တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ
စစ်အာဏာရှင် ချေမှုန်းရေးတွင် ပါဝင်နေသည့် တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ
ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ
အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးတွင် ကျရာအခန်းမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အားဖြင့် ယနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်၌ သပိတ်စစ်ကြောင်းများ စုပေါင်းဆန္ဒပြကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု တို့မှ ပူးပေါင်းဆန္ဒပြခဲ့သည်။
Photo - AAMIJ
ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “
ဖားကန့်တွင် မင်းအောင်လှိုင်နှင့်ရုရှားပူတင် စစ်အာဏာရှင် နှစ်ယောက်လုံး ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်
ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ
အင်တာနက်ဖြတ်တောက်ခံရမှု ၇ လ နီးပါးရှိလာပြီဖြစ်သည့် ဖားကန့် မြို့တွင် ပြည်သူ ၃၀၀ ခန့်က ယနေ့ မတ်လ ၈ ရက် နေ့တွင် Ukarine ပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာရှင် ပူတင် ဆန့်ကျင်ပွဲ ၊ စစ်အာဏာရှင် မင်းအောင်လှိုင် ဆန့်ကျင်ပွဲနှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။
ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “ “Stop Russia Save Ukarine “ “ Myanmar with Ukarine “ “ Murder Putin ,Killer Putin” ဆောင်ပုဒ်များကိုင် ဆောင်ကာ Ukarine ပြည်သူများနှင့် အတူရပ်တည်ကြောင်း ကြွေးကြော်ပြီး KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပါက်ရေးဒို့အရေး ၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးဒို့အရေး ၊ ပြန်လည်ရုံးကြွ သပိတ်စုံထ ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေ ဆိုးနဲ့ သေပါစေ ဟု ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။
ဒီးမော့ဆို ဒေါးငံခါး ၂ရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် အင်အားပြင်းဗုံးများ ကျဲချ
ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ ဒေါးငံခါး ၂ရပ်ကွက် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် တိုက်လေယာဉ်ဖြင့် အင်အားပြင်း ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။
" ကျဲချတဲ့ဗုံးက အင်အား တော်တော်ပြင်းတယ်။ ဗုံးကျတဲ့ နေရာမှာ ကျင်းအကြီးကြီးတောင် ဖြစ်သွားတယ်။ ကျဲချတဲ့ ဗုံးနားမှာရှိတဲ့ စာသင်ကျောင်းလည်း တော်တော်ပျက်စီးသွားတယ်" ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်ခံရသော အနီးအနားရှိ ပြည်သူများ ထိခိုက်မှုရှိ ၊မရှိကို လက်ရှိချိန်ထိ အတည်မပြုနိုင်သေးဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် အင်အားပြင်းဗုံးများ အသုံးပြုကာ ထပ်မံ တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိ
🟥✅ရုရှား-ယူကရိန်း တတိယ အကြိမ် မြောက်
စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ စတင်နေပါပြီ။
🔴ရုရှားဘက်က တောင်းဆိုထားတဲ့
အချက်တွေကတော့
🟥စစ်ကို ရပ်စဲဖို့ဆိုရင်...
(၁) ယူကရိန်းနဲ့ အခြေခံဥပဒေကို NATO+EU
အုပ်စုတွေထဲ မဝင်ပါဘူးဆိုတဲ့ အာမခံချက်တွေကို
ထည့်သွင်း ရေးဆွဲထားသင့်တယ်။
(၂) ခရိုင်းမီးယားကို ရုရှားရဲ့ အစိတ်အပိုင်းတစ်ခု
အဖြစ် အသိအမှတ်ပြုရမယ်။
(၃) လူဟန့်စ်နဲ့ ဒိုးနက်စ်ကို လွတ်လပ်တဲ့ နိုင်ငံတွေ
အဖြစ် အသိအမှတ်ပြုရမယ်။
ဒီအချက်တွေက ယူကရိန်းအနေနဲ့ လက်ခံဖို့
အင်မတန် ခက်ခဲတဲ့ အချက်တွေ ဖြစ်နေတာကြောင့်
တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ
ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိပဲ
ပြီးဆုံးသွားလိမ့်မယ်လို့ ယူဆမိကြောင်းပါဗျာ။
The next round of negotiation has begun.
The Kremlin has announced its demands for ending the war in 🇺🇦
-Ukraine must change its constitution to guarantee it won't join any "blocs", i.e NATO+EU
-Must recognise Crimea as part of 🇷🇺.
-Must recognise the LNR and DNR as independent
Credit - Military Cognizance
_______________
Yang Aung 's Status
ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တစ်ခုမှာ ပိုက်ဆံသွားသိမ်းပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အရပ်ဝတ်(စစ်သား၊ရဲ အယောင်ဆောင်)များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင် ထိုးကြိတ်၊ပါသမျှယူပြီး အပြစ်ရှိ၍အချုပ်ကားကို ပြောင်းရမည်ဟုဆိုကာ လမ်းဘေးတွင် ဆင်းခိုင်းပြီးထားခဲ့တဲ့ ဖြစ်စဉ်
ရွှေပြည်သာစက်မှုဇုန်အတွင်း ချိန်းတွေ့တဲ့ စုံတွဲကို အဖွဲ့လိုက် ကားဖြင့်ပင် ဓားထောက် ခေါ်တင်ကာ ပါသမျှယူပြီး တစ်နေရာတွင် ဆင်းခိုင်း ချထားခဲ့တဲ့ ဖြစ်စဉ်
ရပ်ကွက်တစ်ခုမှာတော့ စက်ဘီးစီးလာတဲ့ လူငယ်၂ယောက်ကို အရပ်ဝတ်များက တားကာ ဖုန်းတွေစစ်ပြီး "vpnသုံးလို့သိမ်းမယ် လိုချင် ရုံးမှာလာပြန်ထုတ်" ပြောသွားပြီး မိဘက ရုံးကိုသွားတော့ ရပ်ကွက်ရုံးက "စစ်သားလည်းမလာ၊ ရဲလည်း မလာပါဘူး" ဆိုတဲ့အတွက် ပုံမှားရိုက်ခံရတဲ့ ဖြစ်စဉ်
စသဖြင့် ရန်ကုန်မြို့နယ်အတွင်း သတိပြုဖွယ် အယောင်ဆောင်လိမ်လည်ခြင်းတွေ ပေါ်ပေါက်နေကြောင်း သတင်းရရှိထားတဲ့အတွက် မိဘပြည်သူများ ဆင်ခြင်သွားလာကြရန် တင်ပြအပ်ပါတယ်ခင်ဗျာ။
ဟိန်းချစ်သူ
Sat,Mar-5.
တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ
ရန်ကုန်မြို့လယ်ခေါင်တွင် “ တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ “ စစ်အာဏာရှင် ဖြုတ်ချရေး သပိတ် ချီတက်
ရန်ကုန်၊ မတ် ၈
ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့မှ အမျိုးသမီးလူငယ်များက "တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ" ဟူသောစာသားနှင့် ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ် ဟူသော စာသားများကိုင်ဆောင်ကာ ရန်ကုန်မြို့တစ်နေရာ၌ ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။
ထို့အပြင် ဆန္ဒပြသပိတ်မှောက်သူလူငယ်များမှ အဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကိုလည်း ပြသခဲ့ကြသည်။
မြန်မာ့နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည်လည်း စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှပါဝင်လျက်ရှိသည်။
