နောက်ဆုံးရ
စက်ရုံတွေမီးရှို့တာရပ်ကွက်နေပြည်သူတွေမဟုတ်ပါ

စက်ရုံတွေမီးရှို့တာရပ်ကွက်နေပြည်သူတွေမဟုတ်ပါ

 

စက်ရုံနှစ်ရုံ မီးလောင်ဆုံးရှုံးခဲ့တဲ့ မြန်မာလုပ်ငန်းရှင်

 ~~~~~~~~

 ■လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ 

စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို 

တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံ

လိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ စက်ရုံတွေကို မီးရှိုခဲ့သူတွေဟာ 

အနက်ရောင်ဝတ်စုံတွေပြီး ဝတ်ထားတဲ့ ဆိုင်ကယ်စီး တုတ်ဓါးကိုင် လူရမ်းကားတွေ

 ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံမီးလောင်ခံလိုက်ရတဲ့ အဲဒီ လုပ်ငန်းရှင်ကို 

RFA ဝိုင်းတော်သား ကိုဂျေက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်ဖတ်ရန် →
 အောက်နှုတ်ခမ်းကို   ဖြတ်ထားတယ်

အောက်နှုတ်ခမ်းကို ဖြတ်ထားတယ်

စံပြဆေးရုံကို ရဲစခန်းက ပို့လိုက်တဲ့အလောင်း

 သေနတ်ဒဏ်ရာက ခြေထောက်မှာ မသေနိုင်တဲ့ဟာကို 

 အလောင်းလာထုတ်ပါဆိုပြီးကြည့်တော့ အောက်နှုတ်ခမ်းကို 

ဖြတ်ထားတယ်😣 နင်တို့တွေ လူမဟုတ်တော့ဘူး 

လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးလို 

သဘောထားပြီး သတ်နေကြတာ😭😭

ဆက်ဖတ်ရန် →
မာရှယ်လောထုတ်ပြန်ပေးရန် သက်သက်ခိုင် သိန်းညွန့် ခင်မောင်ဆွေ  တို့မှ ပြော

မာရှယ်လောထုတ်ပြန်ပေးရန် သက်သက်ခိုင် သိန်းညွန့် ခင်မောင်ဆွေ တို့မှ ပြော

စစ်ကောင်စီအစည်းအဝေးတွင် ရန်ကုန်တိုင်း၂၇မြို့နယ်ကို
မာရှယ်လောထုတ်ပြန်ပေးရန် မသက်သက်ခိုင်
ဦးသိန်းညွန့် ဦးခင်မောင်ဆွေ တို့မှ ပြောခဲ့ရာ
စစ်တိုင်းမှူးအချို့မှ ရန်ကုန်တိုင်း၅မြို့နယ်
သတ်မှတ်ထားပြီး နောက်ထပ်ထပ်မတိုးရန် ပြော
မသက်သက်ခိုင်မှ လိုအပ်သဖြင့်ပြောခြင်းဖြစ်ကြောင်းထပြောရာ
စစ်တိုင်းမှူးတဦးမှ စစ်တပ်ပိုင်းဆိုင်ရာကိစ္စ
များကိုအရပ်သားများနားမလည်ကြောင်း
ဝင်ရောက်မစွက်ဖက်ရန်ပြန်ပြော
နိုင်ငံတကာဖိအားများကြောင့် ပြင်ပနေမိသားစုများနေ
မရဖြစ်နေကြောင်း သတိထားလုပ်ပါရန်
စစ်တိုင်းမှူး၄ဦးမှ မအလကို
ပြောကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှသိရပါတယ်
(တပ်မတော်သားဟောင်းတဦး)
ဆက်ဖတ်ရန် →
မတ်လ ၁၇ ရက်နေ့ လှည်းတန်းနဲ့ရန်ကင်း အခြေအနေ

မတ်လ ၁၇ ရက်နေ့ လှည်းတန်းနဲ့ရန်ကင်း အခြေအနေ

 

ဒီကနေ့ ရန်ကုန်မြို့ လှည်းတန်းနဲ့ရန်ကင်း ဘက်တွေမှာ ပြည်သူတွေကာရံထားတဲ့ သဲအိတ်နဲ့အခြားအကာအရံတွေကို ရဲတပ်ဖွဲ့နဲ့စည်ပင်က လာရောက်ဖယ်ရှားတာတွေလုပ်ခဲ့ပါတယ်။အဲဒီမှာ လမ်းသွားလမ်းလာ ရပ်ကွက်နေပြည်သူအချို့ကို ခေါ်ဆောင်တာ၊အိမ်စီးကားအချိုကို တားကာ လူတွေကို ဆင်းခိုင်းပြီး အမှိုက်တွေသိမ်းခိုင်းတာ၊ သဲအိတ်တွေဖယ်ခိုင်းတာတွေလုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပြည်သူတွေနဲ့ မျက်မြင်ရပ်ကွက်နေပြည်သူတွေက ဘီဘီစီကို မှတ်တမ်းဓါတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင် အချို့ပေးပို့လာပါတယ်။ အဲဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရန်ကင်းမြို့နယ်နေ ကိုထက်အောင်စံနဲ့ မျက်မြင်တွေ့ခဲ့ရသူ လှည်းတန်းနေ ကိုဝိုင်းတို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

ဆက်ဖတ်ရန် →
မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

ညီမတို့ YUFL Chinese Major က ဆောင်းသဇင်လှိုင် တို့အိမ်ကိုဝင်ပြီးဖမ်းသွားပါတယ်။
သူ့အမေဒေါ်ဝေဝေနဲ့ သူတို့ညီအမနှစ်ယောက်အပါအဝင် အိမ်မှာအတူနေတဲ့မိန်းကလေးတစ်ယောက်
စုစုပေါင်း မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်လို့သိရပါတယ်။
ဒလန်လက်ချက်ကတော့သေချာသလောက်ပါ။
ပါသွားတာမိန်းကလေး၄ယောက်တည်းမို့ အားလုံးကူညီကြပါဦး

ဖေါ့ကန် သီရိလမ်း အိမ်အမှတ် (29)က ဒေါ်ဝေဝေနဲ့ သူ့သမီးနှစ်ယောက်
အပါအဝင် အိမ်မှာအတူနေတဲ့ မိန်းကလေးတစ်ယောက်
အားလုံးစုစုပေါင်း မိန်းကလေးချည်းဘဲ ၄ယောက်ခေါ်သွားတယ်လို့ သိရပါတယ် ။
ဒလန်လက်ချက်ကတော့ သေချာသလောက်ပါ။ပါသွားတဲ့ မိန်းကလေး လေးယောက်အတွက်
အားလုံး ဝိုင်းကူညီဖို့ စဉ်းစားပေးကြပါဦး ခင်ဗျာ။
