နောက်ဆုံးရ
ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ်

ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ်

ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ် ကရင် ချင်း ဗမာ တောသူမိန်းခလေးတွေဆိုတော့ ရိုးသားတော့မသိကြပါဘူး မြန်မာပြည်က အေးဂျင့်နဲ့ ဒူဘိုင်းကအေးဂျင့်နဲ့ပေါင်းပြီး ရောင်းစားတယ်လို့ သိရပါတယ်
ရောင်းစားတဲ့ အေးဂျင့်နာမည်တွေက ၁ မကေသီမြင့် (နာမည်အရင်း) ၂ မမီးမီး (ခ) နော်သောစေး ၃ မလဲ့လဲ့ ၄ မသင်းသင်းဝေ ၅ ကိုမင်းမင်း (မကေသီမြင့် ယောကျာ်း) ၆ မကြည်ကြည်မြင့် ၇ မခင်လေး ၈ မနီလာ ၉ မစိုးစိုးချစ် ၁၀ မဇင်မာဖြိုး ၁၁ မမီးမီးလတ် ၁၂ ကိုဝင်းထွန်း ၁၃ မရီရီဝင်း ၁၄ မစိုးစိုးလွင် ၁၅ မဆွေဆွေမြင့် ၁၆ မလဲ့လဲ့ဝင်း ၁၇ ကိုသီဟ (မကေသီမြင့် မောင်) ၁၈ ကိုစိုင်းနောင် နာမည်မဖေါ်ပြနိုင်သေးတဲ့အေးဂျင့်တွေအများကြီးကျန်ပါသေးတယ် ရရင်ဆက်လက်ဖော်ပြပေးပါ့မယ်
ဒူဘိုင်းမှာ ရောက်နေတဲ့ အေးဂျင့်ခေါင်းဆောင် မေဖုန်း (ခေါ်) မထက် (ခေါ်) မကေ (ခေါ်) ပတ်စပို့နာမည်အရင်းက ကေသီမြင့်ဖြစ်ပါတယ် ဒူဘိုင်းမှာ အလုပ်လုပ်ရမယ်ဆိုရင် မသွားကြပါနဲ့ 99% ကရောင်းစားခံရဖို့များပါတယ် ဒူဘိုင်းရောက်တာနဲ့ ပတ်စပို့စာအုပ်တွေအကုန်သိမ်းပြီး ရောင်းစားလိုက်တာပါ ဝယ်သူက တိုက်ပိတ်ထားပါတယ် ထမင်းတောင်နပ်မှန်အောင်မစားရပါဘူး ဝယ်မည့်သူကို ဗီဒီယိုကောနဲ့ ကြည့်ခိုင်းပြီး ကား(သို့) လေယာဉ်နဲ့ ပို့ပါတယ် လှရင် လှသလို သိန်း(၇၀) နဲ့ (၁၀၀) ကြားဈေးရောင်းရတယ်လို့သိရပါတယ် တစ်ဆင့် ဝယ်ယူသူတွေက ဒူဘိုင်းတင်မကဘဲ ဒူဘိုင်း အဘူဒါဘီ အီရန် အီရတ် UAE ကာတာ ဘာရိန်း ကူဝိတ် ဆော်ဒီ ရီမင် ဂျော်ဒန် အိုမန် စတဲ့နိုင်ငံတွေအထိ တဆင့်ပြန်ရောင်းစားတယ်လို့ သိရပါတယ်။ အရေးအကြီးဆုံးက မြန်မာနိုင်ငံက အေးဂျင့်တွေကို ဖမ်းစီးနိုင်ဖို့ပါ အခုအချိန် ပြည်ပထွက်ရင် သတိထားပေးကြပါ ရောင်းစားခံရဖို့များပါတယ်။
https://www.facebook.com/100070915971014/posts/196019019438629/ https://www.facebook.com/105528625479269/posts/158073340224797/ https://www.facebook.com/100016937648853/posts/1221594685081775/ #Crd နွေဦးဆရာတော်
ဆက်ဖတ်ရန် →
ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

 


Frontier Myanmar 


Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။ 
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။


Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ‌ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။


Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာ‌တွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊ 
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF  ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊  ရှင်းပြ‌လေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသား‌တွေကြောင့် လို့ ထင်ကုန်ကြရော။


Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား 
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။


Q: ယူဆနေကြတာကတော့  စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန်‌ တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး‌ စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။


Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊ 
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက်  စိန်ခေါ်မှု ဖြစ်လာတာပဲ။


Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။

Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။ 
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။


Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ‌ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။


Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာ‌တွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊ 
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF  ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊  ရှင်းပြ‌လေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသား‌တွေကြောင့် လို့ ထင်ကုန်ကြရော။


Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား 
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။
Q: ယူဆနေကြတာကတော့  စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန်‌ တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး‌ စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။


Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊ 
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက်  စိန်ခေါ်မှု ဖြစ်လာတာပဲ။

Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွ

Q: အာဏာသိမ်း အဖွဲ့အနေနဲ့ အနှံ့အပြား ခုခံ တော်လှန်လာနေတာတွေကို ထိန်းချုပ်ဖို့ ပဲ လုပ်နေတာကြောင့် တဖက်က စီးပွားရေး စီမံခန့်ခွဲမှု အလွဲလွဲ အချော်ချော် ဖြစ်နေတာ‌တွေ ဘယ်လောက်ထိအောင် သွားနေမယ်လို့ ထင်ပါသလဲ။
A: ကျွန်တော် အနေနဲ့ကတော့ ရောဂါ တခုခု စွဲကပ်နေတယ်လို့ ပြောချင်တော့တာပါပဲ၊ အခုဟာက စီးပွားရေး မူဝါဒပိုင်းမှာ အတိတ်ကို ပြန်လှည့်နေကြတာ၊ ပြန်လှည့်တာတောင်မှ ခုန်ပျံ ကျော်လွှားပြီး ဟိုး ဆိုဗီယက် ခေတ်တောင် ပြန်ရောက်သွားကြပြီ၊ နိုင်ငံ စီးပွားရေး ကို ဘယ်လို နည်းနဲ့ အစွမ်းကုန် ထိန်းချုပ်ရမလဲ ဆိုတာ စဉ်းစားကုန်ကြပြီ၊ နိုင်ငံခြားငွေ အပြင်ရောက်မသွားအောင် ဘယ်လိုထိန်းချုပ်ရမလဲ၊ သွင်းကုန်တွေ ဘယ်လို ထိန်းချုပ်ကြမလဲ၊ ငွေလဲနှုန်း အမျိုးမျိုး သတ်မှတ်ကြမလား၊ ကုန်ဈေးနှုန်းကို ဒီဈေးထက် ပိုမရောင်းရဘူးလို့ လုပ်မလား၊ ကုန်စည်နဲ့ ဝန်ဆောင်မှု အပိုင်းကို အရည် အတွက် ကန့်သတ်ကြမလား၊ ဘဏ်တွေမှာ ငွေထုတ်တာကို ခွဲတမ်းသဘောမျိုး ချပေးမလား၊ ဘဏ်တွေကိုပဲ အလျဥ်းသင့်သလို ပိတ်ခိုင်းထားရမလား၊ နိုင်ငံခြားငွေ အသုံးကို ကန့်သတ်ထားကြမလား၊ ဒါမျိုးတွေ စဉ်းစားလာကြတယ်။
ဒီလိုမျိုး ပေါ်လစီ နဲ့ကတော့ဗျာ၊ သူတို့ ဘာမှ မလုပ်ပဲ ဒီတိုင်းနေတာကမှ ပိုကောင်းသေးတယ်၊ သူတို့ မူဝါဒတွေကို အမွှန်းတင် အမည်ပေးချင်သပ ဆိုရင်ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေကြတဲ့ စီးပွားရေး မူဝါဒလို့ ပေးလို့ရတယ်။
အာဏာသိမ်းပြီး ကျွန်တော် အဖမ်းမခံရခင်တုန်းက သူတို့ ဒီတိုင်းဆို ဦးသိန်းစိန် လက်ထက်က ပုံစံမျိုး သွားမလား၊ ဒါမှမဟုတ် ချီလီ တို့၊ ဗီယက်နမ်တို့လိုပဲ လုပ်ကြမလား စဉ်းစားကြည့်မိသေးတယ်၊ အနည်းဆုံးတော့ဗျာ စီးပွားရေး ကို ထိန်းချုပ်ထားတယ် ဆိုပေမယ့်လည်း အကျိုးသင့် အကြောင်းသင့် လုပ်ခဲ့ကြတဲ့ နိုင်ငံတွေ၊ အခု လုပ်လာတာကျတော့ ဆင်ခြင်တုံတရားမရှိ၊ အမှားမှား အယွင်းယွင်းတွေ ဆိုတော့ တုန်လှုပ်နေမိတယ်။
 
Q: အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေး က ဗြုန်းဆို ထိုးကျသွားတာ၊ ကျပ်‌ငွေတန်ဖိုးကလည်း ထိုးဆင်းလာနေတော့ လူတွေက ဘဏ်တွေကနေ ငွေပြန်ထုတ်ဖို့ လုပ်လာကြတယ်၊ ဒါပေမယ့် လူတိုင်းက မနည်းရုန်းကန်နေကြရတုန်း ဆိုပေမယ့် ပြီးခဲ့တဲ့ လတွေ အတွင်းမှာ စီးပွားရေးက အထိုက်အလျောက် ပြန်တည်ငြိမ်လာပုံရတယ်၊ အာဏာသိမ်း အဖွဲ့လည်း ဆက်ပြီး အသက်ရှူ ချောင်နေတယ်၊ အဲ့တာနဲ့ ပတ်သက်ပြီး ဆရာ့ အယူအဆလေး သိချင်ပါတယ်။
A: မြန်မာ‌ ‌တွေက အောက်ခြေမှာ ဒူပေနာပေ ခံနိုင်ကြတာမျိုးတွေ ရှိတယ်၊ နိုင်ငံက အခု ဘယ်လို အခြေအနေ ရောက်သွားလဲဆိုတော့ လူအများစုက အသက်ရှင် နိုင်လောက်တဲ့ ဝမ်းရေးဖူလုံမှု ရှိလာကြတယ်၊ အဲ့လို ပုံစံမျိုးနဲ့ ရေရှည် ဖြစ်သွားနိုင်တယ်၊ မြန်မာ နိုင်ငံမှာ မြေဆီမြေလွှာ အတော်လေး ကောင်းတော့ လူတိုင်း စားဖို့သောက်ဖို့ ရအောင် ထိန်းထားနိုင်တယ်၊ ဒါပေမယ့် လူတွေကို မျှော်လင့်ချက်တွေ၊ စီးပွားတိုးတက် ဖွံ့ဖြိုးလာအောင်တော့ လုပ်မပေးနိုင်ဘူး။
ဒီလိုနဲ့ပဲ အပေါ်ယံကို ဖုံးအုပ်ထားပြီး အောက်ကနေသွားနေမှာပဲ၊ ဘဏ်တွေ အပါအဝင် ဌာန အသီးသီးရဲ့ ငွေပေး‌ငွေယူ ရှင်းတမ်း‌ တွေလည်း ရှေ့လျောက် ဒုက္ခများဖို့ ဖြစ်လာနေပြီ၊ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှု၊ အကြောက်တရား‌ ‌တွေနဲ့ ရက်ရက်စက်စက် လုပ်တတ်တာ‌ ‌တွေကြောင့်သာ သီရိလင်္ကာ လို ဗလောင်ဆူလာတာမျိုးတွေ ဖြစ်မလာတာ၊ ကျွန်တော် ဆိုလိုတာ အပေါ်ယံကို ပြောတာ၊ အောက်မှာတော့ မယုံနိုင်လောက်အောင်ကို ဗလောင်ဆူနေပြီ။
 
Q: နိုင်ငံတကာ က ဘယ်လို ဒဏ်ခတ် အရေးယူမှုတွေ လုပ်ရင် ထိရောက်နိုင်မလဲ။
A: ကျွန်တော် အနေနဲ့ အခြေအနေတွေကို အရင်ဆန်းစစ်ဖို့ လိုနေသေးတာမို့ ဒီကိစ္စကို များများစားစား မဆွေး‌နွေးချင်သေးဘူး၊ အရင်ကတည်းက ဒဏ်ခတ်ဖို့ကို ကျွန်တော် ထောက်ခံခဲ့ပြီးသား၊ ဒီနေရာ မှာ ရွေးပြီး ဘဏ္ဍာရေး အရ ဒဏ်ခတ် တာမျိုးက ပိုသင့်လျော်တယ်၊ အဲ့တာကလည်း အခြားနိုင်ငံမှာ ရှိတဲ့ ဘဏ်လုပ်ငန်းတွေက မြန်မာဘဏ်တွေကို အဝင်အထွက် မလုပ်နိုင်အောင် လုပ်ထားမှ ဖြစ်မယ်၊ ဒီနိုင်ငံတွေ အနေနဲ့လည်း မြန်မာ ဘဏ်တွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ရာဇဝတ်မှု မျိုးတွေ ကနေ ကာကွယ်ပိုင်ခွင့် ရှိနေတာကိုး။
နောက်ထပ်တခုက ဒဏ်ခတ်ပိတ်ဆို့လို့ ထူးခြားလာမှာလား ဆိုတာပဲ၊ ကျွန်တော် အမြင်အရကတော့ ဒီလို လူမျိုးတွေအနေနဲ့ စီးပွားရေး ဘာဖြစ်ဖြစ် ဂရုစိုက်မယ့် လူမျိုးတွေ မဟုတ်ကြဘူး၊ အာဏာသိမ်းပြီ ဆိုကတည်းက ဒါမျိုးတွေ ဖြစ်လာမှာ ကြိုတွက်ထားပြီး တောင့်ခံနေကြမှတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလုပ်လုပ် သူတို့ ကို ယိမ်းယိုင်သွားအောင် လုပ်နိုင်မယ် မထင်ဘူး၊ မူနဲ့ ‌ဘောင်နဲ့ တိတိကျကျ လုပ်နိုင်မှ ဖြစ်မယ်၊ တဝက်တပျက်၊ မစို့တပို့ သွားလုပ်လို့ကတော့ ပြဿနာ ဖြစ်လာနိုင်တယ်၊ စစ်တပ်ပိုင် လုပ်ငန်းတွေက ဒီလို ဒဏ်ခတ်ပိတ်ဆို့တာတွေကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ မရှောင်နိုင်တဲ့ လူတွေ မိသွားမှာပဲ၊ လောလောဆယ် ကျွန်တော် မြင်တာကတော့ လုပ်မယ်ဆိုရင် အကုန်သာလုပ်တော့၊ ရုရှားကို လုပ်သလို ပုံစံမျိုး၊ ဒါမှလည်း အလုပ်ဖြစ်နိုင်စရာ ရှိတယ်လို့ မျှော်လင့်လို့ ရမှာကိုး။
 
Q: နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရုံးတင်ခံရတုန်းက တော်လှန်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင် လမ်းစဉ် နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ အစရှိတာ‌ တွေနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောခဲ့တာမျိုး ရှိလား။
A: နဲနဲလေးလောက်ပဲ ‌ဗျ၊ ခင်ဗျား ပြောသလိုမျိုး အတိအကျ ကြီးတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ပထမဆုံး စ‌ တွေ့တွေ့ချင်းပဲ မြန်မာတွေ ဒီမိုကရေစီ အတွက် ကြံ့ကြံ့ခံ ရင်ဆိုင် လာတာတွေ အတွက် သူအင်မတန် ဂုဏ်ယူတယ်လို့ ပြောတယ်၊ ဒါတောင်မှ ကျမတို့ လူမျိုးတွေ ငါးနှစ်လောက်ပဲ အတွေ့အကြုံရှိသေးတာနော်တဲ့၊ သူတို့ရဲ့ အခွင့်အရေး တွေ အတွက် မဆုတ်မနစ် ခုခံကာကွယ်နေတာတွေကို သူ့ စိတ်ထဲမှာ အတော် လှုပ်ရှားသွားတာတော့ အမှန်ပဲ၊ မြန်မာတွေ ဒီမိုကရေစီ အရေး ထောက်ခံတဲ့‌ နေရာ မှာ အားနဲ့ မာန်နဲ့ ကိုယ်ရောစိတ်ပါ တုန့်ပြန်လာတာကို က သူ့ စိတ်ထဲမှာ ဖြစ်စေချင်တဲ့ အတိုင်း တသွေမတိမ်း ဖြစ်လာခဲ့တာပဲ ကိုး။
ကျွန်တော်က လုံခြုံရေး ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေတာ‌ တွေ တို့ ဘာတို့ကို ဘယ်လို မြင်လဲလို့ မမေးခဲ့ဘူး၊ အကြမ်းမဖက် ဆန့်ကျင်ရေး အပေါ် စိတ်ပြောင်းသွားတာ မျိုး ရှိမရှိတော့ ကျွန်တော် မပြောနိုင်ဘူး၊ သေသေချာချာ ပြောနိုင်တာ တခုက ပြည်သူ‌ တွေ ဖက်က အခုလို ပြန်ပြီး တွန်းကန်လာ‌တာ‌ တွေ အတွက် သူ ဂုဏ်ယူနေတယ်ဆိုတာပဲ၊ ဘယ်လို ပုံစံမျိုး နဲ့ တွန်းကန်လာကြလဲ ဆိုတာကို သူအနေနဲ့ သိအောင် လုပ်ဖို့က အခွင့် အရေး မရခဲ့ဘူး၊ NUG တို့ အခြားကိစ္စတွေ အပေါ် တိတိပပ မပြောဖြစ်ခဲ့ပေမယ့် လူတွေ စည်းစည်းလုံးလုံး နဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု အပေါ် ကျေးဇူးတင်တယ် ဆိုတာတော့ ‌ယေဘူယျ ခြုံပြောသွားတာမျိုးတော့ ရှိတယ်။
 
Q: စစ်တပ် အနေနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ကို ဖြစ်နိုင်သမျှ လှောင်ပိတ်ထားချင်လား၊ ဒါမှမဟုတ် တော်လှန်ရေး ကို ‌‌သွေးကွဲသွားအောင် ထုတ်ပြီး အသုံးချလာဖို့ ရှိနေလား။
A: လက်ရှိ မှာ သူ နဲ့ စစ်တပ်အကြား ထိတွေ့မှုက သုံးည အဆင့် ရှိနေတာကို ထည့်တွက်ရမယ်ဆိုရင် သူတို့ဖက်က ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်ကြပုံ ရှိတယ်၊ ဖြစ်နိုင်သမျှ ထောင်ထဲမှာပဲ ထားချင်ကြတယ်၊ သူတို့ဖက်က အလျော့အတင်း လုပ်လာမယ့် ပုံစံမျိုး ပြလာတာတော့ မတွေ့သေးဘူး၊ ခင်ဗျား ပြောသလိုမျိုး ဖြစ်အောင် ‌ဒေါ်စု နဲ့ စေ့စပ် ဆွေးနွေးတာမျိုးတွေလည်း မရှိသေးဘူး၊ ကြည့်ရတာ အားလုံးကို လော့ဒေါင်း ချထားတုန်းပဲဗျ။
 
Q: ဆရာ ရှေ့ ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
A: ကျွန်တော် ပထမဆုံး လုပ်မှာက စာအုပ်တအုပ် ရေးဖို့ပဲ၊ အဲ့တာကလည်း ထောင်ထဲမှာ ကတည်းက စထားပြီးပြီ၊ ခေါက်တုံ့ ခေါက်ပြန် လျှောက်ရင်း ခေါင်းထဲမှာ‌ ရေးနေတာ၊ ကိုယ့်ကိုယ်ကိုယ့် ရူးမသွားအောင် ဒီလိုပဲ လုပ်နေရတယ်၊ခေါင်းထဲမှာ ရေးထားတာနဲ့ကို တဝက်လောက် ပြီးနေပြီ၊ အာဏာသိမ်းတဲ့ အကြောင်း၊ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာ‌တွေ၊ အဲ့ဒီမတိုင်မီက အကြောင်းတွေ၊ NLD အစိုးရ ထားခဲ့တဲ့ ရည်မှန်းချက်တွေ အကြောင်းရယ်။
နောက်တခု လုပ်ချင်တာက ပုဂ္ဂိုလ်ရေးအရ တတ်နိုင်သလောက် အကူအညီ ပေးချင်တယ်၊ အထူးသဖြင့် ဘေးအန္တရာယ် ကြုံရနိုင်တဲ့ လူတွေကို၊ ကျွန်တော် မြန်မာပြည်ကို အရမ်း ချစ်နေတုန်းပါပဲ၊ စိတ်မကောင်းဖြစ်မိတာကတော့ ဒီလို ချစ်စရာကောင်းတဲ့ နိုင်ငံကို ကမ္ဘာပေါ်မှာ အဆိုးဆုံးလို့ ယူဆရတဲ့ အဖွဲ့က အုပ်ချုပ်မင်းလုပ်နေတာကိုပါ၊ ဒါကြောင့် ကျွန်တော် ရှေ့လျောက်လည်း ဆက်လက် ပါဦးမှာပဲ၊ ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကြည့်မယ်လေ။
ပွင့်ပွင့်လင်းလင်း ပြောသွားတဲ့ မစ္စတာ တန်နဲလ်အား အထူး ကျေးဇူးတင်ပါသည်။
ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။

Hla Soewai


 

 

ဆက်ဖတ်ရန် →
အဘယ်ကြောင့်နည်း

အဘယ်ကြောင့်နည်း

 By Hla Soewai

မင်းအောင်လှိုင်သည် သူ၏ ရွေးကောက်ပွဲအား အာဆီယံ အပါအဝင် မည်သူမျှ အသိအမှတ် ပြုမည် မဟုတ်ပဲ ဒီပုံစံ အတိုင်း ဆက်လုပ်မည် ဆိုက လက်ရှိ အပါယ်ခံ ဘဝ မှာပင် ဆက်ရှိနေမည် ဆိုသည်ကို ကောင်းစွာ ရိပ်စားမိနေပြီ ဖြစ်၍ သူရွေးကောက်ပွဲ လုပ်မည် ကို နိုင်ငံတော် အတိုင်ပင်ခံ မှ ထောက်ခံလာရန် ပါတီမှ ကိုယ်ကျိုးရှာ turncoat သစ္စာဖောက်များ နှင့် တွေ့ခွင့်ပြုခဲ့သည်ဟု ဧရာဝတီမှ သတင်းအရင်းအမြစ်များအား ကိုးကား၍ ဖေါ်ပြလာသည်။
မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ထောက်ခံမှုပင် မလိုပဲ အမတ် ဖြစ်ချင်သူ NLD မှ ပုဂ္ဂိုလ်များအား ပါတီ အမည်ခံပြီး ဝင်ပြိုင်ခိုင်း၍ ရသော်လည်း၊ ထိုသို့ လုပ်ပါက သူ၏ ရွေးကောက်ပွဲသည် အလိမ်အညာ အဖြစ်သာ ဆက်ရှိနေမည် ဆိုသည်ကို သိထားပြီး ဖြစ်ပုံရသည်။
မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်သာ သဘောတူ မည်ဆိုက မည်သို့ အခွင့်အရေးများရလာမည်၊ မတူက ပါတီကို ဖျက်သိမ်းပစ်မည်၊ ခြံ အမှတ် ၅၄ အား ဘူဒိုဇာ နှင့် ထိုးပစ်မည် အစရှိသည့် carrot and stick များ ပါလာမည်သာ ဖြစ်သည်။
ထို့အတွက်လည်း စွန့်စားပြီး အားကိုးလောက်သည်ဟု ယူဆသူများကို စေလွှတ်ရသည်အထိ ဖြစ်လာခဲ့ခြင်းပင်၊ ထိုမျှလောက် တော့ ‌တွေးသင့်သည်။
ဒေါ်အောင်ဆန်းစုကြည်အား သူမအား ချုပ်နှောင်ထားရာ အခန်းမှ ခေါ်ထုတ်ပြီး ထောင်ထဲရှိ အဆောက်အအုံတခုတွင်  ဒေါ်စန္ဒာမင်း နှင့် အခြားတဦး တို့ နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဖြစ်ခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့ စစ်ကောင်စီ အလိုကျ လာရောက်တွေ့ဆုံခဲ့သည် ပုတ်သင်ညိုများ အပေါ် အလွန်ဒေါသထွက်သွားခဲ့သည်ဟု ဆိုသည်။
သို့သော် စန္ဒာမင်း သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော် အပါအဝင် လုပ်ဖေါ်ကိုင်ဖက် အများ အပြား အသတ်ခံရ၊ ထိုသို့ မဟုတ်ကလည်း ထောင်ထဲရောက်နေ၊ မရောက်သူများကလည်း အချိန်မီ တိမ်းရှောင်နေကြရပြီး ဒုက္ခသုက္ခများ ပင်လယ် ဝေ ဖြစ်နေချိန်၊ ထိုမျှမကသေး လူငယ်လူရွယ်လေးများ တောထဲတောင်ထဲတွင် ရရာလက်နက် စွဲကိုင် တွန်းလှန်နေကြချိန်တွင် ယခုကဲ့သို့ စကားမျိုး ပြောထွက်သည်မှာ အဘယ့်ကြောင့်နည်း။
ဒေါ်စန္ဒာမင်း ကိုယ်တိုင်ပဲ ခြိမ်းချောက်ခံနေရ၍ လော ဟု သူမ၏ ဖြတ်သန်းလာခဲ့ရသည့် နိုင်ငံရေး ဘဝ ကို ထည့်တွက်ကာ လျော့လျော့ပေါ့ပေါ့ စဉ်းစားချင်မိသော်လည်း သူမသည် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း အပါအဝင် ဗိုလ်ချုပ် အတော်များများ နှင့် နီးစပ်သူ ဖြစ်နေပြန်သည်ဟု သိရသည်။
သူမ တယောက်တည်းသာ မဟုတ်၊ ရွေးကောက်ပွဲကို  ယခင်ကလို NLD  အမည်တပ်ပြီး အရွေးခံလိုသူ များ ရှိနေသည်။ ထိုလူများ အတွက် judgement call ရောက်လာပြီ ဖြစ်သည်။
အကောင်းဆုံး အကြံပေးလိုသည်က ထိုမျှလောက် ငမ်းငမ်းတက် ဖြစ်နေက  ခွဲထွက် NLD Breakaway NLD ဆိုပြီး သီးခြား ပါတီ ထောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါ၊ ပြည်သူတို့၏ တော်လှန်ရေး အား ဖျက်လို ဖျက်ဆီး မလုပ်မိကြပါစေနဲ့၊ ထိုအရေးကို ပြည်သူများက ခွင့်လွှတ်သည် ဆိုစေဦး၊ သမိုင်းကတော့ မည်သို့မျှ ခွင့်လွှတ်မည် မဟုတ်ပေ။
လက်ရှိ တွင် ပြည်သူ များ ရှေ့မှောက်တွင် မင်းအောင်လှိုင် မည်သည့် အဖြစ်ရောက်နေသည်ကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ ဟုသာ ပြောလိုပေသည်။
ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!


ဆက်ဖတ်ရန် →
အောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီ ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ

အောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီ ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ


စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက အခြေခံပညာကျောင်းများအတွက် ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ၊ စစ်တပ်ဆက်နွယ် ကုမ္ပဏီ ၁၅ ခုလုံး တင်ဒါအောင်
ရန်ကုန်၊ ဒီဇင်ဘာ ၈ 
အကြမ်းဖက်စစ်ကောင်စီ၏အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ အ တွက် ဘောပင်နှင့်ခဲတံ တင်ဒါရရှိသွားပြီး စစ်တပ်ကျော ထောက် နောက်ခံကုမ္ပဏီ ၁၅ ခု တစ်နိုင်ငံလုံးအတွက် တင်ဒါရရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 



ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒေါ်ဥမ္မာမြင့်တွင် သားသမီး ၃ ဦးရှိပြီး  ရွှေရည်ဖြိုးပြည့်  ကုမ္ပဏီကို သမီးဖြစ်သူ ရွှေရည်ဖူးအောင်ကလည်းကောင်း၊ မင်္ဂလာအောင်မြေကုမ္ပဏီကို သားဖြစ်သူလှိုင်ဘွားအောင်၊ အောင်မြင့်မိုရ် လင်း ကုမ္ပဏီကို သားဖြစ်သူ ဖြိုးအာကာအောင်က လုပ်ကိုင်လျက်ရှိကြောင်း၊  စစ် တပ် နှင့် ဝန်ကြီးဌာနပိုင် လုပ်ငန်းတင်ဒါများကို ဒုဗိုလ်ချုပ်‌ကြီး အောင်လင်း ဒွေး၏ ကုမ္ပဏီများက တောက်လျှောက်ဆိုသလို ရရှိနေကြခြင်း ဖြစ်သည်။ 
"နေပြည်တော်အခြေခံပညာကျောင်းတွေအားလုံးအတွက် ဘောပင်နဲ့ခဲတံ တင် သွင်းခွင့် တင်ဒါကို အောင်မြင့်မိုရ်လင်း ကုမ္ပဏီကရပါတယ်။ သူတို့တွေက အစိုးရ တင်ဒါ အသေးလေးတွေကစပြီး အကြီးဆုံးတွေအထိ ဝင်ယူကြတယ်။ အပြင်လူကို လုပ်ခွင့်မပေးဘူး။ အခု နေပြည်တော်၊ ပြည်နယ်နဲ့တိုင်း တင်ဒါ ၁၅ခုအတွက် ကုမ္ပဏီ ၁၅ ကို တင်ဒါ ချပေးတာမှာ သူတို့လူတွေချည်းပဲ" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ 
နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအားလုံးအတွက် ဘောပင်နှင့်ခဲတံ တင် သွင်း ခွင့် တင်ဒါများ ချထားပေးရာတွင် ကချင်ပြည်နယ်အတွက် ငွေဗိမာန်၊ ကရင်ပြည်နယ်အတွက် အောင်ဉာဏဖြိုး၊ တနင်္သာရီ တိုင်းအတွက် ရွှေငွေခိုင်၊ ပဲခူး(ရှေ့)အတွက် လင်းသူအောင်၊ မကွေးတိုင်း အတွက် Adapt Advertising ၊ မန္တလေးတိုင်းအတွက် Student’s Guide ၊ မွန်ပြည်နယ်အတွက် မြို့မ၊ ရခိုင် ပြည် နယ်အတွက် Essential Winner ၊ ရန်ကုန်တိုင်းအတွက် Crystal City ၊ ရှမ်းပြည်(တောင်) အတွက် Htoo Thit Tagon, ရှမ်းပြည်(မြောက်) ပိုင်းအတွက်  Asia Dragon Intel၊  ရှမ်းပြည်(အရှေ့)အတွက် Thidar Light ၊ ဧရာဝတီ တိုင်းအတွက် ဧရာမော်ကွန်း၊ နေပြည်တော်အတွက် အောင်မြင့်မိုရ် လင်း ကုမ္ပဏီတို့ အသီးသီးရရှိပြီး ဒီဇင်ဘာလ ၇ ရက်နေ့ တင်ဒါလက်မှတ်ထိုးပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ 



ပညာရေးဝန်ကြီးဌာနက  ၂၀၂၃ - ၂၀၂၄ ပညာသင် နှစ် အခြေခံပညာ ကျောင်း များအတွက် ခဲတံနှင့် ဘောပင်များ ဖြန့်ဝေချထားပေးရန် အိတ်ဖွင့် တင်ဒါ ခေါ် ယူ ရာတွင် ဈေးကွက် ပေါက် စျေး ထက်ပိုမိုတင်ထားသော တင်ဒါများကို ကုမ္ပ ဏီ ၁၅ ခုထံ ချထားပေးပြီး ဝန်ကြီးဌာနနှင့် လုပ် ငန်း ရှင်များ သိန်းသောင်း ချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။ 
ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါ ခေါ်ယူရာတွင် စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ် ဝန်း ကျင်သာ စျေးပေါက် သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်း ကောင်း စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ ချပေးလိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွင် ရောင်းချခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အရည် အသွေး ညံ့သော ပစ္စည်းများကို စျေးကွက်ပေါက်စျေး ထက်ပိုပေး၍ တင်ဒါချထားပေးကာ ငွေကျပ် သိန်းသောင်းချီ လာဘ်ပေး လာဘ်ယူလုပ် ခွဲဝေရ ယူကြကြောင်း သိရှိရသည်။ 
“တင်ဒါကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။  ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ တစ်ဒါဇင်  ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ 
နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့်  ကုမ္ပဏီ ၁၅ ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း သိရှိရသည်။ 
ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ သားအငယ်ဖြိုးအာကာအောင်( အောင်မြင့်မိုရ်လင်းကုမ္ပဏီ)၊ တစ်နိုင်ငံလုံးတင်ဒါအောင် ကုမ္ပဏီစာရင်း။


ဆက်ဖတ်ရန် →
ပြင်ဉီးလွင်ကဒလန်ဆိုင် My Coffee

ပြင်ဉီးလွင်ကဒလန်ဆိုင် My Coffee

My Coffee 

A-1 အေးငြိမ်းချမ်းသာလမ်း ရေချမ်းအိုး 

မြောက် ရပ်ကွက် ပြင်ဦးလွင် 09796522867

 ပိုင်ရှင်က ဗိုလ်မှူးဝမ်းမောင်သစ်

 https://www.facebook.com/wan.thit.3 

သူ့မိန်းမက ထက်မြတ်ညို 

https://www.facebook.com/htet.myatnyo

 

