နောက်ဆုံးရ
မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး

မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး



 



 

 

 

 

 

 

 

 

ယနေ့ ( ၁၁ - ၃ - ၂၀၂၁ ) မြောက်ဒဂုံမှာ
စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး 😢😢😢



#Credit Video







ဆက်ဖတ်ရန် →

မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ဖော်ပြချက်


မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲ

ဗိုလ်မှုးချုပ်ဇော်မင်းထွန်းပြောကြားချက်များမှ

ကောက်နုတ်ဖော်ပြချက်


၁။ ကမ္ဘာ့နိုင်ငံအသီးသီးက NGO၊ INGO အဖွဲ့တွေ အခြားသော နိုင်ငံ(၁၃)နိုင်ငံရဲ့ အဖွဲ့အစည်းတွေက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို

US ၇.၉ သန်းကျော် ထောက်ပံ့ထားပြီး

၆.၈ သန်းကျော် သုံးစွဲထားခဲ့၊ 

လက်ကျန်ငွေ ဒေါ်လာ ၁ သန်းကျော်ရှိနေ။


ပြည်တွင်းက ထောက်ပံ့လှူဒါန်းငွေ ၃၆ ဘီလျံရှိပြီး ၃၀ ဘီလျံ သုံးစွဲထား၊ လက်ကျန်ငွေ ၆ ဘီလျံရှိ။


တရားမဝင် ငွေမဲစီးဆင်းမှုတွေ၊

ပါတီအကျိုးသုံးစွဲခဲ့မှုတွေကို ဆက်လက်ဖော်ထုတ်နေ။


၂။ ရကတ ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ဒီဇင်ဘာ ကနေ ၂၀၁၈ မတ်လအတွင်း ကန်ဒေါ်လာ၆သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့ကြောင်း ဖော်ကောင်လုပ်ပြောကြား ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအေးဇံ၊ ဒေါက်တာမြင့်နိုင် ဝန်ကြီးချုပ်တွေရဲ့

အဂတိ လိုက်စားမှုတွေလည်းဖော်ထုတ်ပြီး

ဆက်လက်စစ်ဆေးနေ၊


၃။ သမ္မတဦးဝင်းမြင့်ကိုလည်း လုပ်ငန်းရှင်တချို့နဲ့ အကျိုးစီးပွားဆက်စပ်မှုရှိလို့ အဂတိနဲ့ ဆက်လက်စစ်ဆေးနေ။


၄။ NLD အစိုးရခန့်ခဲ့တဲ့ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး ထုတ်ဖော်ပြောဆိုခဲ့မှုအရ ရွေးကော်ကို

ဦးဝင်းမြင့်က လွှမ်းမိုးချုပ်ကိုင်ထားလို့ UEC

က လွတ်လပ်စွာ မလုပ်နိုင်။


တပ်မတော်က ပြောတဲ့ မဲစာရင်း ကွာခြားချက်

ကိစ္စရှင်းနိုင်ဖို့ ထိုစဉ်ကသမ္မတ ဖြစ်သူဦးဝင်းမြင့်

ထံ  ဦးလှသိန်း  ဦးမြင့်နိုင် တို့နဲ့အတူသွား၍

တင်ပြခဲ့သော်လည်း  ခွင့်မပြုခဲ့ ။

တပ်ရဲ့တောင်းဆိုမှုအပေါ်

ဦးဝင်းမြင့်က ရှင်းစရာ မလိုဘူးလို့ ပြော၊

ဦးဝင်းမြင့်ရဲ့ ကွပ်ကဲမှုနဲ့ပဲ ဆောင်ရွက်ရကြောင်းဦးသန်းဌေးက ဖော်ကောင်လုပ် ပြောကြား။ 


ယနေ့ လူမှုကွန်ရက်စကားကောက်နုတ်ချက်


"နေရာတကာ လိုက်ရှင်းနေရင် ဘယ်တော့မှပြီးမှာမဟုတ်၊ မရှင်းနဲ့ ထားလိုက်" သမ္မတဟောင်း ဦးဝင်းမြင့်