ယင်းစစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ Rangoon Empire - RGE နှင့် အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစုမှ လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။
Photo - HHP
ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။
တရုပ်ပိုက်လိုင်းမှာ ရေနံစိမ်းပိုက်လိုင်းရယ်၊ ဂက်စ် ပိုက်လိုင်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။
ရေနံစိမ်းပိုက်လိုင်းကတော့ ပြည်ပကဝယ်လာတဲ့ ရေနံစိမ်းကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ရေနံချက်စက်ရုံဆီပို့တာပါ။
ဂက်စ် ပိုက်လိုင်းကတော့ LNG carrier ကနေသယ်လာတဲ့ သဘာဝဓါတ်ငွေ့အရည်ကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ Gas Processing Plant အထိရောက်အောင် Compressor စက်ကြီးတွေနဲ့ ဖိအားမြှင့်ပြီးတွန်းယူတာပါ။
ပိုက်လိုင်းတွေအကုန်လုံးဟာ API (American Petroleum Institute Standard) စံချိန်စံညွှန်းတွေအတိုင်း တည်ဆောက်ထားတာမို့ တော်ရုံတန်ရုံ မီးလောင်တာ (တောမီး)၊ ငလျင်လှုပ်တာလောက်ကို ခံနိုင်ရည်ရှိပါတယ်။
ဒါကြောင့်မို့ ပိုက်လိုင်းတစ်လျောက် ရိုးရိုးသာမန် အသေးစားမီးရှို့တာ (တာယာမီးပုံရှို့တာ၊ ဒီဇယ်လောင်းရှို့တာ) လောက်ကိုခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါမျိုးတွေ မလုပ်ကြပါနဲ့။ 😗
ပိုက်လိုင်းတစ်လျောက် မှာ ရေနံစိမိးနဲ့ ဂက်စ် ပို့လွှတ်ရာမှာ ခန့်မှန်းခြေ မိုင်တစ်ရာ (သို့) နှစ်ရာတိုင်းမှာ ဖိအားမြှင့်တင်ရေးစက်ရုံတွေရှိပါတယ်။ ပုံမှာ Oil Pumping station တွေမှာ Booster Pumps တွေ ထိုင်ထားပြီး Gas Compressing station တွေမှာ Booster Compressor တွေ ထိုင်ထားပါတယ်။ အဲ့ဒီစက်ရုံတွေမှာ ရေနံစိမ်းအတွက် ပိုက်လိုင်း Booster Pump နှစ်လုံး (A & B ) နဲ့ ဂက်စ်အတွက် Booster Compressor နှစ်လုံး (A & B ) နှစ်လုံး စီအထိုင်ချရပါတယ်။ ဒီစက်တွေသာ ပျက်သွားရင်တော့ ပျက်စီးမှု ပမာဏအလိုက် စက်ပြန်လည်အစားထိုးရဖို့ အနည်းဆုံး ဆယ်လကနေ တစ်နှစ်အထိစောင့်ရမှာပါ။ အဲ့ဒီစက်တွေဟာ အနောက်နိုင်ငံက စက်တွေဆိုရင် အမေရိကန်က စီးပွားရေးပိတ်ဆို့ရင် အနောက်နဲ့ G20 နိုင်ငံတွေက ကုပ္ပဏီတွေက ထပ်မံရောင်းချပေးမှာမဟုတ်ပါဘူး။ အဲ့ဒါဆိုတရုတ်ပြည်တွင်းထုတ် စက်အစုတ်တွေနဲ့ အစားထိုးရမှာပါ။ အဲ့ဒီ့အတွက် နောက်ထပ် တစ်နှစ်စောင့်ရမှာပါ။
သို့သော် ဒီစက်တွေကို ပျက်စီးအောင်လုပ်ဖို့ကတော့ အဲ့ဒီ Booster stations တွေမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေရဲ့ အကူအညီ မပါပဲနဲ့တော့ လုပ်လို့မရပါဘူး။ လုပ်တဲ့နည်းလမိးကတော့ အဲ့ဒီစက်တွေရဲ့ Lube Oil System ရဲ့ Lube oil supply line ကိုပိတ်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ ဒီစက်တွေဟာ အတွင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဖျက်တဲ့အခါမှာလဲ စက် A နဲ့ B နှစ်လုံးစီ ရှိမှာ ဖြစ်တဲ့အတွက် လက်ရှိ Run နေတဲ့ စက်တစ်လုံးကို အဲ့ဒီနည်းနဲ့ဖျက်လို့ရပေမယ့် Standby အနေအထားမှာ ရှိနေတဲ့ စက်တစ်လုံးကိုတော့ ဖျက်လို့မရနိုင်ပါဘူး။ အလွယ်ဆုံးကတော့ standby machines တွေရဲ့ Lube oil supply ဝင်ပေါက်တွေကို ဂွနဲ့ ဖြုတ်ပြီး အထဲကို သဲ လက်ခုတ်နဲ့ နှစ်ဆုပ်စီလောက် ထည့်ထားခဲ့လည်းရပါတယ်။
ဒါမှမဟုတ်ရင်လဲ Lube Oil system ထဲက Lube Oil filter တွေကိုဖွင့် Inner Cartridge ကို ဖြုတ်ပြီး သဲလက်နှစ်ဆုပ်လောက်စီ ထည့်ထားခဲ့မယ်ဆိုရင်လဲ စက်ကြီးတစ်ခုလုံး အချိန်အနည်းငယ်အတွင်းမှာ ပျက်စီးတတ်ပါတယ်။
Compressor ဆိုရင်တော့ Gas Seal supply line ကိုပိတ်ချလိုက်မယ်ဆိုရင် အသေးစားပျက်စီးမှု (Gas Seal Damage) ဖြစ်သွားမှာပါ။
အဲ့ဒီလိုတွေတော့ မလုပ်ကြပါနဲ့လို့ တောင်းပန်ပါတယ်။ 😋
အပြင်ကနေ ဖျက်ချင်ရင်တော့ ဘလောက်ချိန်း သံကြိုးကြီးကြီး ပေနှစ်ရာ သုံးရာလောက်နဲ့ ပိုင်လိုင်းကို သံကြိုးနဲ့ချည်ပြီး ဘူဒိုစာနဲ့ အဝေးကနေ လှမိးဆွဲတာမျိုး Container ကား ခေါင်းပိုင်းနဲ့ ဆွဲတာမျိုးက ဖြစ်နိုင်ခြေရှိပေမယ့် ဒီနည်းက အန္တရယ်များလှပါတယ်။ ဖိအားမြှင့်သိပ်ထားတဲ့ ဂက်စ်တွေ ပြင်ပက မီးစတစ်စုံတစ်ခုနဲ့ ထိတွေ့ပြီးပေါက်ကွဲရင် ကားမောင်းတဲ့ သူအနေနဲ့ ကားရော လူရော လွတ်လမိးမရှိပါဘူး။ အဲ့ဒီလိုလည်းမလုပ်ကြပါနဲ့ ခင်ဗျာ။ 😗
အကယ်၍ သင်က လက်နက်ကိုင်ဖြစ်နေရင်တော့ အနီးကပ် မိုင်းဆင်ပြီး အဝေးထိန်းနဲ့ ခွဲတာ၊ RPG နဲ့လှမ်းပစ်တာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်တာမျိုးတွေ မလုပ်ကြပါနဲ့။ အဲ့ဒီလို လုပ်ရင် ပိုက်လိုင်းပျက်စီးသွားနိုင်ပါတယ်။ 😋
ထို့အတူ ပိုက်လိုင်းတစ်လျောက် အစောင့်စခန်းပေါင်း ၅၉ စခန်းနဲ့ တစ်ကီလိုမီတာ တစ်ယောက် ကင်းတိုကင်းရှည် ကင်းတိုကင်းရှည်တွေလဲ ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။ အဝေးကနေ RPG နဲ့ပစ်တာကတော့ စိတ်အချရဆုံးပေါ့။ 😋
ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကတော့ လက်ရှိတရုပ် မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေနိုင်မယ့် ၊ ဒေါ်မိအောင်လှိုင်ကို စိတ်ညစ်ရစေမယ့် အပြုအမူတွေက်ု လုံးဝ (လုံးဝ) မပြုလုပ်ကြစေဖို့ အလေးအနက်တောင်းဆိုလိုက်ရပါတယ် ခင်ဗျာ။ 😋
Crd
ပိတ်ထားတဲ့နူကလီးယားစက်ရုံတွေကို ပြန်ဖွင့်လိုက်တဲ့ မြောက်ကိုရီးယား
၂၀၁၈ ကတည်းကပိတ်ထားတဲ့ ဒီစက်ရုံတွေပြန်လည်ဖို့ လုပ်နေတာကို ဂြိုဟ်တုဓါတ်ပုံတွေကတဆင့် ထောက်လှန်းသိရှိခဲ့ကြတာပါ။ ဥရောပပြီးရင် အာရှဖက်ဂြိုဟ်မွှေဖို့ ကယ်လင်ဒါကျခဲ့ပြီလော။ အမေရိကန်က မြောက်ကိုရီးယညူကို နူလက်နက်တွေစမ်းသပ်လို့ အရေးယူမှုမှာ တရုတ်ကသဘောမတူခဲ့ဘဲ ကန့်ကွက်ခဲ့ပါတယ်။ စဉ်းစားကြည့်ကြပေါ့၊ ကမ္ဘာကြီးအတွက် ဘယ်အဖွဲ့က မိတ်ဆွေ၊ ဘယ်အဖွဲ့က ရန်သူလဲဆိုတာကို။ 🤔
Ref: scmp
ဖရန်စစ်ဇင်
🩺 Titov ကို အလိုရှိသည် 🩺
‘သူတို့ ‘ Titov ကို သတ်ပစ်ချင် နေပြီ..Titov ကို လိုက်ရှာနေကြတာ ၂၀၂၁ ဧပြီလဆန်း ကတည်းကပါ…။
‘ အလိုရှိသည်’… တဲ့..။
‘သူတို့’ ဟာ Titov ကိုရှာမရတဲ့ အဆုံး Titov ရဲ့ ဓာတ်ပုံတွေကို တာချီလိတ်မြို့ရဲ့ဟိုဟို ဒီဒီ တွေမှာကပ်ထားလိုက်ကြတယ်။
Titov ကိုရှာပေးကြပါတဲ့..။
ဖမ်းချင်လို့…
စစ်ကြောရေးလုပ်ချင်လို…
သတ်ပစ်ချင်လို့…
Titov ဟာ လူဆိုး…
Titov ဟာ ဝရမ်းပြေး…
Titov ဟာ နိုင်ငံတော် ပုန်ကန်သူ…
🩺
‘သူတို့’ ကရော ဘယ်သူလဲ…?
‘ သူတို့’ဆိုတာက လူသတ် ခွေးအ အုပ်စုပါ….စစ်အာဏာသိမ်းအဖွဲ့ပေါ့။ မြန်မာပြည်ကပါ…။
ဤကမ္ဘာကြီးထဲက ရက်စက်ကြမ်းကြုတ်သော ခွေးအတို့ အုပ်ချုပ်သည့် မြန်မာပြည်ဖြစ်ပါတယ်….။
မုသား၊ အငြိုးအတေးတွေနဲ့ လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ ခွေးအတို့ ကျက်စားရာ မြန်မာပြည်..။
🩺
Titov ဆယ်တန်းစာမေးပွဲ ဖြေပြီးကာစပေါ့..သေမလို ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးတယ်..။
ဆိုင်ကယ်ကို မစီးတတ် စီးတတ်နဲ့
ဦးလေးရဲ့ဆိုင်ကယ်ကို ယူစီးတယ်..။ အဲ့ဒီမှာ တံတားပေါ်က ဆိုင်ကယ်နဲ့ပြုတ်ကျတာပဲ။ လူကအရင်ပြုတ်ကျတာ..။ ဆိုင်ကယ်ကနောက်မှဖြေးဖြေးကျတယ်။
ဆိုင်ကယ်က သူ့အပေါ်ထပ်ပြုတ်ကျရင် သေပြီပဲ။ ကံကောင်းလို့ ဆိုင်ကယ်က သူ့ဘေးကိုကျလို့ Titov အသက်မသေခဲ့တာ..။မသေရင်တောင် ခါးရိုးကျိုးပြီ..။
ကံကောင်းလို့ မသေတဲ့ Titov …နှစ်အနည်းငယ်ကြာတဲ့အခါ ခွေးအ တို့ရဲ့ ပြည့်ရှင် မင်းတရားကြီး သန်းရွှေ နဲ့ မိဖုရားခေါင်ကြီး ကြိုင်ကြိုင်တို့နဲ့တွေဖို့ဖြစ်လာတယ်။
ခါးရိုးကျိုးတဲ့ ကိစ္စပါ။
🩺
ဟုတ်တယ်။
၂၀၀၄ ခုနှစ်တုန်းကလည်း သူတို့ ‘ Titov ကို အလိုရှိသည်’ ဖြစ်ခဲ့ဖူးတယ်။
ခါးရိုးကျိုးတဲ့ ကိစ္စပါ။
🩺
အဲ့ဒီတုန်းက Titov ဂျပန်က ပြန်လာတာ သိပ်မကြာသေးဘူး။
Titov ဂျပန်သွားတာ ကျောရိုးခွဲစိတ် ပညာသွားသင်ခဲ့တာပေါ့..။
ဟုတ်ပါတယ်… Titov က ဆရာဝန်ပါ။
🩺
၂၀၀၄ ခုနှစ် Titov ဂျပန်က ပြန်လာပြီး နှစ်လလောက်အကြာမှာပေါ့..။
သန်းရွှေရဲ့သားက ကားအက်ဆီးဒင့်ဖြစ်တယ်။ ခါးကျိုးတယ်။
အဲ့ဒီ့ ‘ခါးရိုးကျိုးတဲ့ ကိစ္စ’ မြန်မာပြည်မှာ အရေးကြီးဆုံး ကိစ္စကြီးဖြစ်သွားတာ..။
🩺
အဲ့တုန်းက ကျန်းမာရေးဝန်ကြီး က ပါမောက္ခဒေါက်တာကျော်မြင့်..။
ဒေါက်တာကျော်မြင့်က အဆုတ် နဲ့ ရင်ခေါင်းအထူးကုဆရာဝန်..၊ သန်းရွှေရဲ့သား ကျိုးတာက ခါးရိုး..။
ဝန်ကြီး ခမျာ အစည်းဝေးတွေလုပ်၊ သင့်တော်မယ့်ဆရာဝန်ရှာ.. ဝုန်းဒိုင်းကြဲတော့တာပဲ..၊ အာဏာရှင်ခေတ်ကိုး… ဖားကြ..ယားကြ.. ပျာပျာသလဲဖြစ်ကြ..။
အဲ့မှာ ဝန်ကြီးရှာဖွေတွေ့ရှိတာ Titov ပါ..။
ဟုတ်ပါတယ်… Titov က အလွန်တော်တဲ့ အရိုးအထူးကုခွဲစိတ်ဆရာ၀န်ကြီးဖြစ်ပါတယ်။
🩺
အဲ့ဒီတုန်းက Titov က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက အထူးကုဘက်မှာပေါ့။ ပြီးတော့ Titov က ရန်ကုန်ဆေးရုံကြီးရဲ့ အတိုင်ပင်ခံပါ..။
အဲ့ဒါနဲ့ပဲပေါ့..။
Titov တစ်ယောက် သန်းရွှေရဲ့သားကို ဆေးကုရတယ်..။
🩺
တကယ်တော့ ဒီကိစ္စက မလွယ်လှပါဘူး.. သန်းရွှေသား အဲ့ဒီ့အချိန် မှာ သူ့ဟာသူ အခြားရောဂါနဲ့ သေသွားရင်တောင် ဆရာဝန် ဒုက္ခရောက်ပြီ။
ခွေးအ တို့ရဲ့ ပြည့်ရှင် မင်းတရားကြီးက ဆရာဝန် Titov ကိုပဲ အမျက်ဒေါသ ချောင်းချောင်း ထွက်မှာဖြစ်ပါတယ်..။
မှားလို့မရဘူး..။
အာဏာရှင်ခေတ်..။
လွဲလို့မရဘူး..။
အာဏာရှင်စနစ်..။
ဆရာဝန်ဟာ နေ့ချင်းညချင်း မြေကြီးထဲကို ရောက်သွားနိုင်ပါတယ်။
Titov တစ်ယောက် အာဏာရှင်တွေကြားမှာ ဆေးထိုးအပ်တွေ..နားကြပ်တွေနဲ့...။
🩺
Titov ကတော့ ဆရာဝန်တို့ရဲ့ စေတနာ.. ဆရာဝန်တို့ရဲ့ မေတ္တာနဲ့ အေးအေး ဆေးဆေးပဲ လုပ်စရာရှိတာ လုပ်ပေးခဲ့ပါတယ်..။
မအေးဆေးနိုင်တာက ဝန်ကြီးရယ်ပါ..။ သန်းရွှေကြီးလာမှာမို့တဲ့..ရန်ကုန်ဆေးရုံကြီးဝန်းထဲကမြက်ပင်တွေ အကုန်လုံးကို ရှင်း …ရန်ကုန်ဆေးရုံကြီးတစ်ခုလုံးက လမ်းတွေကို ကတ္တရာတွေခင်းပစ်လိုက်တယ်။
၂ ရက်အတွင်း ဆေးရုံကြီးက လှပ.. သန့်စင်..သာယာ..။
🩺
အဲ့ဒီ့ ကတ္တရာလမ်းမကြီးတွေဟာ ဒုက္ခိတတွေ လူအို လူနာတွေ သက်သက်သာသာ လမ်းလျှောက်ဖို့ ဖြစ်လာခဲ့တာ မဟုတ်ပါ။
သန်းရွှေတို့လျှောက်ဖို့ ကတ္တရာလမ်းမကြီးတွေ ‘ဘွားကနဲ’ ပေါ်လာခဲ့တာပါ..။
ဟုတ်ပါတယ်…။
မြန်မာပြည်က ပြည်သူ ပြည်သားတွေဟာ ‘ကျွန်’ ဖြစ်နေခဲ့ပါတယ်။
သခင့်မျက်နှာရိပ် မျက်နှာကဲကို အမြဲ တသသ ကြည့်နေရတဲ့ ကျွန်တွေ ဖြစ်နေခဲ့ရပါတယ်..။
သန်းရွှေနားမှာ ခစားတဲ့သူတွေက ကတ္တရာလမ်းမကြီးတွေမရှိရင် သူတို့ ခန္ဓာကိုယ်တွေ တန်းစီ လှဲချ လမ်းခင်းပေးမယ့် ‘ကျွန် တော်’တွေပါ။
🩺
အဲ့ဒီတုန်းကပေါ့။
လက်နှက်တွေ .. ယတြာတွေ.. အောက်လမ်းတွေကြောင့် တန်ခိုးကြီးမားလှတဲ့ အာဏာရှင် သန်းရွှေဟာ သူ့မိန်းမနဲ့အတူ တစ်ရက်ခြားတစ်ခါ ဆေးရုံကြီးကိုကြွရောက်လာတော့တယ်။
သူတို့လာပြီဆို ဝန်ကြီးတွေရော ဗိုလ်ချုပ်တွေ အကုန်လုံးက ခစားရတာ..။ မြင့်ဆွေတို့ဆို ဘာပြောကောင်းမလဲ.. ပျာနေတာပဲ..။
ပြားပြားကို ဝပ်နေကြတာပဲ… သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်ကြီး..။
🩺
အဏာရှင်နှင့် သူ၏ ဘောမတို့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ရှုပ်ယှက်ခတ်မှုကို Titov က ရပ်ပစ်လိုက်နိုင်တယ်။
သန်းရွှေကြီးရဲ့ သား ပြန်ကောင်းသွားအောင် ကုပေးလိုက်တာပဲ..။
🩺
သူတို့က ပထမတော့ တပ်ဘက်ကဆေးရုံကိုပြောင်းမယ်ဘာမယ်ပေါ့..။ စစ်ဆေးရုံလည်း သိက္ခာကျလို့မဖြစ်ဘူးလေ။ နောက်ကျတော့လည်း Titov ကို ‘ဆရာက ပိုကျွမ်းကျင်တယ်’ ပေါ့လေ..။
‘ကျေးဇူးတင်ပါတယ်’ ဘာညာပေါ့..။
🩺
Titov မျက်နှာပွင့်ပြီ..။
