နောက်ဆုံးရ
ညကသာကေတဒေါပုံမှာတယောက်ကျ( ဗီဒီယို)

ညကသာကေတဒေါပုံမှာတယောက်ကျ( ဗီဒီယို)

ဒေါပုံတွင် စစ်တပ်နှင့်ရဲက ရပ်ကွက်အတွင်း ဝင်ရောက်၍ ပြည်သူတစ်ဦးကို ပစ်သတ်ပြီး အလောင်းကို ဒရွတ်တိုက်ဆွဲသွား ရန်ကုန်၊ မတ် ၁၅ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်တွင် ယနေ့ ည ၁၀ နာရီခွဲခန့်က စစ်တပ်နှင့်ရဲက ရပ်ကွက်အတွင်း ဝင်ရောက်၍ ပြည်သူတစ်ဦးကို ပစ်သတ်လိုက်ပြီး ကျဆုံးသွားသူ၏ အလောင်းကို အဝတ်အစားများချွတ်၍ ဒရွတ်တိုက်ဆွဲသွားကြောင်း၊ ရပ်ကွက်ပြည်သူများက အလောင်းပြန်တောင်းသော်လည်း မပေးဘဲ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဆက်ဖတ်ရန် →
 နောက်မျိုးဆက်တွေရှင်သန်ချိန်မှာ အာဏာရှင်မျိုးစေ့တစေ့မှ ပါမလာနိုင်တော့ဘူး