၅။ ဝစီပိတ်ဆရာတော်ရဲ့ပုံကို ထဘီမှာကပ်ခဲ့တဲ့ စမ်းချောင်းမြို့နယ်ဖြစ်စဉ်အတွက် အဓိကတရားခံ ၇ ဦးကို ဖမ်းမိထားပြီး ကျန်စပ်ဆက်တရားခံတွေကိုလည်း ဖော်ထုတ်သွားမဲ့အပြင် အမျိုးဘာသာသာသနာအတွက် ထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ် ဖြေကြား(မြို့နယ်ရဲတပ်ဖွဲ့မှုး)


၆။ မဲမသမာမှုတွေက တပ်ကစိစစ်ခဲ့တဲ့ပမာဏထက်များပြားနေ (ရွေးကော်အဖွဲ့ဝင်-ဦးခင်မောင်ဦး)


၇။ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို မတ် ၁၅ ရက်မှာ တတိယအကြိမ်ရုံးထုတ်မယ်။ ရှေ့နေတွေ တွေ့ခွင့်မရတာနဲ့ပတ်သက်ပြီး ရှေ့နေတွေကို ခေါ်ချင်တဲ့ရှေ့နေ ခေါ်ခွင့်ပြုထား။ NLD ပါတီက ထပ်မံရွေးချယ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ 


၈။ ဆန္ဒပြသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ မေးခွန်းမေးတဲ့ အခါ'လက်ရှိအခြေအနေဟာ စစ်အုပ်ချုပ်ရေးမဟုတ်သေးလို့ပါ'လို့ ဗမခဇော်မင်းထွန်း ဖြေ။


၉။ အစ္စရေးလော်ဘီအဖွဲ့ ငှားခဲ့တာ မှန်တယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အခြေခံအတွေးအခေါ်တွေ မမှန်တာကြောင့် 

မြန်မာနိုင်ငံနဲ့ပတ်သက်တာ မှန်မှန်ကန်ကန်သိဖို့ငှားတာ။ ဒေါ်လာနှစ်သန်းနဲ့ငှားတာကလည်း မှန်တယ်။ အစိုးရတစ်ရပ်လုပ်ခွင့်ထဲက ငှားထားတာ။ တရုတ်နဲ့ပတ်သက်ပြီး အစိုးရကတောင်းဆိုချက်ထဲမပါ။ လော်ဘီငှားတဲ့ အစ္စရေးကုမ္ပဏီရဲ့ သဘောထား။


၁၀။ " အချို့က ရာဇဝတ်မှုတွေကို CDM ဆိုပြီး သတင်းမှားလွှင့် သိမ်းကြုံးပြောနေတာပါ။ ဥပမာ - ဒေါက်တာထားထားလင်းကို CDM ကြောင့် လိုက်ဖမ်းနေတာ မဟုတ်ပါဘူး။ ကိုဗစ်ဆေး အလွဲသုံးစားလုပ်လို့ လိုက်ဖမ်းနေတာပါ "


၁၁။ R2P နဲ့ ပတ်သက်ပြီး 

"မြန်မာနိုင်ငံသည် R2P ဝင်နိုင်တဲ့ပြစ်မှုမျိုး မကျုးလွန်ထား၊ R2P ဝင်နိုင်တဲ့နိုင်ငံမျိုး မဟုတ်လို့ R2P နဲ့ ပတ်သက်ပြီး ဘာမှပြင်ဆင်ထားတာမရှိဘူး။


၁၂။ စည်းမဲ့ ကမ်းမဲ့ ဒီမိုကရေစီ၊ စည်းပျက်ကမ်းပျက်ဒီမိုကရေစီစနစ်မဟုတ်ဘူး။ ဒီမိုကရေစီအမည်ခံပြီး အာဏာရှင်စနစ်မလိုချင်ဘူး။ ရွေးကောက်ပွဲဆန္ဒပြမှုတွေ ဘယ်နှစ်ရာခိုင်နှုန်း ထွက်ဆန္ဒပြမှ စဉ်းစားပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ လက်ရှိလုပ်ဆောင်နေတာက စစ်မှန်ပြီးစည်းကမ်းပြည့်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ။


