နောက်ဆုံးရ
စစ်တပ်ကလှိုင်သာယာစက်ရုံတွေကို မီးရှို့

စစ်တပ်ကလှိုင်သာယာစက်ရုံတွေကို မီးရှို့

ရန်ကုန် လှိုင်သာယာစက်ရုံတွေကို မီးရှို့တာ စစ်တပ်ကဖြစ်ကြောင်း ကိုယ်တိုင်ကျည်ဆံထိမှန်ခံရသူ မီးရှို့ခံစက်ရုံမှ တရုပ်လူမျိုး တစ်ဦပြောကြား။ Source. Factory Manager. .
ဆက်ဖတ်ရန် →
 ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်

ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်

ကြေညာချက် အမှတ် ( ၁၃/၂၀၂၁ ) မတ်လ (၁၄)ရက်၊ ၂၀၂၁ခုနှစ်။ အကြမ်းဖက်မှုကျူးလွန်ခံရလျှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်ခြင်း။ ================ အကြမ်းဖက်အုပ်စုဖြစ်သည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ၏ လက်ပါးစေ အဖျက်အမှောင့်ပြုသူများကို အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူများ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (ဃငလငူ Dငျသဘနိငနညခန ဩလနာနညအ) တွင် ပါဝင်ဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်း ဖက်သတ်ဖြတ်မှုများ၊ နေအိမ်များအတွင်း အဓမ္မဝင်ရောက် လုယက်ဖျက်စီးမှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။ သို့ဖြစ်၍ ပြည်သူတို့၏ မွေးရာပါ လူသားအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တို့ကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များကို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် ပေးအပ်ရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ ၁။ ယနေ့ နိုင်ငံတော် ကို ကိုယ်စားပြုသူများမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခေတ္တ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းတို့ ဦးဆောင်သော ပြည်သူ့အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့ ဖြစ်သည်။ ၂။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက်အုပ်စု အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတ်မှတ်ကြေညာပြီး ဖြစ်သည်။ ၃။ ပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်နှင့် လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို ထိပါးနှောက်ယှက်ခြင်း၊ အကြမ်းဖက် ခြင်းပြုသော အကြမ်းဖက်အုပ်စု၏သစ္စာခံ လက်နက်ကိုင်အဖွဲ့များ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူဝန်ထမ်းအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်။ ၄။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကဖြစ်စေ၊ ၎င်း၏ အဆင့်ဆင့်တာဝန်ပေးအပ်ချက်အရ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း မဟုတ်တော့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကဖြစ်စေ၊ ၎င်းတို့၏ လက်ပါးစေ သို့မဟုတ် ၎င်းတို့အကျိုး လိုလားသူများ ကဖြစ်စေ ပြည်သူများအား အကြမ်းဖက်မှု တစ်စုံတစ်ရာ ကျူးလွန်လျှင် တည်ဆဲပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်များအရ ပြည်သူများအနေဖြင့် မိမိအတွက် သို့မဟုတ် အခြားသူအတွက် ဥပဒေနှင့် အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိသည်။ ထို့ပြင် မွေးရာပါလူသားအခွင့်အရေးအရ မိမိတို့၏ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရမည်ဖြစ်သည်။ ၅။ ပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့ အလိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူ မဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုန့်ပြန်ဆောင်ရွက်မှု မှန်သမျှသည် ပြစ်မှုမမြောက် ကြောင်း အသိပေးကြေညာ အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ဆက်ဖတ်ရန် →

မြန်မာဟာ ကမ္ဘာအတွက် အရေးပါသော ခေါင်းစဥ်တစ်ခု ဖြစ်လာပါပြီ


US Boeing C17 Globemaster US Air Force လေယာဉ် ရန်ကုန်လာတော့ အဘ‌တွေနည်းနည်းရှိန်သွားတယ်လုပ် သံရုံးကို Self defense လာပို့တာဆိုတော့လည်း ဂေါ်ပီလေ ကျန်တဲ့အခန်းတွေကတော့ အတိအကျမသိဘူး လောလောဆယ် US က တစ်ကွက်လာပြတယ်လို့ပဲမြင်တယ်👍🏻

#credit


မြန်မာဟာ ကမ္ဘာအတွက် အရေးပါသော

ခေါင်းစဥ်တစ်ခု ဖြစ်လာပါပြီ

*************************************

မြန်မာပြည်သူအတွက် နိုင်ငံတကာက ပါးစပ်နဲ့သာ ပြောမနေပဲ စုပေါင်းညီညွတ်စွာ လုပ်ဆောင်ပေးရတော့မယ့် အခြအနေဖြစ်နေပြီးလို့ ..... မြန်မာအရေးစောင့်ကြည့်ပေးနေတဲ့ UN အကြီးအကဲက ပြောလိုက်ပြီးချိန်မှာတော့...


(15) နိုင်ငံလုံးကစစ်သူပုန်ရဲ့ လုပ်ရက်တွေကို

ကန့်ကွက် ရှုပ်ချကြောင်းသဘောတူ  ပြောကြားလိုက်သည်......


ဗြိတန်နိုင်ငံက မြန်မာ့အရေးကို

UN မှာ ထဲထဲဝင်ဝင် လုပ်ဆောင်လာနေတာကို တွေ့လာရပြီး...မြန်မာပြည်က  သူ့နိုင်ငံသားတွေကိုအမြန်ဆုံး မဖြစ်မနေ  ထွက်ခွာကြဖို့ မနေ့က တိုက်တွန်း ထားလိုက်ပါတယ်.....