🩺
Titov ဟာ အစိုးရဝန်ထမ်း ဖခင်နဲ့အတူ နွားထိုးကြီး၊ကျောက်ပန်းတောင်း၊တောင်တွင်းကြီး၊ရန်ကုန်..အဲလိုတွေ နေရာမျိုးစုံ ပြောင်းရွေ့ပြီး ကျောင်းမျိုးစုံ ပြောင်းတက်ခဲ့ရတဲ့သူပါ..။ များသောအားဖြင့် ကျောင်း ခဏခဏပြောင်းရတဲ့ကလေးဟာ ကျောင်းစာမှာ ထိခိုက်တယ်။
Titov ကတော့ ရောက်တဲ့ အရပ်မှာ ဖြစ်တဲ့နည်းနဲ့ စာကြိုးစားရင်း ပါရဂူအထိ ဖြစ်ခဲ့ရတဲ့ ဆရာဝန်ပါ.. ဒီလို မျက်နှာပွင့်သင့်တာကြာပေါ့..။
မြန်မာပြည်မှာကတော့ အာဏာရှင်မိသားစုနဲ့ ဆက်စပ်ခွင့်ရမှ မျက်နှာပွင့်တာ .. ထုံးစံ..။
🩺
Titov တဲ့…။
အဘိုး က သူ့ကို Titov ဆိုတဲ့ နာမည်ပေးခဲ့တာပါ။
အဘိုးက သူ့အစ်ကို ဝမ်းကွဲကို ‘ဂါဂါရင်- (Yuri Gagarin) တဲ့..သူ့ကိုတော့ တိိတိုဗ်- (Gherman Stepanovich Titov) တဲ့။
Titov ဆိုတာ ဆိုဗီယက် အာကာသယာဉ်မှူးပေါ့..။ ၁၉၆၁ - ဩဂုတ်လ ၆ ရက်မှာ ကမ္ဘာကို ဒုတိယအကြိမ်ပတ် နိုင်ခဲ့တဲ့ လူသား..။ ဂါဂါရင် ကတော့ ပထမအကြိမ်ပတ် နိုင်ခဲ့တဲ့ လူသားပေါ့..။
Titov ကို မြင်းခြံမြို့မှာမွေးခဲ့ပါတယ်။ မောင်နှမ ၅ ယောက်ထဲမှာ Titov က အလယ်..အမျိုးတွေ မောင်နှမတွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေချည်းပဲ..။
Titov မိသားစု အသိုင်းအဝိုင်းက ပညာတတ်မိသားစုဖြစ်ပါတယ်။
မြန်မာပြည်မှာ စစ်တပ်အသိုင်းဝိုင်းမှ ကျူရှင်ကောင်းကောင်းယူ စာတော်ကြတယ်။ နိုင်ငံတကာသွားနိုင်တယ်။ ပညာကောင်းကောင်းသင်နိုင်ကြတယ်။
ဒီလို အစိုးရဝန်ထမ်း မိသားစုတစ်ခုလုံးက ပညာတတ်မိသားစုဖြစ်ဖို့ တကယ် မလွယ်လှပါ။
Titov မိဘတွေဆို မြင်းခြံမြို့ ကနေ လေး- ငါး မိုင်လောက် မဝေးတဲ့ ရွာလေးတစ်ရွာမှာ ကြီးပြင်းလာတဲ့ ရွာသူရွာသားတွေပါ။
ဖခင်က စိုက်ပျိုးရေးဝန်ထမ်း
အစိုးရဝန်ထမ်း အရာရှိအထိဖြစ်အောင်ကြိုးစားခဲ့တယ်။
ကြက်မောင်တောင် ဆည် စီမံကိန်းဆို Titov ရဲ့ ဖခင် ပါဝင် လုပ်ကိုင်ခဲ့တာပေါ့…မိခင်ကတော့အိမ်ရှင်မပါ။ ရိုးစင်းလှတဲ့ မိသားစုတစ်စုဖြစ်ပါတယ်..။
Titov ငယ်ဘဝမှာ ထူးခြားပျော်ရွင်စရာဆို နွေရာသီကျောင်းပိတ်ရက်လောက်ရယ်ပါ။
တောင်တွင်းကြီးကနေ အဘိုး အဘွားရှိတဲ့ မြင်းခြံရွာဘက်ကို အလည်သွားရတာကိုက ဘဝမှာ ပျော်စရာအမှတ်တရတွေပါ..။
တိုင်းပြည်ကငွေတွေ ခိုးပြီး ချမ်းသာလွန်းလို့ စင်္ကာပူကို နေ့ချင်းပြန် မုန့်သွားစားတာတို့ ဘာညာတို့.. ဒီလိုမျိုးမှ ပျော်စရာလို့ သတ်မှတ်တဲ့ အသိုင်းအဝိုင်းနဲ့တော့ ကွာလှပါတယ်။
🩺
Titov ၁၀ တန်းအောင်တော့ မကွေးတိုင်း တစ်တိုင်းလုံးမှာဒုတိယရတယ်။ မြန်မာတစ်ပြည်လုံးက လက်ချိုးရေလို့ရတဲ့ အမှတ်အကောင်းဆုံး သူတွေထဲ Titov ပါခဲ့တယ်။ သူဟာ ဆေးပညာသင်ကြားဖို့ကိုရွေးချယ်ခဲ့..။
🩺
ဒါနဲ့ .. သန်းရွှေရဲ့ သားရော ဘယ်လိုဖြစ်သွားတာလား..?
ပြန်ကောင်းသွားတယ်။ စင်္ကာပူ မှာလည်း သွားကုစရာမလိုပါဘူး။
ဆင်းရဲတဲ့ မြန်မာနိုင်ငံက Titov ဟာ စင်္ကာပူ က တကယ့် ဒိတ်ဒိတ်ကြဲ ဆရာဝန်တွေကို ယှဉ်နိုင်ပါတယ်။
ဒီလိုနဲ့ Titov သူတို့နဲ့ အတော်ခင်သွားတော့ သူတို့ကမေးတယ် —
“ ဘာလိုချင်သလဲ..” တဲ့။
🩺
“ ကျောရိုး ယူနစ် အဆောက်အဥိီး(Spine Unit) ကြီးတစ်ခုကို လှူပေးပါ”
Titov ဟာကိုယ်ရေးကိုယ်တာ ချမ်းသာဖို့ လုံးဝ လုံးဝ မတောင်းဆိုခဲ့ပါ။ ပြည်သူတွေကို သူကောင်းကောင်း ဆေးကုချင်တယ်။
Spine Unit ကြီးတစ်ခု Titov တကယ်ပဲရခဲ့ပါတယ်။အဲ့ဒီ အဆောက်အဦးကြီးက မြန်မာငွေ ကျပ် သိန်းပေါင်း ၇သောင်းကျော်လောက်တန်တယ်။
အဲ့ဒီ အဆောက်အဦးကြီးကို အာဏာရှင်မိသားစုရဲ့ငွေ ၆၀ ရာခိုင်နှုန်း နဲ့ အစိုးရငွေ ၄၀ ရာခိုင်နှုန်းနဲ့ လှူတာလို့ Titov မှတ်သားရတယ်။
Titov နဲ အဏာရှင်မိသားစုဟာ အတော့်ကို ရင်းနှီးသွားကြတယ်။၂၀၀၄..၂၀၀၈….၂၀၁၀အထိ..ပေါ့….။
🩺
အခုတော့ ဒါတွေပြီးခဲ့ပါပြီ..။
သူတို့က Titov ကိုတွေ့ ရိုက်နှက်၊ နှိပ်စက်၊ သတ်ပစ်ချင်နေပြီ..။
‘ကျေးဇူး’ဆိုတာ အာဏာရှင်လောကမှာ မရှိပါ။ ငါ့အလိုမတူရင် ငါ့ရန်သူပါ..။
Titov ဘာတွေ လုပ်ခဲ့ပါလိမ့်...။
🩺
Titov ဘာတွေ လုပ်ခဲ့ပါလိမ့်..။
အာဏာဖီဆန်တာကိုး… ၂၀၂၁ ဖေဖေါ်ဝါရီလမှာပေါ့။ Titov ဓမ္မဘက်မှာ ထိုင်ချ… CDM ဝင်ခဲ့တယ်။
CDM — အာ ဏာ ဖီ ဆန် ..။
🩺
CDM မလုပ်ခင်အထိ Titov က Spine Unit အဆောက်အဦးကြီးမှာ ခွဲစိတ်ကုသမှုတွေ လုပ်နိုင်ခဲ့ပါတယ် ။
Titov ကျောရိုးခွဲစိတ်ကုသမှုပညာဌာနနဲ့ ကျောရိုးခွဲစိတ်ကုသတဲ့အဆောက်အဦးကို မြန်မာပြည်မှာ ပထမဆုံး တည်ထောင်နိုင်ခဲ့။
အရိုး အစားထိုးခွဲစိတ်ကုသမှုက အရင်ကတည်းကရှိခဲ့ပေမဲ့ Titov က ဒါကိုကျယ်ကျယ်ပြန့်ပြန့် စလုပ်နိုင်ခဲ့တယ်။
တင်ပါးဆုံအဆစ် အစားထိုးတာမျိုး၊ ဒူးဆစ် အစားထိုးတာမျိုး…အဲလိုအဆစ်တွေအစားထိုးတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ခဲ့တာပါ..။
အလွိုင်းတို့ စတီးတို့ သတ္တုတို့နဲ့အစားထိုးတာပေါ့။ ဟိုအရင် ဆရာဦးစံပေါ်တို့ လက်ထက်တုန်းကတော့ ဆင်စွယ်နဲ့အစားထိုးခဲ့ကြတယ်။
ဒါက မြန်မာနိုင်ငံက လူရည်ချွန် လေးထပ်ကွမ်း ဆရာဝန် Titov အကြောင်းပါ။
🩺 Titov မမေ့နိုင်ပါ— 🩺
“ အမ… မနာဘူးလား ခင်ဗျ..”
ဒီလိုမေးတော့ ဒေါ် အောင်ဆန်းစုကြည်က—
“ ဆရာ ကျမကို မနာဘူးမထင်နဲ့နော် ။ကျမ လည်းနာတာပဲ..” တဲ့။
စကားပြာတာက အစ သိမ်မွေ့တဲ့ အမျိုးသမီးကြီးပါ။ Titov ထူးထူးခြားခြား သတိထားမိတာ က ဒေါ်အောင်ဆန်း စုကြည်ဟာ
နာကျင်ရင်တောင် နာကျင်တယ်ရယ်လို့ ငြီးတွား တတ်တဲ့သူတွေထဲမှာ မပါဘူး။ အတော် စိတ်ထိန်းနိုင်တယ်။
🩺
ဟုတ်ပါတယ်။ Titov ဟာ ဒေါ် အောင်ဆန်းစုကြည်ကို ဆေးကုသပေးဖူးတယ်။
သူများဆိုရင် နာလို့သွေးခုန်နှုန်း သွေးပေါင်ချိန်တက်နေတဲ့ အခြေအနေမျိုးမှာတောင်ဒေါ် အောင်ဆန်းစုကြည်ရဲ့ Heart rate ဟာ တက်မသွားဘူး။ တရားမှတ်နေပုံရပါတယ်။
ဘဝမှာ… Titov မမေ့နိုင်ပါ—
🩺
နောက်တစ်ခု မှတ်မှတ်ရရ ဖြစ်မိတာ Titov ကုပေးခဲ့တဲ့ ဒရိုင်ဘာတစ်ယောက်ပါ။
၂၀၁၃ ခုနှစ်ကပေါ့။ Titov ကိုလိုက်ရှာတာ ဒရိုင်ဘာတစ်ယောက်ရှိနေခဲ့တယ်။
အဲ့ဒီ့ ဒရိုင်ဘာက တင်ပါးဆုံအဆစ် ပျက်စီးသွားတာ..။ Titov ကခွဲစိတ်ကုသပေးလိုက်တယ်။
ခွဲစိတ်မှုက ထုံးစံအတိုင်း အတော့်ကို အောင်မြင်ပါတယ်။ အတော်ကောင်းသွားတာ..။ဒရိုင်ဘာက လမ်းတွေလျှောက်၊ ကားတွေပြန်မောင်းနိုင်တယ်။
နောက်ပိုင်းမှ သိရတာက အဲ့ဒီ ဒရိုင်ဘာက နယ်နယ်ရရမှ မဟုတ်တာ..။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒရိုင်ဘာဖြစ်နေတာ..။
နောက်ပိုင်း Titov ဆီဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် Titov ဆီရောက်လာတာပဲ။
🩺
အဲ့ဒီတုန်းက ဒေါ် အောင်ဆန်းစုကြည်ကို ဆေးကုသဖို့ Titov စိတ်လှုပ်ရှားခဲ့ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ဆိုတာ သူကိုယ်တိုင် အလွန်လေးစားပြီး တစ်ကမ္ဘာလုံးက ချစ်ခင်လေးစားစွာစောင့်ကြည့်နေတဲ့သူလေ…။
Titov က ဆေးကုသပေးလိုက်လို့ အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားခဲ့ရင်ဆိုတာ တွေးတောင် မတွေးဝံ့ပါ။
🩺
ပထမတော့ Titov က လာဆက်သွယ်တဲ့ ကိုတင်မျိုးဝင်းကို — “ ဟုတ်ကဲ့..အမ မြန်မာနိုင်ငံပြန်ရောက်ရင်ကြည့်ပေးပါမယ်” လို့ပြောခဲ့တယ်။ လာပြောတုန်းက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို သွားနေတာ။
တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရတော့ —
“ အမ အင်္ဂလန်မှာ ဆေးကုပါလား အမ…” လို့ Titov အကြံပြုလိုက်မိတဲ့ အထိပါ။
🩺
Titov က ဘိလပ်ပြန်ပါ။ အင်္ဂလန်မှာ ဒီလောက် အဆင့်အတန်းမြင့်မြင့် ဆေးရုံကြီးတွေရှိနေတာ သူသိတယ်။ သူကိုယ်တိုင် အင်္ဂလန်မှာ
Ortho First Assistant အဖြစ်နဲ့ လူနာ အများကြီးကို ကုပေးခဲ့ဖူးတယ်။
🩺
ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်လာပြီး Titov ဆီမှာဆေးကုမတဲ့..ဆိုတော့ Tivot အလွန် ဝမ်းသာဂုဏ်ယူခဲ့တယ်။
🩺
မြန်မာပြည်က ဆရာဝန် Titov ကလည်း နယ်နယ်ရရတော့ မဟုတ်ပါ။
MBBS ဘွဲ့ရ MSC(Ortho) ပြီးတော့ အင်္ဂလန်က fellowship စာမေးပွဲကို သူဝင်ဖြေတယ်။
အဲ့ဒီစာမေးပွဲ part-1 က မြန်မာနိုင်ငံမှာဖြေရတာ..။ အင်္ဂလန်က လာစစ်တဲ့ selection စာမေးပွဲတစ်ခု ပေါ့။
ရေးဖြေရော နှုတ်ဖြေရောအင်္ဂလိပ်လိုဖြေရတယ်။ ဆရာဝန် အယောက် ၂၀၀ ကျော်ဖြေတာ ၆ ယောက်ပဲအောင်တယ်။
Titov စာမေးပွဲအောင်ခဲ့ပါတယ်။
🩺
အဲ့ဒီလို စာမေးပွဲ ဖြေပြီး တဲ့အခါ
နောက်တပိုင်းကို England မှာဖြေရတယ်။ ဒီစာမေးပွဲဖြေဖို့ Titov ဘိလပ်ကိုရောက်လာခဲ့တယ်။
အင်္ဂလန်ရောက်ပြီး ဖြေရမယ့် FRCS စာမေးပွဲက ၂လကျော်အကြာမှာရှိနေတယ်။
ပထမတော့ ဒီစာမေးပွဲမမှီနိုင်ဘူး နောက်စာမေးပွဲကို စောင့်ဖြေရမှာပေါ့လို့ Titov တွေးလိုက်သေးတယ်။
အဲ့ဒီ စာမေးပွဲက အနည်းဆုံး တစ်နှစ်လောက် စာကျက်ပြီးမှ ဖြေနိုင်ကြတယ်လေ။တချို့ဆို ၃နှစ်လောက်ဖြေရတာကိုး။
သူ သိပ်ကြာကြာ မတွေးလိုက်ပါဘူး စာမေးပွဲဖြေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်..။
🩺
Titov အရမ်းကို ကြိုးစားခဲ့ပါတယ်။ အဲတုန်းက တစ်နေ့ကို၂နာရီလောက်ပဲအိပ်ခဲ့တယ်..။ အိပ်ချင်ရင်အဝတ်တွေဘာတွေထလျှော်ပြီး အိပ်ချင်စိတ်ပျောက်အောင်လုပ်တာ..။
မြန်မာပြည်က သာမာန်လူတန်းစား တွေဟာ ပညာတတ် အဆင့်အတန်းတစ်ခုရဖို့ အဲ့ဒီလို အသေအကြေကြိုးစားရုံကလွဲပြီး ဘာမှ အားကိုးစရာမရှိပါ။
Titov အောင်တယ်။ အနည်းဆုံးတစ်နှစ်လောက် ကြိုးကြိုးစားစားဖြေမှာ အောင်နိုင်တဲ့ စာမေးပွဲကို ၂ လတည်းနဲ့..။
ဉာဏ်ကောင်းတာ လည်းပါတာပေါ့။ Totiv က သင်္ချာ ပါရမီရှင် ပါ။
မူလတန်းက စပြီး စာမေးပွဲတွေမှာ သင်္ချာအမှတ် အမြဲ— ၁၀၀ပါ။ ၁၀၀ အောက် တစ်ခါဆို တစ်ခါမှ မကျခဲ့တဲ့ Math Genius ပါ။
Titov က ၃ရက်လောက်မအိပ်ဘဲသင်္ချာထိုင်တွက်လို့ရတဲ့သူ..။
သူ ၉တန်းအောင်ပြီးတော့ ဆယ်တန်းသင်္ချာတွေ ကို ၃ရက်ဆက်တိုက်ထိုင်ပြီး ကြိုတွက်ခဲ့ဖူးတယ်။
🩺
ဒီလိုနဲ့ Tirov ဟာ အင်္ဂလန်မှာ၂နှစ် (၁၉၉၇ - ၁၉၉၉)အလုပ်လုပ်ခဲ့တယ်။
ဒါတရားဝင် အစိုးရကခွင့်ပြုတာပါ။ အင်္ဂလန်မှာ တစ်ခါမှ မရခဲ့ဖူးတဲ့ လခ အများကြီးလည်း ရခဲ့ဖူးတယ်။
မြန်မာပြည်မှာ အဲ့တုန်းက လခက တစ်လ ၄ ပေါင် ၅ ပေါင် (pound sterlings)ပဲ ရတဲ့အချိန်ပါ။ အဲ့အချိန်တုန်းက Titov ကို အင်္ဂလန်က လခ ပေါင်၂၀၀၀ ကနေ ၂၅၀၀အထိ ပေးတာလေ။အများကြီးကွာတာပေါ့။
တချို့ဆို မြန်မာပြည် ပြန်မလာကြတော့ဘူး။Titov ၂၀၀၀ခုနှစ် ဇန်နဝါရီလမှာ မြန်မာပြည် ပြန်လာခဲ့ပါတယ်။
Titov မြန်မာပြည်ကိုချစ်ပါတယ်။
🩺
Titov က ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလန်မှာ ဆေးသွားကုဖို့ ပြောခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က Titov ကို ကြည့်ပြီး—
“ ကျမ အင်္ဂလန်ကို မသွားဘူး။မြန်မာပြည်မှာပဲဆရာကကုပေးပါ။ ကျမကတော့ ဆရာ့ကိုယုံတယ်..” တဲ့။
ဒေါ်အောင်ဆန်းစုကြည်ပါ။
မြန်မာပြည်ကို ချစ်တယ်။
မြန်မာပြည်သူ ပြည်သားတွေကိုယုံတယ်။ မြန်မာပြည်က ဆရာဝန်ကိုပဲ သူမ အားကိုးပါတယ်။
🩺
Titov ဆိုတဲ့ သမားတော်ကြီးဟာ တစ်ကမ္ဘာလုံးက လူတွေ မုန်းတဲ့ မိသားစုကိုဆေးကုပေးခဲ့ရသလို တစ်ကမ္ဘာလုံးက လူတွေ ချစ်တဲ့ အမျိုးသမီးကြီးကိုလည်း ဆေးကုပေးခဲ့ဖူးပါတယ်။
🩺
တစ်ကမ္ဘာလုံးက လူတွေ မုန်းတဲ့ မိသားစုက အာဏာရှင် သန်းရွှေကြီးရဲ့ မိသားစုပေါ့။ သူ့ သားကိုလည်း Titov က ခါးရိုးပြန်ဆက်အောင် ကုသပေးခဲ့ဖူးတယ်။
သမားတော်ကြီး Titov ဟာ သူတို့ အသိုင်းအဝိုင်းနဲ့ နီးနီးကပ်ကပ်နေခဲ့ဖူးတယ်။
အဲ့ဒီ နောက်ပိုင်း သူတို့မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေးကို ကြည့်ပေးတဲ့ သဘောမျိုးအထိ ခင်မင်ခဲ့ကြ..။
ဟုတ်ပါတယ်…။
အာဏာရှင် သန်းရွှေကြီးကလည်း Titov ကို အားကိုးခဲ့ဖူးတယ်။
🩺
သန်းရွှေကြီး မိသားစု အသိုင်းအဝိုင်းက တစ်ခုခု မကျန်းမမာဖြစ်ရင် သူတို့စစ်ဘက်က ဆရာဝန်တွေနဲ့ အရင်ပြလေ့ရှိတယ်။
ဆေးတပ်က ဆရာဝန်တွေနဲ့ ကုလို့အဆင်မပြေတော့ဘူးသူတို့အားမရဘူးဆိုရင် Titov ကို လှမ်းမေးပြီ..။
နောက်ကျတော့ တော်တော်လေး ရင်းနှီးသွားကြတယ်။
Titov နေပြည်တော်လာရင် သန်းရွှေကြီးက ကားတွေဘာတွေ ပေးထားတာမျိုး…လေယာဥ်ကွင်းကို လာကြိုတာမျိုး…။
တစ်ခါ တစ်ခါ စကားပြောဖြစ်ရင် အနည်းဆုံးတော့ ၂နာရီ ၃နာရီ ..။
ဘဝမှာ… Titov မမေ့နိုင်ပါ—
🩺
Titov ချစ်ခင်လေးစားရတဲ့ ကမ္ဘာကျော် အမျိုးသမီးကြီးနဲ့လည်း ခင်ခွင့်ရခဲ့ပါတယ်။
Titov နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆေးကုသရင်း တစ်ရက်ကို
စကားတစ်နာရီခွဲလောက် စကားတွေထိုင်ပြောနေမိတဲ့ ခင်သွားကြတယ်..။
Titov သိလိုက်ရတာက ဒေါ်အောင်ဆန်းစုကြည်က စာလည်းအတော်ဖတ်တယ်။ တရားထိုင်တယ်။ဗဟုသုတပိုင်းရော စိတ်ထားပိုင်းရော အတွေးအခေါ် ပိုင်းရော အင်မတန်ကိုပြည့်စုံတဲ့ အမျိုးသမီးကြီးဆိုတာကိုပေါ့..။
🩺
၂၀၂၁ ရောက်တော့ သမားတော်ကြီး Titov က အာဏာရှင် သန်းရွှေကြီး အုပ်စုနဲ့ ပတ်သက်ပြီး တွေးခဲ့သမျှ အထင်နဲ့ အမြင်လွဲခဲ့ရတယ်..။
ဒေါ်အောင်ဆန်းစုကြည် ကို အသိအမှတ်ပြုလာတဲ့အခါ “ ဪ… ‘သူတို့’ ဟာ သွေးထွက်သံယိုမရှိဘဲ အာဏာလွှဲပေးနိုင်ကြမယ့်သူတွေပါလား“လို့ သမားတော်ကြီးတွေးထင်ခဲ့ဖူးတာကိုး..။
စိတ်ထဲက ချီးကျူးခဲ့ဖူးတယ်။
🩺
သူတို့ဟာ … ပြည်သူတွေကို ဒီလို လမ်းမတွေပေါ်မှာ မျက်လုံးတွေပေါက် ၊ ဦးဏှောက်တွေထွက်၊ ပိုးစိုးပက်စက် သတ်ပစ်ကြမယ့် ယုတ်ကန်းသူတွေ လို့ Titov မထင်မှတ်ခဲ့ပါ။
လမ်းပေါ်မှာလဲကျသေဆုံးနေတဲ့ ကလေးတွေ ...။
ဘဝမှာ… Titov မမေ့နိုင်ပါ—
🩺
ဒီလောက် လုပ်ရက်လိမ့်မယ်လို့ Titov မထင်ခဲ့မိတာ အမှန်..။
‘သူတို့’ရဲ့ အတွင်းစိတ်ဟာ သူတို့ကိုယ်သူတို့ ပြန်ပြီး လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတယ်။အမှန်မြင်ဖို့ အလွန်ခဲယဉ်းလှတယ်.. ။
ဒါကြောင့် Titov ရွေးလိုက်တဲ့လမ်းက CDM … အာ ဏာ ဖီ ဆန်..။
Tivot ဟာ CDM တော်လှန်ရေးရဲဘော်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်လည်းဖြစ်ပါတယ်။
မနေ့က NST ရဲ့ အင်တာဗျုးပါ—https://fb.watch/bCwPXn1UBW/
🩺
အဲ့ဒီ Titov ဆိုတဲ့ မြန်မာပြည်က ဋ ဍအရိုးအထူးကု သမားတော်ကြီးဟာ ကျိုးသွားတဲ့ အရိုးတွေကို ဟိုဟာ ဒီဟာတွေနဲ့ အစားထိုးပြီး ကြိုးကြိုးစားစား ပြန်ဆက်ပေးခဲ့ပေမဲ့ နှစ်ပိုင်းကျိုးသွားတဲ့ မြန်မာပြည်ကြီးကို ပြန်မဆက်လိုခဲ့။
ဓမ္မ နဲ့ အဓမ္မ…ဘယ်သောအခါမှ ပေါင်းစပ်လို့မရဘူးလေ…။
အဓမ္မတွေကို ဒီမြေက တွန်းထုတ်ကြ…ဆိုပြီး ပြည်သူတွေနဲ့ ဝင်တွန်းခဲ့..။
🩺
အဲ့ဒီလိုသမားတော်ကြီးဟာ ဓမ္မဘက်က ဝင်ရပ်တော့ သူတို့က ‘Titov ကို အလိုရှိသည်’ ..တဲ့။
‘သူတို့’က သမားတော်ကြီးကို ဝရမ်းပြေးလို့ သတ်မှတ်၊ သတ်ဖို့ ဖြတ်ဖို့ လိုက်ရှာလို့မရတဲ့အဆုံး မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသား အဖြစ်က ရုတ်သိမ်းလိုက်တယ်။
အာဏာရှင်တို့ရဲ့ အမုန်း..။
ဘဝမှာ… Titov မမေ့နိုင်ပါ—
🩺
Titov ဟာ အရိုးခွဲစိတ် အထူးကု သမားတော်ကြီးသက်သက်ပါ။ နိုင်ငံရေးလုပ်ဖို့ မစဉ်းစားခဲ့ဘူး။
Titov ရဲ့အဘိုးတွေ အဖွားတွေက ရိုးသားကြိုးစားပြီး အရမ်းကို ချမ်းသာခဲ့တာ။ ရန်ကုန်နဲ့မြင်းခြံဆွဲတဲ့ မော်တော်ကြီး၂စင်းပိုင်တယ်။လယ် ဧက ၇၀-၈၀ လောက်ကို ပိုင်ဆိုင်တယ်။
တစ်နေ့—
Titov ရဲ့အဘိုးတွေ အဖွားတွေဟာ သူတို့ရဲ့ မြေတွေကို တစ်ရွာလုံးကို ပေးကမ်းဝေမျှလိုက်တယ်၊ ရှိတာတွေ အကုန်ပေးကမ်းပြီး နိုင်ငံရေးနဲ့ တောခိုသွားခဲ့တယ်။
Titov တို့ရဲ့ အများအကျိုးကိုဆောင်ရွက်တတ်တဲ့ စိတ်တွေက ဘိုးစဉ်ဘောင်ဆက်ကပဲ..။
Titov ရဲ့ ဦးလေးတစ်ယောက်က ဦးသန့်အရေးအခင်းမှာပါတယ်၊ ၈၈အရေးအခင်းမှာလည်းပါတယ်၊ ၅နှစ်ခွဲလောက်လည်း ထောင်ကျခဲ့ဖူးတယ်။
တစ်ဆွေလုံး တမျိုးလုံး နိုင်ငံရေးလုပ်လို့ မွဲခဲ့ရတယ်..
နိုင်ငံရေးလုပ်လို့ မျက်နှာငယ်ခဲ့ရတယ်..
နိုင်ငံရေးလုပ်လို့ ဒုက္ခ ရောက်ခဲ့ရတယ်..
နိုင်ငံရေးလုပ်လို့ အဖမ်းခံရတယ်..
ဒီအတွေးတွေကြောင့် အမျိုးတွေအဆွေတွေက Titov တို့မောင်နှမတွေကို နိုင်ငံရေး မလုပ်စေချင်တော့ဘူး။
စာပဲကြိုးစားခိုင်းတယ်။ နိုင်ငံရေးဆိုတာ မလုပ်သင့်ဘူးလို့ယူဆထားတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။
🩺
ဂျပန်သွား…
အင်္ဂလန်သွား…
စာပြီးရင် စာ..။
Titov က ၂၀၁၄ မှာဆေးတက္ကသိုလ်-၂ရဲ့ ပါမောက္ခချုပ်..။ ၂၀၁၅ မှာဆေးတက္ကသိုလ်- ၁ရဲ့
ပါမောက္ခချုပ်…။
🩺
နာဂစ်တုန်းကဆို Titov ဟာ ဒလဘက်က ငွေကြေးမတတ်နိုင်တဲ့ ကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ ကလေးက မွေးရာပါ အာရုံကြောရောဂါကြောင့် လက်တွေခြေတွေ အကွေးအဆန့် လုပ်မရဘူး။ လမ်းမလျှောက်နိုင်ဘူး။
လမ်းစားရိတ်က အစ ကူညီပြီတစ်ဆင့်ပြီးတစ်ဆင့် ခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်။ ကလေးလေးဟာ လမ်းလျောက်နိုင်ခဲ့ပါတယ်..။
မြန်မာပြည်မှာ တန်ဖိုးဖြတ်မရတဲ့ တကယ့် စေတနာ့ ဆရာဝန်ပါ..။
Titov ဟာ အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး အနေနဲ့ သာ မြန်မာပြည်မှာ ရပ်တည်ချင်ခဲ့တာပါ။
🩺
ကမ္ဘာ့ အထီးကျန် အာဏာရှင် တွေကိုယ်တိုင် ရှေးက အာဏာရှင်တွေရဲ့ ဦးဏှောက်ဖောက်ထွင်းတာကို ခံထားရတယ်။
သူတို့က ‘ကျွန်’ ဆက်မွေးတယ်။ အဲ့ဒီကျွန်တွေရဲ့ ဦးဏှောက်တွေထဲအဆိပ်တွေ ထိုးသွင်းတယ်။
ပြည်သူတွေကို အစစ်အမှန်မဟုတ်တဲ့အရာတွေကို ယုံကြည်လာအောင် လှည့်စားတယ်။
ယုံကြည်သူတွေဟာ သတ္တုလှောင်အိမ်ထဲတွင် ပိတ်မိနေကြပြီး ထင်ယောင်ထင်မှား စိတ်ကူးယဉ်နေကြတယ်။
လူသတ်မှ တိုင်းပြည်ငြိမ်းချမ်းမယ်…
လူသတ်မှ တိုင်းပြည်ကောင်းစားမယ်…
လူသတ်မှ တိုင်းပြည်အင်အားကြီးမယ်…
လူသတ်တာ ‘အမျိုး၊ ဘာသာ၊ သာသနာအတွက်..’
