နောက်ဆုံးရ
မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို  အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေး အပ်၊

မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေး အပ်၊

သန်းရွှေ မိန်းမ ကြိုင်ကြိုင် အပါအဝင်   စစ်ဗိုလ်ချုပ်ဟောင်းနဲ့ ခေါင်း ဆောင် ဟောင်း မိန်းမ တွေကိုလည်း ဘွဲ့တွေ ပေးပြန်

ရန်ကုန်၊ မတ် ၂  ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိန်းမ ဖြစ်တဲ့ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေးအပ်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ 

သူ့မိန်းမ ကြူကြူလှ အပြင် စစ်အာဏာရှင်ဟောင်း သန်းရွှေ မိန်းမ ကြိုင်ကြိုင်၊ ဒုစစ်ခေါင်းဆောင်ဟောင်း မောင်အေး မိန်းမ မြမြစန်း၊ သမ္မတဟောင်း သိန်းစိန် မိန်းမ ခင်ခင်ဝင်း၊ ယာယီသမ္မတ မြင့်ဆွေ မိန်းမ ဒေါ်ခင်သက်ဌေး၊ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှူး ၂  ဗိုလ်ချုပ်တင်ဦး မိန်းမ ဒေါ်သန်းသန်းနွဲ့၊ ဒုသမ္မတ စိုင်းမောက်ခမ်း မိန်းမ ဒေါ်နန်းရွှေမှုံတို့ကို စုစုပေါင်း ၇ ဦးကို မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့က ဘွဲ့တွေ ပေးအပ်တာဖြစ်ပါတယ်။ 

မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အစည်းအဝေးတွေမှာ ချီးကျူးလေ့ရှိပြီး သူ့မိန်းမ ကောင်းကြောင်း တော်ကြောင်း ထုတ်ပြောလေ့ရှိပါတယ်။ 

သူ့မိန်းမက ကျောင်းဆရာမဖြစ်ပြီး သူ့ထက် အသက်ကြီးပေမယ့် စည်းကမ်းစနစ်ကျနသေချာသူဖြစ်ကြောင်း အစည်းအဝေးတွေမှာ ထုတ်ပြောပြီးနောက် အခုနောက်ဆုံး ဘွဲ့တွေ ပေးအပ်လာတာလည်းဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အနစ်နာခံသူ ဆရာမလို့ အမည်တပ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်။ 

မင်းအောင်လှိုင်က ဇနီးကို ချီးမွန်းခန်းဖွင့်ရာမှာ သူ့ဇနီးကြူကြူလှက ကျောင်း ဆရာမ ဖြစ်ကြောင်း၊ ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာ နာ ၃ နာ အလုပ် လုပ်သူဖြစ်ကြောင်း၊ ကြူကြူလှဟာ စာသင်တာ ဝါ သနာပါသူဖြစ်ပြီး မဟာဘွဲ့တန်း တက်ကတည်းက အချိန်ပိုင်း နည်းပြ အဖြစ် လုပ်သား ကော လိပ်မှာ ကျောင်း ဆရာမ လုပ်ခဲ့ကြောင်း၊ သူ တပ်ရင်းမှူးဖြစ်ချိန်မှာ အလုပ် ထွက်ခိုင်းလိုက်လို့ သူ့ကို အလေးထား၍ အလုပ်ထွက်တာဖြစ်ကြောင်း၊ ကြူကြူ လှက အလုပ်မထွက်ချင်ဘူးလို့ သူ့ကို တဖွဖွ ပြောကြောင်း၊ အခုဆိုရင် ကြူကြူ လှ တပည့်တွေ ပါမောက္ခချုပ်တွေပင် ဖြစ်နေပြီဖြစ်ကြောင်း၊ ကြူကြူလှကဲ့သို့ သော ဆရာမများဟာ အနစ်နာခံ လုပ်ခဲ့သူများဖြစ်တာကို ပြောချင်ကြောင်း မင်း အောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုသွားခဲ့ပါတယ်။



ဆက်ဖတ်ရန် →
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့  မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ


ရန်ကုန်၊ မတ် ၂ ခေတ်သစ်


ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်ပွားနေတဲ့ တော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် အချိန်နဲ့အမျှ လုံးပမ်းနေရပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ် မရှိ အသုံးချကာ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေရတာကြောင့်  မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ မြင့်တက်လို့ လာနေပါတယ်။

ဒီလို အခြေအနေတွေကြားက အိန္ဒိယဟာ စစ်ကောင်စီအတွက်  အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိတဲ့ အမြောက်ပြောင်းတွေကို ရောင်းချရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်တဲ့ Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ဆီ ပေးပို့ခဲ့ကြောင်း  သင်္ဘောအသွားအလာ အချက်အလက်တွေကို အခြေခံပြီး Justice for Myanmar အဖွဲ့က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိ တဲ့ အမြောက်ပြောင်းတွေကို  လက်ခံသူဟာ  ရန်ကုန် အခြေစိုက် Innovative Industrial Technologies Company Limited ဖြစ်တယ်ဆိုတဲ့အကြောင်းကို AFP သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

Innovative Industrial Technologies Company Limited ကို မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်ကျော်ထွန်း ဆိုသူက ပိုင်ဆိုင်တာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ကျော်ကျော်ထွန်းက မြန်မာစစ်တပ်အတွက် လက်နက်တွေတင်ပို့နေတဲ့ အကြီးစား လက်နက်ပွဲစားဖြစ်ကြောင်းနဲ့ သူဟာ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ်တွေ တင်ပို့ခဲ့တဲ့ အကြောင်းတွေကို Justice For Myanmar က ယမန်နှစ်အတွင်းက ဖော်ထုတ်ခဲ့ပါသေးတယ်။

