စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်
![]() |


![]() |


ဖေဖော်ဝါရီ၊ ၂၀၂၃။ သံလွင်ခက်
မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် စစ်ကောင်စီတပ်တို့အကြား ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး MRDAဘက်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
ယခုနှစ် ဇန်နဝါရီ၃၁ရက်တွင် ယင်းမာပင်မြို့နယ် ညောင်ပင်ရွာကျေးရွာ အရှေ့တောင်ဘက်နေရာ၌ စစ်ကောင်စီတပ်နှင့် MRDA တပ်တို့ နံနက်၈ နာရီမှ နေ့လည် ၂ နာရီ အထိ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ MRDAရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု MRDAရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
” အဲနေ့က မနက် ၇ နာရီလောက်မှာ နာရီဝက်လောက် တိုက်ပွဲ တစ်ခါအရင်ဖြစ်သေးတယ်။ နောက် ညောင်ပင်ရွာနားလေးကျမှ အပြင်းအထန်ဖြစ်တာ။ ကျဆုံးရဲဘော်တွေကို အမိန့်ပြန်တမ်းထုတ်ပြန်ပြီး အဲနေ့ညနေကပဲ သင်္ဂြိုဟ်လိုက်ရတယ်” ဟု ၎င်းကဆိုသည်
ဇန်နဝါရီ၃၀ရက်တွင် ယင်းမာပင်မြို့မှ ထွက်လာသည့် အင်အား ၂၀၀ ဦးခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို MRDAတပ်ဖွဲ့ဝင်များက စောင့်ကြို၍တိုက်ခိုက်ခဲ့ရာ ၃၁ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများရှိနိုင်သော်လည်း စစ်ရေးတင်မာနေဆဲ အခြေအနေဖြစ်သည့်အတွက် အတိအကျ အတည်ပြုနိုင်သေးခြင်းမရှိသေးဟု MRDA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းမာပင်မြို့နယ်အတွင်း၌ အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။
မည်သူမဆိုတော်လှန်ရေးကိုမနက်ဖန်အဆုံးသတ်ပစ်လိုက်ချင်ကြတာချည်းပါပဲ၊ မပြီးသေးတာအပေါ်လဲမှန်မှန်ကန်ကန်နားလည်သိမြင်စိတ်လဲရှိရပါမယ်၊
အဲဒီအထဲမှာ ဩစီကကျော်နိုင် မဲဆောက်က သက္ကမိုးညိုတို့လိုပညာတတ်တွေနားမလည်တာအဆိုးဆုံးပဲ၊
လက်နက်ကိုင်နွေဦးတော်လှန်ရေးစတော့ meeting တက်ခွင့်ရတယ် ဒေါ်ခင်မမမျိူးကအရင်က ဘလော့ဂါပါ စစ်ရေးနဲ့လက်နက်စွမ်းရည်အကြောင်းတွေ ရေးပါတယ်၊ပထမဆုံးဒုကာဝန်တာဝန်ယူထားချိန်ဆိုတော့ သူတင်ပြတာတွေအထဲမှာ ကုန်ကျစာရိတ်ပါပါတယ်၊တပ်စခန်း၁၀ခု တပ်သား၅၀၀၀စာ ကို $သန်း၅၀လျာ ထားပါတယ်၊ ဆိုတော့ ကျန်တဲ့နိုင်ငံရေးရှေ့ဆက်ပြောစရာရပ်ထားလို့ရပြီ ဒီပိုက်ဆံရဖို့ပဲစဉ်းစားရတော့မယ်၊ဒီနေရာမှာ ရှင်ရှင်းလင်းလင်းသိရမှာ NUGဟာ နာမည်ကပဲအစိုးရပါ တကယ်လုပ်နေရတာက လုပ်ငန်းအဖွဲ့သာသာပါ အစိုးရအဆင့်အစစ်ဆိုရင် ကျွန်တော်တို့လိုအဆင့်နဲ့ Meeting တွေလုပ်တွေ့နေပါ့မလားပြောချင်တာ သူတို့လဲ လွင်ပြင်ကျယ်ကိုလှမ်းတွေ့နိူးနဲ့ခြုံပုတ်တခုပြီးတခုဖြဲပြီးလာနေရသူတွေပါ ဂျပိုးကိုလိပ်ခြေလှမ်းလှမ်းခိုင်းလို့မရပါဖူး အချိန်ပေးရပါမယ်လက်ရှိပီဒီအက်ဖ် ဘယ်လောက်ရှိမလဲ တပ်ရင်းဆယ်ခုစာရှာနိုင်ခဲ့ပြီလား တနှစ်ကျော်မှာ $သန်း၅၀ ရသည့်တိုင်ဆိတ်ပါးစပ် နှမ်းပက်သလိုအဆင့်ပဲရှိပါသေးတယ်
မအလတပ်ဟာ $၄ဘီလျံကျော်တန်ဖိုးရှိပါတယ်
ကျွန်တော်တို့ ရထားတဲ့သန်း၅၀နဲ့နိုင်မယ်တဲ့လား
အဲ့တော့$သန်း၅၀၀ ချက်ချင်းရအောင် သူတို့မတတ်
နိုင်ပေမယ့် ရသလောက်ရှာနေတာအားလုံးအသိပါ၊
အရမ်း Push လုပ်လို့ဘေးထွက်ထိုင်ပေးလိုက်ပြီးသက္က
မိုးညိုတို့ကို နေရာပေးလိုက်လဲ သန်း၅၀၀ချက်ချင်းမရှာ
နိုင်ပါဖူး ရသလောက်နဲ့ လက်နက်တွေဖြန့်ပေးနေတာ
အဲ့ဂရုမှာပါနေလို့သိမြင်နေရပါတယ် ဗျူဟာကျတဲ့ ဒေသ
တွေကိုဦးစားပေးနေရတာနဲ့သူတို့တပ်ရင်းတောင်လက်နက်
