နောက်ဆုံးရ

နျူနည်းပညာရရှိရေး အပူတပြင်းကြိုးပမ်းနေသည့် မင်းအောင်လှိုင်


၂၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယမ်လောင်စာတောင့်သည် လက်နက်ထုတ်လုပ်ရေးအတွက်ပင် ရည်ရွယ်နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
Published on Feb 7, 202
နျူစင်တာဖွင့်ပွဲတွင် ရုရှားအချို့နှင့်အတူ တွေ့ရသည့် အာဏာသိမ်ခေါင်းဆောင်။နျူစင်တာဖွင့်ပွဲတွင် ရုရှားအချို့နှင့်အတူ တွေ့ရသည့် အာဏာသိမ်ခေါင်းဆောင်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် မြောက်ကိုရီးယားသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်များ စေလွှတ်ကာ ဖျက်အားပြင်းမဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ဖူးရာ လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နျူလက်နက်ပိုင်ဆိုင်ရေး စိုင်းပြင်းနေဖွယ်ရှိသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ မနေမနားကြိုးပမ်းနေသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၆) က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နျူကလီးယားစင်တာဖွင့်ပွဲကို ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း Rosatom မှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည်။ ရုရှားနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦးလုပ်ငန်းစဉ်အဖြစ် နျူစင်တာဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။​
ရုရှားနှင့် ပူးပေါင်း၍ စစ်ကောင်စီဖွင့်လှစ်လိုက်သည့် နျူကလီးယားအသိပညာပေးစင်တာမှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်း ပါရမီလမ်းမရောက်မီ ပြည်လမ်းဘေး၌ တည်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် အကြမ်းထည်အဖြစ်သာ ရှိခဲ့သော ထိုနေရာ၌ စစ်ကောင်စီက နှစ်နှစ်အတွင်း နျူကလီးယားစင်တာဖြစ်အောင် အလျင်အမြန်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာအဆင့်ဆင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုစင်တာဖွင့်လှစ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ နျူနည်းပညာအသုံးချရေးနှင့် ပတ်သက်၍ နယ်ပယ် ၁၄ ခုတွင် ရှေ့ဆက်ဆောင်ရွက်သွားရန် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘဘောတူညီချက်ကိုလည်း ယမန်နေ့တွင် လက်မှတ်ရေးထိုးကြသည်။
ထိုသဘောတူညီချက်နှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်းတို့က အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။ အသုံးချမှုနယ်ပယ် ၁၄ ခုမှာ မည်သည့်ကဏ္ဍများဖြစ်သည်ကို အပြည့်အစုံ မသိရပေ။
ယခု ဖွင့်လှစ်လိုက်သည့် နျူသတင်းအချက်အလက်စင်တာသည် နျူကလီးယားဓာတ်ပေါင်းဖိုများ၊ နျူနည်းပညာအသုံးပြု အခြားအသုံးချနယ်ပယ်များနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းအပြင် လေ့ကျင့်သင်ကြားပေးခြင်းပါ ဆောင်ရွက်မည်ဖြစ်ကြောင်း Rosatom ကော်ပိုရေးရှင်း၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒီနေ့ ရုရှားနဲ့ မြန်မာအကြား သမိုင်းမှတ်တိုင်သစ်တစ်ခု ဖွင့်လိုက်တာပါပဲ။ နျူကလီးယားနည်းပညာဟာ သိပ္ပံပညာရပ်၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကိစ္စတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်စွမ်းအားကြီးတဲ့ တွန်းအားတစ်ရပ်ဖြစ်ပါလိမ့်မယ်” ဟု Rosatom ညွှန်ကြားရေးမှူးချုပ် Alexey Likhachev က ထုတ်ပြန်ချက်တွင် ပြောဆိုသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ရုရှားအကူအညီဖြင့် တည်ဆောက်ထားသည့် နျူနည်းပညာစင်တာ တည်နေရာ။ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ရုရှားအကူအညီဖြင့် တည်ဆောက်ထားသည့် နျူနည်းပညာစင်တာ တည်နေရာ။
နျူနည်းပညာစင်တာမှာ ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း၏ ၂၅ ခုမြောက်ဖြစ်ပြီး ရုရှားနိုင်ငံပြင်ပတွင် ခြောက်ခုမြောက်စင်တာဖြစ်သည်ဟု သိရသည်။
နျူနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီး နောက်တစ်ဆင့်အနေဖြင့် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မည်ဖြစ်သည်။ 
စစ်ကောင်စီဘက်က တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း နျူကလီးယားနည်းပညာသုံးသုတေသနဓာတ်ပေါင်းဖိုကို နေပြည်တော်အနီး ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ဖွယ်ရှိနေသည်။
လက်ရှိလည်ပတ်နေသော ပေါင်းလောင်းမြစ်ရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများကို ရုရှားနှင့် စစ်ကောင်စီဘက်မှ တာဝန်ရှိသူများ မြေပြင်လေ့လာမှုများ ဆောင်ရွက်ထားကြောင်း နီးစပ်သူအချို့ထံမှ သိရသည့်နည်းတူ စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူများ မကြာခဏ သွားလေ့စစ်ဆေးနေကြောင်း သတင်းများထုတ်ပြန်ထားသည်။
ပေါင်းလောင်းမြစ်ပေါ်တွင် ရုရှားနှင့် ပူးပေါင်းတည်ဆောက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းကို လေ့လာပြီးဖြစ်ကာ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သတင်းထုတ်ပြန်သည်။
စစ်ကောင်စီပြောဆိုသည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုသည်မှာ နျူကလီးယားနည်းပညာပင်ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“အပူစွမ်းအင်ဆိုတာ နျူကို ပြောတာပဲ။ ပေါင်းလောင်းနားမှာ လုပ်မယ်ဆိုတာ ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ဘာလို့ဆို နျူကလီးယားက ရေအများကြီးလိုတယ်။ ရေချိုပေါ့။ အဲဒီမှာ ရေအားလျှပ်စစ်စီမံကိန်းတွေရှိပြီးသားလေ။ နောက်ပြီး အဲနေရာက ငလျင်ကြောနဲ့လည်း လွတ်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီနှင့်  လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Rosatom က ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသဘောတူညီချက်ကို ရုရှားခရီးစဉ်အတွင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က လက်မှတ်ရေးထိုးခဲ့ခြင်းပင်။​
နေပြည်တော်အနီး တည်ဆောက်နေသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Inter RAO Export ပါဝင်လုပ်ကိုင်မည်ဖြစ်ကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်သော Interfax က ယမန်နှစ် နိုဝင်ဘာ ၅ ရက်တွင် ရေးသားခဲ့သည်။ ရုရှားကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအဟောင်းများ အဆင့်မြှင့်တင်ရေး စဉ်းစားခဲ့သည်ဟုလည်း ထိုသတင်းတွင် ဖော်ပြသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ဆောက်နေသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ၇၆ မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဟု စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရုရှားကုမ္ပဏီများ ပါဝင်လုပ်ကိုင်မည့် နေပြည်တော်အနီးရှိ အလယ်ပေါင်းရေအားလျှစ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)ရုရှားကုမ္ပဏီများ ပါဝင်လုပ်ကိုင်မည့် နေပြည်တော်အနီးရှိ အလယ်ပေါင်းရေအားလျှစ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) 