ဆက်ဖတ်ရန် →
သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

ဒီနေ့ည သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ (၃ ရက်ရှိပြီ) ရပ်ကွက်ထဲ သူပုန်တွေ ဝင်မရတော့ 

ရပ်ကွက်အေးချမ်းတယ် လှိုင်သာယာ အဝင်လမ်း ဘုရင့်နောင်ဂုံးကျော် ကိုပိတ်ထားပေးတော့ 

 ကူညီရာရောက်တယ် ။ ရပ်ကွက်တိုင်း ဒီလိုကြံ့ကြံ့ခံရင် ရန်ကုန်လွတ်မြောက်မယ် ။ တနိုင်ငံလုံး  

ဒီလိုကြံ့ကြံ့ခံရင် တနိုင်ငံလုံးလွတ်မြောက်မယ် ။ ငြိမ်ခံနေရင် ခင်ဗျားတို့ ရပ်ကွက်က အင်အားတွေနဲ့ 

ဒီနေရာကိုလာဖိမယ် ။ ကိုယ့်အချင်းချင်းတောင် မကူညီနိုင်ဘဲ ဟိုအဝေးက UN, US ရဲ့ အကူအညီကို 

သိပ်မျှော်လင့်ပြနေတာ ခင်ဗျားတို့ တရားရဲ့လား ။

ဆက်ဖတ်ရန် →
 “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

“တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

 

 

တ/ဥ ၁၃ တောင်ဥက္ကလာပမြို့နယ်မှာ အရပ်သားအနည်းဆုံး ၁ဝ ဦးဖမ်းဆီးခံရ ~~~~ ■ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့ညသန်းခေါင်အချိန် အရပ်သား အနည်းဆုံး ၁ဝ ယောက်ကို ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေကို ခေါ်သွားစဉ် လက်တွေကိုခေါင်းပေါ်တင်ခိုင်းပြီး “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆိုခိုင်းခဲ့တာ တွေ့ရပါတယ်။ ဗွီဒီယို-Citizen Journalist

ဆက်ဖတ်ရန် →

Portable world wide internet

 Portable world wide internet
Line for myanmar အတွက်
လင့်တွေရှာပေးကြပါ ကုဒ်နံပါတ်အပြင်က
ဝယ်ပြီးအထဲကလူတွေပေးသုံးလို့ရတယ်
သတင်းသမားတွေသတင်းထောက်တွေ
အတွက်ထိုင်းဆင်းကဒ်လှုပေးပါမယ်
ဆက်ဖတ်ရန် →

တိုကျိုမြန်မာသံရုံးမှဒုအတွင်းဝန် ၏ စိတ်ဓာတ်အင်အား။

ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှ CDM လုပ်နေသော ဒုအတွင်းဝန်

၏ လေးစားဂုဏ်ယူစရာ စိတ်ဓာတ်အင်အား။

 ၁၇.၃.၂၀၂၁၊ ဗုဒ္ဓဟူးနေ့။ 

 --------------------------- 

ကျမကို အားတင်းထားနော် တို့ အသက်က ခုမှ ငယ်ငယ်လေး 

၂၇ နှစ်ပဲရှိသေးတာ ရာထူးကလည်း နှမြောစရာကြီး 

 စိတ်မကောင်းဖစ်လိုက်တာ ဆိုတာ စာတွေ ပို့ကြတယ် 

 ကျမ ဝန်ထမ်းစလုပ်ခဲ့ကတည်းက ရာထူးအတွက် 

လုပ်ခဲ့တာမဟုတ်ဘူး ငါ့လုပ်ဆောင်မှုတိုင်းက 

 ငါတို့နိုင်ငံတိုးတက်ရမယ်ဆိုတဲ့ စေတနာထားမှုကို

 အခြေခံထားတဲ့ တာဝန်တစ်ခုအတွက်အလုပ်လုပ်ခဲ့တာ 

 ရာထူးကို မနှမြောဘူး ငယ်ငယ်ကတည်းက ခုထိကို 

ဆရာတော်ဘုရားကြီးတွေ သွန်သင်ထားတဲ့ ဓမ္မလမ်းပေါ်

 မရောက်တော့မှာ ပို နှမြောတယ်

 ကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်မှုကြောင့် တစ်ပါးသူကို 

ကိုယ်အားဖြင့် စိတ်အားဖြင့် ထိခိုက်စေရင် ဒါဟာ

 အဓမ္မလမ်းကြောင်းဖြစ်တယ်✍️ CDM လုပ်ခြင်းဖြင့် 

အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပါ CDM 

လုပ်သူအားလုံးဟာ Strong ဖြစ်လို့ လုပ်ကြသူတွေပါ 

 ဒါကြောင့် ရာထူးကို နှမြောတာတို့ ဘာတို့ မပြောကြပါနဲ့ 😌

✍️ Crd. မူလတင်သူ

 #WeSupportCRPH

 #WhatsHappeningInMyanmar

 #SaveMyanma

ဆက်ဖတ်ရန် →
 ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို

ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို



ရန်ကုန်၊ တာမွေတွင် ပြည်သူကို ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို
ရန်ကုန်၊ မတ် ၁၇

ရန်ကုန်တာ​မွေမြို့နယ်တွင် ယ​နေ့ မွန်းလွဲပိုင်း အကြမ်း ဖက်စစ်တပ်နှင့်ရဲက ပြည်သူများကို ရန်သူအဖြစ်
သ​ဘောထား၍ ရပ်ကွက်ထိပ် အကာအရန်များကြားမှ ချိန်ရွယ်ပစ်ခတ်​နေစဥ်။
ဆက်ဖတ်ရန် →
မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

အရုဏ်ဆွမ်း စားနေတုန်း ဆရာတော်ကြီးတစ်ပါးက ဖုန်းဆက်လာတယ်။ မင်းက လူသိများတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင်နေကြဖို့ ပြောပေး။ ဒီတိုင်းဆိုရင် စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။
မဟနတွေကို အကျယ်ချုပ်ချပြီး ထုတ်ပြန်မယ့်စာကို သူတို့စိတ်ကြိုက် ပြင်ရေးလိုက်မှာမို့ လက်မှတ်တွေမပါပဲ အရေးတကြီးနဲ့ မီဒီယာကို ပေးလိုက်ရတာ။
