နောက်ဆုံးရ

ထားဝယ်မှာ စစ်တပ်ကပစ်ခတ်လို့ လူတဦးသေဆုံး

မတ် ၁၂-၂၀၂၁

STY

မနေ့ မတ်လ ၁၁ရက်နေ့ ညပိုင်းက ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်မှာ ရပ်ကွက်ကပိတ်ထားတဲ့လမ်းကို စစ်တပ်နဲ့ရဲတွေက လာရောက်ရှင်းလင်းခဲ့ပြီး ကင်းစောင့်နေတဲ့သူတွေကို မီးခိုးဗုံး၊ အသံဗုံး၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ကိုဝင်းလှိုင်ထွန်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

#VoiceOfMyanmar #VOM #ထားဝယ်မြို့ #ပစ်ခတ် #သေဆုံး



ဆက်ဖတ်ရန် →

မိုးကောင်းမြို့နယ်တွင် KIA နှင့် အာဏာသိမ်းတပ်မတော်တို့ ယနေ့ နံနက်ပိုင်းက ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွား

မတ်(၁၁)

မိုးကောင်းမြို့နယ် နမ်ရှန် ကျေးရွာအနီး၌ KIA တပ်ဖွဲ့နှင့်  အာဏာသိမ်းတပ်မတော်တို့ ယနေ့ မတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။  


တိုက်ပွဲဖြစ်ပွားနေချိန် ကားမိုင်း ဗျူဟာကုန်းမှ လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမ များဖြင့် အကြိမ်ကြိမ် ပစ်ခတ် နေကြောင်း ကားမိုင်း ဒေသခံများက ပြောသည်။  


ထို့‌ နောက် ကားမိုင်းမြို့စွန်ဘက်တွင်လည်း ယနေ့ နံနက် (၆)နာရီခွဲချိန်ခန့် တွင် (၁၅) မိနစ်ခန့် နှစ်ဖက် ပစ်ခတ် တိုက်ခိုက် သံများ ကြားရပြီးနောက် ရွာအတွင်းသို့ လက်နက်ကျည်များ ကျလာခဲ့သည်ဟု ဒေသခံများက ပြောသည်။  


" ပစ်ခတ်သံတွေ ခဏငြိမ်ပြီးတဲ့နောက် လက်နက်ကျည် တွေကျလာတယ်။ လမောင် ကထောင်မှာ ကျတဲ့ကျည်က မအောင်ဘူး ။အခုလည်း စိုက် နေတုန်း ဘယ်သူမှ မယူရဲဘူး။ ဒါပေမယ့်Jawng kawng မြို့မ ( ၄ ) ဘက်မှာက အိမ်ရှေ့လမ်းမှာ ကျ‌ပြီး ပေါက်ကွဲခဲ့တယ်။ အမျိုးသမီး (၂) ဦးနဲ့ ကလေး ငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်" ဟုဒေသခံ မျက်မြင်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။   


ထိခိုက်ဒဏ်ရာရသူများရရှိပြီး စိုးရိမ်ရသည့် အ ခြေအနေမရှိ‌သော်လည်း ကျေးရွာအတွင်းသို့ ထပ်မံပြီး လက်နက်ကျည်များ ကျရောက်ပေါက်ကွဲလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ဆက်ဖတ်ရန် →

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား


08 မတ်၊ 2021

ဦးစည်သူအောင်မြင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လိုချင်တဲ့ ရလာဒ် ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့တဲ့ အဲဒီ အချိန်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်ခဲ့ပြီး အခုချိန်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်တဲ့ ကော်မရှင် ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိုး အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တကယ်ပဲ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတာကို သက်သေပြနိုင်မလား ဆိုတဲ့ ကိစ္စကတော့ စိတ်ဝင်စားစရာပါ။

ဦးသိန်းစိုး ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန် စ ယူပြီးနောက် ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေကို ဖမ်းထားရုံတင်မက အောက်ခြေ မြို့နယ် အဆင့် ကော်မရှင် ဥက္ကဌ တွေကိုပါ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိမ်းသိမ်းထားခဲ့တာ ဒီကနေ့ဆိုရင် တစ်လ နီးပါး ရှိနေပါပြီ။ ဦးသိန်းစိုး ကော်မရှင်က ပထမ ဦးဆုံး ထုတ်ပြန်ပေးလိုက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်တွေကတော့ မြို့နယ်အလိုက် ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းနဲ့ လဝက မှာ ရှိတဲ့ စာရင်း နှိုင်းယှဉ်ချက် ဇယားတွေပါ။ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က စပြီး ထုတ်ပြန်တဲ့ အဲဒီ ဇယားတွေထဲမှာ နိုင်ငံသား စိစစ်ရေးကဒ် မပါပဲ မဲစာရင်းမှာ ပါ၀င်နေတဲ့သူတွေရဲ့ စာရင်း၊ စိစစ်ရေးကဒ် တစ်ခုထဲနဲ့ မဲစာရင်းမှာ (၂)ကြိမ်ပါသူ၊ (၃) ကြိမ် အထက် ပါသူ ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အရေးကြီးတာကတော့ အဲဒီ ထုတ်ပြန်ပေးလိုက်တဲ့ စာရင်းတွေဟာ “မဲမသမာမှု ဖြစ်စေနိုင်သော” မဲစာရင်းတွေ ဖြစ်နေ၊ မနေပါ။ တကယ်တော့ လဝက က ပြုစုထားတဲ့ လူဦးရေ စာရင်းဆိုတာ up-date ဖြစ်မနေပါဘူး။ ပြောင်းရွှေ့သွားသူတွေ ကို ပုံမှန် ပယ်ဖျက်လေ့ မရှိသလို၊ အဲဒီ မြို့နယ်ထဲ ၀င်လာ အခြေစိုက်သူတွေကိုလည်း ပုံမှန် ဖြည့်သွင်းခြင်း မရှိပါဘူး။ ဒါ့အပြင် အိမ်ငှားရမ်း နေထိုင်သူတွေ၊ ရွှေ့ပြောင်း အလုပ်လုပ်သူတွေ အစရှိသဖြင့်ကိုလည်း ပုံမှန်ဖြည့်တင်းလေ့ ရှိတာ မဟုတ်တဲ့ အတွက် မြေပြင်မှာ တကယ် မမှန်ကန်ပါဘူး။

