နောက်ဆုံးရ
" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

US က စစ်သား မစိုက်ရတာပဲ ရှိပါတယ် ကျန်တာ အကုန် ငွေ လနက် ပုံအောထားလို့ သူနဲ့ ဖြစ်နေ တိုက်နေတဲ့ US Vs ရုရှား စစ်ပွဲပါပဲ ဒါတောင် လက်နက်ဆန်းတွေ အသစ်တွေ လျိုထားသေးတယ် အာဖဂန်ကို ရှုံးတာ ပြည်သူပါ ပျောက်ကျားနဲ့ အသေခံတိုက်လို့ပါ ခုက ဒယ်ဒယ်ခြင်းဆိုတော့ ရုရျားနားကားနေတယ် ဒါကြောင့် အာဖဂန်က ကြေးစားတွေ ခေါ်အသုံးပြုနေခြင်းပဲ ဖြစ်တယ်။

သို့သော် မြေအနေထား နည်းပညာ စစ်ရေးအားကြောင့် မရတော့ပါဘူး ခုကို အီရန်ဒရုန်းတွေ ပွဲမတိုးတော့ဘူး US က တဆင့်မြင့် လေကာဒုံးတွေ ပြန်သုံးတိုက်လို့ ခုလည်း ထပ်ပြီး အဆင့်မြင့်ဒုံးတွေ ထပ်ပေးမယ်ဆိုတော့ ရုရှားက ကြောက်လန့်ပြီး နူသုံးမှရမယ် အော်ချက်ထုတ် ဟိုက်ပါဆိုးနစ်တွေ သုံးပြနေပေမယ့် ပထမတခါ သုံးပြထားဘူးတဲ့အတွက် ဒီလောက်ဟုတ်မယ် မထင်ဘူး ပွဲအဖြေက ခုကို အတော်ကွာဟ ပြတ်သားနေပြီ ပူတင်က အရှက်ပြေ ခံစစ်နဲ့ မလူးလွန့်သာပဲ ပြန်တိုက်နေရတယ်၊

သို့ဆို အဖြေရှာတွေ့လောက်ပြီပေါ့ NDAA ဟာ US အမျိုးသားလုံခြုံကာကွယ်ရေးပဋိဉာဉ်ပဲ ထိုထဲမှာ ရုရှား တျုတ်ရန်မှနေ ကာကွယ်ဖို့ပါတယ် NUG PDF ကို နည်းပညာ ကူညီပေးရေးပါတယ် ဒီတော့ ၂ နှစ်လောက် စောင့်ကြည့်ပြီး အင်အားတောင့်ရုံမဟုတ် ဖွဲ့စည်းမှုအားကောင်းလာတဲ့ PDF တပ်ကို US ဟာ တျူတ် ရှရှား အားကိုးနဲ့ မိုက်ပြ ကြမ်းပြနေတဲ့ အာဏာရှင်စစ်တပ်ကို သုတ်သင်အမြစ်ဖြတ်စေဖို့ ယူကရိန်းတပ်နည်းတူ သဘောထား Support ပြီး တျုတ် ရုရှားပါ နိုင်ငံရေး စစ်ရေးအရ ဖယ်ခွာစေဖို့ ဒီမြေမှာ PDF တပ်ကို အားထား ဦးတည်ပြီး Proxy war ဖြစ်ဖို့ ၀င်မလေးတော့ဘူးဆိုတာ မြင်သာနေ၍ သေချာပါပြီလေ ယူကရိန်းကို Support ပြီး ရုရှားကို ဖြိုနေသလို PDF ကို Support ပြီး တျုတ်နဲ့ ဒေါက်တိုင် မအလတပ်ကို ဖြိုဖို့ သေချာပေါက်ကို အ‌ကောင်ထည်ဖော်လာနေချိန်မှာ အကယ်၍ မအလဘက်မှာ ရုရှား တျုတ်ပါ၀င်လည်း US ဟာ စစ်ရေးနဲ့ပဲ အဆုံးသတ်ပြီး လူမရင်းပဲ သူတိုက်ပေးသလို လုပ်ဆောင်စေတော့မည်ဆိုတာ NDAA အချက်ထဲက နည်းပညာ သင်ထောက်ကူ ပံ့ပိုးမှု ကာကွယ်ရေးဆိုင်ရာ အချက်လက်တွေကို မြင်တာနဲ့ PDF ကို သူ့တပ်လို ပုံစံသွင်း သင်ကြားစေပြီးမှ ထောက်ကူနဲ့ ဗျင်းခိုင်းစေတော့မည်ဆိုတာ သို့ဆို နောက်က သူရှိနေပြီဆိုတော့ တျုတ် ရှာရှား၀င်ပါလည်း US က Don't care နဲ့ပါ၀င်သူ အရှုံး အဗျင်းလို့ သက်မှတ်ပြီး အပြီးကြိတ်ပါလိမ့်မည်ဆိုတာ ယုံဗျာ ထိုအတွက် ဘိုင်ဒန် ကတိပေးထားတယ်မို့လား မြန်မာ့အရေး အပြီးသက်ပေးမည်ဆိုတာ ခု EU ကလည်း အာဆန်ကို အော်ဒါပေးထားပြီ စကစရွေးကောက် မထောက်ခံဖို့ UN မှာ ရုရျား ယူကရိန်းအရေးမှာ မြန်မာ တီမောကလွဲပြီး အာဆန်နိုင်ငံအကုန် ကြားနေတာက ကြားညှပ်မှာစိုးလို့ပါပဲ ဒါက သူတို့ နိုင်ငံရေး အကျိုးစီးပွားရှေ့ရှု့မှုဆိုတော့ ထားပါတော့ ၊

ပြောလိုရင်းအချက်က US ဟာ ၂နှစ်သား PDF ကို သူ့တပ်လိုသဘောထား ကန့်သွင်းပြီး ပွဲကိုဖြတ်ဖို့ အပြီးကန်ခိုင်းတော့မည်ဆိုတာ တနည်း ပြည်သူတွေ လိုချင်တဲ့ ယူကရိန်းလို အနေထားမျိုးကို မအလတပ် အနေထားနဲ့ ထိုက်တန်တဲ့ ထောက်ကူမှုနဲ့ ပံ့ပိုးပေးမှုကို လိုအပ်သလို ဖန်တီးပြီး ပွဲကို ဖြတ်စေပါတော့မည်ဆိုတာပါပဲ 
ထိုအတွက် ရုဂှား တျုတ်ပါ၀င်မလာအောင်လည်း NDAA ထဲမှာ ထည့်သွင်းပြီး စစ်ရေး ဖြတ်တောက် ပိတ်ဆို့မှုတွေ အရေးယူမှုတွေကို ဥပဒေအရ ကြိုတင်ပြီး နိုင်ငံရေးအရပါ ကြိုကာဗာ ပြုလုပ်ပေးထားသည်ဆိုတာ သိရင် သေချာပြီ နွေရာသီ အဖြေရှာရန်မလို ကြေငြာရန်မလို အောင်ပွဲဟာ ပြည်သူ့အတွက်ချည်းပါပဲဆိုတာ သိစေချင်သည်ဟုဆိုချင်သည် 

ဆိုလိုရင်းကို ချုပ်ရရင် မအလတပ် အဆင့်အနေထားလောက်ကို ဖြုတ်နိုင်ဖို့ကူညီလို့ အကယ်၍ ရုရှား တျုတ်ပါလာရင်လည်း ယူကရိန်းကို နောက်မှနေ တစစနဲ့ ဆက်လျက် ပံ့ပိုးကူညီနေသလိုမျိုး ပြီးပြတ်သည့်အထိ တနည်း ကစားပွဲ နိုင်သည်အထိ ပြီးဆုံးအောင် Support ပြီး အောင်ပွဲကို US ဟာ ယူကရိန်းမြေမှာရော မြန်မာ့မြေမှာရော အရယူပြီး တျုတ် ရုရှားကို နိုင်ငံရေး စစ်ရေးအရပါ  ဦးနှိမ်ချိုးပြီး ပါဝါတင်ပြလေမလားဆိုတာ အဖြေက ဘယ်လိုတွက်တွက် ထိုအဖြေပုစ္စာပဲ ဖြစ်နေ ထွက်နေတယ်ဗျာ သို့ကြောင့် ယူကရိန်းရော မြန်မာရော US support ပြီဆိုတော့ သူ့အတွက်လည်း အနိုင်သေချာနေတဲ့ အပိုင်ပွဲတွေဖြစ်တဲ့အတွက်_မို့ ရင်းရဲ ထောက်ကူ support ခြင်းသာ ဖြစ်သည့်အတွက် US ရဲ့ ယူကရိန်းတပ်နဲ့ NUG ရဲ့ PDF တွေအပေါ် ဘယ်လောက် အားကိုးထား ယုံကြည်သလဲဆိုတာစိတ်ဓာတ် ပြင်းပြ အောင်ပွဲဆာလောင်နေမှုတွေကို တွက်ချက် အဖြေထုတ်ကြည့်ထားပြီ ဖြစ်တဲ့အတွက် သူ့အတွက်လည်း သိက္ခာမကျရလေအောင် နိုင်မြင်း ပုံအော လောင်းတဲ့ အဖြစ်မို့ ဒီနှစ်ပွဲရဲ့ အောင်ပွဲဟာ US ရဲ့ တွက်ချက်ထားပြီး ဖြစ်တဲ့ နိုင်ငံရေး သီအိုရီနဲ့ အကျိုးမြတ်ရလဒ်အတွက်ဆိုရင် သေချာပေါက်ကို အနိုင် အောင်မြင်နေပြီမို့ လက်ကျန်ဖြတ်စေဖို့ သူတို့လည်း ပုံအော ကစားကြခြင်း ဖြစ်သည်ဟု ဆိုချင်သည် 

#မင်းကြည်ညိုနေ
🦸
ဆက်ဖတ်ရန် →
ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ခေတ်သစ်

စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။ 

နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန်  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တင်ဒါများကို အချိန်မီဆောင်ရွက်ရန်၊ ဌာနပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံး လုယူခံရမှုများကို စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်ရန်၊ ဌာန ဆိုင်ရာရုံးများအတွင်းတွင် မြေလွတ်နေရာများကို တစ်ပိုင်တစ်နိုင် စိုက် ပျိုးရန်တို့ ပါဝင်သည်။ 

"ကျနော်ထင်တာတော့ ဝန်ကြီးဌာနတွင်းမှာ ဖရဲသီးလို့ ယူဆရတဲ့သူတွေကို သတ်ဖြတ်ရှင်းလင်းပြီး ဒလန်ဆိုပြီး PDF က သတ်ပါတယ်ဆိုတာမျိုး လုပ်မယ့် ညွှန်ကြားချက်လို့ နားလည်ရတယ်။ အဓိပ္ပာယ်က ။ အဲဒါဆိုတော့ စစ်ကောင်စီ ကိုယ်တိုင်က သူ့ဝန်ထမ်းတွေကို သူတို့  မသင်္ကာရင် သတ်မယ့်သဘောလားလို့ တွေးစရာရှိတယ်။ ညွှန်ကြားချက်က " ဟု စစ်ကိုင်းတိုင်းစစ်ကောင်စီ ဝန်ထမ်း တစ်ဦး က သုံးသပ်ပြောဆိုသည်။




ဆက်ဖတ်ရန် →
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် သံအမတ်ပြောကြား
CJ Platform

https://cjplatform.com/?p=4368

မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်ပြီးဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါက ယနေ့တွင်ပြောကြားသည်။

ပြီးခဲ့သည့် ၂နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို ဂုဏ်ယူကြောင်း၊ သမ္မတဦးဝင်းမြင့်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ရက်တွင် သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ခြင်းသည် ဆုလာဒ်တစ်ခုဖြစ်သည်ဟု သံအမတ်ကြီးက ပြောကြားသည်။

ထို့နောက် စစ်တပ်သည် အရပ်သားအစိုးရကိုဖြုတ်ချပြီး အကြမ်းဖက်ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဥ်ကို စတင်ခဲ့သည်မှာ ယနေ့ထိဖြစ်ကြောင်း၊ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ထူးခြားအောင်မြင်မူများသည် ဆိတ်သုဥ်းပျောက်ကွယ်ခဲ့ကြောင်း အမေရိကန်သံအမတ်က ပြောကြားသည်။

"တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြာဝဠာကြီးက. တရားမျဌတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေတယ်လို့ မာတင်လူသာကင်းဂျူနီယာကပြောခဲ့ဖူးပါတယ်။ အချိန်တွေကြားကောင်းကြာပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာ မိမိတို့ရဲ့ မွေးရာပါလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို အသေအချာပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာသင်တို့အမှန်တကယ် တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ထိုက်တန်တဲ့အရာလည်းဖြစ်ပါတယ်"ဟု အမေရိကန်သံအမတ်က ပြောကြားသည်။

မြန်မာပြည်သူများ၏ သူရသတ္တိ၊ ခံနိုင်ရည်နှင့် စိတ်ဓာတ်ကြံခိုင်မှာသည် လေးစားအတုယူဖွယ်ဖြစ်ကြောင်း၊ ပြည်သူများသည် အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်နှင့် အများကောင်းစားရေးအတွက် အသက်တောင် စတေးကြသည်ကို မျက်မြင်တွေ့ရပြီး ယခုလိုကြိုးပမ်းအားထုတ်မှုသည် ဆုလာဒ်နှင့်ထိုက်တန်ကြောင်း ယင်းကဆိုသည်။

ထို့ကြောင့် အာဏာရှင်အဖွဲ့အစည်းကို သံတမန်ရေး၊ စီးပွားရေးအရ ဖိအားပေးခြင်း၊ ယင်းတို့ကျူးလွန်ခဲ့မှုများနှင့် ဆက်လက်ကျူးလွန်နေသည့် နှိပ်စက်မှုမျာအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် နှင့် အကူအညီလိုအပ်နေသည့် လူသန်းပေါင်းများစွာအတွက် လွတ်လပ်ခွင့်ရရှိနိုင်ရန်ကြိုးစားနေသည် မြန်မာနိုင်ငံသားများကို နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ အားပေးထောက်ခံရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်သံအမတ်က ပြောကြားသည်။
🖋️မွန်လေး

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အမေရိကန် #သံအမတ်

ဆက်ဖတ်ရန် →
အဘဒေါသထွက်နေသော ၁၀၇ မမ

အဘဒေါသထွက်နေသော ၁၀၇ မမ

မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူဆောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။ နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။ ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။ စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။

ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီး‌ကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။
လောကမှာက မထင်တာတွေဖြစ်တတ်ပါတယ်။ အမေကိကန်က ကူမယ်လို့ အပြင်ကအော်ချိန်မှာ အထဲမှာက တရုတ်ရန်အတွက် တရုတ်က ကူတယ်လို့ထင်နေတာပါ။ နောက်သူရှုံးတာက ဖရဲသီးကြောင့်ဆိုပြီး မဆိုင်တာကို ရူးချင်ယောင်ဆောင် အပြစ်တင်နေတာပါ။
အကျဉ်းချုပ်ရရင် ရန်ကုန်ကလေတပ်ပစ်တာက လူကိုထိ လေယာဉ်နားကိုထိခဲ့လို့ PDF ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ ဘယ်သူ ၁၀၇ မမ ကိုပေးလဲ စာရေးသူမသိပါ။ သေချာတာက ပြည်သူက ငွေထောက်ပံ့လို့ ဝယ်နိုင်တာပါ။ ပြည်သူတွေအနေနဲ့ စီးပွားရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ တပ်တော်တွေကိုရှောင် NUG ကိုဆောင်ပြီး PDF ကို NUG ကတဆင့်သာ လှူနိုင်အောင်ကြိုးစားကြပါ။ NUG အင်အားရှိမှ PDF အင်အားရှိမှာဖြစ်ပြီး PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဘာတပ်တော် ညာတပ်တော်တွေ အင်အားကြီးရင်တော့ ဆီးရီးယားလို ဖြစ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
myattunoo





ဆက်ဖတ်ရန် →
လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်

လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်



မဲခေါင်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီလို့ လှည်ကူးမြို့နယ် ကြံခိုင်ရေးပါတီ တာဝန်ရှိသူက ပြောပါတယ်။

လှည်းကူးမြို့ပေါ်က ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စု ၅၇ အုပ်စုမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အခုလို အပြောင်းအလဲ ပြုလုပ်ရာမှာ လက်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှ ရပ်နားပြီး ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုး ခန့်အပ် တာဝန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အသစ်ခန့်မယ့် သူတွေထဲမှာ သုံးပုံက ပါတီဝင်တွေ ဖြစ်လိမ့်မယ်။ ကျန်တဲ့ တစ်ပုံကတော့ အဆင် ပြေတဲ့သူတွေ ဖြစ်မှာပေါ့။ NLD လက်ထက်က လူတွေတော့ မပါတော့ဘူး။ တစ်ချို့လည်း ထွက်ဖို့ အတွက် စာတင်ထားတာတွေ ရှိတယ်လို့ သိရတယ်။ အသစ် ပြန်ခန့်အပ်တဲ့ သဘောပါ" လို့ ကြံ့ခိုင်ရေးပါတီဝင်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေမှူး အချို့ နှုတ်ထွက်စာ တင်ခဲ့ပေမယ့် စစ်ကောင်စီက ထွက်ခွင့် မပေးဘဲ ခြိမ်းခြောက် ခိုင်းစေနေလို့ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် လုပ်ကိုင်နေရ သူတွေလည်း ရှိတယ်လို့ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

"နှုတ်ထွက်စာ တင်တဲ့ သူတွေရှိတယ်။ ပစ်သတ်ခံရမှာ ကြောက်လို့ ထွက်စာတင်တဲ့ သူတွေ ရှိသလို စစ်ကောင်စီ လက်အောက်မှာ မလုပ်ချင်လို့ ထွက်ချင်တဲ့ သူတွေလည်း ပါကြတယ်လေ။ ကြံ့ခိုင်ရေးက လူတွေ ဝင်လုပ်မယ် ဆိုတော့လည်း လုပ်ပေါ့။ အာဏာသိမ်း ကာလမှာတော့ ဘာပြောလို့ရမလဲ။ သူတို့ ခိုင်းတဲ့ အတိုင်း လုပ်ရတာ" လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လှည်းကူးမြို့နယ် အတွင်း ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက တာဝန်မှ ရပ်နားခဲ့ပြီး အရင် န.ဖ.အ စစ်ကောင်စီ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း အများစုကို ပြန်လည် တာဝန်ပေး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

MK-005
#MeKongNews


ဆက်ဖတ်ရန် →
 “ပုဇင်းရင်ကွဲတွေ အော်နေကြတယ်”

“ပုဇင်းရင်ကွဲတွေ အော်နေကြတယ်”

တင်နီလာအေး (KNLA)ဂွင်ထဲ ပိတ်မိသွားတဲ့ စခတွေကို ဆွဲထုတ်ဖို့အတွက် တိုင်းမှူးကိုယ်တိုင် ဆက်သွယ်လာပြီး အထွက် လမ်းကြောင်းပေးဖို့ ခခယယ တောင်းပန်ပါတယ် တဲ့။ 

သူဆက်သွယ်တဲ့အချိန်က တော်တော် နောက်ကျသွားပြီ၊ ပထမအသုတ် ဆွဲစားခံရလို့ နောက်ထပ် ကွန်မန်ဒိုတသုတ် ထပ်ပို့တာ ကုန်ခါနီးမှ hotline က ဆက်သွယ်လာတာ။ 

တင်နီလာအေး သုတ်လိုက်လို့ ဆက်မပျံနိုင်တဲ့ ပုဇင်းနှစ်ကောင် မိုးမိတ်တင် အတင်းထိုးဆင်း နားရတယ်တဲ့။ 

မိုးမိတ်မှာ နားနေတုံး ပုဇင်းဒရိုင်ဘာတွေ အကြွေးခံရလို့ ဂိသွားတဲ့ သတင်း မထုတ်ပြန်ရဲဘူး။ သတင်းစာထဲ နာရေး ပါမလား စောင့်ကြည့်ကြ။

မိုးပျံနိဗ္ဗာန်ယာဉ် (ခေါ်) ပုဇင်းတွေကို မောင်းမဲ့ ဒရိုင်ဘာတွေ ရှိပါ့အုံးမလားဘဲ။ အခြေအနေက လွန်ခဲ့တဲ့ ၆ လနဲ့တောင် မတူတော့ဘူး။ ပုဇင်းတွေ ရင်ကွဲချိန် ရောက်လာပြီလေ။

“ပုဇင်းရင်ကွဲတွေ အော်နေကြတယ်” ဖိုးချိုရဲ့ သီချင်းလေး သတိရမိ။

တာဘုန်းကျော်ရဲ့ ဒရုန်းတပ်ကလဲ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်တော့မယ် ဆိုပါလား။ နိုင်ငံအရပ်ရပ်က GenZ တွေနဲ့ ဖွဲ့ထားတာ။ 

တင်နီလာအေးရဲ့ အလှတရားက ထင်ရှားလာတော့မယ်လေ။





ဆက်ဖတ်ရန် →
  ပေါင်မြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးများ ယာယီပိတ်

ပေါင်မြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးများ ယာယီပိတ်



ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဒီဇင်ဘာလ ၁၇ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ဒီဇင်ဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းမှ စတင်ပြီး အနီရောင်အဆင့်သတ်မှတ်ထားသည်ဟုဆိုကာ တရားရုံးနှင့် ထွေအုပ်ရုံးများအား မြို့နယ်အုပ်ချုပ်ရေးအရာရှိများမှ ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးအား စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအရာရှိများမှ အစည်းအဝေးထိုင်ကာ ယာယီပိတ်ထားရန်ဆုံးဖြတ်ချက်ချခဲ့ပြီး မည်သည့်အကြောင်းကြောင့်ရုံးပိတ်ရသည်ကို မသိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"မြို့နယ်ကိုအနီရောင်အဆင့်ဆိုပြီး သတ်မှတ်ပြီးပိတ်လိုက်တယ်လို့ကြားတယ်။ လူကြီးတွေအစည်းဝေးထိုင်ပြီးဆုံးဖြတ်လိုက်တာ။ စစ်တပ်ကနေညွှန်ကြားတာမျိုးလဲမဟုတ်ဘူး။ လက်အောက်ခံဝန်ထမ်းတွေကလည်းပြန်မမေးရဲဘူးလေ သူတို့အထက်အရာရှိကို။ ရုံးပိတ်ပြီ မလာနဲ့ဆိုတာပဲသိတယ်" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် မြို့နယ်ရဲစခန်းမှူးမှာလည်း စခန်းတွင် မနေရဲသဖြင့်  ရှောင်တိမ်းနေထိုင်လျှက်ရှိနေပြီး ပေါင်မြို့မရဲစခန်းတွင်လည်းအချုပ်ခန်းစောင့်ရဲတပ်သားအနည်းငယ်သာထားရှိကြောင်း သိရသည်။

"မြို့နယ်မှူးက ညဆိုမော်လမြိုင်မှာသွားအိပ်တာ။ ဒီမှာမနေရဲလို့။ စခန်းမှူးကလည်းပေါင်မြို့ထဲ ဟိုရှောင်အိပ်၊ ဒီရှောင်အိပ်နဲ့၊ ပြောရမယ်ဆို ပေါင်မြို့နယ်ရဲ့အုပ်ချုပ်ရေး ယန္တရားကပျက်နေပြီ" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရဲစခန်းများ၊ ဌာနဆိုင်ရာရုံများ၊ အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံခြင်းများမကြာခဏ ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်း နှင့်ရဲတပ်သားတစ်ဦး ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့သေးကြောင်း သိရသည်။
ဆက်ဖတ်ရန် →
ချစ်တယ်အေသင်

ချစ်တယ်အေသင်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က တေးသံရှင် အေသင်ချိုဆွေရဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ အေသင်ချိုဆွေက သူ့ရဲ့ သီချင်းအသစ်တွေရောသီချင်းအဟောင်းတွေပါ တကိုယ်တော် သီဆိုခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲမှာ မြန်မာအစားအသောက်တွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ ရောင်းချပေးခဲ့ပါတယ်။
#DVB #News #Photo #အေသင်ချိုဆွေ #ရန်ပုံငွေဖျော်ဖြေပွဲ #စစ်ရှောင်







ဆက်ဖတ်ရန် →
ဦးမင်းအောင်လှိုင်ကြီးများ ပါနေမလားလို့ ပုံကို ဖြဲကြည့်ရသေး

ဦးမင်းအောင်လှိုင်ကြီးများ ပါနေမလားလို့ ပုံကို ဖြဲကြည့်ရသေး

အာဆီယံ နိုင်ငံများ မှ သမ္မတများ၊ ဝန်ကြီးချုပ်များသည် ဘဲလ်ဂျီယံ နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်သို့ အသီးသီး ရောက်ရှိလာကြပြီး မိမိတို့ နိုင်ငံသားများ အတွက် စီးပွားရေး၊ လူမှုရေး အဆင့်အတန်းများ တိုးတက်သည်ထက် တိုးတက်အောင် မြှင့်တင် ပေးနိုင်ရန် အီးယူ နှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရေး အကြိတ်အနယ် ဆွေးနွေးနေ ကြချိန်တွင် မြန်မာပြည်မှ အာဏာသိမ်း ခေါင်းဆောင်သည် မြစ်ကြီးနားတွင် ပြည်သူများ အနေဖြင့် နိုင်ငံ ချစ်စိတ် ဖြင့် စက်ဘီးသာ စီးနင်းကြဖို့ တိုက်တွန်းနေချိန် နှင့် တိုက်ဆိုင်လျှက် ရှိနေသည်။

၎င်းအဖို့က ဥရောပကုန်းမြေကြီးပေါ်သို ခြေချပိုင်ခွင့်ကို မျှော်မှန်း၍ မရသည့်အတူတူ ငါလည်း ငါဖာသာ နေနိုင် သည့် ပုံစံမျိုး ဖြင့် ဝါးလုံးခေါင်းထဲ လသာ ပြရန် ခရီးထွက်နေခြင်း ဖြစ်သည်။

ယခုလို အနေအထားတွင် မည်သည့် နိုင်ငံကမျှ ကျူးကျော်ဖို့ နေနေသာသာ ၎င်းတို့ အပေါ် ဖုတ် လေသည့် ငပိ ရှိလေသည်ဟု မထင်သည်ကို မြေပြင်၊ ဝေဟင်၊ ရေပြင် ရေအောက် စစ်ဆင်နိုင်ရန် အဆင်သင့် ဖြစ်နေပြီဟု အရူးချီးပန်းစကားများကို သူရူးပမာ တောင်စဉ်ရေမရ ပြောဆိုသွားပြန်သည်။

အဆိုပါ စကားများကို စစ်ကောင်စီ လေတပ်၏ ၇၅ နှစ်မြောက် စိန်ရတု နှစ်ပတ်လည် နေ့တွင် မိတ္ထီလာ လေတပ် ဌာနချုပ်၌ ပြောဆိုသွားခြင်း ဖြစ်သည်။ တိုင်းပြည်တွင် လူဦးရေ လေးပုံတပုံ နီးပါးသည် စားရမဲ့ သောက်ရမဲ့ ဖြစ်နေချိန်တွင် ၎င်းဝယ်ယူထားသော တိုက်လေယာဉ် များအား အရှက်ကင်းမဲ့စွာ တပ်တော်ဝင်သည် ဆိုပြီး ပြုလုပ်သွားခဲ့ပြန်သည်။ ၎င်း၏ စကားပင် မဆုံးသေး မင်္ဂလာဒုံ ရှိ အထင်ကရ လေတပ်စခန်းကြီးအား တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြ၍ အကျအဆုံး များပြားဖွယ် ရှိသည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုလေယာဉ်များသည် တိုင်းရင်းသား ပြည်သူများအား ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုဖို့ ဖြစ်သည်ကို ထမင်းစား ကြီးသူတိုင်း သိရှိထားပြီးလည်း ဖြစ်သည်။

လူတဦးတယောက်၏ တောင်စဉ်ရေမရ ပါးစပ်ထဲ ရှိရာ ပြောဆိုနေမှုများက ရှိတတ်သည့် သဘာဝ ရှိသော် ငြားလည်း နောက်မှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသူ တပုံတပင်ကြီး ရှိနေသည့်အဖြစ်သည် လွန်စွာမှ ထူးဆန်း အံ့ဩဖို့ ကောင်းနေရပေသည်။

