နောက်ဆုံးရ

အနောက်ပိုင်းဆေးရုံနားကလမ်းတိုင်းဝင်ပစ်

ကြည့်မြင်တိုင် အနောက်ပိုင်းဆေးရုံအနီး

သီတာရပ်ကွက် သိန္နီလမ်း ၉:၃၀ 

အနောက်ပိုင်းဆေးရုံနားကလမ်းတိုင်းဝင်ပစ်
ကင်းသမားတွေပါသွားတယ်
ကင်းသမားတွေအတွက်ထားထားတဲ့ စားစရာတွေ
အကုန်မသွားပါတယ် တော်တော်ငတ်ပြတ်နေကျတာပါ 

ဆက်ဖတ်ရန် →

စစ်တပ်အသိုင်းအဝိုင်း၏အိမ်တစ်လုံးကို ပစ်ခတ်၍ အော်ဆဲ

ရန်ကုန် ၁၀၈ လမ်းတွင် ယနေ့ညပိုင်း စစ်တပ်အသိုင်းအဝိုင်း၏အိမ်တစ်လုံးကို ပစ်ခတ်၍  

ပစ်ခတ်ခံရသည့်အိမ်က စစ်တပ်ကို မထောက်ခံ

တော့ဟု အော်ဆဲ   


ဆက်ဖတ်ရန် →

ဆန္ဒပြတဲ့ကလေးကို လက်နက်ကိုင် အကြမ်းဖက်သမားများကရိုက်နှက်ဖမ်းဆီး

ရွေပြည်သာက ဆန္ဒပြတဲ့ကလေးကို လက်နက်ကိုင် အကြမ်းဖက်သမားများက လူအင်အားနဲ့ရိုက်နှက်ဖမ်းဆီး 

Military terrorist violently beating the protester.(Shwe pyi thar, Yangon)

#Mar7Coup
#MilitaryCoupInMyanmar
#WhatsHappeningInMyanmar

ဆက်ဖတ်ရန် →

ရန်ကင်းအုပ်ချုပ်ရေးမှူးရုံးမှာ စစ်သား တွေ စခန်းလာချ

ရန်ကုန်၊ ရန်ကင်းအုပ်ချုပ်ရေးမှူးရုံးမှာ စစ်သား အယောက် ၃၀ နီးပါး စခန်းလာချခြင်းကို ရန်ကင်းရပ်ကွက်နေသူအပေါင်း လူ ၈၀၀ ခန့်ဝန်းကျင်ခန့်ကကန့်ကွက်။

ရန်ကင်းလမ်း၂ ရပ်ကွက် လူက တဖြည်းဖြည်းများလာ၍ အခြေအနေက တင်းမာခဲ့သည်ရှိသော်လည်းပထမအဆင့် အောင်မြင်စွာညှိနိုင်းပြီးစီးကြောင်း
#ရန်ကင်း (၇.၃.၂၀၂၁)" 


ဆက်ဖတ်ရန် →

မြထွန်းဦးက ကနေဒါအခြေစိုက် Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှား

မြထွန်းဦးက Ari Ben-Menashe ထောင်ထားတဲ့ ကနေဒါအခြေစိုက် Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှားလိုက်တယ် လို့ ဖတ်ရပါတယ်။ ဒေါ်လာသန်းချီပေးငှါးရတဲ့ ဒီလိုအဖွဲ့အစည်းမျိုးကို စစ်သူပုန်အဖွဲ့က ဘယ်ကရတဲ့ငွေကြေးနဲ့များ ငှားရမ်းနိူင်တာပါလိမ့်လို့ တွေးမိတယ်။

တဆက်တည်းမှာပဲ Dickens & Madsonဟာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ၊ Ari Ben-Menasheဟာ ဘယ် လို လူလဲ သိချင်လို့ လက်လှမ်းမီရာ ဖတ်ကြည့်မိတယ်။

သေချာတာက Dickens & Madsonဟာ နာမည်ဆိုးနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာပဲ။

ဧပြီ ၂ဝ၁၉ တုန်းက ဆူဒန်မှာ အာဏာရှင်သမ္မတ Omar Al-Bashir ပြုတ်ကျခဲ့အပြီး TMC- Transitional Military Council အနေနဲ့ စစ်တပ် က ယာယီအာဏာထိန်းသိမ်းထားစဉ် မေလ ၂ဝ၁၉ မြာ ဆူဒန် ဒုတိယဗိုလ်ချုပ်ကြီး Dagalo (Hemeti)က Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှားရမ်းဖူးခဲ့တယ်။