နေပြည်တော်၌ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြိုန့ယ် ဇီးရိုင်းရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာတို့အနီး အပူစွမ်းအင်စီမံကိန်းအတွက် ရေရရှိနိုင်မှု၊ ငလျင်ပြတ်ရွေ့လေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတို့ကို လျှပ်စစ်ဝန်ကြီးဌာနနှင့် Rosatom ကိုယ်စားလှယ်များ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားသို့ သုံးကြိမ်သွားရောက်ခဲ့သည့်နည်းတူ နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ ၎င်း၏ဝန်ကြီးများကိုလည်း နှစ်ကြိမ်ထက်မနည်း စေလွှတ်ခဲ့သည်။ ရုရှားနိုင်ငံတွင် ပဏာမ နားလည်မှုစာချွှန်လွှာများ လက်မှတ်ထိုးပြီးနောက် ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်းမှ ပုဂ္ဂိုလ်များ နေပြည်တော်သို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီး စစ်ကောင်စီတာဝန်ရှိသူများအပြင် ဝန်ကြီးဌာနဆိုင်ရာများနှင့် သီးသန့်ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
အပူစွမ်းအင်သုံး အပါအဝင် နျူနည်းပညာသုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေအမြောက်အမြား ရယူမည်ဖြစ်ရာ စစ်ကောင်စီအနေဖြင့် မည်သည့်နိုင်ငံမှ ချေးငွေရယူမည်ကို မသိရပေ။
ယမန်နေ့က Rosatom တာဝန်ရှိသူများနှင့် လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်တို့ ရန်ကုန်မြို့တွင် သီးသန့်ဆွေးနွေးစဉ် စီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေရယူရေးကိစ္စများ ဆွေးနွေးသည်ဟု စစ်ကောင်က သတင်းထုတ်ပြန်သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန်ရှိကြောင်း၊ ရုရှားရောက် မြန်မာစစ်ပညာတော်သင်များတွင် နျူးနည်းပညာ လေ့လာနေသူများ ပါဝင်ကြောင်း Rosatom တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားအကူအညီဖြင့် စစ်ကောင်စီတည်ဆောက်မည့် နျူကလီးယားဓာတ်ပေါင်းဖို ပုံစံငယ်။ရုရှားအကူအညီဖြင့် စစ်ကောင်စီတည်ဆောက်မည့် နျူကလီးယားဓာတ်ပေါင်းဖို ပုံစံငယ်။
ရုရှားနိုင်ငံတွင် စစ်ဘက်ပညာတော်သင် ၇၀၀၀ ကျော်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ အတွက် ရုရှားကိုကျေးဇူးတင်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ၂၀၂၁ ခုနှစ် အတွင်း ရုရှားရောက်ရှိစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။​
ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်၌ တွေ့ဆုံခွင့်ရစဉ် ပူတင် သည် ရုရှားနိုင်ငံ၏ ခေါင်းဆောင်မျှသာမက ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေး ဦးဆောင်နေသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်သည်ဟုပင် မင်းအောင်လှိုင်က လွန်လွန်ကျူးကျူး မြှောက်ပင့်ပြောဆိုခဲ့သည်။​
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဘက်ပေါင်းစုံများ ဖိအားများရင်ဆိုင်နေရသည့် မင်းအောင်လှိုင် အနေဖြင့် အင်အားကြီးရုရှား၏ အားပေးထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေသည်ဖြစ်ရာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာများတွင် ရုရှား - မြန်မာဆက်ဆံရေးအကြောင်း နေ့စဉ်ရက်ဆက် အကျယ်တဝံ့ဖော်ပြနေသည်။
စစ်ကောင်စီ၏ အာဘော်ဆောင်းပါးတစ်ပုဒ်တွင် ကြွက်တစ်ကောင်မှ ရုရှားလူမျိုးများဖြစ်လာပြီး အစွမ်းထက်လက်နက်များကို ပိုင်ဆိုင်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ချိန် မြန်မာနှင့် မိတ်ဖက်များဖြစ်လာလိမ့် မည်ဟု လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ဘုရားရှင်ဟောကြားခဲ့သယောင် ပုံဖော်ရေးသားထားသည်။
ဦးသန်းရွှေလက်ထက် နျူကလီးယားစီမံကိန်း
စစ်ကောင်စီက လက်ရှိအကောင်အထည်ဖော်နေသော နျူကလီးနည်းပညာ ရရှိရေးစီမံကိန်းသည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် Rosatom နှင့် လက်မှတ်ရေးထိုးခဲ့သည့် ကနဦး သဘောတူညီချက်၏ အဆက်ပင်ဖြစ်သည်။
မြန်မာနှင့် ရုရှားအကြား နျူနည်းပညာ ပူးပေါင်းဆောင်ရေးသည်၂၀၀၇ ခုနှစ်က သဘောတူညီချက် ကို အခြေခံကြောင်း နျူကလီးယားနည်းပညာနှင့်ဆိုင်သော သတင်းများဖော်ပြောသည့် Nuclear Engineering International ဂျာနယ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်လထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၁၀ မဂ္ဂါဝပ်ရှိ အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုနှင့် ဓာတ်ခွဲခန်းများ တည်ဆောက်ရေး တို့ပါဝင်ပြီး ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် U-235 ယူရေနီယမ်ကို အသုံးပြုမည်ဖြစ် ကြောင်း ထိုသတင်းက ဆိုသည်။
နိုင်ငံတကာစွမ်းအင်ကုမ္ပဏီမှ အင်ဂျင်နီယာ၏အဆိုအရ ၂၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီ ယမ်လောင်စာတောင့်သည် လက်နက်ထုတ်လုပ်ရေးအတွက်ပင် ရည်ရွယ်နိုင်ကြောင်း ပုံမှန်အားဖြင့် ၅ ရာခိုင်နှုန်းဖြင့်ပင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ကြောင်း သိရသည်။
နျူကလီးယား နည်းပညာသုံး သုတေသနဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်မည့်အကြောင်း မြန်မာ စစ်တပ်က ၂၀၀၀ ပြည့်နှစ်အလွန်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာစစ်တပ်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း အဆိုပါစီမံကိန်း တွင် ပါဝင်ခဲ့သူ ဗိုလ်မှူးစိိုင်းသိန်းဝင်းက ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်ချခဲ့သည်။ ၎င်းသည် ရုရှားနိုင်ငံမှ အနုမြူစွမ်းအင်ဆိုင်ရာ ပါရဂူဘွဲ့ရရှိထားသူဖြစ်ကာ စစ်ဗိုလ်ချုပ်များ၏ နျူလက်နက်စီမံကိန်းတွင် ဒုံးလက်နက်ကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ထို့နောက် မြန်မာစစ်တပ်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရေး နည်းပညာရရှိရန် ကြိုးပမ်း အားထုတ်နေသည်မှာ ထင်ရှားကြောင်း နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေး မှူးဟောင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။​
ဥရောပတွင် နိုင်ငံရေးခိုလှုံခဲ့သူ ဗိုလ်မှူးစိုင်းသိန်းဝင်က ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာ စစ်ဗိုလ်ချုပ်များ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး စီမံကိန်းနှင့်ပတ်သက်၍ ထပ်ဆင့်ပေါက် ကြားခြင်းများ ပေါ်ပေါက်လာကာ နိုင်ငံတကာက အထူးတလည် သတိထားရသည်အထိ ရောက်ရှိ ခဲ့သည်။
ထိုစဉ်က စစ်တပ်တွင်း၌ နံပါတ်သုံးခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီးသူရရွှေမန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။​ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် မြောက်ကိုရီးယားသွားခဲ့ခြင်းဖြစ်သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ချိန်တွင် သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တွင် နိုင်ငံတကာ နျူကလီးယားလက်နက် ပိတ်ပင်ရေးသဘောတူစာချုပ်ကို ပါဝင်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာက လက်မှတ်ရေး ထိုးခဲ့သည်။