ထိုသို့သော အတွေးအခေါ်များ ရှိသည့် စစ်တပ် ကြောင့်သာ မက ထိုကဲ့သို့သော ဖေါ်လံဖား များကြောင့် လည်း နိုင်ငံ ကို နာလံမထူအောင် နှစ်ပေါင်းများစွာ ဆွဲချခဲ့ကြပြီး ဖြစ်သည်။

လက်နက်အားကိုး ဖြင့် မတရား အနိုင်ကျင့် နေမှုများကို မည်သူက ကြာရှည် လက်ပိုက်ကြည့် နေနိုင်အံ့ပေ မည် နည်း၊ မတတ်သာ၍ ကြည့်နေရသည် ဆိုစေဦး၊ ၎င်းတို့၏ ကိုယ်ကျင့်တရား အသိဉာဏ် နှင့် ခံယူချက်ကို တကျီကျီ ထိုးနှက်နေသလို သာ ရှိနေပေလိမ့်မည်။ ထို့အတွက် အနှေး နှင့် အမြန် ဆိုသလို နိုင်ငံတကာ က ဝင်ရောက်ပတ်သက်လာကြမည် ဖြစ်သည်။

မင်းအောင်လှိုင်သည် သူ့အတွက် လုပ်နိုင်ခွင့် အချိန်များများစားစား မရတော့မှန်း သိထားသည်။ အချိန်တို အတွင်း နိုင်ငံတည်ငြိမ်မှု ရရန် ကြိုးပမ်းခဲ့သော်လည်း ထင်တိုင်း မပေါက် ဖြစ်လာနေသည်။

၎င်း၏ ကိုးကွယ် ဆည်းကပ်ရာ ရုရှားသည် ယူကရိန်းအား ရက်သတ္တပတ် အနည်းငယ်အတွင်း လွယ်လင့်တကူ သိမ်းယူ နိုင်လိမ့်မည်ဟူသော ထင်တလုံးဖြင့် ဝင်ရောက် ကျူးကျော်ခဲ့ရာ ယခုတော့ ရေရှည် စစ်ပွဲကြီး ဆင်နွှဲ ရတော့မည့် အရေးကြောင့် အခက်ကြုံနေရပြီ ဖြစ်သည်။

ရေနံ နှင့် လက်နက် ရောင်းရငွေများ မှ စစ်စရိတ်များ ကျခံရတော့မည် ဖြစ်သည်။ ယူကရိန်း ၏ စစ်သုံးစရိတ် ကို ချမ်းသာ ကြွယ်ဝသော အမေရိကန် နှင့် ဥရောပ မဟာမိတ်နိုင်ငံများက ဝိုင်းဝန်းထည့်ဝင်ပေးလျှက် ရှိသည်။ ရုရှား အဖို့က တဦးတည်း ဒိုင်ခံ ထုတ်သုံးနေရလေသည်။ ပူတင် တကျပ်သုံးတိုင်း အမေရိကန်က ပြားသုံးဆယ်၊ ပြင်သစ်၊ ဂျာမဏီ၊ အင်္ဂလန်တို့ က ပြား နှစ်ဆယ်စီ ဝိုင်းဝန်းကျခံပေးနေခြင်းလည်း ဖြစ်သည်။

ယခင်က ရုရှားပြည်သူများသည် စစ်သတင်းများကို တီဗီ ထိုင် ကြည့်ပြီး ၎င်းတို့နှင့် မပတ်သက်သရွေ့ ထောက်ခံ ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့ ရင်သွေးများကိုပါ စစ်မြေပြင်သို့ ဆွဲခေါ်ခံနေရသည့် အဖြစ်နှင့် ကြုံလာခဲ့ရပြီ ဖြစ်သည်။ 

ဤအနေအထား များ ကြောင့် ရုရှား ခေါင်းဆောင် ပူတင်သည် မရှုမလှ ဇာတ်သိမ်းဖို့သာ ရှိနေသည်။ ထိုအခါတွင် မြန်မာ စစ်ခေါင်းဆောင်များ၏ အနာဂတ်သည်လည်း ပျောက်ဆုံးသွားပေတော့မည်။

ယခုအခါ BURMA ACT ပါဝင်သည့် ၂၀၂၃ အတွက် ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲမည့် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေကို အထက်လွှတ်တော်မှ ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲ ဖြင့် ထပ်မံ အတည်ပြု ပေး လိုက်ပြီ ဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒင်မှ ခရစ်စမတ် မတိုင်မီ လက်မှတ်ရေးထိုး အတည် ပြုပေးဖွယ် ရှိကြောင်း ခန့်မှန်းထားကြသည်။

ထိုဥပဒေ  တွင် PDF နှင့် CRPH တို့အား နည်းပညာ၊ လက်နက်နှင့် မသက်ဆိုင်သော အကူအညီများ ပေးရန်ဟု အထင်အရှားပင် ပါရှိလာခဲ့သည်။ သို့သော်လည်း အကြမ်းဖက် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှု များ ကို တန်ပြန် ကူညီပေးနိုင်ရန် အမေရိကန် အတွက် ဥပဒေကြောင်းအရ အကျုံးဝင်သွားခဲ့ပြီ ဖြစ်သည်။

ထိုဥပဒေ ၏ အဓိက လက်သည်ကြီး ဖြစ်သော အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် မှ ကျေညာချက် ထုတ်ပြန်ရာတွင် “မြန်မာပြည်ရှိ လူသတ်စစ်တပ်အား တာဝန်ခံမှု ရှိလာစေရန် လွန်စွာ အရေးပါလှသော ခြေလှမ်းကြီး လည်း ဖြစ်ပြီး ဒီမိုကရေစီ အရေး အတွက် တိုက်ပွဲဝင်နေသော မြန်မာ ပြည်သူများ အတွက် အောင်ပွဲကြီး တရပ် ဖြစ်သည် ဟု ပါရှိခဲ့သည်။

အမေရိကန်မှ ပေးရင် ငါတို့ကိုလည်း ရုရှားက ပေးမှာပါ ဟု မျှော်လင့် နေကြဦးမည်လား။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ
ဆက်ဖတ်ရန် →
Agni-V Inter နျူကလီးယား စွမ်းရည်ရှိတဲ့ ပဲ့ထိန်းဒုံးကျည်တခုသာ

Agni-V Inter နျူကလီးယား စွမ်းရည်ရှိတဲ့ ပဲ့ထိန်းဒုံးကျည်တခုသာ





(ကြာသာပတေးည — ဒီဇင်ဘာ ၁၅ ) က Agni-V Inter 

နျူကလီးယား စွမ်းရည်ရှိတဲ့ ပဲ့ထိန်းဒုံးကျည်ကို 

အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ကြောင်း— အိန္ဒိယ 

ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု သတင်း

ထုတ်ပြန်တာမှန်ပါတယ်၊ ရခိုင်ပြည်နယ်ကစတွေ့ရ

ချိန်မှာအပေါ်တည့်တည့်သွားရာကနေဘဂ်လား

ပင်လယ်အော်ဖက်ကိုဦးတည်လာတွေ့ရပါတယ်၊

ကီလို၅၀၀၀ကပစ်မှတ်တွေကိုထိမှန်စမ်းသပ်နိုင်ခဲ့

တယ်ဆိုပါတယ်




ဆက်ဖတ်ရန် →
ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ”

ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ”


“၁၆/၁၂ ဥရောပသမဂ္ဂပြည်ပရေးရာဌာနအတွင်းရေးမှူးချုပ် စတယ်ဖန်နို ဆန်နီနိုဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဥရောပသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့အရေး အနာဂတ်အစီအစဥ်တွေနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင်ရဲ့တင်ပြချက်ကို နားထောင်ခဲ့သလို ပြီးခဲ့တဲ့ရက်က ကျင်းပပြီးစီးသွားတဲ့ အီးယူ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအကြောင်းအရာတွေကို ပြန်လည်ရှင်းပြခဲ့ကြောင်း စတယ်ဖန်နိုက ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် အီးဂေါ် ဒရိုက်စ်မန်းစ်လည်းတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့ကပဲ အီးယူအာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပပြီးစီးခဲ့တာဖြစ်ပြီး အာဏာသိမ်းစကစကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။ BNN

 European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး 

Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေး အစိုးရ - နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၊ 


၁၆၊ ဒီဇင်ဘာ ၊ ၂၀၂၂ - ဘရပ်ဆဲလ် 


===========================


ဥရောပသမဂ္ဂ - ( နိုင်ငံခြားရေးရာ ဌာန ) အထွေထွေအတွင်းရေးမှုး ) ဖြစ်သူ Mr. Stefano Sannino နှင့်အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် ယနေ့ဘယ်လ်ဂျီယံ နိုင်ငံ ၊ ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကြေညာချက်တွင် မြန်မာ့အရေး ကို မပျက်မကွက်ထည့်သွင်း ဖေါ်ပြ ခဲ့သည့်အတွက်ကျေးဇူး တင်ကြောင်း ၊ ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက် ၊ ဆွေးနွေးဖက်နိုင်ငံများ ၊ အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့ သို့ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေ သွားရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်းတို့၏ ဆက်စပ်မိသားစုဝင်များအား စီးပွါးရေးပိတ်ဆို့ အရေးယူမှု အပါအဝင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေ များအတွင်းမှ ဆက်လက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ တွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ 


အဆိုပါတွေ့ ဆုံ ဆွေးနွေးပွဲ သို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmans နှင့် အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြားရေး မှုး အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

(ဦးအောငိမျိူးမင်း)



ဆက်ဖတ်ရန် →
ကြင်စိုးရဲ့ တပ်ကတော့ ကြက်နီမ (ဥကုန်ကြက်) ဘဝ ဖြစ်နေပြီ

ကြင်စိုးရဲ့ တပ်ကတော့ ကြက်နီမ (ဥကုန်ကြက်) ဘဝ ဖြစ်နေပြီ

NUG ရဲ့ MOD အောက်မှာ PDF လှုပ်ရှား တပ်ရင်းတွေ ရှိတယ်။ PDF အထိုင် တပ်ရင်းတွေ ရှိတယ်။ ပကဖ၊ ပအဖ တွေ ရှိတယ်။ နယ်မြေအလိုက် LPDF တွေ ရှိတယ်။ Chain of Command အောက်မှာ အကုန်ရှိနေတယ်လို့ မဆိုလိုဘေမက် မအလ တပ်တွေကို ကျားကုတ်ကျားခဲ Tတ်ဖြတ် နေတာချင်းတော့ တူတယ်။ 

PDF လှုပ်ရှား တပ်ရင်းဆိုရင် လူ ၃၀၀ လောက် Equipment အပြည့်နဲ့ တပ်ရင်းကြီးဟာ တနေရာကနေ ဖျိုးကနဲ ဖျတ်ကနဲ ပျောက်သွားပြီး နောက်တစ်ဒေသမှာ အုံနဲ့ကျင်းနဲ့ သွားဝုန်းနိုင်တဲ့ အထိ မြန်တယ်။ အထိုင်တပ်ရင်းတွေက ခရိုင်အလိုက် ထိုင်နေပြီး နယ်မြေတွေကို စိုးမိုးထားတယ်။ PDF တပ်ရင်း နံပါတ်တွေ ရှိတယ်။ ဥပမာ - ရှမ်းတောင်က တပ်ရင်းတွေ ဆိုရင် “၁၀” နဲ့ စတယ်၊ ရှမ်းမြောက်က တပ်ရင်းတွေ ဆိုရင် “၁၂” နဲ့ စတယ် (ကျန်တာတွေကတော့ သားလည်း မသိဘု)။ ကဲ .. PDF တပ်တွေကတော့ တိုက်ကြက်မဒန်းလို တောင်ပံတဖြန်းဖြန်းခတ်လို့ ခွပ်လက်ချနေပြီ။

စစ်ဒေသ ၃ ခုလုံးရဲ့ စစ်ဒေသမှူးတွေက ERO ခေါင်းဆောင်တွေလို့ MOD ကလည်း ပြောထားတယ်။ စစ်ရေးနဲ့ ပါတ်သတ်တဲ့ မဟာဗျူဟာတွေကို စစ်ဒေသ အတွက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ ERO ခေါင်းဆောင်တွေက ဆွဲတယ်။ မစ်ရှင် တစ်ခုလုပ်ရင် နယ်မြေခံ အထိုင်တပ်နဲ့ လှုပ်ရှားတပ်တွေ ပေါင်းလုပ်တဲ့အပြင် ပကဖ၊ LPDF တွေရဲ့ မိုင်းဒဏ် ကိုလည်း ကြင်စိုးရဲ့ တပ်တွေ ခံရတယ်။ ဘိုဂျပန်ရဲ့ အိမ်မှာ မိုင်းတွေဆင်ပြီး ဖြုတ်သွားတဲ့ အဖြစ်အပျက်မျိုးက အပုံအပင်။ ရွာထဲကို မီးဝင်အရှို့မှာ တစ်ရွာလုံး မိုင်းကွင်း ဖြစ်နေလို့ ရွာထဲက ပြန်မထွက်နိုင်တော့ပဲ ရွာနဲ့အတူ ပြာဖြစ်သွားတဲ့ စကစ စစ်ကြောင်းတွေလည်း အညာမှာ မနဲတော့ဘူး။ 

ဒီရက်ပိုင်း ဝုန်းနေတဲ့ တင်နီလာအေး အဖွဲ့ထဲမှာလည်း အင်အားပြည့်တဲ့ PDF တပ်ရင်းတွေ ရှိနေတာပဲ။ ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၄၊ ၁၂၀၅ တပ်ရင်းတွေ ထိုင်နေကြတယ်။ NUG ရဲ့ အလယ်ပိုင်း စစ်ဒေသမှာ ပါတဲ့ တပ်ရင်းတွေပေါ့။ 

ကြင်စိုးတို့ရဲ့ ထောက်လှမ်းရေးကိုလည်း လျှော့တွက်လို့မရ။ သူတို့လည်း ကိုယ့်တပ်တွေ ဘယ်နေရာမှာ ရှိတယ်၊ ဘာတွေ လုပ်နေတယ်ဆိုတာ တော်တော် တိတိကျကျ ထောက်လှမ်းမိတယ်။ ပေါ့ဆလို့ မရ။

