နောက်ဆုံးရ
ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ယန်းဒီ/People’s Spring

ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

မြန်မာသံအမတ်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်တာ၀န်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။

ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်ကို ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း ထပ်လောင်းပြောသည်။

မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်သည် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်နေကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာစစ်တပ်နှင့် ယင်းအဖွဲ့အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့်အရေးနှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြောင်းလည်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ ပြောသည်။


#လူထုနွေဦး

ဆက်ဖတ်ရန် →
ပွေးကွက်

ပွေးကွက်

လျှပ်စစ်ကားတွေကသာမန်ကားထက်စျေးကြီးပေ
မယ့်ဆီကားထက်လျှပ်စစ်ခအများကြီးသက်သာ
တယ် ဒါပေမယ့် စျေး၊အလုပ်သွားတာလောက်ပဲ
အဆင်ပြေတယ် ခရီးဝေးသွားရင်ဆီဆိုင်လိုအား
သွင်းဖို့နေရာရှားတယ် ဆီထည့်ရင် ၂မိနစ်လောက်
ပဲကြာမယ် အားသွင်းတာက ဘယ်လောက် boost 
လုပ်လုပ် ကြာတာကကြာတာပဲ အရေးရယ်အကြောင်း
ရယ်ဆို အသက်တောင်မှီမှာမဟုတ်ဖူး
တောင်တက်လမ်းတွေဆိုလဲအဆင်မပြေဖူး
ခဏလေးနဲ့အားကုန်တယ် 
အိမ်မှာအားသွင်းတဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ်
ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဖူး 
40amp breaker နဲ့ ပါဝါလိုင်းအသစ် stove အတွက်
ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ်

အားကုန်ရင်နေပြည်တော်အထိတွန်းသွားပြီးအား
သွင်းရမှာလား🫣🫢🥴
တက်စီဆိုပိုတောင်ဆိုးသေးတယ်
ဆန်မရှိပဲစောက်စားကြီးပြချင်တာ
လျှပ်စစ်ကားရှိလို့နိုင်ငံကြီးတိုးတက်နေပြီ
ငါ့ကိုသမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက်
ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ🖕🏿








ဆက်ဖတ်ရန် →
လိရွေးကောက်ပွဲလား

လိရွေးကောက်ပွဲလား

လွှတ်တော်ခေါ်ခါနီးရက်တွေ မအလ သမ္မတရာထူး
တောင်းခဲ့လားဆိုတာ မသေသေးတဲ့ NLD CECတွေ
လွှတ်လာရင်တောင်မေးစရာမလိုပါဖူး၊

မဲဆွယ်ပွဲကာလထဲကအာဏာသိမ်းမယ်ဆိုတာ
ပါတီ၃၀ကျော်နဲ့မအလတွေ့အပြီးထဲကနုတ်မလုံတဲ့
မိုက်ကယ်ကျော်မြင့် လွှင့်တဲ့ Live! ထဲမှာပါပြီးသား
မဲသမာသည်ဖြစ်စေ မသမာသည်ဖြစ်စေသိမ်းကို
သိမ်းမှာ၊ ဘူးလက် ဝီရသူ လာအဖမ်းခံတာ အာမခံ
ချက်ရှိထားလို့၊

မဲမသမာမှုစာတမ်းဆိုပြီး၁၄၀ M PDF က လည်းစခ
တွေရေးဖြန့်တာ ကြားနေလူဆိုတာအာဏာရှင်လက်
ထက်မှာမရှိတဲ့အတွက်စာတမ်းမှာပါသမျှဟာလုပ်
ဇာတ်အဖြစ်နဲ့ 🗑️ ထဲရောက်မှာပဲ ဘယ်သုသေသီ
ကမှမှီငြမ်းရေးသားကြမှာမဟုတ်ဖူး

ထားပါတော့

အခုကာလုံခေါ်မယ် လူစုံအောင်ခေါ်မယ်ဆိုလို့အပြင်
လူများလားမှတ်တယ် ဗိုလ်ချူပ်ကြီးတွေတဲ့
ကာလုံဆိုတဲ့နာမည်ကိုကာဗာယူရုံအဆင့်ပဲရှိတယ်

အနိုင်ရပါတီကိုအာဏာလွှဲမယ်တဲ့ ဒီလောက်တောင်
အာဏာရူးထားပြီိးမှဘယ်လိုပုံစံနဲ့လွှဲမှာလဲစဉ်းစား
ကြည့်၊

PRစနစ်ဆိုတော့ ကြံဖွတ် အမတ်အများဆုံးရမယ်
မိုက်ကယ်ကျော်မြင့် အေးမောင် အဘဘောမတွေ
မအလခေါ်တွေ့ထားတဲ့၃၅ပါတီကအနည်းဆုံးတ
ယောက်စီလွှတ်တော်အမတ်ဖြစ်လာမယ် 
ကိုကိုကြီးကသိပ်မသေချာဖူး လွှတ်တော်ထဲမှာ
ကန့်ကွက်မဲပေးတာမအလမကြိုက်ဖူး၊

ပုံမှန်ဆိုရင် ခင်ရီသမ္မတဖြစ်လာမယ် ဒါပေမယ့်
စကစ သူ့လက်အောက်မှာ ဝန်ကြီးလုပ်နေသူကို
ရုတ်ချည်း ထွက်ခိုင်းပြီး သန်းဌေးကိုကန်ချလိုက်
တယ်၊ မင်းကင်းမောင်မြင့်ပါစိထားတယ်သတင်း
ထွက်တယ်၊ တကယ်လို့ခင်ရီသမ္မတဖြစ်ရင်ပရို
တိုကောအရ ကာချူပ်က အဆင့် ၇ ကိုရောက်ပြီ

အခုနေ ခင်ရီကိုအင်တာဗျူးနိုင်ရင်မေးကြည့်
လွှတ်တော်မှာ ကြံ့ဖွတ်အမတ်ကအများဆုံးဖြစ်လာ
မယ် တိုင်းရင်းသားကတယောက် စစ်တပ်ကတ
ယောက်ရယ် ခင်ရီရယ်  ကြံဖွတ်အမတ်တွေရော
အမတ်ကြီးမိုက်ကယ်ကျော်မြင့် တို့ရော ဘယ်သူ့
ကိုသမ္မတအဖြစ် မဲထည့်ကြမလဲ စစ်တပ်တင်တဲ့
ဒုသမ္မတဟာ မအလ မဟုတ်ဖူးပဲထားမအလဟာ 
သမ္မတထက်နိမ့်တဲ့နေရာမှာနေလို့ကိုမရတော့တာ
 အကုန်လုံးကသူအောက်ကလူတွေချည်းပဲ 

