DVB | 7 February, 2023
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့်နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီကကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက၂,၃၃၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့၃,၈၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီလောက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲကနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သန်းမော် နေရာတင် သေဆုံးခဲ့ပြီးကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တရားရုံးကနေ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ နေထိုင်တဲ့စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူးနဲ့ အလွတ်တန်းသတင်းထောက်ဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ယဉ်ယဉ်သိန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ကိုအကြည်ညိုပျက်စေတဲ့ စာသားတွေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်စေတဲ့ စာသားတွေကို ရေးတင်တယ်ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါကအေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။
ဆက်ဖတ်ရန် →
ထိုမေးခွန်းသည် ရုပ်ပိုင်းဆိုင်ရာ အရ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဖြစ် ကမ္ဘာက ယူဆလာအောင် အာဏာသိမ်း စစ်တပ်သည် ကြံရာမရ ဖြစ်လာသည်နှင့် အမျှ ဖန်တီး တည်ဆောက်ပေးနေပြီ ဖြစ်သည်။
ရုရှားဖက်ကတော့ ဝေးကွာလှသည့် အပြင် ၎င်းတို့ နကိုယ်ကတည်းက နိုင်ငံရေး စစ်ရေး အရ တက်တက်ကြွကြွ လှုပ်ရှားခဲ့ခြင်း မရှိသည့် အရှေ့တောင် အာရှ နိုင်ငံ ဖြစ်သော မြန်မာ နိုင်ငံ ကို အမေရိကန် တို့ စိတ်ထဲ ကျလိကျလိ ဖြစ်အောင် ကလိပေးချင်သည့် စိတ်ထက် မပို ဆိုသည်ကို အာဏာသိမ်း အဖွဲ့က ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ၎င်းတို့ အပေါ် လူ ရှိန်လာစေရန် အတင်း လုပ်ယူနေခြင်း မျိုးသာ ဖြစ်သည်။
ထိုသို့ အရှက် နှင့် မဟုတ်ပဲ အသက်နှင့် လူလုပ်နေကြသည့် နောက်ထပ် အဖြစ်တခုကား လှိုင်တက္ကသိုလ် နယ်မြေ ဝန်း အတွင်း နျူကလီယား စွမ်းအင် သတင်းသုတေသန ဌာန ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။
ထိုဌာနအား ရုရှား အစိုးရပိုင် အနုမြူ စွမ်းအင် ကော်ပိုရေးရှင်း ကြီး ဖြစ်သော ရိုဆာတွန် ၏ ညွှန်ကြားရေးမှုး ချုပ် အယ်လက်ဆီ ယူဂင်နီဗစ်ချ် လီကာချက် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဆန်းကြယ်နေသည်ကား ထိုအခမ်းအနားသို့ နိုင်ငံ၏ ဝန်ကြီးချုပ် ကြီး ဟု မိမိကိုယ် မိမိ ခံယူထားသူ မင်းအောင်လှိုင် သည် ထိုသို့ ပြည်ပနိုင်ငံ တနိုင်ငံ၏ ညွှန်ကြားရေးမှုးချုပ် အဆင့်ရှိသူ တဦး နှင့် အတူ တွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တက်ဖို့ကလည်း သူ့အတွက် အလွယ်တကူ တော့ မဟုတ်၊ ကြည်းရေလေ စစ်ဆင်ရေး မျိုး ဖြင့် လုံခြုံရေး အတွက် အထပ်ထပ် စီမံခဲ့ရပြန်သည်။