နောက်မျိုးဆက်တွေရှင်သန်ချိန်မှာ အာဏာရှင်မျိုးစေ့တစေ့မှ ပါမလာနိုင်တော့ဘူး

တရုတ်လို ကမ္ဘာ့ ဒုတိယအင်အားကြီးနိုင်ငံတနိုင်ငံကို စစ်ရေးအရ ဝိုင်းဆော်ဘို့ဆိုတာ နေ့ချင်းညချင်းဖြစ်လာနိုင်စရာ မရှိဘူးဆိုတာ ပထမဆုံး သဘောပေါက်ထားကြစေချင်တယ်။ တရုတ်ရဲ့ စစ်ရေး အင်အား ဓနအင်အား ကြီးမားမှုဟာ ပတ်ဝန်းကျင်နိုင်ငံငယ်လေးတွေ(ဥပမာ-မြန်မာ၊ကဗ္ဘောဒီးယား၊လာအို)ကို တိုက်ရိုက်အန္တရယ်ရှိတဲ့အပြင် ဒေသတွင်း အာရှ၊အရှေ့တောင်အာရှနိုင်ငံတွေအတွက်ပါ အန္တရယ်ရှိတယ်ဆိုတာ တကမ္ဘာလုံးကသဘောပေါက်ပြီးသားပါ။ ဒါကြောင့် တရုတ်ကို နှိပ်ကွပ်မှ ဦးချိုးမှရမယ်ဆိုတာနားလည်ကြလို့ QUAD လို မဟာမိတ်အဖွဲ့တွေအပြင် EU နိုင်ငံတွေကလည်း အကွက်ကိုချောင်းနေကြတာပါ။ အခု အမေရိကန်နဲ့ဂျပန်လို နိုင်ငံကြီးတွေရဲ့ဆွေးနွေးမှုတွေ စိတ်သထက်စိတ်စိတ်လာတာဟာ...တရုတ်ကို နှိပ်ကွပ်တဲ့အခါ စစ်ရေး စီးပွားရေးအသာစီးရဘို့ အပူတပြင်းဆွေးနွေးချက်တွေ အတွက်ဆိုတာသေချာပါတယ်။ တရုတ်ကို နှိပ်ကွပ်စရာ အကြောင်းပြချက်ကောင်းကောင်းကလည်း ရှိနေပြီလေ။ အဲ့တာကတော့ မြန်မာပြည်မှာ ယခုလတ်တလောဖြစ်နေတဲ့ မအေလိုး မင်းအောင်လှိုင်ကို နောက်ကွယ်က မြှောက်ပေးပြီး မြန်မာပြည်ကိုအလုံးစုံဖျက်ဆီးနေတဲ့ တရုတ်ရဲ့ လုပ်ရပ်ပါပဲ။ တရုတ်ဟာ အာဏာရူးမအေလိုးရဲ့ နေ့စဉ်သတ်ဖြတ်နေမှုတွေကို နှုတ်ပိတ်နေခဲ့သလောက်၊UN မှာလည်း မြန်မာ့အရေးဟာပြည်တွင်းရေးသက်သက်သာလို့ ဝင်ဟန့်ခဲ့သလောက်....မနေ့က လှိုင်သာယာမှာ တရုတ်စက်ရုံတွေမီးရှို့ခံရတဲ့အခါ ကျတော့မှ စောက်သံက အကျယ်ကြီးထွက်လာခဲ့ပါတယ်။ ​အသားလွတ်အပစ်ခံရလို့သေနေရတဲ့ လူတွေကိုတော့ စာနာထောက်ထားကြောင်းတလုံးတပါဒမှမပြောပဲ တရုတ်စက်ရုံတွေကိုဖျက်ဆီးမီးရှို့တဲ့သူတွေကို အရေးယူဘို့သာပြောခဲ့ပါတယ်။ ဒါကြောင့် ဒီ အယုတ်တမာ လောဘသားသာကောကြီးဟာ မအေလိုးကို အာဏာသိမ်းဘို့မြှောက်ပေးခဲ့ပြီး မြန်မာနိုင်ငံကို အပြီးသိမ်းပိုက်ဘို့ အကြံယုတ်ကိုသာ ရှိခဲ့တယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှား ခဲ့ပါပြီ။ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိုသာဖျက်ဆီးခဲ့မယ်ဆိုရင် တော့ မြန်မာပြည်ထဲကိုတရုတ်တပ်ပါဝင်လာမယ့် အကြောင်းရှိပါတယ်။ အဲ့လို တရုတ်တပ်ဝင်လာပြီဆိုရင်တော့ US နဲ့ Alliances တွေက ငြိမ်နေတော့မှာ မဟုတ်ပါဘူး။ သေချာပေါက် အကြောင်းရှာပြီး စစ်ရေးအရ တရုတ်ကို ရှေ့နောက် ညှပ်တိုက်တော့မှာပါ။ တောင်တရုတ်ပင်လယ်ဘက်ကလည်း ထိုင်ဝမ်ကိုခြေကုတ်ယူပြီး ထိုင်ဝမ်ရဲ့ တဖက်ကမ်း တရုတ်ပြည်က ရှားမင့် နဲ့ မိုင်၆၀သာ ဝေးတဲ့ ထိုင်ဝမ်ရေလက်ကြား တလျှောက် စစ်ဆင်ရေးတွေ..... အိန္ဒိယ သမုဒ္ဒရာ နဲ့ ဘင်္ဂလားပင်လယ်အော်ထဲကနေ ကျောက်ဖြူရေနက်ဆိပ် ကို သမမယ့် စစ်ဆင်ရေးတွေ.....နဲ့အတူ ..... တရုတ် လီးစုတ် မအေလိုးရဲ့ ခွေးတပ်တွေရှိရာ .... ရန်ကုန် မန်းလေး နေပြည်တော် ကပစ်မှတ်တွေ ...ပုသိမ် မိထ္ထီလာ လေတပ်စခန်းတွေ.... သံလျှင် ဇာဒက်ကြီးနဲ့ ကိုကိုကျွန်းက ရေတပ်စခန်း စတဲ့ပစ်မှတ်တွေကလည်း စုတ်ပြတ်သတ်သွားအောင် သမခံရတော့မှာ အသေအချာပါပဲ။ ဒါ့အပြင် KIA SSA KNU လိုတပ်ဖွဲ့တွေကိုလည်း ခေတ်မှီလက်နက်တွေ ယာဉ်ယန္တရားတွေ သေချာပေါက်ထောက်ပံ့ပေးတော့မှာပါ။ တရုတ် အနေနဲ့ သေလောက်အောင် ခြိမ်းခြောက်နေပါစေ။ မြန်မာပြည်ကို မအေလိုးမင်းအောင်လှိုင်ဆိုတဲ့ တရုတ်ခွေးကိုသာ ရှူးတိုက်ပြီးအသုံးချပြီးကိုက်ခိုင်းလို့ ရချင်ရမယ်။ ကိုယ်တိုင် ဝင်လာလို့ ကတော့ ....ဒီ ကမ္ဘာမြေပေါ်မှာ တရုတ်ဗိုင်းယပ် ကိုဗစ်ကိုဖြန့် ကမ္ဘာ့နိုင်ငံတွေ အားနည်းအောင် လုပ်ပြီး အခုလို အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေပေါ် အနိုင်ကျင့်နေတာတွေကို လက်စားချေ ဝိုင်းသမချင်နေတဲ့ ကမ္ဘာသူကမ္ဘာသားတွေ ချောင်းနေတဲ့အကွက်ထဲ သေချာပေါက် ဝင်ပြီဆိုတာပါပဲ။ မြန်မာပြည်ဟာ တရုတ်လောဘသားတွေ အတွက် ပေါက်ကွဲစေမယ့် စနက်တံတချောင်းပဲ ဆိုတာ အင်မတန်သေချာနေပါပြီ။ အကြောင်းပြချက်ကောင်းကြီးတခုဆိုတာ အသေအချာပါဗျ။ တခုပဲ တခါက အမေဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ စကား....ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အားပြိုင်မှုကြောင့် မြန်မာပြည်ဟာ စစ်တလင်းဖြစ်သွားမှာမျိုး ကျွန်မမလိုလားပါဘူး....ဆိုတဲ့ ကြိုတင်ပြောခဲ့တဲ့ စကားကိုတော့ ကျွန်တော်တို့ ရှောင်လွှဲလို့မရနိုင်တော့ပါဘူး။ တခုပဲ....စစ်တလင်းပြာပုံဆိုတဲ့ မြေဩဇာဟာ နောက်မျိုးဆက်တွေရှင်သန်ချိန်မှာ အာဏာရှင်မျိုးစေ့တစေ့မှ ပါမလာနိုင်တော့ဘူးဆိုတဲ့ အကျိုးရလာဒ်ကိုရမယ်ဆိုရင်တော့ စစ်တလင်းဖြစ်ရတာ ရင်းရကျိုးနပ်မယ်ထင်ပါတယ် အမေ။ (ကိုကို စန်းမောင်)
ဆက်ဖတ်ရန် →

