PPP ဒုဉက္ကဌမိုးယံဇွန်အဖေ အဆိုတော် ခိုင်ဝါယောင်္ကျားအသက်ကြီးပြီးအချိန်မစီး
We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျရုပ်သံ
Stella's Streaming
5လွှာတက်ဖမ်းတာ ကောင်မလေးတစ်ယောက် ပြုတ်ကျအခုတော့ ဆုံးပြီတဲ့ ၂၁ မတ်လ၊ ၂၀၂၁
Edit >> တွန်းချခံရတာလို့ပြောတယ် 😓
မင်္ဂလာတောင်ညွန့် 91လမ်း Source >> 91လမ်း #Video_crd
Khit Thit Media
We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျ
မတ်လ၊၂၁ရက် ရန်ကုန်
မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အားအများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့တိုက်အပေါ်ထပ်ငါးလွှာမှ မိန်းခလေးတဦး ပုန်းအောင်းရင်း ၅လွှာမှပြုတ်ကျသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။
MyanmarLabourNews
တောင်ဥက္ကလာမှာ ဖုန်းဆိုင်ကို ညဘက် ဝင်ဓားပြတိုက်
(၁၉.၀၃.၂၀၂၁) တောင်ဥက္ကလာမှာ ဖုန်းဆိုင်ကို ညဘက် ဝင်ဓားပြတိုက် တန်ဖိုးရှိတာတွေ အကုန်ယူသွား ငြိမ်ခံနေရင် ပိုဆိုးဖို့ပဲ ရှိတော့တယ်
South Oakkalapa: terrorists broke into mobile phones & accessories shop, vandalized & robbed all the smartphones & valuable items last night. Shop owner couldn’t report to anyone as polices & soldiers are the one who committed the crime. #WhatsHappeningInMyanmar #Mar19Coup
Source - https://www.facebook.com/100012340021876/posts/1113378639083460/?d=n
အောင်ပင်လယ်ထဲခွေးတွေဝင်ကိုက်သွား
မကျေနပ်ဘူးဟေ့ ဒီနေ့ ၁နာရီအောင်ပင်လယ်ထဲခွေးတွေဝင်ကိုက်သွားတယ်… ခြောက်ယောက်ထိတယ် ကိုယ့်လမ်းထဲကတယောက်ပေါင်ထိသွားတယ် ခြောက်ယောက်အပစ်ခံလိုက်ရတယ် ဒင်းတို့ကို အမှုန်ခြေပစ်ချင်တယ် သတ္တိရှိရင် သေနပ်ယူမလာနဲ့ One by one ဘဲ လက်နက်နဲ့လာပြီး ဂန်မကျယ်ကြနဲ့ အဲဒါသတ္တိရှိတာမဟုပ်ဘူး #M :Szo(Mdy) 21 /3 /2021
Molotov Cocktail ကိုအလွယ်ကူဆုံးဘယ်လိုလုပ်မလဲ
People Attack Force
🤔🔥 Just 2mins Molotov Test with engine oil and without engine oil #PAF
We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျ
မတ်လ၊၂၁ရက်
ရန်ကုန် မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အား အများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့တိုက်အပေါ်ထပ်ငါးလွှာမှ မိန်းခလေးတဦး ပုန်းအောင်းရင်း ၅လွှာမှပြုတ်ကျသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။
MyanmarLabourNews
ကာချုပ်မင်းအောင်လှိုင်ကိုကိုးကျွန်းကို ဒီနေ့ တကယ်သွားခဲ့လား?
