ပြန်ကျလာသောခဲတလုံး
မင်းအောင်လှိုင်ကသူ့ကိုယ်သူ မြောင်းထဲခုန်ချ
ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သတိမေ့နေပြီးအသက်အန္တရာယ် စိုးရိမ်နေရ
PUBG နဲ့ ဖက်မွေးလာတဲ့ GenZ တွေ ခေတ်မှာ အာဏာသိမ်းမိတဲ့ မင်းအောင်လှိုင်
အရေအတွက်က အရေးမကြီးဘူး။ တကယ်အရေးကြီးတာက ရန်ကုန်မြို့လယ်ခေါင်မှာတောင်မှ အခုလို လုပ်ပြနိုင်တယ်ဆိုတာ စောက်တပ်အတွက် အတော်ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ နေ့လည်း နောက်ကျောမလုံ၊ ညလည်း နောက်ကျောမလုံ၊ ယူနီဖောင်းဝတ်ထားရတာကို နောက်ကျောမလုံတဲ့ ခံစားမှုမျိုး။ ဒါဟာ မြို့ပေါ်မှာ လူပါးဝသောင်းကျန်းနေတဲ့ မက်အိမ်လုံးတွေအတွက် စက္ကန့်တိုင်း မက်နေရတော့မယ့် အိပ်မက်ဆိုးပဲ။
ပြည်သူပူးပေါင်းပါဝင်မှုကလည်း အံ့မခန်းပဲ။ ဖေ့စ်ဘုတ်ပေါ် ဘာသတင်းမှ တက်မလာဘူး။ ဖော်ကောင်မလုပ်ကြဘူး။ အဖွဲ့သားတွေ ဘေးကင်းလွတ်မြောက်ရာရောက်မှ မီဒီယာဆီ Video ပို့မှ အများသိကြရတယ်။ ဘာမြင်လဲ၊ ဘာမှမမြင်ဘူး။ ဘာတွေ့လိုက်လဲ၊ ဘာမှ မတွေ့လိုက်ဘူး။ ကဲ… အေးရောပဲ။ ဟိုကောင်တွေ ရူးစမ်း… လျှာတန်းလန်းနဲ့။
စစ်ကိုင်းဘက်မှာ တက်လာတဲ့ စစ်ကားက လော်နဲ့အော်တယ်။ တာဝန်အရပါ၊ ရွာကို ပတ်ကြည့်ပြီးရင် ပြန်မှာပါ။ မိုင်းမဆွဲကြပါနဲ့တဲ့။ အရင်ကလို ဖျင်ယားမရတော့ဘူးဆိုတာ သဘောပေါက်လာတဲ့သဘော။
မြို့ပေါ်မှာလည်း ဘယ်ကောင်သေရဲလဲကွဆိုတဲ့ နှမဇောင်းတွေ မတ်စိငုံရတာတွေ များလာတော့ ကျီးကြည့် ကြောင်ကြည့်နဲ့ စောက်သံတောင် မထွက်တော့ဘူး။ ဒါအစပဲ ရှိသေးတယ်။ အဆုံးကတော့ နင်တို့ ပြေးဖို့ပဲ ရှိတော့တယ်။
ခဏခဏပြောခဲ့တယ်။ ငါတို့က အများစု၊ နင်တို့က လက်တစ်ဆုပ်စာဆိုတာ။ သာမန်ပြည်သူတွေထဲ ငါတို့ဘက်သားတွေက ရောပါနေတာ။ နင်တို့က ယူနီဖောင်းတွေနဲ့ အရှည်တကားကားနဲ့ ထီးထီးကြီး။ လူတိုင်းဟာ PDF ဖြစ်နေနိုင်သလို လူတိုင်းဟာ PDF တွေကို ကာကွယ်ပေးချင်သူ ဖြစ်လာမယ့် သူတွေချည်းပဲ။
လုယူခံလိုက်ရတဲ့ ဒီမိုကရေစီကို လက်နက်မဲ့ တောင်းဆိုခဲ့ကြတုန်းက အညှာအတာမရှိ ခေါင်းတွေချည်း ရွေးပစ်ခဲ့ကြတာ။ လက်နက်ကိုင်ထားသူချင်း ပစ်ကြတာ အကြမ်းဖက်တယ်ထင်ရင် ဖျင်ခံ။ ရိုးရိုးမခံနဲ့… ပြေးပြေးပြီး ခံ။
Counter Strike နဲ့ ဖက်ကြီးလာတဲ့ GenYတွေ၊ PUBG နဲ့ ဖက်မွေးလာတဲ့ GenZ တွေ ခေတ်မှာ အာဏာသိမ်းမိတာ မင်းအောင်လှိုင်တစ်ကောင် နောင်တတွေ တသီကြီး ရနေလောက်ပြီ။
မကြောက်လို့ ရမလား သားရီး
ငါတို့မှာလည်း ဗျောက်တွေနဲ့🎶🎵
အဟက်ဟက်
🙂
ပန်ပန်
အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး
သရုပ်ဆောင်ပြေတီဦးနှင့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်တို့ အကျဉ်းထောင်အတွင်း နာမကျန်းဖြစ်နေ
စစ်ကောင်စီသတင်းပေး ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သည့် ဗီဒီယို
ကအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အမေရိကန်ချီးကျူး
တဖက်ကပစ် တဖက်ကရိုက် တတ်တဲ့ ရန်ကုန်PDF
ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစခန်းတစ်ခုအား ရန်ကုန် PDF မှ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံးအတွင်း ဘန်ကာများပြုလုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစခန်းပြုလုပ်ထားသောနေရာအား ရန်ကုန် PDF က အောက်တိုဘာလ ၂၃ ရက် နံနက် အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