 

 

 

 

 

 

 

 

 

 

ဆိုင်က DSTA အရှေ့တည့်တည့်တောင်ပေါ်မှာ

DSTAကို မအလလာတော့ ဝမ်းမောင်သစ်က 

သူ့ဆိုင်မှာ ကင်းပုန်းဝပ်တာ လက်ခံခဲ့တာ 

အခုထိလက်ခံထားတုံးပဲ တလရသမားတွေ

အဲ့ဆိုင်ထိုင်ရင်သတိထားပါ 

ကင်းပုန်းတွေကအရပ်ဝတ်နဲ့ဖြစ်နေတော့

ဆိုင်လာထိုင် သူတွေနဲ့ရောနေတယ်။ 

ညဖက်ဆိုရင်စင်တင်ရှိတယ် အရမ်းဆူညံနေလို့ သွား

 ပြောရင် တပ်ကိုခေါ်လိုက်ရမလားဆိုပြီး 

သူ့မိန်းမ ထက်မြတ်ညိုက ခြိမ်းခြောက်တယ် 

သူတို့ခေတ်ဖြစ်နေတာ ပြင်ဦးလွင် LDF တွေသိဖို့ပါ

 လက်တို့လိုက်ပါအုံး၊

ဆက်ဖတ်ရန် →
မိုးစက်/ကိုကို/နှာဘူး(သဲတော/ဝမ်းတွင်း)

မိုးစက်/ကိုကို/နှာဘူး(သဲတော/ဝမ်းတွင်း)

၉၇လောက်မှာ မလေးရှား SubangJayaရောက်လာ

 ဘောလုံးပွဲဒိုင်လိုလို ပွဲစားလိုလိုနဲ့ အလုပ်မယ်မယ်

ရရမရှိတဲ့လူလိမ် အိမ်မှာ ဖင်ဆီဒိုင်းရောင်း သူခိုး

အဖွဲ့နဲ့ပေါင်းပြီး ကိုယ်တိုင်ခိုးသလို ခိုးရာပါပစ္စည်း

လည်းထုခွဲရောင်းချပေး ၁၉၉၈လောက်မှာ အင်ဒိုမ

နှင့်ယူ ၂၀၀၃ဝန်းကျင် SubangTaipanကုန်းမှာ 

မျက်မှန်ဆိုင်ဝင်ခိုး ရဲကလိုက်ဖမ်းလို့ထွက်ပြေး 

နယ်ပြောင်းသွား ၂၀၀၅ဝန်းကျင် Subangပြန်ရောက် 

အင်ဒိုမတစ်ယောက်နှင့်ထပ်ယူ မျိုးချစ်မြန်မာ 

Facebook pageထောင်ပြီး ကမ္ဘာအနှံမှဘောမ

ကွန်ယက်နှင့်ချိတ်ဆက်ပြီး ဘောအကြီးအကျယ်မ

 ၂၀၁၀ဝန်းကျင် မြန်မာအခေါ်(လောက်စလုံး)ဆိုင် 

အပေါ်မှာ မြန်မာအရက်ဆိုင်ဖွင့် ၂၀၁၃ဝန်းကျင် 

ဒုက္ခသည်အနေနဲ့ အမေရိကားသွားခွင့်ရ 

လေယာဉ်ပေါ်ထိရောက်ပြီးမှ သွားခွင့်မရပဲဆွဲချပြီး 

နောက်ကြောင်းပြန်စစ်ဆေးခြင်းခံရ ကြောက်လန့်ပြီး

 မျိုးချစ်မြန်မာ ဘောမpageနဲ့ personal Facebook 

အကောင့်အားလုံးဖျက်ပစ် မကြာခင် အမေရိကား

ပြန်သွားခွင့်ရ အမေရိကားသွားခါနီး လက်ထပ်ထားတဲ့

အတူနေမြန်မာမိန်းကလေးဆီမှ ငွေကြေးအမြောက်

အမြားယူသွားပြီး အမေရိကားကိုမခေါ်လို့ ပြဿနာ

အကြီးအကျယ်ဖြစ် အခုအမေရိကားမှာ 

ဘောမကြီးမိုးစက်အဖြစ်အောင်မြင်နေ😂

 ငါ့ပိုက်ဆံဘတ်သွားတဲ့မအလလေး အမှုရှုံးပါစေဗျာ🙏 

#Crd တိုးကြီး(ဩစီ)
ဆက်ဖတ်ရန် →

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

​ဘာလဲဟ... ခလေးတွေ ကစိတ်ဒဏ်ရ သွားပီ

နင်တို့ဒီ အပြစ်က လွတ်မယ်ထင်လား.... ပြည်သူ့ မေတ္တာ စူး...ပါစေ... မြန်မြန်စူးပါစေ


-------------------------------


ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ အသက် လေးနှစ်ဝန်းကျင် အရွယ် ကလေးငယ်ကို ယမန်နေ့  ဧပြီလ ၅ ရက် ညနေပိုင်းတွင်  စစ်ကောင်စီတပ််က မူကြိုအတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက  မဇ္စျ်ိမကို ပြောသည်။ 


အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်လှစ်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့်  အရပ်ဝတ်များ ရဲယူနီဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ဖမ်းဆီးသွားကြောင်း သိရသည်။ 


“ကလေးရဲ့ အဖေနဲ့ အမေကို  PDF ထောက်ပံ့သူတွေဆိုပြီး  စစ်တပ်က လိုချင်နေတာ။ သူတို့က တိမ်းရှောင်ပြီး နေရတော့ သူတို့ ကလေးက အဖိုးနဲ့ သွားနေနေတာ။ မနေ့က ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ အဲ့ဒီကလေးတက်နေတဲ့  စက်တွင်းလမ်းထဲက  BC  ဆိုတဲ့ မူကြိုကို အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အဲ့ဒီ ကလေးငယ်လေးကို ဖမ်းသွားတယ်။ လာတဲ့အထဲမှာ စစ်ကောင်စီက ခန့်ထားတဲ့ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ ကြားရသလောက် ဝင်ဖမ်းတဲ့ အချိန် ကလေးတွေ အကုန်လုံးနဲ့ ဆရာမကို ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ ချိန်တယ်။ ဆရာမက ကလေးကို မပေးဘူး သူမွေးစားလိုက်မယ်ဆိုပြီး ပြောတာတောင် မရဘဲ ကလေးကို ဖမ်းသွားတာ။ ကလေးက ငိုပြီး ပါသွားတယ်” ဟု ဆင်မင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။ 


စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ စက်တွင်းလမ်းထိပ်တွင် ရဲကားဖြင့် လမ်းပိတ်ခဲ့ပြီးနောက် မူကြိုအတွင်း အရပ်ဝတ်များဖြင့် နာရီဝက်ခန့် ဝင်ရောက်ကာ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ 


“သားသမီးချင်း ကိုယ်ချင်းစာသင့်တယ်လေ။ ပြီးတော့ ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့အရာတစ်ခု။ လူ မှန်တယ်ဆိုရင်ပေါ့။ မူကြိုကလေးဆိုတဲ့ အရွယ်က ဘာမှ မသိသေးတဲ့အရွယ်လေ။ ကလေးစိတ်မှာ ဘယ်လောက်တောင် ဒဏ်ရာရသွားမလဲ။ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခု။ ပြည်သူတစ်ယောက် အနေနဲ့ဆိုရင်တော့ အဲ့လို လူမဆန်တဲ့ လုပ်ရပ်မျိုးကို လုံးဝ ရှုတ်ချပါတယ်။ အရမ်းလည်း ရွံ့မုန်းမိပါတယ်။ ဘာမှ ပြန်မလုပ်နိုင်တာကိုက အရမ်းရင်နာရပါတယ်” ဟု အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အဆိုပါ ဖြစ်စဉ်အပေါ် မှတ်ချက်ပြု ပြောသည်။ 


ရန်ကုန်မြို့တွင် စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူများ၊ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဆက်စပ်ပတ်သက်သူများကို ဖမ်းဆီးမှုများ  ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ 


စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ထိ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၀၅၄ ဦးရှိပြီး ဖမ်းဝရမ်းထုတ် ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။


#Mizzima

#အလုံမြို့နယ်

#မူကြို

#ဖမ်းဆီး

#AAPP

ဆက်ဖတ်ရန် →

​ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား



ရန်ကုန်၊ ဧပြီ ၁ 

ခေတ်သစ်မီဒီယာ

အကြမ်းဖက်စစ်ကောင်စီက ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲ ရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားထားသော လျှို့ဝှက်ကြေး နန်း စာ ထပ်မံပေါက်ကြားကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။ 


ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားလျက်ရှိသည့် လျှို့ဝှက်ကြေးနန်းစာ တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ 


အဆိုပါ စာတွင် ညွှန်ကြားစာများ ထပ်မံ မပေါက်ကြားစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း၊ ဝန်ကြီး၏ ညွှန်ကြားချက်ကို ရတဖမှူးများက လိုက်နာဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များကို ဖုန်း 067-412222၊ ဖက်စ် 067-412444 သို့ နေ့စဉ် ၀၅ နာရီ အရောက် မပျက်မကွက်တင်ပြရန်နှင့် ညွှန်ကြားစာများ ပေါက်ကြားမှုမရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀

​ဘိုင်ဒင်အစိုးရဟာ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အရေးပေါ်အခြေအနေမှာ သုံးစွဲရန်အတွက် မထုတ်လုပ်ပဲ ထားရှိတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရတယ်။

အမေရိကန်နိုင်ငံဟာ ရေနံသိုက်တွေရှိပေမယ့် ကိုယ်တိုင် ထုတ်လုပ်ခြင်းမရှိပဲ အခြားနိုင်ငံများကနေသာ ဝယ်ယူသုံးစွဲပြီး၊ အရန်အတွက်လည်း ဝယ်ယူသိုလှောင်ထားကာ စွမ်းအင် အရေးပေါ် အခြေအနေမှ အဆင့်ဆင့် သိုလှောင်ထားသော ရေနံတွေကို ထုတ်သုံးဖို့ စွမ်းအင်ကာကွယ်ရေး ဗျူဟာရှိပါတယ်။

ယခုကတော့ အဆမတန်မြင့်တက်လာတဲ့ လောင်စာဆီစျေးနှုန်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရန်ရေနံသိုလှောင်ထားသည့် ၄ နေရာမှ ရေနံစည်ပေါင်း သန်း ၁၈၀ ကို လ အနည်းငယ်အတွင်း ထုတ်ယူသုံးစွဲဖို့ရာ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀ ထုတ်လုပ်ရန်ပမာဏဟာ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှု ၂ ရက်တာကို ကောင်းကောင်းလုံလောက်စေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။.

ဒါဟာ အမေရိကန်နိုင်ငံ အရန်ရေနံကနေ ထုတ်ယူသုံးစွဲဖို့ ၆ လ အတွင်း တတိယအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အများဆုံး ထုတ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

၁၄ နှစ်အတွင်း ရုရှ-ယူကရိန်းအရေးကြောင့် ရေနံစျေးနှုန်းမြင့်တက်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ ယခုသောကြာနေ့မှာ တွေ့ဆုံကြပြီး ရေနံတိုးမြှင့် ထုတ်လုပ်ကြဖို့ ဆွေးနွေးမယ်လို့ နယူးဇီလန် စွမ်းအင်ဝန်ကြီးက အီးမေးလ်ကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံခြင်းစီ ဘယ်လောက်ထုတ်ရမယ်လို့တော့ မဆုံးဖြတ်ရသေးပေမယ့် အဲ့ဒိအစည်းအဝေးမှာတော့ တစ်နိုင်ငံကို ဘယ်လောက်ထုတ်ကြမယ်ဆိုတဲ့ ပမာဏ သတ်မှတ်ဖို့ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ အရန်ရေနံ ထုတ်ယူမှုဟာ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ဖြစ်လာတာလား ဒီတိုင်းသူ့နိုင်ငံအတွက် ဆုံးဖြတ်တာလား သဲသဲကွဲကွဲ မသိရသေးပါဘူး။.

အမေရိကန်နိုင်ငံဟာ အရန်ရေနံစည်ပေါင်း ၅၆၈.၃ သန်းခန့်ကို သိမ်းဆည်းထားပြီး ဒီပမာဏဟာ မေလ ၂၀၀၂ ကနဲ့ယှဉ်လျင် အလွန်နည်းပါးတဲ့ ပမာဏဖြစ်တယ်လို့ အမေရိကန်စွမ်းအင်ဌာနက ဆိုပါတယ်။ အဆိုပါ ရေနံစည်ပေါင်း သန်း ၁၈၀ ကို ဘယ်လိုဘယ်ပုံနဲ့ ထုတ်ယူသုံးစွဲမယ်ဆိုတာကိုတော့ အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း မကြေငြာသေးပါဘူး။

မတ်လအစောပိုင်းမှာကတည်းက နိုင်ငံတကာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ လောင်စာစျေးနှုန်းမြင့်တာမှုကို ဖြေရှင်းနိုင်ရန် ရေနံစည် သန်း ၆၀ ထုတ်လုပ်ဖို့ သဘောတူခဲ့ကြပါသေးတယ်။ တစ်နေ့ကို ရေနံစည် ၁ သန်းနဲ့ ၆ လထုတ်လုပ်ပြီး လက်ရှိ မြင့်တက်နေသော ရေနံစျေးနှုန်းကို ဖြေရှင်းဖို့ဖြစ်သော်လည်း ရေရှည်အတွက် စွမ်းအင်စျေးနှုန်းတည်ငြိမ်နေစေဖို့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး

Photo Credit to Original


ဆက်ဖတ်ရန် →

​ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း


ရိုဇာ

“လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။


ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။


ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။


ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ့ကို လက်လှမ်းပြလိုက်သည့်အခါ အထုပ်လေးပိုက်ပြီး ရောက်လာသည်။ လှည်းတန်းစင်တာအရှေ့တွင်ပင် ငွေစက္ကူအတုထည့်ထားသည့် လွယ်အိတ်ကို သူဖွင့်ချလိုက်ပြီး ငွေတွေကို ချက်ချင်းလှမ်းပေးသည်။ ပြီးတော့လည်း စကားစမည်ပင် စိတ်အေးလက်အေးထပ်ပြောနေသေးသည်။


လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာတွင် ငွေစက္ကူအတုရောင်းဝယ်သူများ၏အကောင့်များအပြင်ဂရုများပါ ထွက်ပေါ်လာခဲ့သလို  ငွေစက္ကူအတုရောင်းဝယ်သူများက အိမ်အရောက်ငွေချေ ၊ လူတွေ့ငွေချေနှင့် ငွေကြိုလွှဲ ကားဂိတ်တင်ပေးသည့်ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြသည်ဟု ပြောဆို ရောင်းဝယ်ကြသည်။


“အွန်လိုင်းပေါ် ပေါ်တင်ရောင်းနေတဲ့ ငွေအတုရောင်းဝယ်ရေးပါ။ ပေါ်တင်ရောင်းတာဖြစ်ပါတယ်။ မြန်မာငွေအတုရောင်းဝယ်ရေး အရောင်းအဝယ်အလဲအထပ် လိုအပ်သူများ စီဘီကို ဆက်သွယ်နိုင်ပါတယ်”ဟု ရွေကမ္ဘာနန်းဆန်သူဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်တစ်ခုက ရေးသားထားတာကို တွေ့ရသည်။


ထို့အပြင် Shar Khat ဆိုသည့်နာမည်ဖြင့် ဖေ့ဘွတ်စ်အကောင့်တစ်ခုကလည်း “အရည်အသွေးပေါ်မူတည်ပြီး ငွေအဆကွဲပါတယ်။ အိမ်အရောက် ငွေချေရလား၊ မမေးပါနဲ့ လုံးဝမရပါဘူး။ ဝယ်သူပဲ လိမ်ခံထိတာမဟုတ်ပါဘူး ။ ညီမတို့ရောင်းတဲ့သူတွေလည်း အလိမ်ခံရတာတွေ ရှိပါတယ်။ Face to Face ရလားဆိုပြီး တချို့က မေးပါတယ်။ တရားဝင် အလုပ်မဟုတ်တဲ့အတွက် Face to Face ရောင်းပေးဖို့ ခက်ခဲပါတယ်”ဟု ရေးသားသည်ကိုလည်း တွေ့ရသည်။