Password ဖြုတ်ထားပေးကြပါရန်


အကြမ်းဖက်စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကို Mobile Data တွေ ပိတ်လိုက်ပါပြီ။ ဘာကြောင့်ပိတ်တာလဲဆိုတော့ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို Live လွှင့်ပြီး မှတ်တမ်းတင်ခံရမှာ ကြောက်လို့ပါပဲ။ ဒါ့အပြင် အများစုဟာ Mobile Data ပဲ သုံးနိုင်တာမို့ အင်တာနက်ပေါ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ တက်လာမယ့်ပမာဏကို လျှော့ချချင်တာလည်း ပါပါတယ်။

နွေဦးတော်လှန်ရေးကို ‌အားပေးထောက်ခံနေတဲ့ ပြည်သူများခင်ဗျား။ 

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာသိအောင် ချက်ချင်းမှတ်တမ်းတင်၊ ချက်ချင်းလွှင့်နိုင်ဖို့ကို အားပေးကူညီတဲ့အနေနဲ့ မိမိတို့အိမ်၊ မိမိတို့ဆိုင်မှာရှိတဲ့ ဝိုင်ဖိုင်အင်တာနက်လိုင်းများကို တော်လှန်ရေးပြည်သူများ လွယ်ကူစွာသုံးနိုင်ရေးအတွက် Password ဖြုတ်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Crd


ဆက်ဖတ်ရန် →
လော်ဘီကုမ္ဗဏီမှ (၂) ဦး မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်

