အဲ့လောက်ကြီးမစွပ်ပါနဲ့တဲ့😅
စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ်(စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။
စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီးစင်ကာပူကိုထုတ်ပေးနေကြတာ။
သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundryလုပ်ပေးတာ။
မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာအများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။
ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။
သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ်။
စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ်ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။
မန္တလေးမှာ ဒေါ်သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။
မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။
ဖားကန့်ကကျောက်ကုမ္ပဏီ
စင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး)
မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေ
မေမြို့ကနွယ်ဝတီဟိုတယ်
ဒါတွေအားလုံးကိုအမျိုးအဆွေတွေကနာမည်ခံပြီးလုပ်ပေးနေတာပဲ။
ပုံ-၁ သန်းသန်းနွယ်ယောင်းမ မီမီသန့်။
ပုံ-၂ စိုးဝင်းယောက်ဖ သန်းသန်းနွယ်မောင်အရင်း
အဲကြောင့် ဘာပဲဖြစ်ဖြစ် ငါတို့အမြစ်ဖြတ်နိုင်မှ ငါတို့နိုင်မှ ဖြစ်မယ်ဆိုတာပဲ...
မူရင်းလင့် https://m.facebook.com/story.php?story_fbid=453656569819094&id=100055242657018
ရန်ကုန်၊ မတ် ၁၁
လူငယ့်ခေတ်
အာဏာရှင်ဟောင်းဦးနေဝင်း၏မြေး ကျော်နေဝင်းပိုင်ဆိုင်သည့် Omni Focusကုမ္ပဏီလက်အောက်ရှိ YBSကားတစ်မှာ ယနေ့ ညနေပိုင်းတွင် ဗုံးခွဲခံရကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီးရှိYBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ခရီးသည်မပါဘဲရပ်ထားသည့် Omni Foucs YBS နံပတ် ၂၀ ယာဉ်တစ်စီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
"လူအထိအခိုက်တော့ မရှိဘူးကြားတယ်။ ပေါက်ကွဲသံတော့ခပ်ဝေးဝေးကနေ ကြားရတယ်"ဟု လှိုင်သာယာမြို့နယ်၊ သမကုန်းအနီးနေထိုင်သူတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကားအချို့အား တားဆီး စစ်ဆေးနေကြောင်းသိရသည်။
အဆိုပါ Omni Focusပိုင် YBS ကားမှာ ယခင်ကလည်း မီးရှို့ ဖျက်ဆီးခံရခြင်း၊ ဗုံးခွဲ တိုက်ခံရခြင်းနှစ်ကြိမ်ရှိခဲ့ကာ ယခုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဦးနေဝင်း၏မြေးများမှာ လက်ရှိ အကြမ်းဖက် အာဏာသိမ်းကောင်စီကို အားပေး ထောက်ခံနေသူများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များအား အကြမ်းဖက်အဖွဲ့ဟု ထုတ်ဖော်စွပ်စွဲလေ့ရှိသည်။
စစ်ကောင်စီအား ထောက်ခံအားပေးနေသည့်အတွက် Omni Focusလက်အောက်ရှိ YBSကားများအား စီးနင်းမှု မပြုလုပ်ရန် တော်လှန်ရေး အင်အားစုများကတိုက်တွန်းထားသည်။
ဓာတ်ပုံ- ရန်ကုန်အနောက်ပိုင်းခရိုင် ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ရပ်နားထားသည့် Omni Focus ပိုင် YBS ၂၀ ယာဉ်အချို့
#M21 #Lungekhit #YBS
ဥရောပ ပါလီမန်က NUG ၊ CRPH နှင့် NUCC ကို မြန်မာပြည်သူများ၏ ဒိမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထောက်ခံကြောင်း NUG လူအခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ကပြောသည်။
"ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာရေးအုပ်စုတွေအပေါ် အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အဓိက အထောက်အထားပြု ဖော်ပြထားခဲ့ပါတယ်။ အရေးယူပိတ်မှုထဲမှာ ဗဟိုဘဏ် အပါအဝင် အခြားလုပ်ငန်းတွေကိုပါ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။" ဟု ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။
အဆိုပါဆုံးဖြတ်ချက်ကို ဥရောပပါလီမန်မှ မတ်လ (၁၀)ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပလွှတ်တော်၏ ထုတ်ပြန်ချက်တွင် NUCCကို အသိအမှတ်ပြု ထောက်ခံလာ ခြင်းသည် ထူးခြားချက်ဖြစ်ကြောင်းလည်း ဉီးအောင်မျိုးမင်းက သုံးသပ်သည်။
စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေအကျဉ်းသား အားလုံးကိုလွှတ်ပေးရန်လည်း ဥရောပ ပါလီမန်တွင် ထပ်မံတောင်းဆိုတားကြောင်းလည်း သိရသည်။
ဓာတ်ပုံ/ ဖေဖော်ဝါရီ လအတွင်းက ပြုလုပ်ခဲ့သည့် ဥရောပပါလီမန်အစည်းအဝေးတခု
#UNacceptNUGrejectMilitary
#DavidDT
#P08 #Lungekhit #NUG #NUCC
SP နော် SP
ဒို့ပြည်သူတွေညီရဲ့လားဟေ့
ရုံတင်မယ့်ကားတွေမှာပါမယ့်သူတွေကလဲ
ကြောင်စည်သူနဲ့ဇိုးပြတ်သူစါ
မိုးကြံဖွန်နဲ့ဖင့်အသနီလောင်
ဇိုင်ဇိုင်းနဲ့မီးပူမ
မကြည့်ဖူး
ဦးကွန်းဆဲလိမ့်မယ်
နွားသိုး သည်,နန်းတော်ထဲသို့ ဝင်ရောက်နိုင်သဖြင့် ဘုရင်မဖြစ်နိုင်၊ နန်းတော်သည်သာနွားတင်းကုတ်ဖြစ်သွားမည်။
#Sedef Kabas ( တူရကီစာရေးဆရာမ)..
crd: KKMM
မပြီးသေးဖူး အဲ့နွားသိုးက တက်တက်ထိုင် ကို
တက်တက်ခံ ရာထူးထပ်ပေးလို့ ကြူခေါမ
ပေါက်ကွဲနေတယ်လို့ 🍉သတင်းထွက်
ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ
ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပါ။ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေခံစားနေရတာတွေအတွက် နိုင်ငံတကာကလည်းအခုထက် တိုးပြီး ချက်ခြင်းကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။
တကယ်လက်တွေ့ကျကျ အရေးယူဆောင်ရွက်လိုတဲ့ စိတ်ရှိတယ်ဆိုရင် ၂ ပတ်အတွင်းမှာတောင် လုပ်နိုင်တယ်ဆိုတာ ကျမတို့ ပြသခဲ့ပြီးဖြစ်ပါတယ်။ (ယူကရိန်းအရေးမှာ အီးယူက ပါ၀င်ကူညီမှုကို ဆိုလိုသည်)
မြန်မာ့အရေးမှာလည်း အချိန်မနှောင်းခင်မှာ ကျမတို့ လုပ်ကြရအောင်ပါ။
(Evin Incir )
၁၀/၃/၂၀၂၂
Digital News Wave
KKH🌏
မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။
တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။
တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို ဘတ်ဂီယာထိုးပြီး တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။
အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........
နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။
ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက် အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။
မိတ်ဆွေတယောက်ကလဲလှမ်းပြောတယ်။ ဒီမှာ မီးတွေပျက် နေတော့ အရင်တုန်းက မီးပျက်ရင် ခင်ဗျားရေးတဲ့ပို့စ်တွေကို တောင် သတိရတယ်တဲ့။
ဟုတ်တယ်ဗျလို့။ အရင်က မီးပျက်ရင် ပို့စ်တွေရေးဖြစ်တယ် အစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ဝန်ဆောင်မှု အားနည်း လို့၊ ဝန်ဆောင်မှု ပိုကောင်းလာအောင် ပြောဆိုရတာပေါ့ဗျာ။ အဲ့လို ဝိုင်းပြောကြရင် ဝန်ဆောင်မှုလေးများပိုကောင်းလာမ လားလို့ မျှော်လင့်ပြီး ပြောရဆိုရတာပေါ့။
ဒါပေမဲ့ အခုအချိန်မှာတော့ ဘာဝန်ဆောင်မှုကိုမှ မျှော်မနေနဲ့ တော့ဗျ။ အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူးဗျ။ တိုင်းပြည်ပျက်လို့၊ တိုင်းပြည်ကိုပျက် အောင်ဖျက်လိုက်ကြလို့ မီးပါပျက်သွားတာလို့ ပြန်ပြောဖြစ် ခဲ့တယ်။
ကိုရဲ 🇺🇸
နယ်မြေပိုင်စိုးသူကအစိုးရဖြစ်တယ်တဲ့
မအလတွေ မြေဩဇာဖြစ်တာအနည်းဆုံး ၁၂၀၀၀
🍉တွေကလဲဒင်းကြမ်းပဲ
အစိုးရအစစ်က ပြည်သူ့လက်ထဲမှာ
သစ်ငုတ်တောင်ဖြေးဖြေးချင်းနှဲ့ရင်
ကျွတ်ထွက်သေးတာပဲ
မအလတွေက ဘာသားနဲ့ထုထားတာမှတ်လို့
(ဖေ့ဘွတ်ပေါ်တင်ရေးရင်အပိတ်ခံရလွန်းလို့
ကိုယ်ပိုင်တဲ့စာမျက်နှာမှာတက်ရေးတာ😏)
စကားမစပ် မထက်ကနာမည်ခေါ်ပေးလား😅
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။
မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ် ၂ ရက်မှာ ဖော်ထုတ်လိုက်တာပါ။ Mi17 နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုပ်မယ့်နေရာကို ပို့ဆောင်ပေးနိုင်တဲ့အတွက် မြေပြင်က သွားရင် မိုင်းဆွဲခံရမယ့်ဘေးက ရှောင်နိုင်ပြီး ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်ပါတယ်။
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီးဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။
၂၀၁၁ မှာ Mi17 တစင်းက အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၄ သန်းက ၁၈ ဒဿမ ၄ သန်းဈေး ပေါက်ပါတယ်။ Mi17 ရဟတ်ယာဉ် အသစ်ဝယ်ဝယ်၊ တပတ်ရစ်ဝယ်ဝယ် ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို ဝယ်ယူပေးတဲ့ Dynasty International ထူထောင်သူဟာ ဒေါက်တာ အောင်မိုးမြင့်ဖြစ်ပြီး န-ဝ-တ န-အ-ဖ စစ်အစိုးရ လက်ထက်တုန်းကတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်ရဲ့သား ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းဆက်၊ နန်းဆက်လို့ အဓိပ္ပာယ်ရတဲ့ Dynasty ဆိုစကားနဲ့ နီးစပ်တဲ့ စစ်မျိုးစစ်နွယ်က စစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးတာပဲ ဖြစ်ပါတယ်။ Dynasty International ကို ၁၉၉၇ ခုနှစ်ကတည်းက ထူထောင်ထားတာပါ။
ဒေါက်တာအောင်မိုးမြင့်ဟာ ဘီလာရုစ်နဲ့ မြန်မာစစ်တပ်ကြားက လက်နက်ပွဲစားလည်းဖြစ်ပြီး ဘီလာရုစ်နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ ခန့်အပ်ခံရတယ်လို့ ဧရာဝတီသတင်းက ၂၀၂၁ အောက်တိုဘာမှာ ဖော်ပြဖူးပါတယ်။ ဒါတင်မက မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်ကုန်သည်ကြီးများနဲ့ စက်မှုအသင်းကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

သူဟာ Belarus နဲ့ ဆားဘီးယားနိုင်ငံတွေက သံချပ်ကာကားတွေ၊ စစ်လက်နက်ကိရိယာတွေ၊ လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ဒုံးလက်နက်တွေ တင်သွင်းသူလို့ ဆိုပါတယ်။
ဒေါက်တာအောင်မိုးမြင့် ဆက်သွယ်တဲ့ ရုရှားက Ural Avia ဟာ မြန်မာလေတပ်အတွက် ဝယ်ထားတဲ့ Yak နဲ့ Mi တိုက်ရဟတ်ယာဉ်အပါအဝင် တခြားလေယာဉ်တွေ ပြင်ဆင်တဲ့ ကုမ္ပဏီဖြစ်ပြီး Mi ရဟတ်ယာဉ်အစိတ်အပိုင်းတွေနဲ့ လေယာဉ်ပြုပြင်ရေးလုပ်ငန်းအထူးပြု ကုမ္ပဏီဖြစ်ပါတယ်။ ရဟတ်ယာဉ်အသစ်စက်စက်ရော အသစ်လို မွမ်းမံပြင်ဆင်ထားတဲ့ယာဉ်တွေကိုပါ ရောင်းချပါတယ်။
Mi8 နဲ့ Mi17 ရဟတ်ယာဉ်တွေကို ဝယ်ယူထားတဲ့ ဖောက်သည်တွေရဲ့ဥပစာမြေမှာ လိုက်လံပြင်ဆင်ပေးတယ်လို့လည်း Ural Avia က ကြေညာထားပါတယ်။ နေပြည်တော်လေတပ်စခန်းက ပြည်သူ့ဘက်ပြောင်းလာတဲ့ လေသူရဲ ဗိုလ်ကြီးဇေသူအောင်ကတော့ မြန်မာလေတပ်က ဝယ်ယူထားတဲ့ လေယာဉ်တွေကို overall တစ်စင်းလုံး ပြင်ဆင်ပြုပြင် မွမ်းမံဖို့ ရုရှားကို ပို့ရတယ်လို့ RFA ကို ပြောဖူးပါတယ်။
Dynasty International ဟာ အီးယူ-ဥရောပသမဂ္ဂနဲ့ အဆက်အသွယ်ရှိပြီး ဂျာမနီနိုင်ငံက Grob Aircraft လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက Grod G 120 P အမျိုးအစား လေ့ကျင့်ရေးလေယာဉ်တင်သွင်းတယ်လို့ Justice for Myanmar ကပြောပါတယ်။
လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်ဟာ ၂၀၁၅ ကစလို့ Grob G 120 P အစင်း ၂၀ တင်သွင်းတယ်လို့ဆိုပါတယ်။ အဲဒီ Grob လေယာဉ်တွေကို မနှစ်က မတ် ၂၇ ရက် စစ်ရေးပြ အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီက ပျံသန်းပြသတာပါ။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ Belarus က လက်နက်တွေ အကြီးအကျယ် တင်ပို့ပြီး မြန်မာစစ်တပ်နဲ့ စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဖွဲ့ထားပါတယ်။
Belarus က မြန်မာစစ်တပ်ကို Kvadrat-M SAM ဒုံးကျည်စနစ် ၂၀၁၆ က ပေးပို့ထားပြီး ၂၀၁၅-၁၆ မှာ 3M9 မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တရာတင်ပို့ပါတယ်။ ၂၀၁၉ မှာ ရုရှားလုပ် Mi24/Mi-35 တိုက် ရဟတ်ယာဉ် နှစ်စင်းတင်ပို့တယ်လို့ SIPRI- Stockholm International Peace Research Institute စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။
ဘိုင်လိုရုရှားလို့လည်း သိကြတဲ့ Belarus ဟာ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခွဲထွက်လာတဲ့ နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့စစ်ရေးဆက်ဆံမှုရှိပြီး စစ်ရေးနဲ့သိပ္ပံရေးရာ ပူးတွဲဆောင်ရွက်တဲ့ နိုင်ငံဖြစ်ပါတယ်။
ခု ယူကရိန်းနဲ့ ရုရှားပဋိပက္ခမှာ ရုရှားဘက်က ရပ်တည်တဲ့နိုင်ငံ ဖြစ်ရုံမက မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက မနှစ်က ဇွန်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ Belarus ဟာ ကန့်ကွက်မဲပေးခဲ့တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။
RFA..
စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဓါတုလက်နက်အသုံးပြုနေဟု PDFများပြော
—People's Spring
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ယင်းမာပင် မြို့နယ်များတွင် ဒေသခံကာကွယ်ရေးတပ်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်နေသည်ဟု တော်လှန်ရေးအဖွဲ့ အချို့ကထုတ်ပြန်သည်။
ဓာတု လက်နက်ကြောင့် ထိခိုက်ရသူ များသည် အလင်းဒဏ်မခံနိုင်ဖြစ်ကာ မျက် လုံးမဖွင့်နိုင်ဘဲ ဖြစ်ရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။
ကိုယ်တွေ့ကြုံခဲ့သော PDF အချို့ကမူ ထိုက်လက်နက်ကျည်ကျသောနေရာသို့ ဖြတ်သန်းသွားလျှင်အားအင်ကုန်ခမ်း လာပြီး မျက်ခွံများလေးလံလာကာ အိပ်ချင်လာသလို ၊ အငွေ့ရှုမိသူများမှာ စက္ကန့် အတန်ကြာ မလှုပ်နိုင်ဘဲ သတိ့လက်လွတ်ဖြစ်ကုန်သိ့ဟုပြောကြသည်။
"စခတွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတု လက်နက်တွေ အသုံးပြုနေပါတယ်"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းမာပင် မြို့နယ်တွင် မတ်လ ၈ ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ပြောသည်။
"ကျွန်တော်က သူတို့နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ သူတို့က အကြီး(လက်နက်ကြီး)နဲ့ လှမ်းထုတဲ့အခါမှာ ကျွန်တော်တို့နဲ့ ပေ ၅၀ လောက်အကွာမှာ ၄၊ ၅လုံးလောက်ကျတာ။ ကျွန်တော်တို့ နောက်ကျော ပေ ၅၀၊ ၃၀ ပတ်ချာလည်လောက်မှာကျတယ်။ ကျတဲ့အခါ ဝပ်နေတဲ့အခါ လွတ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီကျတဲ့နေရာ ပတ်ဝန်းကျင်ကို ကျွန်တော်က မီးကျောင်းသွားတွားသွားပြီးတော့ အဲဒီကြားထဲက ဖြတ်ထွက်လာတဲ့အခါမှာ အဲဒီနေရာတင် အိပ်ချင်စိတ် ပေါက်တာ။ ဒါပေမဲ့ အိပ်ရင်တော့ မဖြစ်ဘူး ဒီနားပြုတ်မှာပဲဆိုပြီး အဲဒါ မျက်စိကို အတော့ကို ဖွင့်ယူရတယ်။" ဟု အဆိုပါ PDF တပ်ဖွဲ့ဝင်က People's Spring သို့ပြောသည်
မျက်ရည်ကျခြင်းမျိုးမရှိဘဲ ရုတ်တရက် အားအင်ကုန်ခမ်းကာမျက်ခွံများလေးလာပြီး အိပ်ချင်လာခြင်းမျိုးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။၎င်းသာမက ကျန် PDF တပ်ဖွဲ့ဝင်များလည်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းမှာ ပင်ပန်း၍ အားနည်းသောကြောင့်ဖြစ်သည်ဟုထင်နေကြကြောင်း၎င်းပြောသည်။ယခင်တိုက်ပွဲများတွင် ထိုသို့ မကြုံဖူးကြောင်းလည်း အထက်ပါPDF တပ်ဖွဲ့ဝင်ကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ကျန်ခဲ့သောတရုတ်နိုင်ငံထုတ် Thunder Fire ဟုအမည်တပ်ထားသော လက်ဆွဲသေတ္တာကိုလည်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပုံနှင့်တစ်ကွ ထုတ်ပြန်သည်။ လက်ဆွဲသေတ္တာပါ ဝက်ဆိုက်လိပ်စာ www.tf8808 သို့ဝင်ရောက်ကြည်ရှု့လေ့လာရာတွင်
ကျောက်များကိုကြည့်ရာတွင်အသုံးသော အားပြင်းထန်လှသော ဓါတ်မီးဖြစ်သည်။ကျောက်စိမ်း၊ ကျောက်မျက်ရတနာများကို အလင်းဖြင့်ထိုး၍ ကြည်နိုင်သော ဓါတ်မီးမှာ အားပြင်းထန်လှသဖြင့် မျက်လုံးကို တိုက်ရိုက်အလင်းဖြင့်ထိုးလျှင်မျက်လုံးပျက်စီးနိုင်သည်။သို့သော် PDFတပ်ဖွဲ့ဝင်ရသောအခြေအနေမှာ ကျောက်ကြည့်ဓါတ်မီးနှင့်မဆိုင်ဘဲ စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံးပြုနေသည်ကိုလမ်းကြောင်းပြောင်းရန် ထိုသေတ္တာထားခဲ့ခြင်း သို့မဟုတ် ဓါတုလက်နက်ကို ထိုသေတ္တာဖြင့် သယ်ဆောင်လာခြင်း မျိုးသာဖြစ်နိုင်ကြောင်း ဒေသခံပြည်သူတစ်ဦးကလည်းပြောသည်။
ထို့အပြင် ခင်ဦးမြို့နယ်အတွင်း၌ လည်း အကြမ်း ဖက်စစ်တပ်က ဓာတုလက်နက်ပုံစံ အသုံးပြုသည့် ဖြစ်စဥ်များ ရှိလာနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့ကပြောသည်။
၎င်းတို့ အဆိုအရ လက်နက်ကြီးကျည် ကျပြီး အပြာရောင်အမှုန့်များ ပြန့်နှံ့သွားကာ အနီးတစ်ဝိုက်မှ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်အများအပြားမှာ (၁၀)စက္ကန့်မှ စက္ကန့် (၂၀)ကြား သတိလစ်မေ့မျောခြင်း ၊ မူးဝေခြင်း၊ မျက်လုံးများ ပြာဝေခြင်း များဖြစ်ပေါ်ကြုံတွေ့ရသည်ဟု သိ့ရသည်။မတ် လ ၉ ရက်က ခင်ဦးမြို့နယ်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ထိုအခြေအနေကိုကြုံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့သည်။
ဒေသခံပြည်သူများကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေသောSagaing District Medical Team က လည်း ခင်ဦးမြို့နယ်ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူ နှင့်ဒဏ်ရာရသူများ တွေ့ရှိလာပါရကြောင်းလည်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ဓာတုလက်နက် အသုံးပြုတိုက်ခိုက်နေခြင်းဟုတ်၊မဟုတ်အပေါ် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ ပိုမိုခိုင်မာသောအတည်ပြုချက်ကို People's Spring ကရယူရန်ကြိုးစားနေဆဲဖြစ်ပါသည်။
မတ်လ ၄ ရက်ကစ၍ စစ်ကိုင်းတိုင်း၌ အကြမ်း ဖက်စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်ကာ PDF များကို ထိုးစစ်ဆင်ခြင်း၊ ဒေသခံပြည်သူများကိုပင်မရှောင် အကြမ်း ဖက်သတ်ဖြတ်မှု၊ကျေးရွာများမီးရှို့ဖျက်ဆီးမှုများပိုမိုပြုလုပ်လာနေသည်။