နိုင်ငံတကာအနေနဲ့ လက်ရှိအချိန်ထိ ကျော်ကျော်ထွန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ဆောင်ရသေးပါဘူး။ အဲ့ဒီ့ကုမ္ပဏီဟာ Data Centre မှာ စစ်ကောင်စီအတွက် လုံခြုံရေးပစ္စည်းများ တပ်ဆင်ဖို့ ပြီးခဲ့တဲ့နှစ်က တင်ဒါ အောင်မြင်ထားတယ်လို့လည်း AFP သတင်းများက ဆိုပါတယ်။ 

မြန်မာနိုင်ငံကို အမြောက်ပြောင်းများ တင်သွင်းခဲ့တဲ့  Yantra India Limited ဟာ လက်နက်ကြီးပြောင်းတွေနဲ့ အခြားသော အမြောက်၊ တင့်ကား လက်နက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်စဥ်ကထဲက စစ်တပ်ဟာ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် လက်နက်အားကိုးနဲ့ စစ်ရာဇတ်ဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် စစ်တပ်ကို လက်နက်ပံ့ပိုးနေတဲ့ အိန္ဒိယဟာ ဒီစစ်ရာဇဝတ်မှုတွေနဲ့ မြန်မာ့ဒီမိုကရေစီ ဆိတ်သုဉ်းရေး စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေမှာ ကြံရာပါအဖြစ် ပါဝင် ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူ့တွေ နေထိုင်ရာ နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင်ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဆိုင်း Namsai Hkahku ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၂၁ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမှုတွေမှာ အိန္ဒိယ မိုဒီအစိုးရရဲ့ သံတမန်ရေး အားထုတ်မှုတွေဟာ  မြန်မာပြည်သူတွေအပေါ် အကူအညီ မဖြစ်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာလည်း ရုရှားနှင့် တရုတ်တို့လို့ပဲ အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးတဲ့ ပုံစံမျိူးနဲ့ အိန္ဒိယဟာ ကြားနေဝါဒကို စွဲကိုင်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။

ထင်ရှားတဲ့ ဥပမာအနေနဲ့  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “တရားလက်လွတ် ဖမ်းဆီးထားသူ” အားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့နှင့်အတူ အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့တာပါ။

မြန်မာနယ်စပ်မှာ ပြဿနာတွေ ရှိနေသလို အိန္ဒိယအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ကွင်းလို့ မရနိုင်ကြောင်း ၄င်းတို့နဲ့ စစ်ကောင်စီ ဆက်ဆံရေးကို ရည်ညွှန်းပြီး  အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောဆိုထားခဲ့ဖူးပါတယ်။

အိန္ဒိယလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေက အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ ပေးနေတယ်ဆိုတဲ့ အချက်က နိုင်ငံတကာဥပဒေတွေနဲ့ Wassenaar သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကို ပြသနေပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယနိုင်ငံက အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုပေးတဲ့အတွက် မြန်မာအရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှု တွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း ထောက်ပံ့တာ ချက်ချင်းရပ်တန့်ရမှာ ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို JFM က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။



ဆက်ဖတ်ရန် →
 ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်

ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်


ရန်ကုန်၊ မတ် ၂ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊  ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  

မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်း မြို့နယ်အတွင်းသို့ ရေကြောင်းမှ ဝင်ရောက်လာပြီး တာတိုင်ကျေးရွာအတွင်း သို့ ဝင်ရောက်ကာ PDF တော်လှန်ရေးရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို  သတ်ဖြတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်စွာ သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။ 

"စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ တော်လှန်ရေး ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်ခွေးတွေက ရက်ရက် စက် စက် သတ်ဖြတ်သွားပါတယ်။ ငါန်းဇွန်ဘက်ကို ပြန်ဆုတ်သွားပြီ။  စစ်ခွေးတွေ ရေကြောင်းက ၀င်လာတာ။ မနေ့မနက် အစောကြီးက၀င် ဒီမနက်မှ ပြန်ကပ်ရတော့ အလောင်းတွေ့တာပဲ" ဟု စစ်ကိုင်းမြို့နယ်၊  ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။









စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်

ဆက်ဖတ်ရန် →
ကျောက်ခေတ် မှသည် ကျောက်ခေတ်ဆီသို့

ကျောက်ခေတ် မှသည် ကျောက်ခေတ်ဆီသို့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ နှစ်  ဒီလိုနေ့မျိုးမှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စပ်တပ်ဟာ  အရပ်သားရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနု အစိုးရ ကိုဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းမယ့်  ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို  စစ်တပ်က ဝိုင်းလိုက်ပါတယ်။

ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့  ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။

စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့  ဦးနုက  တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။

People’s spring







“၅၉ နှစ်အကြာ သမိုင်းလှည်းဘီး“


❐ ဝန်ကြီးချုပ်ဦးနုနဲ့ သမ္မတဦးဝင်းမြင့်ဆီက စစ်တပ် အာဏာဘယ်လိုလုခဲ့လဲ

— People's Spring

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်က ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ်အာဏာလုစဉ် ဝန်ကြီးချုပ်ကို ထိုင်ခုံ တစ်လုံးပေါ်မှာ ခဏ ထိုင်ခိုင်းတဲ့ အပြုအမူမျိုး ဖေဖော်ဝါရီလ ၁ရက် မနက်ဝေလီဝေလင်းမှာ သမ္မတ ဦးဝင်းမြင့် ကြုံခဲ့ရပါတယ်။

ပထစအစိုးရ ဝန်ကြီးချုပ် ဦးနုကို နေအိမ်ကနေ ထိန်းသိမ်းမယ့်နေရာဆီ ခေါ်ဆောင်မယ့် ကားမလာခင် အိမ်ဝမှာ ထိုင်ခုံတစ်လုံး ချပေးပြီး ထိုင်စောင့်ခိုင်းထားခဲ့သလို သမ္မတဦးဝင်းမြင့်ကိုလည်း ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေမယ့် စစ်ဘက်အရာရှိကြီးတွေ မလာခင် သမ္မတအိမ်တော်ရုံးခန်းရှေ့က ထိုင်ခုံ မှာ စစ်တပ်က ထိုင်စောင့်ခိုင်းထားခဲ့တာပါ။

ဒါဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်နဲ့ အခု ၂၀၂၁ နှစ်အာဏာသိမ်းမှုတွေမှာ ရွေးကောက်ခံ အရပ်သားအစိုးရ ဆီက အာဏာလုချိန် အစိုးရ အဖွဲ့အကြီးအကဲ တွေအပေါ် စစ်တပ်က ပြုမူခဲ့တာတွေပါ။

အာဏာသိမ်းရတဲ့အကြောင်းပြချက်ဟာ အချိန်ကာလအရ ကွဲပြားသွားပေမယ့် လက်နက်အားကိုးပြီး စစ်တပ်ရဲ့ အာဏာလုပုံကတော့ ထိုနည်း၎င်းပါပဲ။


❐ ဝန်ကြီးချုပ်ဦးနု နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဆီက စစ်တပ်အာဏာလုပုံ


အာဏာသိမ်းမယ့် ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို စစ်တပ်က ဝိုင်းလိုက်ပါတယ်။

ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့ ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။

စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့ ဦးနုက တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အပေါ်အင်္ကျီဝတ်လိုက်ပြီး အပေါ့သွားမလို့ ရေချိုးခန်းတံခါးကို ဖွင့်ချိန်မှာ ဝင်ခွင့်မပေးတော့ဘဲ တန်းခေါ်သွားခဲ့ပေမယ့် ကားမလာသေးလို့ အိမ်ဝမှာ ထိုင်စောင့်နေခဲ့ရတယ်လို့သိရပါတယ်။

အဲဒီလိုထိုင်စောင့်တုန်း စစ်သားတစ်ယောက်က လောက်ကောင်မိပြီ ဆိုပြီး စကားပြောစက်နဲ့ သတင်းလှမ်းပို့ တာကို ဝန်ကြီးချုပ်နားနဲ့ ကြားခဲ့ရပါတယ်။

အဲဒီအချိန်မှာ ဝန်ကြီးချုပ်ရဲ့ မိသားစုတွေကိုတော့ စစ်သားတွေက ဧည့်ခန်းထဲ မှာ စုထားလိုက်ပြီး ပြင်ပမြင်ကွင်းကိုမမြင်နိုင်အောင် ပြတင်းပေါက်တွေကို ကျောပေးကာ တန်စီးထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ကို နေအိမ်ကနေ ဖမ်းသွားပြီးနောက် မင်္ဂလာဒုံက ၂ထပ် တိုက် တစ်လုံးမှာ ခေတ္တထိန်းသိမ်းလိုက်ပါတယ်။

အဲဒီကတည်းက ပြန်မလွှတ်တော့ဘဲ ၄ နှစ်ကျော်ကြာ ဖမ်းထားခဲ့ပြီး ၁၉၆၆ ခုနှစ် အောက်တိုဘာမှ လွှတ်ပေးပါတယ်။

ဒီလို ဝန်ကြီးချုပ်ဦးနု ဖမ်းဆီးထောင်ချ အာဏာသိမ်းခဲ့တဲ့နေ့ကနေ ၅၉ နှစ်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကိုလည်း အလားတူ ကျူးလွန်ခဲ့ပြန်ပါတယ်။

ဒီတခါအာဏာသိမ်းတဲ့ နေ့ကတော့ ရွေးကောက်ပွဲအရထွက်ပေါ်လာမယ့် လွှတ်တော်အစည်းအဝေးတွေ မစမီ နာရီပိုင်းအလိုမှာ သိမ်းခဲ့တာပါ။

အာဏာမသိမ်းခင် မနက် ၅ နာရီလောက်မှာ နေပြည်တော်သမ္မတ အိမ်တော် ထဲမှာ စစ်သားတွေအပြည့်နေရာယူလိုက်တာပါပဲ။

အဲဒီနောက် သမ္မတအိမ်တော်ထဲက အိပ်ခန်းတံခါးကိုသွားခေါက်ပြီး သမ္မတထွက်လာချိန်မှာတော့ ရုံးခန်းကို ခေါ်သွားခဲ့ပါတယ်။

ဒါပေမယ့် သမ္မတရုံးခန်းထဲကို မဝင်ခိုင်းဘဲ အပြင်က ထိုင်ခုံတစ်လုံးမှာ သမ္မတကို ထိုင်ခိုင်းထားခဲ့တာပါ။

အဲဒီနောက် ဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သူ နှစ်ဦးရောက်လာပြီး ကျန်းမာရေးအကြောင်းပြ ရာထူးက နှုတ်ထွက်ဖို့ သမ္မတဦးဝင်းမြင့်ကို ဖိအားပေးပါတော့တယ်။

" ကျန်းမာရေးကောင်းနေတယ် မထွက်နိုင်ဘူး" လို့ သမ္မတ က ပြော တဲ့အခါ ကမ်းလှမ်းချက်ကို ငြင်းဆန်မှုကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်လာမယ်လို့ ထပ်မံ ခြိမ်းခြောက်ပါတယ်။

သမ္မတက "ကမ်းလှမ်းမှုကို လက်ခံမယ့်အစား အသေခံလိုက်မယ်" လို့ တုံ့ပြန်လိုက်တဲ့အခါမှာတော့ရာထူးက နုတ်ထွက်ဖို့ စည်းရုံးမှု မအောင်မြင်ဘဲ သမ္မတ ကို အိမ်တော်ဆီပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။

သမ္မတက စစ်တပ်အာဏာမသိမ်းသင့်ကြောင်းနဲ့ ဥပဒေအတိုင်းလုပ်ဖို့ ပြောဆိုခဲ့ပေမယ့် သမ္မတအပါအဝင် မိသားစုဝင်တွေကို သမ္မတအိမ်တော်ကနေ အခြား နေရာပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းထားဖို့ စစ်တပ်က တဆက်တည်းပြောလာပါတယ်။