🩺
ကမ္ဘာကြီးက ပြောင်းလဲနေတယ်။
Titov ခင်မင်ခဲ့ဖူးတဲ့ အာဏာရှင်ကြီးက ပြည်သူတွေကို နေ့တိုင်း သတ်နေတယ်။
သူလေးစားတဲ့ အမျိုးသမီးကြီးကတော့ ထောင်ထဲရောက်နေတယ်။
Titov က ပြည်သူတွေ အတွက်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဖြစ်နေပြီ..။
အာဏာရှင်တွေ အတွက်ကတော့ Titov ဟာ ‘ ဝရမ်းပြေး— သူပုန်— နိုင်ငံမဲ့’..။
🩺
ဘဝမှာ… Titov မမေ့နိုင်တာတွေ အများကြီးပါ—
Titov သင်္ချာတွက်နေတယ်။
ကမ္ဘာကြီးက ဒီအတိုင်းမနေပါ။ ပြောင်းလဲနေဦးမှာ..
🩺 ♥️ 🩺
မရွှေမိုး- ကိုရီးယား
March 8th,2022.
ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန်
ပဲခူးရိုးမတွင် တိုက်ပွဲဖြစ်ပွားနေ၍ ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန်
ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ
ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမ ရကိုင်းချောင်းရိုး တလျောက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တောင်ငူ PDF တပ်ဖွဲ့တို့ မတ်လ ၄ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပဲခူးရိုးမ လမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။
မတ်လ ၄ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူ PDF တပ်ရင်းမှ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်တပ်က သေဆုံးထိခိုက်မှု များပြားခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အင်းအား အလုံးအရင်းဖြင့် တောင်ခြေရွာများတွင် တပ်စွဲကာ ရိုးမပေါ်သို့ အရပ်ဝတ်များ၊ ဆိုင်ကယ်များ၊ ဖောကားများ အသုံးပြုပြီး PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို လိုက်လံစုံစမ်းနေခြင်းကြောင့် ရိုးမပေါ် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်း ရိုးမပေါ်သို့ လှုပ်ရှားသွားလာနေသည့် ဖောကား/ဆိုင်ကယ်များ အားလုံးကို တောင်ငူ PDF အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟု မှတ် ယူကာ တောင်ငူ PDF ဘုရင့်နောင်တပ်ရင်းက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်
ရုရှားကျုးကျော်စစ်ရပ်ဆိုင်းဖို့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့သွားရောက်ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။
Naftali Bennett ဟာ ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးပြီးနောက် ဂျာမဏီနိုင်ငံကို ဆက်လက်ထွက်ခွါသွားတယ်ဆိုပါတယ်။ ရုရှားကိုမလာခင်မှာ ပြင်သစ်နိုင်ငံသမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်းလည်း အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။
ယူကရိန်းရဲ့ ဂျုးသမ္မတက ရုရှားရဲ့ ကျုးကျော်စစ်အပေါ် အစ္စရေးနိင်ငံက ကြား၀င်ဖြေရှင်းပေးဖို့ တောင်းဆိုထားသလို ကမ္ဘာတဝှမ်းက ဂျုးတွေအနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေကြဖို့ တောင်းဆိုထားအပြီး အစ္စရေး၀န်ကြီးချုပ် ဟာ ရုရှားကို အရေးပေါ်လာခဲ့တာလို့ဆိုပါတယ်။
ပူတင်နဲ့တွေ့ချိန်မှာ ယူကရိန်းက ဂျုးတွေရဲ့ လုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းပြည်သူတွေအတွက် အစ္စရေးက ပေးပို့မယ့် အရေးပေါ်အကူအညီတွေအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။
အစ္စရေးအနေနဲ့ ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို အရေးပေါ်ရွှေ့ပြောင်းဆေးရုံနဲ့ ဆေးဝါးတွေ ပေးပို့မယ်ဆိုတာကို လည်း ပူတင်ကို အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတပူတင်ဘက်က ဘာပြန်ပြောတယ်ဆိုတာတော့ တစုံတရာပြောဆိုသွားတာမရှိပါဘူး။
ယူကရိန်းကနာဇီလက်သစ်ဝါဒီအစိုးရကို ဖယ်ရှားမယ်ဆိုပြီး အထူးစစ်ဆင်ရေးအမည်နဲ့ ပူတင်က ကျုးကျော်တိုက်ခိုက်နေပေမယ့် လက်ရှိယူကရိန်းသမ္မတဟာ ဂျုးဖြစ်သလို ယူကရိန်းတပ်မတော်ထဲမှာ ဂျုးလက်နက်ကိုင် တပ်ရင်းတွေပါရှိနေတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၆ ရက်
Credit : BurmaNewsNetwork
မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူ
မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူဟု KIA အသိပေး
—People's Spring
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ အသေ အပျောက်များရှိ၍ မိုးညှင်းမှ စစ်ကောင်စီတပ်များ၏ ကား ခြောက်စီးဖြင့် သယ်ယူကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။
KIA တပ်မဟာ(၈)၊ တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းမြို့ နမ့်ယာကြား ညောင်ကုန်းဒေသ၌ ယနေ့(မတ်လ ၇ရက်) နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ ကြောက်ရွံ့ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲ၌ KIAနှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။
#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/
လေးကေ့ကော်မြို့အနီး မှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်
မင်္ဂလာ သတင်းလေး ပြောချင်ပါတယ်.......🙏🙏🙏
KNLA နှင့် ကျနော်တို့ PDF တို့ ပူးပေါင်းပြီး နယ်မြေကျူးကျော်လာတဲ့ စစ်ခွေးတွေနဲ့ လေးကေ့ကော်မြို့အနီး မှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ခွေး (၁၀)ကောင်သေပြီး အများအပြား ဒဏ်ရာရသွားပါကြောင်း။
PDF Sniper လက်ချက်ဖြင့် ခွေး(၄)ကောင် သေပြီး ရင်ဆိုင်ပစ်ခတ်မှုမှာ ခွေး(၆)ကောင် သေခဲ့ပြီး စစ်ခွေးအများအပြား ဒဏ်ရာရခဲ့တယ်။
စစ်ခွေးတွေက ဗိုလ်တာပေါနေရာကို သိချင်တော့ ဖုန်းဆက်ပြီး လုပ်ကြံဇာတ် ခင်းခဲ့ကြတယ်။ ကျနော်တို့ CDM ဝင်ပါ့မယ် လက္ခံပေးပါဆိုပြီးပြောတော့ တိုက်ရည်ခိုက်ရ ည်နဲ့ အတွေးအခေါ်ခေသူမဟုတ်တဲ့ ဗိုလ်တာပေါက လက္ခံစကားပြောပြီး ဘယ်ကိုသာလာခဲ့ပါ သူရှိပါတယ်ပေါ့ မင်းတို့ရဲ့ အသက်ကိုလည်း အာမခံပေးမယ်လို့ပြောပြီးချိန်မှာပဲ ဗိုလ်တာပေါ ပြောတဲ့နေရာကို ခွေးကုန်းကနေ လက်နက်ကြီးတွေနဲ့ တရဆက် ပစ်ခတ်တော့တာပါပဲ......။ ခွေးတွေ တလွဲပစ်နေချိန်ကို အခွင့်ကောင်းယူပြီး ချောင်ပိတ်မိနေတဲ့ ခွေးတွေကို ဗိုလ်တာပေါ(KNLA)နဲ့ PDF ပူးပေါင်းအဖွဲ့က ကောင်းကောင်းသမလိုက်တာ စစ်ခွေးတွေအလဲလဲအပြိုပြိုဖြစ်သွားပြီး ခွေးပြေး ဝက်ပြေး ပြေးသွားပါကြောင်း သတင်းကောင်း ပါးအပ်လိုက်ရပါတယ် ခင်ဗျာ..........။
စစ်ခွေးလေယာဉ်လည်း ဆီမရှိလို့ထင်တယ် မလာဘူး......😂😂😂
ဗိုလ်မိုး ကြိုး
မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်
မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်၊ လှိုင်မြို့နယ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ပစ်
ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲသင်တန်းကျောင်းနှင့် လှိုင်မြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်အခြေစိုက် တော်လှန်ရေး တပ်များက ယနေ့ည ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ် ၊ ၃၆ ရပ်ကွက် ၊ ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို People 's Force နှင့် Spring Brother Force တို့ပူးပေါင်းကာ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲများထွက်လာချိန်တွင် ၄၀မမများ ဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးမှာ ည ၇ နာရီမှ ၇ နာရီ ၁၅ မိနစ် အထိကြာမြင့်ခဲ့ပြီး တိုက်ခိုက်နေစဉ် ပြည်သူကားတန်းများရပ်တန့်သွားသဖြင့် ပြည်သူများဘေးကင်းစေရန် တစ်ဝက်နှင့်ရပ်လိုက်ကြောင်း People's Force က သတင်းထုတ်ပြန်သည်။
ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုအများအပြားခန့်မှန်းရကြောင်း ရန်ကုန် တိုင်းပြည်သူ့အင်အားစု People's Force ကသတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၇ ရက် နေ့ ည ၉ နာရီဝန်းကျင်အချိန် Justice Bringer Force က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးသွားကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော မြောက်ဒဂုံရဲသင်တန်းကျောင်း။
ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွား
ရုရှားယူကရိန်းစစ်ပွဲမဖြစ်ခင်က ရုရှားတင့်ကားတွေ ဘယ်လိုကောင်းကြောင်း Shtora-1 မျက်လုံးနီကြီးက ဘယ်လိုစွမ်းကြောင်း Kontakt-5 ERA က ဘယ်လိုစွမ်းကြောင်း ရုရှားဖန်တွေ ရေးတာတွေ ဖတ်ကြီး ရုရှားတင့်တွေကို တကယ် အထင်ကြီးခဲ့တာဗျာ
ကျနော် အထင်ကြီးထားတဲ့ ရုရှားတင့်တွေကို ယူကရိန်းက US နဲ့ အနောက်တိုင်း လက်နက်တွေသုံးပြီး တစ်စီးပြီး တစ်စီး ကြက်သံပုံးကင် ဖြစ်အောင် လုပ်ပြတော့ ကျနော်တကယ် ရင်နာရပါတယ် တချို့ရုရှားတင့်တွေဆို ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွားတယ်ဗျာ 😭😭
အခုတော့ ရုရှားတင့်တွေမှာပါတဲ့ မျက်လုံးနီကြီးနဲ့ Kontakt-5 ERA ဆိုတာလည်း သုံးစားမရတဲ့ အလကားဟာတွေဆိုတာ သိလိုက်ရပါပြီ ကမ္ဘာအဆင့် ၂ ရှိတဲ့ တပ်မတော်ကြီးရဲ့ တင့်ကားတွေက ဒီလိုစုတ်ပြတ်သတ်နေအောင် အရည်အသွေးညံ့ဖျင်းလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိတာ အမှန်ပါ🥴🥴
ဝီလျံစန်း
မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ
တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ
ရန်ကုန်၊ မတ် ၇
မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့ အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။
ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်ကောင်စီက ကြေညာသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။
ယခင်က အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
လက်ရှိဓာတ်အားသုံးစွဲမှု လိုအပ်ချက်မှာ နေ့ဘက်တွင် အများဆုံး လျှပ်စစ် ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တစ်ရက်တာ ပျှမ်းမျှ ဓာတ်အားသုံးစွဲမှု ၂၆၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။
ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန်ထိုးမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။
မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့်
နွေဦးတော်လှန်ရေးမှသည်
ယူကရိန်း ရုရှစစ်ပွဲဆီသို့ အတွေးစများ
ဘိုင်တန်ဟာ ယူကရိန်း NATO ထဲဝင်ဖို့ကို ဟ ပေးတယ်
ယူကရိန်းကလဲဝင်ချင်တာပေါ့ သူကရုရှရန်ကြောက်တယ်
လေ တရားဝင် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရင် ရုရှဟာ
ယူကရိန်းကို ၂၀၁၄ က ကရိုင်းမီးယား ကျွန်းဆွယ်ကိုဝင်
သိမ်းသလို သိမ်းမရတော့ဘူး
ရုရှဘက်ကကြည့်ရင် သူ့နိုင်ငံလုံခြုံရေးအရ ယူကရိန်းမှာ
သူ့ဩဇာခံ အစိုးရရှိမှကိုဖြစ်မယ် ယူကရိန်း NATO ထဲပါ
သွားလို့မရဘူး ဒါပေမယ့်လဲ လက်ရှိယူကရိန်းသမ္မတက
အနောက်ဘက်ယိမ်းတယ်
ဘိုင်တန်တို့ကမြှောက်ပေးတယ် လာခဲ့လက်ခံမယ်လုပ်ပြီး
ပူတင်ကိုဆွတယ် ပူတင်ကလဲ ဝင်ရဲဝင်ကြည့်ချမယ်လုပ်
တယ် ပူတင်အရင်ကလဲ ပိုလန်မှာခံခဲ့ရပြီးပြီ ပိုလန်မှာ
NATO ဒုံးကွင်းတွေထားတော့ ရုရှကအသည်းအသန်ကန့်
ကွက်တယ် မရပါဘူး ဒီသင်ခန်းစာယူပြီး ပူတင်ဟာ ယူ
ကရိန်းကိုပိုလန်လို အဖြစ်မခံတော့ဘူး
ကမ္ဘာ့အရေးဘက်ပြန်ကြည့်ရင်လဲ တရုတ်ကအင်အား
ကောင်းနေပြီ ရုရှကလဲ ဆိုဗီယက်ခေတ်ကလို ဂျောက်ဂျက်မဟုတ်တော့ဘူး စီးပွားရေးအတော်အတန်တောင့်လာတယ် သူတို့နှစ်နိုင်ငံ တောင့်လာရင် ရေရှည်မှာ
အမေရိကန်နဲ့ ဥရောပကထိန်းနိုင်မှာ မဟုတ်တော့ဘူး
ဒီတော့
ယူကရိန်းကိုမျှားပြီး ရုရှ ဒုက္ခရောက်အောင် ဘိုင်တန်တို့
ပူတင်နဲ့ကျင်ဖင့်ကို ကျုံးသွင်းတော့တယ် ယူကရိန်းကို
ရုရှကျူးကျော်တယ် မကျူးစေချင်ရင် စထဲက NATOနဲ့
တန့်လို့ရတာပဲ စစ်ပွဲဟာ အခုထချလို့ရတာမှမဟုတ်တာ
ထိရောက်အောင် ကာကွယ်မပေးဘူး ရုရှကျူးတော့ ယူကရိန်းအတွက် ဒရမ်မာတွေချိုးတော့တာပဲ လက်နက်တွေ
တော့ပို့ပေးတယ် ပို့တာဘာလုပ်လို့ရမလဲ ယူကရိန်းကြေ
တော့တာပဲ
အဲ့တော့ ပူတင်လဲ လူကြမ်းကြီးဖြစ် ဝိုင်းပိတ်ဆို့လိုက်တာ
ရုရှစီးပွားရေး နေ့ချင်းညချင်း ကျုံသွားသလို နိုင်ငံခြားအ
ရံငွေတွေ စီးပွားရေးဒေါက်တိုင်တွေရဲ့ ပိုင်ဆိုင်မူ့တွေဟာ
အငွေ့ပျံကုန်တယ် ပူတင်ဟာယူကရိန်းသိမ်းလိုက်နိုင်လဲ
သူ့ရုရှထဲဆွဲသွင်းမရဘူး ပူတင်ဩဇာခံ အစိုးရပဲထားပြီး
ပြန်မှာ
အမြတ်ထွက်မှာ ဘိုင်တန်ပဲ
ရုရှစီးပွားပျက် အင်အားနည်းသွားရင် တစ်ရန်အေးတာပေါ့ အခုကတော့ ယူကရိန်းလဲ NATO ဝင်မတိုက်ပေးသ၍ ရုရှကိုရေရှည်ခုခံဖို့မလွယ်ဘူး ဒါအမှန်တရားပဲ
ဘိုင်တန်ခေါ်တာကို ရိူးခဲ့တဲ့ ပူတင်ကတော့ အစားခံရလို့
ချွေးပျံနေပါပြီ
မြန်မာ့နွေဦးတော်လှန်ရေးဘက်ပြန်ကြည့်ရင်လဲ
ပွဲပြတ်စေချင်ကြာပြီ ကြင်စိုးတို့အခုထိရှင်သန်နိုင်အောင်
လုပ်ထားတာလဲ ဘိုင်တန်နဲ့ကျင်ဖင့် တို့ရဲ့ကြိတ်ဝိုင်းတစ်
ခုလိုပဲ အပြီးသတ်စေချင်ရင် လွယ်ပါတယ် ထိန်းထားတဲ့
ဒေါ်လာ တစ်ဘီလီယံ NUG ကိုပေး လက်နက်စပို့ပေး
ရပါတယ် ဒါအရိုးအရှင်းဆုံးနည်းပဲ
အခုက ကြင်စိုးလူပ်မအောင်ပိတ်ထားတယ် အမြစ်ဖြတ်ဖို့
ထိ အခွင့်အရေးမပေးဘူး ကျင်ဖင့်ဘာလုပ်မလဲ မျှားတယ် ကျင်ဖင့်ကပူတင်လိုမဟုတ်ဘူး ခေါ်ဖဲ ပစ်ဖဲမှန်းနား
လည်တယ် ဘိုင်တန်ခေါ်တဲ့နောက်လိုက်ရင် သူကွဲမှာသိတယ် ပူတင်လိုအမိုက်မခံဘူး
အာတော့ သူလဲဖောလိုကစားနေတယ်
ကြင်စိုးတို့ကတော့ တစ်နေ့ထက်တစ်နေ့ အာဏာကျုံလာ
တယ် အငွေ့ပျံဖို့ပဲကျန်တော့တယ် စဉ်းစားစရာအချက်တစ်ခုက ဘိုင်တန်ဘက်က အရင်ထရိူးလိုက်ရင်တော့
မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့် ဘယ်လိုဆက်ကစားမလဲဆိုတာ မကြာခင်ဆက်တိုက်တွေ့လာရပါတော့မယ်လို့
မုဆိုး လက်
စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)
မဲခေါင်၊ မတ် ၆
ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့သည့် ရုပ်သံအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရှင် ၂ ယောက်နှင့်အတူ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။
#MeKongNews