၁၃။ ဒေါက်တာဆာဆာနဲ့ ပတ်သက်ပြီး သူနဲ့ CNN တွေ့ဆုံမေးမြန်းခန်းမှာ သူ့စိတ်နေစိတ်ထား မှန်းကြည့်တာ၊ သူ တပ်မတော်တာဝန်စယူတဲ့ နေ့မှာ သူက ဒေါ်စုနဲ့အတူတူရှိခဲ့ပြီး တက်စီသမားယောင်ဆောင် ထွက်ပြေးခဲ့တယ်လို့ ပြောထားတယ်။ သူ ဒီလိုပြောတာမှန်ရင်တော့ သူက နိုင်ငံရေးစိတ်ကူးယဉ်သမားလို့ ပြောချင်တယ်။


၁၄။ CRPH နဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်မှာလည်း ဒီလို အဖွဲ့အစည်းပေါ်ပေါက်ခဲ့တယ်။ စင်ပြိုင်အစိုးရတစ်ရပ်၊ လွှတ်တော်ဖွဲ့စည်းတာက ကြီးလေးတဲ့ပြစ်မှုဖြစ်တယ်။ ကြီးလေးတဲ့အရေးယူမှုလုပ်သွားမယ်။ သူနဲ့ပတ်သက်ရင် ကြီးလေးတဲ့အရေးယူမှုလုပ်မယ်လို့ ထုတ်ပြန်ထားပြီးသား။ အချုပ်အခြာအာဏာပိုင်တဲ့အစိုးရ အဖြစ် အသိအမှတ်မပြုဘူး။ ကြီးလေးတဲ့အရေးယူမှုတွေ လုပ်သွားမယ်။ 


၁၅။ ဆန္ဒပြလို့ ဖမ်းထားသူတွေထဲက ၂၁၇၉ ဦး ပြန်လွှတ်ပေးထားတယ်။ ကျန်ခဲ့တဲ့သူတွေက သူ့လုပ်ဆောင်ချက်ကြောင့် ကျန်ခဲ့တာ။ ၁။ ဆူပူအကြမ်းဖက်လို့၊ ၂။ လက်နက်နဲ့မိလို့၊ ၃။ သူဟာ ဆူပူအကြမ်းဖက်မှု ဆက်လုပ်နိုင်ခြေရှိလို့။ ဒီလိုလုပ်ဆောင်မှုကြောင့် ဆက်ဖမ်းထားတာ။


၁၆။ မဲစာရင်းတွေကို တတိယအဖွဲ့အစည်းအနေနဲ့ စစ်ဖို့ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ UEC စစ်ပြီးရင် တတိယအဖွဲ့အစည်းတင်မကဘူး။ တစ်ကမ္ဘာလုံးကို ချပြမယ်။ ကြည့်ချင်လာခဲ့။ ပွင့်လင်းမြင်သာစွာ ချပြသွားမယ်။ 


၁၇။ စစ်မှုမထမ်းမနေရဥပဒေနဲ့ ပတ်သက်ပြီး အိမ်နီးချင်းငါးနိုင်ငံမှာ ထိုင်းတစ်ဝက်တစ်ပျက်၊ လာအိုအပြည့်အဝ၊ အိန္ဒိယ ဘဂ်လားဒေ့ရှ် 

မကျင့်သုံး၊ တရုတ်ကပြဌာန်းပြီးပေမဲ့ မကျင့်သုံးသေး။ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေက ဆက်လုပ်ရမဲ့ ကိစ္စဖြစ်တယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုကောင်းလာမယ်။

#ဖြိုးဝေ

၁၁.၃.၂၀၂၁


ဆက်ဖတ်ရန် →
စိုးဝင်းက မအလ ထက် လည်တယ်။

စိုးဝင်းက မအလ ထက် လည်တယ်။


 

 

 

 

 

 

 

 

 

  

 

 

 

 

