို့ သပြေကုန်းဂိတ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ညမထွက်ရအမိန့်နှင့် အတူ ယာဥ်စစ်ဆေးမှုများကို ပြုလုပ်စဥ် ငွေကြေးတောင်းခံမှုများ လုပ်ခဲ့ရာတွင် အဆိုပါ ငွေအတုမှာ ပါဝင်လာခြင်းဖြစ်ကြောင်း  အဆိုပါတပ်ကြပ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဲ့ဒီပိုက်ဆံက ဘယ်သူပိုက်ဆံလဲဆိုတော့ တပ်ကြပ်က  ကျနော်ပိုက်ဆံတဲ့ ငွေအတုဆိုတော့ မဟုတ်ဘူး လစာထဲက ပါတာလို့ ထွက်ဆိုသေးတယ် တပ်ရေးဗိုလ်ကြီးက ထထိုးတော့မှ ကားတွေဆီက ပိုက်ဆံတောင်းတာမှာ ပါလာတာမှန်း ပေါ်တာ”ဟု ပြောသည်။
ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်၊ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါက်ခေါင်းမြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည်။
CJ platform 


ဆက်ဖတ်ရန် →
မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီး​​
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယ​နေ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး​နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ပြေးနေရတာ အဝေးကနေပဲ လှမ်းကြည့်နေရတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။



ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်‌မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက ရွာလုံးကျွတ် မီးတင်ရှို့ကြောင်း၊ ယင်းနောက် တင့်တယ်ကျေးရွာသို့ ဝင်ရောက်လာပြီး မီးတင်ရှို့လျက်ရှိရာ ယနေ့ညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနိုင်ခြေရှိကြောင်း ဒေသပြည်သူများက ပြောသည်။ 
"ပြည်သူတွေအားလုံးကတော့ ထွက်ပြေးနေရတယ်။ တင့်တယ်ရွာက မီးခိုးလုံးတွေတက်နေတာ တစ်နေကုန်ပဲ။ တစ်ရွာလုံးကုန်ပြီ ထင်ပါတယ်။ သီးလုံးကျေးရွာမှာရှိတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ရှို့နေကြတာ။ အခြေအနေဆိုးပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 
လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသော ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို အသေးစိတ်  မသိရှိရသေးကြောင်း‌ ဒေသပြည်သူများက ဆိုကြသည်။











ဆက်ဖတ်ရန် →
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိပြီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်" ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။ 
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး  သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ကြောင်း သိရှိရသည်။ 
 
သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။
အပတ်စဉ် ၄ သင်တန်းကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ  (သုံးလ) သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။ 
 
သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →