ဖမ်းဆီးခံလိုက်ရသော အမျိုးသား ခေါင်းကွဲဒဏ်ရာဖြင့် ပျောက်ဆုံး
လွိုင်ကော်တွင် ပြည်သူ ၁ ဦး၊ အောင်ပန်းတွင် ပြည်သူ ၈ ဦး စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် ယနေ့ကျဆုံး
ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့
မတ်လ ၁၄ ရက်နေ့ စစ်ကောင်စီတပ်များကျူးလွန်သော လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (ဗီဒီယို)
စစ်ကောင်စီတပ်က ပြည်သူအပေါ်ကျူးလွန် ဖက်ဆစ်ဆန်သော ရာဇဝတ်မှု (ဗီဒီယို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ်
(၃/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်)
-----------------------------
မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း ===================== ၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ကပ်ဘေးကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အထိုက်အလျောက် ပြေလျော့သက်သာစေရန်အတွက် မြစိမ်းရောင်ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ အနိမ့်ဆုံးအတိုးနှုန်းဖြစ်သည့် ၀.၅% သာ ကောက်ခံရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၃။ ယခုအခါ COVID-19 ကပ်ဘေးအပြင် အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ကျေးလက်နေ ပြည်သူလူထုအပေါ် လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများ ဆိုးရွားစွာသက်ရောက်လျက် ရှိနေခြင်းကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ အမျိုးအစားအားလုံးနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း များမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၂၀၂၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ အတိုးမဲ့ ရွေ့ဆိုင်းလိုက်သည်။ ၄။ ရွေ့ဆိုင်းကာလအတွင်း အရင်း/အတိုး ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့်အပြင် ရက်လွန်ဒဏ်ကြေး ပေးဆောင်ရခြင်းအား တစ်ပါတည်း ကင်းလွတ်ခွင့် ပြုလိုက်သည်။
စစ်ကောင်စီကို အမေရိကန်အပါအဝင် ၁၁ နိုင်ငံက ထပ်မံသတိပေး
တောင်ဒဂုံမှာ တစ်ဦးသေဆုံးပြီး ၁ ဦး လည်ပင်းကျည်ထိဒဏ်ရာရ
ဒေါ်လာ ၁ ဘီလီယံခွဲကျော်တန်ဖိုးရှိ ရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ကြေညာ
မစိုးရိမ်ကျောင်းတိုက်မှာဝင်ရောက်ပြီး အော်ဟစ်ဆဲဆို
ဖမ်းမိတဲ့သူကိုလေးဖက်ထောက်ပြီးသွားခိုင်း၏
ေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့
အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ














