နောက်ဆုံးရ
အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ အထက်ပါ စကားကို ထိုင်း နိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုင်း-မလေးရှား ကုန်သည်ကြီး များ အသင်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ အာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ရပ်တန့်ရန် ဖိအားပေး’နိုင်မည့် အစီအစဉ်အသစ်များ ချမှတ်ရန် လို‌အပ်လာနေပြီဟု ပြတ်ပြတ်သားသား တောင်းဆိုသွားခဲ့ပြန်သည်။
မြန်မာသည် မိမိတို့ နိုင်ငံ နှင့် ကိုက်ညီမည့် ကိုယ်ပိုင် ပြည်တွင်းမူဝါဒ များ နှင့် ဦးစားပေး အစီအစဉ်များ ချမှတ် ကျင့်သုံးခွင့် ရှိသည် မှန်သော်လည်း ယခုခေတ် တွင် မည်သည့် နိုင်ငံကမျှ ကိုယ်ပြည်သူများ အပေါ် ခွဲခြား ဆက်ဆံခွင့်၊ ဘေး ဖယ်ထုတ်ခွင့်၊ ခြိမ်းချောက်ခွင့်၊ ထိုထက် ဆိုးသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ပိုင်ခွင့် မရှိဟု ဆိုသည်။
အာဆီယံ အနေဖြင့် ထိုသို့ ကိုယ့်နိုင်ငံသားများ အပေါ် ပြန်၍ ကျုးလွန်နေသည့် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားရမည့် အစီအစဉ် အသစ်များ ချမှတ်ရန် လိုနေပြီဟု အကြံပေးခဲ့သည်။
ထိုသို့သော အပြုအမူ မျိုးကို သည်းငြည်းခံနေမည် ဆိုက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံများသို့ ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ရောက်ရှိလာတော့မည် ဖြစ်သည်ဟု ဆိုသည်။
မိမိတို့ အနေဖြင့် အမေရိကန် နှင့် အီးယူမှ ဘာလုပ်ပါ ညာလုပ်ပါ ပြောတာ မကြိုက်လျှင်  မိမိတို့ဖက်ကလည်း တခုခု လုပ်သင့်ပြီ ပြီး သတ္တိရှိရှိ ဖြင့် ကြိုးစားဖြေရှင်းသွားရန် လိုသည်ဟု လည်း ပြောသွားခဲ့သည်။ လက်ရှိ ကြိုးပမ်းနေမှုများ ထက် ကျော်လွန်ပြီး လုပ်ရတော့မည်ဟု ဆိုသည်။
လောလောဆယ်တွင် အာဆီယံ မှ မြန်မာ ကို ဖယ်ထုတ်ပြစ်သင့်ကြောင်း၊ ၎င်းတို့ ကြောင့် အဖွဲ့ကြီး အတွင်း စိတ်ပျက်လက်ပျက် ဖြစ်လာမှုကို ခွင့်မပြုသင့်ကြောင်း နှင့် မိမိတို့အားလုံးမှ တစိတ်တဝမ်းတည်း မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ကို ပြောဆိုနိုင်မည် ဆိုလျှင် အတိုင်းထက် အလွန် ပင် ဖြစ်သည်ဟု လည်း ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။ အန်ဝါသည် ၂၀၂၁ ခုနှစ် အတိုက်အခံ ခေါင်းဆောင် ဘဝ တွင် ရှိနေစဉ်ကပင် ထိုသို့ ထုတ်ပစ်ရန် ၎င်းကဲ့သို့ ခေါင်းဆောင် ငါးဦး နှင့် အတူ ပူးတွဲ လက်မှတ်ရေးထိုးပြီး တောင်းဆိုထားခဲ့ဖူးသူ လည်း ဖြစ်သည်။
အန်ဝါ၏ ဝန်ကြီးချုပ် ဖြစ်ပြီး နောက် ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန် အို ချာ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့စဉ်အတွင်း “ခင်ဗျား အနေနဲ့ ကျွန်တော်တို့ စိုးရိမ်မကင်း ဖြစ်နေတာတွေကို ပြောနိုင်မယ့် အကောင်းဆုံး အနေအထား မှာ ရှိနေတယ်။ ပြည်တွင်းရေး ကို ပြည်တွင်းမှာ ရှင်းသင့်တယ် ဆို‌ပေမယ့် အခု ဒေသတွင်း ကို ရိုက်ခတ်လာတော့မယ့် အရေး ကြုံနေပြီ” ဟု ထောက်ပြ သွားခဲ့သည်။
အန်ဝါသည် မြန်မာ အရေး နှင့် ပတ်သက်ပြီး အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ၊ စင်္ကာပူ ဝန်ကြီးချုပ် လီရှင်လုံး၊ ဘရူးနိုင်း စော်ဘွား၊ ဖီလစ်ပိုင် သမ္မတ မာကို့စ် ဂျူနီယာ တို့နှင့် ပြောဆို ဆွေးနွေး’ပြီး ဖြစ်သည်ဟုလည်း ထုတ်‌ ဖေါ် ပြောဆိုသွားခဲ့သည်။
အန်ဝါ အီဘရာဟင်သည် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ဖြစ်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့မှု ဖြင့် အထိန်းသိမ်း ခံခဲ့ရသည်။
အာဆီယံ နိုင်ငံများသည် ယခုလို မည်သည့် ဖက်မှ ပြတ်ပြတ်သားသား အနိုင်မရသေးသော အနေအထား တွင် နိုင်ငံအား တည်ငြိမ်မှု ရှိအောင် အာမခံနိုင်မည့် အနေအထား တွင် ရှိနေသည့် အဖွဲ့သည် စစ်တပ် ပင် ဖြစ်သည်ဟု စွဲမြဲစွာ ခံယူထားကြသူများ ဖြစ်သည်၊ ၎င်းတိုအဖို့က အမျိူးသား ညီညွတ်‌ရေး အစိုးရ သည်  ခန့်မှန်းရ ခက်ပြီး ပြဿနာပေါင်းစုံ ထွက်ပေါ်လာနိုင်သည်ဟု လည်း မှတ်ယူထားကြသည်။
ထို့အတွက် စစ်တပ်ကို ငြင်ငြင်သာသာ ကိုင်တွယ်သွားရန် ဝိုင်းထိန်းပေးလို ကြသော်လည်း အ‌ခြေ အနေများက ထိန်းမရအောင် ဖြစ်လာပြီး ၎င်းတို့အား မြန်မာ ပြည်သူများက လုံးဝ လက်သင့် ခံလိုစိတ် မရှိသည်ကိုလည်း သဘောပေါက် လာကြသည်။
ထို့ပြင် တော်လှန်ရေး သည်လည်း ခုခံ စစ်မှ ထိုး
စစ်သို့ တဖြေးဖြေး ကူးပြောင်းလာ‌နေပြီ ဖြစ်သည်ကိုလည်း ရိပ်စားမိလာနေပြီ ဖြစ်သည်။ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့သည်လည်း ကြံရာမရ ဖြစ်လာကာ ပျူစောထီး ဆိုသူများကို လက်နပ်တပ်ဆင်ရန် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ဥ ပဒေ ကိုပင် ထုတ်ပြန်လာခဲ့ရပြီ ဖြစ်သည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူများ အတွင်း အကြောက်တရား များ စိုးမိုးလာစေရန် လေကြောင်းမှ နေ၍ အရပ်သား ပစ်မှတ်များကို ရွေးချယ် တိုက်ခိုက်နေခြင်း ဖြင့် တော်လှန်ရေး အင်အားစုများကို အမြဲလို အသာစီး မှ နှိမ်နှင်းသွားနိုင်လိမ့်မည် ဟု အထင် ရောက်နေပြီး ရေရှည်လာပါက ၎င်းတို့ အတွက် ပြည်ပ ရန်ကို ဖိတ်ခေါ်သလို ဖြစ်လာနေသည်ကို လည်း တွက်ဆ နိုင်ခြင်း မရှိပြန်ပေ၊ ထိုသို့ ဖြစ်လာမည်ဆိုက ဒုက္ခသည်များ စုပြုံရောက်ရှိလာမည့် အ‌ရေးကြောင့် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ကို ခြိမ်းချောက်လာနေမှန်းလည်း အာဆီယံ ခေါင်း‌ဆောင်များ ခေါင်းချင်း ရိုက်လာနေကြခြင်းလည်း ဖြစ်သည်။ 
အင်ဒိုနီရှား သမ္မတ မှ ဗိုလ်ချုပ်ကြီးဟောင်း တဦးအား လွှတ်၍ နားချမည့် အရေးသည် အာဆီယံ ၏ နောက်ဆုံး ကြိုးပမ်းချက်လည်း ဖြစ်သွားနိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်

စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။ 
ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့  မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။ 
မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။ 
ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။ 
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်မှာ ကြေညာထားရပြီး တစ်နိုင်ငံလုံး ရှေ့တန်းတွေမှာ စစ်ကောင်စီ စစ်သားတွေ အတုန်းအရုန်း သေဆုံးချိန်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မိန်းမဖြစ်သူ ကြူကြူလှ လက်ကိုဆွဲလို့ ပွဲလမ်းသဘင် ပျော်ပွဲဝင်နေတာက လက်အောက်ခံစစ်သားတွေအနေနဲ့ စိတ်နာရမယ့် အခြေအနေလည်း‌ဖြစ်ပါတယ်။ 
မင်းအောင်လှိုင် ပွဲတွေတက်နိုင်ဖို့ အောက်ခြေ စစ်သားတွေက မိသားစုနဲ့ဘ၀ တွေ အပျက်ခံ အသေခံပြီး တိုက်ပွဲဝင်ပေးနေရတာဆိုရင်လည်း မမှားနိုင်ပါဘူး။ 
ပွဲကြိုက်တဲ့မောင် မင်းအောင်လှိုင်ကတော့ ဘယ်လောက်ပဲ စစ်သားတွေ သေသေ ၊ ဘယ်လောက်ပဲ နိုင်ငံ ပျက်စီးပါစေ  ကြူကြူလှကို လက်ကိုဆွဲလို့ ပွဲတွေ တက်နေဦးမှာ အသေအချာဖြစ်ပါတယ်။






ဆက်ဖတ်ရန် →
မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို   တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း  မြို့ရှောင်လမ်းအရောက်  ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက  ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့်  အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။




မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထုတ်ပြန်၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက် 

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်


မကွေးတိုင်း၊ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းဘူးခရိုင် ကန်ပြား ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းရှိ ဘားတိုက်နှင့် နေရာ တချို့ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်းအမှတ် ၁ ၊ မကွေးခရိုင် တပ်ရင်းအမှတ် ၁ ၊ မင်းဘူး ပကဖနှင့် ပွင့်ဖြူ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထားသည်။
အလားတူ  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ 
အဆိုပါတိုက်ခိုက်မှုကို အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး  တိုက်ခိုက်မှု ဖြစ်စဉ်တွင်  ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အညာ‌တပ်ပေါင်းစု(ABCF) တာဝန်ရှိသူ၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။ 
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။




ဆက်ဖတ်ရန် →
စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။ 
"ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်" ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ‌ေ၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။













ဆက်ဖတ်ရန် →
ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု


CJ Platform

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့် ကြာမြင့်သော်လည်းခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကိုအမိန့် မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်ကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊စစ်သားများ အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားကအထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက များတယ်” ဟု ယင်းကဆိုသည်။

အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ် မလုပ်ဘဲ CDMပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့်အခြေအနေများကြောင့်လည်း ရဲအဖြစ် ဆက်လက်လုပ်ကိုင်နေသူအများအပြားရှိကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ နှင့် AA တပ်တော်တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၆ ရက်မှ စတင်ကာ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ညှိနှိုင်းမှုဖြင့် တိုက်ပွဲများ ယာယီရပ်ဆိုင်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံရဲများနှင့်မိသားစုဝင်များကို ခရီးသွားလာခြင်း ကန့်သတ်မှုများပြုလုပ်ထားကြောင်းလည်း သိရသည်။

 

 


 

