နောက်ဆုံးရ

"ပြတ်သားတဲ့ လူငယ့်အမြင်"

"ပြတ်သားတဲ့ လူငယ့်အမြင်" ကျနော်ကတော့ အခုချိန်မှာ- - US Army ထက် Federal Army ကိုပဲ ပိုမျှော်လင့်တယ်။ - UN ထက် CRPH က ကမကထပြုတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကြားဖြတ်အစိုးရကို ပိုအားကိုးတယ်။ - International Sanctions ထက် Social Punishment ကို ပိုယုံကြည်တယ်။ - UN Charter ထက် Federal Democratic Constitution က ကျနော်တို့အတွက် ပိုအားကောင်းတယ်လို့ မြင်တယ်။ - နိုင်ငံတကာကထုတ်တဲ့ statements တွေထက် လမ်းပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို ပိုကိုးစားတယ်။ - သူများနိုင်ငံတွေရဲ့ Foreign Policy ထက် CDM ကို ပိုအလေးထားတယ်။ အဲ့လိုတွေပြောနေလို့ နိုင်ငံတကာကို အသုံးမကျဘူးပြောတာမဟုတ်ပါဘူး။ ကျနော်တို့ပြဿနာကို ကျနော်တို့ကိုယ်တိုင်ပဲ ရှင်းရမှာပါ။ သူများတွေကို အားကိုးနေလို့ မရပါဘူး။ ကျနော်တို့လိုချင်တဲ့ အောင်ပွဲရဖို့ ကျနော်တို့ကိုယ်တိုင်ပဲ တိုက်ယူရပါမယ်။ သူများတွေကို အားကိုးနေမယ့်အစား ကျနော်တို့ကိုယ်တိုင်လုပ်နိုင်နေတဲ့ ကိစ္စတွေကို ညီညီညွှတ်ညွှတ်နဲ့ အကောင်းဆုံးလုပ်ဆောင်ပြီး ပန်းတိုင်ကို အတူတူလျှောက်လှမ်းရအောင်ပါ။ သေချာတယ် ကျနော်တို့ ဒီပွဲမှာ နိုင်ကိုနိုင်ရမယ်။ credit 👍 #WeNeedR2PInMyanmar #WesupportCRPHGovernmen
ဆက်ဖတ်ရန် →

ကမ္ဘာအေးမှာ တဦး သေဆုံး (၃) ယောက် ဖမ်းခံရ

ကမ္ဘာအေးမှာ သူပုန်တပ် အင်အား (၈၀) လောက်ရှိပီး တဦး သေဆုံး (၃) ယောက် ဖမ်းခံရ သေဆုံးသူ အလောင်းကိုလဲ သယ်သွားပါတယ် လို့ မျက်မြင်သက်သေက ပြောလာပါတယ် ချမ်းသာလမ်း (၁)ဦး ခြေထောက်ဒဏ်ရာရ စွယ်တော်ဘက် (၁) ဦးသေ မရမ်းကုန်း (၈)ရပ်ကွက် ချမ်းသာလမ်း အရိုက်ခံဖမ်းခံရသူမှာ ကိုချက်ကြီးလို့သိရ
ဆက်ဖတ်ရန် →