အခုအချိန်မှာ အာဏာသိမ်း စစ်အုပ်စု မှာ တကယ် ကွပ်ကဲနေတာ စိုးဝင်း စိုးဝင်းက မအလ ထက် လည်တယ်။ သူ့နာမည်နဲ့ ဘာမှ သိပ်မရှိဘူး။ မိန်းမဘက်က မောင်၊ တူမတွေနဲ့ ပိုင်ဆိုင်မှုတွေထားတာ။ ----------------------------------------- စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက။ သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ် စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ် ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။ မန္တလေးမှာ သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။ မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။ သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ် (စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။ စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီး စင်ကာပူကိုထုတ်ပေးနေကြတာ။သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundry လုပ်ပေးတာ။ မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာ အများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။ ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။ ဖားကန့်ကကျောက်ကုမ္ပဏီ စင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး) မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေ မေမြို့ကနွယ်ဝတီဟိုတယ် ဒါတွေအားလုံးကိုအမျိုးအဆွေတွေကနာမည်ခံပြီးလုပ်ပေးနေတာပဲ။ ပုံ-၁ စိုးဝင်းယောက်ဖ သန်းသန်းနွယ်မောင်အရင်း ပုံ-၂ သန်းသန်းနွယ်ယောင်းမ မီမီသန့်။ #crd

ဆက်ဖတ်ရန် →

ငါ့သားကြိုက်တဲ့ ငါးခူကြော်ထားလိုက်မယ်


လက်နက်မပါဘဲ တိုက်ပွဲ ဝင်မဲ့သားကို ဘယ်မိဘက လွတ်ချင်ပါ့မလဲနော်     😢😢😢မနက်စာစား၊ အဝတ်အစားလဲပြီးတဲ့သားကို အမေကသူ့ဘေးအထိုင်ခိုင်းတယ်။ ငါ့သား မနေ့ညကမင်းဘယ်သူ့အိမ်မှာအိပ်တာလဲလို့မေးမယ်ထင်တာ မမေးပါဘူး။ သားရဲ့ဘယ်ဘက်လက်ဖျံပေါ်မှာ အပြာရောင်ကလောင်ပျော့နဲ့ ဂဏန်းတွေရေးပေးနေတယ်။ ဖိမရေးဘူး။ ခပ်ဖွဖွပဲ။ အဖေက သူ့ဇနီးဘာလုပ်နေတာလဲတစ်ချက်ကြည့်ပြီး သူလည်း သားရဲ့ညာဘက်ဝင်ထိုင်တယ်။ အမေက မျက်မှောင်ကြုတ်ပြီးသူရေးတာတွေမှန်ရဲ့လား ပြန်ဖတ်နေတယ်။ အဲဒီအချိန်မှာ အဖေ့ကလည်း အမေ့နည်းတူ သူ့လက်ဖျံမှာ ကလောင်ပျော့ ရေးပါလေရော။ အဖေက မှင်နီရောင်။ အံတွေကြိတ်ပြီးဖိရေးနေမှန်းသိသာတယ်။ လက်ဖျံက အရေပြားတွေကို ကလောင်ပျော့နောက်တွန့် တွန့်ပါသွားတယ်။အမေနဲ့အဖေတို့ရဲ့တယ်လီဖုန်းနံပတ်တွေကြည့်ပြီး သူခွန်အားတွေပိုပြည့်လာသလိုလိုခံစားရတယ်။

နှမလေးကတော့ ဖိတ်စာကဒ်ပြားဟောင်းတစ်ခုကိုကတ်ကြေးနဲ့ညှပ်၊ အမေတို့ဖုန်းနံပတ်တွေရေး ပြီးတော့သူ့ဖုန်းနံပတ်လည်းရေးရင်း ကိုကို့သွေးအုပ်စုကဘီနော်လို့ သေချာအောင်လှမ်းမေးသေးတယ်။ အကို့ဆီကအေးသံမှမဆုံးသေးဘူးနှမလေးက လက်ရေးဝိုင်းစက်စက်လေးနဲ့ဘီလို့ထင်ထင်ရှားရှားရေးပြီးနေပြီ။ အဲဒီကဒ်လေးကို သူ့သင်တန်းကဒ်နဲ့လဲပြီး အကို့လည်ပင်းမှာဆွဲပေးလိုက်တယ်။