ဒါကြောင့်လည်း ဦးလှသိန်း ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ အခြေခံ မဲစာရင်း ပြုစုရာမှာ လဝက စာရင်း တစ်ခုတည်းကို အခြေခံထားတာ မဟုတ်ဘူး ဆိုပြီး တရားဝင် တိုင်းသိပြည်သိ ပြောထားခဲ့တာမို့ ဒါဟာ လျှို့ဝှက်ချက် မဟုတ်ခဲ့ပါဘူး။ လဝက စာရင်း အပြင် မြေပြင်မှာ နောက်ဆုံး အချိန်ထိ စာရင်းကောက်ယူပြီးမှ ပြုစုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မဲစာရင်းကပ်တဲ့အခါ ထပ်ပြီး ဖြည့်စွက်ရတာ အများကြီးရှိတာမို့ မဲစာရင်းနဲ့ လဝက စာရင်း ကွာခြားနေတာဟာ “မဲမသမာမှု” လို့ စွပ်စွဲဖို့ နေနေသာသာ “မဲမသမာမှု ဖြစ်စေနိုင်သော” အချက် မဟုတ်တာကတော့ သေခြာပါတယ်။

ဒါ့အပြင် မဲစာရင်းထဲမှာ နိုင်ငံသားစိစစ်ရေးကဒ် မပါသူတွေကို ထည့်သွင်းထားတာကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေထဲမှာ နိုင်ငံသား စိစစ်ရေးကဒ် ပျောက်ဆုံးနေသူတွေ၊ မလုပ်ရသေးသူတွေကိုလည်း နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ ထောက်ခံချက်တွေ ရှိရင် မဲပေးခွင့်ရှိရမယ် ဆိုတဲ့ အချက်ပါ၀င်နေပြီး အဲဒါဟာလည်း ဥပဒေနဲ့ အညီ ဖြစ်နေတာကြောင့် “မဲမသမာမှု ဖြစ်စေနိုင်သော” ဆိုတဲ့ အထဲ အကျုံးဝင်မှာ မဟုတ်ပါဘူး။

မှတ်ပုံတင်နံပတ် တစ်ခုထဲ ၂ နေရာ၊ ၂ နေရာ အထက် ပါနေတာတွေကလည်း အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ပထမအကြိမ် မဲစာရင်း ထုတ်ပြန်ရာမှာ ကွန်ပျူတာ စာစီ စာရိုက်ပြသနာတွေကြောင့် အဲလို မှတ်ပုံတင် ထပ်နေတာတွေ၊ ဖခင်နေရာမှာ လူတစ်ယောက်ထဲရဲ့ နာမည် အကြိမ်ကြိမ် ပါနေတာတွေ တွေ့ခဲ့ရပြီးလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မဲစာရင်း ပြင်ဆင်မှုတွေ လုပ်ခဲ့ရတာမျိုးပါ။

အဲလို စာရင်းမျိုးကို “မဲမသမာမှု ဖြစ်စေနိုင်သော” စာရင်းထဲ ထည့်လို့ရချင် ရမှာ ဖြစ်ပေမယ့် “မဲမသမာမှု” လို့ စွပ်စွဲဖို့ ဆိုရင်တော့ နောက်ထပ် ခိုင်လုံတဲ့ အချက်အလက် အထောက်အထား အသေအခြာ ရှာရပါဦးမယ်။ ပြောရရင် ဦးသိန်းစိုး ကော်မရှင်က အခု ထုတ်ပြန်ထားတဲ့ မြို့နယ် တစ်ချို့ရဲ့ မဲစာရင်း နဲ့ လဝက စာရင်း မတူညီမှုဟာ “မဲမသမာမှု” ရှိခဲ့တယ် ဆိုသည်အထိ စွပ်စွဲနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။