ဆက်ဖတ်ရန် →
ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ်
မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက် ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ ထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ပခုက္ကူ - ရေစကြို ကားလမ်း တစ်နေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့တွင် စစ်သားများ လိုက်ပါသော ကား၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ရာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို နေရာတွင်ပင် သေဆုံးကြောင်း၊  ကားတစ်စီး လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော စစ်သား ၃ ဦးမှာ   ဆေးရုံတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့်  စုစုပေါင်း စစ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 
ပစ်ခတ်တိုက်ခိုက်မှုသည်  ၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက် မရှိကြောင်း  သိရှိရသည်။
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် ပစ္စည်းများမှာ - 
-carbine ၆ လက်
-carbine ကျည်ဘောက် ၆ ဘောက်
-ကာဘိုင်ကျည် ၁၄၆ တောင့်
-MA4 တစ်လက်
-MA4 ကျည်ဘောက် ၅ ဘောက်
-၅.၅၆ ကျည် ၉၄ တောင့်
-လက်ပစ်ဗုံး ၃ လုံး
-40 mm ဗုံးသီး ၄ လုံး
-phone ၃ လုံး
-power bank ၁ လုံး
-equipment ၁ ခု
-ရေဗူး တစ်ဗူး
-super custom ကားတစ်စီး
-ဗလာကျည် ၃ တောင့်  တို့ဖြစ်ကြောင်း သိရှိရသည်။ 















ဆက်ဖတ်ရန် →

ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)


ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသော ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော ရဲ ၇ ဦးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊
ရဲစခန်းအတွင်းမှ ၄၀ မမ ၄ လုံး၊ ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force- MNRF ၊ Local Defence Force of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People Defence Forceတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)





ဆက်ဖတ်ရန် →
စစ်အုပ်ချုပ်ရေး ကြေညာထားသော  မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ အင်အားစုဆောင်းမရသဖြင့် စစ်ကောင်စီ အခက်တွေ့နေ