သူရဦးရွှေမန်း ပြောပီ


မှတ်ထားမယ်။ ကြိုးစင်ပို့တဲ့အခါ စာရင်းတိုက်စစ်ဖို့ ထိပ်တန်းအရာရှိဆိုတဲ့ စစ်မျိုးယုတ်စာရင်း ❗ **************************************** ၁။ ကြည်း၁၄၂၃၂ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂။ကြည်း၁၆၄၈၉ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၃။ကြည်း၁၈၁၃၃ ဗိုလ်ချုပ်ကြီးမြထွန်းဦး ၄။ရေ၁၂၈၇ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ၅။လေ၁၉၂၅ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ၆။ကြည်း၁၄၆၈၂ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း ၇။ကြည်း၁၇၅၄၀ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ၈။ကြည်း၁၆၇၂၉ ဒုဗိုလ်ချုပ်ကြီးရဲအောင် ၉။ကြည်း၁၆၅၅၆ ဒုဗိုလ်ချုပ်ကြီးရာပြည့် ၁၀။ကြည်း၁၈၁၃၁ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ၁၁။ကြည်း၂၁၃၉၅ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ၁၂။ကြည်း၁၈၉၈၅ ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန် ၁၃။ကြည်း၁၈၈၈၆ ဒုဗိုလ်ချုပ်ကြီးအောင်စိုး ၁၄။ကြည်း၂၀၇၃၅ ဒုဗိုလ်ချုပ်ကြီးသက်ပုံ ၁၅။ကြည်း၁၇၄၃၂ ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦး ၁၆။ကြည်း၂၀၂၂၀ ဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း ၁၇။ကြည်း၂၅၀၇၄ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း ၁‌၈။ကြည်း၁၈၂၇၂ ဒုဗိုလ်ချုပ်ကြီးမင်းနိုင် ၁၉။ကြည်း၁၈၈၂၀ ဒုဗိုလ်ချုပ်ကြီးလူအေး ၂၀။ကြည်း၁၈၂၆၃ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ၂၁။ကြည်း၁၇၆၀၄ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ၂၂။ကြည်း၂၁၄၄၀ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး ၂၃။ကြည်း၁၇၅၈၀ဒုဗိုလ်ချုပ်ကြီးမောင်မောင်အေး ၂၄။ကြည်း ၁၈၂၇၆ ဒုဗိုလ်ချုပ်ကြီးကံမြင့်သန်း ၂၅။ကြည်း၁၈၂၈၀ဒုဗိုလ်ချုပ်ကြီးအေးဝင်း ၂၆။ကြည်း၁၈၂၈၀ ဒုဗိုလ်ချုပ်ကြီးမင်းနောင် ၂၇။ကြည်း ၁၇၅၀၂ ဒုဗိုလ်ချုပ်ကြီးဆန်းဦး ၂၈။ကြည်း၁၆၇၆၇ ဒုဗိုလ်ချုပ်ကြီးညိုစော ၂၉။ရေ၁၃၇၄ ဒုဗိုလ်ချုပ်ကြီးမိုးအောင် ၃၀။လေ၁၉၈၂ ဒုဗိုလ်ချုပ်ကြီးထွန်းအောင် ၃၁။ကြည်း၂၀၂၇၈ ဗိုလ်ချုပ်တေဇကျော် ၃၂။ကြည်း၂၀၁၇၅ ဗိုလ်ချုပ်အောင်ဇော်အေး ၃၃။ကြည်း၁၉၆၆၂ ဗိုလ်ချုပ်လင်းအောင် ၃၄။ကြည်း၂၀၇၀၁ ဗိုလ်ချုပ်သန်းလှိုင် ၃၅။ကြည်း ၂၂၃၈၃ ဗိုလ်ချုပ်ခင်လှိုင် ၃၆။ကြည်း ၁၉၇၁၄ ဗိုလ်ချုပ်မျိုးဝင်း ၃၇။ကြည်း၂၇၀၆၅ဗိုလ်ချုပ်စောသန်းလှိုင် ၃၈။ကြည်း၂၅၉၈၂ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ ၃၉။ကြည်း၂၅၉၆၀ ဗိုလ်ချုပ်အောင်အောင် ၄၀။ကြည်း၂၅၀၉၉ ဗိုလ်ချုပ်ထင်လတ်ဦး ၄၁။ကြည်း ၂၈၁၁၉ ဗိုလ်ချုပ်ကိုကိုဦး ၄၂။ကြည်း ၂၂၅၇၂ ဗိုလ်ချုပ်မျိုးမိုးအောင် ၄၃။ကြည်း ၂၀၈၁၈ ဗိုလ်ချုပ်စိုးတင့်နိုင် ၄၄။ရေ ၁၃၂၇ ဗိုလ်ချုပ်မြင့်နွယ် ၄၅။ကြည်း ၂၀၃၂၄ ဗိုလ်ချုပ်ဖုန်းမြတ် ၄၆။ကြည်း ၂၀၂၁၉ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ၄၇။ကြည်း ၂၂၆၀၁ ဗိုလ်ချုပ်ဇင်မင်းထက် ၄၈။ကြည်း ၂၀၂၁၄ ဗိုလ်ချုပ်သိုက်စိုး ၄၉။ကြည်း ၂၃၁၆၈ ဗိုလ်ချုပ်အောင်လင်းထွန်း ၅၀။ကြည်း ၂၀၈၇၁ ဗိုလ်ချုပ်သောင်းနိုင် ၅၁။ကြည်း ၁၈၈၃၄ ဗိုလ်ချုပ်အောင်မျိုးထွန်း ၅၂။ကြည်း ၁၉၆၄၂ ဗိုလ်ချုပ်သန်းထွတ်သိန်း ၅၃။ကြည်း ၂၁၄၃၂ ဗိုလ်ချုပ်တိုးရီ ၅၄။ကြည်း ၁၉၉၅၀ ဗိုလ်ချုပ်ကိုလေး ၅၅။ကြည်း ၂၁၃၀၇ ဗိုလ်ချုပ်အောင်မျိုးသန့် ၅၆။ကြည်း ၁၉၇၅၄ ဗိုလ်ချုပ်ဆွေဝင်း ၅၇။ကြည်း ၁၉၆၈၅ ဗိုလ်ချုပ်ကိုကိုလွင် ၅၈။ကြည်း ၂၀၈၀၉ ဗိုလ်ချုပ်ဇော်လွင်ဦး ၅၉။ကြည်း ၂၂၅၈၂ ဗိုလ်ချုပ်ဇော်မျိုးတင် ၆၀။ကြည်း ၂၃၁၇၀ ဗိုလ်ချုပ်သက်ထွန်းဦး ၆၁။ကြည်း ၁၉၇၄၇ဗိုလ်ချုပ်ခင်မောင်သန်း ၆၂။ကြည်း ၂၁၄၃၆ ဗိုလ်ချုပ်ဇော်မြင့်နိုင် ၆၃။ကြည်း ၁၈၇၉၄ ဗိုလ်ချုပ်ဇော်လွင်ဦး ၆၄။ကြည်း ၂၀၃၉၀ ဗိုလ်ချုပ်အောင်မင်း ၆၅။ကြည်း ၂၅၀၉၀ ဗိုလ်ချုပ်အောင်ပိုင်ဦး ၆၆။ဗိုလ်ချုပ်ထွန်းထွန်းဦး ၆၇။ဗိုလ်ချုပ်စိုးမင်းဦး ၆၈။ဗိုလ်ချုပ်ရဲကျော်သူ ၆၉။ဗိုလ်ချုပ်ဇော်မင်းထွန်း ၇၀။ဗိုလ်ချုပ်မျိုးမြင့် ၇၁။ဗိုလ်ချုပ်ကိုကိုလွင် ၇၂။ဗိုလ်ချုပ်လှမြင့်စိုး ၇၃။ဗိုလ်ချုပ်မျိုးသန့်နိုင်ဂ ၇၄။ဗိုလ်ချုပ်မျိုးသန့် ၇၅။ဗိုလ်ချုပ်ဝင်းလွင် ၇၆။ဗိုလ်ချုပ်စစ်နိုင် ၇၇။ဗိုလ်ချုပ်ကိုကိုမောင် ၇၈။ဗိုလ်ချုပ်ဇော်ဝင်း စာရင်းချုပ် *********** ဗိုလ်ချုပ်မှူးကြီးအဆင့်(၁) ဒုဗိုလ်ချုပ်မှူးကြီးအဆင့်(၁) ဗိုလ်ချုပ်ကြီးအဆင့် (၃)‌ ဒုဗိုလ်ချုပ်ကြီးအဆင့်(၂၅) ဗိုလ်ချုပ်အဆင့်(၄၈) စုစုပေါင်း(၇၈) ကိုးကား။(မြန်မာနိုင်ငံပြန်တမ်း) (၂၁-၁-၂၀၂၁) (ကူးယူဖော်ပြသည်) ဓာတ်ပုံတွေ ပါရှိရင်ကောင်းမယ်
ဆက်ဖတ်ရန် →