မင်းအောင်လှိုင်သည် မည်သို့သော ရည်ရွယ်ချက် နှင့် ဖြစ်စေ စစ်ခေါင်းဆောင်များ၏ သိမ်ငယ်စိမ် inferiority complex ကို ရှေ့မှ ဦးဆောင် ပြလိုက်ခြင်းပင် ဖြစ်သည်၊ ထိုနေရာတွင် မေးခွန်း ထုတ်စရာဖြစ်လာရသည်က သူ့လိုပင် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ ယခုလို ထိုကဲ့သို့ အခမ်းအနားမျိုး ကို တက်ရောက်လာကြမည်လော ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် မိုင် ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ အရှင်သခင်များ နှင့် အားရတင်းတိမ် နိုင်ခြင်း မရှိပဲ အထိမ်းအမှတ် ကျောက်ပြားကိုပင် အမွှေးနံ့သာ များ ပက်ဖျန်းကာ ကိုယ့်အားကိုယ်ကိုး ရမှန်း မသိပဲ မမြင်ရသော လောက မှ ပုဂ္ဂိုလ်များကို ပင် တိုင်တည်လိုက်ပြန်သေးသည်။ ထိုလောက မှ ပုဂ္ဂိုလ်များသည် ၎င်းတို့ အတွက် ပြည်သူများ၏ ထောက်ခံမှု ထက် ပိုအရေးကြီး နေသည် ဆိုသည်ကိုလည်း စစ်ခေါင်းဆောင် အဆက်ဆက် ခံယူထားခဲ့ကြပြီး ဖြစ်သည်။
နိုင်ငံတကာ၏ သံခင်းတမန်ခင်း ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များကို ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ပစိဖိတ် သမုဒ္ဒရာ ထဲ ရှိ ဥရောပ နိုင်ငံကြီး တနိုင်ငံ၏ အစောင့်အရှောက်ခံ ကျွန်းနိုင်ငံ လေး တခု၏ အကြီးအကဲ လို အဖြစ်မျိုး ရောက်သွားရရှာပြီ ဖြစ်သည်။ လီကာချက်အား ဂုဏ်ပြု ညစာ စားပွဲ ဖြင့် ဧည့်ခံ ဦးမည်လော ဆိုသည်ကား မသိရသေး။
မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် တိုင်းပြည်ကို မီးလောင် တိုက်သွင်းနေယုံဖြင့် အားမရပဲ ၎င်း ၏ အလွန်အကျွံ လုပ်ရပ်များကို ထောက်ခံပေးမည့် အရှင်သခင် ကြီးကို အားကိုးတကြီး ဖြင့် ပင့်ဖိတ်လာခြင်း ဖြစ်သည်။
သို့သော် အရှင်သခင်ကြီး ကိုယ်နှိုက်ကား သူပြဿနာ နှင့် သူ ကြုံနေရပြီး ဆီရီယားကို ဝင်ကူသလို မျိုး မည်သို့မျှ လုပ်ပေး နိုင်စွမ်း ရှိမည် မဟုတ်ပေ၊ ရှိသည် ဆိုစေဦး တရုတ် နှင့် အရှေ့အာရှ နိုင်ငံများ၏ လေပိုင်နက် ကို ဖြတ်သန်းရပေဦးမည်။ ရုရှားသည် အထက်တွင် ပြောခဲ့သလို အမေရိကန် နှင့် အနောက်အုပ်စုများ စိတ်ထဲတွင် ကျလိကျလိ ဖြစ်အောင် ဆွပေးနေခြင်းမျိုး ထက် ပို၍ သဘောထားမည် မဟုတ်။
သို့သော် ထိုသတင်း အား အနောက်တိုင်း သတင်းဌာနများက ရုရှားကြောင့် အရှေ့တောင်အာရှ တွင် နျူကလီယား ပြိုင်ဆိုင်မှု တိုးမြှင့်လာမည်လောဟု အလွန်အကျွံ မေးခွန်းထုတ်ပြီး တွန်းတွန်း တိုက်တိုက် ရေးသားလာကြပြီ ဖြစ်သည်။
ထိုသို့ အာဏာသိမ်း အဖွဲ့ သည် ရုရှား နှင့် ပလူးပလဲ လုပ်လာနေမှု ကို မိမိတို့ လက်ပိုက်ကြည့်နေမည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ထိတ်တန်း အကြံပေး ဒဲရက် ရှိုလက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ အတွေးအခေါ်သည် မည်သို့ပင် ရည်ရွယ်စေကာမူ တော်လှန်ရေး ချိန်ခွင်လျှာ အား မဖြစ်မနေ ပြောင်းလာအောင် ဖန်တီးပေးနေခြင်းသာ ဖြစ်၍ ကြိုဆိုရမည်သာ ဖြစ်သည်။
မြန်မာပြည်သူများသည် အိမ်နီးချင်း နိုင်ငံများ ကဲ့သို့ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခြင်း မရှိတော့သည်ကို မည်သို့ ကြံဆောင်ရပါမည်လဲ ဟု တွေးခေါ် မျှော်မြင် နိုင်စွမ်း မရှိသည့် အကြံတုံး ညဏ်တုံးများပီပီ လူ အထင်ကြီး ပြီးရော ဆိုကာ လျှောက်လုပ်နေခြင်း မျိုးသာ ဖြစ်သည်။
