နောက်ဆုံးရ
ဆရာမွေးလိုက်၊ ဒကာမွေးလိုက်နဲ့  စစ်ကောင်စီသစ္စာခံ သံဃာတော်များ

ဆရာမွေးလိုက်၊ ဒကာမွေးလိုက်နဲ့ စစ်ကောင်စီသစ္စာခံ သံဃာတော်များ



(Reuters ပါဆောင်းပါး ဘာသာပြန်)
~~~~~~~~~~~~~~~~~~~~~~

December 8, 2022
By Thu Thu Aung, Poppy Mcpherson

မြန်မာနိုင်ငံအလယ်ပိုင်းက ဘုန်းတော်ကြီးကျောင်းဝင်းတခုထဲမှာ သံဃာတော်တပါးဖြစ်တဲ့ ဦးဝါသဝက သူ့နောက်လိုက် လက်နက်ကိုင်တွေကို “ဘာ စိတ်ဓါတ်လဲ” ဆိုပြီး ရှေ့က တိုင်ပေးလိုက်ပါတယ်။ ရိုင်ဖယ်သေနတ်ကိုယ်စီ လွယ်ထားတဲ့ နောက်လိုက်တွေက “သံမဏိစိတ်ဓါတ်၊ သံမဏိစိတ်ဓါတ်” ဆိုပြီး သံပြိုင်ကြွေးကြော်ကြပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့နှစ်ထဲ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ သစ္စာခံတွေ ဖြစ်ကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ချေမှုန်းပစ်ဖို့ ကြိုးစားနေကြတာပါ။

အဲဒီဗီဒီယိုကို စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းမီဒီယာတခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ အရင်က စိတ်ကူးဖူးခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ စစ်တပ်နဲ့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေ ဘယ်လောက်ထိ ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်နေကြပြီလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။

တကယ်တော့ သံဃာတော်တွေဟာ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်လာခဲ့ကြတာပါ။ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိများခဲ့တဲ့ (၁၉၈၈) ခုနှစ် အရေးအခင်းကြီးမှာ သံဃာတော်တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ (၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာလည်း သံဃာတော် ထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ သံဃာတော်အများစုက စစ်ကောင်စီကို ထောက်ခံသူတွေ ဖြစ်သွားကြပါပြီ။

ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေနဲ့ ရင်းနှီးမှု ရအောင် စစ်တပ်ဘက်က နှစ်နဲ့ချီပြီး နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တာကြောင့် အခုလိုမျိုး ပြောင်းလဲသွားခဲ့တာလို့ သံဃာအဖွဲ့အစည်းနဲ့ နီးစပ်သူတွေက သုံးသပ်ပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ‌ ဖောဖောသီသီ ဆက်ကပ်လှူဒါန်းတာ၊ အစ္စလာမ် မုန်းတီးရေး အမြင်တွေ အပါအဝင် အမျိုးသားရေး အစွန်းရောက်တွေ ဖြစ်လာအောင် ပုံသွင်းယူတာတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမျိုးသားရေး အစွန်းရောက် ဘုန်းတော်ကြီးတွေက မူစလင်မုန်းတီးရေး တရားဟောခဲ့ကြပြီး (၂၀၁၃) ခုနှစ်မှာ ဘာသာရေးပဋိပက္ခတွေကြောင့် လူ (၂၅) ဦး သေဆုံးခဲ့သလို လူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်တပ်ဦးဆောင်တဲ့ ဖိနှိပ်တိုက်ခိုက်မှုမျိုးစုံလည်း ဖြစ်ပွားခဲ့ပါတယ်။

ပြည်သူတွေအပေါ် လက်ရှိစစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေချိန်မှာလည်း ဘာသာရေး ခေါင်းဆောင်တွေက နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ မပါဝင်ဘဲ နေနိုင်ရက်ကြပါတယ်။ ဦးဝါသဝလိုမျိုး သံဃာတော်အချို့က ခါးပိုက်ဆောင် လက်နက်ကိုင်တွေ မွေးမြူပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို နှိမ်နင်းပေးဖို့ ကြိုးစားလာကြပါတယ်။ သူ့တပ်ဖွဲ့မှာ လူအင်အား ထောင်ချီရှိတယ်လို့တောင် ကြွေးကြော်ထားပါသေးတယ်။ 

တကယ်တော့ အေးအေးချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က အညှာအတာမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လို့သာ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့တာပါ။ စစ်တပ်က ရွာပေါင်း ရာနဲ့ချီ မီးရှို့ဖျက်ဆီးနေသလို ပြည်သူတွေကို မဆင်မခြင် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုမျိုးစုံ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုပေါင်းစုံ ကျူးလွန်နေပါတယ်။ တချို့ဒေသတွေမှာ လိုအပ်ချက်အရ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းပေးထားကြောင်း  နိုဝင်ဘာလအတွင်း အစိုးရပိုင် သတင်းမီဒီယာတွေမှာ တရားဝင် ဖော်ပြထားပါတယ်။ ဒါပေမယ့် သံဃာတော်တွေကို လက်နက်တပ်ဆင်ပေးထားတာနဲ့ ပတ်သက်ပြီး ငြင်းဆန်နေဆဲပါ။ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဘဲ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့သာ စစ်ဆင်ရေး ဆောင်ရွက်ကြောင်း ဆိုပါတယ်။

ဦးဝါသဝနဲ့ တခြား ဘုန်းကြီးတွေ လက်နက်ကိုယ်စီ ကိုင်ပြီး စစ်သားတွေနဲ့အတူ ချီတက်နေတာကို ဒေသခံ မီဒီယာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကို ယူကေအခြေစိုက် Myanmar Witness စောင့်ကြည့်ရေးအဖွဲ့ကလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်း ကန့်ဘလူက ဦးဝါသဝရဲ့ ကျောင်းမှာ စစ်သင်တန်းပေးခဲ့တာကိုလည်း တည်နေရာနဲ့တကွ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်တွေကို သူ ဦးဆောင်နေကြောင်း ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ဦးဝါသဝကိုယ်တိုင် မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သူက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို “လူမိုက်တွေ” လို့လည်း ခေါ်ဝေါ်သုံးနှုန်းခဲ့ပါသေးတယ်။

ဒေသခံတွေကို အကာအကွယ် ပေးဖို့၊ ကန့်ဘလူနယ်တဝိုက် တည်ငြိမ်အေးချမ်းဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေ သူ တည်ထောင်ခဲ့တာဖြစ်ကြောင်း မိန့်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက သံဃာတော်တွေ အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့လည်း စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ “သူတို့က ဖျက်လို့ဖျက်ဆီး လုပ်တာက လွဲပြီး ကျန်တာ ဘာမှ မလုပ်ဘူး၊ ဒါကြောင့် ကျုပ် လုပ်နိုင်တာ ကျုပ်လုပ်တယ်၊ လက်နက်ကိုင်တပ်တွေ ဖွဲ့တာ ဘာမှ မှားစရာအကြောင်း မရှိဘူး” လို့ ဆိုပါတယ်။ စစ်ကောင်စီ သတင်းပေး ဒလန်တွေကို ရှင်းလင်းခဲ့ရတာ မှန်ကန်ကြောင်း လက်နက်ကိုင် တော်လှန်ရေးသမားတွေက ဝန်ခံပါတယ်။ ဒါပေမယ့် အရပ်သားပြည်သူတွေကိုတော့ မထိခိုက်ဘူးလို့ ရှင်းပြကြပါတယ်။ “ကျုပ်တို့ အသက်အတွက် ဘာအာမခံချက်မှ မရှိဘူး၊ ဒီနေ့ မင်းနဲ့ စကားပြောနေပေမယ့် မနက်ဖြန်ကျရင် ကျုပ် သေချင်သေနေမှာ” လို့ ဦးဝါသဝက ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ သိန်းဂဏန်းပမာဏရှိမယ့် သံဃာတော် အားလုံးတော့ စစ်ကောင်စီကို ထောက်ခံနေတာ မဟုတ်ပါဘူး။ စောင့်ကြည့်စစ်ဆေးမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက မန္တလေး သံဃာတော်တွေ ဒါဇင်နဲ့ချီ စုရုံးပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ အပတ်စဉ် ပြုလုပ်နေကြပါတယ်။ သံဃာတော် အချို့လည်း လူဝတ်လဲပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်ဆင်နွှဲနေကြပါတယ်။ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ သံဃာတော်တွေက ဗုဒ္ဓဘာသာအရ ပထမဆုံး သီလကို ချိုးဖောက်လိုက်တာပဲလို့ ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်ခဲ့ပြီး လက်ရှိပြည်ပမှာ ခိုလှုံနေရတဲ့ သံဃာတော်တပါးက မိန့်ပါတယ်။ “သူတပါးအသက် သတ်ခြင်းက ဗုဒ္ဓဘာသာဝင်တွေအဖို့ ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပဲ” ဆိုပြီး ရှင်းပြပါတယ်။

လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဩဇာအရှိဆုံး သံဃာအဖွဲ့အစည်းဖြစ်တဲ့ မဟနက နှုတ်ဆိတ်နေဆဲပါ။ အာဏာသိမ်းပြီး မကြာခင်မှာ မဟန ဥက္ကဌ ဆရာတော်ကိုယ်တိုင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ သံဃာတော်တွေ အခုလို လက်နက်ကိုင်တာနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ ပေးဖို့ မေးမြန်းလျှောက်ထားကြည့်တဲ့အခါ မဟနဘက်က တစုံတရာ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီကို လူသိထင်ရှား ထောက်ခံနေတဲ့ ဘာသာရေးခေါင်းဆောင်တွေထဲမှာ သီတဂူဆရာတော်ကြီးလည်း တပါးအပါအဝင်ပါ။ သီတဂူဆရာတော်က (၁၉၈၈) အရေးအခင်းမှာ ပါဝင်ခဲ့ဖူးပြီး ပြည်သူတွေရဲ့ ကြည်ညိုလေးစားခံရသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်နဲ့ တပူးပူး တတွဲတွဲ မြင်ရပြီး မင်းအောင်လှိုင်ကို “သာသနာပြုမင်းကြီး” လို့ သုံးနှုန်းခေါ်ဝေါ်တတ်သလို ရုရှားနိုင်ငံကိုလည်း အတူ သွားခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်သတ်ဖြတ်နေချိန် (၂၀၁၇) ခုနှစ်အတွင်း ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေရဲ့ အသက်က တန်ဖိုးမရှိတာမို့ သူတို့ကို သတ်တာက တရားနဲ့ ညီကြောင်း သီတဂူဆရာတော်က တရားဟောခဲ့ဖူးပါတယ်။

ရုရှားခရီးစဉ်အတွင်း “ရုရှားပြည်ကြီး အေးချမ်းပါစေ” လို့ ကြွေးကြော်ပြီး ရုရှားဘုန်းတော်ကြီးတွေနဲ့အတူ အောင်စည်အောင်မောင်းတီးဆုတောင်းနေတဲ့ သီတဂူဆရာတော်ရဲ့ ဗီဒီယိုကိုလည်း မြင်တွေ့ကြရပါတယ်။ လက်ရှိ မြန်မာပြည်အခြေအနေကြောင့်၊ အထူးသဖြင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အေးချမ်းသာယာဝပြောဖို့သာ ဆန္ဒရှိပြီး ဘယ်သူ့ကိုမှ ဘက်မလိုက်ကြောင်း သီတဂူဆရာတော်ကြီးက ရိုက်တာသတင်းဌာနကို ပေးပို့ခဲ့တဲ့ စာတစောင်မှာ ဖော်ပြခဲ့ပါတယ်။ တိုင်းပြည် တည်ငြိမ်မှု ရှိအောင် ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ်က ပြောကြားခဲ့ပါတယ်။ ရိုက်တာသတင်းဌာနကို ပေးပို့ခဲ့တဲ့ ရုရှားသံရုံးရဲ့ အီးမေးတစောင်မှာ သီတဂူဆရာတော်ရဲ့ ရုရှားခရီးစဉ် အသေးစိတ်ကို ဖော်ပြထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနဲ့ စွမ်းအင်အပါအဝင် ကဏ္ဍပေါင်းစုံမှာ ရုရှားမြန်မာဆက်ဆံရေး ခိုင်မာအားကောင်းလာကြောင်း ဆိုပါတယ်။ ဒါက နှစ်နိုင်ငံ ပြည်သူတွေအတွက် ရေရှည်ကောင်းကျိုးတွေ ဖြစ်လာစေလိမ့်မယ်ဆိုပြီး ရေးသားထားပါသေးတယ်။

ဘုန်းတော်ကြီးအချို့ရဲ့  ဒီလို အပြုအမူတွေကြောင့် မြန်မာပြည်သူတွေကြား သံဃာတော်တွေအပေါ် မကြုံစဖူး ဝေဖန်လှောင်ပြောင်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်ကောင်စီဘက်တော်သား ဘုန်းတော်ကြီးတွေကို မကြားဝံ့မနာသာ လှောင်ပြောင်ရှုတ်ချမှုတွေ အွန်လိုင်းမှာ ပုံမှန်လိုလို မြင်တွေ့လာရပါတယ်။ သံဃာတော်တွေကို လှူဒါန်းတဲ့အခါ အရင်လို မလှူဒါန်းဖြစ်တော့ကြောင်း ရန်ကုန်နဲ့ မန္တလေး မြို့ခံအချို့က ပြောပြကြပါတယ်။ တချို့က စစ်ကောင်စီ ထောက်ခံတဲ့ ဘုန်းတော်ကြီးတွေကို မလှူဒါန်းမိအောင် တမင် ရှောင်ကြဉ်လာပါတယ်။ တချို့ဆိုရင် ရာစုနှစ်နဲ့ချီပြီး တည်တံ့လာတဲ့ နေ့စဉ် ဆွမ်းလောင်း ကုသိုလ်တောင် ဆက်မလုပ်ကြတော့ပါဘူး။

“ဒါက အပြောင်းအလဲ အစပဲ” လို့ မကွေးဒေသခံ တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုနောင်နောင်က သုံးသပ်ပါတယ်။ ဘာသာရေး ဩဇာကြီးစိုးနေမှုကို မြန်မာပြည်သူတွေ အရင်ကထက် ပိုပြီး မေးခွန်းထုတ်တတ်လာပြီလို့ သူ ဆိုလိုတာပါ။
“အရင်ကဆိုရင် အားလုံးက စစ်အာဏာရှင်ကို စစ်အာဏာရှင်လို့ပဲ မြင်တယ်၊ ပြည်သူနဲ့ သံဃာတော်တွေက တသားတည်းပဲ” လို့ ဦးဝါသဝနဲ့ တရပ်တည်းနေ ကန့်ဘလူ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က စည်းလုံးမှု ပြိုကွဲအောင် စနစ်တကျ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီထဲမှာ ဆရာမွေးတာက အထိရောက်ဆုံး နည်းလမ်း ဖြစ်လာပါတယ်။ ဒါ့အပြင် တခြားဘာသာဝင်တွေအပေါ် မုန်းတီးလာအောင်လည်း စစ်တပ်က သွေးထိုးလှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်မှုတွေမှာ ပြည်သူတွေနဲ့အတူ သံဃာတော်တွေ ပါဝင်လာပြီးနောက်ပိုင်း  စစ်တပ်က ဘာသာရေးခေါင်းဆောင်တွေကို အထူး ဆက်ကပ်လှူဒါန်းမှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။ ဒါကို “ဆရာ ဒကာ” စီမံချက်လို့လည်း ဆိုကြောင်း မန္တလေးအခြေစိုက် ဘာသာရေး၊ အမျိုးသားရေး သုတေသီတဦးက ရှင်းပြပါတယ်။ ကန့်ဘလူမြို့ခံ သံဃာတော်တပါးကလည်း ဒီသဘောအတိုင်း တထပ်တည်း မိန့်ကြားခဲ့ဖူးပါတယ်။
သံဃာတော်တွေက လူဝတ်ကြောင်တွေကို တရားပြရပြီး သံဃာတော်တွေရဲ့ ဆွမ်း၊ သင်္ကန်း စသဖြင့် အခြေခံလိုအပ်ချက်တွေကို လူတွေက ပြန်လည်ဆက်ကပ်လှူဒါန်းကြရပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ နီးစပ်သမျှ ဘုန်းတော်ကြီးတွေကတော့ မြေနေရာတွေ၊ ကျောင်းတွေ၊ စီးဖို့ ကားတွေအထိ လှူဒါန်းခံရကြောင်း သိရှိရပါတယ်။ “ရွှေဝါရောင် အရေးအခင်းမှာ စစ်တပ်က နည်းနည်း လန့်သွားတယ်။ ဒါကြောင့် သူနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကို ဖြိုခွဲပစ်ဖို့ ကြိုးစားခဲ့တာ” လို့ မန္တလေးအခြေစိုက် သုတေသီက ဆက်ရှင်းပြပါတယ်။

ဒီလိုနဲ့ နိုင်ငံအနှံ့က ဘုန်းတော်ကြီးကျောင်းတွေမှာ အမျိုးဘာသာ အစွန်းရောက်အောင် ဝါဒဖြန့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စစ်အာဏာရှင်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးတဦးကိုယ်တိုင် ရေးသားခဲ့တဲ့ လူမျိုးခြား မုန်းတီးရေး၊ အစ္စလာမ်ဆန့်ကျင်ရေး စာစောင်ငယ်တွေကနေ ဘာသာရေးအစွန်းရောက်မှုတွေ မြစ်ဖျားခံ ပြန့်ပွားလာခဲ့ပါတယ်။ အဲဒီစာစောင်တွေမှာ မူစလင်တွေနဲ့ ပတ်သက်ပြီး အလွယ်တကူ စိတ်တိုစိတ်ဆိုးစရာ အကြောင်းအရာတွေ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေနဲ့ မူစလင်အမျိုးသားတွေရဲ့ အိမ်ထောင်ရေးကိစ္စတွေကို ဖော်ပြထားပါတယ်။ “အဲဒီမှာ အစ္စလာမ် မုန်းတီးရေး အမြင်တွေနဲ့ သံဃာတော်တွေ မှိုင်းတိုက်ခံလိုက်ရတာပဲ” လို့ ကန့်ဘလူမြို့ခံ ဆရာတော်က မိန့်ပါတယ်။ တခြား သံဃာတော်တွေကလည်း ဒီအတိုင်း ပြောပြကြပါတယ်။ “ဦးဇင်း တသက်လုံး မြန်မာပြည်က တကယ့် ကျောင်းကြီးတွေမှာ သီတင်းသုံးလာတာ။ ဒါတောင် အသက် (၁၄) နှစ်တည်းက တခြားဘာသာတွေကို ရှုတ်ချထားတဲ့ စာအုပ်တွေ ဖတ်ဖူးခဲ့တယ်။”

(၂၀၁၀) ပြည့်နှစ်တွေအတွင်း မဘသ ဦးဆောင်တဲ့ အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး မူစလင်ပိုင် စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်ဖို့၊ အမျိုးဘာသာ စောင့်ထိန်းရေး ဥပဒေ ပြဌာန်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲအဖြစ် မူစလင်တွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မဘသဘက်ကတော့ အစ္စလာမ် အစွန်းရောက်တွေကိုသာ ဆန့်ကျင်ကြောင်း၊ အကြမ်းဖက်မှုကို အားမပေးကြောင်း ဆိုကြပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လည်း တိုင်းပြည်ရဲ့ လူများစု ကိုးကွယ်ရာ ထေရဝါဒ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူအဖြစ် နာမည်ကောင်း ယူဖို့ ကြိုးစားနေပါတယ်။ ဒါက မြန်မာ့သမိုင်းရဲ့ ရှေးဘုရင် အဆက်ဆက်အတိုင်းပါပဲ။
အာဏာမသိမ်းခင် တရက်အလိုမှာ သူ့အဆိုအရ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ဖို့ ပထမဆုံး အုတ်မြစ်ချခဲ့ပါတယ်။ ထေရဝါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထွန်းကားနေကြောင်း ကမ္ဘာသိအောင် တည်ထားကိုးကွယ်မယ့် ဗုဒ္ဓရုပ်ပွားတော်အတွက် ပါဝင်လှူဒါန်းကြဖို့လည်း အစိုးရပိုင် မီဒီယာတွေမှာ ကြေငြာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ကိုးလတာ ကာလအတွင်း အစိုးရပိုင် ရုပ်မြင်သံကြား အစီအစဉ်တွေမှာ စစ်တပ်ရဲ့ ဘာသာရေး လှုပ်ရှားမှုတွေကို လေးဆအထိ တိုးမြှင့်ထုတ်လွှင့်ပြသလာကြောင်း တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလက်ထက်မှာ အမျိုးဘာသာကို အကာအကွယ် မပေးခဲ့တဲ့အတွက် အာဏာသိမ်းခဲ့ရတာဖြစ်ကြောင်း မင်းအောင်လှိုင်က အကြောင်းပြဖို့ ကြိုးစားနေပါတယ်။

ရိုဟင်ဂျာ (၇) သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ (၂၀၁၇) ခုနှစ် စစ်တပ်ရဲ့ ကျူးလွန်မှုမှာ NLD အစိုးရက ဘေးထွက်ရပ်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်မှုကို ပေါ်ပေါ်ထင်ထင် လှုံ့ဆော်လာတဲ့ မဘသ ဘုန်းတော်ကြီးတွေကို ထိန်းနိုင်ဖို့ အစိုးရက ပြန်လည် ကြိုးစားခဲ့တာပါ။ ဒီလိုနဲ့ မဘသအဖွဲ့ ဖျက်သိမ်းခံရပြီး မူစလင်မုန်းတီးရေး မှိုင်းတိုက်နေတဲ့ ဦးဝီရသူလည်း အကျဉ်းချခံရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်တွေ ပုဒ်မအမျိုးမျိုး တပ်ပြီး ပြစ်ဒဏ်ချခံနေရပေမယ့် ဦးဝီရသူ အပါအဝင် မဘသ ဘုန်းတော်ကြီးတွေကတော့ ပြန်လည် လွတ်မြောက်လာကြပါတယ်။ သူတို့ကို ဘာကြောင့် လွှတ်ပေးခဲ့သလဲဆိုတာ စစ်ကောင်စီဘက်က ရှင်းလင်းချက် မပေးခဲ့သလို ဦးဝီရသူဘက်ကလည်း တစုံတရာ မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါ ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

မဘသ ဘုန်းကြီးလို့ လူသိများတဲ့ ဦးဝါသဝက မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး ခေါင်းဆောင်ဖြစ်ကြောင်း ချီးမွမ်းခန်းဖွင့်နေတာကို အွန်လိုင်းဗီဒီယိုတခုမှာ မြင်တွေ့ရပါတယ်။ တော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေ သူကိုယ်တိုင် ဖွဲ့စည်းပြီး အင်အား (၄၀၀၀) ကျော် ရှိကြောင်း ကြုံးဝါးခဲ့ပါတယ်။ တကယ်တမ်း အင်အား ဒီလောက် မရှိနိုင်ကြောင်း၊ ဦးဝါသဝနဲ့ နောက်လိုက်တွေက ကျေးရွာတွေမှာ အတင်းအဓမ္မ လူသစ်စုဆောင်းနေကြောင်း တန့်ဆည် PDF ပြောရေးဆိုခွင့်ရှိသူတဦးက ရှင်းပြပါတယ်။ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ရတဲ့အခါ ဘုန်းတော်ကြီးတွေ ပါလာရင်လည်း အလွတ်မပေးဖို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားရကြောင်းလည်း ဆက်ပြောပြပါတယ်။ “ကောင်းတဲ့ ဘုန်းကြီး ရှိသလို ဆိုးတဲ့ ဘုန်းကြီးလည်း ရှိမှာပဲ။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ရန်သူရဲ့ မိတ်ဆွေက ကျနော်တို့ရဲ့ ရန်သူပဲ” လို့ သူက ဆိုပါတယ်။

တော်လှန်ရေးသမားတွေကို ကူညီလို့ဆိုပြီး ရွာသူရွာသားတွေကို ရိုက်နှက်နေတဲ့ ဦးဝါသဝရဲ့ ဗီဒီယိုကိုလည်း မြင်တွေ့ကြရပါတယ်။ “မင်းတို့ စစ်တပ်ကို အခုရော နောက်ရော ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူးကွ” လို့ ဦးဝါသဝက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ဖြေကြားရာမှာ ထည့်မိန့်ပါတယ်။ မေးခွန်းတွေ မေးနေရင်း ဖုန်းလိုင်းကျသွားခဲ့သလို နောက်ထပ် ခေါ်ဆိုမှုတွေကိုလည်း ပြန်လည် ဖြေကြားခြင်း မရှိတော့ပါဘူး။ ရွာသားတွေကို ရိုက်ခဲ့လားဆိုတဲ့ မေးခွန်းကို ဘာမှ ပြန်မဖြေဘဲ ဆိတ်ဆိတ်နေခဲ့ပါတယ်။ 

ဦးဝါသဝနဲ့ သူ့နောက်လိုက်တွေကို စစ်တပ်အကြီးအကဲတွေက ဝတ္ထုငွေနဲ့ စားစရာတွေ အမြောက်အမြား လှူဒါန်းနေပုံကို အစိုးရပိုင် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်တပ်က ဦးဝီရသူကို ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေအတွက် ဂုဏ်ပြုဘွဲ့တံဆိပ်တော်နဲ့ ဦးဝါသဝကို လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်မှုတွေ ဆက်ကပ်ခဲ့ကြောင်း အစိုးရပိုင် မီဒီယာတွေမှာ ကြေငြာသွားခဲ့ပါတော့တယ်။
 
Thu Thu Aung၊ Poppy Mcpherson
=============

Disclaimer 
အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်းနှင့် ဆောင်းပါးရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေး အပ်ပါသည်။

မူရင်းလင့် -
https://www.reuters.com/world/asia-pacific/monk-militia-buddhist-clergy-backing-myanmars-junta-2022-12-08/





ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသော မဘသအရေခြုံဝါသဝကိုအကြမ်းဖက်သမားအဖြစ်သတ်မှတ်၍ ဥပဒေနှင့်အညီဖမ်းဆီးအရေးယူမယ်လို့ လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့ကြေညာ

-moe joe

ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသော မဘသအရေခြုံဝါသဝကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်၍ ဥပဒေနှင့်အညီဖမ်းဆီးအရေးယူမယ်လို့ လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ၁၅ရက်မှာ လင်းယုန်နီ ကန့်ဘလူတာဝန်ခံ ဗိုလ်လင်းယုန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"ကန့်ဘလူမြို့နယ် ၊ မှော်တော်ကျေးရွာနေ မဘသအရေခြုံ ပျူစောထီးခေါင်းဆောင် ဝါသဝသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ ကန့်ဘလူ ၊ တန့်ဆည် ၊ ကျွန်းလှ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် အသုံးတော်ခံရန် ပျူစောထီးသင်တန်းများကို စစ်ကောင်စီထံမှ အခကြေးငွေယူ၍ လူသူစုဆောင်းပေးခြင်း ၊ မတတ်ရောက်နိုင်သော အိမ်များမှလည်း ငွေကြေးတောင်းခံခြင်းများ အတင်းအဓ္ဓမပြုလုပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။ 

အဆိုပါပျူစောထီးသင်တန်းဆင်း ရာဇဝတ်ကောင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းမခံရမှီအချိန်တွင် ဒေသတွင်းကျေးရွားများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူများအား ဥပဒေမဲ့သတ်ဖြတ်ခြင်း ၊ အမျိုးသမီးများအား မုဒိန်းကျင့်စော်ကားခြင်း ၊ ပြည်သူပိုင် အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ အဖိုးတန်ပစ္စည်းများအား လုယက်ခိုးယူခြင်းများကိုကျူးလွန်လျက်ရှိကြောင်း သက်​သေအထောက်အထားများစွာ ရရှိပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။

ထို့အတွက်အမျိုးဘာသာသာသနာအားခုတုံးလုပ်၍  အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်လျက်ရှိသော ဝါသဝအား ကျွနုပ်တို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများမှအကြမ်းဖက်သမားအဖြစ်သတ်မှတ်၍ ဥပဒေနှင့်အညီဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။






ဆက်ဖတ်ရန် →

စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား

Updated 12:53 PM Dec 15, 2022



■ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားစွမ်းရည်ချိနဲ့နေပြီဖြစ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်တော့မှာမဟုတ်ဘူးလို့ KIC ကချင်လွတ်မြောက်ရေး ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂစ်တာတစ်လက်ကို ကြိုးမညှိဘဲ တီးခတ်နေသူနဲ့ အလားသဏ္ဍာန်တူတယ်လို့လည်း သူကပြောပါတယ်။ 

တစ်ဆက်တည်းမှာပဲ အနန့်ပါဗုံးကြဲမှုဟာ ကချင်လူမျိုးတွေရဲ့ နှလုံးသားကို သံမှိုနဲ့ နှက်လိုက်တာဖြစ်ကြောင်း၊ သူတို့ KIO နဲ့  NUG အပြည့်အဝ  ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာကြောင်းနဲ့ တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်ကြောင်း စသဖြင့်လည်း ပြောဆိုခဲ့ပါတယ်။ 

ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
_______________

“အင်တာဗျူးကောက်နုတ်ချက်များ”

မေး။   ။  ဗိုလ်ချုပ်ကြီး တော်လှန်ရေးသမားဘဝ စတင်တာဟာ ဘယ်ခုနှစ် ဘယ်ကာလလောက်ကတည်းကလဲ ခင်ဗျ။

ဖြေ။   ။ ၁၉၈၇ နှစ်ဆန်းပိုင်းမှာ KIO ထဲကို ရောက်လာတာပေါ့နော်။ ဒါတော့ လက်တွေ့ဝင်လာတဲ့ တော်လှန်ရေးအစဆိုရင်တော့ ၁၉၈၇ နှစ်ဆန်းပိုင်းဖြစ်ပါတယ်။

မေး။   ။ အရင်ကဖြစ်ပွားနေတဲ့ တော်လှန်ရေးက တိုင်းရင်းသားဒေသတွေမှာသာဖြစ်ပြီး အခု တော်လှန်ရေးကတော့ တစ်ပြည်လုံးမှာဖြစ်ပါတယ်။ ဝါရင့်တော်လှန်ရေးသမားတစ်ဦးအနေနဲ့ လက်ရှိ မြန်မာတစ်ပြည်လုံးရဲ့ တော်လှန်ရေးကို ဗိုလ်ချုပ်ကြီး ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။

ဖြေ။   ။ အခုအခြေအနေကတော့ အာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲ၊ အဆုံးသတ်မယ့်အပိုင်းလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆိုရင်တော့ တစ်နိုင်ငံလုံးမှာ အခုလို ခုခံတော်လှန်တဲ့ အနေအထားတွေ မရှိခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ အကုန်လုံးဘယ်နေရာမှာမှ မကျန်ဘဲ တော်လှန်ရေးတွေ ခုခံစစ်တွေဖြစ်နေတယ်ဆိုတော့ ဒီအာဏာရှင်စနစ် အဆုံးသတ်မယ့်အချိန် အဆုံးသတ်မယ့်ပွဲလို့ ဒီလိုပဲမှတ်ယူလို့ ရပါတယ်။