မတ်လ ၉ ရက်က ယင်းမာပင်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ပြည်သူ ၁၂ ဦးကို အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ထို့အပြင် ယနေ့(မတ်လ ၁၀ ရက်)တွင်လည်းသီးကုန်းရွာ နှင့် အိုးဘိုရွာဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
မပြောရင် မသိလို့ ပြောပြရဦးမယ်။
ပြီးခဲ့တဲ့ရက်က 505ကို ခံဝန်မထိုးဘဲ ဆက်တော်လှန်နေတဲ့ နာမည်ကြီးတော်လှန်ရေးမင်းသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ မမကို အိမ်က အဆက်အသွယ်ဖြတ်လိုက်ပြီ ညီမရယ်တဲ့။ စကားပြောနေရင်း ထိန်းမရစွာ ငိုချလိုက်တယ်။ ကိုယ်လည်း အားပေးဖို့ ကြိုးစားပေမယ့် သူ့ငိုသံကြားတော့ စိတ်ထိန်းမရဘဲ ငိုမိတယ်။
နယ်စပ်မှာ ပြည်ပထွက်ခွင့်မရသေးတဲ့ နာမည်ကြီး Single Father အဆိုတော်တစ်ယောက်လည်း ကလေးနှစ်ယောက်နဲ့ ခက်ခဲနေရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရရှာလို့ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူဌေးတွေ မဟုတ်တော့ ငွေကြေးပြသနာကအစပေါ့။
US ရောက်လာတဲ့ အဆိုတော် လင်မယားနှစ်ယောက်ဆို ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတယ်။ မြန်မာပြည်မှာ ကလေးထိန်းတွေ အခြွေအရံတွေနဲ့ နေခဲ့တဲ့ ကလေးသုံးယောက်ကို ဝေယျာဝစ္စလုပ်ရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရရှာတယ်။ သီချင်းဆိုဖို့ ကြိုးစားပေမယ့် မိသားစုဝင်တွေ ဓါးဆာခံဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရပြန်ဘူး။
နောက်ထပ် ကလေးလသားလေးနဲ့ အဆိုတော်တစ်ယောက်လည်း တစ်လ 1500 နဲ့ ဆူရှီအသင်အဖြစ် လိပ်နေရတယ်။ နာမည်ကြီး ပညာသည်ဆရာတစ်ယောက်က အသားစက်ရုံမှာ ဝက်သားလှီးနေရတယ်။ မြန်မာပြည်မှာ နာမည်ကြီးဆယ်လီ၊အနုပညာရှင်၊ လုပ်ငန်းရှင်ကြီးတစ်ယောက်က USမှာ စားပွဲထိုးနေရတယ်။
MRTV က CDM လုပ်သွားတဲ့ ဦးကျော်သက်လင်း။ အခု လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင် တိုက်နေတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားတယ်။ မိသားစုတွေ ဖိအားပေးခံရတယ်။ အလုပ်အကိုင်ဆုံးရှုံးသွားတယ်။ အရာအားလုံးဆုံးရှုံးသွားတယ်။ ယုံကြည်ချက်ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်နေတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကလွဲရင် အရာအားလုံး ဆုံးရှုံးလိုက်ရတယ်။
ဒါက အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ အနုပညာသမားတွေရဲ့ အခြေအနေ။ ထောင်ထဲကအနုပညာသမားတွေအကြောင်း ပြောပြမယ်။
မဝင်းမင်းသန်း အခုထိ မလွတ်ဘူး။ ကျန်းမာရေးထိခိုက်လို့ ထောင်ဆေးရုံ တက်ရတာတွေ တွေ့ခဲ့သူ ရှိတယ်။ ရဲတိုက်… စိတ်ပိုင်းဆိုင်ရာပြသနာတွေ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတယ်။ ပိုပို… ဘာအစအနမှ မကြားရဘူး။ ဦးဆင်မ… ဘယ်သူကမှ သူ့အကြောင်း မပြောကြတော့ဘူး။ လစ်လျူရှုခံနေရတယ်။
အခုလွတ်မြောက်လာတဲ့ အနုပညာရှင်တွေအကြောင်း ထပ်ပြောမယ်။ အနုပညာသမားဆိုတာ ငွေကြေးကို ကြော်ငြာတွေက အဓိက ရတယ်။ အခု ပိုင်တံခွန်လွတ်လာပြီ။ ပြေတီဦး အိန္ဒြာကျော်ဇင် လွတ်လာပြီ။ လူမင်း လွတ်လာပြီ။ ပိုင်တံခွန်လေး Profile Picture ချိန်းလိုက်တယ်။ Like 500K အထက်ရတယ်။ ကြော်ငြာရှင်တွေ အင်မတန် မျက်စိကျမယ့် Engagement မျိုး။
ဒါပေမယ့် ကြော်ငြာရှင်တွေ ပိုင်တံခွန်နဲ့ ကြော်ငြာရဲပြီလား။ ပြေတီဦးနဲ့ ကြော်ငြာရဲပြီလား။ အိန္ဒြာကျော်ဇင်နဲ့ ကြော်ငြာရဲပြီလား။ လူမင်းနဲ့ ကြော်ငြာရဲပြီလား။ သူတို့နဲ့ ကြော်ငြာရင် ကုမ္ပဏီကို စကစက ပြသနာရှာမလား၊ စောင့်ကြည့်မလား စိုးရိမ်ပူပန်ကြတယ်။
အရင်တုန်းက ပြည်သူနဲ့ မရပ်တည်သူတွေ၊ စစ်ခွေးအမျိုးအနွယ်တွေကို SP တွေ Boycott တွေ အော်ခဲ့ကြတဲ့ဟာတွေက နေခြည်ဦးရဲ့ ဆိုးပြီးသားနှုတ်ခမ်းနီတောင့် Giveaway မှာ ကျဆုံးကုန်တယ်။ တကယ်ပြည်သူနဲ့ရပ်တည်ဖို့ ဘဝတွေ အပျက်ခံခဲ့ကြတဲ့ အနုပညာသမားတွေက သေပေးလိုက်ရတော့မလား။
၅၀၅ ပါမှာစိုးလို့ ငွေပေး၊ ပိုစ့်တွေဖျက်၊ အကောင့်ဟက်ခံရပါတယ်လိမ်ခဲ့တဲ့ ခရိုနီလက်သစ်ရည်းစား ဝတ်မှုံရွှေရည် ပြန်ပေါ်လာတော့ ချစ်လိုက်တာ ကစ်ရယ်တဲ့။ NUG ပရိုဖိုင်တွေနဲ့။