(အတိုက်အခံဆိုတဲ့စကားရပ်ကပြည်သူ
တွေချည်းပါတဲ့နိုင်ငံရေးစနစ်မှာပဲရှိတယ်)

နေဝင်းက စန်းယုကိုသမ္မတနေရာပေးလိုက်လို့
အငြိမ်းစားယူခဲ့လား ပါတီညီလာခံမှာပါတီဥက္ကဌ
ထိုင်ခုံက သမ္မတဆိုတဲ့စန်းယုထိုင်တဲ့ခုံထက်မြင့်
နေတယ်၊ ဒီအချက်ကိုငယ်ငယ်တုံးထဲကတွေးမိထား
တော့ ၁၉၉၀ရွေးကောက်ပွဲမှာ တစညအမတ်လောင်း
မဲလာဆွယ်တော့ လူကြီးတွေကြားထဲကနေ ရအောင်
မေးဖူးတယ် သူက ဒါကတော့သားရယ် သူကခေါင်း
ဆောင်လေတဲ့ ပြန်ဖြေတာ ဘယ်သူ့သားလေးလဲဆို
ပြီးမေးနေသေးတယ်၊

ဘယ်လိုပဲကုလားဖန်ထိုးထိုး မအလဟာ အမြင့်ဆုံး
နေရာတခုကိုဖန်တီးယူမှာပဲ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးထင်ကျော်ကိုပထမ
နေရာပေးပြီး တလှမ်းဆုတ်လျှောက်ဖူးတယ်
ဦးထင်ကျော်ဇနီးကအားနာလို့ နောက်ချန်နေနေတာ
ကို ဒေါ်စုကိုယ်တိုင် အရှေ့ကိုအသာတွန်းပို့ခဲ့တဲ့
ရုပ်သံအထောက်အထားရှိခဲ့တယ်၊

ပရိုတိုကော(၇)မှာမအလနေပြီးဒေါ်စုလိုသဘောထား
ကြီးပြရဲလားဆိုတာ ဘယ်ဘောမမှမဖြေရဲဖူး မအလ
တရားဝင် ခေါင်းဆောင်ဖြစ်ဖို့ ရေသည်ထော့ကျိူး
ကျော်စွာ ရွှေဘ ဟောင်မင်းတို့လို ဘောမတွေကအစ
ခင်ရီအဆုံးဝိုင်းပြီးတွန်းတင်နေကြတာ

လိရွေးကောက်ပွဲလား

ငါတို့ကမင်းတို့ရွေးကောက်ပွဲခေါင်းထဲမှာကိုမရှိတာ
မင်းတို့ထိုင်ဆင်းသွားအောင် knockout ပဲလုပ်မှာ

လူ့အသိုင်းအဝိုင်းမှာ လူစိတ်မရှိသူတွေမထားချင်
တော့တာ အစိုးရနဲ့ပြည်သူတသားတဲ့ဖြစ်တဲ့လူ့ဘောင်
ကို ရအောင်ပြန်လုပ်မှာ 
ဒီအချိန်မှာ မင်းတို့ဖက်ကဘာတွေပဲ propaganda 
လုပ်ပြီးလှိမ့်လုံးတွေတင်နေလံ ပြည်သူကအံတိုနေပြီ

၈၈၈၈ရောနွေဦးမှာပါအိမ်လုံးကျွတ်လမ်းပေါ်တက်
တာ သံပုံးခေါက်တာကို NLDကမြှောက်ပေးလို့
ပြည်သူကထင်ယောင်မှားဖြစ်တာလို့မင်းတို့ရေးတာ
ဟုတ်မဟုတ်တယောက်ချင်းစီလိုက်မေး

ပြည်သူက NLD ကြောင့်လမ်းပေါ်တက်တာမဟုတ်ဖူး
အာဏာရှင်စနစ်ကိုမလိုချင်လို့ ပြည်သူနဲ့တသားထဲ
ရှိတဲ့အစိုးရ ခေတ်အဆက်ဆက်ဖြစ်နိုင်ဖို့သူတို့သမိုင်း
သူတို့ရေးတာ ငါလဲဒီလောက်ပဲနိုင်ငံရေးကိုနားလည်
တယ် ဒီထက်ပိုပြောရင်တော့ ဆဲစရာပဲကျန်တော့တယ်

ရဲရင့်ငယ်(ကနေဒါ)

(ကိုဂျင်မီကိုသေဒါဏ်အမိန့်ချသည့်နေ့က
နောက်ဆုံးတွေ့ရသည့်ပုံဖြစ်သည်)


ဆက်ဖတ်ရန် →
စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်း ဘယ်လိုအမှားတွေ ရှိကြောင်း ကျွန်တော်တို့ CDM စစ်သားအများစု ရှင်းလင်းပြီးဖြစ်ပါတယ် ။ အခုတစ်ခါကတော့ Power Point လို့ခေါ်တဲ့ တင်ပြချက် အတုတစ်စောင်ဘဲ ဖြစ်ပါတယ် ။ စစ်ဘက်စာတွေရော အခုလို Power Point တွေ မှာရော ပထမဆုံး စာမျက်နှာမှာ နံပတ် ၁ လို​ ့ တပ်လေ့မရှိပါ တပ်လို့လည်းမရပါ ။ ဒါကြောင့် မြို့ပြအဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်းကို ထောက်ပံ့သူများ နဲ့ လှုပ်ရှားသူများကို ထိတ်လန့်စက်ဆုပ်ဖွယ် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ မူရင်း ပို့စ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ မှားယွင်းမှု တွေရှိနေပေမယ့် ဘယ်အရာက မှားနေပါတယ်လို့ ချေပရင် အဖွဲ့တွေရဲ့ လုံခြုံမှုစည်း ကျိုးပေါက်မှာဖြစ်ပါတယ် ။ ဒါကြောင့် ပါဝင်ကူညီသူများ အနေဖြင့် စိုးရိမ်ပူပန်စိတ် မဖြစ်ကြစေဘို့ အသိပေးတင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ ။

စာကြွင်း။ သတင်းဌာနကို အပြစ်တင်ခြင်းမဟုတ်ပါ ။ ကျွန်တော် တို့တွေဆို Documents အစစ်တွေ ရရှိပါတယ် သတင်း မူရင်း Source ပျောက်ပျက် အန္တရယ် စိုးရိမ်၍ စကားပြေဖြင့်သာ အမြဲ သတိပေးပြောဆိုပါတယ်ခင်ဗျာ။

ပုံ ၁ ။ စာမျက်နှာ နံပတ် တပ်ထားခြင်း (False)
ပုံ ၂ ။ စာမျက်နှာ နံပတ် ကာလာတူဖြစ်ခြင်း
ပုံ ၃ ။ စစ်တပ်သုံး အမှန် 