ဦးသိန်းစိုး ကော်မရှင်က ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ နောက်ထပ် ထုတ်ပြန်တဲ့ စာရင်းကတော့ မဲလက်မှတ် ရိုက်နှိပ်မှုပါ။ တကယ်တော့ အဲဒီ စာရင်းဟာ ဦးလှသိန်းကော်မရှင်က တိုင်းသိပြည်သိ ထုတ်ပြန်ထားပြီး ဖြစ်သလို လှိိျု့ဝှက်ထားတာမျိုးလည်း မရှိပါဘူး။ လက်ရှိ ထုတ်ပြန်တဲ့ စာရင်းက မဲစာရွက်တွေကို နေ့အလိုက် ထုတ်ယူခဲ့တာမျိုးပဲ ပိုပြီး ပါတာပါ။ ဒီနေရာမှာ အများပြည်သူ ထင်ယောင် ထင်မှားဖြစ်စေနိုင်တာ တစ်ခုတော့ ပါပါတယ်။ အဲဒါကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ အတွက် လွှတ်တော် တစ်ခုမှာ ပျမ်းမျှ မဲပေးပိုင်ခွင့် ရှိသူ စာရင်း ၃၈ သန်းဝန်းကျင် ရှိပေမယ့် မဲလက်မှတ်တွေ ရိုက်ထုတ် ဝေငှရာမှာတော့ တစ်မျိုးစီ အတွက် ပျမ်းမျှ ၄၃ သန်း ကနေ ၄၄ သန်းကျော် ရှိနေတာပါ။ ဘာကြောင့် အဲလို ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းရင်းဟာ ကော်မရှင် အဆင့်ဆင့် အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ မဲရုံတွေဆီ မဲလက်မှတ် ဝေငှရာမှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းအတိုင်း တိတိကျကျ ဝေငှဖို့ မဖြစ်နိုင်လို့ပါ။ ဥပမာ မဲရုံတစ်ရုံမှာ ပြည်သူ့လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃၇၅ ယောက်ရှိတယ် ဆိုရင် မဲလက်မှတ် ၃၇၅ တိတိကျကျ ပေးလို့ မရပါဘူး။ မဲလက်မှတ်စာရွက်တွေကို စာအုပ်သဖွယ် ထုတ်လုပ်ထားတာကြောင့် မဲစာရွက် စာအုပ် တစ်အုပ်မှာ မဲလက်မှတ် ၅၀ ပါရင်၊ မဲပေးခွင့်ရှိသူ ၃၇၅ ယောက်ရှိတဲ့ အဲဒီ မဲရုံကို မဲစာအုပ် ၈ အုပ်၊ စုစုပေါင်း မဲစောင်ရေ ၄၀၀ ပေးရမှာ ဖြစ်လို့ပါပဲ။ တကယ်တော့ ဒါဟာ အထူးအဆန်း မဟုတ်ပါဘူး။ မဲလက်မှတ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ ရွေးကောက်ပွဲမှာပါ ဒီအတိုင်း ရိုက်နှိပ်ခဲ့၊ ဒီအတိုင်း ဖြန့်ဝေခဲ့တာချည်းပါ။ ဒါကြောင့် အခုလို မဲစာရွက် ရိုက်နှိပ် ဖြန့်ချီမှုကလည်း တပ်မတော်ဘက်က နဂို စွပ်စွဲထားသလို “ မဲမသမာမှု ဖြစ်စေနိုင်သော” အထောက်အထားတွေ ဟုတ်မနေတာကိုလည်း တွေ့နိုင်ကြပါတယ်။

အခုနောက်ပိုင်း အသစ်ခန့် ကော်မရှင်က နေ့စဉ် ထုတ်ပြန်နေတာတွေကတော့ မြို့နယ်အဆင့်က မဲလက်မှတ် ကွာခြားချက် စာရင်းတွေပါ။ တကယ်တော့ မဲပေးတဲ့ ကိစ္စ မှန်မမှန် စစ်ဆေးချင်ရင် အလွန်လွယ်ပါတယ်။ ကြိုက်နှစ်သက်ရာ ကျပန်း မဲရုံ တစ်ချို့ကို ရွေးချယ်၊ အဲဒီ မဲရုံမှာ တာဝန်ယူခဲ့သူတွေ၊ သက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ကြတဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေ၊ စောင့်ကြည့်တဲ့ ပြည်သူတွေကို ဖိတ်ခေါ်ပြီး မဲလက်မှတ် အားလုံး ဖွင့်ဖေါက်စစ်ဆေး၊ တိုက်ဆိုင် စစ်ဆေးတာနဲ့ အလွယ်တကူ အဖြေပေါ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်မရှင်ဟာ အဲလို မလုပ်ပဲ မသမာမှုလို့ မပြောနိုင်တဲ့ အခြား အချက်အလက်တွေကိုပဲ စစ်ဆေး နေ့စဉ် ထုတ်ပြန်နေတာ တွေ့မြင်ကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ “ မဲမသမာမှု ဖြစ်စေနိုင်သော မဲစာရင်း” ပြသနာ ဖြေရှင်းမပေးလို့ ဆိုပြီး နိုင်ငံတော် သမ္မတ နဲ့ လူများစွာကို ဖမ်းဆီးပြီး အာဏာရယူ အုပ်ချုပ်နေပါပြီ။ ဒီအတွက် အာဏာရယူ အုပ်ချုပ်ခဲ့တာ မဲမသမာမှုကြောင့်၊ တနည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရတာဟာ မှန်ကန်မှု မရှိ၊ တကယ် အနိုင်ရတာဟာ အခြားပါတီ တစ်ခုခု ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ တာဝန်ရှိနေပါသေးတယ်။ အဲလို သက်သေပြနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင်တော့ နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီး၊ အရေးပေါ် အခြေအနေ ကြေညာ၊ အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ အကြောင်းရင်းဟာ မဲစာရင်း ပြသနာကြောင့် မဟုတ်ပဲ၊ အာဏာလိုချင်လို့ အာဏာသိမ်းခဲ့ရတာလို့ပဲ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

VOA

ဆက်ဖတ်ရန် →

တောင်ကြီးက ရဲတွေပိုလန်နိုင်ငံသား သတင်းထောက်ကို ဝိုင်းရိုက်


တောင်ကြီးက ရဲတွေတော့ ပိုလန်နိုင်ငံသား နိုင်ငံခြားသားသတင်းထောက်ကို ဝိုင်းရိုက်ထားတာ အခြေအနေမကောင်းပါ ပိုလန်နိုင်ငံသားအလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်ပြီးညောင်ရွှေမှာနေထိုင်နေတဲ့သူလို့သိရပါတယ်


စစ်သားတွေဝိုင်းရိုက်ပြီး အမှတ် ၁ ရဲစခန်းကိုဖမ်းဆီး

ခေါ်ဆောင်သွားပါကြောင်း

ခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးလို့ 

သူ့မိတ်ဆွေတစ်ဦးမှ အတည်ပြုပေးလိုက်ပါတယ်ဗျာ

Credit


ဆက်ဖတ်ရန် →

KNU ပြန်လည်ဖြေရှင်းချက်

Tap here to start composing...

မြန်မာနိုင်ငံအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သို့ ၀င်ရောက်ရန်အတွက်  ရန်ကုန်အပါအ၀င် နေရာဒေသအချို့တွင် လိုက်လံစည်းရုံးမှုများသည် အဖွဲ့အစည်းနှင့် လုံးဝ ပတ်သက်ဆက်စပ်ခြင်းမရှိကြောင်း အဖွဲ့၏ ဒုဥက္ကဌဖြစ်သည့် ပဒိုစောကွယ်ထူး၀င်းက ယနေ့ညပိုင်းတွင် ကရင်အမျိုးသားမီဒီယာသို့ အတိအလင်းပြောဆိုခဲ့သည်။

မသမာသူအချို့သည် မိမိတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တာ၀န်ပေးအပ်စေလွတ်ထားသူများ ဖြစ်သည်ဟုဆိုကာ လူသစ်များ လိုက်လံစုဆောင်းနေကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာ၏ မေးမြန်းချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌပဒိုစောကွယ်ထူး၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ခါတော်မီ အခွင့်အခါကိုအသုံးပြု၍ အချို့သော မသမာသူများသည် အဖွဲ့သို့၀င်ရောက်မည်ဆိုပါက တဦးလျှင် ကျပ်ငွေ (၃) သိန်းမှ (၄) သိန်းထိပေးရမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြည်တွင်းတွင် ကရင့်အရေးဆိုင်ရာ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့်လူငယ်အဖွဲ့အစည်းများရှိကြောင်း ဖြစ်နိုင်ခြေရှိမရှိဆိုသည်ကို လေ့လာစုံစမ်း၍ရကြောင်းလည်း ဒုဥက္ကဌက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒုဥက္ကဌ ပဒိုစောကွယ်ထူး၀င်း

မတ် -  ၁၁  -  ၂၀၂၁

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ


ဆက်ဖတ်ရန် →
အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

DVB TV News · မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " (မတ်လ ၁၁ရက် ညနေ ၅)
ဆက်ဖတ်ရန် →
စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

 

 

 

 

 

 

 

 

 

 

 

ရွှေပြည်သာ NLD ပါတီဝင် စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက မတ်လ ၈ ရက်​နေ့ညပိုင်းတွင် ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အ​လောင်းထုတ်ယူရန် ပြောဆိုခဲ့သည်။ ယ​နေ့တွင် ဦး​ဇော်မြတ်လင်း၏နာရေး​ဆောင်ရွက်ရာ အ​လောင်းမှာ အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည်ဟု NLD ပါတီဝင်များက အတည်ပြု​​ပြောသည်။ (မှတ်ချက်- ကြည့်ရှူရန် မသင့်​တော်သည့် ပုံများပါဝင်​နေသည်။ မူရင်းဓါတ်ပုံပိုင်ရှင်ကို Credit ​ပေးပါသည်) 

