ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။
"ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုပါ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ကသာမြို့နယ်၊ ကျေးရွာများအနီးတွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။
"ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီမှာ ငအိုးမှထွက်လာတဲ့ စစ်ခွေးတွေကို ပျဥ်ထောင်လေးကျေးရွာအုပ်စု နတ်ရေတွင်းအနီး လွင်ကြီးကွင်းမှာ PDF က တိုက် ခိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မယ်ငိုရွာအနီး ဝါးခုတ်တောတွင် ထပ်မံတိုက်ပွဲဖြစ်ပါတယ်။ ညအချိန်တွင် မယ်ငိုရွာထဲဝင်နေတဲ့ စစ်ခွေးတွေက ရွာကို မီးတင်ရှို့တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တက်တူလယ်ရွာကို မီးထပ်ရှို့တယ်။ သာယာ ကုန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို ဖျက်ဆီးမီးရှို့တယ်။ ညနေပိုင်းမှာ အင်းကြီးရွာကို စစ်ကြောင်း တစ်ခု ရောက်လာပြီး Ooredoo တာဝါတိုင်ကို ဖျက်ဆီးတယ်။ စာသင်ကျောင်းမီးရှို့တယ်။ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပါတယ်။ ပြည်သူတွေအားလုံးထွက်ပြေးနေရပါတယ်" ဟု ကသာ PDF မှ တာဝန်ရှိသူက ပြောဆိုသည်။



ဆက်ဖတ်ရန် →
ကီရာ မဇ္ဈိမ
နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် နေပြည်တော် အမှတ် (၁၀)ရုံးသို့ လိပ်မူ၍ အသနားခံစာ တင်ရသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သိရသည်။
ထိုသို့ အသနားခံစာတင်ရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ရန် စောင့်နေရသူများနှင့် နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ရန် ၎င်းတို့သတ်မှတ်ထားသည့် QR ရရှိထားသူများသည်လည်း အသနားခံစာတင်နိုင်သည်ဟုလည်း သိရသည်။
ထို့အပြင် ကျန်းမာရေးကြောင့် ပြည်ပထွက်ရန် လိုအပ်သူများနှင့် ကျောင်းကိစ္စရပ်များကြောင့် ပြည်ပထွက်ရန် လိုအပ်သူများသည်လည်း အသနားခံစာရေး၍ နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် တောင်းဆို လျှောက်ထားကြသည်ဟုလည်း သိရသည်။
အသနားခံတောင်းဆိုလွှာနှင့်ပတ်သက်၍လည်း
" အဘဥက္ကဌကြီးအား အသနားခံစာ တင်ပြအပ်ပါသည်။ ဤစာသည် ဒုတိယအကြိမ် တင်ပြခြင်းဖြစ်ပါသည်။ ပထမအကြိမ် အသနားခံစာကိုလည်း ပူးတွဲတင်ပြအပ်ပါသည်။ ကျေးဇူးပြု၍ သမီးစာအုပ်အားထုတ်ယူခွင့်ပြုရန် အဘဥက္ကဌကြီးအား လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်"ဟု ရေးသားထားသည့် အသနားခံစာပုံစံနမူနာသည်လည်း နိုင်ငံကူးလက်မှတ်ဂရုတွင်လည်း ပျံနှံလျက်ရှိနေသည်ကိုလည်း တွေ့ရသည်။
နိုင်ငံကူးလက်မှတ်ရုံးများကို ၂၀၂၂ခု နှစ် ဒီဇင်ဘာလလယ်တွင် အကြောင်းပြချက်အတိအကျမရှိဘဲ စတင်ယာယီပိတ်သိမ်းခဲ့ပြီး ဇန်နဝါရီ လကုန်တွင် လျှောက်ထားမှုလုပ်ငန်းစဉ်အသစ်တစ်ခုဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက VOAကို ပြောထားခဲ့သည်ကိုလည်း တွေ့ရသည်။
သို့သော် လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရုံးများကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း အသနားခံစာဖြင့် တောင်းဆိုလျှောက်ထားသူများကို နိုင်ငံကူးလက်မှတ်စာအုပ်များ စိစစ်ထုတ်ပေးနေသည်ဟု သိရသည်။
အသနားခံစာတင်သော်လည်း နိုင်ငံကူးလက်မှတ်ရသူလည်းရှိသလို မရသူများလည်းရှိသည်ကို မဇ္ဈိမကစုံစမ်းစစ်ဆေးမှုတွင်တွေ့ရသည်။

ဆက်ဖတ်ရန် →
MFP ၊ ဖေဖော်ဝါရီ - ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ (၁၀) ရက် ညနေပိုင်းက ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သေဆုံးသူဟာ ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးတပ်၊ စခတ (၈) မှာ ၂၀၁၆-၂၀၁၇ အထိ တပ်မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကိုကိုကြီး(ငြိမ်း) ဆိုသူ ဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ ပစ်သတ်ခံရခြင်း ဖြစ်ကာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်နေ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကြီး (၅၅) နှစ်ကို ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာသူတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားပြီး ဦးကိုကိုကြီးမှာ သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
စစ်ဗိုလ်မှူးကြီးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းလာနိုင်လို့ အများပြည်သူ အနေနဲ့ စစ်အုပ်စုနှင့် ဝေးဝေး နေကြဖို့ တော်လှန်ရေး အင်အားစုတွေ ကိုယ်စား မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို


ဆက်ဖတ်ရန် →
ပြင်ဦးလွင်-မိုးကုတ်လမ်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦး ကျဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် စစ်ကောင် စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် မန္တလေး PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှ စတင်၍ ပြင်ဦးလွင်- မိုးကုတ် လမ်း ဒိုပင်းကျေးရွာနှင့် လုံးခန်း ကျေးရွာ အနီးတွင် PDF တပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် အနီးအနား ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ် းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော် ဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊ မြေပြင်တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားသည့်အပြင် စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ လည်းကောင်း ၊တိုက်လေယာဉ်များကို အသုံးပြု၍ ၃ ကြိမ်တိုင်တိုင် လေကြောင်းပစ်ကူပေး၍လည်းကောင်း ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအချိန် ၆ နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော်စစ်နိုင် နှင့် ရဲဘော် ဖိုးဝ တို့ ကျဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။
ဆက်ဖတ်ရန် →
လွေးထွေး၊ ရွှေဖီမြေ
ဖေဖော်ဝါရီ ၁၂ ရက်၊ လားရှိုး
၂၀၂၂ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ကျရှုံးခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်တာဟာ ပြည်တွင်း ပြည်ပတွေရဲ့ နှောက်ယှက်မှုတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သက်ဆိုင်ရာတွေက နိုင်ငံနဲ့ပြည်သူ့အကျိုး၊ ပြည်သူ့ လိုအပ်ချက်တွေ စဉ်းစားပြီး မလုပ်ဆောင်ပေးလို့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံးမှာဖြစ်ပြီး နိုင်ငံအတွက် ရင်လေးတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက ငြိမ်းချမ်းရေး ကြိုးပမ်းတာ ကျရှုံးခဲ့တယ်လို့ ဝန်ခံတဲ့အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က "တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို NUG, PDF က ထိန်းချုပ်ထားပြီ။ ဒါကြောင့် တိုင်းပြည်ကို ထိန်းသိမ်းနိုင်စွမ်း ကုန်ဆုံးနေပြီဆိုတာကို ဝန်ခံလိုက်တာ။ အဲ့ကြောင့် ဟိုပြည်သူ၊ ဒီပြည်သူ၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လိုက်ပြီး လက်ညိုးထိုးနေတာ" လို့ ပြောပါတယ်။
တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်က တိုင်းပြည်ကို မကာကွယ်ဘဲ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံနဲ့ လုပ်နေကြတယ်ဆိုတာကို ပြည်သူတွေက သိပြီးသား ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတုအယောင် ဖိတ်ခေါ်မှုတွေ၊ တိုင်းရင်းသားတွေနဲ့ အတုအယောင် ဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ လုပ်စရာ မရှိပါဘူး" ဆိုပြီး ပြောပါတယ်။