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ အင်အားစုဆောင်းမရသဖြင့် စစ်ကောင်စီ အခက်တွေ့နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ်
စစ်ကိုင်းတိုင်းအတွင်းရှိ  စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် ကြိုးစားသော်လည်း အောင်မြင်မှုမရှိဘဲ အင်အားစုဆောင်းမရတော့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအတွင်း တင်ပြစာအရ သိရှိရသည်။ 
စစ်ကိုင်းတိုင်းအတွင်းရှိ မြင်းမြို့နယ်တွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် အမာခံသတင်းပေးများနှင့် စိတ်ပါဝင်စားသူများကို ကြိုတင်စည်းရုံးရယူထားပြီးဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ၎င်းတို့မှာ အခြေားဒေသများသို့ တိမ်းရှောင်ထွက်ခွာခြင်းများရှိသဖြင့် ပျူစောထီးများ မဖွဲ့စည်းနိုင်ကြောင်း၊ တရားဝင် ဖွဲ့စည်းကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြထားသည်။
အလားတူ မြောင်မြို့နယ်အတွင်းတွင်လည်း ကျေးရွာပြည်သူများ နေထိုင်ခြင်းမရှိသဖြင့် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ဖွဲ့စည်းရန် အင်အား မရှိ၍ အခက်အခဲများ ရှိနေကြောင်း၊ လက်ရှိတွင် ပျူစောထီး ဖွဲ့စည်းလိုသော ကျေးရွာမရှိကြောင်း၊ စစ်ကိုင်းတိုင်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းလိုသော ကျေးရွာများရှိကြောင်း စာရင်းနှင့်တကွ တင်ပြထားသည်။ 
"အခုက ပျူစောထီး အဖြစ် လုပ်ကြတဲ့ ရွာတွေကိုလည်း PDF တွေ ၀ိုင်းရံထားတော့ ရွာထဲကတောင် သူတို့ မထွက်ရဲဘူး။ တချို့ ပျူစောထီး ရွာတွေလည်း စားနပ်ရိက္ခာတွေ ပြတ်တောက်တော့ လက်နက်ချပါမယ်ဆိုပြီး PDF ဆီမှာ အလင်းဝင်တာတွေ ရှိတယ်။ စစ်တပ်ကလည်း ရဟတ်ယာဉ်နဲ့ အင်အားချ ရိက္ခာချပေးပြီးရင် ကုန်းလမ်းက မသွားရဲတော့ အမြဲလည်း ရိက္ခာ လူသူ မထောက်ပံ့နိုင်ဘူး။ စစ်တပ်ကိုယ်တိုင်က ဒီစစ်ကိုင်းတိုင်း မြောင်၊ မြင်းမူနဲ့ အခြားမြို့နယ်တွေမှာ သူတို့အသက် သူတို့ ရှာကြံမွေးနေရတာ ပျူစောထီးတွေကိုလည်း လုံခြုံရေးမပေးနိုင်ဘူး။ အဲဒီလို အခြေအနေတွေကြောင့် ပျူစောထီးတွေ လုပ်မယ့်သူမရှိတော့ဘဲ အကုန်ထွက်ပြေးကုန်ကြတာပါ" ဟု စစ်ကိုင်းခရိုင် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၁ မြို့နယ်မှာ ပျူစောထီးများ ဖွဲ့စည်းနိုင်မှု မရှိခြင်း၊ ရှိရင်းစွဲ ပျူစောထီးများ ထွက်ပြေးနေကြခြင်းတို့ကြောင့် လုံခြုံရေးအရ ထိန်းချုပ်ရန် မဖြစ်နိုင်တော့ဘဲ စစ်တပ်က လက်လွှတ်နေရသည့် မြို့နယ်များ ဖြစ်ကြောင်း သိရှိရသည်။ 













ဆက်ဖတ်ရန် →
SSPP နှင့် မွန်ပြည်သစ် ပါတီတို့ကို  ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ဖိတ်ခေါ်

SSPP နှင့် မွန်ပြည်သစ် ပါတီတို့ကို ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ဖိတ်ခေါ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇ခေတ်သစ်


 SSPP နှင့် မွန်ပြည်သစ် ပါတီ ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန်  အမျိုးသား ညီညွတ်ရေး အစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလ က တရားဝင် ဖိတ်ခေါ်လိုက်သည်။ 
NUGအမျိုးသား ညီညွတ်ရေး အစိုးရ၏ ၅ /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ 
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ထုတ်ပြန်ချက်အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားသည့် အင်အားစုများနှင့် လက်တွဲချိတ်ဆက်မည့် အကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် မွန်ပြည်သစ်ပါတီမှ ၇၆ ကြိမ်မြောက်မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို အသိအမှတ် ပြုလျက် တိုင်းပြည်၏ အနာဂတ် ဖက်ဒရယ်အရေးအတွက် အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ရန် NUG အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိကြောင်း ယာယီသမ္မတက ဖိတ်ခေါ်သည်။
" အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပါတယ်။ စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ ကျွန်တော်တို့အကြား တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာကြတဲ့ ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအနေဖြင့်လည်း တိုင်းရင်းသားအရေး ၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းကို ဦးစားပေးလျက် အမြဲချိတ်ဆက်ဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်း လိုပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။
NUG အစိုးရနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးသည် အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ၂ နှစ်တာ ကြံ့ကြံ့ခံ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး အောင်မြင်သည် အထိ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ သုညကနေ စတင်ခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုကို ကဏ္ဍပေါင်းစုံမှ ရင်ဆိုင် နိုင်ပြီဖြစ်ကြောင်း၊ အချိန်တိုအတွင်း အောင်မြင်မှု စွမ်းဆောင်လာနိုင် ခြင်းသည် တိုင်းရင်းသား ပြည်သူအပေါင်း၏ ညီညွတ်မှုဖြင့် အာဏာရှင်စနစ်ကို ပြတ်သားစွာ လက်မခံ မလိုလားမှုကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတကာ အစိုးရအနေဖြင့် NUG အစိုးရကို တရားဝင်အစိုးရ တရပ်အဖြစ် လက်ခံအသိအမှတ်ပြုရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောဆိုသည်။


ဆက်ဖတ်ရန် →
မအူပင်မြို့တွင် ဒုဗိုလ်မှူးကြီးနိုင်လွင်က စပါးပွဲစားတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး လာဘ်စားကာ ရွှေတောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်အဖြစ်ခန့်အပ်

မအူပင်မြို့တွင် ဒုဗိုလ်မှူးကြီးနိုင်လွင်က စပါးပွဲစားတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး လာဘ်စားကာ ရွှေတောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်အဖြစ်ခန့်အပ်


နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ရွှေတောင်ပေါ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး အသစ်က အုပ်ချုပ်ရေးမှူး ရာထူးရရေးအတွက် G1 ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အား ကျပ်သိန်း ၁၀၀ နီးပါး ပေးခဲ့ရကြောင်း သိရသည်။
ရွှေတောင်ပေါ် ကျေးရွာတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှုး အောင်မင်းနိုင်ကို ရာထူးမှဖြုတ်ချပြီနောက် စပါးပွဲစားတစ်ဦးမှာ ၎င်းအုပ်ချုပ်ရေးမှူး ရာထူးရရေးအတွက် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးနိုင်လွင်ထံ ငွေကျပ် ၉၅ သိန်းပေးခဲ့ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။
"ထောင်က ထွက်လာတဲ့ စပါးပွဲစားတစ်ယောက်ကို အသစ်ခန့်မှာ။ သူ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှုး ဇင်ဝိုင်းသက်ဦးဆိုသူက ခလရ (၂၇)တပ်ရင်းထဲ ခေါ်သွားပြီး G1 နိုင်လွင်ဆိုသူနှင့်တွေ့ပေးပြီး ပိုက်ဆံပေးခဲ့တာ" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အား လာဘ်ထိုး၍ အုပ်ချုပ်ရေးမှူးရာထူးရယူခဲ့သူမှာ ရွှေတောင်မှော်ကျေးရွာမှာ စပါးပွဲတစ်ဦးဖြစ်ပြီး ၎င်းမှာ အာဏာသိမ်းပြီး ၃ လအကြာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်း​ဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ တိုင်းအတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်းဟောင်းများ၊ ကြံခိုင်ရေးပါတီဝင်များကိုသာ ခန့်အပ်သွားရန်စီစဥ်နေကြောင်း သိရသည်။ 
#မအူပင် #ဒုဗိုလ်မှူးကြီး #နိုင်လွင် #စပါးပွဲစား #ကျပ်သိန်း၁၀၀ #လာဘ်စား #ရွှေတောင်ပေါ် #အသစ်အဖြစ်ခန့်အပ်
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃
===============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေနိုင်ငံ ခရီးစဥ်အတွင်း Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် ယူကေစံတော်ချိန် နံနက် ၁၁ နာရီခွဲ မှ နေ့လည် ၁ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး UK ပါလီမန်မှ ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာသက်ကိုကိုနှင့် ဦးမောင်မောင်အောင် တို့လည်း တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်းတွင် အခြားသောတာဝန်ရှိသူများ နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။





နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး
၇ ဖေဖော်ဝါရီ ၂၀၂၃
============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ ယူကေစံတော်ချိန် ညနေ (၃:၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယူကေနိုင်ငံခြားရေးဝန်ကြီးရုံး၌တွေ့ဆုံခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာပြည်အရေးနှင့် စပ်လျဥ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနှင့် အခြားသော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။





နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Labour Party လွှတ်တော်အမတ် Catherine West နှင့်တွေ့ဆုံ
၇ ဖေဖော်ဝါရီ၊ ၂၀၂၃
================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် Labour Party လွှတ်တော်အမတ်နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West နှင့် ဖေဖော်ဝါရီ ၆ ရက်နေ့ ယူကေစံတော်ချိန် ညနေ (၅) နာရီတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး၏ ယူကေခရီးစဥ်အတွင်း တွေ့ဆုံခဲ့ကြသည့် အဆိုပါတွေ့ဆုံမှုတွင် မြန်မာအရေးနှင့် စပ်လျဥ်းသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာ့အရေးအတွက် နိုင်ငံတကာမှ ပိုမိုတက်ကြွစွာထောက်ပံကူညီနိုင်‌ရေးကို အထူးအလေးထားဆွေးနွေးခဲ့ပါသည်။


နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင် ယူကေရှိ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများနှင့်တွေ့ဆုံ
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၃
===============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း ယူကေရောက်မြန်မာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့က Westminster တက္ကသိုလ်တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများ ၂၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား၌ တော်လှန်ရေးအတွင်းပေးဆပ်သွားကြသော ပြည်သူများအားဦးညွှတ်အလေးပြုပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များမှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် ပြည်သူများမှ မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ခဲ့ပါသည်။
Photo credit – Click to Fight





ဆက်ဖတ်ရန် →
နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ

နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ



မြေလတ်အသံ၊ ဖေဖေါ်ဝါရီ ၇၊ ၂၀၂၃။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ် စစ်ရုံးချုပ်အတွင်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ကြပ်ကြီး/စာရေး ၂ ဦး အခုလ ဖေဖော်ဝါရီလဆန်းပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်ကြပ်ကြီး/ စာရေးအမျိုးသမီး ၂ ဦးဟာ စစ်ကောင်စီတပ် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ )ရုံးရဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ထိန်းသိမ်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး သူတို့နောက်ကို စစ်ကောင်စီတပ်ရဲ့ အရေးကြီးအချက်အလက်တွေ ပါသွားတယ်လို့ ယူဆပြီး စစ်ခေါင်းဆောင်တွေက တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ နိုင်ငံအနှံ့ တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

"၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခချုပ်ရုံးရဲ့ အရေးကြီးထိပ်တန်း လျှိဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါသွားနိုင်တယ်ဆိုပြီး အဲ့ဒီလို အမိန့်ပေးထားတာလို့ သိရတယ်။ သူတို့နောက်ကို အဲ့ဒီဒေတာတွေ ပါ၊မပါဆိုတာ ဘယ်သူမှမသိဘူး။ စစ်ခေါင်းဆောင်တွေက ထင်မြင်ယူဆချက်တွေနဲ့ သတ်ခိုင်းနေတာ" လို့ နေပြည်တော်စစ်ကောင်စီတပ် စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီး ၂ ဦးဟာ အမျိုးသမီး ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း အမှတ်စဉ် ၃ ဆင်း တပ်ကြပ်ကြီးတွေ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နေပြည်တော်စစ်ရုံးအတွင်း လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး စစ်ရုံးအတွင်းမှာရှိနေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီးတွေထားရှိတဲ့ အပျိုဆောင်ကိုလည်း မကြာခဏ လူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ဟာ စစ်ကောင်စီတပ်တခုလုံးရဲ့ နိုင်ငံအနှံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်အားလုံးကို ကွပ်ကဲနေတဲ့ ရုံးဖြစ်ပြီး စရဖတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းနဲ့ လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ကာ လက်ရှိစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ဟာ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်)

#မြေလတ်အသံ


ဆက်ဖတ်ရန် →

မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းထပ်တိုး

မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။


၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားပြည်နယ်တွင် ကျင်းပသည့် Democratic National Committee (DNC) အခမ်းအနားကို တက်ရောက်လာသော သမ္မတ ဂျိုးဘိုင်ဒင်။ AFP

မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုးထားတဲ့ ဒီအမိန့်ကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်လိုက်တာပါ။ ဒီအရေးပေါ် အခြေအနေဟာ ဒီလ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒီမတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်မှာ သက်တမ်းတိုးလိုက်တာပါ။

၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၊ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တရားမဲ့ဖမ်းဆီးတယ်လို့ အမေရိကန်သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ နိုဝင်ဘာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပယ်ချပြီး နိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ သာမန်ထြက်ထူးကဲ ခြိမ်းခြောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

ဆက်ဖတ်ရန် →
အမေရိကန် သမ္မတ မှ မြန်မာ နှင့် ပတ်သက်၍ နိုင်ငံ လုံခြုံရေး ဆိုင်ရာ အရေးပေါ် အခြေအနေ သက်တမ်းတိုး မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း

အမေရိကန် သမ္မတ မှ မြန်မာ နှင့် ပတ်သက်၍ နိုင်ငံ လုံခြုံရေး ဆိုင်ရာ အရေးပေါ် အခြေအနေ သက်တမ်းတိုး မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေမှုများသည် အမေရိကန် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ  အား ထူးထူခြားခြား သာမန်ထက် လွန်ကဲစွာ ခြိမ်းချောက်လာနေမှု ကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က သမ္မတ၏ လုပ်ပိုင်ခွင့် အမိန့် ၁၄၀၁၄ဖြင့် နိုင်ငံအတွက် အရေးပေါ် အခြေအနေအား ၂၀၂၃ ဖေဖေါ်ဝါရီ ၁၀ ရက် နေ့ နောက်ပိုင်း အတွက် သက်တမ်း ထပ်မံ တိုးမြှင့်လိုက်သည်၊ ပုံ သမ္မတ ဂျိုးစက် အာ ဘိုင်ဒင် ဟု ယနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၆ ရက် နေ့စွဲဖြင့် အိမ်ဖြူတော် မှ သတင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။

မင်းအောင်လှိုင်၏ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာကား ယခု ပုံစံအတိုင်း မည်သို့မျှ ဆက်၍ ရေရှည် ရပ်တည်သွား၍ မရ ဖြစ်နေခြင်းပင်။ ဤသည်ကား နိုင်ငံတကာ ဖိအားပေးမှု များ ကြောင့်လည်း မဟုတ်၊ တကမ္ဘာလုံးက အမျိုးသား ညီညွတ်ရေး အစိုးရအား ဝိုင်း၍ အသိအမှတ် ပြုလာကြသည့် တိုင် ၎င်း အနေဖြင့် အာဏာကို စွန့်လွှတ်ကြမည့်သူများ မဟုတ်၊ အဓိက သည် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ တနေ့ထက် တနေ့ အင်အား ကောင်းလာနေသော ကြောင့်ပင် ဖြစ်သည်။ ထိုအရေးကို မဖြေရှင်းနိုင်လေ ပို၍ အင်အား ကောင်းလာလေလေ ဆိုသည့် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်၊ ဖြေရှင်းခဲ့သည်မှာလည်း နှစ် နှစ်ပင် ရှိလာခဲ့ပြီ ဖြစ်သည်။

ဧရာဝတီ သတင်းအရ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ကျောက်ဆည်၊ မြင်းခြံ၊ စစ်ကိုင်း၊ ရွှေဘို ဒေသများ ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ခရိုင် တပ်ရင်း လေးရင်း စုပေါင်းပြီး မြင်းမူ မြို့နယ်အတွင်း ရှိ စစ်စခန်း တခု ကို အောင်မြင်စွာ ဝင်ရောက် စီးနင်း နိုင်ခဲ့ပြီး မင်းအောင်လှိုင် တပ်ဖက်မှ ၂၅ ဦး သေဆုံးသွားသည်ဟု သိရသည်။

 

၎င်း ကိုယ်တိုင်ပင် ထိုအရေး ကို သွယ်ဝိုက် ထုတ်ဖေါ် ဝန်ခံလာရပြီး ရွေးကောက်ပွဲ လုပ်မည် ဆိုသည်ကိုပင် မရေမရာ ဖြစ်လာနေရပြီ ဖြစ်သည်။ ထိုသို့ ထုတ်ဖေါ် ဝန်ခံလာခြင်းသည် လည်း အကြောင်းပေါင်း များစွာ ရှိနေသည်။ သူ့၏ သစ္စာခံ တပ်များ အား Do or Die အနေအထား ရောက်လာပြီဟု အသိပေးလိုက်ခြင်းဖြင့် စိတ်ဓါတ် မြှင့်တင် ပေးဖို့ လိုအပ်သော ကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော် မှု ကြောင့် ၎င်းတို့ အပေါ် လူထုက ဆန့်ကျင်လာကြခြင်း ဖြစ်သည်ဟုပင် သွေးရူးသွေးတမ်း ပြောလာနေသည်။

 

၎င်းတို့အား နိုင်ငံတကာမှ အသိအမှတ် ပြုကြပါရန် နိုင်ငံခြားရေး ဝန်ကြီး အသစ် ဖြစ်လာသူ သန်းဆွေကပင် မေတ္တာရပ်ခံလာသည့် အဆင့် ဖြစ်လာနေသည်။

 

အမျိုးသား ဒီမိုကရေစီ အစိုးရသည် တတိုင်းပြည်လုံး မီးလင်းအောင် စီမံချက် အဆင့်ဆင့် ချ၍ လုပ်ပြနိုင်ခဲ့သော်လည်း ၎င်းအဖို့က ရုရှား အကူအညီမပါလျှင် ဘာမှ လုပ်၍ မရအောင် ဖြစ်နေသည်။