ဆက်ဖတ်ရန် →
 စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

f
စစ်ရေးအရ အရေးယူမှသာ မြန်မာပြည်ရဲ့အကျပ်အတည်း
အဆုံးသတ်နိုင်ဟု ဘားနတ်ဟစ်
ဘစ် ကသုံးသပ်>>
======================
အော့တဝါ -
မြန်မာနိုင်ငံ၏အ ကျပ်အတည်းသည် စစ်ရေးအရ အရေးယူမှသာ အဆုံးသတ်နိုင် 
သည်ဟု ကနေဒါနာမည်ကြီး ဥပဒေပါမောက္ခနှင့် သမိုင်းပညာ ရှင်ဘားနတ်ဟစ်ဘစ်
က ၎င်း၏အ မြင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။
အာဏာသိမ်းတပ်မတော်၏ လုပ်ရပ်များက အာဏာစွန့်လွှတ် ရန် လုံးဝရည်ရွယ်ချက်
မရှိသည် ကို ရှင်းရှင်းလင်းလင်းပြသနေ ကြောင်း ဘားနတ်ဟစ်ဘစ်က တွစ်တာ၌ 
ရေးသားသည်။
‘‘အာဏာသိမ်းလုပ်ရပ်တွေ က အာဏာကိုပြန်စွန့်လွှတ်ဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုတာ
ကို ပြတ်ပြတ်သားသား သတင်း စကားပါးနေတယ်။
ပြီးတော့ လမ်းမတွေပေါ်မှာ ပိုပြီးတော့ရက် ရက်စက်စက်နှိမ်နင်းတာ၊ အဓမ္မ ဖမ်းဆီးတာ
တွေနဲ့ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေကို တွေဝေမနေ ဘဲ ထိန်းသိမ်းတာတွေပိုလုပ်လိမ့် မယ်’’
ဟု ဘားနတ်ဟစ်ဘစ်က ပြောသည်။
ဆက်လက်၍ ဘားနတ်ဟစ် ဘစ်က-
‘‘မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီရဖို့ နေ့တိုင်းညတိုင်း သူတို့ရဲ့အသက်တွေကို စွန့်လွှတ် 
နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ပြနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့ ကမ္ဘာ
တစ်ဝန်းကလူ တွေကို ကျွန်တော်သတင်းပါးချင် ပါတယ်’’
ဟု ပြောကြားသည်။
‘‘ကျွန်တော့်ထင်မြင်ယူဆ ချက်အရ လက်နက်ကိုင်တပ်တွေ ကသာ ဒီအကျပ်အတည်းကို
အ ဆုံးသတ်နိုင်ပါတယ်။
စစ်ရေးအရ အရေးယူဖို့ ကြန့်ကြာလေလေ သွေးထွက်သံယိုဖြစ်တာနဲ့သေ ဆုံးသူအရေအတွက်
 များလေ လေဖြစ်လိမ့်မယ်’’ဟု ၎င်းကပြော သည်။
ဘားနတ်ဟစ်ဘစ် (၆၂)နှစ် သည် ဥပဒေရေးရာ ပညာရှင်တစ် ဦးဖြစ်ပြီး လောလောဆယ်တွင်
 အမေရိကန်နိုင်ငံရှိ မစ္စဘာ့ဂ် ဥပဒေကျောင်းတက္ကသိုလ်၌ပညာ ရပ်များ ပို့ချနေသူဖြစ်သည်။
ထို့အပြင် ဘားနတ်ဟစ်ဘစ် သည် အွန်လိုင်းဥပဒေသတင်း ဌာန JURIST ၏ ထုတ်ဝေသူနှင့်
 အယ်ဒီတာအဖြစ် တာဝန်ယူထား သူဖြစ်သည်။
7DayNews
ဆက်ဖတ်ရန် →

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်ဟု ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီက ​​ကြေညာချက်ထုတ်ပြန်သည်။