အမေရိကန်ဒေါ်လာ ၆သန်းပေးခဲ့ရတ့ဲ အဲဒီငှားရမ်းမှှုမှာ လုပ်ငန်းသဘောအရ စစ်တပ်ရဲ့ကျဆင်းနေတဲ့ ပုံရိပ် ကို နိူင််ငံတကာမှာ ပြန်ဆယ်ပေးဖို့၊ နိူင်ငံတကာ မီဒီယာတွေမှာ ကောင်းသတင်းရအောင် မီဒီယာနဲ့ ပြန်တိုက်ပေးဖို့၊ လော်ပေးဖို့တွေ စာချုပ်ရေးထိုးခဲ့ကြတယ်။  အဲတာအပြင် စာချုပ်ထဲမှာ လစ်ဗျားခေါင်းဆောင် Khalifa Haftarနဲ့ ငွေအပေးအယူလုပ်ပြီး လစ် ဗ်ားကို တပ်ကူပေးဖို့ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

အာဏာရှင်သမ္မတ Omar Al-Bashirဟာ ၁၉၈၉ ကတည်းက နှစ်ပေါင်း ၃ဝကျော် ဆူဒန် ကို မတရားအုပ်ချုပ်ခဲ့တာဖြစ်တဲ့အပြင် War crimes / Crimes against humanityစတဲ့ ရာဇဝတ်မှှုပေါင်းများစွာကို စစ်တပ်နဲ့ပေါင်းပြီး ကျူးလွန်ခဲ့တဲ့ အာဏာရှင်လည်းဖြစ်တယ်။

၂ဝ၁၈ ဒီဇင်ဘာက စခဲ့တဲ့ လူထုအုံကြွမှှုသပိတ်ဟာ ဘက်ပေါင်းစုံကနေ လှုပ်ရှားခဲ့တာကြောင့် ၂ဝ၁၉  ဧပြီမှာ Omar Al-Bashir ပြုတ်ကျခဲ့ပြီး စစ်တပ်အာဏာသိမ်းခဲ့တယ်။ လူထုက စစ်တပ်ကိုလည်း လက်မခံနိူင်ဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြရတယ်။ Dagaloတို့ရဲ့ TMCဟာ ဧပြီ ၂ဝ၁၉  ကေန သြဂုတ်လ ၂ဝ၁၉ အထိသာ သက်တမ်းတာရှည်ခဲ့တယ်။ စက်တင်ဘာ ၂ဝ၁၉ က် မွ ပဲ အရပ်သားအစိုးရတက်လာပြီး ဆူဒန်ဟာ တည်ငြိမ်အေးချမ်းမှှုပြန်လည်ရရှိခဲ့တော့တယ်။

အဓိကပြောချင်တာက Dickens & Madsonရဲ့ လော်ဘီအဖြစ် အလုပ်လက်ခံမှှုကို ပြောချင်တာ။ နိူင်ငံတကာမီဒီယာတွေမှာ အင်မတန်ဆိုးဝါးတဲ့ အာဏာရှင်ဘက်ကနေ လော်ပေးမယ့် အဖွဲ့အစည်းအဖြစ် Dickens & Madsonကို ယုတ်မာသေးသိမ်တဲ့အဖွဲ့အစည်းအဖြစ် ဝေဖန်ပြစ်တင်ရေးသားမှုတွေ ရှိခဲ့ကြတယ်။

ငွေကြေးဟာ အရာရာကို ဝယ်ယူကောင်း ဝယ်ယူနိူင်ပါလိမ့်မယ်၊ ဒါပေမယ့် ဂုဏ်သိက္ခာနဲ့ လေးစားသမှှုကိုတော့ ငွေကြေးနဲ့ဝယ်ယူလို့ မရနိူင်ဘူးလို့ ဆိုခဲ့ကြတယ်။

ဆူဒန်မှာ လူတွေအများကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အမှှုတွေကို ကမ်ဘာ့အလယ်မှာ လူမြင်ကောင်းအောင်ဖုံးဖိပေးဖို့အရေး ကြံစည် အိပ်မက်မက်နေရတာနဲ့ ည တွေ မွာ မင်းတို့ ကောင်းကောင်းရော အိပ်ပျော်ပါရဲ့လားလို့ မေးခွန်းထုတ် ခံခဲ့ကြရတယ်။  ခေတ်စကားနဲ့ပြောရရင် ချေးတုံးရွှေချဖို့ လုပ်နေရတာ ပျော်ရဲ့လား ပေါ့လေ။

ဆိုတော့ Dickens & Madsonဟာ ကမ္ဘာ့အလယ်မှာ ပုံရိပ်ကောင်းနဲ့ နေရတဲ့ အဖွဲ့အစည်းတော့မဟုတ်ဘူး။