မေး။   ။ အာဏာသိမ်းစစ်ကောင်စီဟာ အရင်ခေတ်အဆက်ဆက်က စစ်တပ်ခေါင်းဆောင်တွေထက် ပိုမိုဆိုးဝါးပြီး အနမ့်ပါနှစ်သစ်ကူးပွဲနဲ့ ကလေးသူငယ်တွေ စာသင်တဲ့ကျောင်းကို ဗုံးကြဲပစ်ခတ်မှုတွေ၊  ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သေဒဏ်ချမှတ်ခံရသူတချို့ကို မကြာခင်က ကွပ်မျက်မှုတွေ၊ ကျောင်းသားတွေကို လတ်တလော သေဒဏ်ချမှတ်ခဲ့မှုတွေ။ ရွာတွေကို နေ့စဉ်ရက်ဆက် မီးရှို့သတ်ဖြတ်နေတာတွေစတဲ့ လူမဆန်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေပါတယ်။ ဗိုလ်ချုပ်ကြီး ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဖြေ။   ။ အခုမေးတဲ့ မေးခွန်းမှာကိုမှ လူမဆန်မှုလို့ ပြောတဲ့ဟာက တော်တော်လေး အဓိပ္ပာယ်ရှိပါတယ်။ တာသွားတာပေါ့။ ဒါက စစ်ကောင်စီက သူလျှောက်မယ့်လမ်းကို သူကိုယ်တိုင်ပြနေတယ်လို့ ဦးဆုံးပြောချင်တယ်။ နိုင်ငံတကာက အာဏာသိမ်းတဲ့ အချိန်ကစပြီး အကုန်လုံးက သတိပေးနေတာဖြစ်ပါတယ်။ လူသားချင်းစာနာမှုတို့ အနာဂတ်တို့၊ ဖယ်ဒရယ်တို့ ဒီမိုကရေစီတို့ စသဖြင့်ပေါ့။ ပြီးလို့ရှိရင် ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ သူတို့တစ်ဖွဲ့လုံးကို စီရင်ချက်တွေ မချဖို့ အကုန်လုံးတားနေတဲ့ကြားထဲကနေ ဒါတွေလုပ်တယ်။ ပြီးလို့ရှိရင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို အကြီးအကျယ် ထိုးစစ်ဆင်တယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ အနမ့်ပါ အခြေအနေတွေဖြစ်လာတယ်ဆိုတော့ စစ်ကောင်စီက သူလျှောက်မယ့်လမ်းကို သူ ငါတို့ကတော့ ဒီလိုလျှောက်မယ်လို့ ပြလိုက်တဲ့ အနေအထားလို့မြင်တယ်။ နောက်တစ်ခုက သူဒီလိုလုပ်နေတာဟာ သူ့မှာလူလူချင်းစာနာတဲ့စိတ်၊ လူသားစိတ်ဆိုတာ မရှိတော့ဘူး။ တတိယအချက်ကတော့ စစ်ကောင်စီဟာ ပြည်သူနဲ့အတူ ဘယ်တော့မှ ဘက်တဘက်တည်းမှာ နေလို့မရတော့ဘူးဆိုတာ သူထင်ထင်ရှားရှား ပြနေတယ်လို့ပဲ ပြောချင်ပါတယ်။

မေး။   ။ အနမ့်ပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအပြီးမှာ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါလို့ ဗိုလ်ချုပ်ကြီး မှတ်ချက်ချခဲ့ပါတယ်။ ဘယ်လိုရင်းနှီးမှုတွေကို ဗိုလ်ချုပ်ကြီး ဆိုလိုတာလဲ။ KIA အနေနဲ့ ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ။   ။ အနမ့်ပါကတော့ ကချင်တွေရဲ့ နှလုံးသားထဲမှာ သံပူနဲ့တံဆိပ်ရိုက်ပေးသလိုဖြစ်သွားပြီလို့ ပြောချင်ပါတယ်။ အရင်အနမ့်ပါ မဖြစ်ခင်မှာတော့ စစ်ကောင်စီဟာ တစ်စုံတစ်ရာ သူလူထုကို ငဲ့ညှာတာမျိုးတွေ ရှိမလား၊ နိုင်ငံရေးအရသူ ညှိုနှိုင်းတာတွေ သူ့မှာကောင်းမွန်တဲ့ စိတ်ထားများရှိမလားလို့ တွေးကြတဲ့ ကချင်လူမျိုးတွေ တော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဒီအနေအထားကို ကြုံတွေ့ရတဲ့ အခါမှာတော့ ကချင်တွေရဲ့စိတ်ထဲမှာ ခိုင်မာတဲ့၊ ပြတ်သားတဲ့ စိတ်ဓာတ်တွေ ပိုပြီးမှ ပေါ်ထွက်လာတယ်။ ငါတို့ အရှုံးပေးလို့မရဘူးဆိုတဲ့ အသိတရားတွေလည်း ပိုပြီးမှသိလာတယ်။ ဒါတွေဟာ အကုန်လုံးခွန်အားအဖြစ် ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေလို့ ပြောချင်တာပါ။

မေး။   ။ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့တောင်ပေါ်မြေပြန့်မှာ ထိုးစစ်တွေကို ပြုလုပ်နေပါတယ်။ တကယ်လို့ KIA တပ်ဖွဲ့တွေကို အပြင်းအထန်ထိုးစစ်ဆင်လာခဲ့မယ်ဆိုရင် ဘယ်လိုခုခံဖို့ ပြင်ဆင်ထားပါသလဲ။

ဖြေ။   ။ စစ်ရေးပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထားတာတွေ အများကြီးရှိပါတယ်။ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တဘက်က ပြင်းပြင်းထန်ထန်လုပ်ရင် ပြန်ပြီးတုံ့ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီစဉ်တွေကို စဉ်းစားထားတာရှိသလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး။   ။ ဗိုလ်ချုပ်ကြီးတို့ KIA နဲ့ NUG အကြား ပူးပေါင်းဆောင်ရွက်မှုကရော ဘယ်လိုရှိပါသလဲခင်ဗျ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ။   ။ NUG နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေက ယုံယုံကြည်ကြည်နဲ့ တကယ့်ကို အားကောင်းကောင်းနဲ့ ပူးပေါင်းနေပါတယ်။ အဓိကကတော့ ကချင် KIO လို့တောင် မဟုတ်တော့ဘူး၊ ကျနော်တို့က ကချင်တစ်မျိုးသားလုံးကနေပြီးမှ CRPH နဲ့ NUG နဲ့ နားလည်မှုအပြည့်နဲ့ ပူးပေါင်းတာဖြစ်တယ်။ စစ်ရေးမှာတော့ KIA က NUG ရဲ့ MOD နဲ့ C3C လို့ခေါ်တဲ့ အစုအဖွဲ့မှာ ကျနော်တို့က အစစအရာရာတိုင်ပင်ပြီးတော့ ကျနော်တို့ ဒီစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ တကယ်ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကျေနပ်တယ်၊ ပြီးလို့ရှိရင် စဉ်ဆက်မပြတ် ကျနော်တို့ ကြိုးစားနေတယ်လို့ သတင်းစကားပါးချင်ပါတယ်။

မေး။  ။ NUG အမျိုးသားညီညွတ်ရေးအစိုးရ လက်ရှိလုပ်ဆောင်ချက်တွေကရော အားရကျေနပ်စရာရှိလား၊ တစ်ခုခုများ အကြံဉာဏ်ပေးဖို့ ရှိလားခင်ဗျ။

ဖြေ။   ။ အားရတယ်ဆိုတာထက် ကျနော်တို့ ကျေနပ်တယ်။ မျှော်လင့်ချက်ထားတယ်။ ဘာဖြစ်လဲဆိုတော့ အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးစားနေတာတွေ့ရတယ်။ ပြီးရင် ယုံကြည်မှုအပြည့်နဲ့ အရှေ့ကိုသွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ သွားနေတာတွေ့ရတော့ တကယ်ကို ကျေနပ်ပါတယ်။ အားရတယ် ဆိုတာကတော့ ဒါအများကြီးကြိုးစားရမယ် NUG တစ်ခုတည်းမဟုတ်ဘူးပေါ့နော် ကျနော်တို့ အားလုံးဝိုင်းပြီး ကြိုးစားရမှာဖြစ်ပါတယ်။

 

မေး။   ။ စစ်ကောင်စီတပ်တွေရဲ့ အင်အားနဲ့ စွမ်းရည်ကိုရော ဗိုလ်ချုပ်ကြီး ဘယ်လိုမြင်သလဲခင်ဗျ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံတွေကိုရော ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။

ဖြေ။   ။ စစ်ကောင်စီတပ်ရဲ့ အင်အားနဲ့စွမ်းရည်ကတော့ ၂ ခုစလုံး ချိနဲ့နေပြီလို့ ဒီလိုပဲမြင်တယ်။ နောက်ထပ်အင်အားတိုးလာစရာလည်း မရှိတော့ဘူး။ ရှိပြီးသား အင်အားတွေကလည်း ချိနဲ့နေပြီ။ စိတ်ဓာတ်ရေးရာအရရော၊ လုပ်ဆောင်ချက်တွေရော အကုန်ချိနဲ့နေပြီလို့မြင်တယ်။ ရေရှည်ခံဖို့ဆိုတာ သူတို့အတွက် မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားပါပြီ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံ ဘယ်လိုမြင်သလဲမေးတော့ နည်းနည်းညှာညှာတာတာနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးက ကြိုးမညှိဘဲ ဂစ်တာတီးနေတဲ့ပုံပဲလို့ ကျနော် ဒီလိုပဲ ဥပမာပြချင်ပါတယ်။

မေး။   ။ အခု ဗိုလ်ချုပ်ကြီးတို့ KIA က PDF ပေါ့နော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  ဘယ်လောက်များများကို သင်တန်းပေးပြီးပြီလဲခင်ဗျ။

ဖြေ။   ။ ကျနော်တို့ KIA ကနေ တိုက်ရိုက် အခြေခံစစ်သင်တန်းပေးတာကတော့ ၄ ထောင်ကျော်ရှိပါတယ်။ ပထမပိုင်းမှာ MOD အနေနဲ့ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ကျနော်တို့က အခြေခံစစ်သင်တန်းတွေကို KIA အနေနဲ့ တာဝန်ယူပြီးပေးတာဖြစ်ပါတယ်။ ၄ ထောင်ကျော်။ အဲဒီ့နောက်ပိုင်းမှာတော့ ဆင့်ပွား သင်တန်းတွေကိုတော့ NUG, MOD က သူတို့အစီစဉ်နဲ့ သူတို့ လုပ်နေတယ်။ ကျနော်တို့ KIA ကတော့ ဆင့်ပွားသင်တန်းတွေကို အဓိကမလုပ်တော့ဘဲနဲ့ အခြားမွန်းမံသင်တန်းများနဲ့ အခြားအထူးလေ့ကျင့်ပေးရမယ့် သင်တန်းများ၊ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ရေးများကို ဆက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။

မေး။   ။စစ်ကောင်စီ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပွဲအပြီးမှာ တော်လှန်ရေးသမားအသစ်တွေ အဓိကအားဖြင့် လူငယ်တွေဆိုပါတော့ အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ရဲ့ ခံယူချက်တွေ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဝါရင့်တော်လှန်ရေးသမားတစ်ဦးအနေနဲ့ ဗိုလ်ချုပ်ကြီးရဲ့ ရှုမြင်ပုံကို ကျနော် သိပါရစေခင်ဗျ။