                                                 ဇင်ယော်




































ဒီ​​နေ့မှာ​တော့ အကြောင်းအရာတစ်ခုကို နောက်ဆုံးအ​နေနဲ့ ထပ်မံရှင်းလင်းတင်ပြလိုပါတယ်ခင်ဗျာ။ကျွန်​တော့်ရဲ့လစဥ် Campaign က​နေ Support ​ပေး​နေတဲ့ WOH.. HRD GZDF တို့ကို စရဖအသွင်​ပြောင်း ဒလန်ဇာတ်သွင်း​ခံ​​နေရမှုကို ကာကွယ်​ပေးချင်တဲ့အတွက် အခုလိုရှင်းလင်းတင်ပြပေးရခြင်းပဲဖြစ်ပါတယ် ခင်ဗျာ။ 

ဇန်နဝါရီ ၁၈ ရက်နေ့က Social Media ပေါ်မှာ ပျံ့နှံလာတဲ့ အမှတ်(၁)စ-စ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ရဲ့ ၁၆. ၉. ၂၀၂၂ ရက်စွဲပါ Power Point နဲ့တင်ပြချက် အတုတစ်စောင်အ​ကြောင်းကို Post တင်ရှင်းပြီးဖြစ်​ပေမဲ့မ​နေ့က ၂၃.၁. ၂၀၂၃ ရက်​နေ့မှာလည်း Powerpoint Detail အတုတစ်​စောင်ထပ်မံ​ပေါ်ထွက်လာပြန်ပါတယ် ခင်ဗျာ။(မ​နေ့က Powerpoint Deatilဟာ ဒီဇင်ဘာ ၂၂ရက်​နေ့ကတစ်ခါထွက်​ပေါ်ထားပြီး လူသိနည်းခဲ့တဲ့ Powerpoint ပါ ခင်ဗျာ) 

Powerpointတစ်ခုလုပ်ပြီးရင် အနည်းဆုံး ဒုမှူးကြီးအဆင့်က​နေစ-စ်​ဆေးထားရပါတယ်။စ-စ်ကောင်စီရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိစာတွေ ပေါက်ကြားလာမှုအပေါ်မှာ စ-စ်တပ်ဟာ အရှုံးထဲကနေ အမြတ်ယူတို-က်ကွ-က်ဖော်လာခြင်းဖြစ်ပါတယ်။ဒါဟာ စ-စ်တပ်ရဲ့လုပ်ရိုးလုပ်စဥ် လုပ်ငန်းတစ် ရပ်မျှသာဖြစ်ပါတယ်။

PowerPoint ရဲ့တင်ပြချက်ပါ အရေးအသားတွေမှာ စ-စ်ဘက်အခေါ်အသုံးအနှုန်းတွေဟာလည်းမဆီမလျော်ဖြစ်နေတာတွေ အများကြီးတွေ့ရပါတယ်။အချက်အလက်တွေရယ် လူပုဂ္ဂိုလ်နာမည်တွေ မှန်ခြင်း၊မှားခြင်းကိုတော့ UG အဖွဲ့တွေရဲ့ လုံခြုံရေးကြောင့်ထည့်ပြီး မရှင်းတော့ပါဘူး ခင်ဗျာ ။ 

ဒါဟာမြို့ပြUG ညီငယ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်း​ကြောင့် ထောက်ပံ့သူများနဲ့ လှုပ်ရှားသူများကို ထိတ်လန့်​အောင် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ဒါကတော့ စ-စ်တပ်ရဲ့ လူမကုန် ကျည်မကုန်တဲ့ စ-စ်ဆင်ရေးဖြစ်ပြီး အဲဒီဖက်မှာ စ-စ်တပ်က အရမ်းကျွမ်းကျင်ပါတယ်။ 

အရေးကြီးတဲ့အချက်က အခု Power Point ကို တော်လှ-န်သူအချင်းချင်း ဂျောက်ချပြီး ဖန်တီးထုတ်လွှင့်လာတာဖြစ်ပါတယ်။မြို့ပြအဖွဲ့အချင်းချင်း သွေးကွဲစေရန်၊ယုံကြည်မှုပြိုကွဲစေရန် စ-စ်တပ်ရဲ့ ဝါဒဖြန့်ခြင်းမျှသာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲဆိုတာ မြို့ပြနဲ့ကျေးလက်မှာသာ ပြုလုပ်ရမှာဖြစ်သလို UG ဆိုတာလည်း အဲဒီနေရာတွေမှာသာ လုပ်ငန်းတွေ ဆောင်ရွက်ရတာဖြစ်ပါတယ်။UG တွေ ဦးကျိုးသွားပြီဆိုရင် စ-စ်ကောင်စီရဲ့ အရှိန်မြှင့်လာတဲ့ ရွေးကောက်ပွဲလုပ် ငန်းစဥ်တွေကို ပိုမို​​မြန်ဆန်စွာလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ 

စ-စ်ကောင်စီဝါဒဖြန့်တဲ့ထဲမှာပါ​နေတဲ့ GZDF.WOH.HRD ဆိုတဲ့UG အဖွဲ့တွေဟာဆိုရင် ကျွန်တော့်ရဲ့ Vitamin For UG Campaign က​နေ​ လစဥ်ထောက်ပို့ထားတဲ့ အဖွဲ့တွေဖြစ်ပြီး တကယ်လက်သံပြောင်ထားတာကိုလည်း သိပြီးဖြစ်မှာပါ ခင်ဗျာ။ပြည်သူတွေ ဝေဝါးစေဖို့နဲ့ UG အချင်း ချင်း သွေးကွဲစေရန် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပါပဲ ခင်ဗျာ။အခုချိန်မှာ တကယ်ထဲထဲဝင်ဝင်ဆောင် ရွက်နေတဲ့ အဖွဲ့တွေ အင်အားယုတ်လျော့လို့မရပါဘူး။ 

ဒီတော့ နယ်မြေခံအဖွဲ့အချင်းချင်း ယုံကြည်မှုတည်ဆောက်ပါ။ လက်တွဲပါ ။ပူးပေါင်းဆောင်ရွက်ပါ။သူတစ်လူ ငါတစ်မင်း ဖြစ်လို့မရပါဘူး။ ဒါကသတိထားရမယ့်အချက်ပါ။ကျွန် တော်ကတော့ ၂၀၂၁ ခုနှစ်မတ်လဆန်းမှာ CDM ဝင်ပြီးတည်းက နွေဦးတော်လှန်ရေးမှာ အရာရောက်တဲ့ အလုပ်တွေ မလုပ်နိုင်သေးပေမယ့် အရေးပါတဲ့ အလုပ်လေးတွေလုပ်နေပါတယ်ခင်ဗျာ ။ 