အဲ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ Ari Ben-Menashe က်ရာ ဘယ်လိုလူမျိုးလဲ။ Menasheဟာ အီရန်ရဲ့မြို့တော် တီဟရန်မှာ မွေးခဲ့တဲ့ ဂျူးလူမျိုးဖြစ်တယ်။ သူ ဆယ်ကျော်သက်မှာ အစ္စရေးကို ပြောင်းပြီး အခြေချခဲ့တယ်။ ၁၉၈၉မြာ အီရန္ကို စစ်လေယာဉ်၃စီး ရောင်းချရန်ကြံစည်မှှုနဲ့ အဖမ်းခံခဲ့ရပြီး အေမရိကားမြာ ထောင် ၁နှစ်ကျခဲ့တယ်။ ဒေသခံအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး  ကနေဒါနိူင်ငံသားအဖြစ် ၁၉၉ဝမွာ ခံယူခဲ့တယ်။ ဇင်ဘာဘွေ စစ်အာဏာရှင်ဟောင်း Robert Mugabeလက်အောက်မှာ လုပ်ခဲ့ဖူးတဲ့ အစ္စရေး စစ်ထောက်လှမ်းရေးဟောင်းတဦးလည်း ဖြစ်တယ်။

၂ဝ၁၉  မေလမှာ ဆူဒန်TMC နဲ့ချုပ်ဆိုခဲ့တဲ့ လော်ဘီစာချုပ်ကို (nefarious agreement) ဒါဟာ အင်မတန်ယုတ်မာတဲ့စာချုပ်ပဲလို့ ကေနဒါအစိုးရက ပြစ်တင်ဝေဖန်ပြောဆိုခဲ့တယ်။ သူ့ရဲ့နောက်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖတ်ရတယ်။ လော်ဂျစ်စတစ်တို့ ပို့ကုန်သွင်းကုန်တို့တော့ ဘန်းပြလုပ်နေပုံရတယ်။

အချုပ်ပြောရရင် Ari Ben-Menashe နဲ့ သူထောင်ထားတဲ့ ကနေဒါအခြေစိုက် Dickens & Madson တို့ဟာ နိူင်ငံတကာမှာ နာမည်ဆိုးပေါက်ပြီးသား ဖြစ်တယ်ဆိုတာပါပဲ။

ခုတော့ နောက်ချေးနဲ့ဖွဲ ရောနှောမိကြတဲ့ အဖြစ်ပေါ့လေ။ ဒင်းတို့ ဗြောင်လိမ်ဗြောင်စားတွေကိုတော့ သိပြီးသားပေမယ့် ကမ္ဘာကို ဘာတွေ ဘယ် လို ချပြကြမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါပဲ။

ချစ်ကြည်အေး

Ref.  https://www.hrw.org

https://juicyecumenism.com


ဆက်ဖတ်ရန် →

ရွှေပြည်သာမှာဆန္ဒပြသူရာနဲ့ချီပြီးအိမ်တွေထဲအထိဝင်ဖမ်းခံရ

ရွှေပြည်သာထန်းခြောက်ပင်ဖက်ကနေ ရန်ကြီးအောင်ဘက်ကိုတစ်စုကျူချောင်ဘက်ကနေပတ်ပီး ရန်ကြီးအောင်ဘက်ကိုတစ်စု  ညှပ်ပြီးဖမ်းနေပါတယ် ချစ်ကောင်းဘက်မှာ လူငယ်တွေကို အိမ်ထဲထိဝင်ဆွဲပါတယ် ရဲတွေ အတော်ယုတ်မာနေပါတယ် ရာဘာကျည်ထိထားသူလဲထိထားပါတယ်မိန်းကလေးအယောက်တရာကျော်အဖမ်းခံရပါတယ်၊


ဆက်ဖတ်ရန် →

ဇော်မဲလုံးရဲ့ ဇနီးနဲ့ သမီး ဇာတိ မကွေးတိုင်း ပေါက်မြို့ကို တိမ်းရှောင်လာကြောင်း သိရ



ဇော်မဲလုံးရဲ့ ဇနီး နာမည်မှာ မသင်းသင်းအောင်
ဖြစ်ပြီးကျန်းမာရေးအငြိမ်းစားဝန်ထမ်း ဦးသန်းအောင်ရဲ့ သမီးဖြစ်ကြောင်းသိရပါသည်။