မိသားစုဘက်လှည့် ညာလက်၃ချောင်းပူးနှုတ်ဆက်ပြီး အရေးတော်ပုံလို့ အသံမာမာနဲ့အော်တော့ အမေတို့ကလည်း အောင်ရမည်လို့ သံပြိုင်အော်ကြတယ်။

ပြီးတော့သူ့ရဲဘော်တွေနဲ့ချိန်းထားတဲ့နေရာ ချာကနဲလှည့်ထွက်ခဲ့တယ်။ နှမလေးက တယောမေ့နေတယ်အကိုဆိုတော့ သူက  ဒီအချိန်တရောထိုးရမယ့်အချိန်မဟုတ်ဘူးတဲ့။

 မိသားစုဝင်တွေအားလုံးရဲ့ မျက်လုံးတွေသူ့နောက်ကြောမှာပါလာတာ သူလှည့်မကြည့်ဘဲသိတယ်။ သူ့ရင်ပတ်ထဲမှာတော့ မြတ်နိုးဖို့ကောင်းတဲ့လွတ်လပ်မှု၊ လှပတဲ့အနာဂတ်တွေနဲ့ စက်ဆုတ်ဖွယ်အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ တနင့်တပိုးကြီးနဲ့။

ငါ့သားကြိုက်တဲ့ ငါးခူကြော်ထားလိုက်မယ် အဆင်ပြေရင် သားသူငယ်ချင်းတွေပါခေါ်လာလာစားနော်တဲ့။နားထဲပြန်ကြားယောင်ရင်းသူငယ်ချင်းတွေသီချင်းတွေဆိုတော့တယောထိုးပေးနေကျ လူငယ်လေး လမ်းသွားရင်း သရဏဂုံတည်နေတယ်။

မနေ့ ကတော်တော်ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လေ။😢😢😢


အရေးတော်ပုံ


ဆရာညီပုလေး

(၁.၃.၂၀၂၁)        #WeStandWithCRPH #RejectMilitaryCoup #WeStandWithCRPH #WeStandWithDrSaSa #HowManyDeadBodyNeedForUNtoTakeAction #WeNeedUNInterventionInMyanmar #HumanRightsViolationMyanmar #WeNeedR2PInMyanmar #WhatsHappeningInMyanmar #JusticeForMyanmar

ဆက်ဖတ်ရန် →
အသက်ပေးသွားတဲ့အာဇာနည်ဆရာမကြီး   ဒေါ်တင်နွဲ့ရီ ရဲ့ သမီး

အသက်ပေးသွားတဲ့အာဇာနည်ဆရာမကြီး ဒေါ်တင်နွဲ့ရီ ရဲ့ သမီး

တော်လှန်ရေးအတွက်အသက်ပေးသွားတဲ့အာဇာနည်ဆရာမကြီး ဒေါ်တင်နွဲ့ရီ ရဲ့ သမီး ဆက်လက် တိုက်ပွဲဝင်နေ 🥺 လှိုင်သာယာသားတွေ စည်းလုံးချက်❤ #crd_to_owner
ဆက်ဖတ်ရန် →
မတရားရိုက်နှိပ်စက်မှုကြောင့် ကျဆုံးသွားသော မောင်လင်းထက်

မတရားရိုက်နှိပ်စက်မှုကြောင့် ကျဆုံးသွားသော မောင်လင်းထက်

ယနေ့(၁၁-၃-၂၀၂၁) မြတောင်စစ်ကြောင်းကို စစ်အာသိမ်းသူပုန်များ၏ နှစ်ဖက်ညှပ်ဝင်ရောက်ဖြိုခွဲခံရပြီး မတရားရိုက်နှိပ်စက်မှုကြောင့် ကျဆုံးသွားသော ညီငယ်လေးမှာ အမည်-မောင်လင်းထက် အသက်(၁၉)နှစ်၊ ဘူမိဗေဒကျောင်းသား အဖ-ဦးဇော်ဌေး+အမိ ဒေါ်ဌးဌေးမိ ဖြစ်ပြီး အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်(၉)လမ်း ထန်းတောရပ်ကွက်နေထိုင်သူဖြစ်ပါသည်။ ညီငယ်ကောင်းရာသုဂတိရောက်ပါစေ . Pyaë Nyeiñ Lynñ
ဆက်ဖတ်ရန် →
အချိန်ကျပြီ

အချိန်ကျပြီ

၈၈ကဒီအချိန်တွေဆို ဂျင်ကလိ ဓါတ်ဆီပုလင်းတွေ နဲ့ကျွေးနေပြီ။ ဘာလို့အချိန်ကျလဲ အမေရိကန်နဲ့အီးယူက စိုးဝင်းကိုကျည်အစစ်နဲ့ပစ် တဲ့ကိစ္စနဲ့ပါတ်သက်ပြီးပြောတော့မပစ်ပါဖူးပြောတယ် မပစ်တော့ပဲရအောင်ဖမ်းတယ် ရိုက်တယ် တချို့ အရိုက်ခံရပြီးမျက်ကွယ်မှာသေတယ်။ မိန်းကလေးတွေမျက်ကွယ်မှာ မုဒိန်းကျင့်ခံရတယ် ဘယ်လိုမှလက်ခံနိုင်စရာမရှိဖူး ရပ်ကွက်ထဲဝင်လာရင်ပြန်ဝိုင်းပြီးချရမယ်။ လက်နက်ချရင်ချသလိုလွတ်ငြိမ်းခွင့်ပေးရမယ် လက်နက်မချရင်မချသလို ကြိတ်ရမယ်။ ကျည်အစစ်သုံးလို့ အသေအပျောက်ရှိရင် ချက်ချင်း လိုင်းပေါ်တင် ကမ္ဘာသိအောင်လုပ် မြို့အဝင်လမ်းတွေအကုန်ပိတ် မြို့တွင်းကျန်တဲ့မအလ လက်နက်ကိုင်တွေဆီကလက်နက်တွေရအောင်ယူ ပြည်သူ့စစ်ဖွဲ့ ကိုယ့်မြို့ကိုယ်ကာကွယ်ရမယ်။ တတိုင်းပြည်လုံး တချိန်ထဲတပုံစံထဲလုပ် အရေးကြီးဆုံးက လေယာဉ်ပြေးလမ်း ရဟတ်ယာဉ် အမြှောက် တင့်ကား ရှိတဲ့နေရာတွေ ရအောင်ဝင်စီး အပစ်ခံရရင် ကမ္ဘာသိအောင်လုပ် မအပ စိုးဝင်းရဲ့ လည်ပင်းကြိုးကွင်းစွပ်စေရမယ် ၈၈ကမကြေပွဲ နွေဦးတော်လှန်ရေးနဲ့အမြစ်ဖြတ်ကြ
ဆက်ဖတ်ရန် →

ဝေနှင်းပွင့်သုန်က သက်သေခံထွက်ဆို(ရုပ်သံ)

ဒီနေ့ညမှာ ပြုလုပ်နေတဲ့  နိုင်ငံခြားရေးရာဌာန၊ US ဆီးနိတ်ကော်မတီဝင်များရဲ့ ရှေ့မှောက်မှာ ၈၈ ကျောင်းသား ကိုမြအေးရဲ့သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုအကြောင်းတွေကို မျက်မြင်သက်သေအဖြစ် သက်သေခံထွက်ဆိုသွားမှာဖြစ်ပါတယ်။


ဆက်ဖတ်ရန် →

ဒေါ်လာနှစ်သန်းနဲ့ငှားထားတဲ့ပွဲစား ဘင်မနာရှီအတွက်ပူစရာမလိုပါ

မြန်မာစစ်ကောင်စီမှ ဒေါ်လာနှစ်သန်းနဲ့ငှားထားတဲ့ပွဲစား ဘင်မနာရှီသည် ၈ ရက်နေ့ကအမေရိကန်အစိုးရထံစာတင်လိုက်ပါတယ် ကြောက်စရာပူစရာမလိုပါ အများသိစေရန်သာဖြစ်ပါတယ်။


ဆက်ဖတ်ရန် →

U.N. Security Council agrees to condemn Myanmar violence, urge military restraint


By Michelle Nichols

MARCH 10, 2021


NEW YORK (Reuters) - The U.N. Security Council agreed on a statement on Wednesday that condemns violence against Myanmar protesters and urges military restraint, diplomats said, but dropped language condemning the army takeover as a coup and threatening possible further action due to opposition by China, Russia, India and Vietnam.