ရိုဆာတွန်မှ ဖေဖေါ်ဝါရီ ၆ ရက် နေ့ ထုတ်ပြန်သော ကျေညာချက်တွင် နျူကလီယား ကဏ္ဍတွင် အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှု အဖြစ် low-capacity နျူကလီယား ဓါတ်အားပေး စက်ရုံ အသေးစားလေး တခု တည်ဆောက်ပေးရန် လက်မှတ် ရေးထိုး ခြင်း ဖြစ်သည်ဟု ပါရှိသည်။ ထိုသို့တည်ဆောက်ရန် ဖြစ်နိုင်ခြေ ရှိမရှိ ကွင်းဆင်းလေ့လာမည့် ပရိုဂျက် အတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ဆိုသည်။
ယခင်က ဆက်ဒမ် ဟူစိန် လည်း ပြင်သစ် နှင့် အလားတူ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ဆက်ဒမ် ဟူစိန်က အထက်စီး နှင့် ဖြစ်၍ ပြင်သစ် သမ္မတ ကိုယ်တိုင်ကပင် အော်လီ နိုင်ငံတကာ လေဆိပ်တွင် ကော်ဇော်နီ ခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ နှင့် တခမ်းတနား ကြိုဆိုခဲ့သည်။ အကောင်အထည်ပေါ်လာလု ဆဲဆဲ တွင် အစ္စရေး လေတပ်၏ ချေမှုန်း ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
အချုပ်အားဖြင့် ဆိုလျှင် ထိုသို့ လုပ်ဖြစ်သည် ဆိုစေဦး နျူကလီယား ဓါတ်အားပေး စက်ရုံ လည်ပတ်နိုင်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ မှ အရင်ဆုံး လုံခြုံမှု ရှိမရှိ စစ်ဆေးပြီးမှ သာ ခွင့်ပြုရစမြဲ ဖြစ်သည်၊ ၎င်းတို့အား နိုင်ငံတကာ ကပင် အသိအမှတ် ပြုခြင်း မခံရသည့်အတွက် မည်သူမျှလည်း ရောက်လာဖို့ မရှိ ပေ။
ဤသည်ကလည်း အစွမ်းကုန် တွက်ဆ ပြောဆိုခြင်းမျိုးသာ ဖြစ်ပြီး ၎င်းတို့ အမွှေးနံ့သာ များ ဖြင့် ပက်ဖျန်းထားသော ကဗ္ဗည်း ကျောက်ပြားသည်လည်း ရေညှိများဖြင့် ဖုံးလွှမ်းသွားဖို့သာ ရှိနေပေတော့သည်။
ပတ်ဝန်းကျင် နိုင်ငံများက မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အချုပ်အခြာအာဏာကို အထိခိုက်မခံပဲ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းများ ဖေါ်ဆောင်နေချိန်တွင် အရှက်ထက် အသက်နှင့် လူလုပ်နေကြရသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် ရုရှားကို ဖါးရ၊ တရုတ်ကို မျက်နှာချို သွေးရ လုပ်နေရပြီ ဖြစ်သည်။
သို့သော် အမျိုးသား ညီညွတ်ရေး အစိုး ရကမူ နိုင်ငံတကာ တွင် သံခင်း တမန်ခင်း အရ ဂုဏ်သိက္ခာရှိရှိ ထိုးဖေါက်နိုင်နေပြီ ဖြစ်သည့် နောက်ထပ် လက္ခဏာ တရပ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကလဲဗာလီ နှင့် လန်ဒန်တွင် တန်းတူရည်တူ အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ပုံတွင် တွေ့နိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ

ဆက်ဖတ်ရန် →
Shwe S N | February 4, 2023 | Celebrity |
BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်ကောင်စီတပ် သြဇာခံသောအဖွဲ့များဖြစ်သည်။
Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု ရေးထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့်အကြမ်း
ဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ပြုံးရွှင့်ကြစားသောက်နေကြသည်ကိုတွေ့ရသည်။
ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်တော်ဆိုင်ကယ်နှင့်ကားများတင်သွင်းရောင်းချနေသော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်ကျော်နန္ဒ လည်းပါဝင်သည်ကိုတွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်ကောင်စီနှင့် BGF များကိုဆက်ကြေးပေးကာ ဆိုင်ကယ်တင်သွင်းနေသောလုပ်ငန်းဖြစ်ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ထို့အပြင် မြင့်မြတ်သည်စစ်ကောင်စီအမာခံထောက်ခံသူ အဆိုတော်ယုန်လေးနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သလို ၊ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့်စာချုပ်ချုပ်ဆိုထားသော အဓိကမင်းသားဖြစ်သည်။


ဆက်ဖတ်ရန် →
-သက်ဝေ/People’s Spring
စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
ကမ္ဘာတစ်ဝန်းရောက်နေသောမြန်မာပြည်သူ များနှင့် အမျိုးသားညီညွတမရေးအစိုးရ(NUG)မှတာဝန်ရှိသူများဖေဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှတွေ့ဆုံ၍ မေးမြန်းဖြေကြားကြသော Myanmar Global Town Hall 2023 "ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်" အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ယခု ရက်ပိုင်း စစ်ကောင်စီက သက်တမ်း ၆လထပ်မံ တိုးမြှင့်ခြင်း၊ မြို့နယ် ၃၇ခုကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်များသည် စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းများစွာ အားနည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။တော်လှန်ရေးအင်အားစုများက ရှေ့တွင် တစ်နှစ်စီမံချက်ကို အစီအစဉ်တိုင်း ပိုမိုဆောင်ရွက်မည်ဖြစ်သည်ဟုအသိပေးသည်။
“ဖြစ်လာရင် ပိုပြီးတော့မှ စစ်ကောင်စီကို အထိနာအောင် ဆောင်ရွက်နိုင်လိမ့်မယ်။ ဒီအထဲမှာ စစ်ဒေသအလိုက် လွတ်မြောက်နယ်မြေလို့ ပြောနိုင်တဲ့ ဒေသတွေ ဖော်ထုတ်ရေး ဆိုတာကလည်း အရေးကြီးတဲ့ ရည်မှန်းချက်တွေဖြစ်မယ်။ ဒီအတွက်လည်းအရေးကြီးတဲ့အကောင်အထည်ဖော်မှုတွေ အခုကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီ” ဟုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
တစ်ချိန်တည်း၌ပင် တစ်နှစ်စီမံချက်အရ ယခုနှစ်အတွင်း မည်သူနိုင်မည် မည်သူရှုံးဆိုသည့် သေချာသည့် အဆင့်တစ်ခု ဖြစ်ပေါ်လာမည်ဟုလည်းဆက်ပြောသည်။
“ဒီအဆင့်တစ်ခုကို သေသေချာချာ ဖော်ပြပြီးတော့ဒေသအလိုက်သာမကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လွတ်မြောက်ရေးကိုလည်း ဆက်တိုက် စီမံချက်ချပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဟုဦးရည်မွန်ကဆိုသည်။
နိုင်ငံတကာကစစ်ကောင်စီအနေဖြင့် အာဏာသိမ်း ၂ နှစ်တာကာလအခြေအနေတွင် နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်ကိုလက်ခံလာကြောင်း ဝန်ကြီးကဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ရက်က နိုင်ငံတစ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးနှင့် ဆွေးနွေးရာတွင် မြန်မာပြည်သူများ၏ စိတ်အားဓာတ်သန်မှု၊ ညီညွတ်မှုကို သတိပြုမိကြောင်း ထုတ်ဖော်ဆွေးနွေးလာကြောင်းဝန်ကြီးက ပြောပြသည်။