လက်ရှိ အနေအထား တွင် စစ်တပ်သည် ခိုင်မြဲနေဆဲ ဖြစ်သည်ဟု အပြင်ပန်းအားဖြင့် ပြော၍ ရသော်လည်း အောက်ခြေတွင် တနေ့တခြား ယိုင်နဲ့လာနေပြီ ဖြစ်သည်။ ထိုအကြောင်းကို အထက် ကို မည်သို့မျှ မတင်ပြရဲ ပဲ ဖုံးဖိနေကြပြီး တပ်၏ အတွင်းစည်းကို အခိုင်အမာ ပြန်လည် တည်ဆောက်လာနေကြ၍ မိသားစု လုံခြုံရေး ကို ငဲ့ကာ တပ်ကို စွန့်ခွာ ထွက်ပြေးသူများ လျော့နည်းလာခဲ့သည်၊ သို့သော် အတွင်းစည်းထဲမှ ဖရဲသီးများ၏ ထောက်လှန်းရေး သတင်းများက တိုး၍ လက်ခံရရှိလာနေသည်

 

ပြည်သူ့ရင်ခွင် အဖွဲ့၏ ထုတ်ပြန်သော စာရင်းအရ ယနေ့ထိ တပ်ကို စွန့်ခွာ ထွက်ပြေးလာသူ ၁၀,၀၀၀ ခန့် ရှိရာတွင် ယမန်နှစ် အတွင်း ၂,၀၀၀ ခန့်သာ ရှိခဲ့သည်ဟု Frontier Myanmar တွင် ဖေါ်ပြထားသည်။ သို့သော် ထိုအနေအထားကို သက်ဆိုင်ရာ တပ်ရင်း များက ဖုံးဖိထားပြီး ဝါဒ ဖြန့်မှုများသာ ဖြစ်ကြောင်း အထက်ကို လိမ်လည် တင်ပြနေကြမည်သာ ဖြစ်သည်။ တပ်ကို စွန့်ခွာ ထွက်ပြေးလာသူတိုင်း ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် လာရောက် ပူးပေါင်းကြခြင်း မျိုး တော့ မဟုတ်ပေ၊ စစ်တိုက်ချင်စိတ် မရှိ၍ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြသူများ လည်း ရှိနေသည်။ ပြည်သူ့ရင်ခွင်မှ ဗိုလ်ကြီး လင်းထက်အောင် အဆိုအရ ဗိုလ်ကြီး အဆင့် နှင့် အထက် ဟူ၍ ၁၀၀ ခန့်သာ ရှိသေးသည်ဟု သိရသည်။

သို့သော်လည်း အများစု ကို အလုံးစုံ ယုံကြည်၍ မဖြစ်သေး ရှေ့တန်းတွင် ဝင်ရောက် တိုက်ခိုက်သူ ၅၀၀ ခန့်သာ ရှိနေသည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်၊ အများစုကို နောက်တန်းရှိ လေ့ကျင့်ပေးရေး ဖက်တွင်သာ သုံးနေရဆဲ ဖြစ်သည်ဟု လည်း သိရသည်။

 

တိုက်ပွဲများ တွင် ဖမ်းဆီးရမိခဲ့သူများ အား ရေရှည် လက်ခံထားရေးသည် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမှုများ ရှိနေသည်ဟုလည်း သိရသည်။ အောက်ခြေ စစ်သားများက သိလိုသည်များကို တရက် နှစ်ရက် နှင့် ထုတ်ပြောလေ့ ရှိသော်လည်း အရာရှိ အဆင့်ကမူ ရက်သတ္တပတ် အတန်ကြာ သို့မဟုတ် လ အတန်ကြာမှ ပြောလေ့ရှိသည်ဟု ဆိုသည်၊ ရန်သူ ထိုးစစ်ကြောင့် စခန်းများ ရွှေ့ပြောင်းရဖို့ ဖြစ်လာပါက ၎င်းတို့ ထွက်ပြေး မသွားအောင် အတော် သတိထား လှုပ်ရှားရပြန်သည်ဟု ဆိုသည်။

 

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်များ မှ ထွက်ပြေး ခိုလှုံလာသူ များ ရှိနေပြီ ဖြစ်၍  ၎င်းတို့ ထံမှ ရရှိခဲ့သော ထောက်လှန်းရေး သတင်းအချက်အလက်များက တော်လှန်ရေး အတွက် လွန်စွာ တန်ဖိုး ရှိခဲ့သည်ဟု ဆိုသည်။ တပ်တွင်း ဖရဲသီး များ၏ သတင်းများသည် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိလာသည်က များသဖြင့် ထိုမှတဆင့် သက်ဆိုင်ရာ နယ်မြေများရှိ PDF တပ်ဖွဲ့များထံ လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် လက်ဆင့်ကမ်းပေးရသည်ဟု ဆိုသည်။ ၎င်းတို့ ပေးသော သတင်းများထဲမှ ၉၀ ရာနှုန်းသည် မှန်ကန်သည်ဟု ဗိုလ်ကြီး လင်းထက်အောင်က ဆိုသည်။

 

ကေအင်ယူ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီး မြို့ တိုက်ပွဲများ တွင် ထွက်ပြေး ခိုလှုံလာသူများ၏ သတင်းများက လွန်စွာ အရေးပါခဲ့သည်။

မည်သို့ပင် ဖြစ် စေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များသည် တနေ့တခြား အင်အား ကောင်းလာနေပြီ ဖြစ်၍ လွတ်မြောက်နယ်မြေ များသဖွယ် လှုပ်ရှား နိုင်နေပြီ ဖြစ်သော မြို့နယ် ၃၇ မြို့နယ် တွင် မာရှယ်လော ပင် ထုတ်ပြန်လာရပြီ ဖြစ်သည်။

 

စစ်တပ်သည် ထိုဒေသများအား ရက်ရက်စက်စက် ချေမှုန်း လိုသော်လည်း တဖက်တွင် နိုင်ငံတကာ၏ R2P နှင့် No-Fly Zone များအား ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်၊ ထိုသို့ မဟုတ်ကလည်း ဖြစ်လာနိုင်စရာ ရှိနေသည့် လုံခြုံရေး ကောင်စီမှ နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံးသို့ အရေးယူရန် လွှဲပြောင်းပေးလာနိုင်မှု များ ကို အကြောက်ဆုံး ဖြစ်နေ၍ တို့ထိတို့ထိ ဖြင့် အကြမ်းဖက် နိုင်ဖို့သာ ရှိနေ၍ ကျင်းထဲ ကျပ်ထဲ ရောက်နေရပြီ ဖြစ်သည်။

 ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!