မအလ ကို ICC နဲ့ ICJ မှာ တရားစွဲမယ့် CRPH သွားနေတဲ့ လမ်းကြောင်းက ပိုပေါ်လွင်လာတယ်။

  

 မအလ ကို ICC နဲ့ ICJ မှာ တရားစွဲမယ်။ CRPH သွားနေတဲ့ လမ်းကြောင်းက ပိုပေါ်လွင်လာတယ်။  

🚩 လုံခြုံရေးကောင်စီမှာ တရုပ်နဲ့ ရုရှက ကန့်ကွက်မယ် မှန်း သိသိနဲ့  record ဝင်အောင် R2P တင်လိုက်တယ်။  တရုပ်နဲ့ ရုရှက ဗီတိုနဲ့… ပိုမို ပယ်ချတာ တရုပ်နဲ့ ရုရှရဲ့ ယုတ်မာမှုဟာ ပေါ်လွင်သွားတယ်။  ဒီလို အဆင့်မကျော်ပဲ မှတ်တမ်းဝင်ရုံလုပ်ပြီးပြီဆိုတော့  ကုလသမဂ္ဂ ပဏိဉာဉ် စာတမ်း ကို လက်မှတ်ထိုးထားတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် အကူအညီနဲ့  စစ်ရေး အရေးယူနိုင်ဖို့ ၊ ဖက်ဒရယ်တပ်မတော်ဖွဲ့နိုင်ဖို့ လုပ်တယ်။ 

🚩 မြန်မာပြည်တရားလွှတ်တော်ချုပ်ဟာ စစ်ဥပဒေချုပ်ဟောင်း ထွန်းထွန်းဦး မောင်ပိုင်စီးထားတာ သိတယ်။ သိသိနဲ့ record ဝင်အောင်  မအလကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ် ထွန်းထွန်းဦး ပယ်ချမှာ သေချာတယ်။ ဒါပေမယ့် မြန်မာ့တရားလွှတ်တော်ဟာ လွတ်လပ်မျှတမှု မရှိတဲ့ စစ်တပ်ဩဇာခံ ရုပ်သေးရုပ် တရားရုံး ဆိုတာ ထင်ရှားသွားတယ် ဒီလို အဆင့်မကျော်ပဲ မှတ်တမ်းဝင်ရုံလုပ်ပြီးပြီဆိုတော့  မအလ စစ်တပ်ကို ICC နဲ့ ICJ မှာ တရားစွဲမယ် ပြည်တွင်းတရားစီရင်ရေး သုံးစားမရလို့ နိုင်ငံတကာက စီရင်ပါတော့လို့ တင်သွင်းတော့မယ်
ဆက်ဖတ်ရန် →

ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို

ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို  နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို
ကုလကိုယ်စားလှယ်၊အမေရိကန်သံအမတ်ပြီးနောက် တတိယမြောက် ဖုန်းဆက်သည့် ပြည်ပတာဝန်ရှိသူဖြစ်သည် 
ဥရောပသမဂ္ဂ (EU) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိEU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ယနေ့ဖုန်းဆက်ပြီး နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ပြောဆိုခဲ့သည်ဟု VOAသတင်းဌာနကဖော်ပြသည်။

ဖုန်းဆက်စဉ် အီးယူစစ်ဘက်တာဝန်ရှိသူကမြန်မာစစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်ရန်နှင့် ဆန္ဒပြပွဲများ ကိုင်တွယ်ရာတွင် နောက်ထပ် သွေးထွက်သံယိုဖြစ်မှုများရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်ဟု အဆိုပါသတင်းဌာနကဆိုသည်။

"ဘယ်နိုင်ငံက စစ်တပ်မဆို လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်"ဟု EU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။

ယင်းနောက် ရေတပ်ဗိုလ်ချုပ်ကြီး က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ တခြားထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ လည်း ဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။
ဆက်ဖတ်ရန် →