ဒီနောက်မှာတော့ အိမ်တော်ကနေ မိသားစုလိုက်နေရာရွှေ့လိုက်ပြီး အခုချိန်ထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရပါဘူး။ ပြီးတော့လည်း စုစုပါထောင်ဒဏ် ၅ နှစ်အထိ ချလို့ရ ပုဒ်မနှစ်ခုနဲ့တရားစွဲလိုက်ပါတော့တယ်။


ကိုးကား − တာတေစနေသား − ဦးနု

သမ္မတ ဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်


ဆက်ဖတ်ရန် →
ပြည်တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတဲ့ကြံ့ခိုင်ရေးပါတီ

ပြည်တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတဲ့ကြံ့ခိုင်ရေးပါတီ



ပါတီလိုင်းအမြင်တခုထဲနဲ့ပဲကြည့်ပြောရအောင်—
NLD-ပါတီအဆင့်ရပ်တည်မရတော့လို့တော်လှန်ရေး
လမ်းစဉ်ကိုလိုက်တယ် အဲ့ဒီအတွက်လက်နက်ကိုင်တယ်
လက်နက်ကိုင်အကြမ်းဖက်စစ်ကောင်စီနဲ့ထိပ်တိုက်တွေ့
တယ် နိုင်ငံရေးပါတီအဖြစ်လတ်တလောမှာမရပ်တည်ဖူး

USDP-လတ်တလောမှာနိုင်ငံရေးပါတီအဖြစ်တရားဝင်
မှတ်ပုံတင်ထားတယ် ပြီးတော့အကြမ်းဖက်လုပ်ရပ်ကို
စည်းရုံးရေးတရပ်အနေနဲ့လူသိရှင်ကြားလုပ်တယ်၊ဒီလုပ်
ရပ်ဟာ စစ်ကောင်စီနဲ့ပေါင်းပြီးပါတီနိုင်ငံရေးကို NLDလို
ပဲစွန့်လွှတ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီးပြည်
တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတာပဲဖြစ်တယ်၊ပါတီ
နိုင်ငံရေးပဲလုပ်ချင်တဲ့ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ ပါတီကတ
ရားဝင်နုတ်ထွက်စေချင်တယ် ခေါင်းဆောင်ပိုင်းကလက်
နက်ကိုင်လမ်းစဉ်ရွေးချယ်လိုက်တာဒီဗွီဒီယိုဖိုင်မှာအတိ
အလင်းတွေ့မြင်ပြီးဖြစ်လို့ ကြံ့ခိုင်ရေးခေါင်းစဉ်အောက်
မှာရှိသူမှန်သမျှ လက်နက်ကိုင်ဖြေရှင်းတာကြုံတွေ့လာ
တော့မှာမြေကြီးလက်ခတ်မလွဲပါဖူး၊ အဲ့ဒီအတွက်ငါမှ
လက်နက်မကိုင်တာဆိုပြီး ချွင်းချက်တွေဆင်ခြေတွေပေး
လို့မရသလိုဘယ်သူ့ကိုမှအပြစ်တင်ခွင့်မရှိတော့ဖူး
နုတ်ထွက်မလား ဝါးချွန်ကိုင်မလား တလမ်းထဲကိုရွေး
ချယ်ရမယ့်အချိန်ဖြစ်ကြောင်းအသိပေးပါတယ်၊
ဒီအချိန်ကစပြီး အစိမ်းမြင်ရင် Greenအဖြစ်သတ်မှတ်
လိုက်ပါပြီ ဖက်ဖူးရောင်လဲအစိမ်းပဲဆိုတာသိစေအပ်၏
ကြံ့ခိုင်ရေးသည်နိုင်ငံရေးပါတီမဟုတ်တော့ပါ။
ဆက်ဖတ်ရန် →
ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး  ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

ရန်ကုန်၊ မတ် ၁ ခေတ်သစ်

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊  ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


"ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား  ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့  ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန်  အချုပ်သား ၊အကျဥ်းသား ၉ ဦး  ထွ က်ပြေး တယ်။ ရဲတွေဆီက  သေနတ်တွေပါ သွားတယ်။  ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။  လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။  နိုင်ငံရေးအမှုတွေ အပါ အဝင် အမှုမျိုးစုံပဲ။  ဒုရဲအုပ်တစ်ဦး ခေါင်းကွဲပါတယ်။  ရဲတပ်သားတစ်ဦး သေ နတ် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံပို့ထားရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။ 


လက်ရှိတွင် စစ်တပ်နှင့်ရဲများက လွတ်မြောက်သွားသော အချုပ်သားနှင့်အ ကျဉ်း သားများကို ဖမ်းဆီးရရှိရေး တောနင်း ရှာဖွေမှုများ လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားသည့်နေရာအနီးအနားမှ ကျေးရွာများကိုလည်း ပိတ်ဆို့ လျက်ရှိကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ အချုပ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)


Photo- EPA



ဆက်ဖတ်ရန် →
ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊

ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊

နေပြည်တော်ရှိ ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊  နေပြည်တော် Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ယခုည ဗုံးပေါက်ကွဲ


ရန်ကုန်၊ မတ် ၁ 


နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရမှုဖြစ်ပွားကြောင်း နေပြည်တော်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဟောင်း၊ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်း မြငြိမ်း၏ နေအိမ်တွင် ဗုံးပစ်ခံရကြောင်း၊ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ပျက်စီးမှု တချို့ရှိပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။ 


"ရွှေကြာပင်ရပ်ကွက်မြောက်ဘက် ဇမ္ဗူသီရိဆေးရုံနောက်ကျော သုံးအိမ်တန်း ဘက် ဦးမြငြိမ်းအိမ်မှာ အပစ်ခံရတာ။ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မီးထွန်းထားပေမယ့် လူသိပ်မနေဘူးလို့ ပြောတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။ 