အဲ့တော့ မေးချင်တာက Social Punishments အလုပ်ခံရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ Boycott လုပ်ခံနေရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ ထပ်မေးချင်တာက နင်တို့တွေ လိမ်ခဲ့ကြတာလား။ ပြည်သူနဲ့ မရပ်တည်ရင် SPလုပ်မယ်၊ Boycott လုပ်မယ်ဆိုပြီး တကယ်မလုပ်နိုင်ဘဲ လိမ်ခဲ့ကြတာလား။
စစ်ခွေးတွေဘက်က သူတို့လုပ်နိုင်တဲ့ ဖိနှိပ်မှုတွေ၊ အကြောက်တရားရိုက်သွင်းမှုတွေကို တစိုက်မတ်မတ်လုပ်တယ်။ ပြတ်ပြတ်သားသားလုပ်တယ်။ တိတိကျကျ ယုတ်မာမိုက်ရိုင်းတယ်။ တနည်းအားဖြင့် ဒါဟာ သူတို့လုပ်တဲ့ Social Punishments ပဲ။
ကိုယ်တွေဘက်ကဟာတွေက Social Punishments ကို L*** လို လုပ်နေကြတာ။ သူတို့မာချင်မာတယ်။ တောင်ချင်တောင်တယ်။ ပျော့ချင်ပျော့တယ်။ အတိုပြောရရင် SPကို L** လို လုပ်နေကြတာ။
ဖလမတွေ။
နေခြည်ဦးအိမ်က မီးလာတယ်။ အဲကွန်းလည်း ရတယ်။ မီးမလာလည်း မီးစက်မောင်းဖို့ ဆီဖိုးတတ်နိုင်တယ်။ တစ်နိုင်ငံလုံး မီးဖြတ်ထားချိန်တောင် မီးမဖြတ်ရဲတဲ့ VIP ရပ်ကွက်ဆိုတာမျိုးမှာလည်း နေနိုင်တယ်။
သူ့ဖအေ စစ်ခွေးသူခိုး ခိုးထားတဲ့ ငွေတွေနဲ့ Branded ပေါင်းစုံ သုံးပြနေတာကို မီးဖြတ်ခံရ၊ ရေမလာ၊ အင်တာနက်စျေးကြီးပေးသုံးနေရတဲ့ နင်တို့တွေက သရေတမြားမြားကျပြီး ဖားယားနေရတာ စောက်ရှက်မရှိဘူးလား Public သူတောင်းစားမတွေ။
နေခြည်ဦးဆိုးပြီးသား နှုတ်ခမ်းနီတောင့် Giveaway ရလို့ ဆိုးလိုက်ရတာနဲ့ နင်တို့ဘဝတွေက နေခြည်ဦးတစ်ခါဝတ်ပြီး လွှင့်ပစ်လိုက်တဲ့ Branded စစပန်ဒါတစ်ထည်လောက် တန်ဖိုးရှိလာမယ် ထင်နေလား။
ဟိုက ပရိတ်သတ်တွေ ချစ်လိုက်တာ ဖြစ်နေမှာ မဟုတ်ဘူးနော်။ လွယ်လိုက်တာ၊ စောက်မှတ်မရှိလိုက်တာ၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ပြန်ဝယ်လို့ရတဲ့ အတန်းစားတွေဆိုပြီး ရယ်နေမှာ။ နင်တို့ကို ဟားနေမှာ။
မာနလေးတော့ ရှိကြစမ်းပါ
ရွံစရာကောင်းလိုက်တာ။
(ပန်ပန်)
(အာဏာခိုးတဲ့နေ့မနက်မှာအဖမ်းခံရတာ
ဘယ်လို ၅၀၅နဲ့ညှိတာလဲ ခေါင်းကြီးတို့)
👇👇👇👇👇👇👇👇
ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂နှစ်ဆိုပြီးအမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်၊ ၁လ နဲ့ ၁၀ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။
မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလဲထွက်တယ်၊ စိတ်လဲမကောင်းဘူး။
အမေချက်တဲ့ ဟင်း၊ထမင်းတွေကို အရမ်းကြိုက်တဲ့ အဖေ့ကို အဖေ့မွေးနေ့မှာ အိမ်ဟင်း၊ အိမ်ထမင်းကို မိသားစု စုံစုံလင်လင်နဲ့ စားစေချင်တယ်။ စီးကရက်တစ်ဗူး နဲ့ ကော်ဖီခွက်ကိုဘေးချပြီး အိမ်ရှေ့ခန်းမှာ ဂစ်တာတီးပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုတာတွေ့ချင်တယ်။
“ဒယ်ဒီသီချင်းတွေက ဒိတ်အောက်နေပြီ” လို့ ပြောရင် ရယ်ပြီး “ဝေနှင်းတို့က ဘာမှလဲမသိပါဘူး” ဆိုပြီး အဖေ့မွေးနေ့မှာလဲ ရယ်မောအငြင်းပွါးချင်တယ်။
အဖေက အလှူအတန်းလဲအရမ်းအားသန်တော့ ဒီနေ့လိုနေ့မျိုးမှာ သူအပြင်မှာသာရှိရင်ဆိုပြီးစဉ်းစားတမ်းတနေမှာအမှန်ပဲ။ အခုတော့ အင်းစိန်ထောင်ထဲ မိသားစုတကွဲတပြားနဲ့ ဖြတ်သန်းနေရတယ်။ ကြောင်ချစ်တဲ့ အဖေက အခုလဲ အင်းစိန်ထောင်ထဲမှာ ကြောင်လေးတွေကို အစာကျွေးနေတယ်၊ ဒါပေမယ့် သူခေါ်မွေးထားတာမဟုတ်ပါဘူးတဲ့ 😃
လျော့ရက်နဲ့တွက်ရင် နောက်တစ်နှစ်ပဲကျန်တော့တယ်ဆိုပေမယ့် ထောင်ထဲမှာ တစ်နှစ်ဆိုတဲ့အချိန်ကနည်းတာမဟုတ်ဘူး။ ပြီးရင် မအလတို့ လုပ်ချင်သလိုလုပ်နေတဲ့အချိန်၊ ဥပဒေက သူတို့ပါးစပ်ပေါ်မှာရှိနေတဲ့အချိန်မှာ မျော်လင့်ချက်လဲမထားရဲဘူး။
မတ်လ ၁ ရက်နေ့ အပြီးသတ်လျောက်လဲချက်ပေးရတဲ့အချိန်မှာလဲ အပြစ်မရှိပဲဖမ်းဆီးထားကြောင်းနဲ့ စစ်ခုံရုံးနဲ့မခြားပဲတရားမျှတမှုမရှိတဲ့ တရားခွင်အကြောင်းတွေ ပြောသွားတော့ အခုလဲ ခြေထောက်က cellulitis အနာအတွက် လိုအပ်တဲ့ဆေးကုသမှုတွေ ပိတ်ပင်ခံနေရတယ်။
လိုအပ်တာတွေအကုန်ကူညီပေးခဲ့တဲ့ ရှေ့နေအကို၊အမတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏
ကျန်းမာရေးကောင်းမွန်စွာနဲ့ အိမ်ကိုအမြန်ဆုံးပြန်လာနိုင်ပါစေလို့ ဆုတောင်းရင်း Happy Birthday Daddy.