တိုက်ကြီးကိုင်ထားပြီးတပ်ရင်းအပြည့် လက်နက်မကိုင်
နိုင်သေးပါဖူး
ဝိုင်းပြီးအကြံပေးရင်းပါဝင်ကြပါမှ မြန်မြန်ပြီးမှာပါ
အပြစ်တင်စရာအကြောင်းကို မရှိတာပါ၊
ရည်မှန်းချက် ၂ခုနဲ့သွားနေတာပါ
လက်ရှိထောက်ပို့နဲ့ဆိုရင်နှစ်ရှည်မှာပါ
တနှစ်အတွင်းမှာ သန်း၅၀၀ရခဲ့ရင် ပုံစံတမျိူး စဉ်းစားလို့
ရပါသေးတယ်၊ နှစ်ရှည်Planကိုလဲ ရေးဆွဲရပါတယ်
(ရေရှည် Plan ဆိုတာ လမ်းပျောက်နေပြီလို့ဆိုလိုတာမဟုတ်မှန်းလူတိုင်းသိမှာပါ)
ပြည်ပအစိုးရတွေ USA $ EU တို့ဆီကနေ ဂျပန်ကို ရဲဘော်
၃ကျိတ်ရအောင်ခေါ်သလို ခေါ်နိုင်ဖို့ကြိုးစားရာမှာ ဒေါ်ဇင်
မာအောင်တို့လုပ်နေတာ လူတယောက်စွမ်းဆောင်နိုင်ရည်
အမြင့်ဆုံးနဲ့လုပ်နေကြတာပါ အကယ်၍ ရခဲ့သော် ရေတို
Plan ကိုလဲဆွဲရပါသေးတယ်၊ ဥပမာ မြို့ပြအုပ်ချူပ်ရေး
စနစ်—- ရေရှည်planအတွက်မလိုသေးပါဖူး
အဲ့တော့ သက္ကမိုးညိုလို လျှာအရိုးမရှိတိုင်းပြောမနေ
တော့ဖူး တနေ့က ယင်းမာပင်ဖက်က ဆေးဖိုး $၅၀၀
တောင်းခံတာစုပြီးပို့လိုက်ပြီ လူတိုင်းနိုင်သလောက်
ဘယ်လိုထောက်ပို့မလဲ ပဲတွေးပါ ဒီလောက်များတဲ့ပမာ
ဏ က ယူကရိန်းကိုပေးနေသလိုမျိုးရရမယ်လို့ NUGကို
အတင်းတာဝန်ခံစေချင်ရင် စစ်ကိုင်း မကွေး ပုံစံမျိူး
တနိုင်ငံလုံးရဲ့ ၇၅%ပုန်ကန်လာကြရင် နယ်မြေပိုင်စိုးမှု
များလာပြီးမအလတပ်နယ်ကျဉ်းလာပြီး အကြမ်းဖက်
အဖွဲ့ငယ်ဖြစ်လာရင်အထောက်အပံ့မြန်မြန်ရမှာပါ
သက္ကမိုးညိုတို့ များများအာချောင်တာ များများလူမုန်း
ခံရတာကလွဲလို့ NUGကိုလေတချက်တောင်မဟပ်ဖူးဆို
တာသူသိသင့်ပါတယ် မသိလို့ ဒလန်လို့မစွတ်စွဲ
ပါဖူး ပါးစပ်ပေါက်ပိတ်ထားပေးဖို့ပဲလိုပါတယ်၊
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာ ပျူစခန်းကို ဒေသခံ PDF များမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း မုံရွာသံမဏိတပ်ရင်း၊ တပ်ခွဲ-၇၏ တပ်ခွဲမှူး ဗိုလ်နွေဦးက CJ Platform သို့ ပြောကြားသည်။
အဆိုပါ တိုက်ပွဲအား ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း မြေပြင်အခြေအနေအရ ယနေ့တွင်သာ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“လက်နက်ကြီး ဆယ်ချက်ကျော်လောက်နဲ့ တောပုရွာကို ပစ်ခတ်ခဲ့တာဗျ၊ အဲ့ကောင်တွေဘက်က နှစ်ယောက်လောက်သေတယ်။ သူတို့တွေပြန်ပြီးတော့ တောင်မပစ်ခတ်ဘူး” ဟု ဗိုလ်နွေဦးက ပြောကြားသည်။
PDF ပူးပေါင်းတပ်ဖွဲ့များသည် တောပုရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ အဆိုပါပစ်ခတ်မှုသည် စစ်ကောင်စီတပ်များအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။
စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။
အထက်ပါ စစ်ဆင်ရေးအား မုံရွာခရိုင် သံမဏိတပ်ရင်း-၂၅ ChindwinMyay Division တပ်ခွဲ-၇၊ Federal Democratic Revolution Force၊ စွန်ရဲပျောက်ကျားတပ်ဖွဲ့ နှင့် MRDA တပ်ရင်း-၆ တပ်ခွဲ ၁နှင့်၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄
ဥရောပသမဂ္ဂ(EU)သည် ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် ယူရို (၁၈)သန်းကူညီထောက်ပံ့fပေးသွားမည်ဖြစ်ပြီး အဆိုပါငွေကြေးကို အစိုးရထံတိုက်ရိုက်လှူဒါန်းမည်မဟုတ်ဘဲ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးလုပ်ငန်းများလုပ်ကိုင်နေသော မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ကူညီလှူဒါန်းသွားဖွယ်ရှိနေကြောင်းသိရသည်။