တော်လှန်ရေးတိုင်းရဲ့ သင်္ကေတ
တော်လှန်ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက်
နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်းခြေ ရောက်မြဲပါ။
မြို့ပြကြီးတွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်တွေ၊ထင်ရှားသြဇာကြီးသူတွေနဲ့ အောင်လံစုံတလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါဖောင်းမင့်စုံတွေနဲ့၊ဝန်းရံသူတွေ
အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်းတွေပိတ်ဆို့ ခုခံကာကွယ်ရ၊ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်တွေနဲ့တုန့်ပြန်ရတာတွေဟာလည်းရှိရမြဲပါ။
ကြုံသမျှအခြေအနေအပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်ကြောင်းကမ္ဘာကိုပြရတာပါပဲ။
လှိုင်းလုံးကြီးတွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM
သပိတ်တွေကြောင့် စစ်ကောင်စီဟာ အစိုးရဖြစ်ခွင့်တောင် အိပ်မက်မက်ခွင့်မရှိအောင်
ယန္တယားတွေ ဆွံ့အသွားပါပြီ။
တိုင်းရင်းသားဒေသတွေမှာ EAO အပါအဝင်အဖွဲ့အစည်းပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်းတွေကြောင့် CDM ဝန်ထမ်းတွေ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ စုပေါင်းအင်အားရာကျော်ထောင်ချီခိုလှုံပူးပေါင်းလာကြလို့ နေရာချစီစဥ် ဆောင်ရွက်မှုတွေ လက်မလည်အောင်လုပ်နေရပါပြီ။
နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်ပေးပါ။ Scandinavian တိုင်းပြည်တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊
အမေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့သူရဲဘောကြောင်ရမ်း
ကားမှုတွေအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေတွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အရေးယူဆောင်ရွက်မှုတွေတန်းစီနေပါတယ်။
သပိတ်အပါအဝင် အင်အားပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုကရေစီပါ။နိုင်ငံရေးအနှစ်သာရ
အပြည့်နဲ့သဘောတူမှုအပြည့်နဲ့ပါ။
ဒီမိုကရေစီနဲ့ဖက်ဒရယ်ဟာ ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ကျောချင်းကပ်ခွာမရတော့အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်ထောင်စုသွေးချင်းတွေရဲ့ ညီညွတ်မှုအား ပြယုဂ်ကောင်းပါ။
တိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေကို
ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထုလူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာရေးဆိုင်ရာခေါင်းဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံတွေပေါင်းစုထားတာပါ။အဖွဲ့ပေါင်းစုံ ရာချီပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုကရေစီအတွက် အပြည့်ပူးပေါင်းနေပါပြီ။
ဒါ ဥပမာ တခုပဲ ရှိပါသေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစုတွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့တော်လှန်နေပါပြီ။
CRPH နဲ့ ပြည်သူအစိုးရအနေနဲ့လည်း ထိုအဖွဲ့ပေါင်းစုံနဲ့ တိုင်ပင်ပြီး သဘောတူအခြေခံကောင်းတွေရထားပြီဆိုတာကျနော်တင်ပြခဲ့ပြီးသားပါ။
ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုးတောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦးဆောင်လှုံ့ဆော်နေပါပြီ။
အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုးဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မနေ အဖြေရှာကြရမယ်လို့ အချက်ပေးနေပါပြီ။ နေ့ချင်းညချင်းဆက်သွယ် စည်းဝေးဖို့ ပြင်နေပါပြီ။
ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့
အစိုးရဖက်က အမြင့်ဆုံးအသာစီးရနေမှုတွေရှာဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့နွေဦးအရေးတော်ပုံဟာ
ပင်လုံးကျွတ်ပုရစ်ဖူးတွေ ဝေသစ်နေတာ သေချာတွေ့ရမှာပါ။
ကုလသမဂ္ဂမှာလည်းလမ်းကြောင်းများစွာကျန်ပါသေးတယ်။ဖြစ်နိုင်ချေ၊စွမ်းနိုင်ချေ အပြည့်နဲ့ပါ။
ကုလရဲ့ UNSC လုံခြုံရေးကောင်စီမှာ မြန်မာအရေးအတွက် သဘောတူကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့အောင်မြင်မှုတွေပါ။တဆင့်ခြင်းတက်ရတာတွေရှိပါတယ်။ကုလလူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံစသဖြင့်
အခွင့်အလမ်းကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။
ပြည်တွင်းမှာ အပစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကိုစော်ကားကျုးလွန်မှုတွေ(လမ်းပေါ်ကအနိုင်ကျင့်မှုတွေ) ကိုမှတ်တမ်းတင်ပေးပို့ထားတဲ့ ပြည်သူတွေရဲ့တာဝန်ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်တော့အောင် ရင်တွေကို ထိမှန်ခဲ့ပါတယ်။
အရေးယူဆောင်ရွက်မှုတွေ သွက်လက်ထိရောက်ဆက်တိုက်လာမှာပါ။ပြည်သူတွေအနေနဲ့"အောင်စိတ်"နဲ့သာ ယုံနေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်းတွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲသွေးခွဲစကားအပြု
အမူတွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်နေဖို့ပါပဲ။
CDM သမားတွေအတွက် သတင်းကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံတော် အစိုးရ
ယန္တယားမှာ ပြည်သူ့သစ္စာဖောက်များနဲ့ ဗျူရိုကရက်များအတွက်နေရာမရှိစေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်ကြောင်း မကြာခင် ကိုယ်ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။
မဝေးတော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်နေရာရှိတော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မတော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသားတွေကို စောင့်ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာပြောပါရစေ။
လူငယ်မျိုးဆက်သစ်တွေ အတွက်ဖက်ဒရယ်တပ်မတော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာအောင်ပြင်ဆင်လေ့ကျင့်နေပါပြီ။
အရေးတော်ပုံအောင်ရမည်။
#မင်းကိုနိုင်
၂၀.၃.၂၀၂၁









