နောက်ဆုံးရ

ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊

​ရေစကြိုတွင် ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊ "ကျနော် ရဲတပ်သားပါ" ဟုပြောသည့်ကြားမှ ပစ်သတ်ခြင်းဖြစ်ဟုဆို


ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ


မကွေးတိုင်း၊ ရေစကြိုမြို့၊ ဖောင်တောင်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော စစ်သားများက ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 


မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင်ကင်းပုန်းဝပ်နေသော စစ်တပ်က မသင်္ကာသူ ၂ ဦးတွေ့ရှိသည်ဆိုကာ လိုက်လံပစ်ခတ်ကြောင်း၊ ပစ်ခတ်ခံရသူများမှာ ရဲတပ်သား ဂျော်ကာတိုး အသက် ၂၅ နှစ် (ဘ) ဦးတိုး၊ ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့် အသက် ၆၂ နှစ် (ဘ) ဦးကျော်စိန်တို့ ဖြစ်ကြောင်း သိရှိရသည်။ 


စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့်မှာ ဆီးခုံထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်သား ဂျော်ကာတိုးမှ ဆေးရုံရောက်ရှိစဉ် သေဆုံးသွားကြောင်း ၊ ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရမှုအတွက် မိသားစုက မကျေနပ်၍ ရဲစခန်းတွင် အမှုဖွင့်သော်လည်း အမှုဖွင့်လှစ်ခွင့်မပေးကြောင်း သိရှိရသည်။ 


"သေဆုံးသွားတဲ့ ရဲတပ်သား ဂျော်ကာတိုးက ကျနော် ရဲတပ်ဖွဲ့ဝင်ပါ။ ရဲတပ်သားပါ ပြောတာကို ပစ်သတ်တာ။ PDF အထင်နဲ့ မသင်္ကာဖြစ်ပြီး ပစ်သတ်ခံရတာ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်၍ သေဆုံးသွားသော ရဲတပ်သား ဂျော်ကာတိုး။


ဆက်ဖတ်ရန် →

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ



ယူကရိန်း 🇺🇦 ကတောင်းထားတဲ့ No Fly Zone ကို NATO က မပေးတော့ ဒါဆို သူတို့ကိုတိုက်လေပျံပေးဖို့ တောင်းဆိုတယ် ငါတို့ကိုပေး ငါတို့ဖာသာတိုက်မယ်ဆိုတဲ့သဘော။ အမေရိကန်လုပ်တိုက်လေပျံကိုလည်း ယူကရိန်းလေပျံမောင်းသမားတွေကမမောင်းတတ်ကြလို့ ရုရှားလုပ်တိုက်လေပျံ MIG 29 ကိုပဲသူတို့ကိုပေးပါတဲ့။ အဲ့တော့ကာ ပိုလန်က MIG 29 တိုက်လေယာဉ် ၂၈ စီးလုံးကို ယူကရိန်းကို ပေးမယ်ဖြစ်လာတယ်။  နေတိုးအဖွဲ့ဝင်တွေကလည်း ငွေကြေး နဲ့ စစ်လက်နက်တွေတလစပ် ထောက်ပံ့ပေးလာကြတော့မယ်။ အမေရိကန်ကလည်းယူကရိန်း 🇺🇦 ကို ၃၂ ဘီလီယံ ထောက်ပံ့မယ် ကတိပြုလိုက်ပြီ။  ကမ္ဘာ့ဘဏ်ကလည်း ၇၂၃ သန်း ယူကရိန်းကို အရေးပေါ်အကူအညီတွေပေးမယ် ဖြစ်လာတယ်။ ပူတင် နဲ့ ရုရှားအပေါ် ချမှတ်ထားတဲ့ Sanctions တွေကည်း ရုရှားစီးပွါးရေးကို လေးပုံတပုံထိုးကျသွားစေတယ်။ မကြာခင် ထက်ဝက်လောက်အထိကျသွားမယ်။ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ် ကို တရုတ် 🇨🇳 က ကြားနေရေးမူနဲ့ ရပ်တည်ပြီး မဖြေရှင်းဘဲနေတဲ့ တာဝန်မဲ့တာကလည်း Veto Power ကိုင်ထားပြီး ထင်ရှားစွာပျက်ကွက်နေမှုတွေ နဲ့ အပြည်ပြည်ဆိုင်ရာ norm သတ်မှတ်ချက်တွေဟာ ဟန်ချက်ပျက် အဓိပ္ပါယ်မဲ့ သဘာဝမကျဖြစ်နေတာကို ထောက်ပြဆွေးနွေးနေကြပါတယ်။ မြေပြင် ground အခြေအနေက ပူတင်လုပ်နေတာတွေကို ရုရှားပြည်သူတွေက သဘောမတူသလို ကမ္ဘာ့ပြည်သူတွေကလည်း စိတ်လက်မသက်မသာဖြစ်နေကြရတာပါ။ ယူကရိန်း 🇺🇦 နိုင်ငံဒုက္ခသည် ဦးရေကလည်း ၂ သန်းကျော်ရှိသွားပြီဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဂျာမဏီ ပြင်သစ် ခေါင်းဆောင်တွေဟာ ဒီနေ့ဖုန်းပြောညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။ ပူတင်ကို နျူးကလီးယား စစ်ပွဲထဲ တွန်းပို့ပေးနေသလိုမဖြစ်ရအောင် တရုတ်အနေနဲ့ ခေါင်းမရှောင်ဖို့ တိုက်တွန်းနေကြပုံရပါတယ်။ 


ပူတင်ဟာ ယူကရိန်း ကို တက်သိမ်းတယ်ဆိုတာ 


(၁)ယူကရိန်း ကို နေတိုးအဖွဲ့ဝင်ထဲပါဝင်သွားမှာစိုးရိမ်တဲ့အချက် 

(၂) ခရိုင်းမီးယားကို ရုရှားပိုင်အဖြစ်အသိအမှတ်ပြုရေး

(၃) Donetsk နဲ့ Lugansk ပြည်နယ်တွေကို ယူကရိန်းကနေ ဖဲ့ထုတ်ခွဲပစ်ရေး 


ဒီ ၃ ချက်က ပူတင် ရဲ့အကြောင်းပြချက်တွေပါ။ 


တကယ်တော့ ပူတင်ဟာ ရုရှားမှာ သူ့နိုင်ငံရေးအရဆက်ရပ်တည်ဖို့ရာ အခြေအနေမကောင်းတော့လို့ အမျိုးသားရေးလှုပ်ရှားမှုသဏ္ဍန် နဲ့  စစ်ရေးအရ special military operations ဆိုကာ ယူကရိန်းကိုတက်သိမ်းပြီး ထွက်ပေါက်ရှာတယ်လို့ ယူဆကြသူရှိပါတယ်။ 


ပြသနာအားလုံးရဲ့ လတ်တလောအဖြေရှာရာမှာ 


(၁) ရုရှားကကျူးကျော်မှုကို ဘယ်တော့မှာရပ်ပေးမလဲ

​(၂) ရုရှားကျူးကျော်စစ်ကြောင့် အပြစ်မဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့သူတွေ သန်းချီထွက်ပြေးကြရတာနဲ့  နေအိမ်တွေမီးလောင်ပျက်စီးမှုတွေကြောင့် ဆုံးရှုံးခဲ့ကြရမှုတွေနဲ့

(၃) နေတိုး တရုတ် နဲ့ ကုလသမဂ္ဂ တို့ဟာ ရုရှားကျူးကျော်စစ်ကို ဘယ်လိုထိမ်းကျောင်းကြမလဲ 


ကမ္ဘာ့အစိုးရိမ်ဆုံးက 

(၁) နယူကလီးယားလက်နက်တွေသုံးပြီး ဖြေရှင်းကြလေမလား 

(၂) တတိယကမ္ဘာစစ်များဖြစ်လေမလား 


တတိယကမ္ဘာစစ်ကြီးဖြစ်လိုက်ရင်ဖြင့် နယူကလီးယားလက်နက်ဆန်းတွေစမ်းသပ်ကြမှာမို့ ကျနော်တို့အားလုံး ပြာကျသွားကြမှာဖြစ်ပါတယ်။ 


ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ


စစ်ဆာသူများကျဆုံးကြပါစေ

ဇော်ဝင်း 🇺🇸

ဆက်ဖတ်ရန် →

​ရုရှား ရေနံတင်သွင်းမှု အမေရိကန် လုံး၀ပိတ်ပင်လိုက်ပြီ


VOABurmese


ရုရှား ကနေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ အားလုံးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။


သမ္မတ ပူတင်ရဲ့ စစ်ယန္တယားကြီးကို နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက် တခု ဖြစ်တယ်လို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုဟာ ရုရှား သမ္မတ ပူတင်ကို အဓိက ဖိအားပေးဖို့ အမေရိကန် အစိုးရ အနေနဲ့ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။


ရေနံစိမ်း၊ သဘာ၀ဓာတ်ငွေ့နဲ့ ရေနံထွက် ပစ္စည်းတွေ အပြင် ကျောက်မီးသွေးနဲ့ ကျောက်မီးသွေးထွက် ပစ္စည်းတွေကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ အမေရိကန် ရင်းနှီးမြှုပ်နှံခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။


ပြီးခဲ့တဲ့နှစ်က ရုရှားကနေ ရေနံစိမ်းနဲ့ လောင်စာဆီ တရက်ကို စည်ပေါင်း ၇၀၀,၀၀၀ လောက် အမေရိကန် ပြည်ထောင်စုကို တင်သွင်းခဲ့ပါတယ်။ ဥရောပတိုက်ကတော့ ရုရှားကနေ တရက်ကို စည်ပေါင်း ၄,၅၀၀,၀၀၀ လောက် တင်သွင်းနေတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် လုပ်ဆောင်နေပြီး ဥရောပတိုက်က တခြား မဟာမိတ် နိုင်ငံတွေ လိုက်မလုပ်နိုင်တာကိုလည်း နားလည်ကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။


အမေရိကန် ပြည်ထောင်စုဟာ ဥရောပတိုက် နိုင်ငံတွေထက် ရေနံ အဆပေါင်းများစွာ ထုတ်လုပ်ပါတယ်။ အခုလို အချိန်မှာဘဲ ဗြိတိန်နိုင်ငံကလည်း ရုရှားကနေ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှုတွေကို ဒီနှစ်ကုန်ပိုင်းမှာ တဆင့်ခြင်း ရပ်ဆိုင်းသွားမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။



ဆက်ဖတ်ရန် →

​ယူကရိန်းအတွက် တိုက်လေယာဥ်တွေ လွှဲပေးဖို့ ပိုလန်သဘောတူပြီ



ယူကရိန်း သမ္မတ ဇယ်လန်စကီး တောင်းဆိုထားသလိုမျိုး ရုရှားလုပ် တိုက်လေယာဥ်တွေ အစုလိုက် အပြုံလိုက် ရလာတော့မှာ ဖြစ်ပါတယ်။


ပိုလန်ဟာ သူတို့ဆီမှာ ရှိသမျှ ရုရှားလုပ် မစ်ဂ်- တွမ်တီးနိုင်း MiG-29 တိုက်လေယာဥ်တွေကို အမေရိကန်ကို လွှဲပေးဖို့ အဆင်သင့်ပဲ ဆိုပြီး ကြေညာပါတယ်။ 


ယူကရိန်း လေသူရဲတွေဟာ ရုရှားလုပ် တိုက်လေယာဥ် တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ကြတဲ့ အတွက် ရုရှားလုပ် ဖိုက်တာဂျက်တွေ ရအောင်ရှာပေးပါ ဆိုပြီး သမ္မတ ဇယ်လန်စကီးက တောင်းဆိုထားတာ ဖြစ်ပါတယ်။


ဒ့ါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင် ကိုယ်တိုင် နေတိုးစစ်ရေးမဟာမိတ် အဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရှိနေတဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ လွှဲပေးနိုင်ရေး ညှိနှိုင်း နေခဲ့တာ ဖြစ်ပါတယ်။ ပိုလန်ကို တခြားအမျိုးအစား တိုက်လေယာဥ်တွေ အစားပြန်ပေးမယ် ဆိုပြီး အမေရိကန်က ကတိပြုထားပါတယ်။


အခုတော့  ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ရဲ့ တိုက်လေယာဥ်တွေကို ဂျာမနီနိုင်ငံမှာ ရှိတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း ‘ရမ်းရှတိုင်း’ Ramstein ဆီကို ပို့မယ်လို့ ဆိုပါတယ်။ 


ရမ်းရှတိုင်းကနေ ယူကရိန်းထဲ ဘယ်လိုသယ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ယူကရိန်းထဲက လေယာဥ်ကွင်း တွေကို ဖျက်ဆီးထားတဲ့ ရုရှားကတော့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ယူကရိန်းရဲ့ စစ်လေယာဥ်တွေကို အဆင်းအတက် လုပ်ခွင့်ပြုရင် ကိုယ်တိုင် စစ်ထဲ ပါတဲ့အနေနဲ့ သဘောထားမယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုထားပါတယ်။ 


အမေရိကန် ကာကွယ်ရေးဌာန ပင်တာဂွန်ကတော့ ယူကရိန်း အတွက် လေယာဥ်တွေ 

ဂျာမနီအခြေစိုက် လေတပ်စခန်းကနေ တဆင့် ပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်ဟာ လက်တွေ့ အကောင်အထည် ဖော်ဖို့ခက်တယ်၊ ဘယ်လိုနည်းနဲ့ ယူကရိန်းလက်ထဲ ထည့်နိုင်မလဲ ဆက်ဆွေးနွေးကြမယ် ဆိုပြီး ထုတ်ပြန်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ် #ရုရှား #MiG-29 #ပိုလန်


ဆက်ဖတ်ရန် →

ကမ္ဘာရေနံဈေးကွက်ကြီး သွက်သွက်ခါ လှုပ်ရမ်း ခဲ့ရသည့် အကြောင်းရင်း များ

​


by Hla Soewai - Mar 09 2022

မတ်လ ၆ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်မှ မိမိတို့ သည် ရုရှားရေနံများကို အတူ လက်တွဲပြီး တညီတညွတ်တည်း ပိတ်ဆို့သွားရန် ဥရောပ မဟာမိတ်များ နှင့် ဆွေးနေးနေပြီဟု မမျှော်လင့်ပဲ ထုတ်ဖေါ် ကြေညာလိုက်မှု နှင့် အတူ ကမ္ဘာရေနံ ဈေးကွက်ကြီး သွက်သွက်ခါ အောင် လှုပ်ရမ်းသွားခဲ့ရပြီ ဖြစ်သည်။

 

ချက်ခြင်းဆိုသလိုပင် အမေရိကန် ရေနံစိမ်း ဈေးနှုန်း ၏ ပြဒါးတိုင်တခု လို ရပ်တည်နေသည့် West Texas Intermediate (WTI) ၏ ဈေးနှုန်းသည် ၉% ခန့် ထပ်မံ မြင့်တက်သွားပြီး ရေနံစိမ်း တစည်လျှင် ဒေါ်လာ ၁၄၀ အထိ ဖြစ်သွားခဲ့သည်၊ နောက်တနေ့ ဖြစ်သည့် မတ်လ ၇ ရက်နေ့တွင်တော့ ၁၂၃ ဒေါ်လာသို့ ပြန်ကျသွားခဲ့သည်။

 

သို့သော် ယူကရိန်းတွင် အခြေအနေများ ပို၍ ဆိုးလာပါက တစည်လျှင် ဒေါ်လာ ၂၀၀ အထိ မြင့်တက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းနေကြပြီ ဖြစ်သည်။

 

ကမ္ဘာတဝှမ်းရှိ ရေနံကုမ္ပဏီ သူဌေးကြီးများ၊ အိုပက် အဖွဲ့ဝင် ဝန်ကြီးများ အားလုံး သည် CERAWeek ဟု အမည်ပေးထားသည့် နှစ်ပတ်လည် ညီလာခံ ကြီး တက်ရောက်ရန် ဟူစတန်သို့ စုရုံးရောက်ရှိလာမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

 

ရေနံဈေးနှုန်းများ ဂဏှာမငြိမ် ဖြစ်လာရသည့် အကြောင်းရင်း သုံးရပ် ရှိနေပေသည်။

 

ပထမ အချက်သည် ရေနံ တင်ပို့ ရောင်းချနိုင်မည့် မပမာဏသည် ကသောင်းကနင်း ဖြစ်လာသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာမည့် လိုအပ်ချက်များ အတွက် လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်ပါမည်လော ဆိုသည့် စိုးရိမ်မှုများ ကြောင့်ပင် ဖြစ်သည်။ ယခင်က ကိုဗစ် ကပ်ရောဂါကြီးကြောင့် ရေနံသုံးစွဲမှု ကျဆင်းသွားခဲ့ရာမှ ယခုအခါ ပြန်လည် မြင့်တက်လာနေချိန်လည်း ဖြစ်သည်။ နွေရာသီတွင် အပန်းဖြေ အပျော်ခရီးထွက်ကြမည့် အမေရိကားနှင့် ဥရောပတိုက်သားတို့လည်း ပြင်ဆင်နေကြချိန်လည်း ဖြစ်သည်။

 

အိုပက် အဖွဲ့ဝင် နိုင်ငံများသည် ၎င်းတို့ အတွက် သတ်မှတ်ပေးထားသော ခွဲတမ်းများကိုပင် အလျှင်မီအောင် ထုတ်လုပ်နိုင်စွမ်း မရှိကြပဲ ယူကရိန်း စစ်ပွဲ မဖြစ်မီကပင် ကမ္ဘာဝယ်လိုအားထက် တနေ့လျှင် ရေနံစည် တသန်းခန့် လျော့နည်းနေသည်ဟု စွမ်းအင် သတင်းများ မျက်ခြေမပြတ် ထောက်လှမ်းနေသည့် Energy Intelligence က ဆိုသည်။

 

ဒုတိယ အချက် အနေဖြင့် မစ္စတာ ဘလင်ကင်၏ ကြေညာချက်ကြောင့် ကမ္ဘာဈေးကွက်တွင် တနေ့လျှင် ရေနံစိမ်း စည်ပေပါ ၄.၅ သန်းနှင့် လောင်စာဆီ တနေ့လျှင် စည်ပေပါ ၂,၅ သန်း ထုတ်လုပ်နေသည့် ရုရှား ဈေးကွက်ကြီး ကွယ်ပျောက်သွားမည့် အရေးကို တုန့်ပြန်နိုင်ရန် ဈေးနှုန်းများ မြင့်တက်သွားခဲ့ရခြင်း ဖြစ်သည်။ ယင်းနှင့် အတူ ကမ္ဘာစီးပွားရေးသည်လည်း ပြင်းပြင်းထန်ထန် ထိုးနှက်ခံရမည့် အရေးနှင့် ကြုံလာရနိုင်သည်။

 

မတ်လ ၁ ရက်နေ့တွင်မူ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ International Energy Agency (IEA) မှ အခြေအနေများကို အလျှင်အမြန် ထိန်းချုပ်နိုင်ရန် အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အချင်းချင်း ညှိနှိုင်းပြီး မိမိတို့ သိုလှောင်ထားသော အရံ ရေနံစည် သန်း ၆၀ ခန့်အထိ  ထုတ်နှုတ် ရောင်းချပေးဖို့ ရှိနေသည်ဟု  ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ၁၉၉၀ ပင်လယ်ကွေ့ စစ်ပွဲ အတွင်း၊ ၂၀၀၅ ကက်ထရီနား မုန်တိုင်းတိုက်ခတ်ခံရစဉ် အတွင်း နှင့် ၂၀၁၁ လစ်ဗျား အရေးအခင်း များ အတွင်းကလည်း IEA သည် အလားတူ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ရုရှားတို့ နေ့စဉ်ထုတ်လုပ်တင်ပို့ ရောင်းချနေသည့် ပမာဏ နှင့် နှိုင်းစာလျှင် မပြောပလောက်ဟု ဂိုးလ်မင်း ဆတ်ချ် မှ တာဝန်ရှိသူ က ဆိုသည်။ ထိုပမာဏကို ကာမိရန် ထုတ်လုပ်နိုင်သည့် အနေအထား မတွေ့ရဟု ဆိုသည်။

 

ဆော်ဒီအာရေဗီယား ပင်လျှင် လ အနည်းငယ်အတွင်း တရက်ကို စည်ပေပါ တသန်းခန့်သာ လွန်ရောကျွံရော ထုတ်လုပ်နိုင်မည့် အနေအထားတွင် ရှိသည်ဟု သိရသည်။ အိုပက် အဖွဲ့ဝင် နိုင်ငံများ ပေါင်းလျှင်ပင် အပို စည်ပေပါ တနေ့ ၂ သန်းခန့်သာ ရှိမည်ဟု ဆိုသည်။ ကနေဒါ၊ ဘရာဇီး နှင့် ဂွာယာနာ တို့ ပေါင်းလျှင်ပင် တသန်း မပြည့်ဟု တွက်ချက်ခဲ့ကြသည်။

 

ယခုအခါ အမေရိကန် သံတမန်များသည် ခြေတိုလုနီးပါး ကမ္ဘာပတ်ကာ ပြတ်လတ်သွားမည့် ရေနံ ပမာဏ ကို ဖြည့်ဆည်းနိုင်ရန် လုံးပမ်းလျက်ရှိနေကြသည်။ CARAWeek သို့ ရောက်ရှိလာမည့် လူများအားလည်း တတ်နိုင်သမျှ ပို၍ ထုတ်လုပ်ရန် ပြောဆိုကြမည် ဖြစ်ပြီး၊ အမေရိကန်၏ ယှေလ နှင့် နုန်းကျောက်မှ ထုတ်လုပ်နေမှုသည်လည်း ဒီထက် ပိုအောင် မစွမ်းဆောင်နိုင်တော့၊ အမေရိကန် ရေနံ လုပ်ငန်းရှင်များကလည်း ဘိုင်ဒင်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စကားများကို နားခါးနေသည်မှာ ကြာမြင့်လှပြီလည်း ဖြစ်၍ စိတ်ပါလက်ပါ သိတ်မရှိလှပေ။ ထုတ်လုပ်ရန် လိုအပ်သည့် သဲဈေးနှုန်းကလည်း သုံးဆခန့် မြင့်တက်လာပြီး ဖြစ်သည်ဟု အကြောင်းပြလာကြသည်။ တိုးမြှင်ထုတ်လုပ်မည်ဆိုလျှင်ပင် တနှစ်အတွင်း ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

 

ကမ္ဘာစွမ်းအင် လိုအပ်ချက်ကို အကူအညီ ပေးနိုင်မည့် အရာသည် အီရန်အား ပိတ်ပင် ကန့်သတ်ထားမှုကို ဖယ်ရှားပေးလိုက်ခြင်းပင် ဖြစ်သည်။ အီရန်သည် ခြောက်လ အတွင်း စည် ငါးသိန်း ခန့် ထုတ်လုပ်မှု မြှင့်တင်နိုင်စွမ်း ရှိနေပြီး တနှစ်အတွင်း နှစ်ဆအထိ တိုးမြှင့်လာနိုင်သည်။ သို့သော် ရုရှားဖက်က ယူကရိန်း နှင့် စပ်လျှင်းပြီး ရုရှား အပေါ် ဒဏ်ခတ်မှုများသည် အီရန်နှင့် ကုန်သွယ်ရေးကို မထိခိုက်ပါဟု အမေရိကန်တို့ဖက်မှ အာမခံရန် ရုတ်ခြည်း တောင်းဆိုလာမှုကြောင့် အဟန့်အတား ဖြစ်လာရသည်။

 

ယခုအခါ အမေရိကန် တို့သည် ဗင်နီဇွဲလားကိုပင် ပြန်လည် ချည်းကပ်နေရပြီ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်၊ ဗင်နီဇွဲလားသည် တနှစ် အတွင်းမှာပင် တနေ့လျှင် စည်ပေပါ ငါးသိန်းခန့် ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။

 

တတိယ အကြောင်းက ရေနံ ကုန်သည်များ အနေဖြင့် “မိမိဖာသာ မိမိတို့ ဆင်ခြင်ရ” သည့် self-sanction အဖြစ်မျိုး ရောက်ရှိသွားမည့် အရေးကို စိုးရိမ်လာနေကြခြင်းပင် ဖြစ်သည်။ ရုရှားမှ ရေနံထွက်ကုန်များသည် အမေရိကန်တို့ ပိတ်ဆို့မလာခင်ကပင် ပြဿနာ ဖြစ်လာနေခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ အဖို့ ရုရှားမှ ရေနံများ ဝယ်ယူမိပါက အမေရိကန်၏ ဒဏ်ခတ်မှု နှင့် ငြိနေမည်လား ဟု မရေမရာ ဖြစ်လာနေခဲ့ကြပြီးလည်း ဖြစ်သည်။ အားလုံးက ဖြစ်နိုင်လျှင် ရုရှား ထံမှ မဝယ်မိအောင် ရှောင်ကျဉ်လာခဲ့ကြသည်။

 

ထို့အတွက် ရုရှား၏ ရေနံ ပို့ကုန် ပမာဏ ထိုးကျသွားခဲ့ရသည်၊ အနည်းဆုံး ရုရှား ၏ တနေ့ ရေနံစည်ပေပါ နှစ်သန်းခန့်သည် ဈေးကွက် တွင် ရောင်း၍ မရ ဖြစ်လာခဲ့သည်မှာ ကြာမြင့်နေပြီလည်း ဖြစ်သည်။ အနောက်တိုင်းရှိ ရေနံ ကုမ္ပဏီကြီးများလည်း ရုရှား ရေနံစိမ်း နှင့် သန့်စင်ပြီးသား ရေနံများကို အားမပေးရန် အပြင်းအထန် ဖိအားပေးခံခဲ့ကြရသည်။ တရုတ် နှင့် အိန္ဒိယတို့ပင် အမေရိကန် စီးပွားရေး ပိတ်ဆို့ထားမှု လွတ်အောင်  ရုရှားပိုင် သင်္ဘောများ၊ ဆိပ်ကမ်းများ အသုံးပြုခြင်းကို ရှောင်ရှားခဲ့ကြသည်။

 

ရုရှား နှင့် ဖက်စပ်လုပ်ငန်း အမြောက်အမြား ကို တာဝန်ကျေစွာ ရုပ်သိမ်းသွားခဲ့သည့် ရှဲလ်သည်ပင် ရုရှားထံမှ ဒစ်စကောင့် ရထားသော ရေနံများကို အရောင်းအဝယ် လုပ်ရာမှ ဒေါ်လာ သန်း နှစ်ဆယ် ခန့် အမြတ်ထွက်သွားသည့် သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် အဆိုပါ အမြတ်ငွေများကို ယူကရိန်း အကူအညီပေးရေး ရံပုံငွေများထဲသို့ ထည့်ဝင်သွားပါမည်ဟု အမြန် ကြေညာချက် ထုတ်လာခဲ့ရသည်။

 

ရုရှား ရေနံများ ပိတ်ဆို့မည်ဆိုက အမေရိကန်အတွက်လည်း အကျပ်အတည်းများ ဖြစ်လာစရာ အကြောင်း ရှိနေသည်။ ထိုသို့ တခါဖူးမျှ မသုံးရသေးသည့် စီးပွားရေး လက်နက်ကို သုံး၍ ရုရှား၏ အလှုပ်အလှဲ့ မခံနိုင်သည့် ရေနံ တင်ပို့နေမှုကို ဒဏ်ခတ်ရန် အနောက်နိုင်ငံများက စိတ်အားထက်သန်နေကြသော်လည်း တဖက်တွင် ရုရှား ရေနံသည် ကမ္ဘာစီးပွားရေး အတွက် အဓိက နေရာမှ ပါဝင်နေသဖြင့် ရုတ်ခြည်း ဖြတ်တောက်လိုက်မည် ဆိုက အကြီးအကျယ် ထိခိုက်လာမည့် အရေးကိုလည်း စိုးရိမ်ပူပန်နေကြသည်။

 

ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့က စစ်ကြီး ဖြစ်လာမှုနှင့် လက်ရှိ ဒဏ်ခတ်မှုများ သည်ပင် ကမ္ဘာစီးပွားရေးအား “လွန်စွာ စိုးရိမ်ရသည့်” အနေအထား ရောက်နေပြီး ဒီထက် တိုး၍ လုပ်မည်ဆိုက အကြီးအကျယ် ပျက်စီးသွားသည် အထိ ဖြစ်လာနိုင်သည်ဟု သတိပေးလာခဲ့သည်။

 

ထို့အတွက် မစ္စတာ ဘလင်ကင်သည် ရုရှား အား ပိတ်ဆို့သည့်အတွက် ပြတ်လတ်သွားမည့် ရေနံ ပမာဏကို အခြားတဖက်မှ ရအောင် သေချာမှသာ ပိတ်ပင်သွားမည်ဟု မတ်လ ၆ ရက်နေ့ ကြေညာချက်တွင် ထည့်သွင်းလာခဲ့သည်။ အမေရိကန်သည် ရုရှား ရေနံများကို နဂိုကတည်းက မဖြစ်စလောက်သာ တင်ပို့နေ၍ မထောင်းသာသော်လည်း အဓိက တင်ပို့နေသည့် ဥရောပ မဟာမိတ် များ နိုင်ငံများ အနေဖြင့် လုပ်ရန် လိုလိုလားလား မရှိကလည်း နားလည် ပေးနိုင်သည်ဟု ဆိုသည်။ ဥရောပ နိုင်ငံများသည် ရုရှားမှ တနေ့လျှင် ရေနံစည် ပေပါ ၂.၇ သန်း နှင့် ရေနံထွက်ကုန် ပေပါတသန်းခန့် တင်သွင်းနေသည်။

 

မစ္စတာ ဘလင်ကင် ၏ စကားသည်သာ အတည် ဖြစ်လာက အမေရိကန် နှင့် ဥရောပတွင် စီးပွားရေး တုန့်ဆိုင်း နှေးကွေးမှု နှင့် ကြုံလာရဖို့ ရှိနေသည်။ လုံးလုံးလျားလျား ပိတ်ပင်ခြင်းထက် အီရန်ကို လုပ်သလို တဆင့် ချင်း လုပ်သွားသည်သာ အကောင်းဆုံး ဖြစ်ပေမည် ဟု အီကော်နော်မစ် မဂ္ဂဇင်း၏ မတ်လ ၇ ရက်နေ့ထုတ် စာစောင်တွင် “The West’s threat of a ban on Russia oil shakes market” ဆောင်းပါးတွင် ဖေါ်ပြထားသည်။


ဆက်ဖတ်ရန် →

ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်

​Breaking News - အကြမ်းဖက်စစ်တပ်က ဝယ်ယူထားသော ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်


ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ


အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME  စစ်တိုက်လေ ယာဉ် ၆ စီး နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်းရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 


ရုရှားနိုင်ငံလုပ် IL-76TD အမျိုးအစား ကုန်တင်လေယာဥ်ဖြင့် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီးနှင့် အပိုပစ္စည်းများကို မတ်လ ၁၀ ရက်နေ့ ၊ မတ်လ ၁၂ ရက်နေ့ နှင့် မတ်လ ၁၄ ရက်နေ့တို့တွင် နေပြည်တော်သို့ လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ 


မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည်  ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့်  SU-30SME စစ်တိုက်လေယာဉ်သည်  လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ပြီး လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံလုပ် Yak-130 စစ်တိုက်လေယာဉ်များကို တိုင်းရင်းသား နယ်မြေများနှင့် ပြည်သူများကို ပစ်ခတ်တိုက်ရာတွင် အဓိက အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ရုရှားထုတ် SU-30SME အမျိုးအစား စစ်တိုက်လေယာဉ်တစ်စင်း။

ဆက်ဖတ်ရန် →

ကြမ္မာရဟတ် တပတ်လည်လာပြီ *******************************

​


၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။


ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိူင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။


ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ တင်ပို့နိုင်ရန် အတွက် ဖြစ်ကြောင်း ထင် ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။ ‌တရုတ်ပြည် နှင့် ဘင်္ဂလားပင်လယ်အော်အကြား ဆက်သွယ်ထားသော "ရွှေကံလုံ" ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် ဖြစ်သည်ဟု ဆိုသည်။


၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မှု အနေအထားသည် တနေ့လျှင် ၂.၂ ဂီဂါဝပ်သာ ရှိတော့သည်ဟု စွမ်းအင်ဌာနက ဆိုသည်။


နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များလည်း စတင် သက်ရောက် လာနေပြီ ဖြစ်သည်။ ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များ အဖို့က ထိုမျှ လောက်သော ဒုက္ခဆင်းရဲများကို တခါဖူးမျှ ကြုံတွေ့ ခဲ့ဖူးခြင်း ရှိကြမည် မဟုတ်ပေ။ လောင်စာဆီ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေမှု နှင့် အတူ အထွေထွေ စားသောက်ကုန်များ ၏ ဈေးနှုန်းများလည်း တက် လာတော့မည် ဖြစ်၍ စစ်ကောင်စီ သည် ၎င်းတို့ ရက်စက် ယုတ်မာစွာ ပြုကျင့်နေခဲ့မှု များ နှင့် အတူ ကျဆုံးခန်းလည်း နီးသထက် နီးကပ်လာနေသည်။


ထိုအရေး ကို စားကောင်းသောက်ကောင်း အနေချောင် အောင် မြှောက်ပင့် ကပ်ယပ်နေ ကြသော နတ်ရူး မှော်ရူး များလည်း မည်သို့မျှ တတ်နိုင်ကြတော့မည် မဟုတ်ပေ။


၎င်း၏ လက်ထက်တွင် လက်ညှိုးညွှန်ရာ ဖြစ်မည်၊ တိုင်းပြည်ကြီးသာယာဝပြော ပေ တော့မည် ဟူသော အဆိုပါ နတ်ရူးမှော်ရူး များ၏ စကားတခုတည်းကိုသာ အားကိုး‌၍ လျှပ်စစ်ကားများ၊ မြေအောက် မီးရထားလမ်းများ ဆောက်လုပ်နိုင်ရန် ပြင်ဆင်ထားကြဖို့ ရူး သွတ်စွာ ပြောဆိုခဲ့သူ ကြီးလည်း လူမြင်ကွင်း မှ ပျောက်ဆုံးနေပြန်၍ စစ်ကောင်စီ အတွင်း ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာနိုင်မည်လား အထင်ဖြင့် နေပြည်တော်တွင် တီးတိုး ဝေဖန်မှုများ ထွက်ပေါ်လာနေသည်။


တနိုင်ငံလုံး မှောင်အတိကျ၍ စိတ်လက်မချမ်းသာ ဖြစ်နေကြချိန်တွင် စစ်ဗိုလ်ချုပ်များ၊ ကရိုနီ တို့၏ သားသမီးများမှာ မီးရောင်ထိန်ထိန် အောက်တွင် ကခုန် မြူးတူး နေကြသည့် အတွက် ပြည်သူ့ တော်လှန်ရေး တပ်သားများက လူချမ်းသာ ရပ်ကွက် အတွင်း ဖွင့်ထားသော "ဘရာဗို" နိုက်ကလပ်ကို ဖေါက်ခွဲတိုက်ခိုက်ပြစ်ခဲ့ကြသည်။


သို့တည်း မဟုတ် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကြောင့် တကမ္ဘာလုံး အထွေထွေ အကျပ် အတည်းကြီး နှင့် ကြုံနေရချိန်တွင် မိမိတို့၏ အဖြစ်ကို အားကိုး အားထား ပြုနေသော ဆရာ သမား နှစ်ဦးက ငဲ့ညှာရကောင်းမှန်း မသိ၊ ပေယျာလကန်ပင် ပြုလာခဲ့ကြရုံမက တရုတ်သည် ၎င်း၏ စွမ်းအင် လိုအပ်ချက်များ ကို ဖြည့်တင်းနိူင်ရန် ပိုက်လိုင်းအသစ်များ အတင်း ဆောက် လုပ်ခိုင်းနေသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရပြီး စိတ်ဓါတ်များ ကျဆင်းကာ ကြံရာမရ ဖြစ်လာပုံလည်း ရသည်။


လက်ရှိ အာဆီယံ ၏ အထူး သံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေး ဖြစ်သူ၏ မြန်မာပြည် အရေး ဖြေရှင်းမှုကို ‌ကူညီရန် ဆိုကာ ဟွန်ဆန်မှ မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှု လုံးဝမရှိ သည့် နီပွန် ဖောင်ဒေးရှင်း ‌ဥက္ကဌ ဖြစ်သူ ဆာဆာကာဝါ ကို ဖနွမ်းပင်သို့ ပင့်ဖိတ်လာပြန်သည်။ ဟွန်ဆန်သည် အာဆီယံ အဖွဲ့အားလည်း တိုင်ပင်ခြင်း မရှိဘဲ ဒုတိယ အကြိမ် အမှားတခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ထို့အတွက် အာဆီယံ အထူးသံတမန်၏ လာမည့် ခရီးစဉ်သည် အောင်မြင်နိုင်မည့် အခွင့်အရေး မှာ ပို‌‌၍ ဝေးကွာသွားခဲ့ရပြီ ဖြစ်သည်။


အာဆီယံ သံတမန်သည် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ရန် စိတ်မကူးတော့ဘဲ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အပစ်ရပ်ကြပါဟု စစ်အာဏာရှင်လည်း သက်ဆိုးရှည်၊ ၎င်းတို့အဖို့ နားငြီးသက်သာမည့် လမ်းကို ရွေးချယ်လိုက်ပုံရသည်။ အာဆီယံသည် ထိုသို့ ဖြစ်လာလျှင် ကောင်းလေစွ တိုးတက်မှု ရှိပါပေသည်ဟု ရင့်ကျူးလာတော့မည် ဖြစ်သည်။


ပြည်သူများ အဖို့က မိမိတို့ ယုံကြည်အားထားနေကြသည့် အမျိုးသား ညီညွတ်ရေး အစိုးရက တစွန်းတစမျှပင် ဆက်သွယ်ဖို့ မကြိုးစားပဲ ၎င်းတို့ အပေါ် အကြမ်းဖက်နေသည့် စစ်ကောင်စီ နှင့် လက်ဝါးချင်း ရိုက်ပြီး ချပြလာမည့် မည်သို့သော် ဖြေရှင်းချက်မျိုးကိုမှ လက်ခံကြလိမ့်မည် မဟုတ်ပေ။


စစ်အာဏာရှင်တို့နှင့် အတူယှဉ်တွဲနေထိုင်သွားရေး ဝါဒ ကျင့်သုံးနေသည့် တိုင်းရင်း သား ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချီနေမှုက တဟုန်ထိုး မြင့်တက်‌လာနေပြီး အိမ်နီချင်း နိုင်ငံများတွင် အလျှံပယ်ဖြစ်လာကာ ဈေးပင် ထိုးကျလာနေသည်ဟု ကုလ မူးယစ် ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က ဆိုသည်။ ဖမ်းဆီးရမည့်သည့် ပမာဏ သည် ထိုင်းတွင် ၂၀%၊ မလေးရှားတွင် ၄၀% နှင့် ‌လာအိုတွင် ၆၂၀% အထိ စံချိန်တင် မြင့်တက်သွားပြီ ဖြစ်သည်။


ယခုအခါ ကမ္ဘာတဝှမ်းက ရုရှားအား တက်ညီလက်ညီ စီးပွားရေး ပိတ်ဆို့ လာနေသည့် အရှိန် အဟုန် ကို အခွင့်ကောင်းယူကာ မြန်မာရှိ စစ်အာဏာရှင်များကိုလည်း အလားတူ လောင်စာ ဆီများ  ပိတ်ဆို့ရန် အပူတပြင်း တောင်းဆိုလာနေကြပြီ ဖြစ်သည်ဟု ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးတွင် ရေးသားလာခဲ့သည်။ ရုရှားဖက် ယိမ်းသွားမည် ဆိုသော အနောက်နိုင်ငံများ အနေဖြင့်  စိုးရိမ်ကြောင့်ကြစရာ မလိုတော့သည် အခြေကို ဆိုက်လာခဲ့၍လည်း ဖြစ်သည်။


စစ်တပ်သည် ‌တိုက်လေယာဉ်များ နှင့် အရပ်သားများ အပေါ် ဗုံးကြဲတိုက်ခိုက်လာနေသည့် အတွက် ငါးနှစ် အရွယ် လူပမယ် ကလေး သူငယ်များ အပါအဝင် အမြောက်အမြား သေဆုံး နေကြသည်ဟု ပြီးခဲ့သည့် လ က ထုတ်ပြန်ခဲ့သည်။


စစ်ကောင်စီသည် လေယာဉ်ဆီများကို မည်သည့်နေရာမှ ဝယ်ယူတင်သွင်းနေသည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ သို့သော် ယခု အချိန်အထိ နိုင်ငံများက စစ်တပ်ထံ တင်ပို့ ရောင်းချနေကြဆဲ ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။  ၁၀၀% နီးပါးသည် စင်္ကာပူရှိ သိုလှောင်ကန်များမှ တင်ပို့နေခြင်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။ ရှဲလ်၊

အက်ဆွန် မိုဘီးလ် နှင့် ချေဗရွန်တို့က ကြားပွဲစားများကို ရောင်းချပြီး ၎င်းတို့မှတဆင့် ပြန်တင်ပို့နေကြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။


လောင်စာဆီများကို Singapore Refining Co. ၏ ဆိပ်ကမ်းမှ ရန်ကုန်ရှိ သီလဝါ ဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့နေခြင်း ဖြစ်သည်။ အဆိုပါ ဆိပ်ကမ်းအား ချေဗရွန် နှင့် တရုတ် အစိုးရပိုင် PetroChina ၏ လက်ခွဲ Singapore Petroleum Company တို့ ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။


ထို့အတွက် လေယာဉ်ဆီများ ရောင်းချရန် ပိတိပင်မည် ဆိုက စင်္ကာပူရှိ ကုမ္ပဏီများ လိုက်နာရန် အထူးလိုအပ်သည်ဟုလည်း ထောက်ပြခဲ့သည်။


ဝေါ်စထရိ ဂျာနယ်မှ ထိုသို့ လူသိရှင်ကြား ဖေါ်ထုတ်လိုက်ခြင်းကြောင့် နိုင်ငံတွင်း ဖြစ်ပေါ် နေသည့် အကြမ်းဖက် လုပ်ရပ်များကို ရဲရဲတောက် ဆန့်ကျင်နေသည့် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး အဖို့ မျက်နှာပူစရာ ဖြစ်လာရပေသည်။


လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး အဖွဲ့များ၊ ဗြိတိသျှ ပါလီမန် အမတ်များပါမကျန် မြို့ပြ အဖွဲ့အစည်း အသီးသီးက တညီတညွတ်တည်း ပိုမို ကျယ်လောင်စွာ တောင်းဆိုလာနေပြီ ဖြစ်၍ အနှေး နှင့် အမြန် ဖြစ်လာမည်ကား သေချာနေပြီ ဖြစ်သည်။


ထိုသို့ ပြောင်းလဲလာနေသည့် နိုင်ငံတကာ အခြေအနေများ ကြောင့် မိမိတို့ အဖို့ ၂၀၂၂ ကျော်၍ ဆက်လက်တည်မြဲနေပါဦးမည်လောဟု အိမ်တွင်းအောင်းကာ တွေးတောနေသောကြောင့် လည်း ဖြစ်နိူင်ပေသည်။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!


လှစိုးဝေ

Image Credit – Rest of World


ဆက်ဖတ်ရန် →

​"ဂက်စ်ဆီစျေး...ထပ်တက်မည်တဲ့ဗျို့"



ရုရှားဆီက. သွင်းတဲ့အန်နာဂျီထွက်ကုန်( ဂက်စ်ဆီ။ ကျောက်မီးသွေး။ ဂက်စ်) ကို.. အမေရိကားတင်သွင်းတာပိတ်လိုက်ပါပြီ..။ တခြားနေတိုးနိုင်ငံတွေ.. မပိတ်.. ဆန်ရှင်မလုပ်သေးပါ..။

အဲဒါကြောင့်.. ပြည်တွင်းဆီစျေးထပ်တက်ပါမယ်... ဆိုပါတယ်..။

အမေရိကားအတွက်.. အားလုံးတင်သွင်းဂက်စ်ဆီရဲ့.. ၈% မို့..  မထောင်းသာလှပေမယ့်.. ကမ္ဘာအတွက်.. ထိပါမယ်..။ အမေရိကားက.. အဲဒီကုန်ကြမ်းကနေ.. ကုန်ချောတွေပြန်ထုတ်ရောင်းတာ.. ရှိတာမို့ပါ..။ 


ဘိုင်ဒင်အုပ်ချုပ်ရေးက.. တပြိုင်ထဲ.. မူလအရင်က.. တားမြစ်..ဆန်ရှင်လုပ်ထားတဲ့.. အီရန်နဲ့.. ဗင်နီဇွဲလားနိုင်ငံတွေကိုလည်း.. စကားပြောနေပါတယ်..။ ကမ္ဘာ့ဆီထုတ်.. လိုအပ်တဲ့ကွက်လပ်ကို.. ဖြည့်ထုတ်ပေးဖို့ပါ..။ အိုပက်ကလည်း.. တိုးမထုတ်တာမို့တဲ့..။ 

အိုပက် - အာရပ်ဆီသူဌေးကြီးတွေ.. ပိုက်ဆံတွေကဲ့ယူနေ..။


ရီပါ့ဗလစ်ကန်ပါတီခေါင်း‌ဆောင်တွေ.. အခုသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်..။

ရုရှားဆီပိတ်တာ.. အိုကေ..။

အီရန်နဲ့.. ဗင်နွီဲလားကို.. ချည်းကပ်.. ဆန်ရှင်လျှော့ပေးတာ.. မလုပ်သင့်လို့ဆိုပါတယ်..။

အဲဒီအစား.. ပြည်တွင်းမှာ.. တိုးထုတ်ပါတဲ့..။ ကီးစတုန်းပိုက်လိုင်းကို.. ပြန်ဖွင့်ပါတဲ့...။

ကနေဒါ.. ကီးစတုန်းပိုက်လိုင်းက.. ထုတ်ပေးမယ့်ဆီပမာဏက.. ရုရှန်းဆီသွင်းပမာဏနဲ့.. တူတူလောက်ပါတဲ့..။


ဆိုတော့...