ဘယ်လိုပဲ စကစဖက်ကဆိုက်ဝါး​တွေနဲ့ ​သွေးခွဲသပ်လျှိုမှု​တွေရှိ​နေပါ​စေကျွန်​တော့်ရဲ့ Vitamin for UG Campaign က​နေလစဥ်​ထောက်ပို့မှုရယူထားတဲ့ UG ညီငယ် ၁၄ဖွဲ့ဟာ တလရပြီးဆုံးတဲ့အထိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ​ရွေ့  စကစကိုတွ-န်းလှ-န်​နေမှာပဲဖြစ်ပါတယ် ။​ကျေးဇူးပါ ခင်ဗျာ။ 

                                                ဇင်​ယော်




ဆက်ဖတ်ရန် →

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

no tag

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို တိုးချဲ့လက်ခံဖို့ ထပ်ပြီး ပြင်ဆင်လာပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် လပိုင်းခြားပြီး မကြာခဏခေါ်ယူနေတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးတွေကို မြန်မာစစ်တပ်က အခုရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေကနေ ခေါ်ယူနေတာလို့လည်း သိရပါတယ်။

ကြည်းတပ်တွေမှာ စစ်အင်အားလိုအပ်ချက်ရှိနေချိန်မှာ ဒီလို အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကြောင့် စစ်ကောင်စီဟာ အမျိုးသမီးစစ်မှုထမ်းတွေကို စစ်မြေပြင်အထိ စေလွှတ်မှုတွေရှိနေလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

 စစ်ကောင်စီက ခေါ်တဲ့ အမျိုးသမီး စစ်သည်အတွက်လျှောက်ထားသူတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီးတော့ အသက် ၂၅ နှစ်ထက်မကြီးရလို့ ပါရှိသလို အရပ် ၅ပေ ၂ လက်မ ကိုယ်အလေးချိန် ပေါင် ၁၀၀ နဲ့ အထက်ရှိရမယ်လို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

 ပညာအရည်အချင်း ရှစ်တန်းအောင်အဆင့် တက်ရောက်နိုင်တဲ့ ဒီတပ်သားသစ် သင်တန်းကို ၄ လ တက်ရောက်ရမှာ ဖြစ်ပြီး သတ်မှတ်ချက် ကိုက်ညီရင် ဆန္ဒပြုထားတဲ့ လက်ရုံးတပ် ဒါမှမဟုတ် ဝန်ထမ်းတပ် တစ်ခုခုမှာ တာဝန်ထမ်းဆောင်ရမယ်လို့ အလုပ်ခေါ်စာမှာ ပါရှိပါတယ်။ 

 မြန်မာစစ်တပ်မှာ အမျိုးသမီးဗိုလ်လောင်းတွေကို ၂၀၁၃ ခုနှစ်ကစပြီး နှစ်စဥ် ပုံမှန်ခေါ်ယူနေတာ အပတ်စဥ်(၉) အထိ ရှိနေပါပြီ။

အမျိုးသမီးစစ်မှုထမ်းတွေကို အရင်က ဆေးတပ်မှာ အဓိကတာဝန်ပေးခဲ့ရာကနေ နောက်ပိုင်း အမျိုးသမီးလေသူရဲအရာရှိတွေအထိ တာဝန်ပေးနေတာတွေ့ရပေမယ့် စစ်မြေပြင်အထိ စေလွှတ်တာတော့ မတွေ့ရသေးဘူးလို့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

no tag

ဓာတ်ပုံ ရင်းမြစ်, SCREEN SHOT

“ အမျိုးသမီး စစ်သည်တွေကိုတော့ အများအားဖြင့်တော့ ရုံးပိုင်းမှာ တာဝန်ချထားတာ များတယ်၊လေတပ်မှာ အမျိုးသမီးလေသူရဲဗိုလ်လောင်းတွေ တာဝန်ပေးတာရှိသလို ရေတပ်က ပင်လယ်ပြင်ထွက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါလာတာတွေရှိတယ်၊ ကြည်းတပ်အနေနဲ စစ်မြေပြင်အထိ လွှတ်ဖို့ လောလောဆယ်တော့မရှိသေးဘူးလို့ထင်တယ် “လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

 ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းနဲ့ ဆားလင်းကြီးထဲက ရွာတချို့ကို စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါ စစ်ကောင်စီစစ်ကြောင်းမှာ အမျိုးသမီးစစ်သည်တချို့ ပါတာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေး တပ်တချို့က ပြောပါတယ်။

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံနေတဲ့ နိုင်ငံအနှံ့အပြားမှ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို  စစ်ကောင်စီက ရင်ဆိုင်နေရတာဖြစ်ပြီးတော့ အချို့နေရာတွေမှာ ပြည်သူစစ်တွေဖွဲ့ ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးတာလည်း ရှိပါတယ်။

 ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာတော့ အမျိုးသမီးစစ်သည်တွေက ဆေးတပ်ဖွဲ့၊ထောက်ပို့ကနေ ရှေ့တန်းစစ်မျက်နှာပြင်အထိ ပါဝင်နေကြတယ်လို့ မြောင်အမျိုးသမီးတပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ခံ မအမရာက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, KNDF

 ကမ္ဘာ့နိုင်ငံပေါင်း ၁၄ဝ မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးစွမ်းရည်က အဆင့် ၃၈ ရှိတယ်လို့ ၂၀၂၃ အတွက် Global Firepower သုတေသနအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၇ သန်းကျော်ရှိပြီး စစ်သည်အင်အားက လေးသိန်းခွဲရှိတယ်လို့ Global Firepower က ဖော်ပြပါတယ်။ နိုင်ငံလူဦးရေ စုစုပေါင်း ရဲ့ ဝ.၈ ရာခိုင်နှုန်းရှိပြီး ဝ.၇ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဦးရေ လေးသိန်းက လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ အရန်တပ်ဖွဲ့ဝင် မရှိဘဲ ပြည်သူ့စစ်က ငါးသောင်းရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့က တပ်ရင်းတွေကို ဒေသကာကွယ်ရေးတပ်နဲ့  KNLA တပ်တွေဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာ ရှိပါတယ်။

 မြန်မာ့တပ်မတော် ကြည်းတပ် တပ်ရင်းတွေမှာ တပ်ရင်းတစ်ခုမှာရှိသင့်တဲ့ တိုက်ခိုက်ရေး အင်အားမရှိဘဲ ၄ ဆ ၅ ဆလောက် နည်းတာကိုတွေ့ရတယ်လို့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာ အင်စတီကျူရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

တပ်ရင်းတစ်ခု အင်အားနည်းနေရင် စစ်ရေးလုပ်ဆောင်မှုမလုပ်နိုင်ဘဲ ခြေလျင်တပ်တွေမှာ လက်နက်တွေ အင်အားကောင်းပေမဲ့ သင့်လျော်တဲ့ အင်အားမဖြည့်ဆည်းနိုင်ရင် စွမ်းဆောင်ရည်မှာ ထိခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာတပ်မတော် စစ်သားသစ်စုတဲ့ ပြသာနာရှိနေပြီး တိုက်ခိုက်ရေးမှာ အသက် ၃၀ ကျော်စစ်သားတွေအများအပြားပါနေတဲ့ အတွက် စစ်သားစုဆောင်းရေးကို ထိထိရောက်ရောက်မလုပ်နိုင်တဲ့အရာက တပ်တွေရဲ့ လုပ်ရည်ကိုင်ရည်ကို ထိခိုက်နိုင်တယ်လို့လည်း နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

 မြန်မာစစ်တပ်မှာ အမျိုးသမီးအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း အရေအတွက်က သုံးထောင်ကျော်ရှိနေပြီလို့ စစ်တပ်ကထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်လကုန်အထိ စာရင်းတွေအရသိရပါတယ်။

စစ်တပ်ကို အခုအခါမှာ နိုင်ငံရေးအင်အားစု တစ်စုပုံစံနဲ့ မြင်နေပြီးတပ်မတော်ကို ထောက်ခံသူရှိသလို မထောက်ခံသူတွေ အများအပြားရှိလာပြီး လက်ရှိစစ်သားစုဆောင်ရေးကို လာရောက် ရိုတ်ခတ်နေတာလို့ လည်း ထောက်ပြကြပါတယ်။

အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်မှာ အမျိုးသမီးတွေ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားမှုနည်းတဲ့ အခြေအနေကနေ အခုအာဏာသိမ်းပြီးနောက်မှာတော့ တပ်ဖွဲ့ဝင် အင်အားရနိုင်ဖို့ အခြေအနေက ပိုနည်းပါးသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဆက်ဖတ်ရန် →
ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

ဇန်နဝါရီ (၂၄)ရက် |||နွေဦးအသံ|||

အကြမ်းဖက် စစ်ကောင်စီ ရဲ့ဗိုလ်မှူးကြီး အဆင့်ကစပြီး တပ်ခွဲမှူး ၊ ရဲဘော်အဆင့်အထိ ရန်သူအယောက် ၅၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ ရဲဘော်နွေဦး ကို NUG ၀န်ကြီးဦးလွင်ကိုလတ်က ဇန်နဝါရီ (၂၄)ရက်မှာ စနိုက်ပါသေနတ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ တောင်ငူ ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ(၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲဘော်နွေဦး(ခ) ဖိုးလုံးကိုတပ်ရင်း (၃၅၀၂)ရဲ့တပ်ရင်းမှူးကတဆင့် စနိုက်ပါ (388) ကို ချီးမြှင့်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ERO အဖွဲ့တခုဆီက စနိုက်ပါအသေးတစ်လက်ကို ဆုချီး မြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်လို အန္တရာယ်များတဲ့နေရာတွေမှာလည်း ကိုယ်တိုင် ၀င်ရောက်ပစ်ခတ်နေတာဖြစ်ပြီး မိမိ ရဲဘော်တွေကို လက်တွေ့သင်ကြားပေးနေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။

ရဲဘော်နွေဦး သုတ်သင်ရှင်းလင်းခဲ့တဲ့ ရန်သူတွေထဲမှာ  ဗိုလ်မှူးကြီးအဆင့်ကနေ တပ်ခွဲမှူး၊ ရဲဘော်အဆင့်အထိ စုစုပေါင်း (၅၇)ယောက်ကိုရှင်းလင်း ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ကို ပိုမိုချေမှုန်း တိုက်ခိုက် သွားမှာဖြစ်ပြီး မြို့ပေါ်တိုက်ပွဲတွေအတွက်လည်း တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလို့သိရပါတယ်။

©TheVoiceOfSpring
Photo| NUG | ရဲဘော်နွေဦး ကိုစနိုက်ပါဆုချီးမြှင့်စဥ်။




ဆက်ဖတ်ရန် →
ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

ဘယ်နေ့ကအောင်ပွဲရဲ့၁၀၀% လဲဆိုတာမသိပေ
မယ့် မအလ လမ်းပျောက်နေတာအသေအချာပဲ
Mission ကိုင်တဲ့ဗိုလ်ချူပ်ကြီးတွေလဲအကြံမပေး
တတ်တော့ဖူး VOAနဲ့အင်တာဗျူးမှာလဲ USAက
Russia နဲ့ပလူးနေတာတွေအတွက်၂ဆတိုးခံရမယ်
ပြောထားတယ် မီဒီယာပိုင်းမှာလဲကျဆုံးနေကြောင်း
ကျော်စွာနဲ့ရေသည်တို့ကအစဝန်ခံထားကြတယ်

စကစ report၂ခုအရ အသွင်ယူပြီးလုပ်ဆောင်တာ
တွေရှိနေတယ် UGဆိုတော့ဟုတ်တယ်မဟုတ်ဖူး
ပြောရတာမလွယ်ဖူး ကိုဂျင်မီမိတာအသွင်ယူ
နဲ့တဲ့တဲ့တိုးတာလို့ခြုံငုံသုံးသပ်လို့ရတယ်

report တွေကမှန်တယ်မှားတယ်ပြောမရပေမယ့်
အသွင်ယူတာကအနည်းနဲ့အများရှိနေတာအသေ
အချာပဲ
အပေါ်ဇယားကွက်မှာ အသွင်ယူခေါင်းဆောင်က
စခတပ်ကြပ် ကွန်ယက်ထဲပါတဲ့ ဇင်ယော်က
CDMဗိုလ်ကြီး သိသလောက်သူကအမှန်အကန်
CDM လုံးထွေးနေတဲ့သဘော သူလဲဖျင်ရိုး
ခံရတဲ့သဘောပါ

စကစလဲသိပြီးသားဆိုတော့တခုထုတ်ပြောပြမယ်

ကိုဂျင်မီကိုမိတဲ့နေ့ကပုံထဲမှာ၆လက်တွေ့တယ်
မဟုတ်လား အဲ့ဒါတွေပို့ထားတာ၃ရက်ပဲရှိသေး
တယ် အဲ့အချိန်ထဲကဇေယျာသော်ကတွဲဖက်
တာဝန်ခံ ကနဦးတာဝန်ကCDMကိစ္စတာဝန်ယူ
ထားပါ။

သူတို့နေရာကိုလျှို့ဝှက်အမည် နောင်— ကအခု
တာဝန်ယူထားပါတယ် code of commend
ကို လိုက်နာပါမယ်ဆိုတဲ့အဖွဲ့တွေကို mission 
မရှိသေးပေမယ့် လစဉ်ပေးတာမျိူးမဟုတ်ပဲ
၅သိန်း ၆သိန်း အဲ့လို့ရကြပါတယ် 