စစ်ကောင်စီက လက်ရှိ ၎င်းရဲ့ပိုင်ဆိုင်မှု၊ မိသားစုတွေ၊ ကိုယ်ကျိုးတွေ ထိခိုက်လာနေပြီဆိုတာကို သိနေလို့ နိုင်ငံအပေါ် ရင်လေးတယ်လို့ ပြောဆိုတာဟာ မဆန်းဘူးလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေး ဦးဆောင်တဲ့ ကော်မတီတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးဟာ ရပ်တန့်သွားရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာတွေထဲ ရေးသားဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးတဲ့အဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကလည်း အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် ရည်မှန်းချက်တူညီတဲ့ တိုင်းရင်းသားပြည်သူတို့နဲ့ လက်တွဲ အကောင်အထည်ဖော်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း သဝဏ်လွှာထဲ ရေးသားထားပါတယ်။
#စစ်ကောင်စီ #ပြည်ထောင်စုနေ့ #ငြိမ်းချမ်းရေး
#ဓာတ်ပုံ- Google

ဆက်ဖတ်ရန် →
🟢 EAO တွေရဲ့ လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော
မိုင်းရူပ၊ ရွှေဖီမြေ
ဖေဖော်ဝါရီ ၁၁ ရက်၊ လားရှိုး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO)တွေရဲ့ လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ခေါင်းဆောင်က လက်နက်ပေါင်း (၁၇,၆၉၀)ကျော်၊ ဗုံးနဲ့ လက်နက် (၂၇,၂၀၀)ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ EAO နဲ့ နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ လက်နက်တွေဖြစ်ပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ဖြစ်ကြောင်း အတိအကျ ပြောဆိုထားတာ မရှိပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်နဲ့ PDF တွေရဲ့ နိုင်ငံရေး သဘောထား တူညီမှုမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေဟာ ဒီမိုကရေစီကို အကြမ်းဖက်နည်းနဲ့ လုယူနေတာကို တွေ့မြင်နေရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အကြမ်းဖက်မှု လျော့နည်းအောင် အရေးပေါ်ကာလ သက်တမ်း ၆ လအတွင်းမှာ ကိုင်တွယ်ဖြေရှင်းမယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
#လက်နက် #ဖမ်းမိ #စစ်ကောင်စီ #EAO
#ဓာတ်ပုံ- Google
ဆက်ဖတ်ရန် →
ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CNA တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CNA ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CNA တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CNA ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CNA တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အ ကြမ်းဖက် စစ်တပ်မှ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် CNA တပ်မဟာ နယ်မြေ -၄ အတွင်း၌ CNA နှင့် CDF- Hualngoram ရဲဘော်များက ရိက္ခာသယ်ယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ZRA တပ်ဖွဲ့က Laitui ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပြီး ZRA ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးကာ ၂၂ ဦးကျော်ဒဏ်ရာရရှိ ခဲ့ပြီး သေနတ်အလက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ CNA ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ စစ်ရ ဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ ဗျူ ဟာ ကုန်းမှလည်း ထန်တ လန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
ဆက်ဖတ်ရန် →
ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံနေသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တစ်ဦး ငွေစက္ကူအတုများနှင့် ဖမ်းဆီးခံရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် ပေါင်းတည်မြို့နှင့် အုတ်ဖိုမြိုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်က ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံရာတွင် လက်ခံထားမိသည့်ငွေမှာ ငွေအတုဖြစ်နေ၍ ဖမ်းဆီးခံရတာဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။
“တပ်ကြပ်ကြီးက ပဲခူးမှာဆိုင်ကယ်သွားဝယ်ရင်း တစ်သောင်းတန်ငွေအတုတွေ ပါလာလို့ ဆိုင်က ရဲစခန်းဖုန်းဆက်လိုက်တာ ပြီးမှ စစ်တပ်က တပ်ကြပ်ဖြစ်နေတယ် ရဲစခန်းကတော့ ခေါ်သွားတာပဲ အမှုကို ဘယ်လိုလုပ်မလဲ မသိဘူး”ဟု ပြောသည်။
ပေါင်းတည်မြို့ သပြေကုန်းဂိတ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ညမထွက်ရအမိန့်နှင့် အတူ ယာဥ်စစ်ဆေးမှုများကို ပြုလုပ်စဥ် ငွေကြေးတောင်းခံမှုများ လုပ်ခဲ့ရာတွင် အဆိုပါ ငွေအတုမှာ ပါဝင်လာခြင်းဖြစ်ကြောင်း အဆိုပါတပ်ကြပ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဲ့ဒီပိုက်ဆံက ဘယ်သူပိုက်ဆံလဲဆိုတော့ တပ်ကြပ်က ကျနော်ပိုက်ဆံတဲ့ ငွေအတုဆိုတော့ မဟုတ်ဘူး လစာထဲက ပါတာလို့ ထွက်ဆိုသေးတယ် တပ်ရေးဗိုလ်ကြီးက ထထိုးတော့မှ ကားတွေဆီက ပိုက်ဆံတောင်းတာမှာ ပါလာတာမှန်း ပေါ်တာ”ဟု ပြောသည်။
ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်၊ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါက်ခေါင်းမြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည်။
CJ platform

ဆက်ဖတ်ရန် →


မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ပြေးနေရတာ အဝေးကနေပဲ လှမ်းကြည့်နေရတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။


ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက ရွာလုံးကျွတ် မီးတင်ရှို့ကြောင်း၊ ယင်းနောက် တင့်တယ်ကျေးရွာသို့ ဝင်ရောက်လာပြီး မီးတင်ရှို့လျက်ရှိရာ ယနေ့ညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနိုင်ခြေရှိကြောင်း ဒေသပြည်သူများက ပြောသည်။
"ပြည်သူတွေအားလုံးကတော့ ထွက်ပြေးနေရတယ်။ တင့်တယ်ရွာက မီးခိုးလုံးတွေတက်နေတာ တစ်နေကုန်ပဲ။ တစ်ရွာလုံးကုန်ပြီ ထင်ပါတယ်။ သီးလုံးကျေးရွာမှာရှိတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ရှို့နေကြတာ။ အခြေအနေဆိုးပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသော ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။
ဆက်ဖတ်ရန် →
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိပြီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်" ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။
အပတ်စဉ် ၄ သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြကြောင်း သိရှိရသည်။







ဆက်ဖတ်ရန် →
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ အထက်ပါ စကားကို ထိုင်း နိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုင်း-မလေးရှား ကုန်သည်ကြီး များ အသင်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ အာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ရပ်တန့်ရန် ဖိအားပေး’နိုင်မည့် အစီအစဉ်အသစ်များ ချမှတ်ရန် လိုအပ်လာနေပြီဟု ပြတ်ပြတ်သားသား တောင်းဆိုသွားခဲ့ပြန်သည်။
မြန်မာသည် မိမိတို့ နိုင်ငံ နှင့် ကိုက်ညီမည့် ကိုယ်ပိုင် ပြည်တွင်းမူဝါဒ များ နှင့် ဦးစားပေး အစီအစဉ်များ ချမှတ် ကျင့်သုံးခွင့် ရှိသည် မှန်သော်လည်း ယခုခေတ် တွင် မည်သည့် နိုင်ငံကမျှ ကိုယ်ပြည်သူများ အပေါ် ခွဲခြား ဆက်ဆံခွင့်၊ ဘေး ဖယ်ထုတ်ခွင့်၊ ခြိမ်းချောက်ခွင့်၊ ထိုထက် ဆိုးသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ပိုင်ခွင့် မရှိဟု ဆိုသည်။
အာဆီယံ အနေဖြင့် ထိုသို့ ကိုယ့်နိုင်ငံသားများ အပေါ် ပြန်၍ ကျုးလွန်နေသည့် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားရမည့် အစီအစဉ် အသစ်များ ချမှတ်ရန် လိုနေပြီဟု အကြံပေးခဲ့သည်။
ထိုသို့သော အပြုအမူ မျိုးကို သည်းငြည်းခံနေမည် ဆိုက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံများသို့ ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ရောက်ရှိလာတော့မည် ဖြစ်သည်ဟု ဆိုသည်။
မိမိတို့ အနေဖြင့် အမေရိကန် နှင့် အီးယူမှ ဘာလုပ်ပါ ညာလုပ်ပါ ပြောတာ မကြိုက်လျှင် မိမိတို့ဖက်ကလည်း တခုခု လုပ်သင့်ပြီ ပြီး သတ္တိရှိရှိ ဖြင့် ကြိုးစားဖြေရှင်းသွားရန် လိုသည်ဟု လည်း ပြောသွားခဲ့သည်။ လက်ရှိ ကြိုးပမ်းနေမှုများ ထက် ကျော်လွန်ပြီး လုပ်ရတော့မည်ဟု ဆိုသည်။
လောလောဆယ်တွင် အာဆီယံ မှ မြန်မာ ကို ဖယ်ထုတ်ပြစ်သင့်ကြောင်း၊ ၎င်းတို့ ကြောင့် အဖွဲ့ကြီး အတွင်း စိတ်ပျက်လက်ပျက် ဖြစ်လာမှုကို ခွင့်မပြုသင့်ကြောင်း နှင့် မိမိတို့အားလုံးမှ တစိတ်တဝမ်းတည်း မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ကို ပြောဆိုနိုင်မည် ဆိုလျှင် အတိုင်းထက် အလွန် ပင် ဖြစ်သည်ဟု လည်း ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။ အန်ဝါသည် ၂၀၂၁ ခုနှစ် အတိုက်အခံ ခေါင်းဆောင် ဘဝ တွင် ရှိနေစဉ်ကပင် ထိုသို့ ထုတ်ပစ်ရန် ၎င်းကဲ့သို့ ခေါင်းဆောင် ငါးဦး နှင့် အတူ ပူးတွဲ လက်မှတ်ရေးထိုးပြီး တောင်းဆိုထားခဲ့ဖူးသူ လည်း ဖြစ်သည်။
အန်ဝါ၏ ဝန်ကြီးချုပ် ဖြစ်ပြီး နောက် ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန် အို ချာ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့စဉ်အတွင်း “ခင်ဗျား အနေနဲ့ ကျွန်တော်တို့ စိုးရိမ်မကင်း ဖြစ်နေတာတွေကို ပြောနိုင်မယ့် အကောင်းဆုံး အနေအထား မှာ ရှိနေတယ်။ ပြည်တွင်းရေး ကို ပြည်တွင်းမှာ ရှင်းသင့်တယ် ဆိုပေမယ့် အခု ဒေသတွင်း ကို ရိုက်ခတ်လာတော့မယ့် အရေး ကြုံနေပြီ” ဟု ထောက်ပြ သွားခဲ့သည်။
အန်ဝါသည် မြန်မာ အရေး နှင့် ပတ်သက်ပြီး အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ၊ စင်္ကာပူ ဝန်ကြီးချုပ် လီရှင်လုံး၊ ဘရူးနိုင်း စော်ဘွား၊ ဖီလစ်ပိုင် သမ္မတ မာကို့စ် ဂျူနီယာ တို့နှင့် ပြောဆို ဆွေးနွေး’ပြီး ဖြစ်သည်ဟုလည်း ထုတ် ဖေါ် ပြောဆိုသွားခဲ့သည်။
အန်ဝါ အီဘရာဟင်သည် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ဖြစ်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့မှု ဖြင့် အထိန်းသိမ်း ခံခဲ့ရသည်။
အာဆီယံ နိုင်ငံများသည် ယခုလို မည်သည့် ဖက်မှ ပြတ်ပြတ်သားသား အနိုင်မရသေးသော အနေအထား တွင် နိုင်ငံအား တည်ငြိမ်မှု ရှိအောင် အာမခံနိုင်မည့် အနေအထား တွင် ရှိနေသည့် အဖွဲ့သည် စစ်တပ် ပင် ဖြစ်သည်ဟု စွဲမြဲစွာ ခံယူထားကြသူများ ဖြစ်သည်၊ ၎င်းတိုအဖို့က အမျိူးသား ညီညွတ်ရေး အစိုးရ သည် ခန့်မှန်းရ ခက်ပြီး ပြဿနာပေါင်းစုံ ထွက်ပေါ်လာနိုင်သည်ဟု လည်း မှတ်ယူထားကြသည်။
ထို့အတွက် စစ်တပ်ကို ငြင်ငြင်သာသာ ကိုင်တွယ်သွားရန် ဝိုင်းထိန်းပေးလို ကြသော်လည်း အခြေ အနေများက ထိန်းမရအောင် ဖြစ်လာပြီး ၎င်းတို့အား မြန်မာ ပြည်သူများက လုံးဝ လက်သင့် ခံလိုစိတ် မရှိသည်ကိုလည်း သဘောပေါက် လာကြသည်။
ထို့ပြင် တော်လှန်ရေး သည်လည်း ခုခံ စစ်မှ ထိုး
စစ်သို့ တဖြေးဖြေး ကူးပြောင်းလာနေပြီ ဖြစ်သည်ကိုလည်း ရိပ်စားမိလာနေပြီ ဖြစ်သည်။ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့သည်လည်း ကြံရာမရ ဖြစ်လာကာ ပျူစောထီး ဆိုသူများကို လက်နပ်တပ်ဆင်ရန် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ဥ ပဒေ ကိုပင် ထုတ်ပြန်လာခဲ့ရပြီ ဖြစ်သည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူများ အတွင်း အကြောက်တရား များ စိုးမိုးလာစေရန် လေကြောင်းမှ နေ၍ အရပ်သား ပစ်မှတ်များကို ရွေးချယ် တိုက်ခိုက်နေခြင်း ဖြင့် တော်လှန်ရေး အင်အားစုများကို အမြဲလို အသာစီး မှ နှိမ်နှင်းသွားနိုင်လိမ့်မည် ဟု အထင် ရောက်နေပြီး ရေရှည်လာပါက ၎င်းတို့ အတွက် ပြည်ပ ရန်ကို ဖိတ်ခေါ်သလို ဖြစ်လာနေသည်ကို လည်း တွက်ဆ နိုင်ခြင်း မရှိပြန်ပေ၊ ထိုသို့ ဖြစ်လာမည်ဆိုက ဒုက္ခသည်များ စုပြုံရောက်ရှိလာမည့် အရေးကြောင့် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ကို ခြိမ်းချောက်လာနေမှန်းလည်း အာဆီယံ ခေါင်းဆောင်များ ခေါင်းချင်း ရိုက်လာနေကြခြင်းလည်း ဖြစ်သည်။
အင်ဒိုနီရှား သမ္မတ မှ ဗိုလ်ချုပ်ကြီးဟောင်း တဦးအား လွှတ်၍ နားချမည့် အရေးသည် အာဆီယံ ၏ နောက်ဆုံး ကြိုးပမ်းချက်လည်း ဖြစ်သွားနိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ

ဆက်ဖတ်ရန် →
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။
မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်မှာ ကြေညာထားရပြီး တစ်နိုင်ငံလုံး ရှေ့တန်းတွေမှာ စစ်ကောင်စီ စစ်သားတွေ အတုန်းအရုန်း သေဆုံးချိန်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မိန်းမဖြစ်သူ ကြူကြူလှ လက်ကိုဆွဲလို့ ပွဲလမ်းသဘင် ပျော်ပွဲဝင်နေတာက လက်အောက်ခံစစ်သားတွေအနေနဲ့ စိတ်နာရမယ့် အခြေအနေလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင် ပွဲတွေတက်နိုင်ဖို့ အောက်ခြေ စစ်သားတွေက မိသားစုနဲ့ဘ၀ တွေ အပျက်ခံ အသေခံပြီး တိုက်ပွဲဝင်ပေးနေရတာဆိုရင်လည်း မမှားနိုင်ပါဘူး။
ပွဲကြိုက်တဲ့မောင် မင်းအောင်လှိုင်ကတော့ ဘယ်လောက်ပဲ စစ်သားတွေ သေသေ ၊ ဘယ်လောက်ပဲ နိုင်ငံ ပျက်စီးပါစေ ကြူကြူလှကို လက်ကိုဆွဲလို့ ပွဲတွေ တက်နေဦးမှာ အသေအချာဖြစ်ပါတယ်။



ဆက်ဖတ်ရန် →
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း မြို့ရှောင်လမ်းအရောက် ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့် အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထုတ်ပြန်၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
မကွေးတိုင်း၊ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းဘူးခရိုင် ကန်ပြား ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းရှိ ဘားတိုက်နှင့် နေရာ တချို့ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်းအမှတ် ၁ ၊ မကွေးခရိုင် တပ်ရင်းအမှတ် ၁ ၊ မင်းဘူး ပကဖနှင့် ပွင့်ဖြူ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အညာတပ်ပေါင်းစု(ABCF) တာဝန်ရှိသူ၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

ဆက်ဖတ်ရန် →
Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။
"ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်" ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲေ၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။







ဆက်ဖတ်ရန် →
ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု
တစ်နှစ်ခန့် ကြာမြင့်သော်လည်းခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့
ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း
ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။
“ကျွန်တော်တို့ ရှမ်းပြည်နယ်ကို
ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကိုအမိန့်
မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်ကပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ
ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊စစ်သားများ
အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားကအထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ
တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက
များတယ်” ဟု ယင်းကဆိုသည်။
အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ်
မလုပ်ဘဲ CDMပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့်အခြေအနေများကြောင့်လည်း ရဲအဖြစ် ဆက်လက်လုပ်ကိုင်နေသူအများအပြားရှိကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ နှင့်
AA တပ်တော်တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၆ ရက်မှ
စတင်ကာ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ညှိနှိုင်းမှုဖြင့် တိုက်ပွဲများ
ယာယီရပ်ဆိုင်းခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ထားသော်လည်း
စစ်ကောင်စီလက်အောက်ခံရဲများနှင့်မိသားစုဝင်များကို ခရီးသွားလာခြင်း
ကန့်သတ်မှုများပြုလုပ်ထားကြောင်းလည်း သိရသည်။
ဆက်ဖတ်ရန် →
By- လှစိုးဝေ
၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်သော ကမ္ဘာစီးပွားရေး စစ်တမ်း တွင် GDP per Capita ဟု ခေါ်သည့် နိုင်ငံသား တဦးချင်းစီ ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ တွင် မြန်မာသည် ဒေါ်လာ ၁,၁၇၀ ဖြင့် အရှေ့တောင်အာရှ ဆယ်တစ်နိုင်ငံ စာရင်းတွင် အနိမ့်ဆုံး သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်တစ်နိုင်ငံ ဆိုသည်မှာ ၂၀၀၂ ခုနှစ်မှ အချူပ်အခြာ အာဏာပိုင် နိုင်ငံ ဘဝသို့ တင်းပြည့်ကျပ်ပြေ့ ရောက်လာခဲ့သည့် အရှေ့ တီမော ကို ထည့်သွင်းထား၍ ဖြစ်သည်။ (ပုံတွင် နိုင်ငံ အလိုက် စာရင်း ကို ဖေါ်ပြထားသည်)
ယခုအခါ ၎င်းတို့ ခေတ် နောက်ထပ် တိုးတက်မှုကြီး တရပ်အဖြစ် ရန်ကုန်မြို့ အနှံ့တွင် ခေတ်အဆက်ဆက် တခါမျှ မမြင်ခဲ့ဖူးသော လမ်းဘေးအိပ်၊ လမ်းဘေးစား Homeless လူတန်းစားပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
ကုမ္ပဏီ အကြီးအကဲ တဦးပင် ထိုသို့ နှစ်နှစ်ဆက်တိုက် ဘာတခုမျှ ဖြစ်မလာပဲ အရှုံးပေါ်နေမည် ဆိုက ရှယ်ယာ အစုရှင်များက ၎င်းအား ဖယ်ရှားရန် ဆူပူ တောင်းဆို ကြမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အနေအစား ချောင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့် တိုင်းပြည်ကို မင်းအောင်လှိုင် လုပ်ချင်ရာ လုပ်ဟု ထိုးအပ်နေကြသည်။
မင်းအောင်လှိုင်သည် ယခုလို နည်းပညာ များ တဟုန်ထိုး တိုးတက်နေပြီး ကမ္ဘာကြီးသည် ရွာကြီးတရွာလို ပို၍ စုဝေးလာနေချိန်တွင် မြန်မာပြည်သည် မည်သို့သော အနေအထား ဖြင့် ရပ်တည်သွားမည် ဆိုသည်နှင့် ပတ်သက်ပြီး အတွေးအခေါ် အကြံညဏ် လုံးဝ ကုန်ခန်းနေသူ ဖြစ်သည်။ သူ့တွင် ရှိသည့် တခုတည်းသော စိတ်ကူးက တိုင်းပြည်ကို ငြိမ်ဝပ်မိပြားအောင် လုပ်မည်၊ ပြီးလျှင် ရွေးကောက်ပွဲကို ဟန်ပြ လုပ်ကာ ကမ္ဘာကြီးအား ၎င်းတို့ကို ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် တရားဝင် အစိုးရ ဖြစ်လေဟန် ဆောင်မည်။
သို့ဆိုက မျက်နှာပင် မမြင်ချင်လောက် အောင် မုန်းတီးနေသည့် မြန်မာ ပြည်သူများ နှင့် မည်သို့ ဆက်၍ စခန်းသွားကြမည်နည်း၊ ဖမ်းလိုက် သတ်လိုက် နှင့် သံသရာလည် နေမည်သာ ဖြစ်သည်။ ကုလသမဂ္ဂ မှ စ၍ မည်သူကမျှ လည်း အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။
အာဏာသိမ်းပြီးတိုင်း ဆူပူကြလျှင် ခဏပါဟု အလွယ်တွေးခဲ့ကြသည်၊ သို့သော် မြန်မာပြည်သူများက ယခင်ကလို စိတ်ပျက် လက်မှိုင်ချပြီး ၎င်းတို့၏ အုပ်ချုပ်ခံ အဖြစ် ဆက်နေသွားကြဖို့ စိတ်မကူးတော့၊ မိမိတို့၏ တိုးတက်ရာ တိုးတက်ကြောင်း ဘာတခုမျှ မယ်မယ်ရရ လုပ်ကိုင် ပေးလိုစိတ် မရှိ၊ နီးစပ်ရာ ဝေစားမျှစား နှင့် တိုင်းပြည်ကို နှစ်ပေါင်း ၆၀ နီးပါး အနိုင်ကျင့် အုပ်ချုပ်လာခဲ့မှု ကို လုံးဝ လက်မခံတော့ပဲ လက်နက်ကိုင် တွန်းလှန် လာကြပြီ ဖြစ်သည်။ ထိုအရေးကား သိကြားမင်း ဆင်းတာလျှင်တောင် မည်သို့မျှ အဆုံးသတ်သွားဖို့ ရာ မရှိ။
တိုင်းပြည်သည်သာ ရှေ့လျောက် လုံးခြာလိုက်ပြီး တိုင်းတပါး၏ အစောင့်ရှောက်ခံ ဘဝ နှင့် အချုပ်အခြာ အာဏာ ဆုံးရှုံးရပေတော့မည်၊ လက်ရှိ ယူကရိန်း အား ကျုးကျော်မှု တွင်ပင် ဆရာသခင် ရုရှား အကြိုက်လိုက်၍ ကြားနေယုံမျှ မဟုတ်တော့ပဲ ထောက်ခံပေးခဲ့ကြသည် မဟုတ်ပါလော၊ ဤသည်ကပင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒ စတင် စတေးပေးလိုက်ရခြင်းပင် ဖြစ်သည်။
ထိုအနေအထားမျိုး နှင့် ရှေ့လျှောက် မည်သို့ စခန်းသွားကြပေဦးမည်နည်း၊ တပ်ထဲရှိ သေဆိုသေ ရှင်ဆိုရှင် expendable စတေးပစ်နိုင်ရန် အသုံးတော်ခံနေကြရရှာသော စစ်ဗိုလ် မိုက်ရူးရဲများကတော့ PDF များကို ချေမှုန်းနိုင်လျှင့် ပြဿနာ ပြေလည် ပြီ ဟု လူမိုက် တွေး တွေးနေကြဆဲပင် ဖြစ်သည်။
၎င်းတို့ ရင်ဆိုင်နေရသည့် ပြဿနာသည် ထိုထက်မက ကြီးမားလွန်းနေသည်ကို မင်းအောင်လှိုင်က အစ ရိပ်စားမိနိုင်စွမ်း မရှိသော်လည်း အိမ်နီးချင်း နိုင်ငံများကတော့ ရင်လေးနေပြီ ဖြစ်သည်၊ ထို့အတွက် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ ၎င်း၏ ဗိုလ်ချုပ်ကြီးဟောင်း တဦးကို စေလွှတ်၍ အရပ်သား အုပ်ချုပ်မှု လက်အောက်သို့ တိုင်းပြည် အာဏာ ကို ပြန်လွှဲပေးရန် နားချ တော့မည် ဖြစ်သည်။
ဤသည်ကပင် ဂျိုကိုဝီ က အစ အာဆီယံ နိုင်ငံများ အကြီးအကျယ် လွဲချော်နေမှုပင် ဖြစ်သည်။ အာဏာကို မင်းအောင်လှိုင်က အရပ်သား အစိုးရထံ ပြန်လွှဲပေးပြီး စစ်တန်းလျှား ပြန်သွားယုံနှင့် ပြေလည် သွားမည်လော၊ ပါးစပ်ထဲ အက်ဆစ်လောင်းထည့်ကာ ညှင်းပမ်း နှိပ်စက်၊ သတ်ဖြတ်ခံကြရမည့် အရေးကို မြင်၍ ရန်သူကို နောက်ကြောတွင် ထားကာ မည်သူက စွန့်စားရဲပေမည်နည်း။ တိုင်းရင်းသား လူနည်းစုများ ကကော ၎င်းတို့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးကြမည်လော။
တိုင်းပြည်ကို မည်သူ အုပ်ချုပ်ရမည်ကို ၎င်းတို့သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်ဟု ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူများက နောက် သုံးလေးနှစ် ကြာလျှင်ကော ထိုသို့အာဏာ ထပ်မသိမ်းပါဟု မည်သူ အာမခံ နိုင်မည်နည်း။ ထိုသို့ ထပ်မဖြစ်စေရဟု မယုံကြည်နိုင်သရွေ့ မည်သို့သော ဖြေရှင်းမှုမျိုးကို ရွာ များ မီးရှို့ခံထားရသော၊ မိမိတို့သားသမီးများ ဆုံးရှုံးခဲ့ကြရသော မြန်မာ ပြည်သူများက မည်သို့မျှ လက်ခံကြမည်မဟုတ်။
မြန်မာ အရေးကား ထိုသို့ ပြီးလွယ် စီးလွယ် လုပ်၍ မရ၊ တာဝန်ခံမှု တာဝန်ယူမှု မရှိပဲ မည်သို့မျှ ပြေလည်ရာ ပြေလည်ကြောင်း မဖြစ်နိုင်။
ယခုအခါ ၎င်းတို့ဖက်မှ အမြဲလို လိုက်ပြောနေသည့် ဂျပန် ၏ အထူး သံတမန် ဟု ဆိုသူ ယိုဟီ ဆာဆာကာဝါ က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အာဆီယံ မှ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးမှ ဖြစ်မည်ဟု ဆိုလာပြန်သည်။ မြန်မာပြည်သူများက ရင်ကြားစေ့ရေး ကို လုံးဝ လက်မခံတော့၊ ၎င်းတို့အားလည်း အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် လုံးဝ မရှိစေမည့် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကို ကမ္ဘာက လက်ခံ မှသာ ပြသနာ၏ အဖြေကို ရှာနိုင်မည် ဖြစ်သည်။
ယခုအခါ ရန်သူ ကို စစ်မြူနိုင်ခဲ့ပြီ ဖြစ်၍ စစ်အာဏာသိမ်း အဖွဲ့သည့် ၃၇ မြို့နယ်တွင် မာရှယ်လော အား နိုင်ငံတကာ တွင် ၎င်းတို့၏ လက်ကျန် ဂုဏ်သိက္ခာ များ အကျခံကာ ထုတ်ပြန်ခဲ့ရပြီ ဖြစ်သည်။
ဘန်ကောက်ပို့စ် သတင်းစာမှ ဆောင်းပါးရှင် ချုလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ Thitinan Pongsudhirak က နိုင်ငံတကာသည် အမျိုးသား ညီညွတ်ရေး အစိုးရအား တနေ့တခြား ထောက်ခံလာကြပြီ ဖြစ်သော်လည်း တိုင်းပြည် ဝါးအစည်းပြေ သကဲ့သို့ ကွဲထွက်သွားမည်ကို စိုးရိမ်နေကြသည်၊ NUG အနေဖြင့် ထိုသို့ မဖြစ်နိုင်ကြောင်း၊ လူထု အပေါ် ဩဇာ သက်ရောက်နိုင်မှု ရှိကြောင်း အခိုင်အမာ ပြသနိုင်ရန် လိုနေသည်ဟု ထောက်ပြလာခဲ့သည်။
၎င်းက တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ခုခံ တော်လှန်နေသော အင်အားစုများ သည် တခုတည်းသော ကွပ်ကဲမှု အောက်တွင် စည်းကမ်းတကျ၊ အဖွဲ့အစည်း ပီသစွာ တာဝန်ခံနိုင်မှု မပြ နိုင်သရွေ့ ၎င်းတို့ တောင်းဆိုနေသော လေယာဉ်ပစ် လက်နက်များ နှင့် အခြား လက်နက်များ ရောက်လာနိုင်ဖွယ် မရှိဟု လည်း ဆိုသည်။
နောက်ထပ် ရရှိသော သတင်းတရပ်အရ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်မှ မလေးရှား-ထိုင်း ကုန်သည်ကြီး များ အသင်းတွင် မိန့်ခွန်းပြောကြားရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ရှေ့လျောက် ဖွံ့ဖြိုး တိုးတက်ရေး ကို အနှောက်အယှက် ပေးလာနေသည့် မြန်မာအား အာဆီယံ မှ ဖယ်ထုတ်ပစ်ရန် ထည့်သွင်း ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ ဤသည်ကပင် မြန်မာ စစ်ဗိုလ်ချူပ်များ ရေရှည် လိမ်ဖယ် လိမ်ဖယ် နှင့် သွားနေမည် ဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်။
၎င်းတို့အားလည်း ကိုယ့်ပြည်သူ ကို ကိုယ် နေ့စဉ်လို သတ်ဖြတ်နေကြသည့် အဖွဲ့ဟု တကမ္ဘာလုံး က ဝိုင်းဝန်း အသိအမှတ် ပြုထားကြပြီးလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
Illustration Credit - Democratic Voice of Burma

ဆက်ဖတ်ရန် →