မဟနအဖွဲ့နဲ့ သာသနာရေးအရာရှိတွေနဲ့ အစည်းအဝေးမှာ အတော်လေး အချေအတင်ဖြစ်သွားတယ်။
သာသနာရေးအရာရှိတွေက စာထုတ်ဖို့ ကန့်ကွက်ကြလို့ မဟန ဆရာတော်ကြီးတွေက 'မင်းတို့က ငါတို့မေတ္တာရပ်ခံတာကို နားမထောင်ရင် ငါတို့လည်း မင်းတို့ပြောတာ နားထောင်စရာမလိုဘူး' လို့ ခပ်ပြတ်ပြတ် ပြောပြီး ကားပေါ်တက် ပြန်လာကြတယ်။
အခုစာက အတည်ပဲ။ နောက်ထပ် စာထွက်လာရင် အဲဒါ ပြင်ရေးထားတဲ့ဟာလို့ နားလည်ကြ။ မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိနေတယ်။
တို့သံဃာထုက တညီတညွတ်ထဲ မဟနဘက်ကနေ ကြံ့ကြံ့ခံရပ်တည်ပေးကြရမယ်။
စစ်ပွဲအတွက် လူငယ် လူကြီး ကြိုတင်ပြင်ဆင်ကြ။ မပေါ့လျော့ကြနဲ့လို့ ပြောပေး တဲ့။
ဆက်ဖတ်ရန် →
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း CRPH ကြေညာ

ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁ရ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်။

၄။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။

၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

ဆက်ဖတ်ရန် →
သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရ

သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရ

Thank you Mr. President. Voices of Myanmar are heard. USA လာနေပြီ။ မထင်မှတ်တဲ့အချိန် အရှိက်မိသွားလိမ့်မယ် မပူနဲ့။ အားတင်းထားကြပါ။ ကျမတို့ရှိတယ်။ ကျမတို့ နေ့မအား ညမနား မြန်မာပြည်အတွက်ကြိုးစားနေပါတယ်။ ***US ကြောင့် အတွင်းကြေကြေနေပြီဖြစ်တဲ့ စောက်ကောင်စီ ပြည်သူတွေကို မထိခိုက်စေပဲ စစ်ခေါင်းတွေကိုပဲ ထိခိုက်စေမဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်ဆိုတဲ့စကား သမ္မတဘိုင်ဒန်ပြောခဲ့တယ်။ ပြောတဲ့အတိုင်းလဲ အရေးယူနေတယ်။ အစွမ်းတွေလဲ ပြနေပြီ။ ပြောပြီးပြီးချင်းမှာပဲ မအလ စစ်သူပုန်များငွေထုတ်ယူလို့မရအောင် အမေရိကန်ဘဏ်မှာအပ်ထားတဲ့ မြန်မာနိုင်ငံအစိုးရပိုင်ငွေ ဒေါ်လာ ၁ဘီလျံ ကျော်ကို မအလတို့ ထုတ်ယူလို့ မရအောင်ပိတ်လိုက်တယ်။ ကျန်တဲ့ နိုင်ငံများမှာလဲ ထုတ်ယူခွင့်မရအောင် ဆက်တိုက်ဖိအားပေးဆောင်ရွက်ခဲ့လို့ စင်္ကာပူနိုင်ငံမှလဲ ထပ်ပိတ်ပေးလိုက်သလို ကမ္ဘာ့ဘဏ်မှလဲ ဆက်တိုက်ပိတ်ပေးလိုက်တယ်။ သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရတော့တာပါပဲ။ ဒီနောက်ပိုင်း မအလ စစ်သူပုန်အဖွဲ့က ငှားလိုက်တဲ့ ဂျူးလော်ဘီကုမ္မဏီကို မအလတို့ ငွေချေလိုက်တဲ့ ငှားခဒေါ်လာ နှစ်သန်းကိစ္စ ဂျူးလော်ဘီကုမ္မဏီရုံးဖွင့်ထားတဲ့ ကနေဒါဘဏ်ကို ရောက်ပြီဆိုတာနဲ့ အမေရိကန်က ကနေဒါအစိုးရကို အကြောင်းကြားလို့ ကနေဒါအစိုးရက ထိုငွေတွေကို ဖမ်းထိန်းထားလိုက်တယ်။ ကမ္ဘာ့ဘဏ်မှတဆင့် ပြည်သူ့အစိုးရဘက်ဂျက်ထဲ လွှဲပေးလိုက်တယ်။ ထိုဂျူးလော်ဘီကုမ္မဏီကိုလဲ အရေးယူဖို့လုပ်လိုက်တယ်။ ဒါလဲ သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောတင်မက ရင်ဘက်ပါအောင့်တဲ့အထိ ခံလိုက်ရတာပဲ။ စစ်သူပုန်အုပ်စုနဲ့ ရခိုင်ဘက်မှာ Project တွေလုပ်နေကြတဲ့ ဂျပန်နိုင်ငံရှိ ဂျပန်ခရိုနီလုပ်ငန်းရှင်တစ်စုရဲ့ ငွေစီးဆင်းမှုတွေကိုလဲ အမေရိကန်အစိုးရမှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ဖိအားပေးလိုက်လို့ ထိုဂျပန်ခရိုနီတွေရဲ့ ငွေလမ်းကြောင်းတွေလဲ လုံးဝရပ်သွားရပြီ။ မအလတို့ စစ်သူပုန်တွေကို အမေရိကုန်တို့ စီးပွားရေးအရ ဖြတ်လေးဖြတ်လုပ်နေတဲ့သဘောပါပဲ။ ဒါ့အပြင် အမေရိကန်ရဲ့ တိုက်တွန်းချက်ကြောင့် ကျန်တဲ့ EU နိုင်ငံတွေအပြင် ကမ္ဘာနိုင်ငံများမှလဲ မအလတို့ကို စီးပွားရေးအရ ဘာမှ မပတ်သက်ကြတော့ဘူးဖြစ်သွားပါပြီ။ မအလတို့ အဖော်မဲ့သွားလို့ ငိုမဲ့မဲ့ဖြစ်နေရပြီ။ ဒါသည် မြန်မာပြည်သူများရဲ့ အမေရိကန်အစိုးရကို အကူအညီတောင်းခံခဲ့ကြခြင်းရဲ့ အကျိုးတွေပါ။ သံရုံးများရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းရဲ့ ရလဒ်တွေပါ။ အခုဆို မအလတို့ စစ်ကောင်စီမှာ ဒေါ်လာငွေ မရှိသလောက်ဖြစ်သွားပြီ။ အရင်လက်နက်ရောင်းပေးနေတဲ့ ရုရှနိုင်ငံကတောင် အရင်အကြွေးတွေ ပေးဆပ်ရမဲ့အချိန်မှာ မအလတို့ မဆပ်နိုင်လို့ မအလ စစ်သူပုန်များဆီကို လက်နက်ရောင်းချမှု