ဖြေ။   ။ လူငယ်တွေကတော့ တကယ်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်လို့ မြင်တယ်။ ပြီးရင် သတ္တိရှိတယ်။ တီထွင်စွမ်းအားလည်း ရှိတယ်။ စိတ်ဓာတ်လည်းပဲ ပြင်းထန်တယ်။ အရေးကြီးတာကတော့ မိမိတို့လျှောက်ရမယ့် အနာဂတ်ကို ရှာဖွေတွေ့ရှိထားပြီးသားဖြစ်တယ်လို့ မြင်တယ်။ တစ်ချက်ပဲ ပြောရမှာကတော့ ဒီလိုပြည့်စုံနေတဲ့လူငယ်တွေ တော်လှန်ရေး အင်အားတွေအားလုံးက စုစည်းညီညွတ်ဖို့အတွက် စနစ်တကျသွားဖို့ပဲ လိုပါတယ်။ အဓိက အရေးကြီးဆုံးက ကျနော်တို့ အနာဂတ်ဘယ်လိုသွားမလဲ ဆိုတာကို လူငယ်တွေရော တော်လှန်ရေးသမားတွေအကုန်လုံးက ရှာဖွေတွေ့ရှိထားပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မေး။   ။ လက်ရှိ တော်လှန်တိုက်ခိုက်မှုတွေမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအားလုံး မပါဝင်ကြသေးတာ ဘာကြောင့်လဲခင်ဗျ။ လတ်တလော AA နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်မှုကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ အဓိကကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အမြဲတမ်းပြောနေတာကတော့ လက်နက်ကိုင်တပ်ဖွဲ့လို့ သုံးကြတာပေါ့။ ကျနော်တို့ကတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့လို့ သုံးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အကုန်လုံး တိုက်ပွဲတွင်းမှာ မပါဝင်သွားလည်းပဲ မူအရတော့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ တချို့ကတော့ အခြေနေအမျိုးမျိုးကြောင့် လောလောဆယ် တိုက်ပွဲတွေမှာ မပါနိုင်ဘူး။ ဒါပေမဲ့ မူဝါဒချင်းတူညီတာ မဟုတ်ပါဘူး။ ဒါအင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခုက မပါဝင်နိုင်တာကတော့ အားနည်းချက်တွေ ကိုယ်စီရှိကြပါတယ်။ အဖွဲ့တိုင်းမှာပေါ့လေ။ ဥပမာ- မိမိအစပျိုးထားတဲ့ လမ်းကြောင်းအရ ပါဝင်လို့ မရတာမျိုးတွေဖြစ်တယ်။ တချို့အနည်းစုကတော့ အင်အားသိပ်မရှိတဲ့အခါမှာ မဆုံးဖြတ်ရဲတာလည်း ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်လို့ စပြီးဖွဲ့စည်းလာတဲ့ အကုန်လုံးကတော့ မူအရဆန့်ကျင်ဘက်ပဲဖြစ်တယ်။ တစ်ချိန်ချိန်မှာ ဒီလူတွေအကုန်လုံးဟာ မတူညီတဲ့မူအောက်မှာ သူတို့နဲ့ တပေါင်းတစည်းတည်း နေလို့မရတဲ့အခါမှာ အကုန်လုံးတိုက်ပွဲထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ AA နဲ့ စစ်ကောင်စီကြား ယာယီအပစ်အခတ်ရပ်စဲမှုကတော့ ကျနော်တို့ သံသယမရှိပါဘူး။ AA အပေါ်မှာ ကျနော်တို့ တကယ်ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတာက လူသားချင်းစာနာမှုအရ ယာယီအပစ်အခတ်ရပ်တယ်လို့ ပြောတယ်။ နောက်တစ်ချက်က သူတို့ရခိုင်ပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့အကျပ်အတည်းပေါ့နော်။ ဒါကို သူတို့ အဓိကထားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားပြည်နယ်တိုင်းတွေ ကျနော်တို့ ကချင်ဒေသတွေမှာကျတော့ လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်လို့မရဘူး။ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ကားလမ်းတွေ အများကြီးရှိတယ်။ မြစ်ကြောင်းတွေ ရှိတယ်။ ရခိုင်ပြည်ဘက်မှာကြတော့ အဲလိုမဟုတ်ဘူး၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကလည်း နည်းတဲ့အခါကျတော့ သူက လမ်းကြောင်းတစ်ခု၊ ၂ ခုကို ပိတ်လိုက်လို့ရှိရင် ပြည်သူလူထုက အင်မတန်မှ ဒုက္ခရောက်တယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့လူထုကို ငဲ့ညှာရတာဖြစ်တယ်။ အဲတော့ စစ်ကောင်စီက ဒီလိုလုပ်နေတာကတော့ လူထုကို ဓားစာခံလုပ်တာပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ AA က လူသားချင်းစာနာမှုအရ သူယာယီအပစ်အခတ်ရပ်စဲရေး လုပ်တဲ့အပေါ်မှာ ကျနော်တို့ KIO အနေနဲ့ သံသယမရှိပါဘူး။ ယုံကြည်မှုလည်း လျော့ပါးမသွားပါဘူး။ ဒါဟာသိပ်ပြီးမှ အချိန်အကြာကြီးလုပ်နိုင်မယ့် အနေအထားမျိုးလည်း မတွေ့ရပါဘူး။

မေး။   ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ လက်ရှိကာလမှာ ဘယ်လိုသဘောထားနဲ့ ဘယ်လိုရပ်တည်ချက်တွေရှိသင့်တယ်လို့ ဗိုလ်ချုပ်ကြီး ပြောနိုင်မလဲ ခင်ဗျာ။

ဖြေ။   ။ အဓိကတော့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားရေးကို အဓိကအားပြုရမယ်။ မျက်ခြေမပြတ် လုပ်ရမယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်ဆိုတာက သူ့ရဲ့ ပုလ္လင်မလှုပ်မချင်း သူရဲ့ ဆုံးဖြတ်ချက်တွေ သူဘယ်တော့မှ အလျော့မပေးဘူး၊ အဲတော့ ကျနော်တို့က အာဏာရှင် အဓိကကတော့ လောလောဆယ် ကြုံတွေ့နေရတဲ့ စစ်အာဏာရှင်စနစ်ဟာ ဘယ်လိုချုပ်ငြိမ်းသွားမလဲဆိုတာ ကျနော်တို့ အာရုံပြုဖို့လိုပါတယ်။ ပြီးလို့ရှိရင် ခုနက ကျနော်တို့ ပြောခဲ့ကြသလိုပဲ ကျနော်တို့ လျှောက်ရမယ့် အနာဂတ် တွေ့ထားပြီးသား ကျနော်တို့ဆီမှာ ရှိပြီးသား အဖြေကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒီလိုသွားတဲ့အခါမှာ တော်လှန်ရေးသတိ၊ တော်လှန်ရေးသစ္စာနဲ့ ပြည်သူလူထုနဲ့ အတူတကွပူးပေါင်းဖို့လိုပါတယ်။ တော်လှန်ရေးရယ်၊ ပြည်သူရယ် ပူးပေါင်းဖို့ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

မေး။   ။ ဒီတော်လှန်ရေးမှာ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတွေ နိုင်ငံခြားမှာမွေးတဲ့ မြန်မာနွယ်ဖွားတွေရဲ့ ထောက်ခံကူညီမှုကိုရော ဘယ်လိုမြင်သလဲ ခင်ဗျ။

ဖြေ။   ။ နိုင်ငံတကာရောက်တဲ့ မြန်မာပြည်ဖွားတွေပေါ့နော်။ နိုင်ငံတကာကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားတဲ့လူတွေရဲ့ အင်အားဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဆုံးအဖြတ်ကို ခွန်အားဖြစ်စေမယ့် အင်အားတစ်ခုဖြစ်ပါတယ်။ ဥပမာ- တချို့ဖြစ်ခဲ့တဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် မြင်တွေရမှာက အရှေ့တီမောဖြစ်ပါတယ်။ နိုင်ငံတကာရောက်တဲ့ မိမိနိုင်ငံက လူတွေရဲ့အင်အားဟာ အရေးကြီးပြီးမှ ခွန်အားဖြစ်စေသလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း နိုင်ငံတကာရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေ ပြည်သူတွေက အင်မတန်မှ အကူအညီပေးနေတာကို တွေ့ရတယ်။ ငွေရေးကြေးရေးအရရော၊ နိုင်ငံရေးအရရော၊ စိတ်ဓာတ်ခွန်အားအရရော ပေးနေပါတယ်။ အဲဒီ့ထက်တဆင့် တက်သွားတာကတော့ ခုနကပြောသလို အဆုံးအဖြတ်အတွက် လုပ်ပေးနိုင်တဲ့ အင်အားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သိပ်ကိုအရေးကြီးတယ်လို့ ပြောချင်ပါတယ်။

မေး။   ။ လက်ရှိတော်လှန်ရေးအောင်မြင်ဖို့ အဓိက ဘာတွေလိုအပ်လဲ ဗိုလ်ချုပ်ကြီး။ တကယ်လို့များ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်တွေ ရရှိမယ်ဆိုရင် အခြေအနေတွေက ဘယ်လိုများ ပြောင်းလဲလာနိုင်ပါသလဲ ခင်ဗျ။

ဖြေ။   ။အဓိကကတော့ လက်ရှိတော်လှန်ရေး အောင်မြင်ဖို့ကတော့ အင်အားရှိဖို့လိုတာပေါ့။ အင်အားလို့ပြောတဲ့အခါမှာ စစ်လက်နက်အင်အား၊ လူအင်အား၊ ငွေရေးကြေးရေးဘဏ္ဍာရေး၊ အသိပညာစသဖြင့် အင်အားပေါင်းစုံလိုပါတယ်။ ကိုယ့်ရဲ့အင်အားကို ကြီးအောင်လုပ်ရမယ်။ ပြီးလို့ရှိရင် စုစုစည်းစည်းဖြစ်အောင် လုပ်ရမယ်။ လေယာဉ်ပစ်လက်နက်ဆိုတာကတော့ တကယ်လိုအပ်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပစ် ဒုံးတွေကိုပဲ မျှော်နေလို့မရပါဘူး။ တခြားနည်းတွေ လုပ်ရမှာဖြစ်ပါတယ်၊ နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမှာဖြစ်ပါတယ်။ အဲတော့ ခုနကပြောသလိုပဲ ကျနော်တို့ နိုင်ငံတကာရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားများကလည်း တဘက်ကနေပြီးတော့မှ ဝိုင်းဝန်းကြိုးပမ်းကြမယ်။ သူ့ရဲ့အင်အား ရန်သူရဲ့အင်အားကို ဘယ်လိုချိနဲ့အောင်လုပ်ရမလဲဆိုတဲ့ နည်းပေါင်းစုံ ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ အဲတော့ ခွန်အားတွေလည်း ပေးကြရမယ်။ တဘက်နဲ့တဘက်ပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ဒီတော်လှန်ရေးကာလမှာ ခွန်အားမဖြစ်စေဘဲနဲ့ အပုပ်ချတဲ့ဟာတွေကို ကျနော်တို့ လျော့ချဖို့လိုပါတယ်။ တစ်ခါတလေမှာ အားမလိုအားမရဖြစ်ပြီးမှ တဘက်နဲ့တဘက်အပြစ်တင်တာတို့ အပုပ်ချတာမျိုးမဖြစ်အောင် ကြိုးစားရမယ်။ ကိုယ့်ရဲ့ အင်အားတွေကို ဖြုန်းတီးတာမျိုးမဖြစ်အောင် ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။

မေး။   ။  ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကိုသာမက လူမျိုးကြီးဝါဒ၊ တစ်ပြည်လုံးမှာဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ဖြတ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်နိုင်မယ်လို့ ဗိုလ်ချုပ်ကြီး ယုံကြည်ပါသလား ခင်ဗျ။

ဖြေ။   ။ ကျနော်ကတော့ ယုံကြည်တယ်။ တကယ် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အလွယ်တကူတော့ ရောက်သွားမှာ မဟုတ်ပါဘူး။ အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ရမှာဖြစ်တယ်။ အခုလို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရင်းနဲ့ နားလည်မှုကို၊ ယုံကြည်မှုကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်ရလေ ဒီအခက်အခဲကို အတူတကွ အောင်မြင်ကျော်ဖြတ်ကြလေ အချင်းချင်းရဲ့ ယုံကြည်မှု ပိုပြီးခိုင်မြဲလေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီပန်းတိုင်ကိုရောက်ဖို့ အလွယ်တကူမဟုတ်ဘူး၊ ကြိုးစားရမယ်ဆိုတာလည်း ကျနော်တို့ သတိချပ်ဖို့လိုပါတယ်။

မေး။   ။မြန်မာပြည်သူအားလုံးကို ဗိုလ်ချုပ်ကြီး တခြားဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျ။

ဖြေ။   ။ ဒီ နွေဦးတော်လှန်ရေးအတွက် ပေးဆပ်ခဲ့တဲ့သူတွေ အားလုံးကို လေးစားပါတယ်။ ဂုဏ်ပြုပါတယ်။ ဆက်ပြီးလည်း ကြိုးစားဖို့လိုပါတယ်။ ပြီးရင် ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီလို့ ကျနော်တော့ ဒီလိုယုံကြည်ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေကြပြီဖြစ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အရှေ့ကို အတူတကွ အောင်မြင်အောင် ဆက်သွားဖို့လိုပါတယ်။ ဒီလို ဆက်သွားရအောင်လို့ အားလုံးကိုလည်း တိုက်တွန်းချင်ပါတယ်။
_________
ဆက်ဖတ်ရန် →

"စစ်မကြေညာရုံကလွဲလို့ အဆင်သင့်ဖြစ်တဲ့ အနေအထားလား"

အမေရိကန်ရဲ့ NDAA သက်ရောက်မှုက ဘယ်လောက်အထိ သွားမလဲဆိုရင် စစ်မကြေညာရုံကလွဲလို့ ၊ ကြေညာဖို့ရာအတွက် အဆင်သင့်ဖြစ်တဲ့ အနေအထားအထိ ခင်းထားတဲ့လမ်းလို့မြင်ပါတယ်။ ဒီဥပဒေကို တကယ်တမ်း သမ္မတ လက်မှတ်ထိုးပြီးပြီဆိုရင် လိုအပ်လာရင် မနက်ဖြန်ကြေညာမယ်ဆိုရင်လည်း ကြေညာလို့တဲ့အနေအထားပါ။ ဒီလောက်အထိ အရှိန်ပြင်းတယ်လို့မြင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( EAO) တွေအနေနဲ့လည်း သူတို့ ဂိတ်ထဲကနေ သင့်နေပါပြီ" #DVBTV #Interview #WhatsHappeningInMyanmar DVB TV - 14.12.2022

ရက်(၉၀)အတွင်းသတင်း အချက် အလက်တွေအား လုံးကို စစ်တမ်းကောက်ယူပြီး သမ္မထံသို့ ပို့ ရမယ်။(၆)လအတွင်းအမေရိ ကန်သမ္မတကဆုံးဖြတ်ရမယ့် Burma Act =========== နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွတ် ကို လွတ်ပေးရမယ် ဆိုတဲ့ Order 
 =========== "စစ်မကြေညာရုံကလွဲလို အားလုံး အဆင်သင့်ဖြစ်တဲ့ အနေအထားပါ ဒီဇင်ဘာလ ၁၅ ရက် "အမေရိကန်ရဲ့ NDAA သက်ရောက်မှုက ဘယ်လောက်အထိ သွားမလဲဆိုရင် စစ်မကြေညာရုံကလွဲလို ၊ ကြေညာဖိုရာအတွက် အဆင်သင့်ဖြစ်တဲ့ အနေအထားအထိ ခင်းထားတဲ့လမ်းလိုမြင်ပါတယ်။ ဒီဥပဒေကို တကယ်တမ်း သမ္မတ လက်မှတ်ထိုးပြီးပြီဆိုရင် လိုအပ်လာရင် မနက်ဖြန်ကြေညာမယ်ဆိုရင်လည်း ကြေညာလိုတဲ့အနေအထားပါ။ ဒီလောက်အထိ အရှိန်ပြင်းတယ်လို့မြင်ပါတယ်။ 
🏴‍☠️MSK


ဆက်ဖတ်ရန် →
စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊

စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊

Breaking News

တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

ကရင့်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ - ၄၀၅) တပ်၌ ဒီဇင်ဘာ လ ၁၄ ရက်နေ့က တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခမရ ၄၀၅ တပ်အား ၎င်း၏အထက်ကွပ်ကဲမှုဌာန ချုပ်ဖြစ်သည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ် မဲဝိုင်စခန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို မခရ ၄၀၅ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦး က ငြင်းဆန်ကာ အမိန့်မနာခံဘဲ ဖီဆန်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ အမိန့်မနာခံဘဲ အာဏာဖီဆန်သဖြင့် ခမရ ၄၀၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဦး ဆောင်သော အင်အား ၇၀ ခန့်ရှိ ခမရ ၄၀၅ တပ်ကို အာဏာသိမ်းစစ်တပ်က အခြားသော အင်အား ၁၀၀ ကျော်ရှိသည့် တပ်ရင်းတစ်ခုဖြင့် ပြန်ဝိုင်းစေကာ ခမရ ၄၀၅ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“မဲဝိုင်စခန်းကို ချီတက်ခိုင်းတာကို ခမရ ၄၀၅ တပ်က တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်က မလုပ်နိုင်ဘူးလို့ ငြင်းတာ။ ခိုင်းတာက စကခမှူး (ဗိုလ်မှူးချုပ် အေးမင်းဦး) ကိုယ်တိုင်အမိန့်ပေးတာကို မနာခံတာလို့ သိရတယ်။ အဲ့လို အမိန့်မနာခံလို့ဆိုပြီး ခမရ ၄၀၅ တပ်ထက် အင်အားများတဲ့တပ်နဲ့ ပြန်ဝိုင်းခိုင်းပြီး တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်ကို ပြန်ဖမ်းခိုင်းတာ”ဟု သရက်ချောင်းတပ်နယ် ခမရ ၄၀၅ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်များပေးသောအမိန့်ကို မနာခံဘဲ အာဏာဖီဆန်သဖြင့် ဖမ်းဆီးခံရသူများမှာ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးတိုးမြှင့်ခံရမည့်ဗိုလ်ကြီး) ၁ ဦးတို့ဖြစ်ပြီး တပ်ခွဲမှူးအမည်ကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ခမရ ၄၀၅ တပ်၏ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ဖမ်းဆီးခဲ့သဖြင့် လက်ရှိတွင် အဆိုပါတပ်ကို မပြိုကွဲစေရန်အတွက် စကခ ၈ လက်အောက်ခံ အခြားသောတပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကို ယာယီတပ်ရင်းမှူးခန့်၍ ဦးစီးကွပ်ကဲခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၈)၏လက်အောက်ခံဖြစ်သည့် ခမရ ၄၀၅ တပ်မှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့တွင်အခြေပြုသည့်တပ်ရင်းဖြစ်သည်။ ၎င်းတပ်မှာ စစ်ခေါင်းဆောင်များအမိန့်အရ ကရင်ပြည်နယ်အတွင်း ရှေ့တန်း (စစ်ဆင်ရေး) ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး KNLA နှင့် PDF တပ်များ ၏တိုက်ခိုက်မှုကြောင့် အထိနာနေသော တပ်ရင်းတစ်ခုလည်း  ဖြစ်သည်။ 

စစ်တပ်လုပ်ထုံးလုပ်နည်းအရအမိန့်မနာခံဘဲ အာ ဏာ ဖီဆန်သဖြင့် ဖမ်းဆီးခံရသူ ခမရ ၄၀၅တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး မှူး/ဗက ၁ ဦး တို့ကို စကခ ၈ ဌာန ချုပ်သို့ပြန်ခေါ်၍ စစ်ခုံရုံးဖြင့် ပြင်းပြင်းထန်ထန်အရေးယူဖွယ်ရှိကြောင်း တပ်မတော်သားဟောင်းများက သုံးသပ်ပြောဆိုသည်။

“စစ်ဥပဒေအရ ရှေ့တန်းထွက်ချိန် အမိန့်မနာခံရင် သာမာန်ရာထူးအဆင့်ဆို သတ်ပစ်မှာ။ ဒါက ရာထူးကြီးနေတဲ့ အရာရှိတွေဖြစ်နေလို့သာ။ လုပ်ထုံး လုပ် နည်းအရတော့ နောက်တန်းကို ချက်ခြင်းပြန်ပို့ခိုင်းမယ်။ ပြီးရင် စုံခုံဖွဲ့ပြီး အမိန့်မနာခံမှုနဲ့ အရေးယူမှာပေါ့။ တခြားလူတွေ လိုက်မလုပ်ရဲအောင် ဒီအရာရှိ ၃ ယောက်ကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန် အရေး ယူမယ် ထင်တယ်”ဟု စစ်သက်ရင့် တပ်မတော်သားဟောင်းတစ်ဦးက  သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ မဲသလွတ်စခန်းကို KNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အပါအဝင်စခန်းတစ်ခုလုံးရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သည့် ခမရ ၄၀၃ တပ်မှဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးကို အာဏာ သိမ်းစစ်တပ်က ရက်အတန်ကြာတွင် တောထဲမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စစ်ခုံရုံးဖွဲ့၍ မိမိစခန်းကို စွန့်ခွာ ထွက်ပြေးမှု၊ တာဝန်ပေါ့လျော့မှုတို့ဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

................................