“ဒါက အင်မတန်အရေးကြီးတဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး သူ့ဘက်က အသိပေးဆွေးနွေးခဲ့တာရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီက ၃၇ မြို့နယ်ကို မာရှယ်လောထုတ်ခြင်း၊ စစ်ကောင်စီ သက်တမ်း ခြောက်လတိုးသည့်ကိစ္စတို့သည် နိုင်ငံတကာ၏ အမြင်အပေါ် သက်ရောက်မှု များစွာဖြစ်စေခဲ့သည်ဟု ဆိုသည်။
“စစ်ကောင်စီက နောက်ထပ် ခြောက်လ သက်တမ်းတိုးမယ်လို့ ထုတ်ဖော်ပြောဆိုလာတာသည်ပင်လျင်သူ့အနေနဲ့ဒီနိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံရာလည်းရောက်နေတယ်လို့ သူကအဲဒီလို သုံးသပ်ပါတယ်” ဟုကာကွယ်ရေးဝန်ကြီးကပြောပြသည်။
စစ်ကောင်စီက ၂၀၂၃ အတွင်း ရွေးကောက်ပွဲတစ်ခုလုပ်မည်ဟု ကြိမ်ဖန်များစွာ ပြောထားသော်လည်းအမှန်တကယ် ရွေးကောက်ပွဲ လုပ်နိုင်မည်လားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေကြသည်ဟုဆိုသည်။
“အခုလို စစ်အာဏာကို ခြောက်လ သက်တမ်းတိုးလိုက်ပြီ ဆိုတဲ့ ကိစ္စက သူရွေးကောက်ပွဲလည်း သူမျှော်မှန်းတဲ့အတိုင်း မလုပ်နိုင်တော့ဘူး ၊ရွေးကောက်ပွဲမလုပ်နိုင်တာကသူ့ရဲနယ်မြေထိန်းချုပ်မှု အင်မတန်အားနည်းနေပြီဆိုတာဖော်ပြတဲ့အချက်ဖြစ်တဲ့အတွက် နိုင်ငံတကာ အနေနဲ့ဒီအပေါ်မှာ အံ့အားသင့်ရတယ်ဆိုပြီး ပြောဆိုတာရှိတယ်။မာရှယ်လောထုတ်ပြန်တဲ့ကိစ္စဟာလည်းတစ်ဖက်မှာ ဪသူ့ရဲ့နယ်မြေထိန်းချုပ်နိုင်စွမ်း အားပျော့နေပြီဆိုတာကို ဝန်ခံရာလည်းရောက်တယ်ဆိုပြီး ဆွေးနွေးချက်လေးတစ်ခုရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီကမြို့နယ်၃၇မြို့နယ်ကိုမာရှယ်လောထုတ်သည်ဆိုသော်လည်း တကယ်တန်းတွင် ယခုထက်ပိုမိုသည့် မြို့နယ်များစွာကို မာရှယ်လောထုတ်ရမည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ယခု ထုတ်ပြန်ကြေညာခဲ့သည့် မြို့နယ်များသည် တော်လှန်ရေးရဲဘော်များ စိုးမိုးထိန်းချုပ်ထားသည့် မြို့နယ် ဒေသများဖြစ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး” ဟု NUG ကာကွယ်ရေးဝန်ကြီးကပြောသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်း တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းထားပြီး ၊ပကဖ အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိကြောင်း ၊ထိုအပြင် PDF အဖွဲ့များပင်ဆိုနိုင်သော ကရင်နီ ပြီနယ်တွင် တော်လှန်ရေးမဟာမိတ် အဖွဲ့ဖြစ်သောKNDF ကတပ်ရင်း ၂၀ ကျော် ၊ ချင်းပြည်နယ်တွင် လည်း တော်လှန်ရေးမဟာမိတ် CDF တပ်ရင်းပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ကြောင်းလည်း ဝန်ကြီးကပြောသည်။ ထို့အပြင် PDF များကို ခိုလှုံခွင့်ပေးပြီးစစ်ပညာသင်ပေးကာ အဓိက တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIO/KIA ၊ KNU/KNLA ၊KNPP/KA နှင့်CNF/CNA တို့တွင်လည်း နွေဦးကာလတွင် တပ်ဖွဲ့ဝင်အင်အား