ရပ်နားလိုက်ပြီ။ ဒါ ပြည်သူကို မထိခိုက်စေပဲ မအလတို့အပေါ်သာ သက်ရောက်စေတဲ့ သမ္မတဘိုင်ဒန်ပြောခဲ့တဲ့ အရေးယူမှုတွေပါပဲ။ အခုဆို မအလတို့ ငွေကြေးပြတ်လပ်ကိန်းဆိုက်နေလို့ ရွှေတိဂုံဘုရားက ရွှေတောင် ခွာရောင်းဖို့ ပြင်နေကြပြီ။ ဘဏ်တွေ မဖွင့်ရင် တပ်ပိုင်အဖြစ်သိမ်းမယ်ဆိုတဲ့အထိ ခြိမ်းခြောက်နေရပြီ။ မြန်မာငွေစက္ကူထုတ်တဲ့ ဝါဇီစက်ရုံမှာလဲ ဝန်ထမ်းများ CDM လုပ်ကြတဲ့အပြင် ငွေစက္ကူရိုက်ဖို့အတွက် ကုန်ကြမ်းပစ္စည်းဝယ်ဖို့ရာ ဒေါ်လာမရှိတော့ပါ။ ဒါ့ကြောင့် ဝန်ထမ်းလစာနှင့် စစ်သားလစာများ ပေးဖို့တောင်ခက်လာနေပါပြီ။ ဒါ့ကြောင့်လဲ ဖောင်ဒေးရှင်းများ၊ ပရဟိတအသင်းများနှင့် နာရေးကူညီမှုအသင်းများမှ ငွေများကိုပါ ဓါးပြတိုက်သလို လုယူနေကြခြင်းဖြစ်သည်။ KNU , KIA , RCSS , SSA ,TNLA , ZRA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှလဲ တပြိုင်နက် တိုက်ပွဲများတိုက်ခိုက်လာလို့ မအလ စစ်သူပုန်အဖွဲ့မှာ စစ်လက်နက်များ ထပ်ဝယ်နိုင်ဖို့ရာအတွက်ပင် ဒေါ်လာမရှိတော့သလို စစ်လက်နက်ရောင်းချပေးမဲ့ နိုင်ငံလဲ မရှိတော့ပါ။ လက်ရှိရှိနေတဲ့ ကျည်ဆန်များ ကုန်သွားပါက မအလ စစ်သူပုန်များလက်ထဲမှ သေနတ်များသည် တုတ်လောက်တောင် အသုံးမဝင်တော့သည့် အခြေအနေဖြစ်သွားရတော့မှာပါ။ အမေရိကန်နဲ့ အင်ဒိုပစိဖိတ်ဒေသမှာ စစ်ရေးအကဲဆတ်နေရတဲ့ တရုတ်အနေနဲ့ကလဲ မအလ စစ်သူပုန်များအပေါ် အရင်ကလို ထောက်ပံ့ပေးဖို့ရာလဲ အခက်တွေ့နေပါပြီ။ ထိုကဲ့သို့ဖြစ်စေအောင်ကိုပဲ အမေရိကန်က အင်ဒိုပစိဖိတ်ဒေသမှာ စစ်ရေးအရှိန်မြှင့်ပြလိုက်တာပါ။ ဒါသည့် အမေရိကန်တို့ရဲ့ လှလှပပ ပညာသားပါပါ ရိုက်ပြနေတဲ့ ရိုက်ချက်တွေပဲ ဖြစ်ပါတယ်။ ယနေ့မြန့်မာအရေးကိစ္စကို အမေရိကန်တို့ အတော့်ကို အလေးထားဆောင်ရွက်ပေးနေကြပါတယ်။ ထိရောက်မှုလဲ အလွန်ရှိနေပါတယ်။ ဒါ့ကြောင့် အမေရိကန်သံံရုံးအပါအဝင် သံရုံးများမှ သတိပေး တိုက်တွန်းစာများ ထုတ်ပြန်ပေးတဲ့အခါ "ယခုလို မြန်မာ့အရေးကို အလေးထားပြီး စာထုတ်ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့် ယခုထက်ပိုတဲ့ အရေးယူမှုများ တိုးလုပ်ပေးခြင်းဖြင့် ဆက်ကူညီပေးဖို့ ပြောဆိုပေးကြပါ" UN , US နဲ့ သံရုံးများမှ ထုတ်ပြန်စာများအပေါ် စစ်သူပုန်ဘက်မှ ပြည်သူအယောင်ဆောင်အကောင့်များဖြင့် လှောင်ပြောင်ဆဲဆိုသည့် Post များ များ ဆိုက်ဝါးသုံး ရေးသားနေကြသည်။ သတိထားပေးကြပါ။ UN , US နဲ့ သံရုံးများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ရေးပေးကြပါ။ အလွန်အရေးကြီးပါသည်။ US အမေရိကန် တကယ်ကို အလေးထားဆောင်ရွက်ပေးနေသည်။ မအလတို့ စစ်ခေါင်းဆောင်တစ်ဦးချင်းအပေါ် စစ်ရေးအရထိရောက်တဲ့ အရေးယူမှုတွေလဲ မကြာမီလာပါတော့မည်။ ပြည်သူကို မထိခိုက်စေတဲ့ စစ်ရေးအရေးယူမှုဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မိုးကြိုးပစ်တာထက် ပိုတိကျတဲ့ အရေးယူမှုမျိုးပါ။ ဒါကို သိနေတဲ့ မအလနဲ့ စစ်သူပုန်ခေါင်းဆောင်တို့ ကောင်ကင်ပေါ် ကြောက်ကြောက်လန့်လန့် မော့ကြည့်နေရရှာတဲ့အဖြစ်ရောက်နေကြရပြီး တပ်တွင်းမှာလဲ အတွင်းကြေကြေသလို တပ်အင်အား လုံလုံလောက်လောက် မဖြန့်နိုင်တော့တဲ့အဖြစ်ရောက်နေကြပြီ။ တိုင်းရင်းသားလက်နက်ကိုင်များ တိုက်နေကြပြီ ကျည်ဆံများကြားထဲက ဆန္ဒထုတ်ဖော်ပွဲများ တောင့်ထားကြပါ။ CDM များ တောင့်ခံထားကြပါ။ မအလ စစ်သူပုန်အဖွဲ့ R2P တောင် ဝင်လာစရာမလိုပဲ အတွင်းကြေကြေပြီး ဗုံးဗုံးလဲတော့မဲ့ အချိန်ရောက်ပါတော့မည်။
ဆက်ဖတ်ရန် →
The United States calls on the international

The United States calls on the international

FINAL THOUGHT FOR TONIGHT: “The United States calls on the international community to speak with one voice in support of the people of Burma who, in spite of the brutal violence perpetrated by Burmese security forces, continue to demonstrate courage and determination in their efforts to reject the military coup.” — U.S. Department of State Secretary Antony J. Blinken
ဆက်ဖတ်ရန် →
" အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ  ......"

" အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ ......"

ဒီလူတွေဟာ တကယ့်သစ္စာဖေါက်တွေဆိုတာဟာ အသင်တို့ ကြားသိပြီးကြပါသလား ‼️‼️‼️ " အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ ......" •••••••••••••••••••••••••••••••••••••••••• အာဏာသိမ်းအုပ်စုရဲ့ Highlight မလုပ်ပြထားတဲ့ အဓိက ထောက်တိုင်တွေထဲက သုံးခု 😡😡😡👉 ချစ်နိုင်လိုလူကို Social Punishment ထဲ ဝိုင်းကျယ်လောင်ခဲ့ကြပေမယ့် တကယ်တမ်း အခုထိ မပြန့်လာသေးဘဲ ကျွန်တော်တို့အများစု အဓိကမေ့နေတဲ့ လူသုံးယောက်ရှိတယ်။ ပထမတစ်ယောက်က ☝️👉 Environmental ဖက်က ဦးခင်မောင်ရီ။ အာဏာသိမ်းအုပ်စုရဲ့NaturalResources&Environmental ဌာနအတွက် ခန့်ထားတဲ့ဝန်ကြီး ဦးခင်မောင်ရီဆိုတာ ဦးသိန်းစိန်အစိုးရ လက်ထက်တည်းကEnvironmental Investment တွေမှာ လောက်ကောင်။ ခါကာဘိုရာဇီမှာ ဒေသခံတိုင်းရင်းသားတွေကို နားလည်ပါးရိုက်လုပ်ပြီး စဖို့ကြံခဲ့တဲ့ Fortuna Metals Project ရဲ့ ( ဒေသခံ တိုင်းရင်းသားတွေ ဆန္ဒပြမှုနဲ့အတူ Environmental Activist ငါးယောက်ကြောင့် ပြန့်သွားပြီး ပျက်ခဲ့) နောက်ကွယ်ကလူတွေထဲက တစ်ယောက်။ Feasibility Study အတွက်လို့ပြောပြီး ပြည်သူကိုလိမ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်ကလူ။ ကြံ့ခိုင်ရေးအမာခံ။ စစ်ဖက်အုပ်စုအတွက် အရင်တည်းက အလုပ်လုပ်ပေးလာခဲ့သူ။ CAS-SEABRI လို တရုတ်သုတေသနကို နေပြည်တော်ကို ဖိတ်ခေါ်သလိုနဲ့ တစ်ဖက်မှာလည်း Investment Project တွေမှာ ဦးဝင်းရှိန် ( စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ) လိုလူနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူ။ အခုလည်း ဦးဝင်းရှိန်က အာဏာလုအုပ်စုရဲ့ ဝန်ကြီးပဲ။ မကြာသေးခင်က ဖြစ်သွားတဲ့ သြဇီအခြေစိုက်ကုမ္ပဏီ Woodside ရဲ့ ကမ်းလွန်လုပ်ကွက် A6 ကို ဆက်လုပ်ဖို့ အကြံပေးခဲ့သူ။ ( ပြည်သူကအော်လို့ Woodside ဖက်က ရပ်နားထားရ )။ အခု သူ့သမီးယွန်းနဒီကို Social Punishment လုပ်ဖို့ဆိုပြီး post တစ်ခုတက်လာတယ်။ သူ့သမီးကိုယ်တိုင်က Civil Major ခွဲတစ်ခုဖြစ်တဲ့ CPM ( Construction Project Management ) ကို Sydney တက္ကသိုလ်ကနေ ပြီးထားတယ်။ Rhodes မှာနေတယ်လို့လည်း ပြောကြတယ်။ သူ့သမီးနဲ့ပတ်သက်ပြီး မိန်းကလေးချင်းက Social Punishment တင်တာ ပိုသင့်တော်တာမို့ သိပ်မပြောတော့ဘူး။ အဓိကပြောချင်တာကတော့ ဦးခင်မောင်ရီကိုပါ။ ဦးခင်မောင်ရီကို အခုထက်ထိ Social Punishment အတွက် မတက်လာသလို Environmental ဖက်က လူတချို့ကတောင် သူကပဲအတင်းရိုက်ခန့်လို့ လုပ်နေရသလိုတွေ ပြောထားကြတယ်။ အတင်းလုပ်ခိုင်းလို့ လုပ်နေရတယ်ဆိုရအောင် ဦးခင်မောင်ရီက လွန်ခဲ့တဲ့နှစ်များစွာတည်းက စစ်ဖက်အုပ်စုကလူပါ။ အခုမှ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ အတင်းထိုးထည့်ခံရသူမဟုတ်ဘူး။ နောက်ပြီး မြန်မာမှာEnvironmental ဖက်နဲ့ ဂျင်းထည့်ခဲ့တဲ့ ခေါင်းကြီးပိုင်းထဲကလူပါ။ အချင်းချင်းမို့ ဖုံးဖိမယ်ဆိုလည်း ဒီထက်ကောင်းတဲ့ Script တွေ ရေးသင့်တယ်။ နောက်ပြီး သူတာဝန်ယူထားတာ Natural Resources ဌာနပါ။ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ Environmentalist အနေနဲ့ ခန့်ထားတာ မဟုတ်ပါဘူး။ ဒီလိုလူတွေ သဘာဝတရားကို ချစ်တယ်ဆိုတာ စစ်ဖိနပ်အောက်က ငွေသားအတွက်ပဲ ဖြစ်လိမ့်မယ်။ စစ်သားတစ်​ယောက်က သေနတ်တစ်ချက်ပစ်လို့ လူငယ်တစ်ယောက်သေနိုင်တယ်။ ဒီလိုလူတွေ နောက်ကွယ်ကအကြံပေးနေတာက တိုင်းပြည်ရဲ့ မရှိမဲ့ရှိမဲ့ သယံဇာတတွေကိုပါ မတရားသဖြင့် ဆုံးရှုံးနိုင်တယ်။ နောက်ပြီး အခုလက်ရှိမှာ အာဏာလုအုပ်စုဟာ အကျပ်အတည်းများစွာနဲ့ တပ်ပျက်စပြုလာနေပြီ။ ဒီကာလကို ဆွဲဆန့်ဖို့၊ သူတို့ရဲ့ သက်ဆိုးရှည်ဖို့ Natural Resources ဖက်ကို ပေါက်လွှတ်ပဲစား Investment တွေနဲ့ စလုပ်ဖို့ ကြံနေပါပြီ။ ဒါကြောင့် ဒီလိုနေရာက လူတွေကို မေ့ထားတာက အာဏာလုအုပ်စုကို ပိုပျော်စေပြီး သူတို့အတွက် လုပ်ကွက်ရစေပါတယ်။ ဒါကြောင့် Environmental ဖက်မှာ အဓိကခွေးဇာတ်ခင်းနေတဲ့ လောက်ကောင်ဝန်ကြီးသုံးယောက်ထဲက တစ်ယောက်အနေနဲ့ Social Punishment လုပ်စေချင်တယ်။ BGA17 တစ်ဆက်တည်းမှာ ဦးခင်မောင်ရီကို အခုအချိန်ထိ Cover လုပ်ပေးနေတဲ့ Environmental