ပေါက်မြို အောင်တော်မူရပ်ကွက်မှာ နေထိုင်ကြောင်းသိရပါသည်။သင်းသင်းအောင်နဲ့ မြင့်မြင့်အောင်ဆိုပြီး ညီအစ်မနှစ်ရှိတာဖြစ်ပြီး
မြင့်မြင့်အောင်က အစ်မအပျိုကြီးလို့ သိရ။ 
လဝက ဝန်ထမ်းဖြစ်ပြီးသင်းသင်းအောင်မှာ 
ယခင်ကသူနာပြုတယောက်ပါ။

ယနေ့မနက်မှာ ဇော်မဲလုံးရဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပေါက်မြို့ကို တိမ်းရှောင်လာကြောင်း သိရတဲ့အတွက်ဒေသခံများ လုပ်သင့်တာကို လုပ်ကြပါ။
ရဲဇော်  🇱🇷 
ဆက်ဖတ်ရန် →
ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်

ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်



"ပန်းဘဲတန်းမှာ မနေ့ညက(၅/၀၃/၂၀၂၁)နေ့ကဖမ်းခံရသူ ကျဆုံးရှာပြီ"

မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်ကို အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးတာခံလိုက်ရတဲ့ ဦးခင်မောင်လတ် (NLD ၇ရပ်ကွက် ဥက္ကဌ) ညတွင်းချင်းဆုံးသွားပြီလို့ ပြည်သူ့လွှတ်တော်အမတ် ဦးစည်သူမောင်က ဆိုပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ဦးခင်မောင်လတ်ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားရောက်ထုတ်ယူနေပြီး အစ္စလာမ်ထုံးတမ်းနဲ့အညီ ဈာပနပြုလုပ်ဖို့ မြို့ခံပြည်သူတွေက ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
Credit- ကမာရွတ်မီဒီယာ။ 😔😔😔
ဆက်ဖတ်ရန် →
လက်နက်ကိုင်အဖွဲအစည်းတွင်အမိန့်မနာ ခံလျှင်ပြစ်မှုမြောက်ပါသည်။

လက်နက်ကိုင်အဖွဲအစည်းတွင်အမိန့်မနာ ခံလျှင်ပြစ်မှုမြောက်ပါသည်။












🔺လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အမိန့် မနာခံတာနဲ့တင် ပြစ်မှု့မြောက်။ အရပ်သားဥပဒေနဲ့မတူ။ ဒါကြောင့် စစ်သား၊ ရဲ တို့ဆိုတာ CDM လုပ်မရ။ တပ်ပြေး ၊ ရဲပြေးဘဲ လုပ်လို့ရ။
Reference @meemeetofu



ဆက်ဖတ်ရန် →
ကြယ်စင်လေးရဲ့အမှန်တရား

ကြယ်စင်လေးရဲ့အမှန်တရား

🚨 အမှန်တရားကိုဖြန့်ပေးကြပါ

ကျဆုံးသွားတဲ့ သူရဲကောင်းမလေး ကြယ်စင်ဟာ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားဖြစ်ပြီး တရုပ်လူမျိုးနွယ်ဝင်လည်းဖြစ်ပါတယ်။ 

အဲ့ဒီတော့ ယမနေ့ညက ဖြစ်ပွားခဲ့တဲ့ သူ့မရဲ့အုတ်ဂူကို အကြမ်းဖက်အုပ်စုမှ ခိုးကြောင်ခိုးဝှက်နဲ့ ဖျက်ဆီးခဲ့သော ဖြစ်ရပ်များ၊ အကြမ်းဖက်အုပ်စုမှ မပြုလုပ်သင့်သော လုပ်ရပ်များကို Social Media ပေါ်မှာဖြန့်ပေးကြပါ။ 

တရုတ်ဘာသာစကားနဲ့ တရုတ်လူမျိုးတွေကြားမှာ ဖြစ်ပျက်ခဲ့တဲ့အမှန်တရားတွေကို ချပြပေးကြဖို့တောင်းဆိုပါတယ်။ သူတို့လူမျိုးမှာ ဒါဟာ လုံး၀ မလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး အကြမ်းဖက်အုပ်စုရဲ့ကောက်ကျစ်ရုပ်မှာမှုကို တရုတ်လူမျိုးတွေထံရောက်အောင် ချပြပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

◼ ပုံနှင့် Video များ ဒီမှာရယူနိုင်ပါတယ်။
https://www.facebook.com/officialnats0e/posts/2962361484086554

#WhatsHappeningInMyanmar #MilkTeaAlliance #NatS0e  #SACTerroristGroup #SupportCRPH #JusticeForMyanmar

ဆက်ဖတ်ရန် →