သတင်းကအဲလို..။ ဂက်စ်ဆိုလင်း‌စေျးတက်မှာလည်း.. အဲလို...။

သခင်Kai Nwor

https://www.foxbusiness.com/politics/biden-russian-oil-import-ban


ဆက်ဖတ်ရန် →

​၆ ကျပ် ၊ ၃ ကျပ် ၊ ၁၀ ကျပ် သတ်မှတ်အဖိုးအခထက်ပိုတောင်းကတိုင်ကြားနိုင်


========

နိုင်ငံသားစိစစ်ရေးကတ်ပြား သတ်မှတ်အဖိုးအခဖြစ်သည့်

နိုင်ငံသားစိစစ်ရေးကတ်ပြားလျောက်ထားပါက ၆ ကျပ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ် လျောက်ထားပါက ၃ ကျပ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်ဆီးမိတ္တူ လျောက်ထားပါက ၁၀ ကျပ်။

သတ်မှတ်အဖိုးခထက်ပိုကတိုင်ကြားနိုင်

(စံတော်ချိန်ကမေးမြန်းသည်ကို

လဝက ကပြန်လည် ဖြေကြားထားချက်ပါ)


ဆက်ဖတ်ရန် →

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ


၇.၁၀.၂၀၂၁နေ့တွင်ရန်ကုန်တိုင်း,မရမ်းကုန်းမြို့နယ်,ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။


ဒါပေမယ့် ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ,clubရှိမန်နေဂျာ,ဝန်ထမ်းအားလုံး အန္တရာယ်ကင်းစွာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွာကြားသိရပါတယ်။


ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။


Brave Bar ကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။


Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး။ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့ ဖွင့်နိုင်တယ်ဆိုတာ နယ်မြေမြို့နယ်ရဲစခန်း,ခရိုင်ရဲတပ်ဖွဲ့လောက်ကို လာဘ်ပေးပြီးဖွင့်ဖို့မဖြစ်နိုင်ပါဘူး။


လက်ရှိအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ပိုင်းအချို့နဲ့ပက်သက်မှုရှိမှဖွင့်လို့ရတဲ့အခြေအနေပါ။Brave Bar ကဘယ်သူပိုင်တာလဲ,ပိုင်ရှင်ဘယ်သူဖြစ်နေလို့အခုလိုပေါ်ပေါ်ထင်ထင်ဖွင့်ရဲတာလဲဆိုတော့ Brave Barရဲ့ပိုင်ရှင်က ကိုစိုးလှိုင်ဆိုတဲ့စီးပွားရေးသမားတယောက်ဘဲဖြစ်ပါတယ်။ကိုစိုးလှိုင်ဆိုတဲ့ Brave Barပိုင်ရှင်က ဘယ်သူဖြစ်နေလို့လဲဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။


Brave Bar ပိုင်ရှင် ကိုစိုးလှိုင် မှာ အမွှာညီအကို နောက်တယောက် ကိုစိုးနိုင်ဆိုတဲ့တယောက်ရှိပါသေးတယ်။သူတို့ ညီအကိုနှစ်ယောက်က (နအဖ)အစိုးရ ဦးသန်းရွှေလက်ထက် ၂၀၀၉-၂၀၁၀ဝနိးကျင်လောက် DoKoMoနာမည်နဲ့ မြေနီကုန်း,ပါရမီနဲ့နေရာတချို့မှာ တန်ဖိုးနည်းတရုတ်ဖုန်းများကို ရောင်းတဲ့ဆိုင်ဖွင့်လှစ်ပြီး လိုင်စင်မဲ့ကားကိုသာဝယ်စီးနိုင်တဲ့အခြေအနေသာရှိပြီး တရုတ်ပြည်ထုတ်တန်ဖိုးနည်းဖုန်းများကိုသာ သူတို့ညီအကိုနှစ်ဦးပိုင်တဲ့ DoKoMoဖုန်းဆိုင်တွေမှာ ရောင်းရတဲ့တန်ဖိုးနည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေခဲ့ရသူတွေပါ။


ဒါပေမဲ့၂၀၁၆နောက်ပိုင်း ကိုစိုးလှိုင်ရဲ့စိးပွားရေးလုပ်ငန်းတွေက DoKoMoဖုန်းဆိုင်ခွဲတွေမဟုတ်တော့ပါဘူး။ယခုစစ်ကောင်စီတပ်ကဝင်ဖမ်းတဲ့ ကန်ရိပ်သာလမ်းက BraveBar,ဆရာစံလမ်းပေါ်က World Wide KTV,၇မိုင် ကုန်းမြင့်ရိပ်သာလမ်းက Icon KTV,Worldwide KTV Mdy,Icon KTV Mdy,ဆရာစံလမ်းပေါ်က Canton Paradise Chinese Fine dining Restaurant ,ဆရာစံလမ်းပေါ်က Beauty In The Pot Hot Pot ဆိုင်,ဆရာစံလမ်းပေါ်က NYX KTV,JanJanJan Japanese Restaurant,Brave Empire Production ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း,Hotel SS Aung Ban စသည့်လုပ်ငန်းများအပြင် သိန်း၃သောင်းအထက် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကိုလုပ်ကိုင်နေတာတွေ့ရပါတယ်။


ယခုလက်ရှိ Brave Bar ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်သူဌေးက 7miles Villa လို့ခေါ်တဲ့ ၇မိုင် အေဒီမီးပွိုင့်အနီး ပြည်လမ်းပေါ်ကနေဝင်ရတဲ့ ခြံတစ်ခြံအကျယ်အဝန်း ၁ဧကကျယ်ဝန်းတဲ့ခြံ ၇ခြံသာရှိတဲ့ ခြံတွေထဲက ခြံတစ်ခြံမှာ နန်းတော်ကြီးပုံစံအိမ်နဲ့နေထိုင်လျက်ရှိပါတယ်။


နိုင်ငံရဲ့စီမံကိန်းတွေလုပ်တဲ့လုပ်ငန်းတခုမှမရှိဘဲဘာကြောင့် နှစ်အနည်းငယ်အတွင်းချမ်းသာမှုပမာဏအများကြီးရှိတာလဲဆိုတဲ့အကြောင်းအရင်းက ကိုစိုးလှိုင်လုပ်တဲ့လုပ်ငန်းအများစုက Night Life(ညပိုင်းဖျော်ဖြေရေးလုပ်ငန်း)တွေဖြစ်နေတော့ အဓိက မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ငန်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒီလိုလုပ်ငန်းကို တကယ့်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ယောက်က တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အကျိုးတူလုပ်ကိုင်နိုင်မှ မူးယစ်ဆေးဝါးများကို တရားဝင်ပုံစံဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်။


ကိုစိုးလှိုင်ရဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ World Wide KTV Mdyမှာ ၂၀၁၈ခုနှစ်ဝန်းကျင်က ပြည်ထဲရေးဝန်ကြီးဌာနမှသတင်းအရ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်တဲ့ ကုန်သည်တွေ Mdy World Wide KTVမှာ ရောက်နေတယ်လို့သတင်းအတိအကျနဲ့တိုင်တဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။


ထိုသို့ဖမ်းဆီးရာအဓိကတရားခံ၅ဦးဖမ်းခံရပေမယ့် သတင်းတစုံတရာထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး,ဖမ်းခံရတဲ့သူ၅ဦးအနက် ၁ဦးက မန္တလေးနဲ့ရန်ကုန် ကျောက်သူဌေးလောကမှာ နာမည်အရမ်းကြီးတဲ့ ဦးအိုက်ထွေး(ကျောက်အရောင်းအဝယ်လုပ်ငန်းရှင်)ရဲ့သားမက် ကိုအောင်ဝင်း ဆိုသူဖြစ်ပါတယ်။အခုလို မူးယစ်ဆေးဝါးကိုနိုင်ငံတကာရောင်းတဲ့ မူးယစ်ရာဇာတစ်ယောက် ဖမ်းခံရပြီး၁နှစ်မပြည့်ခင်အချိန်အတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။


ဘယ်သူမှ မသိတဲ့ကြီးမားတဲ့ဖြစ်စဉ်တစ်ခုပါ။နောက်ပြီး ကိုစိုးလှိုင်ရဲ့ World Wide KTV Mdyဆိုင်ကတစုံတရာ အရေးယူခံရခြင်းမျိုးလည်းမဖြစ်ခဲ့ပါဘူး။ ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ KTV,Club,Barနေရာတိုင်းမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေဖြစ်တဲ့ Ecstasy ၁ပြား၈သောင်း,Ketamine 1gram ကို ၁သိန်း၂သောင်း,Cocaine 1gram ၃သိန်းမှ ၆သိန်း,Molly Capsule ၁တောင့် ၁သိန်း စသည့် party drugs(ပျော်ပွဲရွင်ပွဲသုံးမူးယစ်ဆေးဝါးများ),Ice,ရာမ စသည့်မူးယစ်ဆေးဝါးမျိုးစုံကို သုံးစွဲဖို့ accessories များအဆင်သင့်ပြင်ဆင်ထားပြီး အဆင်သင့်သုံးစွဲနိုင်ရန်စီစဉ်ပေးထားပြီး ကိုယ်ကြိုက်နှစ်သက်ရာ မူးယစ်ဆေးဝါးများကို စိတ်ကြိုက်လွယ်ကူစွာဝယ်ယူ သုံးစွဲ နိုင်တဲ့နေရာတွေက ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ နေရာတွေမှာလွယ်လင့်တကူလွတ်လပ်စွာဝယ်ယူသုံးစွဲနိုင်အောင်ရောင်းချလျှက်ရှိပါတယ်။


ကိုစိုးလှိုင်ရဲ့ရင်းနှီးတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်တဲ့သူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်တပ်ချုပ် မင်းအောင်လှိုင် သမီးခင်သီရိသက်မွန်နှင့် ခင်ပွန်းဟောင်းလင်းမြင့်ဖွယ်(DJ Xoon Mite),သားအငယ် အောင်ပြည့်စုံနှင့်ချွေးမ မျိုးရတနာထိုက်,ဒုချုပ်စိုးဝင်း (DSA22)ရဲ့မယားပါသားအငယ်လင်းထူးနှင့် ချွေးမ သဲသဲ (Mdy ရဲ့လုပ်ငန်း),ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ(DSA 22),ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး အောင်စိုး(DSA 26),ရဲချုပ်ဟောင်း ရဲချုပ်အောင်ဝင်းဦး (DSA26),လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်(OTS 64),စရခချုပ်ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS 77) တို့ပဲဖြစ်ပါတယ်။


ဒါမျိုးတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းအတူလုပ်ကိုင်နေသူဖြစ်လို့ မနေ့ညပိုင်း၁၁:၄၅မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးပေမဲ့ ဖမ်းဆီးခံရသူ ၂၀၀ဝန်းကျင်ထဲမှာ တစ်ယောက်မှဖမ်းဆီးထိန်းသိမ်းခြင်းမခံရ,ပိုက်ဆံပေးစရာမလိုဘဲ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ 


ကိုစိုးလှိုင်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့အဓိက မင်းသားက ပြည်သူတွေရဲ့အချစ်တော်မင်းသားပိုင်တံခွန်ပဲဖြစ်ပါတယ်။ မင်းသားပိုင်တံခွန်က လက်ရှိ ၅၀၅-ကနဲ့ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရပါတယ်။ပိုင်တံခွန်ဖမ်းခံရတဲ့ဖြစ်စဉ်အမှန်က မင်းသားပိုင်တံခွန်က လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိနေပြီး သူ့အတွက်လွတ်မြောက်နယ်မြေမှာ နေထိုင်ဖို့အဆင်မပြေတဲ့အကြောင်းပြချက်နဲ့ မင်းသားပိုင်တံခွန်က သူ့ရဲသူဌေးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ကိုဆက်သွယ်ပြီး ကိုစိုးလှိုင်ရဲ့ အစီအစဉ်ပြုလုပ်ပေးမှုကြောင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့ဝင်များက မင်းသားပိုင်တံခွန်ကို သူ့ရဲ့နေအိမ်မြောက်ဒဂုံသို့ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပါတယ်။ 


စစ်ကောင်စီက ည၈နာရီသတင်းမှာ ၅၀၅-က ဝရမ်းထုတ်ပြန်ခံရတဲ့အနုပညာရှင်တွေစာရင်းတွေကြေငြာတဲ့အခါ April ၇ရက်နေ့မှာမင်းသားပိုင်တံခွန်ရဲ့ ဝရမ်းထုတ်ခံရတယ်ဆိုတာ သတင်းမှာပါလာပါတယ်။ စရဖတပ်ဖွဲ့နဲ့ပြည်ထဲရေးတပ်ဖွဲ့အချင်းအချင်းမကျေနပ်မှုကြောင့် နေအိမ်သို့တိတ်တဆိတ်ပြန်ရောက်နေတဲ့ ပိုင်တံခွန် သတင်းရထားပြီးဖြစ်နေတဲ့အတွက် April ၈ရက်နေ့မနက်လင်းအားကြီးအချိန် ပိုင်တံခွန်ရဲ့ နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးပြီးပိုင်တံခွန်ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး တရားစွဲဖို့ စီစဉ်ပါတယ်။