EU သည် အဆိုပါငွေကြေးကို နေရပ်စွန့်ခွာထွက်ပြေးသူများ၊ ပဋိပက္ခကြောင့်ထိခိုက်လွယ်သူများအတွက် အစားအစာ၊ အကာအကွယ်ပေးရေး၊ အမိုးအကာ၊ ပညာရေးစသော အသက်ကယ်ထောက်ပံ့ပေးမှုများအတွက် အသုံးပြုကူညီသွားမည်ဖြစ် ကြောင်းသိရသည်။
EU ၏အခက်အခဲများ စီမံခန့်ခွဲရေးဌာနကော်မရှင်နာက"အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်မှုတိုးလာခဲ့တယ်။ EU ဟာ ပဋိပက္ခဖြစ်ပွားမှုရဲ့သက်ရောက်မှုတွေ၊ ဒေသအတွင်း သဘာဘေးအန္တရာယ်တွေ့ကြုံရသူတွေအပြင် ဒုက္ခသည်များကိုလက်ခံထားတဲ့နိုင်ငံတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ကူညီထောက်ပံ့ပေးဖို့အမြဲတမ်း ရပ် တည်သွားမယ်လို့ ကတိပြုပါတယ်" ဟုပြောဆိုထားသည်။
၂ဝ၂၃ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူပေါင်း (၁၇ ဒသမ ၆)သန်းသည် လူသားချင်းဆိုင် ရာစာနာမှုအကူအညီများလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထား သည်။
EU သည်အာဏာရယူမှုဖြစ်ပွားခဲ့သော ၂ဝ၂၁ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ယူရို (၆၈)သန်း ကူညီထောက်ပံ့ပေးထားကြောင်းသိရသည်။ EU သည် မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်နောက် ပိုင်းကတည်းက လက်ရှိအချိန်အထိ လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် ယူရို (၃၁၆)သန်းကူညီထောက်ပံ့ပေးထားကြောင်းသိရသည်။

Breaking News- မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ဇုန် ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု အနည်းဆုံး စစ်သား ၄ ဦးသေဆုံးပြီး သေဆုံးမှု များပြားနိုင်၊ နမခဌာနချုပ်တွင် အရေးပေါ် အခြေအနေဖြင့် စစ်တပ်က ကင်းလှည့်(ရုပ်/သံ)
https://youtu.be/SKP1lTTSLHM
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို Shadow Ranger နှင့် မဟာမိတ်တပ်များက ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shadow Ranger တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ လူနာတင်ကားများ ဝင်သွားသဖြင့် စစ်သားများ သေဆုံးထိခိုက်သူများကို သယ်ဆောင်သွားကြောင်း သိရသည်။
" အဓိက ထားပစ်တာကတော့ လက်နက်တိုက်နဲ့ သူတို့လေယာဥ်ထားတဲ့ နေရာတွေကို အဓိက ထားပစ်တာ စစ်ခွေးတွေ အထိအခိုက် ရှိတာတော့ သေချာတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မြေပြင် အနေအထား အသေးစိတ်တော့ မသိရသေးဘူး။ ဆေးရုံကားတွေ အများကြီးအဝင်အထွက် လုပ်နေတယ်လို့ သတင်းရတယ်" ဟု မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက် ခိုက်မှုကို Shadow Ranger နှင့် မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ နှင့် မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း (Aung San Force -ASF) ၊ Alpha Special Force Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" နံနက် ၃ နာရီ ၃ မိနစ်မှာ ၂ လုံး တစ်ကြိမ်ပစ်ခတ်ပါတယ်။ နံနက် ၉ နာရီ ၁၈ မိနစ်မှာ ၂ လုံး တစ်ကြိမ်ပစ်ခတ်ပါတယ်။ နမခ ဌာနချုပ်ထဲ တစ်လုံး ကျရောက်ပေါက်ကွဲ။ ဒုံးထိလို့ တပ်ကြပ်ကြီး၊ ဒုတပ်ကြီးနဲ့ အခြားအဆင့်ရဲဘော် စုစုပေါင်း စစ်သား ၄ ဦးသေဆုံးပြီး စစ်သား ၅ ဦး အရေးပေါ် ကုနေရတယ်။ လက်နက်တိုက်အနီး တစ်လုံးကျကွဲပါတယ်။ လက်နက်တိုက်က ပေါက်ကွဲသံများပါ ဆက်တိုက်ကြားရတယ်။ အသံပြင်းပါတယ်။ နံနက် ၉ နာရီ ၁၈ မိနစ်ပစ်ခတ်ချိန်မှာ ကင်းလှည့်ဖို့ လူစုချိန် ကျရောက်ပေါက်ကွဲပါတယ်။ အများအပြားကျတယ်လို့ သိရပါတယ်။ မုံရွာမြို့ပေါ် ကင်းလှည့်စစ်ကြောင်းတွေ ပြန်စုထားတယ်။ စစ်ကြောင်း ၇ ကြောင်းနဲ့ နမခ ပတ်လည်ကို ကင်းလှည့်နေတယ်လို့သိရတယ်။ သေဆုံးမှုကတော့ ပိုများနိုင်ပါတယ်" ဟု Shadow Ranger တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁ မြို့နယ် စစ်အုပ်ချုပ်ရေးကြေညာပြီး တိုင်းမှူးကို အာဏာ အပြည့်ဖြင့် အုပ်ချုပ်ခိုင်းချိန်တွင် တိုင်းမှူးနေထိုင်သော နမခ ဌာနချုပ်ကို တော်လှန်ရေး တပ်များက တိုက်ခိုက်လာခြင်း ဖြစ်သည်။
ဗီဒီယို- ယနေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပထမအကြိမ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်စဉ်။
(မောင်းမှ ပြန်လည်ကောက်နှုတ်ရေးသားသည်။)
မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နေတဲ့ နိုင်ငံတကာရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီ ၂၁ ခုကို ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ Justice For Myanmar က ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အများပြည်သူကို ထုတ်ပြန်ထားတဲ့ သတင်းရင်းအမြစ်တွေနဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေကို အသုံးပြုပြီး Justice For Myanmar ကလုပ်ဆောင်ခဲ့တဲ့ စုံစမ်းလေ့လာမှုတခုမှာ အခုလိုတွေ့ရှိခဲ့တာပါ။
Justice For Myanmar ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းအပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံခြား ဝင်ငွေရလမ်းတွေကို ဆက်တိုက်ဖော်ထုတ်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ရေနံတူးဖော်တဲ့လုပ်ငန်းကအစ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ပစ္စည်းတင်သွင်း ထောက်ပံ့ရေးလုပ်ငန်းတွေအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရေးပါတဲ့ အကူအညီ တွေနဲ့ စက်ပစ္စည်းတွေကို စစ်အုပ်စုအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကုမ္ပဏီတွေထဲက ၈ ခုဟာ အမေရိကန်ပြည်ထောင်စုမှာ အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အခြေစိုက်ထားကြပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေကဏ္ဍမှာ အကြီးဆုံးကုမ္ပဏီတွေ ဖြစ်ကြတဲ့ Halliburton, Schlumberger နဲ့ Baker Hughes တို့ ပါဝင်နေကြပါတယ်။
လက်ရှိမှာလည်း အဲ့ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားကြပြီး၊ လက်ရှိမှာလည်း ဆက်လက် လုပ်ကိုင်လျှက်ရှိပြီး စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ အကူအညီအထောက်အပံ့တွေ အဖြစ် ရပ်တည်နေခြင်းဖြစ်တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်က စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး၊ MOGE ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပေမဲ့ MOGE တစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့တာ လက်ရှိ အချိန်အထိ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။
MOGE ဟာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို စီမံခန့်ခွဲနေပြီူ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်း ကနေစစ်အုပ်စုအတွက် များပြားလှသော နိုင်ငံခြားဝင်ငွေတွေကို ရှာဖွေပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။
စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်အစိုးရရဲ့ ပျက်ကွက်မှုကြောင့် အခုလို အမေရိကန်ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ တွေက ဆက်လက် လုပ်ဆောင်ခွင့်ရနေခြင်းလည်းဖြစ်တယ်လို့ Justice For Myanmar ကဆိုပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“အမေရိကန် စတော့အိတ်ချိန်း စာရင်းဝင် Halliburton, Diamond Offshore Drilling နဲ့ Schlumberger တို့လို ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေကြပြီး၊ စစ်အုပ်စုကို ရေနံနဲ့ ဓာတ်ငွေ့အခွန်ငွေတွေ ဆက်လက်စီး ဆင်းဖို့ ကူညီပေးနေတာက စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်အုပ်စုကို ကျည်ဆံတွေ၊ ဗုံးတွေနဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်ရာမှာ လိုအပ်တဲ့ လေယာဉ်ဆီတွေကို ဝယ်ယူနိုင်ဖို့ ကူညီပေးနေပါတယ် ဒီကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးထောက်ပံ့တဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကို သိသိကြီးနဲ့ ဝန်ဆောင်မှုပေးခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်တွေကို ချိုးဖောက်ခဲ့ပြီး၊ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါပတ်သက်နေတာ ဖြစ်ပါတယ် 'ဒါ့ကြောင့် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့အနေနဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ ပြီး၊ စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ ကူညီခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ် "
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က ပုဂ္ဂလိဂျက်လေယာဉ်နဲ့ ရန်ကုန် လာရောက်
+++++++++++++++
ဖေဖော်ဝါရီ ၅
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ တက်ရောက် ဖွင့်လှစ်မှာဖြစ်ပြီး ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr Aleksei Likhachev လည်း Private ဂျက်လေယာဉ်နဲ့ ရန်ကုန်ကို လာရောက်ကြောင်း သိရပါတယ်။
Mr Aleksei Likhachev လိုက်ပါတဲ့ ရုရှား RA-73545 ၊ Bombardier BD-700-1A11 Global 5000 အမျိုးအစား ပုဂ္ဂလိက ဂျက်လေယာဉ်ဟာ မော်စကိုက တစ်ဆင့် ရန်ကုန်မြို့ကို ဒီနေ့ ညနေပိုင်းမှာ ရောက်ရှိလာကြောင်း ၊ ဖေဖော် ဝါရီ ၆ ရက်နေ့ မနက်ပိုင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ကြောင်း၊ Mr Aleksei Likhachev နဲ့အတူ ရုရှားROSATOM ကုမ္ပဏီက အရာရှိ ၂ ဦးပါ လိုက်ပါလာကြောင်း သိရပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ဟာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေမှာ ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို ဖွင့်လှစ်ပြီးနောက် ဧရာ၀တီတိုင်းဘက် ထွက်ခွာမှာဖြစ်ပြီး ယုဇန ဦးဌေးမြင့် အကောင်အထည်ဖော်နေတဲ့ မြို့သစ် စီမံကိန်းကို သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ Nuclear Technology Information Center တည်ထောင်ဖို့ ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၃ လနီးပါးကြာချိန်မှာ အခုလို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်းအတွင်း နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်လှစ်တာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (RC2) အတွင်း စနိုက်ပါတပ်များ၊ ကင်းပုန်းများ၊ လုံခြုံရေးများ အထူးတင်းကျပ်စွာ ချထားကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။