ယခင်ကထက်ပိုမိုတောင့်တင်းလာကြောင်းသိ့ရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပူးပေါင်း၍စစ်တိုင်းများအဖြစ် မြောက်ပိုင်းတိုင်း၊တောင်ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်း တို့စနစ်တကျဖွဲ့စည်းသည်။ထို့အပြင် စစ်ဒေသမှူးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကိုတာဝန်ပေးအပ်ထားပြီး စစ်ဆင်ရေးများကို စနစ်တကျ ဗျူဟာချမှတ်ဆောင်ရွက်နေမှုများကိုလည်း ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)
ဆက်ဖတ်ရန် →
Era’s eye
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၉) ရက်၊ ဘေဂျင်း။
ပြီးခဲ့သည့်နိုဝင်ဘာလက ဘေဂျင်းတွင် တရုတ်နိုင်ငံ၏ "ဇီးရိုး-ကိုရိုနာ" ပေါ်လစီကို ဆန့်ကျင်သော လူငယ်များက ဆန္ဒပြခဲ့ရာ ဆန္ဒပြခဲ့သူများကို တဦးပြီးတဦး တရုတ်အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု စွပ်စွဲထားသည်။ ယင်းကဲ့သို့ ပြောဆိုထားသည့်ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။
၎င်းဗီဒီယိုပိုင်ရှင်သည် ဘေကျင်းမြို့ရှိ ပုဂ္ဂလိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ညက ဘေဂျင်းမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ယခု ဇန်နဝါရီလ (၁၈) ရက်နေ့တွင် Twitter နှင့် အခြားမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အမျိုးသမီးငယ်တဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သူမ၏ သူငယ်ချင်းလေးယောက် အဖမ်းခံလိုက်ရပြီး မကြာခင် သူမလည်း အဖမ်းဆီးခံရတော့မည် ဖြစ်ကြောင်းနှင့် သူမတို့ကို ပြည်တွင်းနှင့် ပြည်ပမှ အကူအညီပေးကြရန် တောင်းဆိုထားသည့် ဗီဒီယိုဖြစ်သည်။ ကျမရဲ့ ဒီဗီဒီယိုကို အားလုံးက ကြည့်ရတဲ့အခါမှာ ရဲတွေက ငါ့သူငယ်ချင်းတွေနဲ့အတူ ငါ့ကို ခေါ်သွားပြီ” လို့ မှတ်ယူနိုင်ကြောင်း သူကက ပြောခဲ့သည်။ အဆိုပါ ဗီဒီယိုအား သူမ မရှိတော့သည့်အချိန်တွင် ထုတ်ပြန်ပေးရန် သူငယ်ချင်းတစ်ဦးထံ အပ်နှံထားကာ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားသည်ဟု သူမသူငယ်ချင်းက ပြောသည်။
အမျိုးသမီး၏ ပြောကြားချက်အရ နိုဝင်ဘာ (၂၉) ရက်မှ စတင်ကာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တစ်ဦးချင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို စတင် စစ်ဆေးမေးမြန်းခဲ့သည်။ အစောပိုင်းတွင် ၎င်းတို့အား (၂၄) နာရီအကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ ပြန်လည်ခေါ်ဆောင်သွားသောသူများ ပြန်မလာသေးသည့် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ စွဲချက်နဲ့ ချုပ်နှောင်ထားတဲ့နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
ဗီဒီယိုတွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသော အမျိုးသမီးများ အပါအဝင် စုစုပေါင်း လူ ၁၃ ဦး၏ အမည်များနှင့် အလုပ်အကိုင်များကို မိတ်ဆက်ပေးထားသည်။ စာရေးဆရာများ၊ အယ်ဒီတာများနှင့် မီဒီယာသမားများလည်း ပါဝင်ပါသည်။