ထို့ပြင် ယနေ့ည မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ 


"Mandalay Paradise မှာက လကုန်ရက်နဲ့ ပိတ်ရက်တွေဆို စစ်ကောင်စီဘက်တော်သားတွေ အပြည့်ပဲ ။ လမ်းပေါ်မှာပါ အပြည့် လာစားသောက်ကြတာ။ ပိုင်ရှင်ကလည်း ဟိုဘက်ဘက်တော်သားပဲ။ ဗုံးပေါက်တာကတော့ လူထိခိုက် မှု မရှိဘူးလို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။




ဆက်ဖတ်ရန် →
ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင်းကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ   ဦးကျော်မိုးဝင်း   စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဦးကြာပေါ် တို့ကိုလည်း  စစ်တပ်က ပစ်သတ်

ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင်းကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

"ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး   သပြေ သာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေ ရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို  ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်  နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က  ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍  သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
 
စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင် သောင်း ကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင် ပြည်သူ များ ထွက်ပြေးနေရသည်မှာ  ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊  စစ် တပ်က   ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ‌ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

" ကျနော့်အိမ်မှာရှိတဲ့  လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ  ၂ ဦး အိမ်ထဲမှာ အသတ်ခံရ တယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါ တယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရ တဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာ နသို့ ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

" နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက် ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ  ၆ ရွာ ပြည်သူတွေ  စစ်ဘေးရှောင်နေရတယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ ‌စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

 






 

ဆက်ဖတ်ရန် →
အကြမ်းဖက်ခွေးတွေ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

အကြမ်းဖက်ခွေးတွေ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

စစ်ကောင်စီတပ်က ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးဟုဆို

အိုက်မောင်/People's Spring 

စစ်ကိုင်းတိုင်း ကသာနှင့်ထီးချိုင့်နယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၁၁ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။

ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို  စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။ 

" ခလရ (၃၀၁)က ဖမ်းခေါ်သွားတာ။ တချို့ဆို ရှစ်ရက်ကြာပြီ။ တချို့က ခုနစ်ရက်ကြာပြီ။ အခုထိ လွတ်မလာသေးတဲ့အတွက် အရမ်းစိတ်ပူပါတယ်။ ဘယ်မှလည်း လိုက်လို့မရ၊ လိုက်လည်း မလိုက်တတ်ပါဘူး"ဟု ဖမ်းဆီးခေါ်ဆောင်သွားခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကလုံရွာမှတစ်ဦး၊ အင်းတမွတ်ရွာမှ ငါးဦး၊  ကျောက်ပုံရွာမှ တစ်ဦး၊ သံပရာရွာမှ သုံးဦးနှင့် ညောင်ခြေထောက်ရွာမှတစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။ 

ဖမ်းခံထားရသူအားလုံးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လုံဝဆက်စပ်မှုမရှိဘဲ အရပ်သားစစ်စစ်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ဖေဖော်ဝါရီ ၂၇ရက်က ကသာမြို့နယ် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ 

ထိုသို့အထိနာပြီးနောက် စစ်ကောင်စီက ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။ 

ယနေ့(မတ်လ ၁ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်မြို့အနောက်ဘက်ရှိ ကျောက်ပုံရွာနှင့် ကလုံရွာကြားတွင် ရောက်ရှိနေသည်ဟု ကသာမြို့နယ်ပြည့်ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။ 

"ကျောက်ပုံနဲ့ ကလုံကြားကနေ တောထဲပြန်ဝင်သွားပြီ။ သူတို့အဖွဲ့တွေ ခွဲ သွားနေကြတယ်။ အရပ်သားတွေတော့ ရှောင်နေကြရပါတယ်"ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။

 


 (ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

 

ဆက်ဖတ်ရန် →
အမျိုးသမီးအဆောင်တာဝန်ခံ  သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ

အမျိုးသမီးအဆောင်တာဝန်ခံ သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ

ရမည်းသင်းထောင်တွင်  အကျဉ်းဦးစီး ဝန်ထမ်း အမျိုးသမီးအဆောင်တာဝန်ခံ  သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ ဆဲဆိုခြိမ်းခြောက် သည့် အပြင် မတရားငွေကြေးတောင်းခံ 


 ရန်ကုန်၊ မတ် ၁


မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်တွင်  အကျဉ်းဦးစီးဌာန ဝန်ထမ်း အမျိုး သမီးအဆောင်တာဝန်ခံ  သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ် ရိုင်း ပြ ဆဲဆို ခြိမ်းခြောက် သည့်အပြင် မတရား ငွေကြေး တောင်းခံနေ ကြောင်း သိရှိရသည်။  


ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်း သူ များ အပါအဝင် အကျဉ်းသူ/ အချုပ်သားများအပေါ်မှာ အကျဉ်းထောင် အမျိုး သမီးဆောင်တာဝန်ခံ ဒေါ်သိန်းသိန်းကျော်က မတရားသဖြင့် ငွေကြေး ရယူ ခြင်းများ၊ ရိုင်းပြဆဲဆိုခြင်းများ၊ ပါးစပ်စည်းကမ်းများ ထုတ်ခြင်း၊ ခြိမ်းခြောက် ပြော ဆို ခြင်းတို့ အကြိမ်ကြိမ်လုပ်ဆောင်နေပြီး တိုင်ကြားမှုများရှိသော်လည်း ထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာနဘက်က တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။ 


အကျဉ်းဦးစီးဌာန ဝန်ထမ်း ဒေါ်သိန်းသိန်းကျော်က  နိုင်ငံရေးအကျဉ်းသူများ ကိုလည်း “အပြစ်လုပ်လို့ ထောင်ထဲရောက်တာ ၊ မလုပ်ရင် ဘယ်သူမှ ထောင်ထဲ မထည့်ထားဘူး” ဟူသည့် စကားကို သုံးနှုန်း၍ စောင်းမြောင်းပြောဆို ခြိမ်း ခြောက် မှုများ၊ ဆဲဆိုခြင်းများ၊ မတရားဖိနှိပ်ခြင်းများ၊ ဥပဒေနှင့်မညီသော စည်း ကမ်းသတ်မှတ်မှုများ လုပ်ဆောင်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ များ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။