ပိုင်တံခွန်အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ပြီး ၅၀၅-ကဖြင့်စတင်တရားစွဲဆိုတဲ့အခါ Brave Empire Production ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်က တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိုင်နိုင်တဲ့အတွက် ပိုင်တံခွန်ကို မြောက်ဒဂုံ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေငြာထုတ်ပြန်ထားတဲ့ မြို့နယ်မှာ ဖမ်းဆီးခံရပေမယ့် ပိုင်တံခွန်ရဲ့ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ရဲ့ကူညီပေးမှုကြောင့် စစ်ခုံရုံးနဲ့ရုံးတင်တရားစွဲဆို ပြစ်ဒဏ်ချရမှာဖြစ်ပေမယ့် အရပ်ဘက်တရာရုံး မြောက်ဒဂုံမြို့နယ်တရားရုံးကနေအမှုရင်ဆိုင်ရပါတယ်။ 


ပိုင်တံခွန်လို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အသက်၂၀ကျော် မိန်းကလေးတစ်ဦးကတော့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြောက်ဒဂုံမြို့နယ်မှာဖမ်းဆီးခံရလို့ မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရပါတယ်။ အဆိုပါ မိန်းကလေးဖမ်းခံရတဲ့ရက်နဲ့ ပိုင်တံခွန်ဖမ်းခံရတဲ့ရက်က ၁ရက်ပဲကွာပါတယ်။ဒါကြောင့် Brave Bar ပိုင်ရှင်ကိုစိုးလှိုင် စစ်ကောင်စီကိုဘယ်လိုပိုင်တယ်ဆိုတာ တွေ့နိုင်မြင်နိုင်ပါတယ်။


အပြစ်မဲ့ပြည်သူတွေအိမ်ကို ညဦးပိုင်းအချိန်မှာ စကစတပ်တွေက ရပ်ကွက်တွေထဲဆဲဆိုကြိမ်းမောင်း ဧည့်စာရင်းဝင်စစ်ပြီး အသားလွတ်အပြစ်မရှိဘဲ မတရားဖမ်းဆီးထောင်ထဲထည့်ခံရပေမဲ့ စစ်ကောင်စီနဲ့ပက်သက်တဲ့ရေပေါ်ဆီအသိုင်းအဝိုင်းတွေကတော့ ည၁၀နာရီမထွက်ရဆိုတဲ့ ဥပဒေချိုးဖောက်ကာ တရားမဝင်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သုံးစွဲပြီးတည်ဆဲဥပဒေ ပြဌာန်းဥပဒေတွေကို ချိုးဖောက်ကျူးလွန် အပြစ်ရှိပေမယ့် မတရားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ မတရားဥပဒေကြောင့် အပြစ်လုပ်တဲ့သူ တရားခံအစစ်တွေက လွတ်မြောက်နေပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာကတော့ မတရားဖမ်းဆီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရပြီး သူတို့နဲ့မသက်ဆိုင်တဲ့ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ မတရားဖမ်းဆီးခံနေရတာက မတရားအာဏာလုထားတဲ့ အာဏာရူးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အာဏာရူးစစ်ဗိုလ်ချုပ်ကြီးရာထူးကိုယ့်ဘာသာယူထားတဲ့ စစ်အာဏာရှင်ရဲ့ အမွေဆိုးစနစ်ဆိုး အကျင့်ဆိုးတွေကြောင့် ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

Credit...


ဆက်ဖတ်ရန် →

​ရန်ကုန်ရှိ Brave Bar ဗုံးခွဲတိုက်ခိုက်ခံရ



—People's Spring


ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Brave Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အဆောက် အဦးနှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။


"ခရိုနီစိုးလှိုင်က အများအမြင်မှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ရန်ကုန်မြို့ ရဲ့ မူးယစ် ဆေးဝါး လုပ်ငန်းစုထဲမှာ အဓိကပါဝင်သူဖြစ်ပါတယ်။ နောက်ပြီး ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ရောက်ရှိသော မိန်းကလေးများကို လိင်အမြတ် ထုတ်ခြင်းစတဲ့ လူမဆန်တဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိတာကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။"ဟု JBF မှတာဝန်ရှိသူက ဆိုသည်။


ယနေ့(မတ်လ ၈ ရက်) ညနေ ၃နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Barပိုင်ရှင်နှင့် ပတ်သက်သည့်အချက်အလက်များကို သေသေချာချာ အတည်ပြုပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။


"တိုက်ခိုက်ရေး အင်အားစုများနဲ့ ပြည်သူများကိုလည်း ဒီလူယုတ်မာ ခရိုနီ စိုးလှိုင်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများ ကို ပစ်မှတ်ထားတိုက်ခိုက်ကြဖို့ ပြောချင်ပါ တယ်"ဟု ၎င်းက တိုက်တွန်းသည်။


ယင်းတိုက်ခိုက်မှုကြောင့် Brave Barရှေ့တွင်  အကြမ်းဖက်‌စစ်ကောင်စီတပ်ဖွဲ့ ဝင်များ စစ်ဆေးမှုပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


Brave Bar သည် လက်ရှိတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်၍ အပျော်အပါးများဖြင့် စည်ကားနေသည့် Bar တစ်ခုဖြစ်သည်။


ဖောက်ခွဲတိုက်ခိုက်ခံရမှုများနှင့်ပတ်သက်ပြီး အဆိုပါ Bar မှာ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။


ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်ကာလဖြစ်သည့်ပြီးခဲ့သည့်နှစ် အောက်တ်ိုဘာ ၇ ရက်ကလည်း Brave Bar ကို အကြမ်းဖက်စစ်ကောင်စီက ည၁၁ နာရီကျော်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ရာ လူ ၂၀၀ခန့် ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်တွင် ဖမ်းဆီးခံရသူ အားလုံးပြန်လည် လွတ်မြောက်ခဲ့သည်။


JBF အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်ကို ထောက်ခံသည့် Transporter Bar ကို သတိပေးသည့် အနေဖြင့် ဖောက်ခွဲခဲ့ပြီး စစ်တပ်အတွက် ‌ငွေကြေးထောက်ပံ့သည့် နေရာများဖြစ်သည့် Bar ၊KTV နှင့် Club များကို မသွားရန် အဆိုပါ အဖွဲ့က မေတ္တာရပ်ခံ ထားသည်။


(Brave Bar ၌ ပျော်ပါး သောက်းစားနေကြသူများကို တွေ့ရစဥ်၊ ဓာတ်ပုံ - Brave Bar /FB)


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/


ဆက်ဖတ်ရန် →

​ရုရှားတပ်မတော်မှ နောက်ထပ်ဒုတ်ိယမြောက်ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး ယူကရိန်းတွင်ထပ်မံချေမှုန်းခံရပြီးအသက်ထွက်



🇷🇺 ရုရှားစစ်တပ်က ဗိုလ်မှူးချုပ် Vitaly Gerasimov အသက် (၄၄) နှစ် ဟာ ရုရှားနဲ့နယ်စပ် ယူကရိန်းနိုင်ငံ Kharkiv မြို့သိမ်းတိုက်ပွဲမှာ သုတ်သင်ချေမှုန်းခြင်းခံလိုက်ရပြီး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် The Guardian သတင်းစားမှာထုတ်ပြန်ထားပါတယ် ။ 


အဆိုပါဗိုလ်ချုပ်ဟာ ဆီးရီးယားမှာတာဝန်ထမ်းဆောင်ဖူးခဲ့သူဖြစ်ပြီး ပူတင်းရဲ့ “ ခရိုင်းမီးယားပြန်ရခြင်း “ ဆိုတဲ့ သူကောင်းပြုခြင်းတုကိုရရှိထားတဲ့ဗိုလ်ချုပ်ပေါက်စလေးဖြစ်ပါတယ် ၊ သူဟာ ရုရှားဗဟိုစစ်တိုင်း ၄၁ တပ်မဟာရဲ့ လက်ထောက်စစ်ဦးစီးမှူး (41st Army of the Central Military District of Russia) ဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပါတ်ကလည်း ရုရှားတပ်မတော်ရဲ့ အမှတ် ( ၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့တပ်မဟာမှူး ၊ အနှတ် ( ၄၁ ) တပ်ပေါင်းစုရဲ့ (the 41st Combined Arms Army) လက်ထောက်စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Andrei Sukhovetsky လည်းစနိုက်ပါထိမှန်သေဆုံးခဲ့ပါတယ်။


ယူကရိန်းမှာ ၁၂ ရက်ကျော်ကြာ ရုရှားရဲ့ကျူးကျော်စစ်ပွဲကာလမှာ ရုရှားဘက်က တိုက်ခိုက်ရေးစစ်သား (၁၁၀၀၀) ကျော်သေဆုံးပြီးဖြစ်ကြောင်း ယူကရိန်းဘက်ကထုတ်ပြန်ထားတာကိုသတင်းတွေမှာဖတ်ရပါတယ် ။ 


ဒါဟာစစ်ပွဲတစ်ပွဲမှာ အဆင့်မြင့်ကွန်မန်ဒါစစ်ခေါင်းဆောင်တွေသေဆုံးရတယ်ဆိုတာ တစ်ဖက်ကကြည့်ရင် ရုရှား တပ်မတော်အတွက်သိက္ခာကျဆင်းကာရှုံးနိမ့်မှုတစ်ခုပါဘဲ ၊ စွမ်းရည်သုံးရပ်မြင့်မားမှုမှာလက်နက်ကောင်းတွေပိုင်ဆိုင်ထားတိုင်း ၊ အင်အားကြီးတိုင်းအနိုင်ရလိမ့်မယ်လို့ထင်ထားတဲ့ခံယူချက်ကမှားနေတာပါဘဲ ။ ဗီယက်နမ်စစ်ပွဲကိုဥပမာယူပါ ။ 


သာတူအင်အား ၊ လက်နက်အင်အား ညီမျှမှုရှိနေမည်ဆိုပါက ကမ္ဘာ့ပွဲကြည့်ပရိတ်သတ်လည်းကြည့်ရတာအားရှိတာပေါ့ ။ 


#Photo Crd


#SiThuMaung #သေပြန်ပြီ #Russian general killed, #Ukraine defence ministry claims


ဆက်ဖတ်ရန် →

လေယဉ်ပျံသန်းအသုံးပြုမှုတွေ အများကြီးလျော့ကျလာမှာပါ.

​⭐ပြည်သူ့ဏ္ဍာလေယဉ်ဆီတွေလေတပ်မှာခိုးထုတ်ရောင်းစားနေကြ..

⭐လေတပ်ထဲမှာ စကစ အကြီးအကဲတွေစည်းရုံးတာလက်မခံသူအများကြီးရှိ..

⭐ရုရှားလေယဉ်တွေအသုံးပြုရေး အခက်အခဲတွေ

များစွာရှိ

 CDM လေတပ် အရာရှိဗိုလ်ကြီးဇေသူအောင်နှင့် RFA အသံလွှင့်ဌာနမှဦးခင်‌မောင်စိုးနှင့် အင်တာဗျူး


မေး(RFA ဦးခင်မောင်စိုး)။  ။ဗိုလ်ကြီးဇေသူအောင်ခင်ဗျားဘယ်တပ်ကဘယ်တုန်းကထွက်လာတာလဲခင်ဗျ..

ဖြေ(ဗကဇေသူအောင်)။   ။ကျွန်တော်ဗိုလ်ကြီးဇေသူအောင်ပါ လေ(၃၄၇၄) နေပြည်တော်လေတပ်စခန်းဌာနချုပ် အမှတ်(၄၅)အုပ်လေသူရဲဖြစ်ပါတယ် ပြင်ဦးလွင်မှာအရာရှိသင်တန်းတက်နေတုန်း CDM လုပ်တာဖြစ်ပါတယ်။


မေး(RFA)။   ။ဘာကြောင့်စစ်တပ်ကထွက်လာတာလဲခင်ဗျ..

