နောက်ဆုံးရ

မျောက်ခြောက်ကြိမ်


ပုံပြင်တစ်ပုဒ်ရှိတယ်

မျောက်တွေမွေးထားပြီး တောင်းစားနေတဲ့ လူတစ်ယောက်အကြောင်းပေါ့

သူက မျောက်တွေအများကြီး မွေးထားတာ။ မျောက်ပြ ပိုက်ဆံတောင်းနေတဲ့ သူတောင်းစားလေ။ မျောက်ပြ တောင်းစားတဲ့ကောင်လက်ထဲမှာ ကိုင်ထားတာ တုတ်တစ်ချောင်းတည်းပါ။ မျောက်တွေ အားလုံးက သူတို့ သခင်မျက်နှာထက် တုတ်ကိုပဲကြည့်နေတာ။ တုတ်က မျောက်အားလုံးကို ထိန်းထားတဲ့ အသက်ပဲ။

မျောက်တွေကို တုတ်မြှောက်ရင်ဘာ၊ တုတ်ဝှေ့ရင်ဘာ၊ တုတ်ထောင်ရင်ဘာ၊ တုတ်ရမ်းရင်ဘာဆိုပြီး မျောက်ရှင်က မျောက်တွေကို သင်ထားတာ။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ ရိုက်သင်တာကြောင့် မျောက်တွေဟာ တုတ်ကို အရမ်းကြောက်ကြတယ်။ 

မျောက်တစ်အုပ်ကို တုတ်တစ်ချောင်းတည်းနဲ့ ထိန်းထားတဲ့ မျောက်ရှင်ကို မျောက်တွေက မတော်လှန်ရဲ ကြဘူး။ မတော်လှန်ရဲဘူးဆိုတာထက် ဘယ်လိုတော်လှန်ရမှန်းကို မသိတာ။

တစ်ခါ မျောက်တစ်ကောင်က သူတို့ကြောက်နေရတဲ့ တုတ်ကိုယူပြေးဖူးတယ်။ အဲဒီကောင် သေလောက်အောင် အရိုက်ခံရတယ်။

တစ်ခါ မျောက်တစ်ကောင်က တုတ်ကို ချိုးပစ်ဖူးတယ်။ ချိုးလိုက်တဲ့ တုတ်ထက် ပိုကြီး၊ ပိုရှည်တဲ့ ကြိမ်လုံး ရောက်လာတယ်။

မျောက်ဘဝ မလွယ်ပါဘူး

သခင်ကို ရှာလည်းကျွေး၊ အရိုက်လည်း ခံရသေး၊ ပေးတာယူ၊ ကျွေးတာစား၊ တစ်ခါတစ်လေများ ငတ်တောင် နေတယ်။

သခင်ကတော့ မျောက်ပြပြီး တောင်းထားတဲ့ပိုက်ဆံနဲ့ ကောင်းကောင်းစား၊ မျောက်တွေကတော့ သူတို့တောင်း ထားတာတောင် သူတို့မစားရတဲ့ ဘဝကိုရောက်နေရရှာသူတွေပါ။ ဒါပေမဲ့ သခင်ကို မှီခိုနေရတာကိုပဲ သူတို့က ကံကောင်းလှပြီထင်နေကြတာ။

သူတို့သခင်က အရက်တွေသောက် အစားတွေစား၊ လွှင့်ပစ်လိုက်တာလေး ကောက်စားရတာကို ကျေနပ် နေရတဲ့ မျောက်တွေဘဝမှာ အာဏာဟာ တုတ်အပေါ်မှာတည်တယ်။ တုတ်ပြလိုက်ရင် ကုပ်နေကြရတယ်။ 