ထို့ပြင် အကျဉ်းထောင်အတွင်းတွင်  ဒေါ်သိန်သိန်းကျော်က နေရာရောင်းခြင်း၊ အလုပ်ရောင်းခြင်းကဲ့သို့ မတရား သဖြင့် ငွေကြေးရယူခြင်းများ လုပ်ဆောင်ပြီး ပိုက်ဆံမပေးနိုင်သည့် အကျဉ်းသူများကို အလုပ်တစ်ခုထက်မက ပိုခိုင်းခြင်း လုပ်ရပ် များကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း၊ အကျဉ်းသူ၊ အချုပ်သူ အသစ် ရောက်လာပါက လူဟု မမြင်ဘဲ ငွေထုပ်အသစ်ရောက်လာပြီဟု ခံယူကာ ရသလောက်ငွေညှစ်ယူခြင်းတို့ လုပ်ဆောင်နေကြောင်း အကျဉ်းထောင်အတွင်း မှ စုံစမ်းသိရှိရသည်။


ရေချိုးချိန်များတွင်လည်း အကျဉ်းထောင် ဥပဒေမဟုတ်ဘဲ ၎င်း၏ ပါးစပ် စည်း ကမ်းအဖြစ် ခွက်သေးဖြင့်သာ ၁၈ ခွက်ခန့်သာ ချိုးခွင့်ပေးခြင်းတို့ လုပ်ဆောင် ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူများမှ ထိုသို့ လူ့အခွင့်အရေးဆုံးရှုံးမှုကို လက်မခံနိုင်၍ အကြိမ်ကြိမ်စကားများခဲ့ကာ ထောင်ပိုင်သို့ အကြိမ်ကြိမ် တင်ပြခဲ့မှုကြောင့် ရေချိုးချိန်ကို ၁၅ မိနစ်ခန့် အချိန်ပေးပြီး ၁၅ မိနစ်အတွင်း ရေချိုး အဝတ် လျှော် ကို အပြီးလုပ်ဆောင်ရကြောင်း၊ ၁၅ မိနစ်အတွင်း မပြီးလျှင် စည်ကမ်း ပျက်စာ ရင်းတွင် ထည့်သွင်းခြင်းတို့ လုပ်ဆောင်နေကြောင်း၊ ဒေါ်သိန်းသိန်း ကျော်က ခန့်ထားသည့် ထောင်တန်းစီးများ၊ ထောင်စည်းကမ်း ထိန်းများ က လည်း နိုင်ငံရေးအကျဉ်းသူများကို ဦးတည်၍ ခြိမ်းခြောက် ရန်ရှာကြကြောင်း  အကျဉ်း ထောင် နှင့် နီးစပ်သူများက ပြောပြသည်။


 ထို့ပြင် နိုင်ငံရေးအကျဉ်းသူများကို ရာဇဝတ်မှုဖြင့် အကျဉ်းကျနေသည့် အမျိုး သမီး က ကြမ်းတမ်းသည့် စကားများဖြင့် ဆဲဆိုမှုကို ချက်ချင်း ဖြေရှင်းပေး ခြင်းမရှိဘဲ မျက်ကွယ်ပြုကာ ၂၄ နာရီကြာသည်အထိ မရှင်းဘဲ ထားကြောင်း၊ ထိုလုပ်ရပ်အတွက် မကျေနပ်၍ ဖြေရှင်းရာတွင် ဒေါ်သိန်းသိန်းကျော်က အဆိုပါ ပြဿနာသည် ၎င်းနှင့် မသက်ဆိုင်ကြောင်း ပြန်လည်ပြောဆိုပြောဆိုကာ အကျဉ်း ထောင်အတွင်း ဆဲဆိုမှု ၊ ပြဿနာရှာမှုများကို မျက်ကွယ်ပြု၍ နိုင်ငံရေး အကျဉ်းသူများနှင့် ရာဇဝတ်သား အကျဉ်းသူများနှင့် ပြဿနာ တက်စေရန် ရည် ရွယ် ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


နိုင်ငံရေးအကျဉ်းသူများကို စည်းကမ်းပျက်စာရင်းတွင် ထည့်ကာ လျှော့ရက် ဖြတ် မည်၊ ကျောက်စခန်းပို့မည်၊ ထောင်ပြောင်းပို့မည်၊ နောက်အမှု ကပ်မည် စသည်ဖြင့် ပြောဆိုကာ အကြိမ်ကြိမ်ခြိမ်းခြောက်မှုများ လုပ်ဆောင် ကြောင်း  ၊ ရမည်းသင်းအကျဉ်းထောင်တွင် အမျိုးသမီးဆောင်တာဝန်ခံအနေ ဖြင့်ဒေါ်သိန်း သိန်း ကျော် ဆက်ရှိနေပါက ပြဿနာများ ပိုမိုများပြားလာနိုင်ကြောင်း ရမည်း သင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။



ဆက်ဖတ်ရန် →
ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

စင်္ကာပူ မှ စစ်တပ်၏ အာဏာသိမ်းမှုကို အသိအမှတ် မပြု၊ ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း
****************
လှစိုးဝေ

အာဆီယံ တွင် မြန်မာ ထိုင်ခုံ လစ်လပ်နေရမည်ဟု မဆိုလိုသော်လည်း မိမိတို့ အနေဖြင့် အာဏာသိမ်းမှုအား အသိအမှတ် မပြုသဖြင့် နိုင်ငံရေး ဖက် မှ ကိုယ်စားလှယ် စေလွှတ်ခြင်းကို ခွင့်ပြုမည် မဟုတ်ဟု ဆိုသည်၊ အနည်းဆုံး အတွင်းဝန် လောက်ထိသာ ခွင့်ပြုမည် ဟု စင်္ကာပူပါလီမန် တွင် အတိုက်အခံ အလုပ်သမားပါတီ အမတ်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