ငွေစက္ကူအတုရောင်းဝယ်သူများက ငွေအစစ်တစ်ဆ၊ ငွေအတုဆယ်ဆ ရောင်းဝယ်မှုရှိသလို ခြောက်ဆ တစ်ဆနှင့် နှစ်ဆ တစ်ဆ ရောင်းသည်ဟု ကြေညာကြသည်။  


ကိုစိုးနိုင်ကတော့ ငွေစက္ကူအတုနှင့်အစစ်ကို နှစ်ဆ တစ်ဆ ရောင်းဝယ်သူဖြစ်သည်။


သူကိုယ်တိုင်ကတော့ မြဝတီဘက်နှင့် ရှမ်းပြည်ဘက်မှမှာယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်သည်ဟု ဆိုသည်။


“ဆယ်ဆ ပေးတာတွေက အရည်အသွေးမကောင်းဘူး။ ကိုယ်က အတုကိုင်တာကို အရည်အသွေးမကောင်းတာ ကိုင်ထားရင် တခြားလူကို ပြရောင်းလို့တောင် မရတော့ဘူး။ ငါ့ဆီမှာတောင် အဲ့လို အရည်အသွေးမကောင်းတာ ခုနှစ်သိန်းဖိုးလောက်ရှိတယ်။ ငါတောင် အဲ့ဒါတွေဝယ်ထားပြီး ပိုက်မိသွားတာ ။ တကယ်လို့ လိုချင်ရင် ငါးဆ ခုနှစ်ဆတောင်ပေးလိုက်လို့ရတယ်” ဟု သူက ပြောသည်။


သို့သော် သူ၏ ငွေစက္ကူအတုများကို တစ်ရွက်ချင်းသုံးမည်ဆိုပါက အခြေအနေကိုကြည့်ပြီး သုံးဖို့လိုအပ်ကြောင်းလည်း သတိပေးလိုက်သည်။


ကိုစိုးနိုင်ဆီက ဝယ်ယူနေသူအများစုမှာ အုတ်သဲကျောက်ဒိုင်များ၊ ချဲဒိုင်နှင့် ကုန်စုံဆိုင်များဖြစ်သည်ဟုဆိုသည်။ သို့သော် သူပြောကြားချက်အပေါ် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။


“  သူတို့က ညှပ်ထည့်ပြီးသုံးတာလေ။ တစ်သောင်းတန် အကြီးပုံစံကော အသေးပုံစံကောကို။ မနက်ဖြန်တောင် အုတ်သဲကျောက်ဒိုင်က ခုနှစ်သိန်းဖိုး ငါ့ဆီက လာယူလိမ့်မယ် ။ သူတို့က ညှပ်ထည့်သုံးတာမို့ အဆင်ပြေတယ်။ တစ်ရွက်ချင်းကျတော့ ကိုယ်က ခေါင်းနည်းနည်းသုံးရတာပေါ့” ဟုဆိုသည်။


ကိုစိုးနိုင်ဆီက ဝယ်ယူလာသည့်ငွေစက္ကူအတုများကို အသက်ကြီးပိုင်းအရွယ်တစ်ချို့ကို ပေးကြည့်သည့်အခါ ငွေစက္ကူအတုမှန်း မသိရှိကြတာကိုတွေ့ရသော်လည်း လူလတ်ပိုင်းများကကတော့ ငွေအတုကို မြင်တာနှင့်ချက်ချင်းတန်းသိကြနေကြသည်။


 “ အတုတွေပေါ်တယ်ဆိုတာကို ကြားပြီးကတည်းက ပိုက်ဆံအစစ်တွေအကုန်လုံးကို အတုတွေထင်ပြီး လိုက်ကြည့်နေမိတော့တာပေါ့။တကယ် အခု အတုလည်းတွေ့ကော ငွေအစစ်နဲ့အရမ်းကွာမှန်းသိတော့တာ။ အတုက အရမ်းအသိသာကြီးပဲ ကိုင်ကြည့်စရာတောင် မလိုဘူး။ မြင်တာနဲ့တန်းသိတယ် ။ ကာလာက အရမ်းတောက်တောက်ကြီး ။ အတုနဲ့အစစ်က အရမ်းကွာတာဆိုတော့ သိပ်တော့ကြောက်စရာမရှိပါဘူး”လို့ မနွယ်နွယ်ဝင်းက ယင်းငွေစက္ကူအတုများကို မျက်မြင်တွေ့ရချိန်မှာ ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။


ငွေစက္ကူအတုများသည် တစ်ထောင်တန် ၊ ငါးထောင်တန် နှင့်တစ်သောင်းတန်များတွေ့ရပြီး  တစ်ထောင်တန်ကတော့အမှတ်တမဲ့ကြည့်ပါက ငွေအစစ်နှင့်ဆင်တူသည့်ပုံစံ ရှိနေသည်ကို တွေ့ရသည်။ တစ်သောင်းတန်အတုက ငွေအစစ်ထက် အရောင်ပိုတောက်ကာ တစ်ချို့အတုက CBM တံဆိပ်မပါသလို တချို့ငွေအတုမှာတော့ CBM တံဆိပ် ခပ်မှိန်မှိန်လေးပါနေသည်။ ထို့အပြင် ၁၀၀၀၀ ဆိုသည့်ဂဏန်းများတွင် ရောင်ပြေးလေးမပါသလို ငွေအတုကို မီးထိုးကြည့်သည့်အခါ ကြာဖူးပုံစံလေး မပါနေသည်ကိုလည်းတွေ့ရသည်။ ငွေစက္ကူအတု၏အသားမှာ ပြောင်ချောနေသည်။ ငွေစက္ကူအတုတိုင်းမှာ တူညီသည့်အချက်တစ်ခုမှာ ရေနှင့်ထိလျှင် အရောင်ပြယ်လွင့်ခြင်းဖြစ်သည်။


ယခုကဲ့သို့အရောင်ပြယ်လွင့်သည့်အကြောင်းကိုလည်း ငွေစက္ကူအတုရောင်းဝယ်သူ ကိုစိုးနိုင်က ဝန်ခံထားပြီးတော့ ရေနှင့်လုံးဝမထိစေရန် အထပ်ထပ်မှာကြားသည်။


ငွေစက္ကူအတုဝယ်ထားမိသူတစ်ဦးက ငွေတုပုံစံကို လက်ထဲတကယ်မြင်ရချိန်တွင် ထုတ်သုံးရန် မလွယ်ကြောင်းပြောသည်။


“ ဓာတ်ပုံရိုက်ပြတော့ ပုံစံက တော်တော်တူသလိုလိုဖြစ်နေတာ ။တကယ်လက်ထဲရောက်တော့ တော်တော်အကွာကြီးဖြစ်နေတာမို့ အပြင်ထုတ်မသုံးရဲဘူး။ ကိုယ်က ငွေအများကြီး ညှပ်သုံးဖို့လဲ မလွယ်တာမို့ ပြန်ရောင်းနေရတယ်”ဟုငွေစက္ကူအတု ဝယ်ယူခဲ့သူတစ်ဦးက ဆိုသည်။


ငွေတုရောင်းဝယ်ရေးလုပ်ငန်းဟု နာမည်တပ်ထားသည့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် “ ခေတ်ပျက်ကြီးမှာ သုံးရဲရင် မင်းအတွက်ကြီးပါပဲ ။ အတုနဲ့လုံးဝမတူလို့ သုံးစွဲရလွယ်ကူပါတယ်” လို့ ကြေညာပြီးရောင်းနေလေသည်။


ကိုစိုးနိုင်ကလည်း ငွေစက္ကူအတုများကို လူအများကြားအလွယ်တကူထုတ်သုံးရန် မလွယ်ကြောင်းဝန်ခံသည့်အပြင် ဝယ်ယူလိုသည်ဟုကမ်းလှမ်းလာသူအချို့က အပြင်တွင်အမှန်တကယ်တွေ့ရသည့်အခါမဝယ်ဘဲပြန်လှည့်ကုန်သည်ဟုဆိုသည်။


စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ငွေစက္ကူအတုရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးမှုများလုပ်နေကြောင်းနှင့်ပြ ည်ထဲရေးနှင့် ပေါင်းပြီး ထိန်းချုပ်တားဆီးဖို့ကို လုပ်နေကြောင်း ဖေဖော်ဝါရီလက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင်ပြောကြားထားသည်။


သို့သော် လူမှုကွန်ရက်တွင် ငွေအတုရောင်းသည်ဆိုသော ကြော်ငြာများ အတွေ့ရများနေခြင်းနှင့်ကို စိုးနိုင်ကဲ့သို့ ရန်ကုန်မြို့ထဲ ငွေစက္ကူအတုတွေပိုက်ပြီး လိုက်ရောင်းနေသူကို မြင်နေရခြင်းသည် စစ်အစိုးရ၏ ငွေတုနှင့်ပတ်သက်၍ ကိုင်တွယ်နိုင်စွမ်းကို သံသယဖြစ်စေသည်။


ငွေစက္ကူအတုသတင်းများက လူအများတွင် စိုးရိမ်စိတ်ဖြစ်လာစေခဲ့သည်။


“ အစ်မတို့လို သမာအာဇီဝနဲ့ ပင်ပန်းပြီးရှာတဲ့သူတွေအတွက်က ပိုက်ဆံက အရမ်းတန်ဖိုးရှိတာပဲလေ။ ကိုယ့်ဆီရောက်မှ အတုညှပ်ပါလာတာဖြစ်မှာစိုးရတယ်။ တစ်သောင်းဆိုတဲ့ ပမာဏက များတဲ့သဘောရောက်တယ်လေ။ အခုဆို အမြဲတမ်း တစ်သောင်းတန်ရရင် အတုလား ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ဖြစ်ပါ့မလားနဲ့ စိုးရိမ်စိတ်တွေ အရမ်းဖြစ်တယ်။ အစစ်ကိုင်မိတာတောင် အတုဖြစ်နေမလားဆိုပြီး ဟိုစစ်ဒီစစ်နဲ့ပေါ့”ဟု သာကေတမြို့နယ်အတွင်းရှိ စျေးသည်တစ်ဦးက ပြောသည်။


စစ်ကောင်စီထိန်းချုပ်ထားသော ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို မတ်လ ၂၂ရက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ငွေတုကိစ္စမှာ "ကောလာဟလ" သာဖြစ်သည်ဆိုကာ ပယ်ချခဲ့၍ အသေးစိတ်ဖြေရန်ငြင်းဆိုခဲ့သည်။


ကိုစိုးနိုင်သည် လူမှုကွန်ရက်တွင် အကောင့်အမျိုးမျိုးသုံး၍ ငွေတုရောင်းနေသူဖြစ်ကာ သူနှင့်ချိတ်ဆက်ရန် လူအချို့ကို အကျိုးဆောင်အဖြစ်ထားရှိနေသည်။


ငွေစက္ကူအတုများ အရောင်းအဝယ်ဖြစ်ပေါ်နေခြင်းကို စစ်ကောင်စီလက်အောက်ခံ သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ရက်ကပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် “ပြည်သူလူထုအနေနဲ့ အဲ့ကောလာဟလအပေါ်မှာ စိုးရိမ်ပူပန်မှု မဖြစ်ရန် အသိပေးလိုပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတုတွေရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ငွေစက္ကူအစစ်တွေကို ဓာတ်ပုံရိုက်ပြီး ပေစ့်မှာလိမ်လည်ဖော်ပြခြင်းနဲ့ ပုံအဟောင်းတွေ ကူးယူပြီး ဖော်ပြထားတာတွေကိုလည်းတွေ့ရပါတယ်။ အင်တာနက်စာမျက်နှာများပေါ်မှာငွေစက္ကူအတုများ ရောင်းချတယ်ဆိုပြီး အရောင်းအဝယ်ပြုလုပ်တာမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ယုံကြည်အောင်ပြောဆိုကာ ကြိုတင်လွှဲပို့တဲ့ငွေတွေကို လိမ်လည်ရယူနေတာတွေကိုလည်း တွေ့ရပါတယ်။ ငွေသုံးသောင်း စရံတောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ်မရဘဲ ဖုန်းပိတ်ထားတာတွေ အကောင့်ဖျက်ပြီး ပြေးတာမျိုးတွေ လုပ်ဆောင်ကြတာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။ နောက်တစ်ခုကတော့ ငွေစက္ကူအတုတွေ ဘယ်နေရာမှာချထားမယ် သွားယူပါဆိုတဲ့ ငွေကြိုလွှဲခိုင်းပြီးမှ လိမ်သွားတာကိုလည်း စုံစမ်းတွေ့ရှိရပါတယ်”ဟု ပြောသည်။


မြန်မာနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ်တွင် ငွေစက္ကူအတုရောင်းဝယ်မှုသည် ၂၅ ကြိမ်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် လေးဆကျော်တိုးတက်လာခြင်းဖြစ်သည်။


၂၀၂၂ ခုနှစ် မတ်လအတွင်း ငွေစက္ကူအတုနှင့်ပတ်သက်ပြီး  အွန်လိုင်းလိမ်လည်မှု ခုနှစ်မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


ငွေစက္ကူအတုရောင်းဝယ်နေသည့် ကိုစိုးနိုင်ကတော့ သူ့ထံမှ ငွေစက္ကူအတုများဝယ်ပြီး သူ့လိုရောင်းဝယ်သူတစ်ဦးလုပ်ဆောင်ရန်ပင် တိုက်တွန်းနေတော့သည်။


 “ဒီခေတ်ကြီးထဲမှာရိုးနေလို့မရဘူး။ သူများမျက်ရည်ပေါက် ကြီးငယ်မပါရင် ပြီးတာပဲ ။ သမ္မာအာဇီဝကျကျနဲ့ လုပ်စားလို့ရတယ်။ သမ္မာအာဇီဝဆိုတာက ကိုယ်က ငွေတုလို့ပြောပြီး ရောင်းတယ် အတုမှန်းသိလို့ ဝယ်တယ်။ လာဝယ်တဲ့သူတွေကို မလိမ်ဘူးလေ။ တချို့ဆိုရင် သိတဲ့အတိုင်းပဲ ငွေလွှဲလိုက်တာနဲ့ ဘလော့သွားကြတာ။ ”ဟု သူက ပြောသည်။


#MizzimaTV

#ငွေတု


ဆက်ဖတ်ရန် →

မန္တလေး၊ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုဖြစ်

​


မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း (၃၀)နဲ့ (၈၄)လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီကနေ့မတ်လ (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများတယ်လို့ ဆိုပါတယ်။ 


“ကျွန်တော်တို့ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားလိုက်ပြီ၊ အဲ့ဒီထဲကနေမှ ထိခိုက်မိသူတွေက ထွက်လာကျတာ။ ကျွန်တော်တို့ကတော့ နှစ်ဦးကူညီပေးလိုက်ရတယ်၊ အရေးပေါ်ပို့ပေးထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။”လို့ ကူညီပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။ 


ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိစာရင်းအတိအကျတော့ ဘီဘီစီဘက်က အတည်မပြုနိုင်ခဲ့ပါဘူး။ လက်ရှိအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း ၁ဝ၇လမ်းနဲ့ ၁ဝ၈လမ်းကြားမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နောက်ထပ်ဆိုင်ခွဲတခုမှာပါ ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 


ဒီဖြစ်စဉ်ဟာ ဇွဲထက်ဆိုင်ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးဆိုင်ခွဲအကုန်လုံးကို ယာယီပိတ်ထားပြီလို့ ဇွဲထက်ရွှေဆိုင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။ 


ဓာတ်ပုံ - CJ

ပုံစာ   - လူမှုကွန်ယက်စာမျက်နှာပေါ်မှာပြန့်နေတဲ့ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုမြင်ကွင်း။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းစုစည်းချက်။ 

https://www.bbc.com/burmese/live/burma-60719839


ဆက်ဖတ်ရန် →

​အငြင်းပွားစရာဖြစ်နေတဲ့ ကချင်သူဌေးကြီးရဲ့ မြစ်ဆုံရွှေတူးဖော်မှု


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Frontier Myanmar ပါဆောင်းပါး (ဘာသာပြန်)


FEBRUARY 11, 2022

By EMILY FISBHEIN, JAW TU HKAWNG, 

NU NU LUSAN and JAUMAN NAW


ကချင်ပြည်နယ် မလိခမြစ်ထဲ စတင် ရွှေတူးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ ဆွတ်မိုင်ရဲ့ အသက်က (၁၈) နှစ် ရှိပါပြီ။ သူက မီးစက်၊ ရေစုပ်စက်၊ တူရွင်းစသဖြင့် တပိုင်တနိုင် ပစ္စည်းတွေကို သုံးပြီး ရွှေတူးနေပါတယ်။ ဒေသခံတွေ ဒီအတိုင်း ရွှေတူးလာတာ ဟိုးအရင်တည်းကပါ။ ဒါပေမယ့် အရမ်း ပင်ပန်းပြီး အကျိုးအမြတ်လည်း သိပ်မရကြပါဘူး လို့ သူက ပြောပြပါတယ်။