သတင်းမှန်များတင်ဆက်နေသော Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို Facebook မှ အရေးယူကာ ပြစ်ဒဏ်ချမှတ်မှုများ လုပ်ဆောင်ထားသဖြင့် Ayeyarwaddy Times Facebook Page ကို Review ရေးပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံပါသည်။

https://www.facebook.com/ayeyarwaddytimes/photos/a.509163249241681/2358970324260955

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့(ပုံဟောင်း)။


ဆက်ဖတ်ရန် →
မန္တလေးမှ LGBT အရေးလှုပ်ရှားသူ နှစ်ရှည်ထောင်ဒဏ်ချခံရ

မန္တလေးမှ LGBT အရေးလှုပ်ရှားသူ နှစ်ရှည်ထောင်ဒဏ်ချခံရ



အာဏာသိမ်းစစ်တပ်သည် ရဟန်းသံဃာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများပါမကျန် ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။ 
Published on Dec 13, 202
စစ်ကောင်စီ၏ အငြိုးဖြင့် ထောင်ဒဏ် နှစ်ရှည်ချခံရသည့် စူးရှရှင်းသန့်

စစ်ကောင်စီ၏ အငြိုးဖြင့် ထောင်ဒဏ် နှစ်ရှည်ချခံရသည့် စူးရှရှင်းသန့်

မန္တလေးမြို့တွင် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) အရေး လှုပ်ရှားသူများအနက် ထင်ရှားသည့် စူးရှရှင်းသန့်ကို စစ်ကောင်စီက မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂) တွင် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂၂ နှစ် ထပ်မံချမှတ်လိုက်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နှင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ထပ်ချခံရသူ စူးရှရှင်းသန့်မှာ ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်း ထောင်သုံးနှစ် ချခံထားရပြီးဖြစ်သည်။ 

“ပေါင်းပြီးချလိုက်တာလို့ပဲ သိရတယ်။ အမှုအကြောင်းအသေးစိတ်တော့ မသိရသေးဘူး။ ၅၀၅(ခ) နဲ့က ဒီနှစ်အစောပိုင်းကတည်းက ၃ နှစ်ချထားတာပါ။ အခုအားလုံးပေါင်း ၂၅ နှစ်ပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။


အသက် ၂၇ နှစ်အရွယ် စူးရှရှင်းသန့်ကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကျောက်ဆည်မြို့မှအပြန် မန္တလေးမြို့အဝင် မြစ်ငယ်တိုးဂိတ်အနီးတွင် ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ထိုစဉ်က စူးရှရှင်းသန့်နှင့် ဖမ်းဆီးခံရသည့် ကိုသန်းတိုးအောင်သည်လည်း ယမန်နေ့၌ပင် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၅ နှစ် အချခံရသည်ဟု သိရသည်။ 

“ကိုသန်းတိုးအောင်ကို ၂ မှုပေါင်း ၁၅ နှစ်၊ ဒီပုဒ်မတွေအတွက် သူကျူးလွန်ခြင်းလည်း မရှိပါဘူး။ သူက NGO မှာ လုပ်တာဆိုတော့ ပရဟိတတွေ၊ ငွေကြေးပိုင်ဆိုင်ရာ ငွေအလွှဲအထုတ် ကူညီရတာတွေရှိတယ်။ ဒါတွေအတွက်ပဲ စွပ်စွဲပြီး ချခံရတယ်လို့ ထင်ပါတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

စစ်ကောင်စီက ကားဖြင့်တိုက်ဖမ်းဆီးစဉ် ကိုသန်းတိုးအောင်မှာ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရရှိခဲ့ပြီး စူးရှရှင်းသန့်မှာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာမရသော်လည်း အညိုအမည်းစွဲသည့် ဒဏ်ရာများ ရရှိခဲ့သည်။ 

ထို့ပြင် စစ်ကြောင်းရေးတွင် စူးရှရှင်းသန့်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုမှုများ၊ ထိတွေ့နှောက်ယှက်မှုများ၊ နှိပ်စက်ခံရမှုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ၎င်းနှင့်ရင်းနှီးသူ နောက်တစ်ဦးက ဆိုသည်။

“သူ့ကို စစ်ကြောရေးမှာ ရင်သားတွေကို ကိုင်တွယ်တာ၊ ဆေးလိပ်မီးနဲ့ တို့တာတွေ ခံရတယ် နောက်ပြီး ထောင်ရောက်တဲ့အခါမှာလည်း သူက လိင်စိတ်ပြောင်း အမျိုးသမီးလည်းဖြစ်တယ်။ ထွားတဲ့အခါကျတော့ အတွင်းခံအင်္ကျီတွေဘာတွေ တောင်းခံတဲ့အခါ သွင်းလို့မရဘူးလို့ ကြားရတယ်”

လက်ရှိတွင် စူးရှရှင်းသန့်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း သီးသန့်အဆောင်တွင် ထိန်းသိမ်းခံထားရသည်ဟု သိရသည်။

စူးရှရှင်းသန့် ဖမ်းဆီးထောင်ချခံရမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆုံးရှုံးနစ်နာမှုတစ်ရပ်ဖြစ်ပြီး တရားမျှတမှု ဖော်ဆောင်သွားမည်ဟု ဆိုသည်။

“LGBTတို့ရဲ့ အရိပ်သင်္ကေတကို ဖော်ဆောင်ပြီး တက်ကြွစွာ ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်တယ်။ စူးရှရှင်းသန့် အပါအဝင် အခုလိုမျိုး မတရား ဖမ်းဆီးနှိပ်စက်ခံရပြီး ထောင်ချခံရသူတို့အတွက် တရားမျှတမှုကို ဖော်ဆောင်သွားမှာပါ” ဟု ဦးအောင်မျိုးမင်းက ယနေ့ (ဒီဇင်ဘာ၁၃) တွင် ပြောဆိုသည်။

လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်သူ စူးရှရှင်းသန့်သည် မန္တလေးမြို့တွင် ပရဟိတအလုပ်ဖြင့် လူသိများလာခဲ့ပြီး မြို့နေလူထုအကြား ထင်ရှားသူဖြစ်သည်ဟု သိရသည်။ လူ့အခွင့်အရေး၊ LGBT အရေး၊ ကလေးသူငယ်အခွင့်အရေးတို့ကို အစဉ်တစိုက် ဆောင်ရွက်နေသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မန္တလေးတိုင်း လူငယ်ရေးရာကော်မတီဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

“နောင်တချိန်မှာ ပြန်တွေ့ခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ဖြေနေရတယ်. မတရားတာတော့ မတရားဘူးပေါ့နော်။ ဒါပေမဲ့ မတရားမှုတွေကြားမှာ အသက်မသေသေးဘူးဆိုပြီးတော့ နေရတယ်။ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံးပဲ လွတ်မြောက်စေချင်ပါတယ်” ဟု စူးရှရှင်းသန့်နှင့် ရင်းနှီးသူ LGBT တစ်ဦးက ပြောသည်။

ဆက်ဖတ်ရန် →
ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွား

ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွား



Western News| ဒီဇင်ဘာ၊ ၁၅ ရက်

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို ရခိုင်ပြည်အနှံ့အပြင် မြန်မာပြည် တစ်ဝှမ်းမှ မြင်တွေ့ခဲ့ရပြီး အလင်းတန်းပေါ်ထွက်လာမှုမှ အလျားလိုက် အနေအထားဖြစ်ကာ အနောက်ဖက်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထူးဆန်းသည့် အလင်းတန်းကို ရခိုင်ပြည် မြို့နယ် အသီးသီးက အာကာပြင်တွင် တွေ့မြင်ခဲ့ရသည့်အပြင် အဆိုပါမြင်ကွင်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်၊ တိုင်းတချို့မှ တွေ့မြင်ရကြောင်း ဒေသခံတစ်ချို့ က Western  News ကို ပြောသည်။

"နေထွက်တဲ့အရပ်တဲ့ မျက်နှာချင်းဆိုင်မှာပေါ်လာတာမျိုးပေါ့။ အပြင်ကိုအမှတ်မထင်ထွက်ကြည့်ရင်းနဲ့တွေ့တာ။ အလင်းတန်းက တစ်စုတစ်စည်းတည်းအနေထားကနေပြန့်ကြဲသွားတယ်။ အလင်းတန်းရှေ့မှာ အရာဝတ္ထုတစ်ခုတော့တွေတော့ ဓာတ်မီးတောင့်လိုပဲ ခပ်ချွန်ချွန်လေး။ အဲ့လိုပေါ်လာတော့ ကိုယ့်ဒေသဓလေ့အတိုင်း အမျိုးမျိုးတော့ အတိတ်နိမိတ်ကောက်တာတွေ တောင်ရှိနေကြတယ်" အလင်းတန်းအားမြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။

ယခုကဲ့သို့အလင်းတန်းဖြစ်ပေါ်မူကို နိုင်ငံတဝန်းမှ လူဦးရေအမြောက်အမြားမြင်တွေ့ခဲ့မှုရှိသော်လည်း မမြင်တွေ့လိုက်ရသူများလည်း အများအပြားရှိခဲ့သည်။

အဆိုပါအလင်းတန်းမှာ မြောက်ဖက်မှ တောင်ဖက်သို့ဦးတည်၍ ဖြစ်ပေါ်ခြင်းဖြစ်ပြီး မည်သည့်အရာတစ်ခုဖြတ်သန်းသွားသည်ကိုမူ မသိရှိသေးပေ။

အလင်းတန်းပုံသဏ္ဍန်မှာ ကတော့ပုံအနေအထားရှိပြီး အဆိုပါအလင်းတန်းဖြတ်သန်းသွားသည့်နေရာတွင် အလင်းရောင်များပြန့်ကြဲကျန်ခဲ့သည့်အနေအထားမျိုးတွေ့ရသည်။
 
Western News-WN

၆၄ ပေကြီးပြီး တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းပျံဝဲနေတဲ့ 2022 XO ဂြိုဟ်သိမ်ကြောင့် မြန်မာတနိုင်ငံလုံး အလင်းတန်းကြီး မြင်လိုက်ရ

မဲခေါင်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော်ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီး ဖြတ်ပျံသန်း သွားမှုနဲ့ပတ်သတ်လို့ အားလုံး အထိတ်တလန့်ဖြစ်နေကြချိန် NASA  က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။