လှစိုးဝေ
ဓါတ်ပုံ -ဧရာဝတီ သတင်း


ဆက်ဖတ်ရန် →

ချမ်းမြေ့မောင်ချိုသီချင်းလေးတွေကာရာအိုကေဆိုကြရအောင်

Eleven series 
 
 
 

 

 
 
 
 
 
 
 
 
ဆက်ဖတ်ရန် →
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့ပြီး မင်းအောင်လှိုင်က အာဏာသိမ်းမည်ကို သူ ကိုးကွယ်သော ဘုန်းကြီးအားလုံးနီးပါးနှင့် ကြိုတင် တိုင်ပင်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၆  ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမည်ကို သီတဂူက ကြိုတင်သိရှိခဲ့ပြီး အာဏာသိမ်းမှု မတိုင်မီ ယတြာချေခြင်း၊ နာမည်မှည့်ပေးခြင်းများကို မင်းအောင်လှိုင် ကိုးကွယ်သော သီတဂူနှင့်၀ဇီပိတ်တို့က လုပ်ဆောင်ပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမည့်ကိစ္စကို မင်းအောင်လှိုင်က သူ ကိုးကွယ်သော ဘုန်းကြီးများနှင့် တိုင်ပင်ခဲ့ပြီး ယတြာချေခြင်း များ လုပ် ဆောင်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို မင်းအောင်လှိုင်၏ ဆရာအရင်း သီတဂူက အမည်ပေး ခဲ့ကြောင်း သိရှိရသည်။ 

"သီတဂူဆရာတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ နာမည်ကို မှည့်ပေးခဲ့တာ။   တပ်ချုပ်က အာဏာသိမ်းမယ်ဆိုတာ ဆရာတော်တွေကို ဖွင့်ပြောပြီး တိုင်ပင်တယ်။ နာမည်ရွေးတာ၊ အချိန်အခါ ၊ ယတြာတွေကို ကြိုတင်လုပ်ခဲ့ကြပါတယ်။ ၀ဇီပိတ် ဆရာတော်၊ သီတဂူ ဆရာတော်နှစ်ပါးစလုံးကို တပ်ချုပ်က အာဏာသိမ်းမယ့် ကိစ္စ ကြိုတင်သိရှိခဲ့ပြီး  တိုင်ပင်မှု တွေရှိခဲ့ပါတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 

သီတဂူနှင့် ၀ဇီပိတ် ၂ ဦးလုံးသည်  မင်းအောင်လှိုင် နှင့် ကြူကြူလှ အမြဲတစေ ကိုးကွယ်ဆည်းကပ်နေသော ဘုန်းကြီးများဖြစ်ကြပြီး မင်းအောင်လှိုင် မိသားစုနှင့်ပတ်သက်သည့် အလှူများအားလုံးကို ထိုဘုန်းကြီး ၂ ဦးက စီမံဆောင်ရွက်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ ယတြာ ချေခြင်းများကိုလည်း မင်းအောင်လှိုင်က ၀ဇီပိတ် ဘုန်းကြီးနှင့် တိုင်ပင် လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။ 

မင်းအောင်လှိုင် အာဏာသိမ်းမည်ကိုကြိုတင်သိရှိခဲ့ကြသော ဘုန်းကြီးများတွင် မဘသ နာယက ရွာမဆရာတော်၊  အရှင်ဆေကိန္ဒတို့လည်း ပါဝင်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် မင်းအောင်လှိုင်က အပြင်အောင်ခြင်း ရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါး တရားများကို သီတဂူ၏ လမ်းညွှန်ချက်အတိုင်း စစ်တပ် ဝါဒဖြန့် ရုပ်သံလိုင်း၊ ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း၊ စစ်တပ် တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများတွင် ရွတ်ဖတ်ခိုင်းခြင်းများဖြင့် ယတြာချေခိုင်းနေကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာ၊ မုံရွာတစ်မြို့လုံးကို စစ်တပ်နှင့်ရဲက အိမ်တိုင်း ဝင်စစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာကြောင်း Alpha Special Force Column၊ ချင်းတွင်းဂဠုန်ရာဇာ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထက်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ မူလက စစ်သား ၄ ဦး သေဆုံးကြောင်း သိရှိရပြီးနောက် ထပ်မံ၍ စစ်သားများ  သေဆုံးမှု ထိခိုက်မှု အရေအတွက် တိုးလာကြောင်း သိရှိရသည်။ 

"လစရ ၆ ကားဂိုဒေါင် တစ်လုံး ၊ နမခ ကင်းဂိတ်၊ ဆောက်လုပ်ရေးတပ်အတွင်းက အဆောက်အဦး ၃လုံး ထိခိုက်ပျက်စီးမှု ရှိတယ်။ ဗိုလ်ကြီးတစ်ဦး တပ်ကြပ်ကြီးတစ်ဦး ဒုတပ်ကြပ်တစ်ဦး အပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိတာရယ်။ သေဆုံးမှုတွေလည်း ရှိတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။  

အဆိုပါ တိုက် ခိုက်မှုကို Shadow Ranger  နှင့် မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ နှင့် မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း  (Aung San Force -ASF) ၊ Alpha Special Force Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲက မုံရွာတစ်မြို့လုံးရှိ ရပ်ကွက်များကို အိမ်တိုင်းစေ့ စစ်အင်အားအများအပြားဖြင့် လက်နက်များ ရှာဖွေခြင်း၊ အိုးခွက် ပန်းကန်မှစ၍ လှန်လှော စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁ မြို့နယ် စစ်အုပ်ချုပ်ရေးကြေညာပြီး တိုင်းမှူးကို အာဏာ အပြည့်ဖြင့် အုပ်ချုပ်ခိုင်းချိန်တွင် တိုင်းမှူးနေထိုင်သော နမခ ဌာနချုပ်ကို တော်လှန်ရေး တပ်များက တိုက်ခိုက်လာခြင်း ဖြစ်သည်။  

ဗီဒီယို- ယမန်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန် ရှော့တိုက်ဒုံး ဖြင့်  ဒုတိယအကြိမ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်စဉ်။
https://youtu.be/gVuIwMgTcg0



ဆက်ဖတ်ရန် →