လော်ဘီကုမ္ဗဏီမှ (၂) ဦး မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်

မြန်မာစစ်ကောင်စီက နိုင်ငံတကာအသိုင်းအဝန်း၏ ထောက်ခံမှုရရန် ငှားရမ်းထားသည့် Dickens & Madson Canada လော်ဘီကုမ္ဗဏီမှ ပုဂ္ဂိုလ် (၂) ဦး မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည် ကနေဒါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် Dickens & Madson Canada လော်ဘီကုမ္ဗဏီမှ Dr. Ari Ben-Menashe နှင့် Ms. Dimitra Papageorkopoulos တို့နှစ်ဦးသည်၊ Myanmar Airways International - MAI (လေယာဉ်အမှတ် 8M-802) ဖြင့် မနက်ဖြန် မတ်လ ၁၆ ရက်နေ့ ည ၈ နာရီတွင်၊ ရန်ကုန်မြို့သို့ ဆိုက်ရောက်မည်ဟု သိရသည်။ ထိုလေယာဉ်သည်၊ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ Incheon လေဆိပ်မှ ထွက်ခွာလာမည် ဖြစ်သည်။ မြန်မာပြည်တွင် ရှိစဉ်အတွင်း မည်သူတို့နှင့်တွေ့မည် ဆိုသည်ကို မသိရှိရသော်လည်း၊ ကနေဒါလော်ဘီ ၂ ဦးသည်၊ စစ်အာဏာသိမ်းအုပ်စုမှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တွေ့ဆုံမည်ဟု ယုံကြည်ရသည်။ Dr. Ari Ben-Menashe ၏ Passport No. မှာ AK690403 ဖြစ်ပြီး၊ Ms. Dimitra Papageorkopoulos ၏ Passport No. မှာ AK680278 ဖြစ်သည်ဟု သိရသည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အခြားသော နိုင်ငံများကို အခြေအနေမှန်အား ရှင်းပြနိုင်ရန်အတွက် အစ္စရေး-ကနေဒါ လော်ဘီ အား မြန်မာအာဏာသိမ်းအုပ်စုက အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းခဲ့သည်ဟု အမေရိကန် တရားရေးဝန်ကြီးဌာနသို့ တင်သွင်းသည့် မှတ်တမ်းများက ဖော်ပြကြောင်း Reuters သတင်းဌာနအရ သိရသည်။ Dr. Ari Ben-Menashe နှင့် ၎င်း၏ Dickens & Madson Canada လော်ဘီကုမ္ပဏီက အမေရိကန်တွင် မြန်မာစစ်အာဏာသိမ်းအစိုးရအတွက် ကိုယ်စားပြုလိုက်လံ စည်းရုံးမည် ဖြစ်သကဲ့သို့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အစ္စရေးနှင့် ရုရှအပြင် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း မြန်မာစစ်တပ်အတွက် လော်ဘီအကျိုးဆောင်ပေးမည် ဖြစ်ကြောင်း အတိုင်ပင်လုပ်ငန်းသဘောတူညီချက်တစ်ရပ်အရ သိရသည်။ Mizzima - News in Burmese
ဆက်ဖတ်ရန် →
အတော်ဝေးဝေးကို ပစ်လို့ရတဲ့ Slingshot

အတော်ဝေးဝေးကို ပစ်လို့ရတဲ့ Slingshot


ယူကရိန်းတော်လှန်ရေး အောင်မြင်ခဲ့ရခြင်းအကြောင်းများစွာထဲက အတော်ဝေးဝေးကို ပစ်လို့ရတဲ့ ဒီ Slingshot တွေလည်းတခုအပါအဝင်ပဲ။ သပိတ်ခံတပ်ကို ရဲတွေ တညလုံး လေးဘက်လေးတန်က ဝိုင်းပြီး ဖြိုဖို့ကြိုးစားတာတောင် ဒီလို လေးခွ အကြီးကြီးတွေ နဲ့ အထဲက ပြန်ဝုန်းလို့ အနားတောင်ကပ်လို့မရခဲ့ပါဘူး။သေနတ်ကျည်ဟာ မီးထိရင် ယမ်းပါတဲ့ အတွက် အလိုလို ထပေါက်ပြီး ရဲတွေ အသေကြောက်ပါတယ်။ သေနတ်နဲ့ ချိန်ထားတဲ့ မြင်ကွင်း အရှင်းကြီးကို ဓားနဲ့တက်ခုတ်တာထက် ဒီလို အဝေးပစ်လက်နက်ကြီး သုံး၊လေးခုနဲ့ ဝိုင်းထုယုံနဲ့တင် တပ်ကို တည်မရအောင်ပျက်စေပါတယ်။ မနက်က သက်န်းကျွန်း ဗီဒီယိုမှာ ကြည့်လိုက်ရတာက လက်ချည်းသက်သက် ပစ်လိုက်တဲ့ ပုလင်းတွေ အဝေးကို ထင်သလောက်မရောက်ပဲ အချို့ဆိုအပေါ်က ဓာတ်ကြိုးတွေနဲ့ တိုက်ပြီး ကိုယ့်အပေါ်တောင် ပြန်ကျပြီး အန္တရယ် များပါတယ်။ အနားကို အကပ်မခံပါနဲ့။ရိုးရှင်းပြီး ရရာ ပစ္စည်းတွေနဲ့တောင် အလွယ်တကူသုံးနိုင်ပါတယ်။
ဆက်ဖတ်ရန် →
POSCO မြန်မာဝန်ထမ်း​တွေ အားလုံး CDM