ဆက်ဖတ်ရန် →
ကမ္ဘာ က သဘောပေါက်ရမည့် အချက်

ကမ္ဘာ က သဘောပေါက်ရမည့် အချက်

By- လှစိုးဝေ
၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်သော ကမ္ဘာစီးပွားရေး စစ်တမ်း တွင် GDP per Capita ဟု ခေါ်သည့် နိုင်ငံသား တဦးချင်းစီ ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ တွင် မြန်မာသည် ဒေါ်လာ ၁,၁၇၀ ဖြင့် အရှေ့တောင်အာရှ ဆယ်တစ်နိုင်ငံ စာရင်းတွင် အနိမ့်ဆုံး သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်တစ်နိုင်ငံ ဆိုသည်မှာ ၂၀၀၂ ခုနှစ်မှ အချူပ်အခြာ အာဏာပိုင် နိုင်ငံ ဘဝသို့ တင်းပြည့်ကျပ်ပြေ့ ရောက်လာခဲ့သည့် အရှေ့ တီမော ကို ထည့်သွင်းထား၍ ဖြစ်သည်။ (ပုံတွင် နိုင်ငံ အလိုက် စာရင်း ကို ဖေါ်ပြထားသည်)
ယခုအခါ ၎င်းတို့ ခေတ် နောက်ထပ် တိုးတက်မှုကြီး တရပ်အဖြစ် ရန်ကုန်မြို့ အနှံ့တွင် ခေတ်အဆက်ဆက် တခါမျှ မမြင်ခဲ့ဖူးသော လမ်းဘေးအိပ်၊ လမ်းဘေးစား Homeless လူတန်းစားပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီ အကြီးအကဲ တဦးပင် ထိုသို့ နှစ်နှစ်ဆက်တိုက် ဘာတခုမျှ ဖြစ်မလာပဲ အရှုံးပေါ်နေမည် ဆိုက ရှယ်ယာ အစုရှင်များက ၎င်းအား ဖယ်ရှားရန် ဆူပူ တောင်းဆို ကြမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အနေအစား ချောင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့် တိုင်းပြည်ကို မင်းအောင်လှိုင် လုပ်ချင်ရာ လုပ်ဟု ထိုးအပ်နေကြသည်။
မင်းအောင်လှိုင်သည် ယခုလို နည်းပညာ များ တဟုန်ထိုး တိုးတက်နေပြီး ကမ္ဘာကြီးသည် ရွာကြီးတရွာလို ပို၍ စုဝေးလာနေချိန်တွင် မြန်မာပြည်သည် မည်သို့သော အနေအထား ဖြင့် ရပ်တည်သွားမည် ဆိုသည်နှင့် ပတ်သက်ပြီး အတွေးအခေါ် အကြံညဏ် လုံးဝ ကုန်ခန်းနေသူ ဖြစ်သည်။ သူ့တွင် ရှိသည့် တခုတည်းသော စိတ်ကူးက တိုင်းပြည်ကို ငြိမ်ဝပ်မိပြားအောင် လုပ်မည်၊ ပြီးလျှင် ရွေးကောက်ပွဲကို ဟန်ပြ လုပ်ကာ ကမ္ဘာကြီးအား ၎င်းတို့ကို ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် တရားဝင် အစိုးရ ဖြစ်လေဟန် ဆောင်မည်။
သို့ဆိုက မျက်နှာပင် မမြင်ချင်လောက် အောင် မုန်းတီးနေသည့် မြန်မာ ပြည်သူများ နှင့် မည်သို့ ဆက်၍ စခန်းသွားကြမည်နည်း၊ ဖမ်းလိုက် သတ်လိုက် နှင့် သံသရာလည် နေမည်သာ ဖြစ်သည်။ ကုလသမဂ္ဂ မှ စ၍ မည်သူကမျှ လည်း အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။
အာဏာသိမ်းပြီးတိုင်း ဆူပူကြလျှင် ခဏပါဟု အလွယ်တွေးခဲ့ကြသည်၊ သို့သော် မြန်မာပြည်သူများက ယခင်ကလို စိတ်ပျက် လက်မှိုင်ချပြီး ၎င်းတို့၏ အုပ်ချုပ်ခံ အဖြစ် ဆက်နေသွားကြဖို့ စိတ်မကူးတော့၊ မိမိတို့၏ တိုးတက်ရာ တိုးတက်ကြောင်း ဘာတခုမျှ မယ်မယ်ရရ လုပ်ကိုင် ပေးလိုစိတ် မရှိ၊ နီးစပ်ရာ ဝေစားမျှစား နှင့် တိုင်းပြည်ကို နှစ်ပေါင်း ၆၀ နီးပါး အနိုင်ကျင့် အုပ်ချုပ်လာခဲ့မှု ကို လုံးဝ လက်မခံတော့ပဲ လက်နက်ကိုင် တွန်းလှန် လာကြပြီ ဖြစ်သည်။ ထိုအရေးကား သိကြားမင်း  ဆင်းတာလျှင်တောင် မည်သို့မျှ အဆုံးသတ်သွားဖို့ ရာ မရှိ။
တိုင်းပြည်သည်သာ ရှေ့လျောက် လုံးခြာလိုက်ပြီး တိုင်းတပါး၏ အစောင့်ရှောက်ခံ ဘဝ နှင့် အချုပ်အခြာ အာဏာ ဆုံးရှုံးရပေတော့မည်၊ လက်ရှိ ယူကရိန်း အား ကျုးကျော်မှု တွင်ပင် ဆရာသခင် ရုရှား အကြိုက်လိုက်၍ ကြားနေယုံမျှ မဟုတ်တော့ပဲ ထောက်ခံပေးခဲ့ကြသည် မဟုတ်ပါလော၊ ဤသည်ကပင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ စတင် စတေးပေးလိုက်ရခြင်းပင် ဖြစ်သည်။
ထိုအနေအထားမျိုး နှင့် ရှေ့လျှောက် မည်သို့ စခန်းသွားကြပေဦးမည်နည်း၊ တပ်ထဲရှိ သေဆိုသေ ရှင်ဆိုရှင် expendable စတေးပစ်နိုင်ရန် အသုံးတော်ခံနေကြရရှာသော စစ်ဗိုလ် မိုက်ရူးရဲများကတော့ PDF များကို ချေမှုန်းနိုင်လျှင့် ပြဿနာ ပြေလည် ပြီ ဟု လူမိုက် တွေး တွေးနေကြဆဲပင် ဖြစ်သည်။
၎င်းတို့ ရင်ဆိုင်နေရသည့် ပြဿနာသည် ထိုထက်မက ကြီးမားလွန်းနေသည်ကို မင်းအောင်လှိုင်က အစ ရိပ်စားမိနိုင်စွမ်း မရှိသော်လည်း အိမ်နီးချင်း နိုင်ငံများကတော့ ရင်လေးနေပြီ ဖြစ်သည်၊ ထို့အတွက် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ ၎င်း၏ ဗိုလ်ချုပ်ကြီးဟောင်း တဦးကို စေလွှတ်၍ အရပ်သား အုပ်ချုပ်မှု လက်အောက်သို့ တိုင်းပြည် အာဏာ ကို ပြန်လွှဲပေးရန် နားချ တော့မည် ဖြစ်သည်။
ဤသည်ကပင် ဂျိုကိုဝီ က အစ အာဆီယံ နိုင်ငံများ အကြီးအကျယ် လွဲချော်နေမှုပင် ဖြစ်သည်။ အာဏာကို မင်းအောင်လှိုင်က အရပ်သား အစိုးရထံ ပြန်လွှဲပေးပြီး စစ်တန်းလျှား ပြန်သွားယုံနှင့် ပြေလည် သွားမည်လော၊ ပါးစပ်ထဲ အက်ဆစ်လောင်းထည့်ကာ ညှင်းပမ်း နှိပ်စက်၊ သတ်ဖြတ်ခံကြရမည့် အရေးကို မြင်၍ ရန်သူကို နောက်ကြောတွင် ထားကာ မည်သူက စွန့်စားရဲပေမည်နည်း။ တိုင်းရင်းသား လူနည်းစုများ ကကော ၎င်းတို့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးကြမည်လော။
တိုင်းပြည်ကို မည်သူ အုပ်ချုပ်ရမည်ကို ၎င်းတို့သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်ဟု ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူများက နောက် သုံးလေးနှစ် ကြာလျှင်ကော ထိုသို့အာဏာ ထပ်မသိမ်းပါဟု မည်သူ အာမခံ နိုင်မည်နည်း။ ထိုသို့ ထပ်မဖြစ်စေရဟု မယုံကြည်နိုင်သရွေ့ မည်သို့သော ဖြေရှင်းမှုမျိုးကို ရွာ များ မီးရှို့ခံထားရသော၊ မိမိတို့သားသမီးများ ဆုံးရှုံးခဲ့ကြရသော မြန်မာ ပြည်သူများက မည်သို့မျှ လက်ခံကြမည်မဟုတ်။
မြန်မာ အရေးကား ထိုသို့ ပြီးလွယ် စီးလွယ် လုပ်၍ မရ၊ တာဝန်ခံမှု တာဝန်ယူမှု မရှိပဲ မည်သို့မျှ ပြေလည်ရာ ပြေလည်ကြောင်း မဖြစ်နိုင်။
ယခုအခါ ၎င်းတို့ဖက်မှ အမြဲလို လိုက်ပြောနေသည့် ဂျပန် ၏ အထူး သံတမန် ဟု ဆိုသူ ယိုဟီ ဆာဆာကာဝါ က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အာဆီယံ မှ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးမှ ဖြစ်မည်ဟု ဆိုလာပြန်သည်။ မြန်မာပြည်သူများက ရင်ကြားစေ့ရေး ကို လုံးဝ လက်မခံတော့၊ ၎င်းတို့အားလည်း အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် လုံးဝ မရှိစေမည့် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကို ကမ္ဘာက လက်ခံ မှသာ ပြသနာ၏ အဖြေကို ရှာနိုင်မည် ဖြစ်သည်။
ယခုအခါ ရန်သူ ကို စစ်မြူနိုင်ခဲ့ပြီ ဖြစ်၍ စစ်အာဏာသိမ်း အဖွဲ့သည့် ၃၇ မြို့နယ်တွင် မာရှယ်‌လော အား နိုင်ငံတကာ တွင် ၎င်းတို့၏ လက်ကျန် ဂုဏ်သိက္ခာ များ အကျခံကာ ထုတ်ပြန်ခဲ့ရပြီ ဖြစ်သည်။
ဘန်ကောက်ပို့စ် သတင်းစာမှ ဆောင်းပါးရှင် ချုလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ Thitinan Pongsudhirak က နိုင်ငံတကာသည် အမျိုးသား ညီညွတ်ရေး အစိုးရအား တနေ့တခြား ထောက်ခံလာကြပြီ ဖြစ်သော်လည်း တိုင်းပြည် ဝါးအစည်းပြေ သကဲ့သို့ ကွဲထွက်သွားမည်ကို စိုးရိမ်နေကြသည်၊ NUG အနေဖြင့် ထိုသို့ မဖြစ်နိုင်ကြောင်း၊ လူထု အပေါ် ဩဇာ သက်ရောက်နိုင်မှု ရှိကြောင်း အခိုင်အမာ ပြသနိုင်ရန် လို‌နေသည်ဟု ထောက်ပြလာခဲ့သည်။
၎င်းက တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ခုခံ တော်လှန်နေသော အင်အားစုများ သည် တခုတည်းသော ကွပ်ကဲမှု အောက်တွင် စည်းကမ်းတကျ၊ အဖွဲ့အစည်း ပီသစွာ တာဝန်ခံနိုင်မှု မပြ နိုင်သရွေ့ ၎င်းတို့ တောင်းဆိုနေသော လေယာဉ်ပစ် လက်နက်များ နှင့် အခြား လက်နက်များ ရောက်လာနိုင်ဖွယ် မရှိဟု လည်း ဆိုသည်။
နောက်ထပ် ရရှိသော သတင်းတရပ်အရ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်မှ မလေးရှား-ထိုင်း ကုန်သည်ကြီး များ အသင်းတွင် မိန့်ခွန်းပြောကြားရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ရှေ့လျောက် ဖွံ့ဖြိုး တိုးတက်ရေး ကို အနှောက်အယှက် ပေးလာနေသည့် မြန်မာအား အာဆီယံ မှ ဖယ်ထုတ်ပစ်ရန် ထည့်သွင်း ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ ဤသည်ကပင် မြန်မာ စစ်ဗိုလ်ချူပ်များ ရေရှည် လိမ်ဖယ် လိမ်ဖယ် နှင့် သွားနေမည် ဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်။
၎င်းတို့အားလည်း ကိုယ့်ပြည်သူ ကို ကိုယ် နေ့စဉ်လို သတ်ဖြတ်နေကြသည့် အဖွဲ့ဟု တကမ္ဘာလုံး က ဝိုင်းဝန်း အသိအမှတ် ပြုထားကြပြီးလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
Illustration Credit - Democratic Voice of Burma



ဆက်ဖတ်ရန် →
မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရေး ဆိုင်ကယ်များ ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ရွေးခိုင်းခဲ့သည့် ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရေး ဆိုင်ကယ်များ ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ရွေးခိုင်းခဲ့သည့် ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်


မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ် ပျက်စီးရန် ဆိုင်ကယ်များ လိုက်လံဖမ်းဆီးခဲ့သည့် ယာဥ်ထိန်း ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးမြို့၊ မကွေးပြည်တော်သာလမ်း ကောင်းမွန်စင်တာရှေ့တွင် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲ ၁ ဦးကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွား​ကြောင်း သိရသည်။
မကွေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ယာဥ်ထိန်းရဲများသည် အာဏာသိမ်း ၂ နှစ်ပြည့်အဖြစ် ပြုလုပ်သည့် Silent Strike သပိတ်ကို ပျက်စီးရန် ဆိုင်ကယ် ၁၀၀ ကျော်ကို နည်းမျိုးစုံဖြင့် ဖမ်းဆီးခဲ့ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မကွေးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မကွေးမြို့ပေါ်မှာ ရဲထိန်းရဲနှင့် ရဲများ ဆိုင်ကယ်များကို ဖမ်းဆီးနေစဉ်။ 
(ပုံအဟောင်းဖြစ်သည်)



ဆက်ဖတ်ရန် →
ထန်တလန်မြို့ကို ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး အဖွဲ့သားတွေက မီးရှို့ခဲ့တာဖြစ်တယ်လို့ ဖမ်းမိထားတဲ့ စစ်သုံပန်းတွေ ဝန်ခံ

ထန်တလန်မြို့ကို ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး အဖွဲ့သားတွေက မီးရှို့ခဲ့တာဖြစ်တယ်လို့ ဖမ်းမိထားတဲ့ စစ်သုံပန်းတွေ ဝန်ခံ

C8 News
ရန်ကုန်၊ဖေဖော်ဝါရီ(၉)


ချင်းပြည်နယ်၊ ထန်တလန်မြို့ ကိုဦးဆောင်မီးရှို့ခဲ့သူတွေဟာ ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး တို့ဖြစ်တယ်လို့ ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ လက်ရဖမ်းဆီးမိခဲ့ရသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာလည်း ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ စစ်ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်သား(၂)ဦးနဲ့ ရဲ(၄)ဦးကို သူတို့ကိုင်ဆောင်တဲ့ သေနက်(၇)လက်နဲ့ ဗုံးသီး (၈)လုံးကို CNF နဲ့CNA တပ်ဖွဲ့တွေက ဖမ်းမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ချိန်မှာ သူတို့ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးစောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုးတို့က သူတို့ကိုယ်တိုင် ဦးဆောင်မီးရှို့ကြတဲ့အပြင် အိမ်ထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း မနိုင်မနင်းလုယက်ခိုးယူသယ်ထုတ်သွားကြတယ် ခိုးယူထားတဲ့ ပစ္စည်းများလွန်းတဲ့အတွက် မနိုင်လို့ ရဲသားတွေကို ကူညီသယ်ခိုင်းတာတွေရှိတယ်လို့ သူတို့ကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ထန်တလန်မြို့ကို ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေကမီးရှို့ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစားနဲ့ ရုပ်သံတွေမှာ ပြောဆိုထားပါတယ်။
Zawgyi
ထန်တလန်မြို့ကို ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး အဖွဲ့သားတွေက မီးရှို့ခဲ့တာဖြစ်တယ်လို့ ဖမ်းမိထားတဲ့ စစ်သုံပန်းတွေ ၀န်ခံ
C8 News
ရန်ကုန်၊ဖေဖော်ဝါရီ(၉)
ချင်းပြည်နယ်၊ ထန်တလန်မြို့ ကိုဦးဆောင်မီးရှို့ခဲ့သူတွေဟာ ဗိုလ်ကြီး စောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုး တို့ဖြစ်တယ်လို့ ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ လက်ရဖမ်းဆီးမိခဲ့ရသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာလည်း ထန်တလန်မြို့မှာရှိတဲ့ CB ဘဏ် အဆောက်အဦးမှာ စစ်ဗိုလ်အဆင့်ရှိသူအပါအဝင် စစ်သား(၂)ဦးနဲ့ ရဲ(၄)ဦးကို သူတို့ကိုင်ဆောင်တဲ့ သေနက်(၇)လက်နဲ့ ဗုံးသီး (၈)လုံးကို CNF နဲ့CNA တပ်ဖွဲ့တွေက ဖမ်းမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ချိန်မှာ သူတို့ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးစောရဲမှူးအောင် နဲ့ ဗိုလ်ကြီးဟိန်းမြက်စိုးတို့က သူတို့ကိုယ်တိုင် ဦးဆောင်မီးရှို့ကြတဲ့အပြင် အိမ်ထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း မနိုင်မနင်းလုယက်ခိုးယူသယ်ထုတ်သွားကြတယ် ခိုးယူထားတဲ့ ပစ္စည်းများလွန်းတဲ့အတွက် မနိုင်လို့ ရဲသားတွေကို ကူညီသယ်ခိုင်းတာတွေရှိတယ်လို့ သူတို့ကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ထန်တလန်မြို့ကို ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေကမီးရှို့ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစားနဲ့ ရုပ်သံတွေမှာ ပြောဆိုထားပါတယ်။
Photo-SS