ဆက်ဖတ်ရန် →

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

ဒီနေ့ မအလ က နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။ ဖမ်းရတဲ့ အကြောင်းအရင်းက ဦးချမ်းအေး၊ ဦးစိုးသူရတို့ အပါအဝင် မအလရဲ့ နိုင်ငံခြားရေးအဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုပို့တဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်နေကြောင်း အချက် ၅ ချက်တရုတ်က တောင်းဆိုတယ်။ မြန်မာပြည်သူတွေကို ဂက်စ်ပိုက်လိုင်းအပေါ်မှာ ဝေဖန်မှု ပြုနေကြတာကို ခွင့်မပြုသင့်ကြောင်း မအလအဖွဲ့ကို ညွှန်ကြားတယ်။ မအလ ဘက်ကလည်း ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ ပိုက်လိုင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို စခန်း ၅၉ ခုဖွင့်ပေးထားပြီး ပြည်သူ့ ဘဏ္ဍာနဲ့စောင့်ရှောက်နေတဲ့အပြင် လစ်ဟင်းမှုမရှိရအောင် စစ်သူပုန်တပ်ကပါ အားဖြည့်စောင့်ရှောက်ပေးနေကြောင်း ပထွေးဖြစ်သူ ငြိုငြင်အောင် မလုပ်ရဲကြောင်း မျက်နှာချိုသွေးခဲ့တယ်။ ဆွေးနွေးပွဲပြီးတော့ မအလထံ အစီရင်ခံဖို့အတွက် ဆွေးနွေးပွဲမှတ်တမ်းကို ကွန်ပျူတာသမားက စာစီရတယ်။ မိတ္တူကို မအလရဲ့ စစ်သူပုန်ကောင်စီ အဖွဲ့ကိုရော၊ ကာကွယ်ရေး၊ ပြည်ထဲရေးဌာနတွေကိုရော လျို့ဝှက်အဆင့်နဲ့ ပို့ပေးခဲ့ရတယ်။ ပို့ပြီး နှစ်ပတ်လောက်အကြာမှာပဲ ဒီစာက အပြင်ကိုထွက်လာတယ်။ ဒီလျို့ဝှက်စာ အပြင်ကို ထွက်လာတာ မအလ စစ်ကောင်စီထံကလား၊ ကာကွယ်ရေးဌာနကလား၊ ပြည်ထဲရေးဌာနကလား၊ နိုင်ငံခြားရေး ဌာနကလား ဘယ်သူ့ဆီကလည်းဆိုတာ အတိအကျ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမဲ့ မအလ အတွက်ကတော့ လွယ်တယ်။ ဒီသတင်းကိုစသိပြီး ဒီစာကို စရိုက်တာ နိုင်ငံခြားရေးဌာန ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားရေး ဌာနကပဲ တာဝန်ယူရမယ်။ ဒီဆွေးနွေးပွဲမှာ ပါတဲ့ ဦးဆောင်သူ နိုင်ငံခြားရေးဌာန ညွှန်ချုပ် ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းခိုင်းပြီး ထောင်ထဲထည့်လိုက်တယ်။ တရုတ်ထံကိုလည်း ဒီသတင်းပေါက်ကြားမှု အတွက် တာဝန်ရှိသူကို ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ကြောင်း အစီရင်ခံလိုက်တယ်။ ထူးခြားတာက ဒီလျို့ဝှက်စာကိုရတဲ့ သူ့ရဲ့စစ်ကောင်စီကိုရော၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဌာနကိုပါ အရေးမယူပဲ အရပ်သားတွေ ဖြစ်ကြတဲ့ ဦးချမ်းအေးတို့ကို ဘုမသိ ဘမသိ အရေးယူ ထောင်ချလိုက်တာပဲ။ အကယ်၍သာ ပထွေးတော်က ရွှေစိတ်တော် ညိုနေသေးတယ်ဆိုရင်တော့ မအလ တစ်ယောက် ကြိုးစင်မရောက်မချင်း ထောင်ထဲမှာသာ နေပေတော့ ဦးချမ်းအေးတို့ရေ .... ဒီအဖြစ်အပျက်မှာ ပြည်သူတွေဘက်က ရလိုက်တဲ့ ၂ ချက်က မအလ ဟာ အရပ်သားဝန်ထမ်းတွေအပေါ်မှာ လိုရင်အသုံးချသလို အရေးကြုံရင် ထိုးကျွေးဖို့လည်း ဝန်မလေးဘူး ဆိုတာပဲ။ နောက်တစ်ချက်က မအလ နဲ့ တရုတ်ရဲ့ အားနည်းချက်ဟာ ဓာတ်ငွေ့ပိုက်လိုင်း ဆိုတာပဲ။ ဒီလောက်ဆို ဓာတ်ငွေ့ပိုက်လိုင်းက ဝန်ထမ်းတွေအနေနဲ့ ဘာလုပ်ရမလဲ သိမယ်ထင်ပါလိမ့်မယ်။ #crd
ဆက်ဖတ်ရန် →

U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military.


Dear World, 


U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military. 

The way of torturing him was terrifying!!! 

During Investigation, his mouth and face were poured with very hot water and very dangerous toxic  chemical liquid !!! 

According to the collected information , his teeth were gone , his tongue was melting severely , the skin on his face was scratched out  . 

This is way beyond the brutality than Narzi 's time !!! 

The military and armies are not humans. They don't respect human rights and they have been violating this more and more since 1988, 2007, Rohingya genocide and Now !!! 

The military is heartless.This is more like Facism and genocide . 

UN is still worrying and no action is yet to found. 

They shoot in Day time, they arrest in night time, they torture and abuse people till death behind the camera. 

In Myanmar, people have been tortured in such way , please GOD help us . 

#HearTheVoiceOfMyanmar

#JusticeForMyanmar

#PrayForMyanmar

#SaveMyanmarCitizens

#SaveMyanmar



ဆက်ဖတ်ရန် →
CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

Civil Disobedience Movement CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက် ၁၁. ၃. ၂၀၂၁ (ကြာသပတေးနေ့) • CDM တွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများအား အကြမ်းဖက်အုပ်စုမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပိုမိုများပြားလာသည်ကို သိရှိကြမည်ဖြစ်ပါသည်။ • ပြည်သူ့ဝန်ထမ်းများအား လက်နက်အားကိုး ခြိမ်းခြောက်ဖမ်းဆီးခြင်းများ၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းများ ရှိလာနိုင်ပါသဖြင့် မိမိတို့လုံခြုံရေးကို ပိုမိုအလေးထားဂရုစိုက်ကြရန်နှင့် ဖြစ်နိုင်ပါက မိမိတို့အတွက် လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ အရေးတော်ပုံအောင်ရမည်
ဆက်ဖတ်ရန် →
ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

အမေရိကန်ဆီးနိတ် နိုင်ငံခြားရေးရာ ကော်မတီ ကြား‌နာမှုမှာ မဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