POSCO မြန်မာဝန်ထမ်း​တွေ အားလုံး CDM

တရုတ်နိုင်ငံကို ဓါတ်​ငွေ့​တင်ပို့ရန် ​ရွှေသဘာဝကမ်းလွန်လုပ်ကွက်က POSCO မြန်မာဝန်ထမ်း​တွေ အားလုံး CDMတဲ့။ မြန်မာ့ကမ်းလွန်​ရေနဲ့ သဘာဝဓါတ်​ငွေ့စီမံကိန်း ​လေးခုက တစ်ခုက​တော့ ပြည်သူနဲ့အတူရပ်တည်ပါပြီ။ အ​ရေး​တော်ပုံ ​အောင်ရမည်။ CRD
ဆက်ဖတ်ရန် →
တာမွေမှာကျဆုံးသွားတဲ့ဆေးကျောင်းသားရဲ့အမေ ဆရာဇော်ဝေစိုးသား

တာမွေမှာကျဆုံးသွားတဲ့ဆေးကျောင်းသားရဲ့အမေ ဆရာဇော်ဝေစိုးသား

သူ့ခမျာဘယ်လောက်တောင်ခံစားရမလဲ ကိုယ်ချင်းစာတယ် တရုတ်မို့ မမုန်းလိုက်ပါနဲ့တဲ့ 😭😭😭 ဘယ်သူပဲသေသေ ငါတို့ရင်ထဲထိနာတယ် အားလုံးလဲ သူတို့အသက်ပေးရတာနဲ့တန်အောင် တိုက်ပွဲ ဆက်ဝင်ကြမယ် 💪🏼💪🏼 "သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူ​တွေကို အလကားကု​ပေးမှာတဲ့" ဒီ​လောက် စိတ်ထား​ကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ💔 "အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သား​လေးက ခုမရှိ​တော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့" 😔 "အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာ​​နေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ​ကျောင်း​တောင် ​​ကောင်း​ကောင်းမတက်ခဲ့ရဘူး၊ ​ပြေးရပုန်းရနဲ့ ​နေလာရတာသားရယ်၊ အဲ့​တော့ အန်တီက အန်တီ့သား​လေးကို ပညာတတ်​စေချင်တယ်၊ အန်တီ မစားရ​နေပါ​စေ သား​လေးကို အ​ကောင်းဆုံး​တွေပဲ ​ပေးခဲ့တာ၊ ပိုး​​မွေးသလို ​မွေးခဲ့တာ၊ ခု​တော့ အန်တီ့သား ပညာတတ်​လေး မရှိ​တော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရ​တော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ​ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်"💔 "အန်တီ့ သား​လေးက အရမ်းစိတ်ထား​ကောင်းတာ၊ လူကြီး​​တွေ​ရော ဆရာဆရာမ​တွေ​ရောက သိပ်ချစ်တာ၊ စာလည်း အရမ်း​တော်တာ၊ အန်တီ့သား​ကြောင့်​လေ တစ်ခါမှ မျက်နှာမငယ်ခဲ့ရဘူး သိလား၊ ခု​တော့ အသက်​ပေးလိုက်ရပြီသားရယ်၊ အန်တီ့သား​လေးကို အသက်ပြန်ရှင်ခွင့်​ပေးပါ၊ အန်တီရင်ဘက်ကို ​ကော့​​ပေးထားပါတယ်၊ အချက် ၁၀၀ ပစ်ရင်လည်း အန်တီခံပါ့မယ်သားရယ်" 😓 အန်တီက သူ့လက်က​လေး​တွေ ကြည့်ပြီး ငိုရင်း "ဒီလက်က​​လေး​တွေနဲ့​လေ အန်တီ့သား​လေးကို ဟင်းချက်​ကျွေးခဲ့တာ၊ သူကြိုက်တဲ့ဟင်း​တွေ အကုန်ချက်​ကျွေးခဲ့တာ၊ ခုအန်တီချက်​ကျွေးချင်ရင်​တောင် ​ကျွေးလို့မရ​တော့ဘူးသားရယ်" 😔 "အန်တီ့သား​လေး ကိုရင် ၁လ ဝတ်တုန်းကဆို​လေ မျက်နှာ​လေးမြင်ချင်လွန်းလို့ ဘုန်းကြီး​ကျောင်းမှာ တစ်​နေကုန် ပန်းကန်​ဆေးပြီး ​စောင့်ခဲ့တာ သားရဲ့၊ အန်တီ့သားက​လေ သိပ်​တော်တယ် သိလား၊ ကိုရင်ဝတ်​တော့ စာ​​မေးပွဲစစ်တာ အ​ယောက် ၄၀၀​ကျော်မှာ အဆင့် ၄ ချိတ်တာသားရဲ့၊ အန်တီအရမ်းဂုဏ်ယူရတဲ့သား​လေးပါ သားရယ်"😔 အန်တီက သူ့​ခြေ​ထောက်​လေး​တွေကို ကြည့်ရင်း " ဒီ​ခြေ​ထောက်​လေး​တွေနဲ့ အန်တီ့သား​လေးကို ​ကျောင်းပို့၊ ကျူရှင်ပို့လုပ်ခဲ့တာ၊ အန်တီ့သား​လေးနဲ့အတူ ​လျှောက်သွားခဲ့တာ၊ ခု​ သား​လေးမရှိ​​တော့ ဒီ​ခြေ​ထောက်​တွေနဲ့ ဘယ်လိုရပ်တည်ရမလဲသားရယ်" 😓 Dead bodyထုတ်ဖို့သွားရင်းနဲ့ လမ်းမှာ ညီ​လေး ခန့်ငြားဟိန်း ကျသွားတဲ့​နေရာနားလည်း​ရောက်​ရော " သား​ရေ ဟိုမှာ ကြည့်ပါဦး၊ နှင်းဆီပန်း​​လေး ချထားတဲ့​နေရာ​တွေ့လား၊ အဲ့မှာ အန်တီ့သား​လေးကို ပစ်သတ်သွားတာ သားရဲ့၊ ပြီး​တော့ တရွတ်တိုက်ဆွဲသွားတာ၊ အန်တီ ရင်ကွဲမတတ်ကို ခံစားရတယ် သားရယ်" 💔 "အန်တီတို့က တရုတ်စစ်စစ်ပါ သားရယ်၊ မြန်မာပြည်မှာ ​မွေးတဲ့ တရုတ်စစ်စစ်ပါ၊ အန်တီမှာချင်တာက​လေ မြန်မာပြည်က တရုတ်​တွေကို မမုန်းလိုက်ပါနဲ့၊ မြန်မာနိုင်ငံမှာ​မွေးပြီး မြန်မာစိတ်ဓါတ်ပဲရှိတာပါ၊ အန်တီတို့ စိတ်ဓါတ်က ပြည်မကြီးကတရုတ်​တွေနဲ့ ယှဥ်ရင် အကွာကြီးပါ၊ အန်တီဆို သူတို့ရဲ့မ​တော်​လောဘ​ကြောင့် အန်တီ့သား​လေးကို ဆုံးရှုံးလိုက်ရပြီ၊ တကယ် ကမ္ဘာမ​ကြေဘူး"😔 "အန်တီ့သား​လေးကို အမြဲအမှတ်ရ​နေ​ပေးပါ​နော်၊ သား​လေးအတွက် အမှတ်တရ​ဖြစ်​စေမယ့်​နေရာ​လေး​တွေလည်း လုပ်​ပေးပါ​နော်၊ အန်တီ့သား​လေးကိုလွမ်းတိုင်း အဲ့​နေရာ​လေး​တွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်​လောင်း​လေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်" 😞 ကျွန်​​တော်တို့ ကူ​ငွေ​လေး​ပေးဖို့ကို အန်တီက လက်မခံဘဲ " အန်တီတို့ထက် တကယ်ပိုပြီးလိုအပ်​နေတဲ့သူ​တွေ အများကြီး ရှိပါတယ်၊ သူတို့ကိုပဲ လှူ​ပေးပါ​​နော်၊ အန်တီ့သား​လေးကို ရည်စူးပြီး​တော့ လှူ​ပေးပါ​နော်"😔 ဒီစကားတစ်ခွန်းချင်းဆီတိုင်းက ရင်ဘတ်ကို ​ဖောက်ထွက်မတတ် ခံစားရတယ်၊ သား​လေးတစ်​ယောက် ဆုံးရှုံးသွားတဲ့ မိခင်တစ်​ယောက်ရဲ့ ပူ​ဆွေးငို​ကြွေးသံ​တွေကြား တကယ် ဝမ်းနည်းရတယ်၊ ဘာမှ မလုပ်​ပေးနိုင်လို့လည်း အားနာရပါတယ်၊ ဒီမိုက​ရေစီတိုက်ပွဲအတွက် အသက်​ပေးလိုက်ရတဲ့ အန်တီ့သားကို အမြဲမှတ်မိ​​နေပါ့မယ်။ ​သေမင်းက လူ​ကောင်း သိပ်ကြိုက်တယ်ဗျာ၊ တကယ် စိတ်ထား​ကောင်းတဲ့သူကိုမှ ​ခေါ်သွားရက်တယ်။(​ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်​မောင်ခန့်ငြားဟိန်းကို အ​လေးပြုလျက်) Rest in power, our hero🥀🕊 14.3.2021💔
ဆက်ဖတ်ရန် →
မန်းလေး ၅၆လမ်းမှာ နေတဲ့ သီဟကျော်(ခ)ကျော်ကြီးဆုံးသွားပြီ