ဖက်က ငိုစားရယ်စားတွေလည်း ကိုယ့်သမိုင်းကိုယ် အမြန်လိုက်ဖုံးထားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ☝️☝️👉 ဒုတိယတစ်ယောက်က - ဦးကိုကိုလှိုင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစက mrtv-4 မှာ အပတ်စဥ်လာတဲ့ ဆရာမျိုးမြတ်သူနဲ့ ဦးကိုကိုလှိုင်တို့ရဲ့ Political Talk Show တွေကို အမြဲစောင့်ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက Internet လည်း မသုံးတတ်မကျယ်ပြန့်သေးသလို ဒီလို Talk တွေကလည်း မြင်ရခဲလို့ နိုင်ငံတကာအရေးအတွက် လူကြီးလူငယ်အများစုက ကြည့်ခဲ့ကြမှာပါ။ ဒါပေမဲ့ သူ့ရဲ့စာအုပ်တွေကို ဖတ်ဖူးလာချိန်မှာတော့ သူ့အပေါ် ရှိခဲ့ဖူးတဲ့ respect တချို့ ပျောက်သွားခဲ့တာကြောင့် မကြိုက်တဲ့ စာရေးဆရာအနေနဲ့ ဒီတိုင်းပဲ Neglect လုပ်ခဲ့တယ်။ အခုတော့ သူ့ရဲ့ Capacity ကို အာဏာရှင်အတွက် အသုံးပြုလာပါပြီ။ ဇစ်မြစ် ပြန်ကောက်ရရင် ဦးကိုကိုလှိုင်က DSA ဆင်း၊ ပထမအဆင့် သုတေသနပညာရှင်၊ ဦးသိန်းစိန်အစိုးရရဲ့ သမ္မတအကြံပေးလုပ်ခဲ့သူ၊ ဒီဖက်ရာစု မြန်မာ Military Researcher ထဲ ချန်ထားမရ တဲ့ ဝါရင့်ပညာရှင်၊ နိုင်ငံတကာရေးရာနဲ့ ကမ္ဘာ့အရေး သမိုင်းတွေကို Professional ကျကျ အောက်သက်ကြေထားခဲ့သူလို့ ဆိုရမယ်။ စစ်အုပ်စုထဲမှာ Popular သိပ်မဖြစ်လှပေမယ့်၁၉၉၁ ခုနှစ်တည်းက စစ်ဖက်ရဲ့လူအဖြစ် လုပ်ကိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဂျပန်ရောက်မြန်မာ Environmental Activist Gp က Info & Scientific Data Activist သူငယ်ချင်းတွေ စုံစမ်းထားမိသလောက် လက်ရှိအာဏာရှင်အုပ်စုကို အဓိကအကြံပေးနေသူ ငါးဦးထဲ ဦးကိုကိုလှိုင်က အဓိကလူဖြစ်နေတယ်။ ဆန္ဒပြသူ ဖြိုခွင်းမှုပုံစံ၊ မြို့အလိုက် ကိုင်တွယ်မှုပုံစံ၊ အာဏာသိမ်းအုပ်စုကို Legitimacy ဖြစ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ image တည်ဆောက်မှု၊ ဝဏ္ဏမောင်လွင်နဲ့ ပူးပေါင်းပြီး နိုင်ငံခြားရေးရာ ကိစ္စတွေကိုကိုင်တွယ်နေမှု၊ ICC ICJ မှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရှောင်လွှဲထုချေဖို့ သက်သေတွေ ရှာပေးနေမှု၊ UN ကို အာကာသိမ်းအုပ်စုက တင်ပြခဲ့တဲ့ ဦးမြင့်သူရဲ့ စာတမ်းကို စီစဥ်ပေးခဲ့မှု၊ အာဏာသိမ်းအုပ်စုဖက်က လိုအပ်တဲ့ Supplement တွေကို အကြံပေးနေမှု၊ တရုတ်နဲ့ အာဏာသိမ်း စစ်အုပ်စုကြား ပတ်သက်မှုတွေကို အကြံပေးမှု၊ အခုရက်ထဲတက်လာတဲ့ အစ္စရေးထောက်လှမ်းရေးကို လော်ဘီလုပ်ဖို့ ငှားရမ်းမှုမှာ ဝဏ္ဏမောင်လွင်နဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့မှု၊ (Confirm မဖြစ်သေးပေမယ့် ဒီလိုငှားရမ်းနေမှုတွေ ထပ်ရှိသေးတယ်လို့လည်း သိရတယ်)၊ အာဏာသိမ်းအုပ်စုရဲ့ Terrorist လုပ်ရက်တွေကို နိုင်ငံတကာမှာ ဖုံးဖိဖြေရှင်းဖို့ အစီစဥ်တကျ စီစဥ်ပေးနေမှု၊ CDM Power ကို ဖြေရှင်းဖို့ အကြံပေးနေမှု၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်နဲ့ ပူးပေါင်းပြီး ပြည်ပ Investment ကိစ္စတွေကို အကြံ ပေးနေမှုနဲ့ အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေအတွက် အဓိကအကြံပေးနေသူ ဖြစ်နတယ်။ နောက်ပြီး ကျွန်တော်တို့ အဓိကမေ့နေတဲ့ အန္တရာယ်ရှိသူကလည်း ဦးကိုကိုလှိုင်ဖြစ်နေတယ်။ ဦးကိုကိုလှိုင်က NLD အစိုးရလက်ထက် NLD အမတ်ထဲတောင် မရှိခဲ့တဲ့ ထိပ်တန်းပညာရှင်ဖြစ်ခဲ့သလို သူ့ရဲ့အတွေ့အကြုံကလည်း နိုင်ငံရေးပါး အရမ်းဝထားသူလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုထက်ထိ ဝဏ္ဏမောင်လွင်၊ ဇော်မဲလုံးနဲ့ ချစ်နိုင်တို့လို လူတွေကိုပဲ အာဏာသိမ်းအုပ်စုက Public မှာ Attention ယူခိုင်းထားပြီး ဦးကိုကိုလှိုင်ကိုတော့ လုံးဝမထင်ပေါ်ခိုင်းထားဘူး။ ဒီလိုလူကို မေ့နေတာ ပြည်သူအဖို့ အန္တရာယ်အရမ်းကြီးပြီး သူ့ရဲ့လုပ်ကွက်ကိုလည်း ပိုသွားစေပါတယ်။ သူ့အကြောင်း၊ သူ့ Capacity ကို ဘေးဖယ်ထားရင်တောင် သူယူထားတဲ့ Position ကို ပြည်သူက မေ့နေသ၍ ခံရမှာတွေကများတယ်။ ဒါကြောင့် အာဏာသိမ်းအုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနေရာကို ယူထားတဲ့ ဦးကိုကိုလှိုင်နဲ့ မိသားစုကို လာမယ့်ရက်တွေမှာ Social Punishment လုပ်၊ ကျယ်လောင်မှပဲ သူတို့ရဲ့လုပ်ရပ်တွေကို ပြည်သူသိကြောင်း ပြသနိုင်မှာပါ။ ☝️☝️☝️👉 