မြန်မာ့အရေး တချိန်လုံး အသံတိတ်နေခဲ့တဲ့...

ရုရှားကြီးကလည်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကိုယ်တိုင် မနေ့ကပဲ အသံထွက်လာပါပြီ...


အာရှနေတိုးအဖွဲ့လို့ ခေါ်သော...

US သြဇီ ဂျပန် အိန္ဒိယ နိုင်ငံများရဲ့ ခေါင်းဆောင်တွေ ကတော့..... မနေ့ကကျင်းပသည့် အစည်းအဝေးပွဲမှာ  မြန်မာပြည်နဲ့ ပြည်သူများတွေကို  ကာလရှည်ကြာ အားပေးထောက်ခံခဲ့သည့် နိုင်ငံများအနေနဲ့....မြန်မာပြည် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်း လာအောင် ဦးစားပေးဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီဟု... ပြောကြားလိုက်ပါသည်......


#မြန်မာပြည်_ဒီမိုကရေစီပြန်လည်

#ပေါ်ထွန်းလာရေး_ခေါင်းဆောင်တွေက... #ဂတိပေး_လိုက်ပါတယ်......


တောင်ကိုရီးယားနိုင်ငံက မြန်မာစစ်တပ်နှင့်

ကာကွယ်ရေး လုပ်ဆောင်မှု့များ  ဖြတ်သိမ်းလိုက်ပါပြီ....


ထိုင်းမြန်မာနယ်စပ်မှာတော့...မြန်မာပြည်က

စစ်ဘေးရှောင်တွေနေထိုင်နိုင်ရန်ယာယီစခန်း ဆောက်လုပ်ဖွင့်လစ်ထားလိုက်ပါပြီ......


ထိုင်းနိုင်ငံမှာရှိတဲ့ US စခန်းကိုတော့...

စစ်လေယာဥ်များနဲ့ လက်နက် ရိက္ခာ  အများအပြားUS လာပို့ဆောင်ပေးသွားခဲ့ပါပြီ....


မြန်မာစစ်သူပုန်အုပ်စုကိုတော့

ကမ္ဘာ့အဖွဲ့အစည်းများနှင့်နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ကို အခုရက်တည်းမှာ လက်မခံနိုင်တော့ကြောင်း တွေ့မြင်နေရပြီ....


မြန်မာ့နိုင်ငံအရေးဟာ

စစ်ရေးဘက် ဦးတည်သွားနေပြီးလို့.... သုံးသပ်ရပါသည်.....

အရေးတော်ပုံ...အောင်ရမည်...

. . . . K.K.S crd




ဆက်ဖတ်ရန် →

ဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြ မိန့်ခွန်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြ မိန့်ခွန်း

(၁၃-၃-၂၀၂၁)



ဆက်ဖတ်ရန် →

ရေပူဆရာတော်နဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ခံရ


မတ် ၁၁ ရက် နံနက် ၇:၄၄ · ရေပူဆရာတော်နဲ့ လူငယ်တွေကို ဖမ်းသွားပြီ ဒီနေ့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေး အသင်းရုံးကို စစ်သူပုန် အကြမ်းဖက် အုပ်စု၀င်စီးပီး ရေပူကျောင်းဆရာတော်နဲ့ တခြားသံဃာတော်တွေအပါ၀င် ဆန္ဒပြသူ ၅၀ဦးကို  ဖမ်းဆီးသွားပါပြီ ။


ဆက်ဖတ်ရန် →

အမှိုက်လာပစ်သူ အမျိုးသား ၂ ဦး အားရိုက်နှက်ဖမ်းဆီး



၁၂.၃.၂၀၂၁ ယနေ့ ညပိုင်း တွင် လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်း ပေါ် ၁၅ လမ်း အောက် တွင် အမှိုက်လာပစ်သူ အမျိုးသား ၂ ဦး အား လမ်းမတော်မြို့နယ်မြို့မ ရဲစန်း မှ ပုံပါအတိုင်းရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

Video Credit


ဆက်ဖတ်ရန် →

ဒဏ်ရာရရှိသူများရှိ​နေပြီး လူနာများကို သွား​ရောက်ကူညီ၍ မရ


မန္တလေးမြို့ ၄၁  လမ်း စိန်ပန်းရပ်ကွက်တွင် စစ်အာဏာဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို မတ်လ ၁၃ ရက်​နေ့ နံနက်ပိုင်း ရဲနှင့် စစ်တပ်က အကြမ်းဖက်ပစ်ခတ်နေရာ ဒဏ်ရာရရှိသူများရှိ​နေပြီး လူနာများကို သွား​ရောက်ကူညီ၍ မရနိုင်ဟု ​ဒေသခံတချို့က ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်​ပြောဆိုသည်။



ဆက်ဖတ်ရန် →

မန်းလေး (18) ယောက်ကျထား


မန်းလေး  (18) ယောက်ကျထား

ဆရာတော်တွေလဲထိထားပါတယ်

(13) နှစ်ကလေးလဲ ပါပါတယ်

ဗိုက်ကြီးသည်လဲပါပါတယ်

ခုခံကာကွယ်ရေးကို သေချာပေါက် လုပ်ရပါတော့မယ်။ 

ခုခံကာကွယ်မဲ့ သူတွေကို မတားပါနဲ့တော့။

ရတဲ့နည်းနဲ့ သူတို့အကျိုးစီးပွါးကို Phat Cee ကြပါတော့။ 

13.3.2021

Crd


ဆက်ဖတ်ရန် →