ဒါကြောင့် TNLA ဂွင်ထဲမှာ PDF တပ်ရင်းတွေ အခြေစိုက် ခါစမှာ လက်ဦးမှု ယူပြီး Air Strike တွေ ဖိသုံးတယ်။ လေကြောင်းချီ တပ်တွေ သုံးပြီး တက်ထိုးတယ်။ TNLA, AA, PDF တပ်တွေကပေါင်းပြီး ပြန်ချလို့ ကြင်စိုးရဲ့ Airborne Commando တပ်ရင်း တရင်းလုံး ပြုတ်သွားတယ်တဲ့။ အခု ကြင်စိုးက စခန်းကို တက်သိမ်းဖို့ ဝေး၊ သူ့ တိုရှည်တွေကို ပြန်ဆွဲထုတ်ဖို့ လုပ်နေသတဲ့။

ERO, PDF တွေချည်း ဆိုရင်တော့ သူတို့ရဲ့ လေယာဉ်ဗုံးက မထိရောက်လှဘူး။ ဝေါ ... ဝရော .. ဆိုတာနဲ့ ပေ ၁၀၀ ခြား လူခွဲပြီးသား။ ရန်သူ သိသွားမျယ် မကြွယ်နက်လို့ လာမပျော့နက်။ အက်ဒါက ဗီယက်နမ် စစ်ပွဲတုန်းကတည်းက နည်းဗျူဟာ။ ဗုံးတန်ချိန် သန်း ၈၀ ကျော် ကျဲခဲ့တဲ့ USA တောင်မှာ အဲ့နည်းဗျူဟာကို ကောင်တာ မလုပ်နိုင်ခဲ့။ ကုန်ကျစားရိတ်နဲ့ ထိရောက်မှုက မတန်လို့။ ကြင်စိုးလို ချွတ်ခြုံကျနေတဲ့ လဘာဂျာက ဘယ်‌လောက်ခံနိုင်မှာလဲ။ သူ့ SU-30 တွေက ဗုံးတခါကျဲ သိန်း ၄၀၀၀ လောက် ကျွတ်နေတာ။ သို့သော် .. လှုပ်ရှားမှု နှေးတဲ့ သာမာန် အရပ်သားတွေ၊ ကလေးသူငယ်တွေ၊ လူကြီးသူမတွေအတွက်ကျတော့ Air Strike ကငရဲပဲ။

ကြင်စိုးကတော့ ခုထိ ဘူမသိ ကိုးမသိ နဝေတိမ်တောင် ဖြစ်နေတုန်းပဲ။ ရုရှ၊ အိန္ဒိယ တို့နဲ့ သီရိစံလို့ ကောင်းတုန်းပဲ ရှိသေးတယ်။ ဟိုကောင်က လာလည်ရင် အမြီးလေး နှံ့ပြလိုက်။ ဒီကောင်က ကုလားတန် ဆိပ်ကမ်း ပြန်စမယ်ဟေ့ ဆိုရင် လျှာလေးထုတ်ပြလိုက်နဲ့ ပျော်နေတုန်းပဲ။

ကြင်စိုးရဲ့ တပ်ကတော့ ကြက်နီမ (ဥကုန်ကြက်) ဘဝ ဖြစ်နေပြီ။ ဥညှစ်ထုတ်လို့လည်း ကုန်ရော ပြုတ်မနူး အသားတွေချည်း ချရောင်းနေရတဲ့ အခြေအနေ။ 

မကြာခင် သံလွင်မြစ်ကမ်းဘေးက စကစ တပ်စခန်း အကုန် နိမ်းတော့မှာ။ မောင့်ရဲ့ နန်းဖော့ဝါကို သီချင်းထဲကလို သံလွင်မြစ်ကမ်းဘေးမှာ ထိုင်စောင့်ဖို့ မလိုတော့ဘူး။ သံလွင်တကျောမှာ စပိဘုတ် စုန်-ဆန် စီးပြီး လိုက်ရှာရုံဖဲ။

ကြင်စိုးရဲ့ မပဋာဇာတ်က Climax ရောက်လာပြီ။ Burma Act က အောက်လွှတ်တော်ကို ကျော်သွားပြီ။ အားတက်စရာကောင်းတာက Burma Act ထဲမှာ ERO, PDF တွေကို ထောက်ပံ့ဖို့အထိ ပေါ်တင် ထဲ့ရေးထားတယ်။ တရက်တည်းမှာပဲ စကစ နဲ့ သံတမန် ဆက်ဆံရေး အဆင့်နှိမ့်ချ ပစ်လိုက်တယ်။ US ကလည်း Russia နဲ့ China ရဲ့ ခြေလှမ်းကို တန်ပြန်ချင်လို့ ဒီအကွက်တွေ ဖော်လာတာပဲ မို့လား။ 

ဒီတော်လှန်ရေးက ခုချိန်ထိ “ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုပြီး ရုန်းနေရတာမို့၊ အပြင်ကနေ ဘာရရ ဘောနပ်စ် ပါပဲ။

ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ကြက်မဒန်း တပ် Vs ကြက်နီမ တပ် ကဏ္ဍ)#...


ဆက်ဖတ်ရန် →
နားရွက်တောင်ကားမရတဲ့မြောက်မြန်မာ

နားရွက်တောင်ကားမရတဲ့မြောက်မြန်မာ

မတ္တရာတွင် ကိုနဂါးဟု အများက ခေါ်ဆိုသူကို ဗိုလ်နဂါးဟုဆိုကာ စစ်တပ်က လာ ဖမ်း၊ ဖမ်းလိုသူမမိ၍ မိဘနှစ်ပါးကို ရိုက်နှက် ဖမ်းဆီးသွားသဖြင့် သားဖြစ် သူ ကိုနဂါး စိတ်ထိခိုက်ပြီး အဆိပ်သောက်ရာမှ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ခေတ်သစ်

မန္တလေး၊ မတ္တရာမြို့နယ်၊ ရွေးရွာသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က ကိုနဂါး ဟု လူအများခေါ်ဆိုကြသူကို ဗိုလ်နဂါးဟုဆိုကာ လာရောက်ဖမ်းဆီးစဉ် ဖမ်းမ မိ သောကြောင့် မိဘ ၂ ဦးကို နှိပ်စက် ဖမ်းဆီးသွားခဲ့ရာ သားဖြစ်သူကိုနဂါးမှာ စိတ်ထိခိုက်ပြီး  အဆိပ်သောက်ရာမှ သေဆုံးသွားကြောင်း ဒေသ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ 

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွေးရွာသစ်ရွာမှ ကိုဝေလင်းအောင်(ခ)ကိုနဂါးကို PDF တပ်ဖွဲ့များနှင့် ပတ်သက် သော ဗိုလ်နဂါးဟု စွပ်စွဲကာ လာရောက်  ဖမ်းဆီးကြောင်း၊ ဖမ်းဆီး စဉ် ကိုဝေလင်း အောင်(ခ) ကိုနဂါးကို မမိ၍  မိဘ ဖြစ်သူ ၂ ဦးကို ဗိုလ်နဂါး၏ မိဘ လားဟု မေးမြန်းကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။ 

မိဘ ၂ ဦး ဖမ်းဆီးခံလိုက်ရသဖြင့် ကိုဝေလင်းအောင်(ခ)ကိုနဂါးသည် စိတ်ထိ ခိုက်ကာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်း သေတမ်းစာရေးပြီး အဆိပ်သောက် ကာ သတ်သေသွားကြောင်း သိရှိရသည်။ 

" ကိုဝေလင်းအောင် (ခ) ကိုနဂါးကို ဒီဇင်ဘာ ၁၂ ရက်နေ့ညက စစ်ခွေးတွေက ဝင်ရောက် ဖမ်းဆီးတာ ကိုဝေလင်းအောင်ကို မတွေ့ဘူးဆိုပြီး မိဘနှစ်ပါးကို ဖမ်းဆီးသွားပါတယ်။ အဲဒီသတင်းကို  သူ ကြားပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စိတ်ထိခိုက်ကြောက်လန့်ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်။ သူ့သေတမ်း စာထဲမှာရေးထားတဲ့ အတိုင်းဆို သူ့ကြောင့်သူ့မိဘတွေ ဖမ်းခံရတယ်။ အဲဒီ အပေါ် ဆိုးဆိုးရွားရွား ခံစားချက်ဖြစ်ပြီး သတ်သေတာမျိုးပေါ့။ ကိုဝေလင်း အောင်က ထွန်စက်မောင်းပြီး မိဘတွေကို လုပ်ကိုင် ကျွေးမွေးနေသူပါ။ သူက ငယ်ငယ်တည်းက နားရွက်ကားလို့ သူငယ်ချင်းတွေက နားကား နားကားနဲ့ ခေါ်တာကနေ နဂါးဆိုပြီး အမည်တွင် နေတာပါ။ စစ်သားတွေက သူ့မိဘ တွေကို  ဖမ်းဆီးပြီး စစ်ကိုင်းတိုင်း ဗိုလ်နဂါးမိဘ တွေလားဆိုပြီး ရိုက်နှက် ဖမ်း သွားတာ။  ကိုနဂါးတို့မွေးမြူထားတဲ့ ကြက်ဆင်တွေလည်း ဖမ်းယူသွားတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။ 

ကိုဝေလင်းအောင်(ခ) ကိုနဂါး သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်တပ် က ကိုနဂါး၏ မိဘ ၂ ဦးကို ယနေ့
အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Breaking News-၊ ဆေးရုံကား ၃ စီးထက်မနည်း 
လေတပ်ထဲသို့ ဝင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ခေတ်သစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ကြောင်း ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောသည်။ 

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပေါက်ကွဲသံ ၃ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများ က ပြောသည်။ 

"ည ၈ နာရီ ၄၁ မိနစ်မှာ ဗုံးကွဲသံနဲ့အတူ အိမ်ကို ခဲတွေတောင်လာမှန်ပါတယ်။ ‌ လေယာဉ်ကွင်း ပတ်လမ်းဘေးရပ်ကွက်က အရမ်းကို ကျယ်တဲ့ အသံကို ကြားရ တာ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလင်းရောင်တွေတောင် ဖြာ ထွက်သွား တယ်။ လေယာဉ်ကွင်းဘေးက အိမ်တွေကို ခဲတွေ ခေါင်မိုးပေါ် မိုးရွာသလို ကျ လာ တာ။ လေတပ် ထဲကို လှမ်းပစ်တာ လို့ကြားရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ခြင်း ဖြစ် ပြီး  ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခြင်းဖြစ်ကြောင်း ပြော ဆိုသည်။ 

"ည ၈ နာရီ ၄၁ မိနစ်မှာ ရှော့တိုက်ဒုံး၅ လုံး တစ်ပြိုင်နက်တည်း ပစ်တာ။ ၅ လုံး က တစ်ပြိုင်နက်တည်း ကျတယ်၊ ပေါက်ကွဲတယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရ ပေ မယ့် ၅ လုံး စလုံး တစ်ပြိုင်နက်တည်းပေါက်တာပါ" ဟု ရန်ကုန်မြို့ပြ UG တာဝန်ရှိ သူက ပြောသည်။ 

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံကား များ ဆက်တိုက်ဆိုသလို လေတပ်စခန်းဌာနချုပ်ထဲသို့ ဝင်ရောက်နေ ကြောင်း သိရှိရသည်။ 

"ခွေးတွေတော်တော်ထိသွားတယ်ထင်တယ်။ အခု ဆေးရုံကားတွေ တောက် လျှောက်ပဲ ဝင်နေတယ်။ အခုအသံကြားတာတင် ဆေးရုံကား ၃ စီးရှိနေပြီ" ဟု လေဆိပ်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် မင်္ဂလာဒုံလေတပ်စခန်းနှင့် လေဆိပ်ဘက်တွင် စစ်ကောင်စီ ဘက်က စစ်ကား၊ ရဲကားများ အလုံးအရင်းဖြင့် ဝင်ရောက်နေပြီး ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆက်ဖတ်ရန် →
နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

နေဝင်းခေတ်မှာသူထိုင်တဲ့ခုံက ဘုန်းကြီးကျောင်းက
ပုလ္လင်နီးပါးလောက်ကြီးပြီးသူ့ဘေးကပ်ထိုင်တဲ့စန်းယု
(သမ္မတ)က သာမန်ခုံအနိမ့်နဲ့—
လေယာဉ်ကွင်းထဲ ယာယီခုံချပြီး ပုံရိုက်တာတောင်
မအလအတွက်ထိုင်ခုံကိုရှိုးလိုက်—
ဘုံမြှောက်ကြတာလား မအလအမိန့်ကြောင့်လား
အာဏာရှင်ပြယုဒ်တွေပေါ့
ဘယ်လောက်ထိထမင်းလွတ်ရူးလဲဆိုရင်—


















၂၀၂၃၊ ဇန်နဝါရီ ၁ရက်တွင် ကျရောက်မည့် ၇၅ 

နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ

သောင်းလှိုင်သားက ဗိုလ်ရှု့ခံမယ်၊

၆ မိုင်ဝန်းကျင်အကွာရှိ သမ္မတအိမ်တော်နှင့် 

လွှတ်တော်ဝင်ပေါက်အနီး ဗိုလ်ရှု့ခံစင်မြင့်ရှိရာသို့ 

ရာဇဌာနီလမ်းအတိုင်း စီတန်းလမ်းလျှောက်ရမယ်၊

ဒီပွဲအတွက်ကျပ်ဘီလျံချီပြီးသုံးစွဲတယ်

Non CDMတွေမနက်၄နာရီထပြီးလမ်း

လျှောက်ကျင့်ကြရတယ်၊

တပ်မတော်နေ့တောင်မစောင့်နိုင်ပဲ

အများပြည်သူနဲ့ဆိုင်တဲ့နေ့မှာဗလိုင်းကြီး

အရိုအသေကအပေးခံချင်သေးတယ်


နေရာလဲသိပြီပဲ အဝေးထိန်းဒုန်းအသံ

လေးကြားချင်ပါတယ်







ဆက်ဖတ်ရန် →