(CRPH) က ဦးတိုက်လျှောက်ထား တရားစွဲ

R Committee Representing Pyidaungsu Hluttaw - CRPH

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၉ )
 ================
၂၀၂၁ခုနှစ်၊ မတ်လ၊ (၉)ရက်  ၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ မတရားသဖြင့် အာဏာသိမ်းယူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။  ၂။ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်မှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ဖြစ်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁)၊ ၁၂၄ - က တို့အရ စစ်ဆေးစီရင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်သို့ ၄-၃-၂၀၂၁ နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဖြစ်ပါကြောင်း ပြည်သူသို့ သတင်းထုတ်ပြန်အပ်ပါသည်။
ဆက်ဖတ်ရန် →

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်၊ (၁၂ /၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်) 

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်း ဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

၂။ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားသည့်အတွက် နိုင်ငံတော်သမ္မတ က တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အခြေအနေမရှိသည့်ကာလတွင် ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ၏ တာဝန်များကိုပါ ထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည်။

(ပုံ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ဆက်ဖတ်ရန် →

အင်းစိန်ပေါက်တောဝ MAB ဘဏ်ရှေ့ ဒလံမတွေ

ဒီမနက် အင်းစိန်ပေါက်တောဝ MAB ဘဏ်ရှေ့ ဒလံမတွေပါ မျက်နှာတော့ သဲသဲကွဲကွဲမမြင်ရပေမယ့် အဝတ်အစားတွေတော့ မှတ်မိနိုင်မယ်ထင်တယ် ရပ်ကွက်တိုင်းလမ်းတိုင်းသတိထားစောင့်ကြည့်ပေးကြ

ဆက်ဖတ်ရန် →

Mizzima Media ရုံးခန်းအားလုံး ဖျက်စီးပြီးပစ္စည်းများသိမ်းသွား


Star city သံလျင်ရှိ  Mizzima ရုံးခန်းအား အာဏာသိမ်းစစ်အုပ်စုမှ ဖျက်စီးသိမ်းဆည်းသွားပြီး ကနဦးအရ လူဖမ်းစီးမူ မတွေ့ရသေးပါ

9.3.2021 6:00Pm
Photo :NLOO
ဆက်ဖတ်ရန် →

သွားပြန်ပြီနောက်ထပ်ကြယ်တပွင့်ကြွေလွင့်-----


 မနေ့ညက ဖမ်းသွားတဲ့ စုသက်မွေးသိပ္ပံကျောင်း တာဝန်ခံသေဆုံး၊ အလောင်းလာထုတ်ဖို့ မိသားစုကိုအကြောင်းကြား


ရွှေပြည်သာမြို့နယ် ၊ စုသက်မွေး သိပ္ပံကျောင်းရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်းဟာ မတ် ၈ ရက် ညပိုင်းက ရဲနဲ့စစ်တပ်ကနေ လာရောက်ဖမ်းဆီးတာကြောင့် ကျောင်းရဲ့ခြံစည်းရိုးကနေ ခုန်ချခဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီနေ့မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ သေဆုံးပြီလို့ ရွှေပြည်သာရဲစခန်းကတဆင့်အကြောင်း ကြားလာကြောင်း ကိုဇော်မြတ်လင်းရဲ့ ဇနီး မဖြူဖြူဝင်းကဘီဘီစီကိုပြောပါတယ်။

ကိုဇော်မြတ်လင်း(စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ၊တာဝန်ခံ)၈.၃.၂၀၂၁နေ့ ညကဖမ်းသွားပြီး ဒီနေ့ဆုံးသွားပါပြီ။ဇနီးဖြစ်သူကိုbodyထုတ်ရန်အကြောင်းကြားလာသဖြင့်သွားရောက်ထုတ်ယူနေကြပါပြီ--

#ဝမ်းနည်းစွာဖြင့်ပြန်လည်မျှဝေပါတယ်

-UNyi-MP-(ပြည်သူသာအဓိက)

Photo-Zaw Myat Lin-Facebook 


ဆက်ဖတ်ရန် →