တတိယတစ်ယောက်ကတော့ - ဦးဝင်းရှိန် -- ဦးသိန်းစိန်အစိုးရလက်ထက်မှာ Finance Minister အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးဝင်းရှိန်က မြန်မာရဲ့ Natural Resources Area တွေမှာ Investment တွေချပေးဖို့ အဓိကအကြံပေးခဲ့သူပါ။ လက်ရှိဘဏ္ဍာရေးကိစ္စနဲ့ GDP အရေးအတွက် အာဏာသိမ်းအုပ်စုကို အကြံပေးနေသူလည်း ဖြစ်သလို၊ Industrial ဖက်ကိုလည်း ကိုင်တွယ်ထားသူပါ။ Bank တွေကို အတင်းပြန်ဖွင့်ဖို့ အာဏာသုံးနေသူဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖက်ကိုလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ IMF နဲ့ပေါင်းပြီး လုပ်ကိုင်ခဲ့ဖူးသူ၊ လက်ရှိမှာလည်း ပြည်သူကို တရုတ်ဖက်က BPI Project တွေနဲ့ စိုးရိမ်ခိုင်းပြီး သြဇီအခြေစိုက် တရုတ်ပိုင် Cooperation တစ်ခုနဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူး ဖော်ရေး ကိစ္စတွေကို ညှိနှိုင်းနေရသူလို့ သိရတယ်။ အဆိုးဆုံးကတော့ ပြည်သူတချို့ရဲ့ ပိုင်ဆိုင်မှု ( ဥပမာ- နာရေးကူညီမှုအသင်းကိစ္စ) တွေကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SEE) အနေနဲ့သိမ်းဖို့ အကြံပေးနေသူ ဖြစ်နေတယ်။ အခုလည်း ကမ္ဘာ့ဘဏ်ချေးငွေကိစ္စ ပျက်အပြီး အာဏာသိမ်းအုပ်စုရဲ့ ရှေ့ဆက်နိုင်မယ့် ဘဏ္ဍရေးကိစ္စတွေကို စီမံပေးနေသူဖြစ်ပြီး Public ကို ရှောင်ထွက်ပြီး Industrial Zone တွေဖက်မှာ လိုက်လံကိုင်တွယ်နေပါတယ်။ နောက်ဆုံးအချက်က ဦးဝင်းရှိန်ကို မေ့ထားတာက Natural Resources ဖက်ကိုပါ အကြီးအကျယ် အန္တရာယ်ရှိစေပြီး Environmental ဖက်ကို ကောင်းကောင်းအတွေ့အကြုံ ရှိထားသူဖြစ်တာကြောင့် အဓိကမေ့ထားလို့မရသူပ။ဒါါကြောင့် ဇော်မဲလုံးတို့၊ ဝဏ္ဏမောင်လွင်တို့လို အာဏာသိမ်းအုပ်စု Highlight လုပ်ပေးထားတဲ့ လူတွေကိုပဲ မကျယ်လောင်နေဘဲ ဒီလူသုံးယောက်ကို ပိုကျယ်လောင်မှ၊ Social Punishment လုပ်မှ အာဏာသိမ်းအုပ်စုရဲ့ အဓိကထောက်တိုင်တွေဖြစ်နေတဲ့ လူတွေကိုပါ ပြည်သူက တော်လှန်ရာရောက်မှာပါ။ U Khin Maung Yee's Fact https://m.facebook.com/story.php?story_fbid=2911926489132750&id=100009462812922 U Khin Maung Yee's Daughter Fact https://m.facebook.com/.../480.../permalink/482517639584633/ We'll continue to show the family members of other Dictator's supporters. BGA17 မူရင်းလင့် https://www.facebook.com/profile.php?id=100009462812922
ဆက်ဖတ်ရန် →

ေအိုင်အေတပ်မဟာ၁တပ်ရင်း၄အခြေအနေ...။

March 15 က စခဲ့တဲ့ KIA တပ်မဟာ ( ၁) , တပ်ရင်း၄ ဂွေထူ post တိုက်ပွဲ March 16 ည သန်းခေါင်ကျော် အထိ ဆက်ဖြစ်နေဆဲပါ စစ်အုပ်စု ဘက်က တပ်ရင်း ၃ ခု ပေါင်းမိနေပြီး KIA တပ်ရင်း ၄ တစ်တပ် နဲ့ တိုက်နေရလို့ပါ တိုက်ပွဲ အခြေအနေ ကတော့ ကိုယ့်ဘက်က စခန်းကို လာတိုက်ခံ ရတာမျိုး မဟုတ် ပဲ ကိုယ်ကနေ ရန်သူ့ စခန်း ကို ဝင်တိုက်နေ တာဖြစ်ပြီး ည 7:00 PM လောက်က စစ်ကူ ပို့လာတဲ့ ရန်သူ့ စစ်ကြောင်းကို လဲ ဖြတ် တောက် ထားနိင်ခဲ့တဲ့ အတွက် ကြောင့်မို့ အခြေအနေ ကောင်းနေ ပါတယ် လို့ ပြောလို့ရပါတယ် စစ်အုပ်စုဘက်က အကျအဆုံး ကို သေချာ မသိရပေမယ့် ၄၈ နာရီ အတွင်း ၁ ကြိမ် မှာ စခန်းကို စွန့်ပစ်ခဲ့ရတဲ့ အထိ တိုက်ခံခဲ့ရပြီး နောက်ထပ်စစ်ကူ ရောက် လာလို့ KIA တို့ တပ်မချထားတဲ့ သူတို့ စခန်းကို ပြန်လာ နိင်ပေမယ့် ၂ ကြိမ် အလစ် ဝင်တိုက် ခံရပြီး စစ်ကူပို့လာတဲ့ တပ်တွေကို ဆက် မတက်နိင် အောင် တိုက်ခံ ခဲ့ရပြီး အင်အား ၄၀၀ လောက် ပို့ထားရာကနေ အခုအချိန်ထိ တိုက်ပွဲ ကနေ ရုန်းမထွက်နိုင် ပဲ ရှိနေပုံ ထောက်တော့ အကျအဆုံး တော်တော်လေး များနေပြီ ဆိုတာ ကို အခြေအနေကို ကြားသိရတာ နဲ့ တင် ခန့်မှန်း နိင်ပါတယ် တိုက်ပွဲစတင် ဖြစ်ပွား ကတည်းက ပြည်သူတွေ စစ်ဘေး လွတ်ရာကို ရှောင်တိမ်း နိင်တာဟာ တကယ့်ကို အောင်ပွဲ ပါပဲ ၂ ရက် အတွင်း ၄၈ နာရီ အပြည့်နီးပါး အနားမယူပဲ တောက်လျှောက် တိုက်ပွဲ ဝင်နေတဲ့ KIA တပ်မဟာ ( ၁) , တပ်ရင်း ( ၄) က ရဲဘော်တို့ အတွက် ဂုဏ္ယူမဆုံး ပါဘူး တနိင်ငံလုံး က လက်နက် မဲ့ ပြည်သူ တွေ ရဲ့ တိုက်ပွဲ ကို တစ်ဖက်တစ်လမ်းက နေ ကူညီ ပေးဖို့ ကိုယ့်ရဲ့ အသက်ကို စွန့်လွတ် ပြီး အာဏာရူးတွေကို တိုက်ထုတ်ကြပါ ရဲဘော် တို့ နှစ် ၆၀ ကျော် တော်လှန်ရေးခရီးကြမ်း အောင်မြင်ဖို့က လက်တကမ်း အကွာ မှာ ရောက်နေပါပြီ Kachin Liberation Media