(မောင်း)


#ထုတ်ပြန်ကြေညာချက်
စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်ဝိုင်းလက်ခံနေသည့် ဒလန်လင်မယား ဦးစိန်ထွန်း + ဒေါ်သိန်းကြည် တို့၏နေအတွင်း၌ ကျွန်တော်တို့မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂နာရီ ခန့်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာ ကားတွင်း၌ ထိုင်နေသော ဒု၂ပွင့်ဗိုလ် မျိုးထွန်းသိန်း နှင့် ဂျင်ဝိုင်းနေရာတွင်၀င်ရောက် ပစ်ခတ်ခဲ့ရာ ဒလန်လင်မယား ဦးစိန်ထွန်း + ဒေါ်သိန်းကြည်နှင့် စကစ တပ်သား ၃ဦး ကျဆုံး၍ စုစုပေါင်း ကျဆုံးသူ ဒု၂ပွင့်ဗိုလ်အပါအ၀င် ၆ဦး ကျဆုံးပြီး ဒု၂ပွင့်ဆီမှ ၆လုံးဗျူး အတို တစ်လက် သိမ်းဆည်းရရှိမိခဲ့၍ ဂျင်းပစ္စည်းများကို မီးရှို့ ဖျက်စီးခဲ့ပါသည်။ ဂျင်းဝိုင်းအတွင်းမှ ရရှိသော ၃၄၂၀၀၀ိ/-ကျပ်ကို တ်ေလှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
#မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့
#ဗိုလ်မုန်တိုင်း


နေပြည်တော်မှာ တည်နေတဲ့ ဘုရားအတွက် အလှူခံနေချိန် အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ သေတယ်လို့ စစ်အုပ်စု သတင်းဖြန့်၊
MFP ၊ ဖေဖေါ်ဝါရီ - ၅
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီမနက်ပိုင်း အရပ်၀္တ်နဲ့ စုဝေးနတဲ့ စစ်အုပ်စုကို ပျူတွေကို ဗုံးထုပြီး ပစ္စတိုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (မြစ်ငယ်) က သတင်း ထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ(၅)ရက် ဒီမနက် (၉)နာရီခွဲက စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အရပ်ဝတ်နဲ့ စုဝေးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့၊ ကျောက်ဆည် ပကဖ နှင့် စဉ့်ကိုင် LPDF ( SINTGAING ) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အုပ်ကြီး၊ ပျူများနှင့် စခ၊ ရခများ အရပ်ဝတ်ဖြင့် စုဝေးနေချိန်တွင် ကျွန်တော်တို့ တော်လှန်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ လျှက်ဆားပုလင်း (လက်ပစ်ဗုံး) နှစ်လုံး ပစ်ပြီး နှုတ်ခမ်းနီးအတို ငါးတောင့်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်” လို့ မြစ်ငယ် Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုမှာ လေးယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သတင်းရကြောင်းနှင့် စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသူတွေကို က်လက် တိုက်ခိုက်မယ်လို့ မြစ်ငယ် Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ စဉ့်ကိုင်မြို့က အလှူခံမဏ္ဍပ် တိုက်ခိုက်ခံရတာ ဖြစ်ပြီး အုပ်ကြီးတစ်ယောက် သေတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
နေပြည်တော်မှာ စစ်အုပ်စုက တည်နေတဲ့ ဘုရားအတွက် စဉ့်ကိုင်မြို့၊ စဉ်ကိုင်မြို အာရုံတော်ဓမ္မာရုံအရှေ့မှာ အလှူခံမဏ္ဌပ်ဖွင့်ပြီး အလှူခံနေချိန် ဒီမနက်(၁၀)နာရီ(၄၅)မိနစ်မှာ ဆိုင်ကယ်သုံးယောက်တွဲ စီးလာပြီး အရှိန်နဲ့ မောင်းလာတဲ့ PDF သုံးယောက်က လက်ပစ်ဗုံး တစ်လုံးနဲ့ ပစ်ကာ ပစ္စတိုနဲ့ ခြောက်ချက် ပစ်ခတ်သွားတာ ဖြစ်ကြောင်းနှင့် အဲ့ဒီ တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှုး တစ်ဦး သေပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စဉ့်ကိုင်မြို့လည် မြို့တော်ခန်းမနှင့် မြသီတာ ပန်းခြံရှေ့မှာ တွေ့ရတဲ့ စစ်အုပ်စု/Photo – S