သူက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိတဲ့ တန်ဖရဲရွာဇာတိဖြစ်ပြီး မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံရဲ့ အနောက်ဘက်ကပ်ရပ်မှာ တည်ရှိပါတယ်။ မြစ်ဆုံကနေ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီ စီးဆင်းလာပါတယ်။


မြန်မာလို မြစ်ဆုံလို့ ခေါ်ကြပြီး ကချင်လို မလိအင်မိုင်ဇွပ်လို့ သိကြတဲ့ အဲဒီဒေသက (၂၀၁၁) ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ (၃.၆) ဘီလျံတန် ရေအားလျှပ်စစ် စီမံကိန်းကို အဲဒီအချိန်တုန်းက သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့တာမို့ပါ။ အဲဒီမတိုင်ခင် (၂) နှစ်အလိုမှာ မြစ်ဆုံဆည် စီမံကိန်းကို တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်းနဲ့ မြန်မာအေးရှားဝေါလ်ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် စင်္ကာပူနိုင်ငံထက် ပိုကျယ်တဲ့ မြစ်ဆုံအနီးတဝိုက်က ဒေသတွေကို ရေလွှမ်းမိုးသွားနိုင်ပြီး ဒေသခံပေါင်း (၁၀၀၀၀) ကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပြည်သူတွေက လူမျိုးရေး၊ နိုင်ငံရေး မခွဲခြားဘဲ တညီတညွတ်တည်း ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် သမ္မတဦးသိန်းစိန်က အခုလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ရတာပါ။


မြစ်ဆုံဆည်ကြီးကို မတည်ဆောက်နိုင်တော့ပေမယ့် အဲဒီစီမံကိန်း မစတင်ခင် လပိုင်းအလိုမှာ ဒေသခံတွေကို စစ်တပ်က အတင်းအကြပ် ဖိအားပေး နေရပ်ရွှေ့ပြောင်းခိုင်းခဲ့ပါသေးတယ်။ အဲဒီထဲမှာ တန်ဖရဲရွာသူရွာသားတွေလည်း ပါဝင်ခဲ့ပြီး သူတို့ကို ဈေးပေါပေါနဲ့ ဖြစ်သလို ဆောက်ထားတဲ့ နေရာသစ်တွေမှာ ရွှေ့ပြောင်းနေထိုင်စေပါတယ်။ အဲဒီနေရာတွေမှာ စိုက်ပျိုးရေးလုပ်ဖို့လည်း အဆင်မပြေခဲ့ပါဘူး။ နောက်ပိုင်းနှစ်တွေမှာ ရေအားလျှပ်စစ်စီမံကိန်းကြီးကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမှုတွေ ရှိခဲ့ပြီး ကြိုးစားတိုင်းလည်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။


(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ဆုံနဲ့ ဒေသခံတွေခမျာ နောက်ထပ် အန္တရာယ်ကြီးတခုနဲ့ ရင်ဆိုင်နေကြရပြန်ပါပြီ။ အဲဒါကတော့ အလွန်အကျွံ ရွှေတူးဖော်ကြခြင်းပါ။ အဲဒီ တူးဖော်မှုတွေကို နောက်ကွယ်ကနေ အဓိက ကြိုးကိုင်ထားတာက ကချင် စီးပွားရေးလုပ်ငန်းရှင်ကြီး  ယွပ်ဇော်ခေါင် ပိုင်ဆိုင်တဲ့ (ကျောက်စိမ်းမြေ) Jadeland ကုမ္ပဏီဖြစ်ကြောင်း ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေးဝန်ထမ်းတွေက ပြောပြပါတယ်။ ဧရာမ စက်ယန္တရားကြီးတွေကို အသုံးပြုပြီး သတ်မှတ်ချက်ထက် ပိုမို လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဆိုကြပါတယ်။


အခုလိုမျိုး အလွန်အကျွံ ရွှေတူးဖော်နေမှုအပေါ် မြစ်ဆုံဆည် စီမံကိန်းတုန်းကလိုမျိုး ဆန့်ကျင်ကန့်ကွက်မှု များများစားစား မရှိကြတော့ပါဘူး။ လူထုအပေါ် ဩဇာလွှမ်းတဲ့ ကချင်ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ဒီကိစ္စနဲ့ ပတ်သက်လာရင် အများအားဖြင့် နှုတ်ဆိတ်နေတတ်ကြပြီး တခါတရံ တခြားသူတွေအပေါ် အပြစ်ဖို့တာ၊ ယွပ်ဇော်ခေါင်နဲ့ Jadeland ကုမ္ပဏီတို့ကို အကာအကွယ်ပေးတာတွေ ပြုလုပ်နေပါတယ်။ ဒီလိုနဲ့ ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေခမျာ Jadeland ကုမ္ပဏီနဲ့ အပေါင်းအပါတွေဘက်က ရန်ငြှိုးထား လက်တုံ့ပြန်မှာကို ကြောက်တာမို့ ဒီအကြောင်းကို ပေါ်ပေါ်ထင်ထင်တောင် မပြောရဲကြတော့ပါဘူး။


ဒေသခံတွေ အဲဒီအကြောင်း ပြောလေလေ ပိုပြီး ဒုက္ခရောက်လေလေ၊ ပိုပြီး နစ်နာဆုံးရှုံးရလေလေပါပဲ။ ကျနော်တို့အတွက် ဘယ်သူမှ မရပ်တည်ပေးဘူး ဆိုပြီး ဒေသခံတဦးဖြစ်တဲ့ ဘရန်လီက ပြောပြပါတယ်။ ဘာခွင့်ပြုချက်မှ မရှိဘဲ Jadeland ကုမ္ပဏီက သူ့မြေပေါ်မှာ တူးချင်တိုင်း လာတူးနေတယ်လို့လည်း သူက ဆိုပါတယ်။ ကျနော်တို့ဘက်က ရပ်တည်ပြီး Jadeland ကုမ္ပဏီကို ရင်ဆိုင်ပေးဖို့၊ ကျနော်တို့ မြေတွေကို ပြန်တောင်းပေးဖို့ တယောက်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတခုခု လိုချင်မိတယ် လို့ သူက ပြောပြပါတယ်။


>>> လုပ်သမျှအားလုံး အလကားပဲ


ကချင်ပြည်နယ်မှာ ရွှေတူးခဲ့ကြတာ မျိုးဆက်တွေနဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီတူးဖော်မှုတွေက အသေးစား၊ တပိုင်တနိုင်သာ ဖြစ်ကြပြီး ပတ်ဝန်းကျင်ထိခိုက်မှုလည်း မရှိသလောက် ဖြစ်ခဲ့ပါတယ်။ မြစ်တွေ ချောင်းတွေ ပျက်စီးရလောက်တဲ့အထိတော့ ကျနော်တို့ အဖိုးအဖွားတွေက မလုပ်ခဲ့ကြပါဘူး လို့ ကချင်လူမျိုး သဘာဝပတ်ဝန်းကျင်ရေးရာ တတ်ကြွလှုပ်ရှားသူ နိန်ရန် ယူမာက ဆိုပါတယ်။


ဒါပေမယ့် ပြည်နယ်ရဲ့ အဓိက လက်နက်ကိုင်အင်အားစုဖြစ်တဲ့ KIO/KIA နဲ့ စစ်အာဏာပိုင်တွေကြား နှစ်ဖက်သဘောတူ အပစ်အခတ် ရပ်စဲလိုက်တဲ့ (၁၉၉၄) ခုနှစ်မှာ အခြေအနေတွေ အားလုံး ပြောင်းလဲသွားပါတော့တယ်။ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ပြီးတာနဲ့ ဧရာမ စက်ယန္တရားကြီးတွေ တန်းရောက်လာတော့တာပဲ လို့ သူက ပြန်ပြောပြပါတယ်။


(၂၀၀၄) ခုနှစ်အတွင်း ကချင်လူမှုအဖွဲ့အစည်းတခုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာ ကချင်ပြည်နယ်တွင်းက စိတ်မချမ်းမြေ့ဖွယ်ရာ ရွှေတူးဖော်နေမှုအခြေအနေကို ဖော်ပြထားပါတယ်။ ကုမ္ပဏီတွေက သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို လုံးဝ လျစ်လျူရှုပြီး ရေဆုံးမြေဆုံးအထိ အပြိုင်အဆိုင် တူးဖော်နေကြတာကို ဓါတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။


(၂၀၁၆) ခုနှစ်အတွင်း အာဏာရလာတဲ့ NLD အစိုးရက ရွှေတူးဖော်မှုအပါအဝင် ကချင်ပြည်နယ်တွင်းက သတ်မှတ်ချက်ထက် လွန်ကဲနေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ အထိုက်အလျောက် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစိုးရသက်တမ်းတလျှောက်လုံးမှာလည်း ဒုံရင်းက ဒုံရင်းပဲလို့ ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရလက်ထက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုလေးတောင် စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်သွားရပါပြီ။ တဦးတယောက်ချင်း ဒါမှမဟုတ် ကုမ္ပဏီလိုက် စိတ်ကြိုက်တူးဖော်နိုင်ဖို့ လမ်းစတွေ ပွင့်သွားခဲ့တယ်လို့ ဆိုကြပါတယ်။


ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျနော်တို့ ကြိုးစားခဲ့သမျှက အခုတော့ အလကားပဲ လို့ ဟင်နရီ အောင်က ညည်းတွားပါတယ်။ (EITI) အပြည်ပြည်ဆိုင်ရာ သယံဇာတ တူးဖော်ရေး ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ NLD အစိုးရလက်ထက်မှာ စတင် တည်ထောင်ခဲ့တဲ့ ကချင်ပြည်နယ်လေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ သူ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း EITI အဖွဲ့ကြီးက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်စဲခဲ့သလို ပုံမှန် စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေကိုလည်း ရပ်တန့်လိုက်ပါတယ်။ 


အကျိုးဆက်ကတော့ ကုမ္ပဏီတွေအနေနဲ့ သူတို့ကြိုက်သလောက် တူးယူခွင့် ရသွားကြတာပါပဲ။ တခါတရံ ဆန့်ကျင်ကန့်ကွက်တဲ့ ဒေသခံတွေကို ဖိအားပေးခြိမ်းခြောက်တာမျိုးတောင် ပြုလုပ်လာကြပါသေးတယ်။ တဖက်မှာလည်း ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေကြောင့် သာမန်လူတွေခမျာ စားဝတ်နေရေးအတွက် ရွှေတူးတဲ့ဘက်ကို လှည့်လာကြရတယ်လို့ ဟင်နရီ အောင်က ပြောပြပါတယ်။


မြစ်ဆုံဒေသအပြင် ဝိုင်းမော်၊ ဖားကန့်၊ မချမ်းဘော၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ရွှေဂူ၊ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးရလောက်တဲ့အထိ အလွန်အကျွံ ရွှေတူးဖော်မှုတွေ ရှိနေပြီလို့ ပြီးခဲ့တဲ့ လတွေအတွင်း ဒေသခံသတင်းရင်းမြစ်တွေက ထုတ်ပြန်လာကြပါတယ်။


ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်ရေး၊ လူမှုရေး ပြဿနာတွေအတွက် မြစ်ဆုံဒေသမှာ ရွှေတူးတယ်ဆိုတာ အပေါ်ယံလေးပဲ ရှိသေးတယ် လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တဦးက ကောက်ချက်ချပါတယ်။


>>> အခွင့်အရေးသမားတွေက အခွင့်အရေးယူဖို့ လက်မနှေးဘူး။


ကချင်ပြည်နယ်မှာ အလွန်အကျွံ ရွှေတူးဖော်နေတာကြောင့် မကောင်းမြင်ခံနေရတာ Jadeland ကုမ္ပဏီတခုတည်းတော့ မဟုတ်ပါဘူး။ မြစ်ဆုံဒေသမှာ လုပ်ကိုင်နေတာ အဲဒီကုမ္ပဏီတခုတည်းလည်း မဟုတ်ပါဘူး။ ငါးမွေးကန်တွေ တူးမယ်ဆိုပြီး ရွှေတူးနေကြတဲ့ မြစ်ဆုံဒေသက တခြားလုပ်ငန်းရှင်တွေရဲ့အကြောင်းကို ဒေသခံသတင်းတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖော်ပြထားပါတယ်။ 


လူသိများ ကျော်ကြားလှတဲ့ ယွပ်ဇော်ခေါင်ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါ၊ Jadeland ကုမ္ပဏီနဲ့ ဒေသခံတွေကြားက ပဋိပက္ခအခြေအနေ စတာတွေကြောင့် Jadeland ကုမ္ပဏီက ပိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေပုံ ရပါတယ်။ Jadeland ကုမ္ပဏီက မြစ်ဆုံဒေသမှာ အကြီးဆုံး ရွှေတူးဖော်ရေး လုပ်ငန်းကြီး ဖြစ်နိုင်တယ်ဆိုပြီး တချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် တူးဖော်ရေး လုပ်ကွက်တွေကို အစောင့်အကြပ်တွေ ထူထူထပ်ထပ် လုံခြုံရေးချထားတာမို့ ကုမ္ပဏီအကြောင်း အသေးစိတ် စုံစမ်းဖို့ ခက်ခဲလှပါတယ်။


ပြဿနာတွေ တက်ပြီး သတင်းတွေမှာ ပါလာတဲ့အခါ ကုမ္ပဏီဘက်က ဒေသခံတွေကို သူတို့လုပ်ကွက်တွေနား လာခွင့် မပေးတော့ဘူး။ အစောင့်တွေ အများကြီးလည်း ထပ်ငှါးထားတယ် လို့  ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ မုန်းကြိန်ရောဒ်ဂျပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။ တတ်ကြွလှုပ်ရှားသူတွေ ဆယ်စုနှစ်တခုကျော် ကာကွယ်တိုက်ခိုက်ခဲ့ကြရတဲ့ အဲဒီဒေသလေး ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်မိကြောင်း သူက ပြောပါတယ်။


မြစ်ဆုံက ကချင်လူမျိုးအားလုံးအတွက် အရေးပါတဲ့ နေရာပါ။ ဆည်တည်ဆောက်မယ် ဆိုတုန်းကလည်း ဒေသခံတွေ ဆန့်ကျင်ကာကွယ်ခဲ့ကြလို့ မြစ်ဆုံက မပျောက်မပျက်ဘဲ ဆက်ရှိနေခဲ့တာ၊ ဆက်စီးဆင်းနေခဲ့တာ။ အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာ အခွင့်အရေးသမားတွေက မြစ်ဆုံနား ရွှေတူးဖို့ လက်မနှေးခဲ့ကြဘူး လို့ သူက ရှင်းပြပါတယ်။


လက်နဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ တပိုင်တနိုင် အသေးစား ရွှေတူးနေကြသူတွေကိုလည်း Jadeland ကုမ္ပဏီက မောင်းထုတ်နေကြောင်း ပြောပြကြပါတယ်။ ကုမ္ပဏီကြောင့် သူ့မှာ ရွှေတူးစရာ နေရာ ရှားပါးလာကြောင်း၊ ကုမ္ပဏီရဲ့ လည်ပတ်ပုံက ဒေသခံရွှေတူးသမားတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာကြောင်း ကိုယ်တိုင် တပိုင်တနိုင် ရွှေတူးနေသူ ဆွတ်မိုင်က ပြောပြပါတယ်။


မြစ်ဆုံဒေသကို Jadeland ကုမ္ပဏီ ရောက်လာခြင်းနဲ့ ပတ်သက်ပြီး ဥပဒေအရ မရှင်းမလင်းတာတွေလည်း ကျန်နေပါသေးတယ်။ (၂၀၂၀) ခုနှစ်အတွင်း ကချင်ပြည်နယ်အစိုးရက ကုမ္ပဏီကို တန်ဖရဲရွာအနီး အကျယ် လေးဧကရှိမယ့် လုပ်ကွက်တခုမှာ ငါးနှစ်ကြာ တူးဖော်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကနေ သတ်မှတ်ဧရိယာထက် ကျော်လွန်တူးဖော်နေပြီး မြစ်ဆုံနဲ့ ကီလိုမီတာအနည်းငယ် အကွာအဝေးထိ ရောက်လာနေပါပြီ။ မြစ်ကမ်းဘေး မီတာ ရာအနည်းငယ်အတွင်းမှာတင် စက်ယန္တရားကြီးတွေကို လှမ်းမြင်နေရပါပြီ။ ဒါတွေကြောင့် မိုးရာသီကျရင် မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်လာမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြရပါတယ်။