ထန်တလန်မြို့_C8News

ဆက်ဖတ်ရန် →
 စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

မင်းအောင်လှိုင် မိန်းမနဲ့ သားသမီးတစ်စု စင်ကာပူသွားတာကို သူတို့ လေယာဉ်ပေါ်တက်တဲ့နေ့ကတည်းက သတင်းရင်းမြစ်တစ်ဦးက လှမ်းပြောလို့ သိရတယ်။ စင်ကာပူက မိတ်ဆွေတစ်ဦးကိုတောင် လှမ်း အသိပေးလိုက်သေးတယ်။ စင်ကာပူ အစိုးရက ခွင့်ပြုလက်ခံလို့ သွားမှတော့ သိပ်ပြီး မထူးဆန်းဘူးလို့ မှတ်ယူပါတယ်။ ဒါပေမယ့် ဒါနဲ့ဆက်စပ်လို့ စိတ်ဝင်စားစရာကောင်းတာ ရှိတယ်။ 
.
အဲ့ဒါက စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်းနေတာ ၃ လလောက်ရှိပြီလို့ ဆိုရမယ်။ ဒီထက်လည်း ပိုစောနိုင်တယ်။ နေပြည်တော်မှာ နေကြတဲ့ စစ်တပ်အသိုင်းအဝိုင်း၊ ညွှန်မှူး၊ ညွှန်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေဟာ နေပြည်တော်ကနေ ထွက်ရင် နပတ ကားနံပါတ်ကို မသုံးကြတော့ဘူး။ 
.
ရန်ကုန်ကိုသွားရင် ရန်ကုန် နံပါတ်ပြားကို နေပြည်တော်မှာကတည်းက လဲ လာတယ်။ မန်းကိုသွားရင် မန်းလေးနံပါတ်ပြားလဲလာတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဆိုတယ်။ ဒါ့အပြင် နေပြည်တော်မှာ တာဝန်ကျနေသူ ရန်ကုန်ပြန်လာရင် သူတို့နဂိုက နေခဲ့တဲ့ အိမ်တွေမှာ မနေတော့ဘဲ တည်းခိုခန်း၊ ဟိုတယ်တွေမှာ လှည့်နေကြတယ်လို့လည်း သိရတယ်။ 
.
နောက်တစ်ခုကတော့ တချို့ မိသားစုဝင်တွေဟာ သန်းခေါင်စာရင်းကစပြီး တစ်မိသားစုလုံး နာမည်ပြောင်းထားကြတယ်လို့ ဆိုတယ်။ အိမ်ထောင်ဦးစီးမဟုတ်ဘဲ အပြင်သွားချင်တဲ့ မိန်းမ၊ သမီး၊ သား နာမည်တွေ ပြောင်းကြတာပေါ့။ ဒါကတော့ 'လူဝင်မှု' က သတင်းရင်းမြစ်တစ်ဦး ပြောပြတာ။ 
.
စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးဆိုတာမျိုးကလည်း နာမည်တွေကို အိန္ဒြေထွဋ်ခေါင်မြမြထိပ် ဆိုတာမျိုးပေးတတ်ကြတာကိုး။ မင်းအောင်လှိုင့်သမီးတောင်ကြည့် ခင်သီရိသက်မွန်တဲ့။ နောက်ပြီး ဧကရီလင်းသက်လှိုင် ဆိုတာမျိုးလည်း ရှိသေး။
.
ဒါပေမယ့် သန်းခေါင်စာရင်းထဲမှာတော့ သမီးတွေဆိုရင် 'အေအေးမွန်' တို့၊ 'သက်သက်စိုး' တို့၊ သားတွေဆိုရင် 'မောင်ထွန်းအောင်' တို့၊ 'မောင်ဝင်းအောင်' တို့လို နာမည်မျိုးတွေ ပြောင်းပစ်ကြတယ်လို့ ဆိုတယ်။ 
.
စစ်အာဏာရှင်ဖြစ်လေတော့ သန်းခေါင်စာရင်းအသစ်၊ မှတ်ပုံတင် အသစ်၊ ပတ်စ်ပို့လည်း အသစ် အကုန်လုံး အသစ်လုပ်ဖို့ လွယ်ကြတာကိုး။ နောက်ဆုံး ဘဏ်စာရင်းလည်း အသစ်၊ ရှိသမျှအကုန် နာမည်သစ်တွေ ပြောင်းပစ်ကြတယ်လို့ သိရတယ်။ 
.
နိုင်ငံတကာက ဆန်ရှင်လုပ်တယ်ဆိုတာလည်း သိပ်တော့ ရင်ခုန်စရာမရှိဘူးရယ်။ တလောက ရေနံနဲ့သဘာဝဓာတ်ငွေ့က လူတချို့ ကို ဆန်ရှင်လုပ်တာမှာ လက်ရှိအလုပ်မလုပ်တော့တဲ့ ဟိုးတုန်းက လူဟောင်းတွေ ပါလာတာတွေ့တယ်။ ဘယ်လိုစစ်ဆေးပြီး လုပ်ကြတာလည်းတော့ မသိ။ အံဖွယ်ရာတွေပေါ့။


ဆက်ဖတ်ရန် →
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ် ပြော၊  ပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရမည်ဟု သတိပေးပြောဆို

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ် ပြော၊ ပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရမည်ဟု သတိပေးပြောဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်


မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ် အတည်းသည် အာဆီယံအတွက် အနှောင့်အယှက် ဖြစ်နေစေရာ အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံကို ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်  Anwar Ibrahimက ပြောဆိုလိုက်သည်။ 
ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီး မလေးရှားဝန်ကြီး ချုပ်က ယနေ့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 
"အခုလောလောဆယ် မြန်မာနိုင်ငံကို ဖယ်ထုတ်သင့်ပါတယ်။  မြန်မာ့အရေးက အာဆီယံရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်သင့်ပါဘူး။ မြန်မာစစ်တပ်ကို ပြင်းထန်တဲ့ သတင်းစကားပေးဖို့အတွက် ကျနော်တို့အားလုံးမှာ ခိုင်မာတဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်တာက သင့်တော်ပါတယ်" ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ 
ထို့ပြင် မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရမည်ဟု သတိပေးပြောဆိုသည်။ 
" နိုင်ငံတွေမှာ ပြည်တွင်းရေးမူဝါဒနဲ့ ဦးစားပေးလုပ်ပိုင်ခွင့်တွေ ရှိတယ်၊ ဒါပေမယ့် ဒီလိုခေတ်ကြီးမှာ ဘယ်အစိုးရကမှ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေနဲ့ ကိုယ့်ပြည်သူတွေကို ပစ်ပယ်တာ၊ ခြိမ်းခြောက်တာ၊  ပိုဆိုးတာက ကိုယ့်ပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်တာမျိုးတွေကိုတော့ လုပ်ခွင့်မရှိပါဘူး " ဟု ၎င်းက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်မလေးရှားဝန်ကြီးချုပ်တို့ ယမန်နေ့ တွေ့ဆုံစဉ် မလေးရှားဝန်ကြီးချုပ်က  မြန်မာ့ အကျပ် အတည်းကို ဖြေရှင်းရာတွင် ထိုင်းနိုင်ငံက  ပိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းသည်။ 
“ကျွန်တော်တို့က ပြင်ပလူတွေကို ဝင်မစွက်ဖက်ချင်ဘူး။ အမေရိကန်နဲ့ ဥရောပက ဘာလုပ်ပါဆိုပြီး  မပြောစေချင်ဘူး။ ဒါပေမယ့် ကျနော်တို့နဲ့ တစ်ခုခုတော့ လုပ်ရပါလိမ့်မယ်။ ဒါကို ကြိုးစား ဖြေရှင်းဖို့ သတ္တိရှိရှိ လုပ်ကိုင်ရမယ်" ဟု မလေးရှား ဝန်ကြီးချုပ်က ပြောဆိုသွားသည်။ 
ဓာတ်ပုံ- မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ယမန်နေ့ တွေ့ဆုံစဉ်။


ဆက်ဖတ်ရန် →
တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ဟု မင်းအောင်လှိုင်ပြော

တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ဟု မင်းအောင်လှိုင်ပြော


တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းအစည်းအဝေး၌ မင်းအောင်လှိုင်က ယခုပညာသင်နှစ်သည် ပညာရည်သင်ကြားမှုများ အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သော်လည်း ကျောင်းတက်ရာခိုင်နှုန်း မပြည့်မှီသေးသည်ကို တွေ့ရှိရကြောာင်း၊ အချို့သောနယ်မြေများတွင် ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက် ပညာမသင်ကြားနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည်ဟု ပြောကြားသည်။
ထို့ပြင် ဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အချို့သောနေရာဒေသများတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်းတင်းကြပ် ကိုင်တွယ်မှသာလျှင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်တွင်လည်း ကျောင်းတက်ရောက်သူ ဦးရေ ပိုမိုတိုးပွားလာမည်ဟု မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ဦးဆောင်မှုကောင်းသည့် ပါတီများ တည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ယူဆသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
အစည်းအဝေးတွင် မင်းအောင်လှိုင်က မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ယင်းတို့ အခြေချစခန်းများကို သွားရောက် တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ၊ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်လည်း တစ်ဖက်နှင့် တစ်ဖက် သဘောထားကြီးစွာ ဆွေးနွေးဆောင်ရွက်ကြရန် လိုသည်ဟု လည်း ပြောကြားသေးသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည်ဟုလည်း ယင်းက ဆိုသည်။
မင်းအောင်လှိုင်၏ အစည်းအဝေးပွဲတွင် တိုင်းပြည်တွင် အကြမ်းဖက်မှုများ၊ မီးရှို့မှုများ အစရှိသည်တို့ကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များက သာလုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း လွှဲချ ပြောဆိုမှုများရှိခဲ့သည်။
https://cjplatform.com


ဆက်ဖတ်ရန် →
ICJ တွင် ချေပနိုင်ရေး စစ်ကောင်စီက ရခိုင်မှ လူ ၃၀ ခန့်ကို သက်သေထွက်ဆိုချက် လက်မှတ်ထိုးခိုင်း

ICJ တွင် ချေပနိုင်ရေး စစ်ကောင်စီက ရခိုင်မှ လူ ၃၀ ခန့်ကို သက်သေထွက်ဆိုချက် လက်မှတ်ထိုးခိုင်း


အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ  ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မောင်တော၊ ဘူးသီးတောင်ဒေသခံ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ ၃၀ လောက်အား ဖေဖော်ဝါရီ ၈ ရက်နေ့က အစိုးရအဖွဲ့ရုံးမှာ သက်သေထွက်ဆိုချက် ကျမ်းကျိန် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အစစ်ဆေးခံဒေသခံတွေက ပြောပါတယ်။
အစစ်ဆေးခံရမှာ ပါဝင်ခဲ့တဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတဦးက "ကျနော်တို့ကို ၂၀၂၀ ခုနှစ်က စစ်တွေ ဟိုတယ်မှာ ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာတွေရှိခဲ့တယ်။ အဲ့ဒီစစ်ဆေးချက်တွေကို ICJ တရားရုံးတင်ဖို့အတွက် ဟုတ်မှန်ကြောင်း သူတို့က ကျမ်းကျိန်ပြီး လက်မှတ်ထိုးခိုင်းတာပါ။ အသစ်စစ်ဆေးတာမရှိပါဘူး။ အဲ့ဒီအကြမ်းဖက်ဖြစ်စဥ်မှာ ကျနော်တို့ကိုယ်တိုင် မျက်မြင်လည်းမရှိခဲ့ပါဘူး။ သေနတ်သံတွေကြားတော့ ထွက်ပြေးခဲ့ကြရတာပါ" လို့ ပြောပါတယ်။ 
ဦးကိုကိုလှိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ ရောက်ရှိလာခဲ့ကြတာပါ။
စစ်ကောင်စီက အခုလို သက်သေအထောက်အားစုဆောင်းတဲ့အပေါ် ဘူးသီးတောင် ပြည်သူ့ လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက  "အဲဒီလိုသက်သေအထောက်အထားစု ဆောင်းတယ်ဆိုတာက ဘယ်လောက်ထိ မှန်ကန်မူရှိမလဲအပေါ်မှာ မူတည်တယ်။ တရားစွဲခံရတဲ့သူတွေ အနေနဲ့တော့ သူတို့ဘက်က သူတို့ထွက်ပေါက်ကိုတော့ ရှာလိမ်မယ်။ သူတို့ဘက်က လိုချင်တဲ့အချက်တွေကိုပြောတဲ့ သူတွေကိုခေါ်ယူပြီးတော့ ပြလိမ်မယ်။ သူတို့တင်ပြတဲ့ချေပလွှာတွေဟာ ဘယ်လောက်မှန်ကန်ပါတယ်လို့ ပြောပြော  နိုင်ငံတကာတရာရုံးက ကျွမ်းကျင်တဲ့ တရားသူကြီးတွေက အဆုံးဖြတ်အပေါ်မှာမူတည်တယ်။ နစ်နာသူတွေနဲ့ တရားစွဲခံရသူတွေကတော့ တဖက်နဲ့တဖက်ကတော့ စွပ်စွဲမူတွေ ချေပမူတွေရှိမယ်။ အဲ့ဒီတော့ စွပ်စွဲချေပမှုတွေကို ဆုံးဖြတ်ရမှာက တရားသူကြီးတွေပဲဖြစ်တယ်။” 
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာပါ။
စွပ်စွဲထားမှု မဟုတ်မှန်ကြောင်းနဲ့ တရားစွဲဆိုထားမှုအပေါ် လက်ခံကြားနာခြင်းမပြုလုပ်ဖို့ အချက် ၄ ချက်ကို မြန်မာအစိုးရဘက်က ICJ မှာ တင်သွင်းချေပခဲ့ပေမဲ့ ICJ က ၂ဝ၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်က ပယ်ချခဲ့ပါတယ်။
DVB Burmese



ဆက်ဖတ်ရန် →
သထုံတွင် ကရင်ပြည်နယ်ဘက်သို့ဦးတည်သွားသည့် စစ်ကောင်စီတပ်မှ ရိက္ခာနှင့်လူအင်အားပို့သည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံတွင် ကရင်ပြည်နယ်ဘက်သို့ဦးတည်သွားသည့် စစ်ကောင်စီတပ်မှ ရိက္ခာနှင့်လူအင်အားပို့သည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်
(သထုံ)၊ ဖေဖော်ဝါရီလ ၁၀ ရက်


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-မြိုင်ကလေး လမ်းပိုင်းတစ်နေရာဖြစ်သည့် အထက်နောင်ကျန်ရွာအနီးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီယာဉ်တန်းအား မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သထုံ-ဘားအံ အဝေးပြေးလမ်းပေါ်ရှိ အထက်နောင်ကျန်ရွာအနီးတွင် ကရင်ပြည်နယ်ဘက်သို့ ရိက္ခာနှင့်လူအင်အား ထောက်ပို့ကားတန်းဟုယူဆရသည့် ယာဉ် ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံမှ သိရသည်။
"တိုက်ခိုက်ခဲ့တာကတော့ သထုံနဲ့မြိုင်ကလေး လမ်းမှာပါ။ အဲ့ဒီနေ့က စစ်ကောင်စီကားတွေကအများကြီးဖြတ်ကျတယ်။ ၁၉ စီးယာဉ်တန်းတစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကားတွေကတော့ ၃၊၄ စီးတခါစု သွားကြတာပေါ့။ မိုင်းထိပြီး ကား ၂ စီးပျက်ပြီးစက်ရပ်သွားခဲ့တယ်လို့သိရတယ်။ အဓိကက ရိက္ခာနဲ့လူအင်အားတွေတင်လာတာ" ဟု မိတ်ဖက်ဝော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိပဲ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များမှာ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သထုံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သထုံ-ဘီးလင်း ကားလမ်းပိုင်းတစ်နေရာတွင် ကား ၄ စီးပါစစ်ကောင်စီယာဉ်တန်းအား KNLAနှင့်PDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
#သထုံ #ကရင် #စစ်ကောင်စီ #PDF #ရိက္ခာ #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
သိမ်းဆည်းခံရသည့် လက်နက်များမှာ  ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်

သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်

ထန်တလန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုကို ရဲတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီး သိမ်းဆည်းခံရသည့် လက်နက်များမှာ  ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်


ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ရဲတပ် ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟု သတင်းထုတ်ပြန်သည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး CNA-CDF ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်နက် ၄၀ ကျော်နှင့် ရဲအလောင်း ၄ လောင်းကို သိမ်းဆည်းရမိကြောင်း၊ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။ 
ထိုသို့ ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ဆုတ်ခွာခဲ့ရပြီး စစ်တပ်လုံခြုံရေး တပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်ဟု သတင်းဖော်ပြသည်။ 
ထို့ပြင် လက်နက် ၄၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက  သိမ်းဆည်းရရှိသည့်အပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ပြုပြင်ရန် လိုအပ်သည့် လက် နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟုလည်းကောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးအပေါ်တွင်လည်း ရဲတပ် ဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရရှိသည်ဟုလည်းကောင်း သတင်းများကို ဖော်ပြထားကြောင်း သိရှိရသည်။ 
"သူ့သတင်းစာက သူတို့စစ်သားတွေအတွက် ထုတ်ပြန်တာ။ ငါတို့ အိုကေတယ်။ ငါတို့ မခံရဘူး။ ငါတို့ အောင်မြင်နေတယ်ပေါ့။ သတင်းစာမှာ သူတို့စစ် တပ်အတွက် ဝါဒဖြန့်တာ။ ပြည်သူတွေအတွက်မဟုတ်ဘူး" ဟု ပြည်တွင်းဝါရင့် သတင်းစာဆရာတစ်ဦးက ပြောသည်။


ဆက်ဖတ်ရန် →
မင်းအောင်လှိုင် ရွေးကောက်ပွဲ ဘယ်တော့လဲ (OPINION)

မင်းအောင်လှိုင် ရွေးကောက်ပွဲ ဘယ်တော့လဲ (OPINION)