မန်းလေး ၅၆လမ်းမှာ နေတဲ့ သီဟကျော်(ခ)ကျော်ကြီးဆုံးသွားပြီ

မန်းလေး ၅၆လမ်းမှာ နေတဲ့ သီဟကျော်(ခ)ကျော်ကြီးဆုံးသွားပြီ မိန်းမကလဲအမှိုက်ကောက်ရှာစားနေရတာ လသားအရွယ်ကလေးနဲ့သုံးနှစ်အရွယ်သမီးလေးလဲကျန်သေးတာမို့ နိုင်သလောက်လေးဝိုင်းဝန်းကူညီပေကြပါအုန်းဗျာ အာဇာနည် တစ်ယောက်အနေဖြင့်လည်းမှတ်တမ်းတင်အပ်ပါတယ် 😔😔😔😔
ဆက်ဖတ်ရန် →

ာက်တလဆိုလျှင်၂၀၂၁ အသုံးစာရိတ်လို အပ်မည်ဖြစ်သည်။

၂၀၂၀ မေလတွင် ကာကွယ်ရေး ဝန်ကြီးဌာနက မူလဘတ်ဂျက် ကျပ် ၃၃၈၅.၈၂ ဘီလီယံ တောင်းခံထားရာ အသုံးစရိတ် ကျပ်သန်း ၁ သိန်း ၈ သောင်းကျော် ခွင့်ပြုခဲ့သည်။ဒေါ်လာဖြင့်သန်း၁၂၉ခန့်စစ်အသုံး ရှိခဲ့ပြီးနောက်တလဆိုလျှင်၂၀၂၁ အသုံးစာရိတ်လို အပ်မည်ဖြစ်သည်။ ကနဉီးသတင်းအရဗဟိုဘဏ်တွင် ဒေါ်လာ ၆သန်း ခန့်သာရှိသည်။
ဆက်ဖတ်ရန် →
မတ်လ ၁၃ရက်နှင့် ၁၄ရက် နှစ်ရက်တာအတွင်း သေဆုံးသူများ

မတ်လ ၁၃ရက်နှင့် ၁၄ရက် နှစ်ရက်တာအတွင်း သေဆုံးသူများ

" မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " * မတ်လ ၁၃ရက်နှင့် ၁၄ရက် နှစ်ရက်တာအတွင်း သေဆုံးသူများထဲမှ နာမည်နှင့်တကွ လက်ရှိအချိန်ထိ အတည်ပြုနိုင်သေးသာ အမည်စာရင်းဖြစ်ပါသည်။ * အချက်အလက်မရှိ၊ အတည်မပြုနိုင်သေးသော သေဆုံးသူများ ရှိနေနိုင်ပါသဖြင့် စာရင်းမှာ မပါသေးသောသူများရဲ့ အမည် အချက်အလက်များကို အထောက်အထားနှင့်တကွ ကွန်မန့်မှတ်ချက် ရေးပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။ #dvbtvnews #deadlist #Data #WhatIsHappeningInMyanmar
ဆက်ဖတ်ရန် →