"ဘန်ကာကင်းစခန်းထဲမှ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ယောက် သေဆုံးခဲ့ကြပါတယ်။ ကျွန်တော်တိုဘက်က ရဲဘော်တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်" ဟု ရန်ကုန် PDF တပ်ဖွဲ့ဝင် S21 မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ရန်ကုန်မြို့လယ်ခေါင်ထိ လက်တစ်ဖက်က ဗီဒီယိုရိုက်ရင်း နောက်လက်တစ်ဖက်နဲ့ ပစ်ပြသွားတာ။ ဒီမျိုးဆက်ကို အလွယ်လေး အုပ်ချုပ်လို့ရမယ်ထင်ခဲ့တဲ့ စောက်ဂျပုတော့ ရူးခါနေမှာပဲ။
ပန်ဆယ်လို
အာဆီယံနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စားရမဲ့ မစင်ပုံ ၁ပုံ
⬛
၈၈ အာဏာသိမ်းခေါင်းဆောင် စောမောင်ဆီက အာဏာထပ်လု့ခဲ့တဲ့ သန်းရွှေကြီးဟာ သူအပေါ်ကျရောက်နေတဲ့နိုင်ငံတကာဖိအားကနေ လွတ်အောင် အာဆီယံကို အသုံးချခဲ့တယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကလည်း သူ့ဆရာကို အတု့ယူတယ်။ တရုတ်အားကိုးနဲ့ အာဏာသိမ်းပြီးအာဆီယံ အစည်းအဝေးကို ကိုယ်တိုင်တက်ပြတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြု့မူ့ ကို ရရှိဖို့အတွက် ဘုံသဘောတူညီချက် ၅ချက်ကို သဘောတူကြောင်း ခပ်လွယ်လွယ်နဲ့ ခေါင်းညိတ်ကတိပေးခဲ့တယ်။ အာဆီယံက သူကိုအသိအမှတ်ပြု့ကြောင်း ဘောမတွေကို ဂျင်းထည့်တယ်။
သို့သော် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု့ခံရရေးအတွက် အသုံးချခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခု့အချိန်မှာတော့ မူ ၅ချက်အရ အာဆီယံအထူးကိုယ်စားလှယ် ယူစွပ်ရဲ့တောင်းဆိုမူ့ကြောင့် ခေါင်းကို မြွေကိုက်သလို ခံစားသွားရပါပြီ။ တနည်းပြောရရင် တီကောင်ကို မြိုမိတဲ့အကျိုးကြောင့် တီကောင်ကို ချိတ်ထားတဲ့ ငါးမြှားချိတ်က မအလရဲ့အာခေါင်မှာ ချိတ်သွားပါတယ်။
အထူးကိုယ်စားလှယ် တောင်းဆိုတာက
(၁)မအလက ထောင်ချဖို့ တရားရင်ဆိုင်ခိုင်းထားတဲ့ ဒေါ်အောင်ဆန်းစု့ကြည်နဲ့ တွေ့ခွင့်ပေးရမယ်။
(၂)မအလအမိန့်နဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အပြီးဖျက်သိမ်းဖို့ အထိ ရည်ရွယ်ထားတဲ့ NLDပါတီနဲ့ တွေ့ခွင့်ပေးရမယ်။
အဲဒီနှစ်ခု့ တွေ့ခွင့်မရရင် မလာဘူး။ မလာရရင် မအလဖက်က ကတိချိုးဖေါက်တာဖြစ်လို့ အာဆီယံ အစည်းအဝေးကို မအလ တက်ခွင့်မရနိုင်ဘူး။ လိုအပ်ရင် NUGကို တက်ခိုင်းမယ်။ ဒဲ့ပဲတဲ့။ နောက်လိုက်တွေကို ဂျင်းထည့်ဖို့ အာဆီယံအစည်းအဝေးကို အရမ်းတက်ပြချင်နေတဲ့ မအလ ဘာလုပ်ရတော့မလဲ.
အကယ်၍ မအလက တွေ့ခွင့်ပေးလို့ ဒေါ်အောင်ဆန်းစု့ကြည်နဲ့ အထူးကိုယ်စားလှယ်တို့ တွေ့တဲ့အခါ သမ္မတကြီးဦးဝင်းမြင့် တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ အမှန်တရားထက် ပိုပြီးများတဲ့ မအလရဲ့ကလိမ်ကကျစ်အကြောင်းတွေကိုဒေါ်အောင်ဆန်းစု့ကြည်က မြေလှန်ချပြလိုက်ရင် မအလ သေပြီပဲ။ ဒါ့အပြင် NUGကို အစိုးရအဖြစ် ကမ္ဘာက အသိအမှတ်ပြု့ ဆက်ဆံပေးကြပါလို့ ပြောလိုက်ရင် မအလနဲ့အာဏာသိမ်းတစ်ဖွဲ့လုံး သင်းခ်ျိုင်းကုန်း မြန်မြန်ရောက်ပြီ။
ငါးမြှားကို မမြင်ပဲ တီကောင်ကို လောဘတကြီး မြိုချမိတဲ့အကျိုးကြောင့် ငါးမြှားချိတ်က မအလအာခေါင်မှာ ချိတ်သွားလေပြီ။ မြိုချလည်း သေရမယ်။ ကြိုးကနေ ဆွဲထုတ်လည်း ငါးမြှားချိတ်က ပိုစိုက်ဝင်လို့ သေရမယ်။ တနည်းဆိုသော် စားချင်တာစား မစင်က မစင်ပဲမို့ မင်းအောင်လှိုင် စားကိုစားရပါတော့မယ်။
ဒါကြောင့် မအေ-ိုးမင်းအောင်လှိုင်ရေ အမျှ အမျှ အမျှ
ချစ်ကိုကြီး
၁၅.၁၀.၂၁
ရေချမ်း
KKPC