ဒီလို စကားပြောခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်မှာ သူ့ဘက်က ပေးဆပ်ရမှာတွေ ရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ လွတ်အောင် ရှောင်တိမ်းလို့ရမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်ပုံရတာ အထင်အရှားပါပဲ။ ဒါကြောင့် ကျွန်မတို့က သူ့အထင်မှားတယ် ဆိုတာ ပြသကြဖို့ အရမ်းအရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထုကတော့ အရမ်းရဲရင့်ပြီး မင်းအောင်လှိုင် မှားတယ် ဆိုတာ အထင်အရှား ပြသနေကြပါတယ်။ စစ်တပ်က NLD ခေါင်းဆောင်တွေနဲ့ ကျမရဲ့ အဖေအပါအဝင် အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းလိုက်ပြီး သူတို့ နိုင်ပြီ၊ ဆန္ဒပြတာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတယ်။ ဒါပေမယ့် နှစ်သုံးဆယ်‌ကျော်အတွင်း အကြီးကျယ်ဆုံး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူထုက ဘုတ်ပြားတွေ ထောင်ပြီး ဒီမိုကရေစီ တောင်းဆိုခဲ့ကြပါတယ်။ ဒီဘုတ်ပြားတွေမှာ အင်္ဂလိပ်လိုရေးထားကြတာဟာ ကမ္ဘာကြီးက ကူညီစေချင်လို့ပါ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေဟာ စစ်တပ်က တိုးတိုးပြီး ဖိနှိပ်ဖြိုခွင်းလာတာ ခံခဲ့ရတယ်။ နေ့တိုင်းနေ့တိုင်း ကျဆုံးသူတွေ ရှိနေပြီး ကလေးအရွယ်တွေရဲ့ ခေါင်းကိုပါ ပစ်သတ်ခဲ့ပါတယ်။ စစ်တပ်ဟာ သုံးလို့ရသမျှ လက်နက် သုံးပြီး လူထုရဲ့ အသံကို ပိတိဆို့ဖို့ ကြိုးစားနေပါတယ်။ အခုဆို ငြိမ်းချမ်းစွာ ဆန္ဒပြလို့ လူ ၆၀ ကျော် သေဆုံးခဲ့ပါပြီ။ အာဏာသိမ်းပြီးနောက် လူ ၂၀၀၀ ကျော် အဖမ်းဆီးခံထားရတယ်။ ဘယ်နှယောက် ပျောက်ဆုံးနေလဲဆိုတာ မသိရသေးပါဘူး။ သူတို့ကို တရားဝင် ဖမ်းဆီးတာလား ဆိုတာလည်း မသိရသေးသလို ရှေ့နေခေါ်ခွင့်လည်း မရှိပါ။ ဒီနေ့ဟာ ကျမအဖေရဲ့ မွေးနေ့ပါ။ အဖေက နိုင်ငံရေးပြော‌ဟောတဲ့အတွက် ထောင်ထဲရောက်နေတာများပြီး ကျမဘဝ တစ်ဝက်လောက်ဟာ မွေ့‌နေ့ ပွဲ အတူတူ ဆင်နွဲခွင့်မရခဲ့ပါ။ အဖေ့ကို ပထမဆုံး မှတ်မိနေတဲ့ အဖြစ်ကလည်း အင်းစိန်ထောင် သံတိုင်တွေကြားက အဖေပုံရိပ်ပါ။ နေသားကျသလိုဖြစ်နေပေမယ့် ကျမအတွက်တော့ အတော်ခက်ခဲပါတယ်။ တဆက်တည်းမှာပဲ ကျမ အသည်းနာပါတယ်။ ဒေါသထွက်ပါတယ်။ အခုဆိုရင် ကလေးတွေအများအပြားဟာ ကျမတို့လိုပဲ ခံစားရတော့မယ်။ မိဘနဲ့ကင်းပြီး ကြီးပြင်းရတော့မယ်။ ဘယ်တော့မှ ပြန်တွေ့ရမလဲ ဆိုတဲ့ စိတ်ကြီးနဲ့ ကြီးပြင်းရတော့မယ်။ ဒါမဖြစ်သင့်တော့ပါ။ စစ်တပ်က လူထုကို တိုက်ခိုက်တာတွေဟာ မြို့ကြီးပေါ်မှာမှမဟုတ်ဘူး။ ကရင်ပြည်မှာဆို စစ်တပ်ဟာ မော်တာဗုံးတွေနဲ့ ရွာတွေကို ပစ်ပါတယ်။ ရွာပေါင်း ၅၀၀၀ ကျော်ဟာ တောထဲပုန်းရှောင်နေရပါတယ်။ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ စစ်ကားတွေ မြင်ကြရပေမယ့် တိုင်းရင်းသားနယ်တွေဆီက ထွက်ခွာသွားတာတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တိုင်းရင်းသားနယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာခဲ့တယ်။ စစ်တပ်ဟာ ဘဏ္ဍာရေးပိတ်ဆို့မှု ဖြေလျော့မှုတွေ ရရှိလာခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လုပ်နေခဲ့တယ်။ ဒီအခြေအနေဟာ စစ်တပ်ကို သူတို့ဟာ ဥပဒေ ပြစ်ဒဏ်က လွတ်မြောက်နေနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုပေးပါတယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်လည်း သူတို့ လွတ်မြောက်နေတာပဲ ဆိုတဲ့ အတွေးကိုပေးပါတယ်။ အခုထိတော့ သူတို့ လွတ်မြောက်နေဆဲပါ။ အဲလို လွတ်မြောက်ခွင့်ပေးထားကြလို့လည်း အခုလို အာဏာသိမ်းပြီးလည်း အေးဆေး ‌လွတ်မြောက်နိုင်တယ်လို့ ယူဆကြတာပါပဲ။ မြန်မာလူထုက အာဏာသိမ်းမှုကို