အာဆီယံ အဖွဲ့မှ စစ်တပ်၏ အာဏာသိမ်းမှုကို မနှစ်မြို့သော်လည်း နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက် ပိုင်ခွင့် မရှိ၊ လက်ရှိ စစ်အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေးသည် မည်သို့မျှ တိုးတက်လာမည် မဟုတ်သည့် dead end သို့ ဦးတည်နေသည်ဟု သုံးသပ်သွားခဲ့သည်။ ဆိုလိုသည်မှာ အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်း ပေါ် ရောက်ရှိမည့် လမ်းကြောင်းကို ဦးတည် နေခြင်း မရှိဟူ၍ ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိဖို့ ဝေးစွ ရွာသူရွာသားများကို ဝါးလုံးများ၊ တုတ်များ၊ ဝါးချွန်များ ပင် တပ်ဆင်ပေးနေကြပြီ ဖြစ်သည်။ အာဏာ တည်မြဲရေး အတွက် မသိနားမလည်သူများကို အသုံးချပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ရန် ကြံနေကြပြီ ဖြစ်သည်၊ သို့သော် နဂိုကတည်းက ပုဇွန်ဦးနှောက် ပိုင်ရှင်များ ဖြစ်၍ လုပ်သမျှ လူရီစရာ ဖြစ်ရသည်သာ အဖတ်တင်သည်။ 

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ကျေညာချက် ထုတ်ပြန်ရာတွင် စစ်တပ်မှ အာဏာသိမ်းပြီးချိန် မှစ၍ အခြေအနေများ ဆက်တိုက်ဆိုသလို ဆိုးဝါးလာခဲ့ရာ ဇန်နဝါရီ ၂၅ ရက်နေ့ ကုလ သမဂ္ဂ မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ နိုင်ငံသား ၁၇.၆ သန်းသည် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ လိုအပ်နေသည်ကို သိရှိရ၍ ဂျပန် အစိုးရမှ နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့သွားရန် ဆုံးဖြတ်ကြောင်း နှင့် အဆိုပါ ကူညီငွေများကို UNHCR, UNICEF, WFP, AHA အေဂျငေ်စီများမှ တဆင့် ပေးအပ်သွားမည် ဟု ပါရှိသည်။

ပြီးခဲ့သည့် နှစ် နှစ်အတွင်း ဂျပန် မှ  အမေရိကန် ဒေါ်လာ ၄၇ သန်း အားလည်း အလားတူ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ပြည်ပ စွမ်းအင် ကုမ္ပဏီများ လည်း သဘာဝ ဓါတ်ငွေ့ တူးဖေါ်ရေး လုပ်ငန်း များမှ တဖွဲဖွဲ ထွက်ခွာလျက် ရှိနေရာ စစ်အာဏာသိမ်း အဖွဲ့၏ အဓိက နိုင်ငံခြားငွေ ရရာ ရကြောင်းများ တဖြေးဖြေး ဆုတ်ယုတ်လာနေပြီ ဖြစ်သည်ဟု Nikkei Asia Review တွင် ရေးသားထားသည်။

ယခုအခါ PTTEP မှ ဒေါ်လာ နှစ် ဘီလီယံ အထိ လျာထားသည့် ရင်းနှီးမြုပ်နှံမှု များကို မြန်မာ ပြည်တွင်း အခြေအနေများကြောင့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ထိုင်း အစိုးရပိုင် ဖြစ်သော်လည်း ရှယ်ယာ ၅၁ ရာနှုန်းကိုသာ ပိုင်ဆိုင်ထား၍ ကျန် အစုရှင်များ၏ သဘောထားကို လွန်ဆန် နိုင်ခြင် မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

သို့သော် ထိုင်းသည် သဘာဝ ဓါတ်ငွေ့ တင်သွင်းမှု စုစုပေါင်း၏ ၁၅ ရာနှုန်းအတွက် မြန်မာကို မှီခိုနေရ၍ တင်သွင်းနေမှု ကို ရပ်ဆိုင်းရန် အခက်အခဲများ ရှိနေသည်။

မြန်မာရေနံ နှင့် သဘာဝ ဓါတ်ငွေ့ (MOGE) သည်လည်း ၎င်းတို့၏ အမှုဆောင် ဒါရိုက်တာ များအား အနောက်နိုင်ငံများ၏ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် ငွေကြေးပံပိုးမှုများ ရရှိရန် ခက်ခဲလာနေပြီ ဖြစ်သည်။ ထိုဖြစ်၍ မိမိတို့ အစွမ်းအစ နှင့် ထုတ်လုပ်နိုင်ခြင်းလည်း မရှိသဖြင့် နိုင်ငံခြားငွေ ရရာရကြောင်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။

သဘာဝ ဓါတ်ငွေ့ တင်ပို့မှုသည် ပြည်ပ ပို့ကုန် စုစုပေါင်း၏ ၂၀ ရာနှုန်း ခန် ရှိနေသည်။ သို့သော် သဘာဝ ဓါတ်ငွေ့ တွင်းများ ခမ်းခြောက်လာနေသည့် အရေး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထို့အတွက် ဓါတ်ငွေ့ ကို ရနိုင်သမျှ ပြည်ပသို့ တင်ပို့ရန် ရှိလာနေ၍ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အဖို့ ဂျင်နရေတာများသာ အားကိုးရဖို့ ရှိလာနေသည်။

သမ္မတ ဦးသိန်းစိန် လက်ထက် က ဂျာမဏီ နှင့် အင်္ဂလန်တို့မှ ဝယ်ယူထားသော လေ့ကျင့်ရေး တိုက်လေယာဉ် အစင်း နှစ်ဆယ်ခန့်သည်လည်း မတော်တဆ ဖြစ်မှုများ၊ အပို ပစ္စည်းများ ဝယ်ယူနိုင်စွမ်း မရှိသည့် အကြောင်းများကြောင့်  ရပ်ထားရသည်ဟုလည်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ လေကြောင်း ကျွမ်းကျင်သူ များ အဆိုအရ လေယာဉ်တစီးသည် ခန့်မှန်းခြေ ဒေါ်လာ ၂.၇ သန်း တန်ကြေး ရှိသည်ဟုလည်း သိရသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!