ဒေသခံတွေရဲ့  ကိုယ်ပိုင်မြေတွေကို မဖြစ်မနေ ရောင်းဖို့ ကုမ္ပဏီက အတင်းအကြပ် ဖိအားပေးခဲ့တယ်လို့ ပြောပြကြပါတယ်။ တန်ဖရဲရွာမှာ ရှိတဲ့ သူ့မြေကို ဝယ်ဖို့ အောက်တိုဘာလအတွင်း ယွပ်ဇော်ခေါင်ကိုယ်တိုင် ရောက်လာခဲ့တယ်လို့ ဘရန်လီက ပြောပြပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် တလလောက်တည်းက သူ့မြေပေါ်မှာ ကုမ္ပဏီက စတင် တူးဖော်နေပါပြီ။ ကျနော် ခွင့်မပြုဘဲ သူတို့က စက်ကြီးတွေနဲ့ လာတူးနေကြတာ၊ ကျနော်တို့ ဘာမှမတတ်နိုင်ဘူး လို့ သူက ဆိုပါတယ်။


ဘရန်လီက သူ့မြေကို ရောင်းဖို့ ငြင်းဆန်နေဆဲပါ။ ဒါပေမယ့် တခြားသူတွေကတော့ တဖြည်းဖြည်းနဲ့ သဘာတူ လိုက်ရပြီလို့ ပြောပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အတော် ခံစားရပါတယ်။ နောင်လာနောက်သားတွေကို ကျနော်တို့ ဘာအမွေသွားပေးရမှာလဲ။ ကျနော်တို့ ဘယ်လို တောင့်ခံကြရမှာလဲ။ ကျနော်တို့ရွာလေး ပျက်စီးရတော့မယ်။


Jadeland ရဲ့ လုပ်ကွက်တွေမှာ လုံခြုံရေးအထပ်ထပ်ချထားကြောင်း ပြောပြကြပါတယ်။ အဲဒီမှာ မျှော်စင် (၈) ခုလောက် ရှိတယ်။ တယောက်ယောက် အနားကပ်လာတာနဲ့ အစောင့်တွေက ဝစီမှုတ်ပြီး ချက်ချင်း ရပ်ခိုင်းတော့တာပဲ။

ရွာသားတွေ သူတို့လယ်ကို သွားဖို့တောင် မဖြတ်ခိုင်းဘူး လို့ ဆွတ်မိုင်က ပြောပြပါတယ်။


မြစ်ဆုံဒေသမှာ အလွန်အကျွံ တူးဖော်နေတဲ့ Jadeland ကုမ္ပဏီအကြောင်း လူသိထင်ရှား ဝေဖန်မိတဲ့ ဒေသခံတဦးကို လူတစုက လမ်းပေါ်မှာ ဓါးတွေကိုင်ပြီး၊ ဝိုင်းဝန်းထိုးကြိတ်ထားကြောင်း အစီရင်ခံစာတစောင်မှာ တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို သူ့ရဲ့ လုံခြုံရေးအတွက် ဒီထက် ပိုပြီး အသေးစိတ်ထုတ်ပြန်လို့ မရသေးပါဘူး။


>>> ဩဇာကြီးမားလွန်းတဲ့ Jadeland ပိုင်ရှင်


ကချင်လူမျိုး အများစုအတွက် ယွပ်ဇော်ခေါင်က တကယ့် ပုဂ္ဂိုလ်ကြီးတဦးပါ။ လက်ဖဝါးခြေဖဝါးကနေ ချမ်းသာလာခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်းကြောင့် ဖြစ်နိုင်သလောက် ရိုးရာ မနောပွဲတွေအပါအဝင် ကချင်ရိုးရာယဉ်ကျေးမှုအတွက် အကြီးအကျယ် ထောက်ပံ့အကျိုးပြုခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူက ကချင်ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ (၁၉၉၈) ခုနှစ်ကနေ (၂၀၀၈) ခုနှစ်အထိ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။


ဒါပေမယ့် သူ့ဘဝက ထင်သလောက်တော့ မရိုးစင်းနေပါဘူး။ သူ့ကို ကချင်ပြည်နယ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် (၂၀၀၉) ခုနှစ်အတွင်း အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် KIO အပါအဝင် ပြီးခဲ့တဲ့ စစ်အစိုးရနဲ့ ဆက်စပ်မှုတွေကြောင့် သူနဲ့ သူ့မိသားစုဝင်တွေ၊ လုပ်ငန်းတွေကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဖို့ အကြံပြုတင်ပြထားခဲ့ဖူးပါတယ်။


(၁၉၉၄) ခုနှစ်အတွင်း KIO နဲ့ စစ်တပ်တို့ အပစ်အခတ်ရပ်စဲနိုင်မှုမှာ သူက အခရာကျခဲ့ပြီး အဲဒီအတွက် အထူးအခွင့်အရေးအဖြစ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်း (၁၀) တွင်းလောက် တူးဖော်ခွင့် ရခဲ့တယ်လို့ ကြေးနန်းမှာ ဖော်ပြထားပါတယ်။ ဖားကန့်ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး ကျောက်စိမ်းထွက်ဒေသတခုပါ။ ဒါ့အပြင် သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ ဇီဝလောင်စာထုတ်လုပ်ငန်းတွေမှာလည်း အခြားအထူးအခွင့်အရေးတွေ ရရှိခဲ့ပါသေးတယ်။


အဲဒီနောက်ပိုင်း (၁၃) နှစ်ကြာတဲ့အခါ သူ ဘယ်လောက် ချမ်းသာလာမှန်း ဘယ်သူမှ မခန့်မှန်းနိုင်ကြပေမယ့် သူ့ရဲ့အဆက်အသွယ်တွေကတော့ ကောင်းနေဆဲဆိုတာ ပေါ်လွင်လှပါတယ်။ (၂၀၁၁) ခုနှစ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ KIO နဲ့ စစ်တပ်တို့ကြား ဖြန်ဖြေနိုင်ဖို့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့မှာ တရားဝင်အဖွဲ့ဝင် သုံးဦးရှိတဲ့အနက် သူက တဦးအပါအဝင် ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင်တွေက စက်မှုလုပ်ငန်းနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြတဲ့ တကယ့် စီးပွားရေးသမားကြီးတွေ ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဖော်ပြထားပါတယ်။


ယွပ်ဇော်ခေါင်ရဲ့ ဒုတိယသား ယွပ်ဆိန်ဂေါင် နော်ထွယ်က လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ရဲ့ သမီးနဲ့ လက်ထပ်ထားပါတယ်။

ရွှေတူးဖော်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ယွပ်ဇော်ခေါင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း၊ ဖုန်းလက်ခံခြင်း မရှိခဲ့ပါဘူး။ Jadeland ကုမ္ပဏီကို ဆက်သွယ်တဲ့အခါ ပြန်လည် ဆက်သွယ်မယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ဘာမှ မထူးခြားလာတာကြောင့် ထပ်မံ ဆက်သွယ်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဖုန်းမအားတော့ပါဘူး။ Jadeland ကုမ္ပဏီရဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်ရေးမှာ ဦးဆောင်နေသူလို့ ဒေသခံတွေ ပြောကြတဲ့ ယွပ်ဆိန်ဂေါင်နော်ထွယ်ကို Signal ကတဆင့် ဆက်သွယ်တဲ့အခါ တစုံတရာ တုံ့ပြန်ခဲ့ပေမယ့် သူ့ကို မေးထားတဲ့ မေးခွန်းတွေကိုတော့ ပြန်လည် ဖြေကြားခြင်း မပြုတော့ပါဘူး။


>>> မအောင်မြင်ခဲ့တဲ့ ကြားဝင်စေ့စပ်မှု


အဆက်အသွယ်ကောင်းလွန်းတဲ့ ယွပ်ဇော်ခေါင်က တော်ရုံတန်ရုံ အံတုဖို့ မလွယ်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုတွေ စတင် ပြုလုပ်လာတဲ့အခါ ဒေသခံတွေက KIO ဆီ စတင် အသနားခံတိုင်ကြားခဲ့ပါတယ်။ (၂၀၂၁) ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ဌာနချုပ်နဲ့ ဒေသရုံးခွဲတွေကို စာပို့ခဲ့ပြီး မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံ ရွှေတူးဖော်နေတာကို တားမြစ်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။


မြစ်ဆုံက စစ်ကောင်စီခန့် ပြည်နယ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့်လည်း စစ်ကောင်စီရဲ့ ပင်ကိုယ်စရိုက်ကြောင့် KIO ကသာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း အဲဒီအကြောင်းကြားစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူနှစ်ဦးက ပြန်ပြောပြပါတယ်။


စစ်ကောင်စီက ကုမ္ပဏီတွေကို ဘယ်လောက် ရွှေတူးခွင့်ပေးပေး၊ KIO ကသာ ခွင့်မပြုရင် ဘယ်သူမှ မတူးရဲဘူး လို့ တဦးက ဆိုပါတယ်။ တကယ်လို့ ပြည်နယ်အစိုးရကို တိုက်ရိုက်စာပို့လိုက်ရင် KIO ကို မခန့်လေးစား လုပ်ရာရောက်လိမ့်မယ်ဆိုပြီး နောက်တဦးက ရှင်းပြပါတယ်။


အဲဒီအကြောင်းကြားစာကို သူ အနေနဲ့ လက်ခံရရှိကြောင်း သိရှိထားပြီး ဒါပေမယ့် မဖတ်ရသေးတာမို့ တစုံတရာ မှတ်ချက်မပေးနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီလ (၅) ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။


အောက်တိုဘာလ (၅) ရက်နေ့မှာ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က အဲဒီအကြောင်းကြားစာပေါ်  ပါဝင်လက်မှတ်ထိုးခဲ့သူတချို့နဲ့ တန်ဖရဲရွာရဲ့ တောင်ဘက် ကားနဲ့ (၄၅) မိနစ်ခရီးသာ ရှိမယ့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကချင်လို WMR လို လူသိများတဲ့ အဲဒီအဖွဲ့က ပြည်နယ်တွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ လူမှုရေး အငြင်းပွားမှုတွေကို အဖြေရှာညှိနှိုင်းပေးလေ့ ရှိပါတယ်။


WMR ကိုယ်စားလှယ်တွေက ယွပ်ဇော်ခေါင်ဘက်ကနေ လိုက်ပြီး ပြောပေးကြတယ်၊ ရွှေတူးပြီးရင် အဲဒီနေရာတွေကို သူ ပြန်ပြုပြင်ပေးလိမ့်မည်ဟု သူတို့က ကတိဝင်ပေးကြတယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ဒေသခံတဦးဖြစ်တဲ့ ဇော်ထွဲက ပြန်ပြောပြပါတယ်။ ရွှေတူးပြီးရင် မြေတွေ ပြန်ဖို့ပေးမယ်၊ သစ်ပင်တွေလည်း ပြန်စိုက်ပေးပြီး မြစ်ကမ်းဘေးမှာ ရေကာနံရံတွေ ဆောက်ပေးဦးမယ် ပြောတယ်။


မြစ်ဆုံမှာ ယွပ်ဇော်ခေါင် ဆက်ပြီး ရွှေတူးတာကို ခွင့်ပြုကြောင်း သူအပါအဝင် တက်ရောက်လာတဲ့ ဒေသခံတွေက ဝန်ခံလက်မှတ်ထိုးဖို့ WMR က အဲဒီတွေ့ဆုံပွဲမှာ ဖိအားပေးခဲ့ကြောင်း သူက ဆိုပါတယ်။ မင်းတို့က ရွာသူရွာသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် လာတက်ကြတာပဲ။ မင်းတို့ ပြောရင် သူတို့ နားဝင်မှာပါ။ ဒီပြဿနာကို အခုပဲ အဆုံးသတ်နိုင်အောင် မင်းတို့ လက်မှတ်ထိုးသင့်တယ် ဆိုပြီး WMR ကိုယ်စားလှယ်တွေက ပြောကြောင်း ဇော်ထွဲက ပြန်ပြောပြပါတယ်။ ကျနော်တို့ သဘောတူလာအောင် သူတို့က ပရိယာယ်မျိုးစုံသုံးပြီး အမျိုးမျိုး ဖိအားပေးကြတယ်။

ဒါပေမယ့် တက်ရောက်လာတဲ့ ဒေသခံတွေက လုံးဝ လက်မှတ်မထိုးခဲ့ကြပါဘူး။


အဲဒီနေ့က တွေ့ဆုံပွဲကို WMR ကိုယ်စားလှယ်ငါးဦး တက်ရောက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ WMR အဖွဲ့ဝင်တဦးက ပြောပြပါတယ်။ အဲဒီထဲမှာ ကချင်လူထုအပေါ် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တဦးလည်းဖြစ်၊ WMR ရဲ့ နာယကလည်း ဖြစ်တဲ့ သိက္ခာတော်ရဆရာတော် ခလမ်း ဆမ်ဆွန်လည်း တဦးအပါအဝင်ပါ။ ဆရာတော်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့  ဥက္ကဌလည်း ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကချင်လူမျိုးတွေအတွက် KBC က အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းတခုပါ။


(၂၀၂၁) ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့တဲ့ မြစ်ကြီးနားမြို့နယ်ထဲက နောင်ပုံဘုရားကျောင်းဖွင့်ပွဲမှာ ဆရာကြီး ခလမ်း ဆမ်ဆွန်ကို ယွပ်ဇော်ခေါင်နဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။ (၂၀၁၈) ခုနှစ် ဘုရားကျောင်း စတင် တည်ဆောက်ချိန်မှာ ယွပ်ဇော်ခေါင်က အလှူငွေတွေ လှူဒါန်းခဲ့ပြီး သူ့ရဲ့နာမည်ကို ဘုရားကျောင်းရှေ့မှာ ကဗျည်းရေးထိုးထားပါတယ်။

ဒီဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းဖို့ ဆရာတော်ခလမ်း ဆမ်ဆွန်ကို ခွင့်တောင်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။


WMR အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့သူ နောက်တဦးက လမိုင်ဂွမ်ဂျာပါ။ သူက ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့မှာ ယွပ်ဇော်ခေါင်နဲ့အတူ လက်တွဲလုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဆက်သွယ်ကြည့်တဲ့အခါ အလုပ်ရှုပ်နေကြောင်းသာ ထပ်တလဲလဲ ပြောနေပြီး နောက်ပိုင်းမှာ ဖုန်းလက်ခံဖြေကြားခြင်း မပြုတော့ပါဘူး။


မြစ်ဆုံဒေသခံတွေနဲ့ ကုမ္ပဏီကြား ပဋိပက္ခကို စကားဝိုင်းမှာ အဖြေရှာဖို့ WMR နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့က ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မရတဲ့အခါ WMR ရဲ့ မေတ္တာရပ်ခံချက်ကြောင့် နောက်ပိုင်းမှာ ယွပ်ဇော်ခေါင်ကိုယ်တိုင် လာရောက်ခဲ့ကြောင်း သိရပါတယ်။


ဒေသခံတွေအပေါ် ဖိအားပေးတာမျိုး မပြုလုပ်ခဲ့ပါဘူးဆိုပြီး WMR ပြောရေး ဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်းပါတယ်။ နှစ်ဖက်စလုံးက တဦးကိုတဦး အပြန်အလှန် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးနိုင်အောင် ကြိုးစားခဲ့တာပဲ ရှိပါတယ်။ ပြဿနာအရင်းအမြစ်က ဘာလဲဆိုတာ နှစ်ဖက်စလုံး နားလည်ဖို့၊ တဦးကိုတဦး အပြစ်မတင်ဖို့ လိုအပ်ပါတယ်။ အားလုံး ပါဝင်စဉ်းစား အဖြေရှာပြီး ဒီပြဿနာကို ဖြေရှင်းသင့်ပါတယ် လို့ သူက ဆိုပါတယ်။


မြစ်ဆုံမှာ ရွှေတူးနေတာနဲ့ ပတ်သက်လို့ KIO ကို ပေးပို့ခဲ့တဲ့ အကြောင်းကြားစာကြောင့် KIO က WMR ကို စေလွှတ်ခဲ့တာလားဆိုပြီး ဒေသခံတွေ သို့လောသို့လော ဖြစ်နေရပါတယ်။ ဒီလိုမျိုး မဟုတ်ပါဘူးလို့ WMR ဘက်က ငြင်းဆန်ထားပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောခွင့်မရှိဘူးလို့သာ ဆိုပါတယ်။