အခု အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နာဆာက ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေပြီး အစိုင်အခဲက ကမ္ဘာ ပေါ်ကျချိန် ထုမလျှော့သွားရင် အန္တရာယ်အတိုင်းအတာတစ်ရပ်အထိ ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါ တယ်။

လက်ရှိ ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန် ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံသွားတာပါ။ နာဆာကတော့ ဒီအမြင့်၊ ဒီအရှိန်နဲ့ ပျံသန်းနေ တဲ့ ဒီထုရှိတဲ့ ဂြိုဟ်သိမ်ဟာ အန္တရာယ် သိပ်မရှိနိုင်လောက်ဘဲ ပွန်းပဲ့တိုက်စားသွားမယ်လို့ ထင်မြင်ချက်ပေးထား ပါတယ်။

MKF - 001
#MeKongNews











ဆက်ဖတ်ရန် →
တပွဲစား

တပွဲစား

မင်းအောင်လှိုင်၏ စိတ်ထဲတွင် စွဲနေသည့် တခုတည်းသော အရာက ဗိုလ်နေဝင်း နှင့် ဗိုလ်သန်းရွှေ တို့ပင် တိုင်းပြည်ကို နှစ် နှစ်ဆယ်ကျော်မျှ အုပ်ချုပ်သွားနိုင်ပါလျှက် သူ့ကျမှ အဘယ်ကြောင့် မဖြစ်နိုင်ရသနည်း ဆိုသည်လောက်သာ တွေးတောနိုင်စွမ်း ရှိသော ဦးနှောက် မျိုး နှင့် တပွဲထိုး ကြံစည်နေခြင်း ဖြစ်သည်။

ဖြစ်နိုင်လျှင် ပြည်သူ တရပ်လုံးအား ထိုခေတ် ထဲသို့ ပြန်ဆွဲ ခေါ်ချင်နေသည်။ ထို့အတွက် ဗီယက်နမ် ပင် လျှပ်စစ် ကား ထုတ်လုပ်နိုင်သည့် အနေအထား ရောက်လာချိန်တွင် မင်းအောင်လှိုင်သည် တိုင်းချစ် ပြည်ချစ် စိတ်ဖြင့် စက်ဘီးများကို ထုတ်၊ ဖုန် သုတ် စီးကြပါရန် ၎င်း၏ မြစ်ကြီးနား ခရီးစဉ် တွင် ပြောဆိုသွားခဲ့ခြင်းကပင် ၎င်း ရှိနေ သမျှ တိုးတက်နေသော ခေတ်ကြီး နှင့် ရင်ဘောင်တန်း နိုင်ဖို့ မည်သို့မျှ မျှော်လင့်ချက် မရှိ ဆိုသည်ကို ပြဆိုသွား ခြင်းဖြစ်သည်။ ထို့အပြင် လျှပ်စစ်ရထား၊ ကားများ ထုတ်လုပ်သွားမည်ဟု တဖွဖွ ပြောနေရင်းက စက်ဘီးဖက် လှည့်သွားသည့် အရေးသည်လည်း ဆိုရှယ် မီဒီယာများ တွင် အကြီးကျယ်ဆုံး ဟာသ ဖြစ်သွားခဲ့ရသည်။

အစစ အရာရာ ရှေ့သို့သာ တိုးတက်နေသော ခေတ်ကာလကြီး ဖြစ်သည့် နှစ်ဆယ့်တစ်ရာစုထဲတွင် ဘိုးဘွား များထက် စာလျှင် တိုးတက်ရမည့် အစား ယခုအခါ ၎င်းတို့ ခေတ်ကကဲ့သို့ပင် မိမိတို့သည်လည်း မောင်ဗမာ စက်ဘီးနှင့် နှစ်ပါးသွား ရတော့မည့် အရေး ဖြစ်လာနေပြီ။ တိုင်းပြည်အုပ်ချုပ်ရန် ကြံနေသူသည် ခေတ်ကို နောက်ပြန် ဆွဲသွားနေသည့်အဖြစ်အား ပြည်သူများ အဖို့ မတွေးမိဘဲ နေနိုင်ကြမည် မဟုတ်ပေ။ ဤသည်ကို ကြည့်လျှင် ပြောရမည့်စကား ဟုတ်၊ မဟုတ် ဟူ၍ပင် ခွဲခြားနိုင်စွမ်း မရှိသူ ဖြစ်နေသည်မှာ အထင်အရှားပင်။

စစ်ခေါင်းဆောင်များ၏ ထုံးစံအတိုင်း အထွေထွေ ယုတ်လျော့ကျဆင်းလာနေမှုအား ကမ္ဘာကြီးကို အပြစ်ပုံချ တတ်စမြဲ ဖြစ်သည်။ သို့ဆိုက ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော လာအို၊ ကမ္ဘောဒီယား ကဲ့သို့ နိုင်ငံများမှာ ကိုဗစ် နောက်ပိုင်း အရှိန်အဟုန်နှင့် တိုးတက်လာနေသည်ကို မည်သို့များ ပြောဆိုနိုင်ဦးပေမည်နည်း။

ပြည်သူများအား စက်ဘီးစီးပြီး ချွေတာရန် သာ ပြောနေသော်လည်း ရုရှား၊ တရုတ်တို့မှ နောက်ဆုံးပေါ် လူသတ် လက်နက် တိုက်လေယာဉ်ကြီးများ အဘယ်ကြောင့် ဝယ်ယူနေကြရသနည်း ဟု မေးခွန်းထုတ်လာကြမည် ဖြစ်သည်။

တာလီဘန် လက်အောက် အာဖဂန်နစ္စတန် ရှိ ပြည်သူများသည် မြန်မာပြည်သူများ ကဲ့သို့ ဖိနှိပ်အုပ်ချုပ်ခံရမှု များ နှင့် အခြေအနေ အားလုံး နီးပါး တူညီစွာ ကြုံတွေ့နေရသော်လည်း ၎င်းတို့ အဖို့ တာလီဘန် အစိုးရ၏ အကြမ်း ဖက်မှု များ၊ ရွာများကို မီးရှို့ခံရမှု များ နှင့် လွတ်ကင်းနေဆဲပင် ဖြစ်သည်။

မင်းအောင်လှိုင်တို့ ၏ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းနေမှု မှန်သမျှ သည် အတွေးအခေါ် အနှစ်သာရ မရှိ၊ လက်ထဲတွင် သေနတ်ရှိက မည်သူမဆို လုပ်နိုင်သည့် လူမိုက် အဆင့် သာသာ လုပ်ရပ်များ ဖြစ်သည်က စဉ်းစားဉာဏ် ရှိသူတိုင်း သိပြီး ဖြစ်သည်။

၎င်း၏ မြစ်ကြီးနား ခရီးစဉ် ဖြစ်မြောက်ရန် လုံခြုံရေးအား စစ်အင်အား ထောင်ချီ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ် များ နှင့် ဝိုင်းရံ စောင့်ရှောက်ပေးခဲ့ရပြန်သည်။ အစည်းအဝေး ခန်းမထဲသို့ မည်သူမျှ လက်ကိုင်ဖုန်းများ ယူလာခွင့် မပြုကြောင်း သိရသည်။ ၎င်းအဖို့က တိုင်းပြည်ကို စိုးမိုးထားနိုင်ဆဲ ဟု ကမ္ဘာကို ပြသ ရန် နှင့် အဖက်ဖက်မှ ပြိုလဲ ကျဆင်းလာနေသော သစ္စာခံ တပ်များ အား စိတ်ဓါတ် မြှင့်တင် ပေးနိုင်ရန် ဖြစ်သည်။ ဤသည်တွင် တပ်ဖွဲ့ ဝင်များ အတွက် လက်နက်ကောင်းများ ထုတ်လုပ်ပေးရန် စီစဉ်နေသည်ဟူ၍ ထည့်ပြောသွားသည်ကို ကြည့်က ထင်ရှားနေသည်။

ဆယ်စုနှစ်ပေါင်း များစွာ စစ်ဘေး၊ အငတ်ဘေး နှင့် ကြုံနေရသော ကမ္ဘောဒီယား နိုင်ငံ ဝန်ကြီးချုပ်ကပင် မြန်မာ ပြည်တွင် ဖြစ်ပျက်နေမှု များ အတွက် သူ့လက်မှ လွတ်ပြီ၊ အင်ဒိုနီရှားသာ ဆက် ခံပေတော့ သဘောမျိုးဖြင့် ဘရပ်ဆဲလ်တွင် လှောင်ပြောင် ပြောဆိုသွားခဲ့သည်။ ၎င်းတို့ ရှိနေသရွေ့ နောက် ငါးနှစ် ကြာသည့်တိုင် ဖြေရှင်း နိုင်မည် မဟုတ်၊ မိမိနှင့် ၎င်း၏ သံတမန် ဖြစ်သူတို့ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ မျှော်လင့်ချက် မရှိ၍ အထူး သံတမန် သွားမည့် ခရီးစဉ်ကိုပင် ဖျက်သိမ်းလိုက်ပြီဟု ဆိုသည်။

ထိုသို့ အိမ်နီးချင်း နိုင်ငံများမှ ၎င်းတို့အား hot potato ကြီး အလား လက်ပြောင်းလက်လွှဲ လုပ်လာနေသည် ကို ရှက်ရကောင်းမှန်းလည်း မသိကြ၊ ရေအိုင်ထဲက ဖားသူငယ်များအလား ယခုထိ ကုလသမဂ္ဂ တွင် အသိအမှတ် ပြု မခံရသည့် အရေးကို နားမလည်နိုင် ဖြစ်နေရသည်ဟု ဆိုလာပြန်သည်။ ၎င်းတို့ အတွက် ဆူးကြီး တချောင်းလို စိုက်ဝင်နေသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကုလ ကိုယ်စားလှယ် ဖြစ်လာသူ သံအမတ် ကြီး ဦးကျော်မိုးထွန်းကို ပိုနေမြဲ ကျားနေမြဲ ဆက်ထားရန် ဆုံးဖြတ်ချက်ကို သောကြာနေ့တွင် တရားဝင် ကျေညာ တော့မည် ဖြစ်သည်။

ကနဦးက စစ်ကောင်စီအား လူသိရှင်ကြား ထောက်ခံနေသော ရုရှားက ကပျက်ယပျက် လုပ်မည့် အရေးကြောင့် ကုလ အထွေထွေ ညီလာခံ တွင် မဲခွဲရသည့် အဆင့်အထိများ ဖြစ်လာလေမလားဟု စိုးရိမ်မှုများ ရှိခဲ့သော်လည်း ထိုသို့ တကမ္ဘာလုံးက မကောင်းဆိုးဝါးကြီး အလား သတ်မှတ်ခံထားရသူဖက်မှ အဆုံးစွန်အထိ လိုက်ပြီး ထောက်ခံ ကာကွယ်ပေးရမည့် အရေးကို မူ လက်တွန့်သွားပုံရသည်ဟု လေ့လာသူ များ က သုံးသပ်ခဲ့ကြသည်။

ရုရှား အားကိုး နှင့် ဒီတကြိမ်တော့ အဆင်ပြေလောက်ပြီဟူ၍ ထင်ထားသော အကြမ်းဖက် စစ်တပ်အဖို့ အကြီး အကျယ် စိတ်ဓါတ်ကျစရာ ဖြစ်သွားခဲ့ရသည်။

စစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များဖြင့် ကိုယ့်ဂိုးကိုယ် ပြန်သွင်းနေခြင်းကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံတကာ တွင် ပွဲလည်တင့်လာနေပြီ ဖြစ်သည်။

ထိုသို့ ဖြစ်လာနေသည်ကို မင်းအောင်လှိုင်သည် မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိကြောင်းကို မြစ်ကြီးနား ခရီး စဉ်တွင် အာဏာသိမ်းပြီးကာစ မည်သူ့အကူအညီ တပြားတချပ်မှ မပါဘဲ မည်သို့ မည်ပုံ ရုန်းကန် ခဲ့ရသည်ကို သိက “ခင်ဗျားတို့ အားလုံး မျက်ရည်ကျသွားမယ်” ဟူသော စကားက သက်သေခံနေပေသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ပညာ သဘောအရ လူတို့သည် မိမိတို့ အခြေအနေ မြင့်မားလာပြီ ဟု ယုံကြည် သည့် အခါတိုင်း နိမ့်ကျခဲ့စဉ်က မည်သို့မည်ပုံ ရုန်းကန်ခဲ့ရသည်ကို ပြန်ပြောရန် ဝန်မလေး တတ်ကြသောကြောင့် ဖြစ်သည်။

မင်းအောင်လှိုင် အဖို့ အခြေအနေကို မှန်ကန်စွာ စစ်ကြောနိုင်စွမ်း ရှိသည့် ဦးနှောက်မျိုး မပိုင်ဆိုင် ခဲ့ခြင်းကပင် တော်လှန်ရေးကြီး အောင်မြင်ဖို့ အထောက်အပံ့များ ဖြစ်လာခဲ့ရ သည် မဟုတ်ပါလော။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

ဓါတ်ပုံ - မြန်မာ နောင်း (EPA-EFE)


ဆက်ဖတ်ရန် →