ဆက်ဖတ်ရန် →

အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို

https://youtu.be/q0trdK2w2II ကြက်သားလေးကို ပန်ဆယ်လို ဆဲပြီ

 အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို

  https://youtu.be/q0trdK2w2II

ဆက်ဖတ်ရန် →
ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး

ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

ဆရာတော် မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) သီတင်းသုံးနေ ထိုင်ခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအားစစ်တပ်ကဝင်ရောက်စီးနင်းပြီးကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယသုံးဦးအားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ဆရာတော် မင်းသုညက "ဖေဖော်ဝါရီလ ၂၆ ရက် လာဖမ်းတာ၊ စစ်တပ်ရယ် BGF ရယ်၊ မဘသရယ် ပါ တယ်။ အခုထိတော့ ဖမ်းသွားတဲ့သူတွေရဲ့သတင်းအစအန ဘာမှမကြားရသေးဘူး" ဟု မိန့်သည်။ဆရာတော် မင်းသုညသည်စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် လူငယ်များကိုယ်ကျင့်သီလ ကောင်းစေရန် တစိုက်မတ်မတ် ဟောပြောလျက်ရှိ သည့် ဘုန်းကြီးတပါးလည်း ဖြစ်သည်။လက်ရှိအချိန်အထိ ဆရာတော် မင်းသုည သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအား စစ်တပ်နှင့် BGF တပ်များဝိုင်းထားပြီး မဘသ ဘုန်း ကြီးများက အဆိုပါကျောင်းတွင် နေထိုင်နေကြကြောင်း ဒေသခံအချို့ကပြောသည်။



 

ဆက်ဖတ်ရန် →
NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်  တရုတ်နိုင်ငံကို တိုက်တွန်း

NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ခေတ်သစ်

တိုင်းရင်းသားပေါင်းစုံပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို အာမခံချက် ပေးနိုင်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ကျင်းပေသာ NUG အစိုးရ၏ ၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်း တွင် အခြေပြုသော တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာတွေကတဆင့် ကြားသိခဲ့ရပါ တယ်။  ကျနော်တို့ရဲ့ ရပ်တည်ချက် ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင် နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင် တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက် အောက် မှာ တိုင်း ပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရက သာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာ သိမ်းမှုနဲ့ နေ့စဥ်နှင့်အမျှ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်ရှိ ကျနော် တို့ နိုင်ငံရဲ့ တိုင်းရင်း သားပြည်သူလူထုတွေ တွေ့ကြုံနေရတဲ့ အခက် အခဲ စိန်ခေါ်မှုတွေကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်" ဟု ယာယီသမ္မတဒူဝါလရှီးလက‌ ပြောဆိုသည်။   

လက်ရှိတွင် အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်က ရက်စက်သော လူမဆန် သော သတ်ဖြတ်မှုများကို အစွမ်းကုန် ကျူးလွန်နေပြီး အကြောက်တရားဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း ၊ ပြည်သူလူထုနှင့်အတူ NUG အစိုးရကလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

"မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကြောင့် သိန်းနှင့်ချီတဲ့ ပြည်သူလူထုတွေ မိမိ အိုး အိမ် ကို စွန့်ပြီး  စစ်ပြေး ဒုက္ခ သည်အဖြစ် ရောက်နေကြရပါတယ်။ နေ့စဥ်နှင့် အမျှ အကြမ်းဖက်စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ် နေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဆန်မှုကို ကမ်းကုန်အောင် ကျူးလွန်နေကြ ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ် လို့ ရမယ်လို့ ထင်နေပါတယ်။  လက်တွေ့အမှန်က လူထု တရပ် လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီ ဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ အားလုံးက ဒီနေ့အထိ စိတ် ဆန္ဒပြင်းပြ နေကြဆဲဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို သည်။

ယာယီသမ္မတက စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်တင်သွားရန် လိုအပ် ကြောင်း ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံ တိုက်တွန်း ပြောဆို ထားသည်။


 

ဆက်ဖတ်ရန် →
မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

မြောက်ဥက္ကလာပရှိ  ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ရန်ကုန်ရှိ စစ်ရေးပစ်မှတ်များကို ဒုတိယလှိုင်းဖြင့် စတင်တိုက်ခိုက် (ရုပ်/သံ)
ရုပ်သံကြည့်ရန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီးရှိ ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန်  ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်း‌ရေးတပ်) ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ  အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
"ကျမတို့က ပြည်သူကို အသိပေးထားခဲ့တဲ့အတိုင်း ရန်ကုန်ကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ဖို့ အစီ အစဥ်အရ အခု ဒုတိယလှိုင်းဖြစ်တဲ့ သိမ်းငှက်လှိုင်း (Eagle Wave) ကိုစတင်လိုက်တာပါ။ ဒီ Mission တွေကို အရင်ကလုပ်ခဲ့တဲ့ Justice Lady mission တွေအတိုင်း Mission Impossible လို့ အမည်ပေးထားပါတယ်။ အခုဟာက MI 1 ပါ" ဟု ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် မြောက်ဥက္ကလာတွင် သေနတ်သံများ ဆက်တိုက်ကြားရပြီး လူနာတင်ကား သံများ အဆက် မပြတ် ကြားရကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဆက်ဖတ်ရန် →