တုတ်ကိုကြောက်ပြီး မျောက်တွေက ထွက်လည်း မပြေးရဲဘူး။ မျောက်ပဲ တောထဲဝင်ပြေးလိုက်ရင်ရတာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ တောထဲသွားရင် ငတ်သေမှာကြောက်တာထက် သူတို့သခင်က လိုက်လာပြီး ဖမ်းမိရင် တုတ်နဲ့ရိုက်မှာပဲဆိုပြီး ကြောက်နေတာကြောင့်လည်း ထွက်မပြေးရဲဘူး။ ထွက်ပြေးတဲ့ မျောက်တစ်ကောင်ကို ဖမ်းလာပြီး သူတို့ရှေ့မှာပဲ သေအောင်ရိုက်သတ်ပြထားတော့ ကြောက်တာပေါ့။ 

တစ်နေ့တော့ မျောက်တစ်ကောင်က ဝါးဆစ်ပိုင်းတစ်ပိုင်းကို ကိုင်လာတယ်။ ကျန်တဲ့ မျောက်တွေက ဘာလုပ်မလဲ ကြည့်နေတယ်။ မျောက်က ဝါးဆစ်ပိုင်းနဲ့ မူးပြီး ထိုင်လျက်သား အိပ်နေတဲ့ သူ့သခင်ခေါင်းကို ရိုက် လိုက်တယ်။ လက်ဆနည်းနည်းပြင်းတော့ ခေါင်းပေါက်ပြီး သွေးထွက်လာတယ်။

အဲဒီမျောက်ကို မနက်က ကြိမ်နဲ့ဆော်ခံထားတာ စိတ်ထဲက ခံပြင်းသွားပုံရတယ်။

သခင်က လန့်နိုးလာတယ်

သူ့ခေါင်းကို ပွတ်ကြည့်တော့ သွေးတွေ ထွက်လာတယ်။ သူ့ကို ရိုက်တဲ့မျောက်နောက်ကို လိုက်တယ်။ မျောက်က ကြောက်ပြီး ပြန်ရိုက်တယ်။ သူ့သခင်လဲကျသွားတယ်။

အဲဒီတော့မှ ကျန်တဲ့မျောက်တွေက သူတို့သခင်ကို တုတ်နဲ့ ရိုက်နိုင်တယ်ဆိုတာ သိပြီး တုတ်တွေ ကိုင်လာကာ ဝိုင်းရိုက်တယ်။ မထနိုင်အောင်ကို ဝိုင်းရိုက်တာ။

သခင်သေတာတောင် ဘာလုပ်ရမှန်း မသိသေးဘူး။ မျောက်တစ်ကောင်က သွားကိုင်လှုပ်တယ်။ မထနိုင်တော့ဘူး။ ဒီတော့မှ ထွက်ပြေးတာ။

တစ်ကောင်ပြေးတော့ နောက်တစ်ကောင်က လိုက်

နောက်တစ်ကောင်နောက်ကို နောက်တစ်ကောင်လိုက်

အိမ်ထဲမှာ မျောက်တစ်ကောင်မှ မရှိတော့ဘူး

ဒါတောင် တောစပ်ကနေ ကြည့်နေသေးတယ်။

“ငါတို့သခင် လိုက်လာလေမလား”

မလိုက်လာတော့မှ တောထဲကိုဝင်၊ တွေ့တဲ့ အသီးအနှံတွေခူးစား ပျော်သွားတယ်။

မျောက်တွေစိတ်ထဲတော့ တွေးနေမှာ

“ငါတို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခေါင်းကိုရိုက်ပြီး ထွက်လာနိုင်သားနဲ့ နှစ်တွေ ဘာကြောင့် ကြားပြီးမှ လွတ်မြောက်ရတာလဲပေါ့”

“အစကတည်းက တစ်ချောက်လောက်ပြန်ခံပြီး တွယ်ထည့်လိုက်ရင် ငါတို့ လွတ်မြောက်တာကြာပြီ”

တကယ်လိုတာ “သတ္တိ” ပါ

သူကိုင်ထားတဲ့ ကြိမ်တစ်ချောင်းဟာ ငါတို့လက်ပေါင်းများစွာဒဏ်ကို မခံနိုင်ဘူးဆိုတာ မယုံရင် စမ်းကြည့် လိုက်ပါ။ 

(ရှေးဟောင်း တရုတ်ရိုးရာပုံပြင်တစ်ပုဒ်ကို ကိုးကားပါသည်)

တင်ညွန့်

၇.၃.၂၀၂၁


ဆက်ဖတ်ရန် →

ဖွဲ့စည်းပုံက အဆင်သင့်ရှိပြီးသား

ဒေါက်တာဆာဆာ ပြောတဲ့ 

ဖွဲ့စည်းပုံက အဆင်သင့်ရှိပြီးသား ဆိုတုန်းက 

သိပ်မယုံကြည်ခဲ့ဘူး။ (Sorry ပါ) 

တကယ်အဆင်သင့်ရှိနေပြီးသားပါ။ 

ဤခရီး မဝေးတော့ပါ။ 

🤝✊🏻✊🏻✊🏻👏💪

ရဲရင့္ငယ္
ဆက်ဖတ်ရန် →

ဂျိုးဘိုင်ဒန်ကို စစ်ရေးအရကူညီပေးပါလို့ ဝိုင်း လက်မှတ်ထိုး တောင်းဆိုတာပါဝင်ကြပါ၊ 🙏


ဒီ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးကို အောင်မြင်စေချင်သူတွေ ပူးပေါင်းလုပ်ဆောင်ထားတာ ဖြစ်ပါတယ်..

မြန်မာပြည်သူတွေက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စစ်ရေးအရကူညီပေးပါလို့ ဝိုင်း လက်မှတ်ထိုး တောင်းဆိုတာ ဖြစ်ပါတယ်..

နာမည် (အပြည့်အစုံမဟုတ်လည်း ရ)၊ မှတ်ပုံတင်ရဲ့ နောက်ဆုံးနံပါတ်လေးလုံးဖြည့်ပြီး လက်မှတ်ထိုးရုံပါပဲ.. တခြားကိုယ်ရေးအချက်အလက် မတောင်းပါ..

Clack here....

https://nwayootawlhanyay.com

#SaveMyanmar

#MilitaryActionToMyanmar


ဆက်ဖတ်ရန် →

ရွှေပြည်သာမြို့နယ်လူ၂၀၀ထပ်မနည်း ဖမ်းသွားပါတယ်

7.3.2021 (6:20PM)

ရွှေပြည်သာ ချစ်ကောင်းမှတ်တိုင်
ရွှေလာဘ် စားသောက်ဆိုင်မှာ  စစ်သားနဲ့ ရဲများက ဆိုင်ထဲရှိသမျှ အစားအသောက်များ ယူသွားပြီး ဆိုင်ပိုင်ရှင်ဦးလေးကိုလဲ ပစ်ပြီးဖမ်သွားပါတယ် ဗိုက်ပေါက်သွားသည်ဟု သိရ 😠😠😠😠😠

ပြည်သူပေးတဲ့လစာစားပီး ပြည်သူကို အနိုင်ကျင့်
ဒီစောက်ချိုးမျိုးနဲ့ မင်းတို့ကိုပြည်သူမယုံတာမဆန်းပါဘူး စားသောက်ဆိုင်ကိုအကြမ်းဖက် ဝင်ရောက်စားသောက်တယ်  ပြီးတော့လူကိုနှိပ်စက်တယ် ဆိုင်ကိုဖျက်ဆီးတယ် မင်းတို့ကို  ဘယ်တော့မှ ကမ္ဘာမကြေဘူး မင်းတို့ကိုဘယ်တော့မှ အရှုံးမပေးဘူး ဒို့လိုချင်တဲ့ပန်းတိုင်ရောက်အောင်သွားမယ် 👈👈👈👈👈👈👈 #CreditVideo  နန်းဇော်ဦး