ကျဆုံးစေချင်ပါတယ်။ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ သူတို့အစိုးရကို လူထုက ပြနိတင်မြှောက်ချင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေ အောက်ကိုတော့ ပြန်မသွားချင်တော့ပါ။ အမေရိကမှာဆို ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးသုံးယောက် ခန့်မယ်ဆို ဘယ်သူမှ သဘောမတူဘူး။ ကွန်ဂရက်ရဲ့ ၂၅% ကို စစ်တပ်က တင်မယ်ဆို ဘယ်သူမှသဘောမတူဘူး။ အမေရိကန်တွေ သဘောမတူသလို ကျမတို့ မြန်မာတွေလည်း သဘောမတူနိုင်ဘူး။ မြန်မာလူထုက အသက်တွေနဲ့ ရင်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုနေကြတယ်။ စစ်တပ်မှားတာက လူထုရဲ့ သတ္တိနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လျှော့တွက်ခဲ့တာပါ။ ဒါပေမယ့် အခုထိ မင်းအောင်လှိုင် မမှားတာက နိုင်ငံတကာ တုန့်ပြန်မှုဟာ ချိနဲ့နေမှာပဲ လို့မှန်းခဲ့တာပါ။ မြန်မာကို တစ်သက်လုံး စစ်တိုက်လာတဲ့ မာကျောတဲ့ စစ်သားတွေက ဖိစီးနေတာပါ။ သံတမန်တွေ မဟုတ်ပါ။ စတိတ်မန့်တွေ ထုတ်နေတာနဲ့ မရနိုင်ပါ။ ကျမတို့က လက်တွေ့တော့ကျရမယ်။ နိုင်ငံတကာအရေးယူမှုတွေချည်း အားကိုးပြီး တိုင်းပြည်မလွတ်မြောက်နိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။ ကျမတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်အောင် ကြိုးစားရမှာပါ။ ဒါပေမယ့် နိုင်ငံတကာ အရေးယူမှုတွေက အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အခွင့်အရေးရတုန်း အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်၊ ငွေကြေးတွေကို ထိမ်းချုပ်၊ ပြီးတော့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့လိုက်တဲ့ အလုပ်တွေ အတွက်ပါ။ အမေရိကန်ပြည်‌ထောင်စုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားဖို့ ရှေ့ဆုံးက ကြိုးစားတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးပဲ ကျေးဇူးတင်ပါတယ်။ ‌အမေရိကက လုပ်နိုင်တာတွေ လုပ်ရမှာတွေလည်း အများကြီး ရှိပါသေးတယ်။ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီပွားတွေကို ပိတ်ဆို့ရပါမယ်။ စစ်တပ်ရဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ရပါမယ်။ ဘဏ္ဍာရေး အာမခံ စတာတွေပါရပါမယ်။ စစ်တပ်က အစိုးရအဖွဲ့ကို ထိမ်းချုပ်တာနဲ့ ရေနံ သဘာဝဓာတ်ငွေ့၊ ကုန်သွယ်ရေး၊ သစ်၊ ကျောက်မျက် စတဲ့ ငွေဝင်လမ်းတွေကိုပါ ပိတ်ဆို့ရမှာပါ။ ဒီလို ပစ်မှတ်ထားပိတ်ဆို့မှုတွေကို လုပ်ဖို့ ယူကေ နဲ့ အီးယူ လို မဟာမိတ်တွေနဲ့ ကျေးဇူးပြုပြီး ပူပေါင်းဆောင်ရွက်ပေးပါ။ အမေရိကန်နိုင်ငံက လက်နက်ပိတ်ဆို့မှု ရှိပေမယ့် အခြားနိုင်ငံအများမှာ အဲဒါမျိုး မရှိပါ။ မဟာမိတ်တွေနဲ့ ပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလက်နက်ပိတ်ဆို့မှု ဖြစ်လာအောင် ကြိုးစားပေးပါ။ အမေရိက က လုပ်နိုင်ဖွယ်ရာ အဆင့်များကို အသေးစိတ် ရေးထားတဲ့ စာတမ်းလည်း ရှိပါတယ်။ လုပ်စရာတွေ အများကြီးပါ။ သံတမန်ရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ ဥပဒေရေးရာ စတာတွေပါ။ မြန်မာနိုင်ငံမှာ လူထုက နေ့ထိုင်း လမ်းပေါထွက် ဆန္ဒပြနေကြပါတယ်။ အပစ်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အဖမ်းခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ အရိုက်ခံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြနေကြတယ်။ အသက်နဲ့ရင်းပြီး လုပ်လို့ရနိုင်သမျှ လုပ်နေကြတာပါ။

ကျမတောင်းဆိုချင်တာက ရှင်တို့မှ ရှိသမျှနည်းလမ်း ရှိသမျှ လက်နက်ကိရိယာ အကုန်သုံးပြီး ကျမတို့ကို ကူကြပါ။ ကျေးဇူးတင်ပါတယ်။

၂၀၂၁၀၃၁၁

ဆက်ဖတ်ရန် →