ကျွန်တော်တို့နဲ့လဲကနဦးထဲကသိတဲ့အဖွဲ့တွေပါ
ရှိပြီးသားအဖွဲ့တွေမှာ အသွင်ယူစခကမရှိသလောက်
နည်းပါတယ် တဖွဲ့နဲ့တဖွဲ့လဲ အဆက်အသွယ်ရှိပါတယ်

နောက်ပိုင်းအဖွဲအသစ်တက်ကြွသူတွေထပ်တိုး
လာချိန်မှာအသွင်ယူတွေပါလာတာပါ

အာမခံပြောနိုင်တာက ကနဦးကွန်ယက်ကခိုင်ပါတယ်
မပျက်ပါဖူး ကိုဂျင်မီလို သတင်းပေးတာခံတာမျိူး
ကတော့ လုံခြုံရေးစည်းပေါက်လို့အခံရခက်တာအမှန်
ပါပဲ

ရန်ကုန်ဟာ စစ်မြူတဲ့အဆင့်မှာပဲထားပါတယ်
အင်္ဂလိပ်လက်ထက်တော်လှန်ရေးတွေမှာ
ကျန်တဲ့နေရာအကုန်ကျရင် ရန်ကုန်ကကျပြီးသားပါ

နေဝင်းလက်ထက်ရန်ကုန်အစိုးရဆိုပြီးတော့တောင်
အခေါ်ခံရလောက်တဲ့အထိဖြစ်ခဲ့ဖူးတယ်

ကျွန်တော်တဦးထဲအမြင်အရနေပြည်တော်ကနေ
ပဲခူးထိကျရင်ပြီးသလောက်ပါပဲ မအလရဲ့နောက်
ဆုံးခံစစ်ဟာ ရန်ကုန်မဟုတ်လောက်ပါဖူး
လူထုကြားထဲသူမတိုးရဲပါဖူး နွေဦးသပိတ်တုံးက
လိုပိတ်ထားတဲ့လမ်းတွေရှင်းချိန်မရှိသလိုမီးရှူး
မီးပန်းနဲ့ပစ်တဲ့ခေတ်မဟုတ်လို့သူကြောက်ပါတယ်

အသွင်ယူကိစ္စဟာရန်ကုန်မှာရှိနေလို့ ဆုံးရှူံးမှုတွေ
ရှိပါတယ်နည်းနိုင်သမျှနည်းအောင်ကျစ်ကျစ်လစ်
လစ်ရှိအောင်ကြိုးစားနေပါတယ်

အခြားနေရာတွေမှာအောင်ပွဲဆက်နေတာအားလုံး
အသိပါ

အားတင်းထားရန်ကုန်—

ရန်ကုန်မယ့်အောင်မြေကို
ဒို့တွေအရောက်လာခဲ့ပါမယ်💞

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်






















ဆက်ဖတ်ရန် →
၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်ရန် မသေချာဟု စစ်ကောင်စီပြော

၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်ရန် မသေချာဟု စစ်ကောင်စီပြော


Mizzima
ရွေးကောက်ပွဲ ဖြစ်မဖြစ်ပြောရန် စောလွန်းနေသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ကြောင်း VOA က သတင်းဖော်ပြသည်။

"ရွေးကောက်ပွဲကျင်းပနိုင်မယ် မကျင်းပနိုင်ဘူးဆိုတာ ပြောဖို့ သိပ်ကိုစောလွန်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

NUG၊ CRPH အဖွဲ့များသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကလည်း ရွေးကောက်ပွဲမဖြစ်အောင် ထုတ်ပြောခြင်းများရှိ သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

" ကျွန်တော်တို့အနေနဲ့ ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်လာတဲ့အခင်းအကျင်းတွေ၊ ဆောင်ရွက်ရမယ့် အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဟိုဘက်မှာလည်း အဖျက်လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လို CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) လို အဖွဲ့မျိုးတွေ တရားဝင်ပြောလာတာရှိတယ်။ တချို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း) တွေပြောလာတာရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေ ပြောလာတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်သည့် KIA၊ KNU၊ CNF အစရှိသည့်အဖွဲ့များက တရားမဝင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ထုတ်ပြန်ထားသည်။


ဆက်ဖတ်ရန် →

NUG တော်လှန်ရေးရန်ပုံငွေစီမံကိန်းထဲတွင် ကိုရီးယားရောက် မြန်မာများ ကန်ဒေါ်လာ တစ်သန်းခွဲ ကျော် ရင်းနှီးမြှုပ်နှံထား


24 Jan 2023 By MPA 001

NUGအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ တော်လှန်ရေးရန်ပုံငွေရှာဖွေသည့် စီမံကိန်းများတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၁ဒဿမ၆သန်းခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

NUG ကိုယ်စားလှယ်ရုံး-တောင်ကိုရီးယားသည် NUGအေးဂျင့်အဖြစ်လုပ်ကိုင်လျက်ရှိပြီး NUG၏ လက်တံတစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ကာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင်တော်လှန်ရေးရန်ပုံငွေ ရှာဖွေသည့်  စီမံကိန်းများကို သီးသန့်တာဝန်တစ်ခုအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာနက MPA သို့ ပြောသည်။

"ကျွန်တော်တို့ကိုယ်စားလှယ်ရုံးအနေနဲ့ကတော့ အဓိကလုပ်ငန်းတာဝန်တွေလည်းရှိတယ်ပေါ့နော်။ အထူးသဖြင့် Ministry of Foreign Affairs - Myanmar - NUG နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိပါတယ်။
သို့သော်တစ်ဖက်မှာလည်း ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ ပရောဂျက်တွေကို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်စားလှယ်ရုံးကလည်း အေးဂျင့်တစ်ခုအနေနဲ့ ပေါ့နော်၊ သီးသန့်တာဝန်တစ်ခုအနေနဲ့ ဒီတာဝန်တွေကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်"ဟု NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာန၊ တာဝန်ရှိသူကပြောသည်။

NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးအနေဖြင့် NUG၏ ငွေတိုက်စာချုပ်များကို ရောင်းချကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား တော်လှန်ရေးရန်ပုံငွေအဖြစ် ဝမ်သိန်းပေါင်းတစ်သောင်း ခြောက်ထောင်အထိ အများဆုံးရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

"လတ်တလောကာလမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနကရောင်းချတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချပေးနေတယ်။အဲ့ကွန်ဒိုတိုက်ခန်းတွေဆိုလို့ရှိရင် လောလောဆယ်မှာ ဝမ်သိန်းပေါင်းလေးရာ့ငါးဆယ်လောက် ဝယ်ယူထားတဲ့သူတွေရှိတယ်။အဲ့မတိုင်ခင်မင်းအောင်လှိုင်အိမ်နှစ်အိမ်ရောင်းချမှုတွေ၊ရန်ကုန်နဲ့ မန္တလေးက လူနေအိမ်ယာစီမံကိန်းတွေအတွက်လည်း ရောင်းချပေးထားတယ်။မန္တလေးမှာဆိုလို့ရှိရင်ဝမ်သိန်းပေါင်း ၁၆၀၀ခန့်ရောင်းချနိုင်ခဲ့တယ်ပေါ့နော်"ဟု၎င်းကပြောသည်။

NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးအနေဖြင့် အေးဂျင့် အဖြစ်စတင် တာဝန်ယူခဲ့ချိန်မှ ယခုအချိန်ထိ ကိုရီးယားရောက်မြန်မာနိုင်ငံသားများထံက တော်လှန်ရေးရန်ပုံငွေ မြန်မာငွေ သိန်းတစ်သောင်းကျပ်(အမေရိကန်ဒေါ်လာငွေ ၁.၆သန်းခန့်)နှင့်ညီမျှသော ရင်းနှီးမြှုပ်နှံငွေ ဝမ်းသန်းနှစ်ထောင်တိတိကို ရရှိခဲ့ပြီး ယင်းမှာ တောင်ကိုရီးယားနိုင်ငံအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ရရှိငွေမပါဝင်သေးကြောင်း MPAက စုံစမ်းသိရသည်။
ဆက်ဖတ်ရန် →
ငါးဆယ့်ငါးဦး အကြံ စတင်

ငါးဆယ့်ငါးဦး အကြံ စတင်

အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့၏ ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ခေါ်ယူသည့် အစည်းအဝေး အား တက်ရောက်လာသူ ငါးဆယ့်ငါးဦး မှ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကို ချေမှုန်းရန် အလွယ်တွေး အလွယ် လုပ် လုပ်ငန်းစဉ်များ အဖြစ် ချမှတ် အကောင်အထည် ဖေါ်လာသည့် ဖြစ်စဉ် နှစ်ရပ်ကို ဗွေဆော်ဦး တွေ့မြင့်လာခဲ့ရသည်။

ပထမ ဖြစ်စဉ်မှာ ၎င်းတို့ နှင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံခြင်း မပြုရန် နှင့် PDF များအား လက်နက်များ မရောင်းချ ဟူသော ကတိခံဝန်ချက်ကို အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခြင်းပင် ဖြစ်သည်။

နေပြည်တော်တွင် ဇန်နဝါရီ ၅-၇ တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်တွင် တက်ရောက်လာသော ဝ တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ NDAA နှင့် ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ (SSPP) တို့အား ခံဝန်ချက် ထိုးခိုင်း ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့သုံးဖွဲ့လုံးက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြသဖြင့် အကြီးအကျယ် ငြင်းခုန် ပြောဆိုခဲ့ပြီး ဆက်၍ ပြောနေပါက ဆွေးနွေးပွဲမှ ထ ထွက်သွားမည်ဟု ပင် ပြောလာရသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သော သတင်းရပ်ကွက်များက ဧရာဝတီ သတင်းဌာန သို့ ပြောပြခဲ့သည် ဟု သိရသည်။

သုံးရက်ကြာ ဆွေးနွေးပွဲ အပြီးတွင် အပြီးသတ် သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့သည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းသည် ပြည်သူကို လှည့်ဖျားခြင်း သက်သက်ဟု ဆိုပြီး မိမိတို့ဖက်မှ ထိုသို့ ထောက်ခံခြင်း မပြုရန် တောင်းဆိုချက်ကို သဘောတူခဲ့ခြင်း မရှိဟု ဆွေး‌နွေးပွဲ တက်ရောက်သူ တဦး က ဆိုသည်။

စစ်တပ်သည် လူထု အပေါ် စိတ်ဓါတ်ရေးရာ အရ ထိုးစစ်ဆင် နေမှု၏ တစိတ်တပိုင်းသာ ဖြစ်သည်ဟု လည်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

နောက်ထပ် ဖြစ်စဉ်တခု မှ မည်သို့မျှ အကြောင်းပြချက် တစုံတရာ မပေးပဲ ဇန်နဝါရီ ၁၇ ရက်နေ့မှစ၍ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်းများကို ရပ်ဆိုင်းလိုက်ခြင်းပင် ဖြစ်သည်။

ထိုလုပ်ရပ်သည် NUG အား ရံပုံငွေ များ စီးဝင်နေမှု ကို ရပ်တန့်သွားရန် လုပ်လာခြင်းပင် ဖြစ်သည်ဟု အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသူများက ထောက်ပြခဲ့ကြသည်။

လူများ ပြည်ပသို့ ထွက်လုပ်ခွင့် ရနေသမျှ ထိုသို့ ရံပုံငွေများ ထည့်ဝင်လှုဒန်းနေကြဦးမည် ဖြစ်သည်၊ ပြည်ပတွင် လုပ်ခမရနိုင်တော့က ထိုသို့ လုပ်နိုင်တော့မည် မဟုတ်ဟု အလွယ်ကလေး တွေးပြီး လုပ်လာကြခြင်းပင် ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမား အများစုသည် မြန်မာ သံရုံးနှင့် ဆက်သွယ် လိုစိတ် မရှိကြ၍ နိုင်ငံကူး လက်မှတ် သက်တမ်း တိုးခြင်းပင် မလုပ်တော့ပဲ တရားမဝင် ဆက်လက်နေထိုင်သွားရန် ရွေးချယ်လာခဲ့ကြသည်ဟု အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ပြည်ပတွင် အလုပ်သွားလုပ်ရန် အကြောင်းပြချက် ဖြင့် နိုင်ငံတွင်းမှ ထွက်ခွာရန် ကြံနေကြသည့် ၎င်းတို့အား ဆန့်ကျင်နေသူများ ကိုလည်း ဦးတည် လုပ်ဆောင်ခြင်းမျိုးလည်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

အများစုသည် ထိုင်း၊ မလေးရှား၊ ကိုရီယား နှင့် ဂျပန် နိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားနေကြသည်။ မည်သို့ပင် ဆိုစေ ထိုကဲ့သို့သော လုပ်ရပ်သည် နိုင်ငံသား တဦး၏ အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

လူ့အသက်တချောင်းကိုပင် ဖက်ရွက်‌လောက် တန်ဖိုး မထားကြသူများအဖို့ ထိုသို့ ပြုလုပ်ရန် ရှည်ရှည်ဝေးဝေး စဉ်းစားကြမည် မဟုတ်သည်ကား မြေကြီးလက်ခတ် မလွဲပင်။