ဇန်နဝါရီလ တတိယပတ်လောက်မှာ နိုင်ငံရေးမိတ်ဆွေတစ်ဦးက အာဏာသိမ်းကာလ ၂ နှစ်ပြည့်၊ လာမယ့် ဖေဖော်ဝါရီမှာ အကြမ်းဖက်စစ်အုပ်စု ဘယ်လိုဆက်စခန်းသွားမလဲလို့ ကျနော့်အမြင်ကို လှမ်းမေးတယ်။ မိတ်ဆွေရဲ့ သိချင်မှုက ၂၀၀၈ အခြေခံဥပဒေကို ကုလားဖန်ထိုး ရှေ့ဆက်မလား၊ ဘယ်လို ကုလားဖန်ထိုးနိုင်သလဲနဲ့ ဒါမှမဟုတ်  ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကာ အာဏာသိမ်းလိုက်ကြောင်း ဗြောင်ကြေညာလိုက်မလားဆိုတာကိုပါ။ သတင်းဌာနကြီးတချို့ကလည်း စစ်အုပ်စုဟာ ၂၀၀၈ အခြေခံဥပဒေပေါ်ကနေ ဘယ်လို ရှေ့ ဆက်သွားနိုင်မလဲဆိုပြီး ခြေဥပုဒ်မတွေ တသီကြီး ဆွဲထုတ်ပြကာ ခန့်မှန်းချက်ပေးတာ တွေ့ရသေးတယ်။
ကျနော်ကတော့ စစ်အုပ်စု ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာမရှိတဲ့အတွက် စက္ကူစုတ်ဖြစ် သွားတာကြာပြီဖြစ်တဲ့ ၂၀၀၈ ခြေဥစာအုပ်ကိုလည်း ပြန်မလှန်၊ တစ်ချက်တောင် စေ့စေ့ မတွေးဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ၂၀၀၈ ခြေဥကို ကိုင်ကာ ဖာပါးစပ်နဲ့ တောင်ရောက်မြောက်ရောက် လျှောက်ပြောနေတာ အာဏာစသိမ်းစကတည်းကမို့ပါ။
စစ်အုပ်စုက ဘာတွေပဲပြောပြော၊ အာဏာသိမ်းလိုက်တယ်ဆိုတာ ပြည်သူတိုင်း အသိ၊ နိုင်ငံတကာလည်း အသိ။ အာဏာသိမ်းထားပြီး အာဏာကို လက်မလွှတ်ချင်တော့တာကြောင့် အကြီးအကျယ်သတ်ဖြတ် ဖျက်ဆီးနေတဲ့ စစ်တပ်ဟာ ဘယ်လိုတွေ ဘာတွေဆက်ပြောပြီး ဘယ်လိုပဲခေါင်းစဉ်တပ်တပ် အာဏာသိမ်းခြင်းဆိုတဲ့ အနှစ်သာရကို ပြောင်းလဲစရာအကြောင်းမရှိဘူးလို့ နားလည်ပါတယ်။
အခုလည်း ဇန်နဝါရီလ ၃၁ ရက်မှာ မင်းအောင်လှိုင်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးကြောင်း ကြေညာလိုက်ပါတယ်။
ပြည်သူရွေးကောက်ခံ သမ္မတကို ဖမ်းပြီး အာဏာသိမ်းလိုက်တဲ့ အင်မတန်ရှင်းလင်းလှတဲ့ အာဏာသိမ်းပွဲအပေါ်မြင့်ဆွေကို မင်းအောင်လှိုင်က ယာယီသမ္မတလုပ်ခိုင်း၊ ခြေဥနဲ့ အတင်းကောက်ညီကာ ကုလားဖန်ထိုးခဲ့တဲ့ပွဲအပြီး အခု မြင့်ဆွေကို ကုပ်ချောင်းချောင်းနဲ့ ထပ်တွေ့ရပြန်တယ်။ အခု မင်းအောင်လှိုင်ပြောတဲ့ ကာလုံအစည်းအဝေးဆိုတာ အာဏာသိမ်းထားတာကို ထပ်ကုလားဖန်ထိုးတာဖြစ်လို့ အဲဒီအစည်းအဝေး တက်ရောက်သူအားလုံးဟာ တစ်ချိန်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရမယ့် မင်းအောင်လှိုင်ရဲ့အမှုတွဲတွေ ဖြစ်တယ်ဆိုတာ အခုကတည်းက ကြိုတင်ထုံးတို့ထားရပါမယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့၊ ကာလုံလို့ ခေါင်းစဉ်တပ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်အရဆိုရင် နောက်ထပ် အရေးပေါ်အခြေအနေသက်တမ်းဆိုတာကို ၆ လ တစ်ဖြတ်နဲ့ ဆက်တိုက်လာမယ့် သဘောပါပဲ။ ဘယ်အချိန်ထိ အရေးပေါ်အခြေအနေ ဖြစ်နေမလဲဆိုတော့ မင်းအောင်လှိုင်လုပ်ချင်နေတဲ့ ရွေးကောက်ပွဲမဖြစ်မချင်းအထိလို့ အကြမ်းဖျင်းပြောနိုင်ပါမယ်။
ဆိုတော့ ရွေးကောက်ပွဲကို စစ်အုပ်စုက ဘယ်တော့လုပ်နိုင်ခြေရှိပါသလဲ။ ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်းကို စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်လိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်ဟာ တိုင်းပြည်အာဏာကို ရာသက်ပန်သိမ်းပိုက်နိုင်မယ့် တရားဝင်နည်းလမ်းလို့ မင်းအောင်လှိုင်ထင်နေလို့ပါပဲ။
စစ်အုပ်စုပြုလုပ်လိုတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်အားစုအားလုံးကို လုံးဝပါဝင်ခွင့် မပေးရုံတင်မက ဇန်နဝါရီနောက်ဆုံးပတ်အတွင်း စစ်အုပ်စုထုတ်တဲ့ နိုင်ငံရေးပါတီဆိုင်ရာ သတ်မှတ်ချက်တွေအရ ရွေးကောက်ပွဲသိပ်ဝင်ချင်နေတဲ့ ကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီတောင် ပါတီအဖြစ် ဆန်ကာတင်ကျန်ဖို့ မဖြစ်နိုင်ပါဘူး။ 
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ချင်စိတ်က တစ်ပိုင်း၊ လတ်တလော သေချာတာက သူတို့ ရည်မှန်းထားသလို လာမယ့် ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပုံရပြီး အဲဒါဟာ စစ်အုပ်စုကို ဆတ်ဆတ်ခါ နာရပါတယ်။
အင်အားကြီး အမေရိကန်က စစ်အုပ်စုရွေးကောက်ပွဲကို အတိအလင်းပယ်ချလိုက်တာကြောင့် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အလိုလို ပယ်ချပြီးသားပါပဲ။ မြန်မာ့အရေးမှာ အရေးပါတဲ့ တရုတ်နိုင်ငံကလည်း စစ်အုပ်စုရွေးကောက်ပွဲကို ပယ်ချကြောင်း တရုတ်ထုံးစံအရ ထုတ်ဖော်ပြောခြင်းမရှိပေမယ့် အသိအမှတ်ပြုပုံမရသလို စစ်အုပ်စုနဲ့ ပလူးချင်နေတဲ့ အိန္ဒိယကလည်း အာဆီယံရဲ့ သတိပေးချက်အရ ရူးချင်ယောင်ဆောင်နေရပါတယ်။ အာဆီယံကလည်း စစ်အုပ်စုရွေးကောက်ပွဲကို ငြင်းကြောင်း ထုတ်မပြောပေမယ့် အာဆီယံမူ ၅ ရပ်ဆိုတာ စစ်အုပ်စုသွားလိုတဲ့ ငါတကောရွေးကောက်ပွဲလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ အသိသာကြီးပါ။ ပြောရရင် စစ်အုပ်စုရွေးကောက်ပွဲအပေါ် ထောက်ခံပါတယ်လို့ ပြောတဲ့ နိုင်ငံတစ်နိုင်ငံတောင် မရှိသေးတာ ကြီးမားတဲ့ ဖိအားတစ်ရပ်ပါပဲ။
ပြီးတော့ ရွေးကောက်ပွဲကိုရော အမှန်တကယ် ဘယ်နှမြို့လောက်မှာ ပြုလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းကိုလည်း ဖိအားကြီးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့၊ ကာလုံလို့ နာမည်တပ်ထားတဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံလိုက်ရတာက မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တာ ၁၉၈ မြို့နယ်သာရှိပြီး လုံခြုံရေးနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၅ ခုနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့်မြို့နယ် ၆၇ ခု ရှိတယ်ဆိုတာပါပဲ။ လုံခြုံရေးအရ အလေးထားဆောင်ရွက်ရမယ့် မြို့နယ်တွေဆိုတာက တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်တဲ့ မြို့တွေလို့ဆိုလိုပြီး လုံခြုံရေးအရ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့တွေဆိုတာက လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြို့တွေလို့ ပြောတာပါ။
သေချာတာက အဲဒီ ၁၃၂ မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ရာ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ကို မြန်မာမြို့ပေါင်း ၁၅၀ ကျော်က ဆင်နွှဲခဲ့ခြင်းအရ ဒီမိုကရေစီအင်အားစုတွေက စစ်အုပ်စု ရွေးကောက်ပွဲလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲဦးမယ်ဆိုရင် အနည်းဆုံး မြို့ပေါင်း ၁၅၀ ကျော်မှာ ချောက်ချားသွားနိုင်ပါသေးတယ်။ အသံတိတ်သပိတ်ကို အခြေခံပြောရမယ်ဆိုရင် မြန်မာနိုင်ငံက မြို့ပေါင်း ၁၅၀ ကျော်က စစ်အုပ်စုကို အခိုင်အမာ ဆန့်ကျင်နေပါတယ်။
ပြီးတော့ စစ်အုပ်စုရွေးကောက်ပွဲရဲ့ ကနဦးခြေလှမ်းဖြစ်တဲ့ မဲစာရင်းကောက်ယူတဲ့အဆင့်မှာတင် PDF တွေဟာ လက်ပိုက်ကြည့်မနေကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုပဲ ကိုယ်မသေရင်ပြီးရော အသက်တွေ ပေါတယ်ဆိုပြီး နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းဦးမယ်ဆိုရင် နောက်ထပ် ပြင်းထန်တဲ့ စိန်ခေါ် သံတွေနဲ့ ရင်ဆိုင်ရမှာ မလွဲပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်သူတွေက လွှတ်တော်အမတ် ဝင်အရွေးခံပြီး အသက်ကို ဖက်နဲ့ထုပ်  စင်ပေါ်တက် တရားဟောကာ မဲဆွယ်စည်းရုံးရဲမှာလဲ။ ရန်ကုန်လို၊ မန္တလေးလိုမြို့ ကြီးတွေမှာတောင် ဘယ်အချိန် ဘယ်နေရာက ရောက်လာမယ်မှန်းမသိတဲ့ ကျည်ဆန်တွေက အဆင်သင့် စောင့်နေတာမို့ မင်းအောင်လှိုင်စိတ်ကူးယဉ်နေတဲ့ ရွေးကောက်ပွဲမှာ အမတ်လုပ်ဝင်ရွေးဖို့ ကျပ်ပြည့်တဲ့လူဆို စိတ်ကူးမယဉ်ရဲပါဘူး။
အဲဒီလို ပြည်တွင်း၊ ပြည်ပ ပစ်မှတ်ထားခံနေရတဲ့ ရွေးကောက်ပွဲကို စုံလုံးကန်းဆက်လှမ်းရင် ဆက်ဆိုးရွားနိုင်တာမို့ မင်းအောင်လှိုင်တစ်ယောက် သက်ပြင်းချ တောက်ခတ်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်ပုံရပါတယ်။ နောက်တစ်လှမ်းဆုတ်တယ်ဆိုတာ ရှေ့တစ်လှမ်း တိုးဖို့အတွက်ဖြစ်ကြောင်း မမေ့ကြဖို့လိုပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ရှေ့တစ်လှမ်း ဆက်တိုးလာနိုင်မလဲဆိုတော့ မင်းအောင်လှိုင်ရဲ့ ပုံသေနည်းလမ်းအတိုင်း  တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်တဲ့မြို့နဲ့ လုံးဝထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြို့တွေကို အင်အားသုံးဖြိုခွင်းပြီး ရှေ့ ဆက်လှမ်းမှာ အသေအချာပါပဲ။
စစ်အုပ်စုဟာ သူတို့သွားလိုတဲ့ လမ်းကို နောက်ပြန်မလှည့်စတမ်း၊ ပိုင်းပိုင်းဖြတ်ဖြတ် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ စစ်အုပ်စုသွားနေတဲ့လမ်းကို ပြည်တွင်းအင်အားစုတွေရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဒီနေ့အချိန်ထိ မဟာဗျူဟာမြောက် မဟန့်တားနိုင်သေးတာလည်း အသေအချာပါပဲ။
~~~~~~
ထွန်းလင်း
#ငွေမောင်းသံ မီဒီယာ


ဆက်ဖတ်ရန် →