ဆက်ဖတ်ရန် →

CDM မှာပါဝင်သည့် ရဲ၊ စစ်သားနှင့် ဝန်ထမ်း များကို ကေအန်ယူက ခိုလှုံခွင့်ပေးမည်

 DVB | 7 March, 2021
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့   ရဲ၊ စစ်သားတွေ အပါအဝင်   နိုင်ငံ့ဝန်ထမ်းတွေ  အန္တရာယ်ရှိရင် ခိုလှုံနိုင်အောင် ကူညီပေးဖို့ အသင့်ရှိတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU)အထွေထွေအတွင်း
ရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ဆက်လက်ဖြစ်ပွားနေသလို စစ်အာဏာရှင်ရဲ့ ကျွန်အဖြစ် အလုပ်ခိုင်းစေမခံလိုတဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေကလည်း အာဏာဖီဆန် CDM လုပ်ဆောင်နေကြရာမှာ  ရဲတပ်ဖွဲ့ဝင်တွေလည်း တနေ့တခြားပိုမို ပူးပေါင်းပါဝင်လာနေကြတာပါ။

တဖက်မှာ အာဏာသိမ်းစစ်ကောင်စီကလည်း  CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖိအားပေးတာ ၊ ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးနေတာ၊  တရားစွဲထောင်ချတာတွေလည်း ရှိနေတဲ့ အတွက် CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

CRPH ရဲ့    နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်ကလည်း “CDM မှာပါဝင်တဲ့   ရဲနဲ့  စစ်သားတွေ အန္တရာယ်ရှိတယ်ထင်ရင် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေထံ သွားရောက်ခိုလှုံပါ ၊ အာမခံချက်အပြည့်ပေးကြောင်း သက်ဆိုင်ရာက သတင်းပို့လာတဲ့အတွက် အမြန်အကြောင်းကြား အပ်ပါတယ်၊ လုံခြုံရေးအတွက် အပြည့် တာဝန်ယူပါတယ်” လို့   သူ့ရဲ့   လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ မတ် ရ ရက်နေ့က  ရေးသားထားပါတယ်။

CDM ဝန်ထမ်းတွေကို ခိုလှုံခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူနဲ့ CRPHရဲ့  ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာဆာဆာနဲ့ တွေ့ဆုံစဉ်က    သီးခြားဆွေးနွေးခဲ့တာ  မရှိပေမယ့်   KNU အနေနဲ့  CDM ကို  ထောက်ခံတာကြောင့်    CDM လုပ်တဲ့  ဝန်ထမ်းတွေကို  ကူညီပေးနိုင်တယ်လို့  ပြောပါတယ်။
ဆက်ဖတ်ရန် →

ပိုက်လိုင်းတစ်လျောက် အသေးစား မီး ရှို့တာခံနိုင်ပါတယ်


တရုပ်ပိုက်လိုင်းမှာ ရေနံစိမ်းပိုက်လိုင်းရယ်၊ ဂက်စ် ပိုက်လိုင်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။ရေနံစိမ်းပိုက်လိုင်းကတော့ ပြည်ပကဝယ်လာတဲ့ ရေနံစိမ်းကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ရေနံချက်စက်ရုံဆီပို့တာပါ။

ဂက်စ် ပိုက်လိုင်းကတော့ LNG carrier ကနေသယ်လာတဲ့ သဘာဝဓါတ်ငွေ့အရည်ကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ Gas Processing Plant အထိရောက်အောင် Compressor စက်ကြီးတွေနဲ့ ဖိအားမြှင့်ပြီးတွန်းယူတာပါ။

ပိုက်လိုင်းတွေအကုန်လုံးဟာ API (American Petroleum Institute Standard) စံချိန်စံညွှန်းတွေအတိုင်း တည်ဆောက်ထားတာမို့ တော်ရုံတန်ရုံ မီးလောင်တာ (တောမီး)၊ ငလျင်လှုပ်တာလောက်ကို ခံနိုင်ရည်ရှိပါတယ်။

ဒါကြောင့်မို့ ပိုက်လိုင်းတစ်လျောက် ရိုးရိုးသာမန် အသေးစားမီးရှို့တာ (တာယာမီးပုံရှို့တာ၊ ဒီဇယ်လောင်းရှို့တာ) လောက်ကိုခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါမျိုးတွေ မလုပ်ကြပါနဲ့။ 😗