ဆက်ဖတ်ရန် →
 ဒေါက်တာဆာဆာကိုမှ  သွားစိန်ခေါ်တာကိုး ...

ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ...

ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ... ဟိုက ချက်ချင်းပြန်တွယ်တာ အာဏာရူးတွေ ဘယ့်နှယ်ရှိစ။ စိမ့်သွားကြပြီလား .... ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာလည်း တိုင်းရင်းသားတွေအပေါ် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေခဲ့ကြတယ်။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း.... ၁၉၈၈ မှာ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရာနဲ့ချီသတ်ဖြတ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ကပဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး [ရပြီးနောက်]သမိုင်းတလျှောက်လုံးကို ကြည့်ရင် ပြည်သူကို ကာကွယ်ဖို့တာဝန်ယူထားတဲ့သူတွေရဲ့ ကျူးလွန်မှုတွေကြောင့်ပဲ ကျွန်တော်တို့ တနိုင်ငံလုံး သွေးထွက်သံယိုမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ကြရတယ်။ နေ့စဉ်နဲ့အမျှ နိုင်ငံတော်သစ္စာဖောက်မှုကြီးကိုကျူးလွန်နေသူတွေဟာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေပဲ။ သူတို့လိုချင်တာမှန်သမျှ ကြိုက်သလို ယူနေကြတယ်။ လူထုရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ငြင်းပယ်နေကြတယ်။ သူတို့လမ်းမှာ အတားအဆီးဖြစ်သူတွေ ဘယ်သူ့ကိုမဆို ဖိနှိပ်နေတယ်။ ဒီကနေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ကြေညာချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို စစ်ကြေညာလိုက်တာပဲ ဖြစ်တယ်။ ဒီရာဇဝတ်ကောင်တွေကို တရားခွင်ကို မပို့နိုင်မချင်း ကျွန်တော်တို့ ဘယ်တော့မှ ရပ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်ဟာ လွတ်လပ်မှုအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ကျွန်တော့နိုင်ငံမှာ တရားမျှတမှုရှိဖို့အတွက် ရပ်တည်တယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်ဖို့ ကျွန်တော် ဆက်ပြီး တောင်းဆိုတယ်။ ဒီကနေ့မှာ အဲဒီတောင်းဆိုချက်တွေကို ထပ်မံတောင်းဆိုတယ်။ ကျွန်တော်ဟာ ဘယ်တော့မှ ရပ်နားသွားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လွတ်လပ်မှုတွေအတွက် ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ အရပ်သားတွေ - ရဲရင့်ကြတဲ့ မြန်မာနိုင်ငံကပြည်သူလူထုတွေ- ကို စစ်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်နေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီးကို ရပ်ပစ်ဖို့အတွက် ဆက်ပြီးတော့လည်း နိုင်ငံတကာက အရေးယူဆောင်ရွက်လာဖို့ တောင်းဆိုသွားမယ်။ သေဒဏ်အပြစ်ပေးနိုင်တဲ့ ဒီစွဲချက်က ကျွန်တော့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံးက လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှတဲ့မြန်မာပြည်သူတွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျွန်တော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး။ တကယ်ဆိုရင်တော့ ဒီစစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်တွေကိုသာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် စွဲချက်တင်ရမှာပါ။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းရယူနေပါတယ်။ သူတို့ကို တရားခွင်တင်နိုင်တဲ့အထိ ကျွန်တော်တို့ အနားယူကြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိတ်ပင်ဟန့်တားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ရရှိစေဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို တင်ပါမယ်။ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်တဲ့လုပ်ရပ်ကိုကြည့်ရင် ဥပဒေနဲ့မညီညွတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ထိန်းချုပ်လို့ မရတော့ဘူး၊ အနိုင်မရနိုင်တော့ဘူးဆိုတာကို သိလာကြပြီး အကြီးအကျယ် ကြံရာမရဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရမည် လွတ်လပ်မှုက အောင်မြင်ရမည် တရားမျှတမှုက အောင်မြင်ရမည် ဒေါက်တာ ဆာဆာ
ဆက်ဖတ်ရန် →