The British-drafted statement, which had to be agreed by consensus, now has to be formally adopted at a council meeting.


Myanmar has been in crisis since the army ousted leader Aung San Suu Kyi’s elected government in a Feb. 1 coup, detained her and officials of her National League for Democracy party and set up a ruling junta of generals.


The military complained of fraud in a November election. The election commission said the vote was fair.


“The Security Council strongly condemns the violence against peaceful protestors, including against women, youth and children,” according to the agreed statement, seen by Reuters. “The council calls for the military to exercise utmost restraint and emphasizes that it is following the situation closely.”


The council also expresses deep concern at restrictions on medical personnel, civil society, labor union members, journalists and media workers, and “calls for the immediate release of all those detained arbitrarily.”


More than 60 people have been killed and some 1,800 people detained in a crackdown on daily protests against the coup around the southeast Asian nation, an advocacy group has said. Dozens of journalists are among those arrested.


The council statement “expresses its continued support for the democratic transition in Myanmar, and stresses the need to uphold democratic institutions and processes, refrain from violence, fully respect human rights and fundamental freedoms and uphold the rule of law.”


The negotiations over the text, which began after a closed briefing on Friday, signaled that the council could struggle to do much more on Myanmar. Russia and China, who are council veto powers along with the United States, France and Britain, have traditionally shielded Myanmar from any strong council action.


An initial draft of Wednesday’s statement, seen by Reuters, condemned the military coup and said the council was ready “to consider possible further measures,” which is generally seen as code for sanctions. But diplomats said Russia, China, India and Vietnam all proposed amendments and that language was dropped.


An independent U.N. human rights investigator on Myanmar and New York-based Human Rights Watch have called on the Security Council to impose a global arms embargo and targeted economic sanctions on the junta.


Security Council efforts on Myanmar were limited to two statements after a 2017 military crackdown sent hundreds of thousands Rohingya Muslims fleeing into Bangladesh and led to U.N. accusations of ethnic cleansing, which the army denied.


In a statement to the press days after the coup, the council expressed concern over the state of emergency imposed by the Myanmar military and called for the release of all those detained.


Reporting by Michelle Nichols; Editing by Chizu Nomiyama and Alistair Bell


ဆက်ဖတ်ရန် →

ငြိမ်မခံတော့ဘူးဆိုတဲ့နေရာမှာ ရုပ်မဆိုးအောင်လုပ်ဖို့လိုတယ်။


ငြိမ်မခံတော့ဘူးဆိုတဲ့နေရာမှာ သံခင်းတမန်ခင်းအရ ကိုယ်တွေအသာစီးရနေတာကို ရုပ်မဆိုးအောင်လုပ်ဖို့လည်းလိုတယ်။


Moltovကိုတော့ အတော်များများက စိတ်အားထက်သန်နေကြပေမဲ့ ကိုယ်က ရေဘူဘောင်းထဲ ဓာတ်ဆီနဲ့ အင်ဂျင်ဝိုင် ထည့်ပေါက်ဖို့ကို ပိုရွေးချင်တယ်။

Moltovက လောင်စာကို မီးစွဲရတယ်။ အပစ်မတော်တာမျိုးဆို မီးနဲ့မို့ လိုရင်းမဖြစ်ပဲနေမယ်။ 

ဖန်ပုလင်းကလည်း နေရာယူတာမို့ များများသယ်မဖြစ်ဘူး။ 


အင်ဂျင်ဝိုင်ဘော်လုံးကတော့ မီးမပါဘူး ဘော်လုံးသက်သက်ပဲ။ အခွံပါးလို့ ကွဲလွယ်တယ်။ လူတိုင်းပေါက်လို့ရတယ်။ ပစ်ပေါက်တဲ့ဖက်မှာ အန္တရာယ်မရှိဘူး။


ဒါပေမဲ့ သူတို့ဖက်က သေနက်ကျည်ထွက်တာနဲ့ သူတို့ဟာသူတို့ မီးလောင်တိုက်သွင်းပြီးသားပဲ။ 