ဖြေ(ဗကဇေသူအောင်)။   ။စနစ်ကိုမကြိုက်လို့ပါတပ်မှာကမကြိုက်တဲ့စနစ်တော်တော်များများရှိပါတယ် ကေါင်းတာလဲရှိမကေါင်းတာလည်းရှိဆိုပေမဲ့လက်ရှိအချိန်မှာတော့ မကေါင်တာတွေတော်တော်များနေပါတယ် တပ်တွေမှာဖရော်ဖက်ရှင်နယ်အ

လုပ်မလုပ်ဘဲ မဆိုင်တာတွေဘဲအများကြီးလုပ်နေရတယ်..မညီမျှတဲ့စနစ်တွေ ရှိနေပြီး တပ်ထဲမှာအထက်လူကြီးတွေဟာရာထူးတွေအာဏာတွေအတွက်အလုပ်လုပ်နေကြပြီး ..အောက်ခြေလူများစုကတော့ ဂုဏ်သိက္ခာမရှိ..သေရင်တောင်ခွဲခြားခံရတယ်..နောက်ဆုံးဗျာကျွန်တော်တို့ရဲ့သားသမီးတွေ

ခေါင်မဖေါ်ရဲဘူး ..ကိုယ့်သားကစစ်သားတစ်ယောက်ဆိုပြီး ဂုဏ်ယူ၀င့်ကြွားစွာမပြောရဲတဲ့ဘ၀ပါ...ဒါတွေအားလုံးကိုမကြိုက်လို့..CDM လုပ်လာတာပါ...


⭐တပ်မတော်လေမှာဆီကိစ္စဆိုရင် ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတာ..ကျွန်တော်တို့ကိုယ်တိုင်လဲပါပါတယ်...ဒီဆီခိုးတဲ့ကိစ္စကတပ်မတော်လေကမဖြစ်မနေလုပ်ရတဲ့ကိစ္စတပ်မတော်လေ မှာလေယဉ်ဆီခိုးတဲ့ကိစ္စကမလုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုရင်တပ်မတော်လေရဲ့ရပ်တည်မှုက ဒီပေါ်မှာအများကြီးမူတည်တယ်..တပ်တွင်းရှိနေတဲ့ စိုက်/မွေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ငွေကို တပ်ရိပ်သာတွေအတွက်လိုအပ်တဲ့ပိုက်ဆံကို ဆီးခိုးတာကရတဲ့ငွေနဲ့လုပ်တာ လေတပ်မှာရှိတဲ့ အုပ်တွေ အုပ်တွေအတွက် ခွဲတမ်းကျအောင် ခွဲယူတာကအသားကျနေပြီအမြစ်တွယ်နေတာ..ဖျက်လို့လဲမရဘူး အခုဆီဈေးတက်တော့ သူတို့စား၀တ်နေရေးအတွက်အစဉ်ပြေတဲ့အထဲမှာပါတယ်။


မေး(RFA)။    ။ဗ်ိုလ်ကြီးခင်ဗျမေးပါရစေ လေယဉ်ဆီခိုးရောင်းလို့ရတဲ့ငွေကနေပြီးတော့ အရာရှိအရာခံအကြပ်တပ်သားတွေဘယ်လိုခွဲဝေယူကြလဲဘယ်လောက်ရကြလဲ

ဖြေ(ဗကဇေသူအောင်)။    ။လေယဉ်ဆီခိုးရင်ခိုးတဲ့ပုံစံရှိတယ် လေယဉ်ကိုတစ်နာရီအပျံပြပြီးမိနစ်(၃၀)လျောပျံတာမျိုးလုပ်ကြပါတယ် လေယဉ်တစ်စီးနဲ့တစ်စီးဆီစားနှုန်းမတူတော့ စီစားနှုန်းများတဲ့သူကငွေအရနည်းပြီးဆီစားနှုန်းနည်းသူကငွေအရများပါတယ် လေယဉ်တွေအုပ်မှူးတွေအပေါ်မှာမူတည်ပါတယ်...


မေး(RFA)။။   ။။လေယဉ်မှူးတစ်ယောက်တစ်လဘယ်လောက်ရလဲ

ဖြေ(ဗကဇေသူအောင်)။     ။ပုံမှန်တပတ်ကို(၃/၄)သောင်းရပါတယ်။


မေး(RFA,)။။   ။လေယဉ်ဆီရောင်းရငွေကို အထက်အရာရှိကါကွယ်ရေးဦးစီးချုပ်ရုံးအထိပေးရတာမျိုးရှိလားခင်ဗျ/ကါချုပ်ကြီးရော သိလားခင်ဗျ

ဖြေ(ဗကဇေသူအောင်)။      ။ကါကွယ်ရေးဦးစီးချုပ်(လေ)အထိပေးရပါတယ်..ကါချုပ်ကြီးသိတာပေါ့

မေး၊(RFA)။။         လေတပ်မှာလေယဉ်အင်အား

စစ်သည်အင်အားအကြမ်းဖျင်းဘယ်လောက်ရှိလဲခင်ဗျ စွယ်စုံသတင်းတစ်ခုဖော်ပြချက်အရ(၁၇၉)

စင်းရှိတယ်ဆိုတာဟုတ်ပါသလားခင်ဗျ..


ဖြေ(ဗကဇေသူအောင်)။။  ။ဟုတ်နိုင်ပါတယ်ခင်ဗျ

(လေယဉ်အမျိုးမျိုးရဟတ်ယဥ်အမျိုးမျိုး)ပေါ့

အကြပ်စစ်သည်အင်အားပေါင်း(၁၅၀၀၀မှ၂၀၀၀၀)

အထိရှိပါတယ်ခင်ဗျ


မေး(RFA)။။   ။စစ်တပ်ကအာဏာသိမ်းတာဗိုလ်ကြီးတို့ဘယ်လိုမြင်လဲခင်ဗျ..

ဖြေ(ဗကဇေသူအောင်)။    ။ဒါကြီးက သက်သက်မဲ့ကိုကြံစည်ထားတဲ့အကြံအစည်တစ်ခုဖြစ်ပါတယ်...

မဲစာရင်းမှားတယ်ဆိုတဲဟာကခိုင်လုံမှုမရှိပါဘူး..

ယ်သူကမဲတွေလိမ်လို့ ဘယ်သူကမဲ့(၂)ခါပေးလို့ဆိုတာမျိူး မဟုတ်မဟတ် အကြောင်းပြချက်သက်သက်နဲ့လုပ်တာပါ ..မကြိုက်ဘူးဗျာ..


မေး(RFA)။။   ။ဗိုလ်ကြီးတို့လေတပ်က လေယဥ်ပျံတွေအကြောင်းပြောပြပါအုန်းခင်ဗျ...

ဖြေ(ဗကဇေသူအောင်)။     ။ကျွန်တော် PC( 6)နာရီပေါင်း(၁၃၀),MI(17)ရဟတ်ယဉ်(၁၈၀)နာရီမောင်းဘူးတယ်,MI(35)နဲ့(၃၀၀)နာရီမောင်းဘူးပါတယ်


မေး(RFA)။    ။ရုရှားလေယဉ်တွေလား ခင်ဗျ

ဖြေ(ဗကဇေသူအောင်)။    ။PC (6) ကတရုတ်လုပ်

MI(2),MI(35)က ရုရှားလေယဉ်တွေဖြစ်ပါတယ်။


မေး(RFA)။   လက်ရှိမှာ ရုရှားကယူကရိန်းကိုကျူး

ကျော်စစ်ဆင်နွဲနေချိန် ရုရှား ယူကရိန်းစစ်ပွဲကစစ်ကေါင်စီလေတပ်အပေါ်ဘယ်လိုအကျိုးသက်

ရောက်မှုရှိနိုင်လည်းခင်ဗျ...

ဖြေ(ဗကဇေသူအောင်)။    ။ကျွန်တော်တို့ကMI(35)ရဟတ်ယဉ်တိုဘMI(17)ရဟတ်ယဉ်တို့

ယော့(130)တို့MIG(29)တို့ရုရှဆီက၀ယ်တာပေါ့အဲဒီ

MI(35)ရဟတ်ယဉ်တွေ မှာဆိုရင်နာရီ(1000)ပျံသန်း

ပြီးရင် အင်ဂျင်တွေ အဲယားဖရိန်တွေကို အိုဗာအော အလုံးစုံပြင်ဆင်ဖို့ရုရှား ကိုပြန်ပို့ရတယ်,ခုလိုယူကရိန်းနဲ့ ရုရှားစစ်ဖြစ်ချိန်မှာအဲဒါမျိုးပြန်ပို့ဖို့ ခက်ခဲသွားပြီ ..အကယ်၍နာရီ(၁၀၀၀)ကျော်သွားမယ်ဆိုရင်ဆက်အသုံးပြုဖို့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရမဲ့အချက်ဖြစ်ပါတယ်...အကယ်၍သာ running hours

(1000)ကျော်သုံးရင်လေယဉ်တွေ  ပိုင့်လော့ တွေရဲ့ (Safety )လုံခြုံစိတ်ချနိုင်မှုကိုထိခိုက်နိုင်ပါတယ်။


မေး(RFA)။     ။မြန်မာပြည်မှာသုံးနေတဲဘရုရှားလေယဉ်ပျံတွေစစ်တပ်သုံးလေယဉ်ပျံတွေဟာအဆင့်အတန်းအားဖြင့်ဘယ်လောက်ကေါင်းလဲ..ဥပမာအမေရိကန်လေတပ်နဲ့ယှဉ်ရင် ဘယ်လိုပြောမလဲခင်ဗျ

ဖြေ(ဗကဇေသူအောင်)။   ။MI(35)B ဆိုတာMI(24)ကိုဗားရှင်းပြောင်းထားပြီမြန်မာကိုရောင်းတာပါ ရုရှားမှာသုံးနေတာနဲ့ မတူပါဘူး

နိမ့်ပါတယ် ဒါအကုန်သိကြပါတယ်။


မေး(RFA)။     ။အခုက ရုရှားလေယဉ်တွေအားကိုးပြီးလူထုကိုတိုက်နေပါတယ် လေတပ်က လေယဉ်မှယးတွေဘယ်လိုခံစားရလဲ...

ဖြေ(ဗကဇေသူအောင်)။       ။ဒီကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့မကြိုက်ဘူးကျွန်တော်လည်းပြည်သူ

ဘဲကျွန်တော်မိသားစုထဲမှာစစ်သားဆိုလို့ကျွန်တော်တစ်ယောက်ထဲ...ဒါမျိုးလုပ်တာလုံး၀ လုံး၀မကြိုက်ဘူး ဒါကြောင့်  CDM လုပ်တာ..တစ်ခြား ယတစ်ချို့ကတော့ဝါဒမှိုင်းတွေမိနေတယ်..နောက်ပြီးဆရာတစ်ပြည့်စီးနှောင်မှာတွေ မိသားစုတွေရဲ့စီးနှောင်မှုတွေ ရှိတယ်..နောက်ပြီးအပေါ်ကပေးတဲ့အမိန့်ကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မလွန်ဆန်နိုင်ဘဲဆက်လုပ်နေကြတယ်...