KIO ထံ အကြောင်းကြားစာ ပို့ခဲ့ပေမယ့် ဘာမှ ထူးမလာတဲ့အခါ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးခြင်းကို ကန့်ကွက်ကြောင်း ကြေငြာချက်တစ်စောင်ကို ဒေသခံတွေက အောက်တိုဘာလ (၁၈) ရက်စွဲနဲ့ လူသိထင်ရှား ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဒေသခံတွေအနေနဲ့ ကုမ္ပဏီရဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပိုမို ကြုံတွေ့ခံစားလာရကြောင်း ဒေသခံသုံးဦးက ပြောပြပါတယ်။


WMR ဘက်က နောက်ထပ် တွေ့ဆုံမှု တခု ထပ်လုပ်ဖို့ အကြောင်းကြားခဲ့ကြောင်း၊ ဒေသခံတွေဘက်က ငြင်းဆန်လိုက်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ WMR က ယွပ်ဇော်ခေါင်ရဲ့ ကိုယ်စားလှယ်လိုမျိုး ဖြစ်နေပြီဆိုပြီး သူတို့ ခံစားမိလာတာကြောင့်ဖြစ်ကြောင်း ဒေသခံတဦးက ရှင်းပြပါတယ်။


KIO နဲ့ သူတို့ရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ KIA က ဒေသဆိုင်ရာ အရာရှိတွေ တန်ဖရဲရွာကို ရောက်လာပြီး ဒီကြေငြာချက်ကို ဘယ်သူတွေ ရေးတာလဲလို့ လိုက်လံစုံစမ်းခဲ့ကြောင်း အဲဒီဒေသခံကပဲ ပြောပြပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO ဗဟိုအနေနဲ့ ဒီအကြောင်းကို မသိရှိရကြောင်း၊ မှတ်ချက်တစုံတရာ မပေးနိုင်ကြောင်း ဖြေကြားသွားပါတယ်။


ကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ အာဏာပိုင်တွေက ဒေသခံတွေနဲ့ တွေ့ဆုံနိုင်ဖို့ အကြောင်းကြားခဲ့ကြောင်း၊ ဒါပေမယ့် ဒေသခံတွေဘက်က ငြင်းဆန်လိုက်ကြောင်း တခြားဒေသခံတဦးက ပြောပြပါတယ်။

ကျနော်တို့က ကြေငြာချက်တောင် ထုတ်ပြီးပြီမို့ သူတို့နဲ့ ဆွေးနွေးစရာ မလိုတော့ဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အထင်မခံချင်ဘူး ဆိုပြီး ဒေသခံတွေက ဆိုပါတယ်။


Jadeland ကုမ္ပဏီကို ပေါ်ပေါ်ထင်ထင် ဝေဖန်ကန့်ကွက်နေတဲ့ ဒေဗသခံတဦးရဲ့ ဆိုင်ကယ်မှာ စာလုံးအနီရောင်နဲ့ ရေးသားထားတဲ့ စာတစောင်ကို လာထားသွားပါတယ်။ ဒီစာကို အမှန်တရားမျိုးချစ်အဖွဲ့ က ပေးတာလို့ ပြောထားပြီး သတင်းမှားတွေ ဖြန့်နေတာ ရပ်တန်းက ရပ်ဖို့ စာထဲမှာ သတိပေးထားပါတယ်။ ဒါက သူ့ကို ခြိမ်းခြောက်တာပဲဆိုပြီး လက်ခံရရှိတဲ့ ဒေသခံက သူ့ခံစားချက်ကို ပြောပြပါတယ်။


>>> ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်


အမျိုးသားညီညွတ်ရေးအစိုးရမှာ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး တာဝန်ယူထားသူ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလဲန်တူးခေါင်က မြစ်ဆုံဒေသအနီး Jadeland ကုမ္ပဏီရဲ့ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးနိုင်ကြောင်း ပြောပါတယ်။ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH က (၂၀၂၁) ခုနှစ် ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပါတယ်။


Jadeland ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ မကျေနပ်ချက်ကို အရေးယူဖို့ ဒါမှမဟုတ် စုံစမ်းစစ်ဆေးဖို့ NUG ရဲ့ တာဝန်မဟုတ်ဘူးလို့ ခလဲန်တူးခေါင် က ဆိုပါတယ်။ ပြည်နယ်အဆင့်ကိစ္စကို ပြည်ထောင်စုအဆင့်ကနေ ဝင်ရောက်ဆောင်ရွက်ဖို့ သင့်တော်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စကို ကိုင်တွယ်ဖို့ KPICT ကို ကျနော် အကြောင်းကြားထားပါတယ် ဆိုပြီး သူက ပြောပါတယ်။


KPICT ဆိုတာ ပြီးခဲ့တဲ့ မတ်လအတွင်း ပြည်တွင်း၊ပြည်ပ ကချင်အဖွဲ့အစည်းတွေ စုပေါင်းတည်ထောင်ထားတဲ့ အသင်းအဖွဲ့တခုပါ။ ကချင်လူမျိုးတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ကိုယ်စားပြုဖို့အတွက် ရည်ရွယ်ထားပါတယ်။


KIO၊ KIA ရဲ့ လုံခြုံရေး ထီးရိပ်အောက်မှာ ကချင်ဒေသကို အုပ်ချုပ်စီမံနိုင်ရေး အတွက် CRPH နဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လျက်ရှိကြောင်း KPICT ရဲ့ ပြောရေးဆိုခွင့်ရှိသူ အင်ဆန်ဂွမ်ဆန် က ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ အီးမေးတစောင်မှာ ဖော်ပြထားပါတယ်။


KPICT အနေနဲ့ ကချင်ပြည်နယ်တွင်းက ရွှေတူးဖော်မှုတွေကို ထဲထဲဝင်ဝင် စူးစမ်းလေ့လာနေပါကြောင်း၊ ဒါပေမယ့် မတည်မငြိမ် ဖြစ်နေတဲ့ ပြည်နယ်အခြေအနေ၊ ဘယ်ဘက်ကမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ နယ်မြေအနေအထားတွေကြောင့် တူးဖော်ရေး စံချိန်စံညွှန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတွေ ပြဌာန်းသတ်မှတ်ဖို့ စိန်ခေါ်မှုတွေ ရှိနေကြောင်း သူက ရှင်းပြပါတယ်။


ပြည်နယ်ရဲ့ ဘယ်နေရာမှာမဆို စစ်ကောင်စီက ခွင့်ပြုတိုင်း လက်လွတ်စပယ် ရွှေမတူးကြဖို့ ကျနော်တို့ ပြည်နယ်ထဲ နေထိုင်ကြသူအားလုံးကို အသိပေးထားပြီးသားပါ။ တကယ်လို့ ကျနော်တို့သာ အခုအတိုင်း ဆက်ပြီး တူးချင်သလို တူးနေကြဦးမယ်ဆိုရင် ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ တောတောင်အလှ၊ ကျေးလက်သဘာဝကို မြင်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး။


ဒါပေမယ့် KPICT က ယွပ်ဇော်ခေါင် ဒါမှမဟုတ် Jadeland ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ခဲ့တာမျိုးတော့ မရှိဘူးလို့ သူက ဆိုပါတယ်။ ရွှေတူးတာနဲ့ ပတ်သက်ပြီး ပြည်နယ်တခုလုံးစာ မြင်ကွင်းကျယ် ကြည့်တတ်ဖို့ အရေးကြီးကြောင်း၊ ရွှေတူးဖော်ရေး စီမံကိန်းကြီးတွေမှာ အဓိက ထောက်ပံ့နေသူ၊ ခွင့်ပြုပေးနေသူတွေကို စုံစမ်းဖော်ထုတ်ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ရွှေတူးတာနဲ့ ပတ်သက်လို့ ယွပ်ဇော်ခေါင် တဦးတည်းကိုပဲ ကွက်ပြောနေလို့ မရပါဘူး။


Jadeland ကုမ္ပဏီအနေနဲ့ ရွှေတူးဖော်ခွင့်ကို NLD အစိုးရလက်ထက်မှာ ရရှိခဲ့တာ မှန်ပေမယ့် မြစ်ဆုံဒေသ ပျက်စီးမယ့်အရေးကို KPICT က ခွင့်ပြုမှာ၊ လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မြစ်ဆုံနားမှာ ရွှေတူးနေကြတဲ့ Jadeland နဲ့ တခြားကုမ္ပဏီတွေက ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ပြန်လည်ပြင်ဆင်လို့ မရနိုင်မယ့် ပျက်ဆုံးဆုံးရှုံးမှုတွေ ဖြစ်စေတယ် လို့ သူက ရှင်းပြပါတယ်။


>>> ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာကလည်း တော်လှန်ရေးပဲ


KIO ရဲ့ ထိန်းချုပ်မှုအောက်က ဒေသအားလုံးမှာ ရွှေတူးဖော်မှုကို တားမြစ်ကြောင်း KIO က (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ မြစ်ဆုံအပါအဝင် သူတို့ထိန်းချုပ်မှု အပြင်က ဒေသတွေမှာ ရွှေတူးဖော်နေမှုကိုတော့ မတားမြစ်နိုင်သလို ခွင့်ပြုပေးလို့လည်း မရဘူးဆိုပြီး ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။


သဘာဝပတ်ဝန်းကျင် ဒါမှမဟုတ် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်အပေါ် ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်အားလုံးကို KIO က ဆန့်ကျင်ပါတယ်။ ဒါပေမယ့် KIO ရဲ့ ထိန်းချုပ်မှုအပြင်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်လို့တော့ မရနိုင်သေးဘူး လို့ သူက ပြောခဲ့တာပါ။


မြစ်ဆုံမှာ ရွှေတူးဖော်နေမှုအပေါ် KIO ရဲ့ ထိန်းချုပ်မှု မရှိဘူးဆိုပေမယ့် ပြည်နယ်အနှံ့က တခြားစီမံကိန်းတွေနည်းတူ မြစ်ဆုံရွှေတူးဖော်ရေး လုပ်ငန်းတွေကိုလည်း KIO က အခွန်ကောက်ခံလျက် ရှိကြောင်း သူက အတည်ပြုပါတယ်။


ရွှေတူးဖော်နေမှုက ကျနော်တို့အားလုံးနဲ့၊ ကချင်နိုင်ငံတော်နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခွန်ကောက်တာပါ။ အခွန်ကောက်ခံတယ်ဆိုတာ လက်တွေ့မြေပြင်က လက်အောက်ခံတပ်တွေ ပုံမှန်အတိုင်း လုပ်ဆောင်ရတဲ့ ကိစ္စအသေးအဖွဲသာ ဖြစ်ပြီး မြစ်ဆုံရွှေတူးဖော်ရေးလုပ်ငန်းတွေအပေါ် အခွန်ကောက်ခံတဲ့ အသေးစိတ်အချက်အလက်တွေကို သူ မသိရှိကြောင်း ပြောခဲ့ပါတယ်။


KIO အနေနဲ့ သီးခြားနယ်မြေတခုအတွက် ရွှေတူးဖော်ရေး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ အခက်တွေ့ရကြောင်း၊ ဒါကြောင့် ပြည်နယ်တခုလုံးစာ ခြုံငုံမယ့် မူဝါဒတွေ ရေးဆွဲနေကြောင်း၊ ဒါပေမယ့် စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ ဒါက လွယ်ကူတဲ့ ကိစ္စတခု မဟုတ်ကြောင်း သူက ရှင်းပြပါတယ်။ အခုချိန်မှာ အရေးကြီးဆုံးက တော်လှန်ရေးကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်နိုင်ဖို့ပဲ လို့ သူက ဆိုပါတယ်။


ဖေဖော်ဝါရီလ (၆) ရက်နေ့ ကမ္ဘာ့ကချင်ကွန်ဂရက် (WKC) က ဦးဆောင်ကျင်းပခဲ့တဲ့ ဗီဒီယိုဆွေးနွေးပွဲတခုမှာ KIO ရဲ့ အထွေထွေအတွင်းရေးမှူးကြီး ကွမ်ထပ်ထိန်နန်က ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထပ်မံ ခွင့်ပြုပေးခဲ့ကြောင်း၊ မြစ်ဆုံဒေသကို ခရီးသွား အပန်းဖြေစခန်းအဖြစ်၊ သဘာဝ ပန်းခြံကြီးအဖြစ် ပြုပြင်မွမ်းမံဖို့ အစီအစဉ်တွေ ရှိကြောင်း သူက ပြောကြားခဲ့ပါတယ်။


စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းမအားကြောင်းသာ တွေ့ရှိရပါတယ်။


ရွှေတူးဖော်မှုကြောင့် သမိုင်းဝင် သဘာဝပတ်ဝန်းကျင်ဒေသကို ထိခိုက်မှု ရှိလာမှာ၊ ဒေသခံတွေ ဒုက္ခရောက်မှာ ပြည်သူတွေ စိုးရိမ်နေကြတယ်ဆိုတာ သိရှိထားပါကြောင်း ကွမ်ထပ်ထိန်နန်က ဆိုပါတယ်။ အရင်တုန်းကလည်း ရေအားလျှပ်စစ် စီမံကိန်းကြီး ဆောက်ဖို့ စီစဉ်ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်နိုင်ခဲ့ကြပါတယ်။ အခုလည်း အဲဒီဒေသမှာ နောက်ထပ် ပြဿနာတခု ပေါ်လာပြန်ပါပြီ။ စစ်ကောင်စီဘက်က တခြား ဘယ်လို အစီအစဉ်တွေ ရှိနေဦးမလဲဆိုတာ ကျနော်တို့ စုံစမ်းလေ့လာနေပါတယ် လို့ သူက ဆိုပါတယ်။


ကွမ်ထပ်ထိန်နန်ရဲ့ အဆိုအရ မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေမှု အားလုံး ရပ်ဆိုင်းဖို့ KIO မြစ်ကြီးနား ရုံးက အမိန့်ပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက ဒီအမိန့်ကို လိုက်နာခြင်း မရှိကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက အမည်နာမ တစုံတရာ ထည့်သွင်းပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။


စီးပွားရေးသမားတွေရဲ့ လုပ်ရပ်က ခေတ်မကောင်းတာကို အခွင့်အရေးယူသလို ဖြစ်နေပါတယ်။ သူတို့ ပြောနေတာ အမှန်လား၊ ဒါမှမဟုတ် လိမ်နေသလားဆိုတာ ကျနော်တို့ အနီးကပ် စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ် လို့ မြစ်ဆုံဒေသမှာ သဘာဝပန်းခြံ တည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး သူက မှတ်ချက်ပေးပါတယ်။


မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှု အားလုံး ရပ်ဆိုင်းဖို့ အမိန့်တစုံတရာ မထုတ်ပြန်ခင်မှာ KIO ဗဟိုကော်မတီအနေနဲ့ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်နေဆဲ ဖြစ်ကြောင်း သူက ဆိုပါတယ်။

မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေမှုနဲ့ ပတ်သက်ပြီး KIO အနေနဲ့ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးတာကို မြင်လိုကြောင်း ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။


လောလောဆယ် ကျနော်တို့မှာ တရားဝင်အစိုးရ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေရဲ့ ဆန္ဒကို ကောင်းကောင်းကြားနိုင်မယ့်နေရာမျိုး မရှိသေးတာပါ လို့ မုန်းကြိန်ရောဒ်ဂျပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ဆိုပါတယ်။ ဒါကြောင့်ပဲ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးတွေကို ကာကွယ်ပေးနေတဲ့ KIO ကသာ ဒီကိစ္စအတွက် အဓိကတာဝန်ရှိမယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့ KIO ကို ယုံကြည်ပါတယ်။ မြစ်ဆုံဒေသရဲ့ ရေရှည် တည်တံ့မှုကို မျှော်တွေးပြီး ရွှေတူးဖော်နေမှုတွေ ရပ်တန့်ပစ်ဖို့ကို သူတို့ရဲ့ အကြီးဆုံး တာဝန်သဖွယ် သဘောထားပေးကြပါလို့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။


KIO အနေနဲ့ တော်လှန်ရေး အောင်မြင်ပြီး မေခနဲ့ မလိခမြစ်တွေ ပျက်စီးသွားပြီဆိုရင် တော်လှန်ရေး အောင်မြင်တာ ဘာအကျိုးရှိတော့မလဲ လို့ သူက ထောက်ပြပါတယ်။


ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တော်လှန်ရေးဆင်နွှဲရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို တပါတည်း ဆောင်ရွက်ရမယ်လို့ ဇော်ထွဲလည်း ယူဆပါတယ်။ ကချင်ပြည်နယ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရပြီးမှ ဘာမှမကျန်တော့ဘူးဆိုရင်လည်း အလကားပဲလေ။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နေတာကလည်း တော်လှန်ရေးပါပဲ လို့ သူက ဆိုခဲ့ပါတော့တယ်။


EMILY FISBHEIN, JAW TU HKAWNG, NU NU LUSAN and JAUMAN NAW


(This article was supported by the Pulitzer Center Rainforest Journalism Fund.)