ပိုက်လိုင်းတစ်လျောက် မှာ ရေနံစိမိးနဲ့ ဂက်စ် ပို့လွှတ်ရာမှာ ခန့်မှန်းခြေ မိုင်တစ်ရာ (သို့) နှစ်ရာတိုင်းမှာ ဖိအားမြှင့်တင်ရေးစက်ရုံတွေရှိပါတယ်။ ပုံမှာ Oil Pumping station တွေမှာ Booster Pumps တွေ ထိုင်ထားပြီး Gas Compressing station တွေမှာ Booster Compressor တွေ ထိုင်ထားပါတယ်။ အဲ့ဒီစက်ရုံတွေမှာ ရေနံစိမ်းအတွက် ပိုက်လိုင်း Booster Pump နှစ်လုံး (A & B ) နဲ့ ဂက်စ်အတွက် Booster Compressor နှစ်လုံး (A & B ) နှစ်လုံး စီအထိုင်ချရပါတယ်။ ဒီစက်တွေသာ ပျက်သွားရင်တော့ ပျက်စီးမှု ပမာဏအလိုက် စက်ပြန်လည်အစားထိုးရဖို့ အနည်းဆုံး ဆယ်လကနေ တစ်နှစ်အထိစောင့်ရမှာပါ။ အဲ့ဒီစက်တွေဟာ အနောက်နိုင်ငံက စက်တွေဆိုရင် အမေရိကန်က စီးပွားရေးပိတ်ဆို့ရင် အနောက်နဲ့ G20 နိုင်ငံတွေက ကုပ္ပဏီတွေက ထပ်မံရောင်းချပေးမှာမဟုတ်ပါဘူး။ အဲ့ဒါဆိုတရုတ်ပြည်တွင်းထုတ် စက်အစုတ်တွေနဲ့ အစားထိုးရမှာပါ။  အဲ့ဒီ့အတွက် နောက်ထပ် တစ်နှစ်စောင့်ရမှာပါ။ 

သို့သော် ဒီစက်တွေကို ပျက်စီးအောင်လုပ်ဖို့ကတော့ အဲ့ဒီ Booster stations တွေမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေရဲ့ အကူအညီ မပါပဲနဲ့တော့ လုပ်လို့မရပါဘူး။ လုပ်တဲ့နည်းလမိးကတော့ အဲ့ဒီစက်တွေရဲ့ Lube Oil System ရဲ့ Lube oil supply line ကိုပိတ်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ ဒီစက်တွေဟာ အတွင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားမှာ ဖြစ်ပါတယ်။  ဖျက်တဲ့အခါမှာလဲ စက် A နဲ့ B နှစ်လုံးစီ ရှိမှာ ဖြစ်တဲ့အတွက် လက်ရှိ Run နေတဲ့ စက်တစ်လုံးကို အဲ့ဒီနည်းနဲ့ဖျက်လို့ရပေမယ့် Standby အနေအထားမှာ ရှိနေတဲ့ စက်တစ်လုံးကိုတော့ ဖျက်လို့မရနိုင်ပါဘူး။ အလွယ်ဆုံးကတော့ standby machines တွေရဲ့ Lube oil supply ဝင်ပေါက်တွေကို ဂွနဲ့ ဖြုတ်ပြီး အထဲကို သဲ လက်ခုတ်နဲ့ နှစ်ဆုပ်စီလောက် ထည့်ထားခဲ့လည်းရပါတယ်။   

ဒါမှမဟုတ်ရင်လဲ Lube Oil system ထဲက Lube Oil filter တွေကိုဖွင့် Inner Cartridge ကို ဖြုတ်ပြီး သဲလက်နှစ်ဆုပ်လောက်စီ ထည့်ထားခဲ့မယ်ဆိုရင်လဲ စက်ကြီးတစ်ခုလုံး အချိန်အနည်းငယ်အတွင်းမှာ ပျက်စီးတတ်ပါတယ်။

Compressor ဆိုရင်တော့ Gas Seal supply line ကိုပိတ်ချလိုက်မယ်ဆိုရင် အသေးစားပျက်စီးမှု (Gas Seal Damage) ဖြစ်သွားမှာပါ။

အဲ့ဒီလိုတွေတော့ မလုပ်ကြပါနဲ့လို့ တောင်းပန်ပါတယ်။ 😋

အပြင်ကနေ ဖျက်ချင်ရင်တော့ ဘလောက်ချိန်း သံကြိုးကြီးကြီး ပေနှစ်ရာ သုံးရာလောက်နဲ့ ပိုင်လိုင်းကို သံကြိုးနဲ့ချည်ပြီး ဘူဒိုစာနဲ့ အဝေးကနေ လှမိးဆွဲတာမျိုး Container ကား ခေါင်းပိုင်းနဲ့ ဆွဲတာမျိုးက ဖြစ်နိုင်ခြေရှိပေမယ့် ဒီနည်းက အန္တရယ်များလှပါတယ်။ ဖိအားမြှင့်သိပ်ထားတဲ့ ဂက်စ်တွေ ပြင်ပက မီးစတစ်စုံတစ်ခုနဲ့ ထိတွေ့ပြီးပေါက်ကွဲရင် ကားမောင်းတဲ့ သူအနေနဲ့ ကားရော လူရော လွတ်လမိးမရှိပါဘူး။  အဲ့ဒီလိုလည်းမလုပ်ကြပါနဲ့ ခင်ဗျာ။ 😗

ပုံမှပြထားတဲ့ Gas Torching ဆိုရင်တော့ တမျိုးပေါ့လေ။ အဖိုးနည်းဝန်ပါပေါ့။ ဘော်ဒီထုတတ်တဲ့ လူတိုင်းလဲတတ်နိုင်တာမျိုးတွေ မလုပ်ကြပါနဲ့ဗျာ။ 😩😩

အကယ်၍ သင်က လက်နက်ကိုင်ဖြစ်နေရင်တော့ အနီးကပ် မိုင်းဆင်ပြီး အဝေးထိန်းနဲ့ ခွဲတာ၊ RPG နဲ့လှမ်းပစ်တာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်တာမျိုးတွေ မလုပ်ကြပါနဲ့။  အဲ့ဒီလို လုပ်ရင် ပိုက်လိုင်းပျက်စီးသွားနိုင်ပါတယ်။ 😋

ထို့အတူ ပိုက်လိုင်းတစ်လျောက် အစောင့်စခန်းပေါင်း ၅၉ စခန်းနဲ့ တစ်ကီလိုမီတာ တစ်ယောက် ကင်းတိုကင်းရှည် ကင်းတိုကင်းရှည်တွေလဲ ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။ အဝေးကနေ RPG နဲ့ပစ်တာကတော့ စိတ်အချရဆုံးပေါ့။ 😋

ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကတော့ လက်ရှိတရုပ် မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေနိုင်မယ့် ၊ ဒေါ်မိအောင်လှိုင်ကို စိတ်ညစ်ရစေမယ့် အပြုအမူတွေက်ု လုံးဝ (လုံးဝ) မပြုလုပ်ကြစေဖို့ အလေးအနက်တောင်းဆိုလိုက်ရပါတယ် ခင်ဗျာ။ 😋


ဆက်ဖတ်ရန် →

"ဟဟ ပါပဲ"

~~~~~ ■ ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ "ဟဟ ပါပဲ" အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ " ပြည်သူ့ထမိန်" ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆက်ဖတ်ရန် →

ကြယ်စင်ကိုသေနတ်ထိမှန်ချိန်

ကြယ်စင်ကိုသေနတ်ထိမှန်ချိန် အကုန်ပြေးလွှား

နေတာပဲတွေရချိန်ဒိုင်းကဟအသွားမှာကျည်ဝင်
လာတာကို သူတို့မပစ်ပါဖူးဆိုပြီးဖင်ပိတ်ငြင်းလဲ
ရာဇဝတ်ကောင်အဖြစ်ကမလွတ်ပါဖူး မအလ

ဆက်ဖတ်ရန် →