နောက်တစ်ချက်က ဒီကိစ္စကတိုက်လို့မရဘူး ဘာသာရေးကိုကါကွယ်နေတာဖြစ်တယ် ဒို့တာ၀န်အရေးသုံးပါး..ငါတို့မရှိရင် တိုင်းပြည်ကြီးချက်ခြင်းတစ်စစီပြိုကွဲသွားမှာတို့ စတဲ့အယူအဆတွေကို နှစ်ပေါင်းများစွာ ကျွန်တော်တို့ခေါင်ထဲရိုက်သွင်းခံထားရတာ ဒီအတွက် သိတ်ကိုကြေကွဲ၀မ်းနဲ့ရပါတယ်။


မေး(RFA)။    ။အာဏာသိမ်းပြီး စစ်တပ်ခေါင်းဆောင်တွေလေတပ်ကို အရင်ကထက်ပိုလာသေးလား

ဖြေ(ဗကဇေသူအောင်)။     ။အာဏာသိမ်းပြီးပြီးခြင်း လေတပ်ဗိုချုပ်ကြီးမောင်မောင်ကျော် လာပြီး

အာဏာသိမ်းတာမဟုတ်ဘူး..အာဏာထိမ်းတာဖြစ်တယ်..NLD အစိုးကက တပ်မတော်သားတွေကိုဂရုမစိုက်ဘူးလုပ်ခြင်ရာလုပ်တဲ့အကြောင်း..ဗုဒ္ဓဘာသာကိုဖျက်စီးကြောင်း ပြောပြီး အာဏာသိမ်းတာကိုထောက်ခံခိုင်းပါတယ်။


မေး(RFA)။     ။လေတပ်ထဲက အရာရှိတွေ အကြပ်အရာခံတွေ တပ်သားတွေ အနေနဲ့ ပြင်ပကမ္ဘာကြီးမှာဘာတွေဖြစ်နေလဲ ပြည်တွင်းပြည်ပမှာဘာတွေဖြစ်နေလဲ ဘယ်လောက်သိနေလဲခင်ဗျ အင်တာနက်တွေFace Book တွေ  ရောသုံးလို့ရသလားခင်ဗျ..

ဖြေ(ဗကဇေသူအောင်)။    ။ကျွန်တော်ရှိနေတုန်ူကတောသုံးကြပါတယ် မကြိုက်တဲ့သူတွေလည်းရှိတယ်ကြိုက်တဲ့သူတွေလည်းရှိတယ်..မကြိုက်တဲ့သူတော်တော်များပါတယ်..


မေး(RFA)။   ။အခုမြန်မာပြည်သူတွေကို..မြေပြင်စစ်ပွဲမှာကြည်းတပ်ကမနိုင်လို့ လေတပ်ကနေဗုံးကြဲတိုက်ခိုက်နေပါတယ်..လေတပ်သာမရှိရင်ကြည်း

တပ်ကမနိုင်ဘူးဆို့တဲ့အနေအထားတွေရောက်နေပါတယ် ..စစ်တပ်ရဲ့တိုက်ခိုက်မှုအနေအထားကနေရှောင်ရှားနိုင်ဖို့ပြည်သူတွေကိုဘာများအကြံပေးခြင်ပါလဲခင်ဗျ

ဖြေ(ဗကဇေသူအောင်)။။  ။ လက်ရှိမြန်မာနိုင်ငံမှာသုံးနေတဲ့ ဗုံးတွေ ရောကတ်တွေ က ခေတ်မှီလမ်းညွှန်စနစ်တွေမပါ ပါဘူး..ဗုံးတွေ ရောကတ်တွေကို ချိန်ပစ်ရတာပါ..မြေပြင်ရောက်မှ ထိရှပြီးပေါက်ကွဲတာပါ..အဲတော့အကါအကွယ်အနေနဲ့

မြေကျင်းတွေထဲမှာအကါအကွယ်ယူရမှာပါ..သူတို့ဘက်ကနေ့ခင်းဘက်မှာ ဒရုံးတွေနဲ့ထောက်လှမ်းတာတွေလုပ်ပါတယ် လုံခြုတဲ့နေရာမှာနေပါ လက်နက်တွေကိုင်ပြီးလျောက်မသွားပါနဲ့..သူတို့က ကားနဲ့သွားရင် မိုင်းဆွဲခံရတော့ MI(17)နဲ့သွားကြပါတယ်..

ယူကရိန်းရုရှားပြဿနာဖြစ်တဲ့အချိန်မြန်မာပြည်မှာလေယဉ်သုံးမှုအရမ်းများနေပါတယ်..ပျံသန်းချိန်များတာနဲ့အညီ လေယဉ်တွေရဲ့ အစိတ်အပိုင်းစပယ်ယာ ပတ်တွေက ပျံသန်းချိန်အလိုက် လဲနေရတာမို့..နေတိုင်းပျံသန်းချိန်များလေ သက်တမ်းကျလေဖြစ်လာပြီး..သူများနိုင်ငံသွားပြီးပြင်ဆင်ရမှာတွေရှိတော့..လေယဉ်ပျံသန်းအသုံးပြုမှုတွေ အများကြီးလျော့ကျလာမှာပါ....


ဗိုလ်ကြီးဇေသူအောင် ကျေးဇူးတင်ပါတယ်ခင်ဗျ

ကျွန်တော်ခင်မောင်စိုးပါ..အမေရိကန်နိုင်ငံ ဝါရှင်တန် DC ကတင်ဆက်လိုက်ပါတယ်။


https://m.facebook.com/story.php?story_fbid=1660760834257724&id=100009714703748

ဆက်ဖတ်ရန် →

တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ

​စစ်အာဏာရှင် ချေမှုန်းရေးတွင် ပါဝင်နေသည့် တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ


ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ


အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးတွင် ကျရာအခန်းမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အားဖြင့် ယနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်၌ သပိတ်စစ်ကြောင်းများ စုပေါင်းဆန္ဒပြကြသည်။


စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု တို့မှ ပူးပေါင်းဆန္ဒပြခဲ့သည်။


Photo - AAMIJ


ဆက်ဖတ်ရန် →

ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “

​ဖားကန့်တွင် မင်း​အောင်လှိုင်နှင့်ရုရှားပူတင် စစ်အာဏာရှင် နှစ်ယောက်လုံး ဆန့်ကျင်​ရေး ချီတက်သပိတ်​မှောက်


ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ


အင်တာနက်ဖြတ်တောက်ခံရမှု ၇ လ နီးပါးရှိလာပြီဖြစ်သည့်  ဖားကန့် မြို့တွင် ပြည်သူ ၃၀၀ ခန့်က ယ​​နေ့ မတ်လ ၈ ရက် နေ့တွင် Ukarine ပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာရှင် ပူတင် ဆန့်ကျင်ပွဲ ၊ စစ်အာဏာရှင် မင်းအောင်လှိုင် ဆန့်ကျင်ပွဲနှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။


ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “ “Stop Russia Save Ukarine “ “ Myanmar with Ukarine “ “ Murder Putin ,Killer Putin” ဆောင်ပုဒ်များကိုင် ဆောင်ကာ Ukarine ပြည်သူများနှင့် အတူရပ်တည်ကြောင်း ကြွေးကြော်ပြီး KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပါက်ရေးဒို့အရေး ၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးဒို့အရေး ၊ ပြန်လည်ရုံးကြွ သပိတ်စုံထ ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေ ဆိုးနဲ့ သေပါစေ ဟု ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။


ဆက်ဖတ်ရန် →

​ဒီးမော့ဆို ဒေါးငံခါး ၂ရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် အင်အားပြင်းဗုံးများ ကျဲချ



ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ


ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ  ဒေါးငံခါး ၂ရပ်ကွက် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် တိုက်လေယာဉ်ဖြင့် အင်အားပြင်း ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။ 


" ကျဲချတဲ့ဗုံးက အင်အား တော်တော်ပြင်းတယ်။ ဗုံးကျတဲ့ နေရာမှာ ကျင်းအကြီးကြီးတောင် ဖြစ်သွားတယ်။ ကျဲချတဲ့ ဗုံးနားမှာရှိတဲ့ စာသင်ကျောင်းလည်း တော်တော်ပျက်စီးသွားတယ်" ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။


ထိုသို့ တိုက်ခိုက်ခံရသော အနီးအနားရှိ ပြည်သူများ ထိခိုက်မှုရှိ ၊မရှိကို လက်ရှိချိန်ထိ အတည်မပြုနိုင်သေးဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် အင်အားပြင်းဗုံးများ အသုံးပြုကာ ထပ်မံ တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။


ဆက်ဖတ်ရန် →

တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိ

​🟥✅ရုရှား-ယူကရိန်း တတိယ အကြိမ် မြောက်

စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ စတင်နေပါပြီ။


🔴ရုရှားဘက်က တောင်းဆိုထားတဲ့ 

အချက်တွေကတော့


🟥စစ်ကို ရပ်စဲဖို့ဆိုရင်...


(၁) ယူကရိန်းနဲ့ အခြေခံဥပဒေကို NATO+EU

အုပ်စုတွေထဲ မဝင်ပါဘူးဆိုတဲ့ အာမခံချက်တွေကို

ထည့်သွင်း ရေးဆွဲထားသင့်တယ်။


(၂) ခရိုင်းမီးယားကို ရုရှားရဲ့ အစိတ်အပိုင်းတစ်ခု

အဖြစ် အသိအမှတ်ပြုရမယ်။


(၃) လူဟန့်စ်နဲ့ ဒိုးနက်စ်ကို လွတ်လပ်တဲ့ နိုင်ငံတွေ

အဖြစ် အသိအမှတ်ပြုရမယ်။


ဒီအချက်တွေက ယူကရိန်းအနေနဲ့ လက်ခံဖို့

အင်မတန် ခက်ခဲတဲ့ အချက်တွေ ဖြစ်နေတာကြောင့်

တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ 

ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိပဲ

ပြီးဆုံးသွားလိမ့်မယ်လို့ ယူဆမိကြောင်းပါဗျာ။ 


The next round of negotiation has begun.

The Kremlin has announced its demands for ending the war in 🇺🇦

-Ukraine must change its constitution to guarantee it won't  join any "blocs", i.e NATO+EU

-Must recognise Crimea as part of 🇷🇺.

-Must recognise the LNR and DNR as independent


Credit - Military Cognizance

_______________

Yang Aung 's Status


ဆက်ဖတ်ရန် →

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ


ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တစ်ခုမှာ ပိုက်ဆံသွားသိမ်းပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အရပ်ဝတ်(စစ်သား၊ရဲ အယောင်ဆောင်)များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင် ထိုးကြိတ်၊ပါသမျှယူပြီး အပြစ်ရှိ၍အချုပ်ကားကို ပြောင်းရမည်ဟုဆိုကာ လမ်းဘေးတွင် ဆင်းခိုင်းပြီးထားခဲ့တဲ့ ဖြစ်စဉ်


ရွှေပြည်သာစက်မှုဇုန်အတွင်း ချိန်းတွေ့တဲ့ စုံတွဲကို အဖွဲ့လိုက် ကားဖြင့်ပင် ဓားထောက် ခေါ်တင်ကာ ပါသမျှယူပြီး တစ်နေရာတွင် ဆင်းခိုင်း ချထားခဲ့တဲ့ ဖြစ်စဉ်


ရပ်ကွက်တစ်ခုမှာတော့ စက်ဘီးစီးလာတဲ့ လူငယ်၂ယောက်ကို အရပ်ဝတ်များက တားကာ ဖုန်းတွေစစ်ပြီး "vpnသုံးလို့သိမ်းမယ် လိုချင် ရုံးမှာလာပြန်ထုတ်" ပြောသွားပြီး မိဘက ရုံးကိုသွားတော့ ရပ်ကွက်ရုံးက "စစ်သားလည်းမလာ၊ ရဲလည်း မလာပါဘူး" ဆိုတဲ့အတွက် ပုံမှားရိုက်ခံရတဲ့ ဖြစ်စဉ်


စသဖြင့် ရန်ကုန်မြို့နယ်အတွင်း သတိပြုဖွယ် အယောင်ဆောင်လိမ်လည်ခြင်းတွေ ပေါ်ပေါက်နေကြောင်း သတင်းရရှိထားတဲ့အတွက် မိဘပြည်သူများ ဆင်ခြင်သွားလာကြရန် တင်ပြအပ်ပါတယ်ခင်ဗျာ။

ဟိန်းချစ်သူ

Sat,Mar-5.

ဆက်ဖတ်ရန် →