Virtual Private Network (VPN) ကို အသုံးမပြုဘဲ Twitter ကို တရုတ်နိုင်ငံတွင် ကြည့်ရှုနိုင်မည် မဟုတ်ပါ။ အမျိုးသမီး၏ ဗီဒီယိုတွင် အင်္ဂလိပ်စာတန်းထိုး ပါရှိပြီး ဆန္ဒပြသူများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီတောင်းထားသည်။
Source: JIJI
Video Source: Twitter
တရုတ်နိုင်ငံမှာ ဆန္ဒပြသူတွေ တယောက်ပြီးတယောက် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယို https://youtu.be/qw_BFbsT0Wg
ဆက်ဖတ်ရန် →

ဧရာဝတီ
အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တနှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့်အစည်းအဝေးကို စနေနေ့တွင် ပြီးဆုံးသွားသည်။ အဖွဲ့ဝင်နိုင်ငံများသည်အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင်စည်းလုံးမှုရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည်။
“ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက်တခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု ရတ်နိုမာဆူဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေက ခိုင်မာတဲ့ စည်းလုံးမှုကို ပြသကြပါတယ်” ဟုလည်း ၎င်းကပြောသည်။
ဘုံသဘောတူညီချက် ၅ ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဧပြီလ၌ ပြုလုပ်သော အဖွဲ့၏ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှု ပါဝင်သည်။ .
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုမာဆူဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့်ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်းထိုးပြကာ “စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။
မြန်မာစစ်တပ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတရပ်ကို ကျင်းပခဲ့သည်။ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ မတက်ခဲ့ကြပေ။
“အာဆီယံနိုင်ငံတွေကြား ကုန်းကြောင်းနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကွာခြားမှုက ချဉ်းကပ်ပုံကို ကွာခြားမှု ဖြစ်စေပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းလုပ်ဖော်ကိုင်ဖက်နှင့် ညှိနှိုင်းရေးမှူးSharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ထင်ရှားတာက ထိုင်းနိုင်ငံရဲ့ အစပျိုးမှုဟာ အဲဒီကွာဟချက်ကို တံတားထိုးဖို့ ကြိုးစားတာပါ၊ ဒါပေမယ့် ကွာဟချက်က ပိုကွာဟသွားပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုလည်း ပြောသည်။
မြန်မာအရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအသင်းတွင် အရှေ့တီမော၏ ပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကိုအဖွဲ့၏ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် နိုဝင်ဘာလတွင်သဘောတူခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် ပိုင်နက်တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာ “တတ်နိုင်သမျှ အမြန်ဆုံး” နှင့် ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
ကိုးကား။ ။ Nikkei Asia
ဆက်ဖတ်ရန် →