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #စဉ့်ကိုင်
VOA
U.S. Shoots Down Suspected Chinese Spy Balloon
အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်းနဲ့ အခုလို ဖြစ်သွားတဲ့အတွက် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် တရုတ်တို့ဘက်ကလည်း တူညီတဲ့ တုန့်ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Tan Kefei က ပြောပါတယ်။
တရုတ်တို့အဆိုအရ မိုးပျံပူဖေါင်းကြီးဟာ လေရဲ့သယ်ဆောင်မှုအရ အမေရိကန်နိုင်ငံအတွင်းကို မတော်တဆ ရောက်ရှိသွားတာဖြစ်ပြီး၊ အမေရိကန်တို့ စွပ်စွဲပြောဆိုနေသလို ထောက်လှမ်းရေးလုပ်တဲ့ မိုးပျံပူဖေါင်းမဟုတ်ဘဲ၊ အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ အချက်အလက်တွေ စုဆောင်းရေးအတွက် ဖြစ်တယ်လို့ တရုတ်အစိုးရက အစောပိုင်းမှာ ပြောထားပါတယ်။
ကျောင်းကား ၃ စင်းစာလောက် အရွယ်အစားလောက်ရှိပြီး၊ အမြင့်ပေ ၆ သောင်းလောက်မှာ ပျံသန်းခဲ့နေတဲ့ ဒီ မိုးပျံပူဖေါင်းကြီးဟာ သွားလိုရာကို မြေပြင်က ထိန်းစရာမလိုဘဲ သူ့အလိုလို မောင်းနှင်နိုင်တဲ့ စက်ပစ္စည်းတွေ အထဲမှာပါတယ်လို့ ဆိုပါတယ်။
ကျည်ဘောက်(၃)ခု ၊ကာဘိုင်ကျည်(၁၀၄)တောင့်၊ 9 ball(ကိုးလုံးကျည်)(၇၆)တောင့် ၊Jummer စက်(၂)လုံး ၊ ကျည်ကာအကျီ (၁)ထည်၊ စစ်ယူနီဖောင်း(၂)စုံ၊ စစ်ဖိနပ်(၃)ရံနှင့် စစ်ဦးထုပ်(၃)လုံးတို့ကို မဟာမိတ်တပ်များမှ သိမ်းဆည်းရခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား၁၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Zero ပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ) ၏ တာဝန်ရှိသူ ကိုသက်ကြီးထံမှ သိရသည်။
မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇) မြင်းခြံခရိုင်၊ တပ်ရင်း(၁၉) ရွှေဘိုခရိုင် ၊တပ်ရင်း(၂) စစ်ကိုင်းခရိုင် ၊တပ်ခွဲ(၂ )GTR(မြင်းမူ) နှင့် တပ်ရင်း(၁ )ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်) တို့မှ ယနေ့ ဖေဖော်ဝါရီလ ၄ရက် မနက်၁နာရီမှ စတင်ကာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။
အဆိုပါ စခန်းအား မနက် ၃ နာရီခန့်မှာ မဟာမိတ်တပ်များ အလုံးစုံ သိမ်းပိုက်မိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး၏ အလောင်းနှင့် MA3 တစ်လက်၊ကျည်ဘောက်တစ်ခု၊ ၅ဒသမ၅၆ကျည်(၁၈)တောင့်၊ Carbone တစ်လက်၊
“ကျနော်တို့ စခန်းထဲဝင်တော့ မျက်မြင်တင် ၁၅ ယောက်လောက် သေထားတယ် လက်နက်တွေ ကောက်မယ်ဆိုတော့ ရဟတ်ယာဥ်က ကျနော်တို့ကို ကြည့်နေတာမို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ခေါင်းဆောင် ကိုသက်ကြီးမှ ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း မဟာမိတ်အဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန် ထီးဆောင်းရွာသားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်

စစ်အာဏာသိမ်း အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်များမြှင့်တင်ရန် စစ်ဆင်ရေးနည်း လမ်း ငါးသွယ် မဟာဗျုဟာကို ချမှတ်လာပြီ ဖြစ်သည်ဟု ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ မြန်မာ အရေး အနီးကပ်လေ့လာ သုံးသပ်နေသူ ဇာကာရီ အဘူဇာ မှ RFA တွင် ရေးသားလာခဲ့သည်။
အတိုချုပ်တင်ပြရမည် ဆိုက
(၁) လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများကို အဓိက ပစ်မှတ်ထား၍ တော်လှန်ရေး အင်အားစု များ ထောက်ခံမှု ကျဆင်းသွားရန် အမှည့်ချွေ ချွေသွားမည် ဖြစ်သည်။