မြန်မာ နိုင်ငံသားများ ကတော့ နယ်စပ်ကို ဖြတ်ကျော်၍ တရားမဝင် ထွက်ခွာကြရန် ရွေးချယ်လာကြမည်သာ ဖြစ်သည်။

နိုင်ငံတကာ ရွှေ့ပြောင်း ဝင်ရောက်မှုများ ဆိုင်ရာ အဖွဲ့ကြီးမှ ၂၀၂၂ ခုနှစ် အတွက် အစီရင်ခံစာ ထုတ်ပြန်ချက်တွင် မြန်မာ နိုင်ငံသားများသည် ပြည်တွင်း ပဋိပက္ခများ၊ စီးပွားရေး အစရှိသည့် အကြောင်း အမျိုးမျိုး ကြောင့် လစဉ်လို ၄၀,၀၀၀ ခန့် နိုင်ငံတွင်းမှ ထွက်ခွာနေကြသည်ဟု ပါရှိလာခဲ့သည်။

၎င်းတို့၏ အုပ်ချုပ်ရေး မအောင်မြင်ကြောင်း တခုပြီး တခု သက်သေပြလာနေသည့် လုပ်ရပ်များသာ ဖြစ်ပေတော့သည်။

လက်ရှိတွင်လည်း အာဏာသိမ်း ခေါင်းဆောင်သည် တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို NUG နှင့် PDF များအား နိုင်ငံတကာ မှ အကြမ်းဖက် အဖွဲ့အစည်း များ အဖြစ် ထင်မြင်လာအောင် ပုံဖျက်ရန် ကြိုးပမ်းချက် တရပ် အနေနှင့် သန်းကောင်စာရင်း ကောက်ယူခြင်း ကို ဝန်ထမ်းများအား အတင်းအကျပ် စေခိုင်းလျှက် ရှိနေသည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသော စစ်ကိုင်း နှင့် မကွေး ဒေသကြီးများတွင်ပင် ကောက်ယူခိုင်းနေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ရှိုလေ ကပင် အာဏာသိမ်း အဖွဲ့သည် ယခုလို အနေအထား တွင် မည်သို့မည်ပုံ ဆက်၍ လုပ်သွားမည် ဆိုသည်က မိမိအနေဖြင့် မတွေးတတ်အောင် ရှိနေသည်ဟု ပြီးခဲ့သည့် အပတ်အတွင်း က ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။

ယနေ့ ထွက်ပေါ်လာသော အေပီ သတင်းအရ ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ခဲ့သော လူဦးရေ စစ်တမ်း ကောက်ယူမှု တွင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး အစိုးရဝန်ထမ်း ၄ ဦး အား ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည်ဟု စစ်အာဏာသိမ်း အဖွဲ့မှ အချိန်နှင့် တပြေးညီ သတင်း ထုတ်ပြန်လာမှု ကို ကိုးကား ဖေါ်ပြခဲ့သည်။

NUG ပြောခွင့်ရ ဦးနေဘုန်းလတ် မှ စစ်ကောင်စီ၏ ရွေးကောက်ပွဲ သည် လူထု နှင့် နိုင်ငံတကာ ကို လိမ်ညာ လှည့်ဖျားရန် သက်သက်ဖြင့် ပြုလုပ်ရန် ကြိုးပမ်းမှု အဖြစ် ဖေါ်ပြထားပြီး ၎င်းတို့ နှင့် ပူးပေါင်း ဆောင်ရွက်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အရေးယူသွားမည် ဖြစ်၍ ပူးပေါင်းခြင်း မပြုရန် အေပီ သတင်းဌာနသို့ ပေးပို့သော မက်ဆေ့ချ်တွင် ဖေါ်ပြထားသည်။

ပြည်သူ တော်လှန်ရေး အင်အားစုများသည် အထက်စီးမှ မောက်မာ အနိုင်ကျင့် နေကြခြင်း မဟုတ်ပဲ စစ်အာဏာရှင်များ ကို နည်းပေါင်းစုံဖြင့် ခုခံ တွန်းလှန်နေကြခြင်း ဆိုသည်ကို နိုင်ငံတကာ စာနာ နားလည်ထားကြပြီး ဖြစ်၍ စစ်ခေါင်းဆောင်၏ အကြံသည် အောင်မြင်မည်တော့ မဟုတ်ပေ။
 
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Credit to the Cartoonist




ဆက်ဖတ်ရန် →
ငွေတောင်စားသောက်ဆိုင်အနီးရှိ ရပ်ကွက်ရုံး ဗုံးကွဲမှုဖြစ်စဉ်အပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း ဖမ်းဆီးမှုများရှိနေ -

ငွေတောင်စားသောက်ဆိုင်အနီးရှိ ရပ်ကွက်ရုံး ဗုံးကွဲမှုဖြစ်စဉ်အပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း ဖမ်းဆီးမှုများရှိနေ -

SouthOkkala News ( ဇန်နဝါရီ ၂၃ )

တောင်ဥက္ကလာပမြို့နယ် ၊ သံသုမာလမ်းပေါ်ရှိ ၁၄ ရပ်ကွက် အုပ်ကြီးရုံးတွင် ဇန်နဝါရီ ၂၁ ရက်နေ့ ဗုံးပေါက်ကွဲမှုအပြီး မြို့နယ်တွင်းရှိ အိမ်တချို့ကို ယမန်နေ့ညက ဝင်ရောက်ဖမ်းဆီး၍ ပစ္စည်းများကိုလဲသိမ်းယူမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

" တ/ဥက္ကလာ ၊ ၁၀ ရက်ကွက် ၊ ဘယသင်္ကြန်လမ်းထဲက ရွှေပန်းထိမ် အိမ်တအိမ်ကိုဝင်ဖမ်းသွားတယ်။ ရှိသမျှလူတွေ အကုန်လုံးကို မျက်လုံးအဝတ်စီး ၊ လက်ပြန်ကြိုးတုတ်ပြီးဖမ်းသွားတာ။ အိမ်ထဲကပစ္စည်းတွေလဲသယ်သွားတယ်။ ကားပါမချန် ယူသွားကြတာ " ဟုရပ်ကွက်နေပြည်သူများမှ ပြောကြားသည်။

ထိုညတွင်လဲ တ/ဥက္ကလာ ၊ ၁၃ ရပ်ကွက်ရှိ အိမ်တအိမ်မှ အမျိုးသမီးတဦးကိုလဲ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ထိုရပ်ကွက် ရုံးဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်တပ်ထောက်တိုင် ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းများ၏ ဖမ်းဆီး ရိုက်ခဲ့မှုကြောင့် ရဲဘော်တဦး ကျဆုံးခဲ့ရသည်။



ဆက်ဖတ်ရန် →