ဝေနှင်းပွင့်သုန်
ပို ဆိုးလာနိုင်လား ....
ယူကရိန်း သမ္မတက ရုရှားဖက်က တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာထားတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို အသိအမှတ်ပြုမယ်၊ နေတိုးအုပ်စုထဲ အဖွဲ့ဝင်မယ့်ကိစ္စကနေ နောက်ပြန်ဆုတ်မယ်တဲ့ ..
(အီးယူအဖွဲ့ဝင် အဖြစ်တော့ ရသွားနိုင်တယ်)
ဒီ တောင်းဆိုချက်ကလည်း
သူ့သဘောနဲ့သူ ထွက်လာပုံမရဘူး၊ တရုတ်
အစ္စရေးလ် နဲ့ အနောက်အုပ်စုရဲ့ အကြံပေး
ချက်တွေ အများကြီး ပါပုံ ရပါတယ်။
တရုတ်ကတော့ နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ရေးတဲ့ ...
ဒီ အပေးအယူကို ရုရှားက လက်ခံမယ်ဆိုရင်
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲက
ရုရှားအများစုနေတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေအတွက် ယခုအချိန်ထိ ရုရှားစစ်သည် ၂ သောင်းကျော် အသေခံ တိုက်ပေးခဲ့ပါတယ် ဆိုပြီး နောင်တစ်ချိန် ပေါ်လစီစစ်ကားတွေ ရိုက်ပြနေမလား
မပြောတတ်ဘူး။
ပူတင်း အတွက် ခရိုင်မီယာကျွန်း၊ ဒွန်ညှပ်နဲ့
လူဟန် ဒေသတွေ ရမယ်။
ယူကရိန်း နေတိုးထဲ မပါလို့၊ သူ့နံဘေးမှာ နေတိုးတပ် မရောက်လာဘူးပေါ့။
ဒီအဆင့်ကို
ပူတင်း လက်မခံဘူးဆိုရင်တော့
Mig 29 တိုက်လေယာဉ် အစီး ၆၀ လောက်
ယူကရိန်း ဝေဟင် ပိုင်နက်မှာ
ဘွားကနဲ ပေါ်လာမယ်၊
အမေရိကန်နဲ့ မက်ဆီကို နယ်စပ်အတွက်
စ အသုံးပြုတော့မယ့် စက်သေနတ် ပစ်နိုင်တဲ့
ရိုဘော့စက်ရုပ်ခွေးတွေ ယူကရိန်းထဲ
ရောက်လာမယ်၊ ၁၅ ကီလိုမီတာ အကွာမှာ ရှိတဲ့
တင့်ကားကို ဖောက်အောင် ပစ်နိုင်တဲ့
နယ်သာလန်ထုတ် ရိုင်ဖယ်တွေ၊ ဖင်လန်ထုတ်
တာဝေးပစ် ရိုင်ဖယ်ကျည်ဆံတွေ၊
ဘယ်လဂျီယံထုတ် အသံတိတ်သေနတ်တွေ
ယူကရိန်းထဲ ရောက်လာနေပြီ။
ရုရှားစစ်တပ်က မနေ့က တစ်ရက်တည်း
၂၅၀၀ ကနေ ၃၀၀၀ အထိ ကျဆုံးတယ်လို့
သတင်းတချို့မှာ ရေးကြတယ်။
ယူကရိန်း အဆောက်အအုံတွေ မြို့တွေလည်း ရစရာမရှိအောင် ကြေမွ ပျက်စီးနေပါပြီ။
နူကလီးယား စစ်ဖြစ်ရင်
အနောက်အုပ်စုရော ရုရှားပါ ကမ္ဘာထက်ဝက်
နီးပါးက ပြာပုံထဲ အရှင်လတ်လတ်
ရောက်သွားမှာ ...