(၂) NUG ၏ ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းများကို မရမနေ ပိတ်ဆို့ သွားမည် ဖြစ်သည်၊ လက်ရှိတွင် ဘဏ်တိုင်း တွင် စစ်ဗိုလ်များ ချထားပြီး ငွေကြေး လွှဲပြောင်းမှု ကျပ်တသိန်း ကျော် လျှင်ပင် မျက်လုံးဒေါက်ထောက် ကြည့်လာပြီ ဖြစ်သည်။
(၃) NUG အဓိက အင်အားလည်း ဖြစ်၊ အာချီလီ ဖနောင့်ကြီးလည်း ဖြစ်နေသည့် တိုင်းရင်းသား အင်အားစုများ နှင့် ပေါင်း
စည်းနေမှု ကို ဖြိုခွဲသွားမည်။
(၄) မြို့ပေါ်ရှိ မြေအောက် ပျောက်ကြားစစ်ဆင်ရေး ကို အဓိက ထား ဖြိုခွင်းမည်။
(၅) နောက်ဆုံးတွင် ထိုင်း ကို ပုံတူ ကူးချ၍ “ရွေးကောက်ပွဲ” ဆိုသည်ကို လုပ်မည် အစရှိသည်တို့ ဖြစ်သည်ဟု ဖေါ်ပြထားသည်။
လက်ရှိတွင် မြန်မာ ၏ အခြေအနေသည် ထိန်းချုပ်၍ မရအောင် ဖြစ်လာနေပြီ၏ဟု နိုင်ငံတကာ ရှိ လေ့လာသုံးသပ်သူများက တညီတညွတ်တည်း မှတ်ချက် ချနေချိန်တွင် ဂျကာတာ မှ ထွက်ပေါ်လာသော သတင်းများ ကို အတိုချုပ် သုံးသပ်ရမည် ဆိုက အာဆီယံ သည် အချက် ငါးချက်ကိုသာ ကြက်တူရွေး နှုတ်တိုက် ရွတ်သလို ရွတ်ဆိုနေသည့် အဆင့်က တက်မလာ နိုင်သေး၊ ထိုအထဲမှ အကြမ်းဖက်မှုများ လျော့ကျစေရေး ဦးစားပေး ကြိုးပမ်းသွားမည်၊ ထိုသို့ လျော့ကျသွားမှ စစ်ကောင်စီ ကို ခေါ်ယူ ဆွေးနွေးမည် ဟူ၍ ဖြစ်သည်။
လောလောဆယ်တွင် အင်ဒိုနီရှား မှ ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်အောက်ခံ အထူး သံတမန်ရုံး ထားရှိပြီး စစ်အာဏာသိမ်း အဖွဲ့နှင့် အဆင့်နိမ့် သံတမန်ရေးရာ ဆွေးနွေးမှု မျိုး ပြုလုပ်သွားရန် စီစဉ်နေသည်ဟု ဆိုသည်။
အာဆီယံ နိုင်ငံ များ အတွင်း မြန်မာ အရေး အပေါ် စိုးရိမ် ပူပန်မှု အဆင့် မတူညီကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဝန်ခံပြောဆိုသွားသည်။ ၎င်းတို့ အနေဖြင့် မြန်မာ အရေး ထိထိရောက်ရောက် ဖြေရှင်းဖို့ထက် အသင်းကြီး ပြိုကွဲမသွားအောင် အဓိက ထားနေသည့် သဘောထား များ ထွက်ပေါ်လာသည်။
အင်ဒိုနီရှား သည်လည်း ဟွန်ဆန် ကဲ့သို့ပင် စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးရန် ကြိုးစားလာသည်ပင်။ စစ်အာဏာ
သိမ်း အဖွဲ့သည် အကြမ်းဖက် မှု ကို ၎င်းတို့ အာဏာတည်မြဲရေး အတွက် လက်နက်အဖြစ် အသုံးချနေသည် ဖြစ်၍
မည်သို့များ သဘောတူပေမည်နည်း။
ထိုအတွက်ကြောင့်လည်း ၎င်းတို့ ပြောသည့် အချက် ငါးချက် ကို မင်းအောင်လှိုင် က ဘူးလုံးနားမထွင်း သဘောတူခဲ့သည့် တိုင် နောက်ပိုင်းတွင် အရေးစိုက်စရာ မလိုဟု ယူဆလာခြင်းမှာလည်း အဆန်းတော့ မဟုတ်ပေ။
မြန်မာ ပြည်သူများကတော့ လက်ရှိ အာဏာသိမ်း အဖွဲ့ ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို လုံးဝ လက်မခံ နိုင်ကြောင်း အသံတိတ် သပိတ်ဆင်နွှဲခြင်း ဖြင့် အာဆီယံ အစည်းအဝေး မစမီ နှစ်ရက်အလို တွင် ထင်ရှားစွာ ပြသခဲ့ကြပြီးလည်း ဖြစ်သည်။
စစ်တပ်မှ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ရန် မာရှယ်လောပင် ထုတ်ပြန်လာနေသည့် အချိန်တွင် အာဆီယံသည် လေထဲတိုက်အိမ်ဆောက်နေကြဆဲပင် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာ အရေး ဖြေရှင်းရန် မည်သို့မျှ မအပ်စပ်တော့သည့် အဖွဲ့အစည်း ဖြစ်လာ နေပေသည်။
နဂိုကတည်းက အကြံတုံး ညဏ်တုံး ဖြစ်နေသော စစ်ဗိုလ်ချုပ်များသည် အင်ဒိုနီရှား ပုံစံ မဟန်တော့၍ ထိုင်း ကို ပုံတူ ကူးချရန် ကြံစည်နေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