နောက်တစ်ချက်က မီးရှုးပါတွဲလျက်ဆောင်ထားပြီး တပ်ဆုတ်ဖို့ ဖယ်ဖို့ Warning  ပေးလို့ရတယ်။ ရှေ့ဆက်တိုးရင် မီးရှုးဖောက်မယ်ဆိုတာမျိုး။


ကိုယ်တွေဖက်က သူတို့ကိုchanceပေးတာကြောင့် ကိုယ်တွေအလွန်မဖြစ်တော့ဘူး။

ပြီးရင် လျှော်ရမလွယ် ဆီစင်ဖို့ခက်တာကြောင့် နောက်ရက်တွေ၀တ်လာလည်း သူတို့ဟာသူတို့ သေတွင်းတူးသွားလိမ့်မယ်။


တစ်ခုပဲ ကိုယ့်လူဖက်က လေတင်မဟုတ်ပဲ ညီဖို့ရယ် လုပ်တဲ့သူကို ဒလံဆိုပြီး ဝိုင်းမဘေဖို့ရယ်ပဲ။ ရပ်ကွက်ထဲကျွံလာရင် ပုန်းနေ မီးမှိတ်နေ ငြိမ်ခံနေရင်း ညဖမ်း မနက်အလောင်းပြန်ပို့တဲ့စောက်ချိုးတွေကို တော်လှန်ဖို့သင့်ပြီ။ 

No moreအကွက်ထဲ၀င်dramaတွေနော်။ 

ကိုယ်တို့အငယ်တွေက အနာဂတ်နဲ့ အကြာကြီးလူလုပ်ရဦးမှာမို့ ကိုယ်တွေနဲ့ မလိုက်နိုင်ရင်တောင် နောက်ကဆွဲမထားကြပါနဲ့တော့။


#CrdOrginalUploader



ဆက်ဖတ်ရန် →

မြန်မာ ကိုအာဆီယံအဖွဲ့ဝင်အဖြစ်မှ ခေတ္တဆိုင်းငံ့ ဖို့မလေးရှားဘုရင့်လွှတ်တော်အစည်းအဝေးခေါ်ယူ


ကျော် ဇေယျ


မြန်မာ ကိုအာဆီယံအဖွဲ့ဝင်အဖြစ်မှ ခေတ္တဆိုင်းငံ့ဖို့အတွက် မလေးရှားဘုရင့်လွှတ်တော်အစည်းအဝေး ခေါ်ယူ 

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဒီမိုကရေစီအစိုးရ အာဏာပြန်ရသည်အထိ ဆိုင်းငံ့ထားရန် အာဆီယံအရေးပေါ်အစည်းအဝေး စတင် ခေါ်ယူဖို့ မလေးရှားဘုရင့်လွှတ်တော်က မနေ့ကပဲ ကြေငြာခဲ့ပါတယ်။ အဆိုပါလွှတ်တော်အစည်းအဝေးကို မလေးရှားဘုရင့်အမိန့်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများကိုသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကိုလဲ ရှုံ့ချခဲ့ပါတယ်။ မလေးရှားဘုရင့်လွှတ်တော်ရဲ့ကြေငြာချက်ကို ဘုရင့်လွှတ်တော်ဥက္ကဋ္ဌမှတဆင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင်ထံသို့ပေးပို့သွားမယ်လို့လဲဆ်ိုပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံများဟာ မြန်မာစစ်အာဏာသိမ်းလုပ်ရပ်ကို အစောပိုင်းတည်းက ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများပဲ ဖြစ်ပါတယ်။  Crd By@ Kalay Nation News


ဆက်ဖတ်ရန် →

စျေးရောင်းစျေးဝယ်အဆင်ပြေစည်ကား နေပုံရိုက်ကူးတင်ဆက်မည့်ရိုက်ကွင်း


ဂျင်းတွေရမယ်            စျေးရောင်းစျေးဝယ်အဆင်ပြေစည်ကားနေပုံရိုက်ကူးတင်ဆက်မည့်ရိုက်ကွင်း setting 😁

crd



ဆက်ဖတ်ရန် →