ရုရှားမှာရော ယူကရိန်းမှာပါ
ဒေါ်လာ ထရီရံနဲ့ချီ စီးပွားရေး ရင်းနှီးထားတဲ့
တရုတ်လည်း မျက်ဖြူစိုက်နေပြီ။
တရုတ်ကလည်း သူ အကြံပေးတာကို လက်ခံဖို့ ရုရှားကို ဖြောင်းဖျတဲ့ အဆင့်ကနေ
အကြပ်ကိုင် တောင်းဆိုတဲ့ အဆင့်ထိ ပြောနေပြီ။
ရုရှားမှာ စစ်ရေးမဟာမိတ်ဆိုလို့
ဟိုအရင် ဝါဆောခေတ်ကလို ဘယ်သူမှ မရှိဘူး။ တစ်ကောင်တည်း အထီးကျန်နေတာ
ရုရှားကို အားပေးတာ ဆိုလို့
အရက်နာကျ ပလပ်ကျွတ်ပြီး ပေါက်ကရ
လျှောက်ရေးနေတဲ့ မြန်မာနိုင်ငံက ညောင်နာနာ မျိုးဆက်တချို့ပဲ ရှိတယ်။
Aung Khin Myint
ရန်ကုန်၊မတ် ၁၀ ခေတ်သစ်
မကွေးတိုင်း၊ ဆောမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း PDF - ဆော က သတင်းထုတ် ပြန်သည်။
အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်တွင် ဆောမှ ကျောက်ထုဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက 'PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ' ဟု ကြွေးကြော်ပြီး သပြေပန်းများနှင့် ကြိုဆိုကာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဒီကနေ့ မတ်လ ၁၀ရက်နေ့ မနက် ၆နာရီ၁၉မိနစ်အချိန်မှာ လာရောက်ဗုံးကျဲခဲ့ပြီး ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
နာရီဝက်ခန့်ကြာအောင် လေယာဉ် တွေပေါ်ကနေ ဗုံးဖြင့် ၆ကြိမ်တိုင် လာရောက်ဗုံးကျဲချခဲ့ပြီး ဒေါငံခါးမှာရှိတဲ့ သီလရှင်ကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။
“ ဒီမနက် ၆နာရီ ၁၉ကနေ ၄၂မိနစ်ဝန်းကျင်အထိ အဲ့ဒီအတောအတွင်း သူတို့ တစ်ကြိမ်နှစ်ကြိမ် လက်နက်ငယ်နဲ့ ပါပါပစ်တယ်ပေါ့လေ။ ကျနော်တို့ နေရာအတိအကျတော့ ကျနော်တို့ ပြောရခက်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တောင်ပေါ်ကနေပဲ ကြည့်နေရတယ်လေ။ တချို့လူတွေတော့ တင်ထားတာရှိတယ်ကော။ ဒေါငံခါးရပ်ကွက်မှာလား။ “ လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာစစ်ကောင်စီတပ်တွေဘက်က ထိခိုက်မှုများတာကြောင့် လေကြောင်းအသုံးပြု တိုက်ခိုက်လေ့ရှိတာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရန်သူ့ပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို မခွဲခြားပဲတိုက်ခိုက်လာကြတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
“လေယာဉ်ပစ်တယ် တိုက်ခိုက်တာက ပြဿနာမရှိပေမယ့် ရန်သူပစ်မှတ်နဲ့ အရပ်သားပစ်မှတ်ကို သေချာမခွဲခြားပဲနဲ့ ပြည်သူလူထုတွေကိုပဲ နောက်ပိုင်းမှာ ဦးတည်ပြီး ပစ်ခတ်တာတော့ လုံးဝဆိုးဝါးတဲ့ အရာတစ်ခုဖြစ်တယ်။ အဲ့ဒီအပေါ်မှာလည်း ကျနော်တို့တော့ မှတ်ချက်ပေးစရာမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်ဟာ သူတို့က ဘာဂုဏ်သိက္ခာ ဘာအဆင့်အတန်းမှ မရှိဘူး။ ဓားပြလောက်တောင် အဆင့်မရှိတော့ဘူး။ အဲ့ဒီအတွက်ကြောင့် ယုတ်မာနိုင်သလောက် သူတို့ဆက်ယုတ်မာမှာပဲ။ ဒါကတော့ ကျနောတို့ ကြိုပြီးသိထားတဲ့ အရာတွေပဲ။ ကျနော်တို့ ကြိုပြီး ပြင်ဆင်ထားရမယ်။ သူတို့ရဲ့ ယုတ်မာမှုအပေါ်မှာ ကျနော်တို့က ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်သွားမယ်ဆိုတဲ့ဟာပေါ့။” KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ မနက် ၂နာရီအချိန်မှာ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို လာရောက်ဗုံးကျဲခဲ့တာကြောင့် ဘုရားကျောင်း၊ အိမ်အချို့ နဲ့ လူထိခိုက်မှုအချို့ရှိခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီဖက်က တင့်ကား၊ အင်အားအမြောက်အများ အသုံးပြုတဲ့အပြင် လေကြောင်းပစ်ကူပါသုံးပြီးတိုက်ခိုက်နေပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူရှိရာနေရာတွေကိုလည်း ဦးတည်တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။
ဓတ်ပုံ - လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ရှိ သီလရှင်ကျောင်း ထိမှန်ပျက်စီးမှုမြင်ကွင်းများ။
https://bit.ly/3sXJ16b
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း
#အေးခဲစားသောက်ကုန်လုပ်ငန်း
#MilitaryCoupInMyanmar
#DeltaNewsAgency
ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။
ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။
‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။
‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည်ပတ်နေပေမဲ့ ရေခဲဈေး၂ ဆကျော်တက်သွားတယ်’ လို့ သူကပြောပါတယ်။
ရေခဲပေါင် ၃၀၀ တစ်တုံးကို အရင်ကကျပ် ၇၀၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ စျေးနှုန်း နှစ်ဆကျော် မြင့်လာကြောင်း သူကဆက်ပြောပါတယ်။
လှိုင်မြို့နယ် ၂ ရပ်ကွက်အတွင်းရှိ အရက်၊ ဘီယာအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ‘ကျွန်တော်တို့ဆိုင်ဆို ရေခဲမရောင်းတော့ဘူး။ ဘီယာကို အအေးမခံထားနိုင်တော့ဘူး။ မအေးတဲ့ဘီယာ ဝယ်ချင်တဲ့လူ ဝယ်၊ မီးစက်ဆီဖိုးနဲ့က မကိုက်ဘူး’ လို့ ဆိုပါတယ်။
အသေးစား မုန့်လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီးမရခြင်းနဲ့ မီးစက်မသုံးနိုင်တာကြောင့် မီးလာတဲ့အချိန်သာ အလုပ်လုပ်နေကြကာ မုန့်မှာသလောက် မပို့ပေးနိုင်တော့ဘူးလို့ ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုပါတယ်။
Delta News Agency YouTube Link - https://youtube.com/c/DeltaNewsAgency
Delta News Agency Website Link - https://deltanewsagency.com/