မူရင်း -

https://www.frontiermyanmar.net/en/kachin-tycoon-draws-controversy-over-mining-at-myitsone/


Disclaimer

-------------------

အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀ အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်း နှင့် ဆောင်းပါး ရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း ၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။


ဆက်ဖတ်ရန် →

စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်

​ဘီးလင်းရွှေရောင်ပြရွာအနီး တိုက်ပွဲမဖြစ်ဘဲ  စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့်  ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို၊ မြင်မြင်သမျှ ပစ်သတ်ရန်နှင့်ရွာမီးရှို့ရန် စစ်သားများ ကြွေးကြော်ဆဲဆို (ရုပ်/သံ)


ရန်ကုန်၊ မတ် ၃၀ 

ခေတ်သစ်မီဒီယာ

မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြား၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန် နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။ 


ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီယိုဖိုင်ကို စစ်တပ်ဘက်က ရိုက်ကူးထားခြင်းဖြစ်သည်။


ယင်းဗီဒီယိုတွင် စစ်သားများက မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ရန် ၊ ရွာကို မီးရှို့ရန် ဆဲဆို ပြောဆိုနေသည်ကို မြင်တွေ့ရသည်။


စစ်တပ်က ပစ်သတ်လိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့သည် သုံးဘီးယာဉ်တွင် လိုက်ပါလာကြခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်မှုကိုကြောက်၍ လမ်းဘေးတွင် ဆင်း၍ ဝပ်နေစဉ် ပစ်ခတ် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။


ဆက်ဖတ်ရန် →

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား၊ အညံ့မခံဘဲ အသေခံတိုက်ခိုင်းတဲ့သဘောလို့ ဆို


ရန်ကုန် | မတ် ၃၀

ခေတ်သစ်မီဒီယာ

အာဏာသိမ်းစစ်ကောင်စီလက်အောက် ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံရပါက လက်နက်ချအညံခံတာတွေ၊ စခန်းကိုစွန့်ခွာထွက်ပြေးတာတွေ မလုပ်ကြဖို့ ညွှန်ကြားထားတဲ့ စစ်ကောင်စီကြေးနန်းစာတစ်စောင်ကို Myanmar Police CDM Channel က ထုတ်ပြန်ပါတယ်။ 


ရဲစခန်း၊ ရဲကင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ကြိုတင်စည်းရုံးသိမ်းသွင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း အဆိုပါ စစ်ကောင်စီကြေးနန်းညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။


ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ပူးပေါင်းပြီး တပ်တွင်းသတင်းပေးတာတွေ၊ အလစ်အငိုက်တိုက်ခိုက်ခံရရင် လက်နက်ချအညံခံတာနဲ့ စခန်းစွန့်ခွာတာတွေလုပ်နေတယ်လို့လည်း အဆိုပါကြေးနန်းက ဆိုပါတယ်။


တပ်တွင်းစည်းလုံးမှုမပြိုကွဲဖို့နဲ့ တပ်ဖွဲ့ဝင်တွေ NUG၊ PDF အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေမလုပ်စေဖို့အတွက် ကြပ်မတ်‌ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတာတွေ့ရပါတယ်။


"စခန်းမစွန့်နဲ့ မင်းတို့ အသေခံတိုက်ဆိုတဲ့သဘောပဲ။ အသေခံတိုက်။ သေချင်လည်း သေပါစေ မင်းတို့ စခန်းကို ရအောင် ပြန်တိုက်လို့ ပြောတာပါပဲ။ မင်းတို့အသက်ထက် စခန်းမကျဖို့က အရေးကြီးတယ်ပေါ့။ ညွှန်ကြားချက်က အဲဒီအဓိပ္ပာယ်ပဲ" လို့ CDM စစ်သားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။


ဆက်ဖတ်ရန် →

BeeXprss, ကြံ့ခိုင်ရေးပါတီနဲ့ UMG, Openmind တို့ရဲ့ ဆက်နွယ်မှု

​28 MAR, 2022

UMG ရဲ့ နာမည်ကြီး လုပ်ငန်းအများစုတွေထဲမှာ ရန်ကုန် ရှုခင်းသာမှာရှိတဲ့ Yangon Waterboom, နောက် ‘တောင်သူရွှေခတ်’ မြေသြဇာထုတ်လုပ်တာ၊ myDoctor လို နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အပြင် Volvo, Hitachi, SDLG နဲ့ Sunward တို့လို စက်ကြီးတွေ တင်သွင်းဖြန့်ချိတာလည်း ရှိပါသေးတယ်။

‘၇၇ နှစ်မြောက် တပ်မတော်နေ့’ လို့ စာရေးပြီး မြန်မာနိုင်ငံအလံ နောက်ခံနဲ့ စစ်သားတချို့ အလေးပြုနေပုံ၊ သေနတ်ကိုင်ထားပုံတွေပါတဲ့ ဓာတ်ပုံတစ်ပုံကို ရန်ကုန်အခြေစိုက် ပါဆယ်ဝန်ဆောင် ကုမ္ပဏီတစ်ခုက Facebook ပေါ် တင်ခဲ့လို့ အင်တာနက် အသုံးပြုသူများ အကြား ဂယက် ထ သွားခဲ့ပါတယ်။ 

အဲ့ဒီနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ရာကနေ “မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းနဲ့မျှ ပတ်သတ်ဆက်နွယ်ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပိတ်ရက်များအား ပုံမှန်တင်နေကျဖြစ်ပါသဖြင့် ချစ်လှစွာသော Customer များအား အထင်လွှဲမှားစေသည့် post အား မှားယွင်းပေါ့ဆစွာ တင်ခဲ့မှုကြောင့် BeeXprss မှအနူးအညွှတ် တောင်းပန်အပ်ပါကြောင်း” ဆိုပြီး နာရီပိုင်းအကြာမှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ 

ဒါပေမယ့်  စစ်တပ်က အာဏာသိမ်းထားချိန်၊ ပြည်သူအများစုက စစ်ကောင်စီကို ရွံမုန်းနေချိန်မှာ  တပ်မတော်နေ့ဆိုပြီး စာတင်ခဲ့ခြင်းက BeeXprss အတွက် စွန့်စားလွန်းရာ ကျပါတယ်။ သူတို့ Facebook စာမျက်နှာမှာ အင်တာနက် အသုံးပြုသူတွေက အုံနဲ့ကျင်းနဲ့ ဝေဖန်ပြောဆိုကြပြီးတဲ့နောက် BeeXprss ဟာ နဂိုပို့စ်ကို ဖြုတ်ပစ်လိုက်သလို ပေးလာတဲ့ Comment တွေကို ဖျက်ပစ်တာတွေထိ လုပ်ခဲ့ပါတယ်။ 

တကယ်တော့ BeeXprss ဟာ အာဏာသိမ်းစစ်တပ်နဲ့ ‘တိုက်ရိုက်’ ပတ်သက်နေသလား ဆိုတာကိုတော့ တိကျရေရာတဲ့ သက်သေမတွေ့ရပါဘူး။ Beexprss ရဲ့ တကယ့် မိခင်ကုမ္ပဏီကတော့ စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပြီး ရန်ကုန်က လူသိများတဲ့ လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ပါတယ်။

သူကတော့ UMG ပဲဖြစ်ပါတယ်။ UMG ဟာ မြေသြဇာထုတ်လုပ်တာ၊ စားသောက်ကုန်ထုတ်လိုက်တာ၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုပေးတာ၊ စက်ကြီးတွေ ငှားရမ်းတာ၊ ကစားကွင်း စီးပွားရေးကနေ နောက်ဆုံး ကြော်ငြာ မားကက်တင်း အေဂျင်စီအထိ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်တဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ပထမပတ်က စမ်းချောင်းမှာ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ မြေကော်စက်၊ မြေတူးစက် စတဲ့ စက်ကြီးတွေအသုံးပြုတာတွေ ရှိခဲ့ပြီး ဒီစက်တွေဟာ UMG က စက်တွေလို့ နာမည်ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် “UMG Group of Companies မှ တင်သွင်းဖြန့်ချိလျှက်ရှိသော စက်ယန္တရားဆိုင်ရာ Brand အမှတ်တံဆိပ်များသည် ယခု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူလူထုအား အကြမ်းဖက် နှိမ်နင်းသည့် နေရာများတွင် အသုံးပြုသည့် စက်ယန္တရားများ၌ တွေ့ရှိရသော Brand အမှတ်တံဆိပ်များ မပါဝင်ကြောင်း” ဆိုပြီး ပြီးခဲ့တဲ့နှစ် မတ် ၂ က ထုတ်ပြန်ခဲ့ပါတယ်။  


UMG ရဲ့ နာမည်ကြီး လုပ်ငန်းအများစုတွေထဲမှာ ရန်ကုန် ရှုခင်းသာမှာရှိတဲ့ Yangon Waterboom, နောက် ‘တောင်သူရွှေခတ်’ မြေသြဇာထုတ်လုပ်တာ၊ myDoctor လို နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အပြင် Volvo, Hitachi, SDLG နဲ့ Sunward တို့လို စက်ကြီးတွေ တင်သွင်းဖြန့်ချိတာလည်း ရှိပါသေးတယ်။   

UMG ကို အာဏာသိမ်း စစ်တပ်နဲ့ တွဲစပ်ပြီး ဝေဖန်ကြပေမယ့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေမှုမျိုးကို လတ်တလော မတွေ့ရှိရပါ။ ဒါပေမယ့် UMG ရဲ့ မားကက်တင်းနဲ့ ကြော်ငြာအေဂျင်စီဖြစ်တဲ့ Openmind ကုမ္ပဏီလီမိတက်ကတော့ ဟိုးအရင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အလုပ်လုပ်ပေးခဲ့ဖူးကြောင်း တွေ့ရှိရပါတယ်။


● UMG ရဲ့ Openmind Co., Ltd 


Openmind ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီးတော့ UMG ရဲ့ အဓိက လုပ်ငန်းတွေထဲက လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ကြော်ငြာ၊ မားကက်တင်း၊ ဒီဂျစ်တယ်မားကက်တင်း၊ မားကက်တင်းသုတေသန စတဲ့ ဝန်ဆောင်မှုတွေ လုပ်ပါတယ်။ 


Facebook ရဲ့  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာက ထုတ်ပြန်ချက်အရ Openmind နဲ့ဆက်စပ်နေတဲ့ Facebook Page ၆ ခု၊ အကောင့်ပေါင်း ၃၆ ခု၊ Facebook Group ၂ ခုနဲ့ Instagram အကောင့် ၁ ခုတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 


အဲ့ဒီ အကောင့်များဟာ “မြန်မာနိုင်ငံရှိ PR အေဂျင်စီဖြစ်သည့် Openmind နှင့် ချိတ်ဆက်နေ” တယ်လို့ Facebook က ဆိုပါတယ်။ ဒါ့အပြင် “ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံရှိ ပြည်တွင်းပရိသတ်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ အစစ်အမှန် မဟုတ်တဲ့ သံသယရှိဖွယ် အပြုအမူတွေကို စုံစမ်းစစ်ဆေးရာမှာ ဒီကွန်ရက်ကို တွေ့ရှိခဲ့သည်” လို့ Facebook က ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

Openmind နဲ့ ချိတ်ဆက်နေတယ်လို့ Facebook က ပြောတဲ့ အကောင့်တွေဟာ အနီရောင် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးတည်တိုက်ခိုက်ပြီး အစိမ်းရောင် - ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဦးစားပေးရွေးချယ်ဖို့ ဝါဒဖြန့်လှုံ့ဆော်တဲ့ စာတွေ၊ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ တောက်လျှောက်တင်ခဲ့တာ ဖြစ်ပါတယ်။


စာဖတ်သူများ သိကြတဲ့အတိုင်း အနီရောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆိုလိုတာ ဖြစ်ပြီး အစိမ်းရောင်ကတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ 


မှတ်တမ်းများအရ အနီရောင်ကို ဦးတည်တိုက်ခိုက်တဲ့ Facebook စာမျက်နှာတွေထဲမှာ ‘စေ့စပ်သေချာ မဲပေးပါ’၊ ‘Free To Talk’၊ ‘USDP Women Committee’ နဲ့ Brighter Future စာမျက်နှာတို့ဖြစ်တာကို တွေ့ရပါတယ်။ ဒီထဲမှာ USDP Women Committee သာ ကျန်နေသေးပြီး အခြား စာမျက်နှာတွေကတော့ လက်ရှိအချိန်မှာ မရှိတော့ပါဘူး။ 


ရွေးကောက်ပွဲမှာ USDP အောင်နိုင်ရေးအတွက် ဝါဒဖြန့်နေတဲ့ ဒီ အကောင့်တုတွေဟာ Openmind နဲ့ဆက်စပ်နေတယ်လို့ Facebook က ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ မယမင်းမြင့်ဆွေက ဒီလိုကိစ္စတွေကို သူ မသိတဲ့အကြောင်း ငြင်းဆိုခဲ့ဖူးပါတယ်။ 


ဒါ့အပြင် Openmind ကလည်း သူတို့အနေနဲ့ ဒီလိုမျိုး နိုင်ငံရေးကိစ္စတွေမှာ မပါဝင်သလို USDP အတွက် အကောင့်တွေကလည်း သူတို့လုပ်တာ မဟုတ်ကြောင်း သူတို့ Facebook ကနေ ကြေညာခဲ့တယ်လို့ Reuters သတင်းဌာနက ၂၀၂၀ နိုဝင်ဘာ ၆ က ရေးသားခဲ့ဖူး ပါတယ်။ 

ဒါပေမယ့် Openmind ရဲ့ အဲ့ဒီ ထုတ်ပြန်ချက်ကိုတော့ ခုချိန်မှာ သူတို့ Facebook ပေါ်မှာ ရှာမတွေ့တော့ပါဘူး။ 

● Openmind ကို ဘယ်သူတွေ ဦးဆောင်သလဲ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ ဖော်ပြချက်အရ Openmind ကို ဦးဆောင်သူ ဒါရိုက်တာတွေထဲ အင်ကြင်းဆွေ၊ မာလာဝင်း၊ သက်ထားရွှေစင် နဲ့ သင်းရတီရွှေစင်တို့ကို တွေ့ရပါတယ်။ ဒီထဲက ဒေါ်မာလာဝင်း၊ သက်ထားရွှေစင်နဲ့ သင်းရတီရွှေစင်တို့ဟာ UMG ရဲ့ ဒါရိုက်တာတွေလည်း ဖြစ်ပြန်ပါတယ်။ 

ဒေါ်မာလာဝင်းရဲ့ အမျိုးသားဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသား Kiwis Aliwarga ကိုတော့ DICA ရဲ့ မှတ်ပုံတင်စာရင်းထဲ တရားဝင်ဖော်ပြထားတာ မတွေ့ရပေမယ့် UMG ရဲ့ Facebook ပို့စ် တစ်ခုမှာတော့ ဦးကီဝီ (CEO) + ဒေါ်မာလာဝင်း (Chairwoman) (UMG Group of Companies) လို့ ရေးသားထားတာ တွေ့ရပါတယ်။  

 

● UMG ၏ Win Food ကုမ္ပဏီပြဿနာ

အာဏာသိမ်းကာလအတွင်း စက်ရုံကို ယာယီပိတ်သိမ်းမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်  UMG ကုမ္ပဏီလုပ်ငန်းစုရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Win Food စားသောက်ကုန်ထုတ်စက်ရုံကနေ အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်။ 

ဘာကြောင့်လဲဆိုရင် စက်ရုံပိတ်ထားတဲ့ကာလမှာ အလုပ်သမားအခွင့်အရေး ရဖို့ တိုင်စာပို့ တောင်းဆိုတဲ့အတွက်ပါ။ စက်ရုံပိတ်ထားတဲ့ကာလမှာ အနည်းဆုံး အခကြေးငွေ ခံစားလိုတာကို အလုပ်သမား ၇ ဦးက ကုမ္ပဏီနဲ့ သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ထွေအုပ်၊ လူဝင်မှု ကြီးကြပ်ရေးတို့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်က တိုင်ခဲ့ဖူးပါတယ်။ 

အဲ့ဒီလို အလုပ်သမားအခွင့်အရေး လိုချင်လို့ တိုင်ကြားခဲ့တဲ့ အလုပ်သမားတွေကို UMG ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ Win Food က အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

https://mmsentiment.com


ဆက်ဖတ်ရန် →